Saturday, June 30, 2012

အတောင် မပေါက်ခင် “လောက်” အတောင်ပေါက်တော့ “ယင်”


(ရဲဘော်ကြီး၏ ရေးခဲ့ မျှ ဆောင်းပါး)
by ကိုဝိုင် ဝိုင်ကေ on Saturday, June 30, 2012 at 11:15am ·


(၁)
“အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဖွဲ့စည်းပြီးစအချိန် …. တစ်နေ့ တင်မိုးဆီကို အရင်က မန္တလေးတက္ကသိုလ်တုနုးက ကျောင်းသားအရေးတွေ အတူလုပ်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦး ရောက်လာပြီး အောင်ဆန်းဟာ နိုင်ငံရေး သစ္စာဖောက်၊ သူ့သမီးဟာလည်း ဖအေ့သမီးပဲ။ သူဖွဲ့တဲ့အဖွဲ့ချုပ်နဲ့အပြိုင် ပြည်သူ့အကျိုးကို လိုလားသူတို့က ပါတီတစ်ရပ်ဖွဲ့ဖို့လိုကြောင်း စည်းရုံးဟောပြောပါတော့တယ်။ တင်မိုးက အထက်နားမှာရေးပြခဲ့တဲ့အတိုင်း ညီညွတ်ရေးတရားကို ပြန်လည်ဟောပြောပြီး အောင်ဆန်းသမီးခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အလံတော်အောက်မှာ တစ်မျိုးသားလုံး စည်းရုံးကြဖို့၊ သေရေးရှင်ရေးဖြစ်ကြောင်း၊ ရန်သူအားပေးတစ်စင် မထောင်ကြဖို့လိုကြောင်း နားချလိုက်ပါတယ်။ တင်မိုးလေကုန်ခံရကျိုးမနပ်လိုက်ပါဘူး။ ရက်ပိုင်းမှာပဲ အမျိုးသား နိုင်ငံရေးအင်အားစုဆိုလား၊ တပ်ပေါင်းစုဆိုလား မင်းသားကြီးမလုပ်ရလို့ ပတ်မထိုးဖောက်လိုသူ၊ တစ်စင်ထောင်လိုသူတို့ရဲ့ အဖွဲ့ထူထောင်သံ ကြားရပါတော့တယ်။ ဖြစ်ဖြစ်မြောက်မြောက်ရှိခဲ့ပုံမရပါဘူး။ လူမျက်စိနောက်စရာအဖြစ် သမိုင်းတစ်ကွေ့မှာ ဖုန်မထတဲ့ ခွေးလှေးခုန်ခဲ့တာတစ်ခုပါပဲ။ “

မောင်သာနိုး “စင်ပြိုင်မင်းသားရူးများ” စောင့်ကြည့်ဂျာနယ် (၅-၆-၂၀၁၂)


(၂)
“ ၁၉၈၈ ခုနှစ် နိုဝင်ဘာလဆန်းတွင် ….. မန္တလေး သပိတ်တပ်ပေါင်းစုနှင့် ရန်ကုန်အထွေထွေ သပိတ်ကော်မတီတွင် ပါခဲ့သည့် လူများနှင့် နိုင်ငံရေးပါတီတစ်ခုထူထောင်ရန် ……. ပါတီကို အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု ဟု အမည်ခေါ်ဝေါ်သုံးစွဲရန်…. ” (စာ-၃၀)
“ NLD ရုံးကိုသွားပြီး ဒေါ်ခင်ကြည် နာယက ရာထူးယူဖို့တိုက်တွန်းပေးရန် ဒေါ်အောင်ဆန်းစုကြည်အား တောင်းပန်သည့်အခါ ဒေါ်အောင်ဆန်းစုကြည်က သူ့မိခင်ကြီး ကျန်းမာရေးအင်မတန်ဆိုးရွားနေပြီး နိုင်ငံရေးကိစ္စမဆိုထားနှင့် ခေါင်းရှုပ်စရာ မိသားစုကိစ္စများကိုပင် မတိုင်ပင်ခဲ့သည်မှာ ကြာပြီဖြစ်၍ တိုက်တွန်းမပေးနိုင်သည်ကို ဝမ်းနည်းပါကြောင်းပြောသဖြင့် မအောင်မြင်ခဲ့ … “
“ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ထံ တစ်ခေါက်ထပ်သွားပြီး နာယကလုပ်ရန်ပြောသည့်အခါ ဒေါ်အောင်ဆန်းစုကြည်က မငြင်းဘဲ သူ့အနေနှင့် မပြီးဘဲ NLD (CEC) ကို တင်ပြရမည်ဟု ပြောသည့်အတွက် NLD (CEC) ကို စာတင်ပြီး အစည်းအဝေးဆုံးဖြတ်ချက်ကို ထိုင်စောင့်ခဲ့ကြသည်။ အစည်းအဝေးပြီးသည့်အခါ ဒေါ်မြင့်မြင့်ခင်ထွက်လာပြီး ဒေါ်စု နာယကလုပ်ရန် အဖွဲ့က သဘောမတူကြောင်း၊ ဒေါ်မြင့်မြင့်ခင်နှင့် ဦးဝင်းတင်တို့ကို နာယက အဖြစ်ချပေးကြောင်းကို မဲအရေအတွက်နှင့် တကွ ရှင်းပြသည် …. “
“ မ.န.တ အနေဖြင့် နာယက အဖွဲ့ဝင်များဖြစ်သည့် NLD ဦးဝင်းတင်နှင့် ဒေါ်မြင့်မြင့်ခင်တို့နှင့် အမြဲလိုလို ဖုန်းအဆက်အသွယ်ရှိပြီး မန္တလေး မ.န.တ မှ CEC များ အနေဖြင့် ရန်ကုန်ရောက်တိုင်း NLD ကိုဝင်ပြီး နာယကများနှင့် တွေ့လေ့ရှိ …. “ (စာ-၃၁)
“ ၁၉၈၉ ခုနှစ် မေလတွင် ဒေါ်အောင်ဆန်းစုကြည် မန္တလေးသို့ သွားစဉ် NLD ပါတီမှ ဒေါ်မြင့်မြင့်ခင်နှင့် ဦးဝင်းတင်တို့ကို နာယကတင်မြှောက်ထားသည့် မ.န.တ ပါတီက ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှဲဝမ်းပန်းတသာ ဂါဝရပြုကြ၍ လူထုခေါင်းဆောင်ဆိုပြီး စတင်ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။” (စာ-၃၅)

(၅-၈-၈၉ န.ဝ.တ အထူးသတင်းစာ ရှင်းလင်းပွဲ)


(၃)
မ.န.တ ပါတီ မထောင်မီ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်နှင့် သွားတွေ့ပြီး (အောင်၊ စု၊ တင်) တစ်စုချင်း၏ အခြေအနေ၊ အလားအလာ၊ ပါတီအကြပ်အတည်းကြုံပါက ဒေါ်စုတစ်ယောက်တည်း ဆိုင်းဘုတ်ကြီးဖက်၍ ကျန်ခဲ့နိုင်ကြောင်း၊ ကျွန်တော်တို့နှင့် ပေါင်းရန် အခွင့်မသာပါက အရံအဖြစ် ကိုယ်ပိုင်ပါတီတစ်ခု ထူထောင်ထားရန် ဆွေးနွေးခဲ့ကြပါသည်။ ဗိုလ်အောင်ကြီး ခြေကလိန်ပိုင်းပြီး ထွက်သွားပြီးနောက် ဒေါ်စုလည်း အမျိုးသားဒီမိုကရေစီပါတီ ထောင်လိုက်ပါသည်။
ဒေါ်ခင်ကြည်၏ ဈာပနပွဲတွင် မိခင်၏နာရေးကို အကြောင်းပြပြီး အမြတ်ထုတ်သည်ထင်မှာစိုး၍ ဌာနချုပ်ရှိ NLD ရန်ပုံငွေ အရောင်ဆိုင်ခန်းများကို ပိတ်ခိုင်းခဲ့ပါသည်။ သို့သော်လည်း မ.န.တ ဆိုင်းဘုတ်တင်၍ မ.န.တ မှ ထုတ်ဝေသည့် “သံမဏိ ပန်းတစ်ဖူး၏ ဥယျာဉ်မှုးမေမေ” ကဗျာစာအုပ်ကို ဒေါ်စုက ရောင်းချခွင့်ပြုခဲ့ပါသည်။

မ.န.တသည် မောင်နှမပါတီ၊ လူ့ဘောင်သစ်သည် ရင်ခွင်ပိုက်ပါတီဟု ဒေါ်စုကိုယ်တိုင် ပြောကြားခဲ့ပါသည်။ အကယ်၍ ၁၉၉၀ ရွေးကောက်ပွဲဝင်ဖြစ်ခဲ့ပါက မန္တလေးတိုင်းအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို မ.န.တ နှင့် တိုင်ပင် အတည်ပြုရန် သဘောတူညီခဲ့ကြပါသည်။

မ.န.တ ကို တရားမဝင်ကြောင်း ကြေငြာခဲ့သော်လည်း ပါတီခွဲငါးခု ( အလုပ်သမား၊ လယ်သမား၊ လူငယ်၊ အမျိုးသမီး၊ ကုန်သွယ်/စီးပွား) ကျန်ခဲ့ပါသည်။ တပါတီလျှင် လွှတ်တော်ကိုယ်စားလှယ် ၂ဦး ရွေးကောက်ပွဲမဝင်ပါက ပါတီသည် အလိုအလျှောက်ဖျက်သိမ်းပြီး ဖြစ်မည်ဟုဆို၍ “အမျိုးသားနိုင်ငံရေး လူငယ် အင်အားစု” မှ ကိုယ်စားလှယ် ၂ဦးရွေးကောက်ပွဲဝင်ခဲ့ရပါသည်။ ယင်းကိုယ်စားလှယ် ၂ဦး၏ ရွေးကောက်ပွဲ မဲဆွယ်တရားပွဲများတွင် NLD ပါတီကို မဲပေးဖို့ စည်းရုံးခဲ့ကြပါသည်။


(၄)
လေ့လာမှုမရှိလျှင် စကားပြောခွင့်မရှိပါ။
အခုဆိုရင် မ.န.တဟာ စင်ပြိုင်မင်းသားရူးလား …. တစ်စင်ထဲမှာ အသေအလဲ ဇာတ်ပို့ပေးခဲ့တာလား ရှင်းလောက်ပါပြီ။ ကိုသာနိုးရေ … မြောင်းဖော်မညှိချင်ပါနဲ့ဗျာ။ ဗွက်ပုတ်ရေနဲ့ လူတကာကို လိုက်ပက်မနေပါနဲ့တော့။ ဒီအရွယ်ကြီးကျမှ လိမ္မာဖိုကောင်းပါပြီ။

( နာယက တော်ဘုရားလေးနှင့်တကွ … ကျဆုံးသူ မ.န.တ ရဲဘော်များကို ဦးညွှတ်လျှက် )

တင်အေးကြူ

ဖြည့်စွတ်စာ -

ကိုတင်အေးကြူ (ခ) ကိုမှိုင်း ဟာ (ဆရာကြီး သခင်ကိုယ်တော်မှိုင်း) မှိုင်းရာပြည့် လှုပ်ရှားမှုရဲ ခေါင်းဆောင် ကျောင်းသား တစ်ယောက်ဖြစ်ပါတယ်။ ကိုမှိုင်းနှင့် ထောင်ထဲ အတူ နေစဉ် ကာလများမှာ ကျွန်တော် တို့ အတွက် ထောင်တွင်းစာကြည့်တိုက် တစ်ခုပါပဲ။ ခုဆောင်းပါးပါ မနတလို့ ခေါ်တဲ့ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု ဆိုတာကလည်း ၉၀ နှစ်များဆီက မစိုးရိမ်၊ဘုရားကြီး၊မိုးကောင်း၊စကု၊မြတောင် စတဲ့ကျောင်းတွေမှာရှိတဲ့ ကျောင်းသား အသီးသီးနှင့် အကျွမ်းတဝင် ရှိထဲ့တဲ့ ၊ကူညီပေးခဲ့တဲ့ ပါတီပါ။ ကိုမှိုင်း က ရေးခဲတယ်။ ရေးလာပြီ ဆိုကတည်းက... သိလိုက်ပြီ.. ဒီဆောင်းပါးကို ကိုမှိုင်း သမီးလေး ဒေါက်တာမလေးက သူ့အဖေ.. ရှားရှား ပါးပါး ပြန်ရေးနေပြီလို့ ပို့လာတော့ ဖတ်ကြည့်လိုက်ပါတယ်.. ထပ်ဆင့်မျှဝေ ရမယ့် ဆောင်းပါးမို့ ပြန်တင်ပေးလိုက် ပါတယ်။

ကိုဝိုင်ဝိုင်ကေ
(ရဲရင့်ကျော်)


Tun Min Naing ...ကိုသာနိုးရေ...ကိုဇော်ဝင်းဟာ ဘယ်တုန်းကမှ သခင်အောင်ဆန်းကို မဆန့်ကျင်ခဲ့ဘူး။ သေသွားတဲ့လူတွေကို ထင်ယောင်ထင်မှား ဖြစ်အောင် မရေးပါနဲ့တော့။ အကြေးလှန်ပြီး တီးကြရရင် မကောင်းပါဘူး။ ဠင်းတလောက်တော့ ငှက်တိုင်းလှပါတယ်။ ခင်ဗျား နိုင်ငံရေးလုပ်ခဲ့တယ်ဆိုတာ ကျုပ်တို့ ထောင်အုတ်ရိုးဘေးမှာ သေးပေါက်တဲ့ အချိန်လောက်ပဲရှိပါတယ်။ တော်ပါတော့။မောင်စွမ်းရည်ရှိသေးတယ်။ ကိုလေးအင်းဝဂုဏ်ရည်ရှိသေးတယ်။ သူငယ်ချင်းတွေ အကုန်သေသွားတာမဟုတ်ဘူး။ ကိုအောင်သူရှိသေးတယ်။ ကိုသူတော်ရှိသေးတယ်။ လိမ်လို့မရပါဘူး။

Win Tun Nyunt... ဒေါ်စု၊ ဗိုလ်ချုပ်တို့နဲ့ ပတ်သက်ပြီး ပြောခဲ့တာတွေက အမှန်တွေပါ။ ထိုစဉ်က မနတ ဥက္ကဌဖြစ်သူ ဦးဇော်ဝင်းရဲ့ ရဲဘော်တဦးဖြစ်ခဲ့တဲ့ အုပ်သူကြီး ကိုမြင့်ဆွေ(အရေးအခင်းမတိုင်ခင်ကာလက သထုံ တောင်စွန်းတွင် ကျူရှင်ဆရာလုပ်နေသူ) ကိုဇော်ဝင်း ခင်ဗျားတို့က ငွေ၅၀၀နဲ့ လူမိုက်စာရင်းသွားပေးကြတယ်ဆိုပြီး ပါတီမှတ်ပုံတင်ခြင်းကို ဝေဖန်ခဲ့တာလေးလည်း ပြန်အမှတ်ရမိပါတယ်။

ဟာဂျူလီ ကသာ... မန္တလေးသမိုင်းကို ရိုင်းအောင်လုပ်ချင်ကြသူများဆိုပြီး ဆိုပြီး(၁)ဆရာမောင်သာနိုးကို ထည့်ရမယ်နဲ့တူပါရဲ့..

2 အကြံပြုခြင်း:

aye said...

မူရင်းမောင်သာနိုးဆောင်ပါးကို ကျေးဇူးပြု၍ တင်ပေးပါလို့ မေတ္တာရပ်ခံပါတယ်

aye said...

မောင်သာနိုးရဲ့ မူရင်းဆောင်ပါး
စင်ပြိုင်မင်းသားရူးများရှိရင်တင်ပေးပါခင်ဗျာ