Monday, July 23, 2012

သတိ.. မှတ်မိတယ်ဟုတ်.. ချေးထုပ်

အထူးကြောင်ပိန်းဖျင်းတဲ့ ဦးအောင်သိန်းလင်းသို့ ဖိုးသိကြားမှ အိပ်ဖွင့်ကဗျာ (သို့) သတိ.. မှတ်မိတယ်ဟုတ်.. ချေးထုပ်

by ဖိုး သိကြား on Monday, July 23, 2012 at 1:14pm ·



ရုပ်ရည်နဲ့လိုက်ဖက်ကာ
စိတ်ဓါတ်ပါပုပ်သိုးကြမ်းကြုတ်
ဘီလူးရုပ်ပေါက်နေတာတာင်
မင်းသားအယောင်ဆောင်
ကြောင်တောင်တောင်ပိန်းကာဖျင်းတဲ့
ဦးအောင်သိန်းလင်း..

ခင်ဗျားရဲ့ခပ်ကြောင်ကြောင်စကားမှာ
အမေစုကိုထောက်ခံကြတဲ့
ကျုပ်တို့အားလုံးက
အရူးတွေတဲ့လား..ဟား..ဟား
ရူးတယ်ပဲပြောပြောဗျာ
ကျုပ်တို့မနောထဲက
သဘောကျနှစ်သက်လေတဲ့
အမေစုကိုတော့
ဆက်လက်ထောက်ခံအားပေးဦးမှာပဲ..။

ယုတ်ညံ့လှတဲ့ခင်ဗျားရဲ့စိတ်ထား
ခင်ဗျားစကားတွေက
သက်သေပြနေကြပါလား
အားလုံးသောပြည်သူ့ဆန္ဒအရ
သမ္မတကိုယ်တိုင်ရှေ့မဆက်
ရပ်နားထားတဲ့စီမံကိန်းကို
ခပ်ပိန်းပိန်ပြောချက်က
ဆက်လက်လုပ်မယ်ဆိုပဲ
တဟဲဟဲနဲ့ ရယ်လိုက်ချင်တယ်
ခင်ဗျားက ဘာမို့လဲ???

ပြောလိုက်ဦးမယ်
အော့နှလုံးနာစရာအကြောင်းအရာတွေ
ရွှေဝါရောင်တော်လှန်ရေးမှာ
မေတ္တာပို့သွား ဘုရားသားတွေကို
ကြည်ညိုမြတ်နိုးလက်စုံးမိုးတဲ့
တပည့်ဝန်ထမ်းတွေကိုလည်း
ခင်ဗျားဆဲဆိုခဲ့တယ်..။

မဲဆွယ်ကာလမှာသတင်းရှာတဲ့
မီဒီယာတချို့ကိုလည်း
ခင်ဗျားချဲခဲ့ဖူးတယ်..။

တခါကအရာရှိဘဝ
ဖမ်းဆီးရတဲ့ သုံ့ပန်းရဲ့နားရွက်
ဓါးနဲ့လှီးဖြတ် အစိမ်းသက်သက်ကို
အရက်နဲ့လည်း မြည်းခဲ့သေးတယ်..။

ရက်စက်ကြမ်းကြုတ် သန္ဓေစုတ်က
အရေခွာတောင်မရခဲ့ဘူး
အမတ်ရာထူး တနေရာရ
ငါကွငါကွလုပ်ခဲ့လို့
မြို့ဝန်ရာထူးပြုတ်ပြီးတဖန်
ချေးထုပ်ဒဏ်ပါခံခဲ့ရတာရော
မှတ်မိသေးရဲ့လား.. ဟား..ဟား

ခုတော့ခင်ဗျားက
မင်းသားကြီးမမြှောက်လို့
ပတ်မကြီးထိုးဖောက်မယ်အကြံနဲ့
ဘန်ကီမွန်းလည်းလက်မခံ
UN ကိုလည်းမယုံကြည်
ဟီလာရီကို စိတ်တွေခု
အမေစုကျအကောင်းမထင်
မြင်မြင်သမျှ ဘ၀မကျဘဲ
တရုတ်ကိုသာ အဖေခေါ်မယ့်အရူး
အထူးကြောင်ပိန်းဖျင်းတဲ့
ဦးအောင်သိန်းလင်းပဲ.. ဟဲ..ဟဲ

ရှင်းရှင်းပြောရရင်
“ပုထုဇနော ဥမ္မတကော..” ဆိုတဲ့
ဗုဒ္ဓစကားအရသာ
ကျုပ်တို့ကရူးနေကြတာ
ဒါပေမယ့် ခင်ဗျားလိုတော့
ပိုသာထူးလို့ အရူးမထဘူး..။

နောက်ဆုံးသတိပေးလိုက်ချင်ရဲ့
အထူးကြောင်ပိန်းဖျင်းတဲ့
ဦးအောင်သိန်းလင်းရေ့
ကိုယ့်အကြောင်းကိုယ်သိ
ကိုယ့်နေရာကိုယ်ကြည့်လို့
လက်ရှိအမတ်ရာထူးလေး ပြုတ်မသွားအောင်
တိတ်တိတ်ဆိတ်ဆိတ်နေလို့
ပါးစပ်ပိတ်ထားဗျို့..
နို့မို့ဆိုရင်တော့..
သတိ.. မှတ်မိတယ်ဟုတ်.. ချေးထုပ်

မို့ဝန်ပြုတ်ကြီးရဲ့ စကားမှာ အရူးတွေဖြစ်သွားရတဲ့ ဘ၀တူအရူးများကိုယ်စား ရေးသားပါသည်..။
အားလုံးကို ချစ်ခင်လေးစားသော... ဖိုးသိကြား(အရူးတယောက်)... (23/07/2012)

1 အကြံပြုခြင်း:

soe moe said...

လှလိုက်တဲ့ကဗျာ