Saturday, June 30, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် ယာဉ်တန်းအား အသရေဖျက်ဆီးရန်ကြိုးစား

Myanmar Mediamm

;လေဆိပ်မှ နေအိမ်သို့  ပြန်လာသော ဒေါ်အောင်ဆန်းစုကြည်နှင့် ယာဉ်တန်းအား အသရေဖျက်ဆီးရန်ကြိုးစားခဲ့သည် ။ လူငယ် ၂ ယောက် ပါသောတဖွဲ့ နှင့် ၃ ယောက်ပါ စုစုပေါင်း ၂ ဖွဲ့  သည် ( ကုလားမယား အောင်ဆန်းစုကြည် ) စာတန်းအား ကိုင်ဆောင်ထားပြီး မင်္ဂလာဒုံလေဆိပ် မြို့ အ၀င်ဆိုင်းဘုတ် နားတွင် တဖွဲ့  ၊ ရှစ်မိုင် လမ်းဆုံ မှတ်တိုင် အနားတွင် တဖွဲ့ မှ အဆိုပါစာတန်းအား ကိုင်ဆောင်ပြသကြသည် ။ ရှစ်မိုင်လမ်းဆုံ အနီးမှ လူငယ် ၂ ဦး သည် ၎င်းစာတန်းကို ကိုင်ဆောင် ကာ ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာသောမော်တော်ယာဉ်အနီး သို့  တိုးကပ်လာသောကြောင့် လုံခြုံရေးလိုက်ပါသော တာဝန်ရှိသူမှ အဆိုပါလူငယ်အား တချက်ခန့် ရိုက်နှက်ခဲ့ပြီး အသရေဖျက်သည့် စာတန်းအား သိမ်းဆည်းသွားခဲ့သည် ။ ထူးခြားသည်မှာအသရေဖျက်လိုသည့် လူငယ်၂ ဖွဲ့  ၏ စာတန်းများတူညီနေခြင်း ရှစ်မိုင်အနီးမှလူငယ် ၂ ဦး အနီးတွင် ထောက်လှမ်းရေး ၂ ဦး မှာ လမ်းလယ်မျဉ်းအနီးမှကင်မရာဖြင့်အသင့် စောင့်စားမှတ်တမ်းတင်နေခဲ့သောကြောင့် ကြိုတင် အကွက်ချ စီမံထားကြောင်း သိသာထင်ရှားစေသည် ။

.မြိုင်ဟေ၀န်နားမှာ လူသုံးယောက်က လမ်းမလယ်ကနေ ဒေါ်အောင်ဆန်းစုကြည်ကိုကြိုဆိုပါ၏ဆိုတဲ့စာရွက်ကိုကိုင်ပြီးကြိုနေရင်းကနေ ရှေ့ပြေးကားရောက်လာတော့စာရွက်ကိုတစ်ဖက်လှန်လိုက်တော့ အောင်ဆန်းစုကြည်ကုလားမယားလို့ရေးထားတာတဲ့အဲဒါ ရှေ့ပြေးယာဉ်ပေါ်ကလူတွေဆင်းလိုက်တော့ လူခွဲပီးပြေးကြရောတဲ့...

0 အကြံပြုခြင်း: