Tuesday, June 5, 2012

သတင်းစာမှလူမျိုးရေးဆိုင်ရာအသုံးအနှုံးများအတွက် ပြန်လည်ပြင်ဆင်မည်

7Day News Journal 
ရန်ကုန်- ဇွန် ၅
ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်းဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်၍ဇွန်လ၅ရက်နေ့ထုတ်နိုင်ငံပိုင်သတင်းစာများ တွင် သုံးနှုန်းခဲ့သော အသုံးအနှုန်းအချို့နှင့်ပတ်သက်၍ ဇွန်လ၆ရက်ထုတ်သတင်းစာများတွင် ပြင်ဆင်ဖော်ပြရန်စီစဉ်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကသူ၏ ကိုယ်ပိုင်ဖေ့ဘွတ်စာမျက်နှာတွင် ဇွန်လ၅ ရက်မွန်းလွဲပိုင်းက ရေးသား ဖော်ပြထားသည်။
ဦးရဲထွဋ်က“သတင်းစာများပါရခိုင်ပြည်နယ်သတင်းများရဲ့အရေးအသား အချို့နဲ့ပတ်သက်ပြီးသတင်းနဲ့စာနယ်ဇင်းလုပ်ငန်းကမနက်ဖြန်ထုတ်သတင်းစာများမှာ ပြင်ဆင်ဖော်ပြပေးဖို့ စီစဉ်နေကြောင်း အသိပေးအပ်ပါတယ်။ ဘယ်သူကိုမှ ထိခိုက်နစ်နာစေလိုတဲ့ စိတ်ဆန္ဒမရှိဘဲအရေးအသားမှားယွင်း မှု သက်သက်သာဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဘက်များကို ခွင့်လွှတ်နားလည်ပေးဖို့သူတို့ကိုယ်စား တောင်းပန်ပါတယ်”ဟုရေး သားထားသည်။
ဇွန်လ၅ရက်နေ့ထုတ်နိုင်ငံပိုင် မြန်မာ့အလင်းနှင့်ကြေးမုံသတင်းစာများတွင်ရခိုင်ပြည်နယ်သတင်းများတွင် အစ္စလာမ်ဘာသာဝင်များကို “မွတ်ဆလင်ကုလား”ဟုသုံးနှုန်းထားခဲ့ပြီး ထိုသို့သုံးနှုန်းခြင်းကို အစ္စလာမ်ဘာသာဝင်များက နှစ်သက်ခြင်းမရှိပဲခွဲခြားဆက်ဆံခံရသည်ဟု ထင်မြင်ကြောင်း ပြောကြားကြသည်။

0 အကြံပြုခြင်း: