Wednesday, August 8, 2012

ကျောက်တော် ဆူပူ အကြမ်းဖက်မှု လူ ၇ ဦး သေဆုံး

The Voice Weekly


ရန်ကုန်၊ သြဂုတ် ၈

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ဖြစ်ပွားသော ဆူပူ အကြမ်းဖက်မှုကြောင့် လူ ၇ဦးသေဆုံးပြီး ကျေးရွာလေးရွာခန့် မီးရှို့ဖျက်ဆီးခံရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးဌာနမှ ဥက္ကဌ ဦးဦးလှသိန်းက ပြောကြားသည်။
"ဒဏ်ရာရတဲ့ စာရင်းကိုတော့ မရသေးဘူး။ အခု စစ်တပ်က ၀င်ထိန်းနေတယ်" ဟု ၄င်းက ရှင်းပြသည်။

ကျောက်တော် မြို့နယ်တွင် သြဂုတ်လ ၅ရက်နေ့မှ စတင်ကာ ဆူပှုအကြမ်းဖက်မှုများ စတင် ဖြစ်ပွားခဲ့ပြီး ၆ ရက်နေ့၊ ၇ ရက်နေ့ တို့တွင်လည်း ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း၊ ရခိုင် တိုင်းရင်းသားများ နေထိုင်သော ကျေးရွာများနှင့် ရွှေပြည်သစ် အဝေးပြေးကားဂိတ်တို့ကို ဘင်္ဂါလီလူမျိုးများက သြဂုတ်လ ၅ရက်နေ့တွင် ၀င်ရောက် ဖျက်စီးရာမှ ဒေသနေ လူမျိုးစု နှစ်စု ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံ ဆက်သွယ် မေးမြန်းထားချက်များ အရ သိရှိရသည်။

အဆိုပါ မြို့နယ်တွင် ဖြစ်ပွား နေသော ဆူပူ အကြမ်းဖက်မှု အခြေအနေများကို တပ်မတော်က အင်အားတိုးမြင့်ကာ ၀င် ရောက်ထိန်းသိမ်းနေ သဖြင့် သြဂုတ်လ ၈ရက်နေ့ (ယနေ့) အခြေအနေမှ တည်ငြိမ်နေကြောင်း၊ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့သည် အဆိုပါ ဆူပှုအကြမ်းဖက်မှု အခြေအနေများကို ထိန်းသိမ်းနိုင်ရန် သြဂုတ်လ ၇ရက်နေ့တွင် ကျောက်တော် မြို့နယ်သို့ သွားရောက်ကာ ၀င်ရောက် ထိန်းသိမ်းနေကြောင်း ယင်း အစိုးရအဖွဲ့ထံမှ သိရှိရသည်။

1 အကြံပြုခြင်း:

Anonymous said...

""ပါကစ္စတန်၊ဆော်ဒီနဲ့ တကမ္ဘာလုံးကရိုဟင်ဂျာအရေးအော်နေကြတဲ့ မူဆလင်နိုင်ငံတွေရေ.. မင်းတို့ဆီမှာကောအခြားဘာသာဝင်တွေကိုလွတ်လွတ်လပ်လပ် နဲ့အနှောင့်အယှက်ကင်းကင်းကိုးကွယ်ခွင့်ပေးကြရဲ့လား? ဒို့ကတော့ မင်းတို့အဲဒီလိုပေးလိမ့်မယ်လို့မထင်ရေးချ မထင်။ ဒို့နိုင်ငံထဲမှာတော့ မင်းတို့ချစ်လှပါပြီဆိုတဲ့ မင်းတို့ဘာသာတူတွေ ၀တ်ပြုဘို့ ဗလီတွေနေရာတိုင်းမှာတွေ့နိုင်တယ်။ အဲဒီိလို ဒို့နိုင်ငံထဲက ဗလီတွေအရေအတွက်ရှိသလောက် မင်းတို့နိုင်ငံထဲမှာ ငါတို့ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေဆောက်ခွင့်ပေးနိုင်မလား? စိန်လိုက်ကြရအောင်..ကိုင်း..ဘယ့်နှယ့်ရှိစ?? သူများကိုမပြောခင် ကိုယ့်မျက်ချေးကိုယ်ပြန်ကြည့်လှည့်အုံး။ ဒို့နိုင်ငံက ရိုဟင်ဂျာတွေဆိုတာသူတို့မူဆလင်ဖြစ်လို့ကန့်ကွက်နေတာမဟုတ်ဘူး။ ခိုးဝင် လည်းလာသေးတယ်၊အိမ်ရှင်ကိုလည်းစော်ကားရမ်းကားတယ်။ ဒီလိုဧည့်သည်မျိုးကို မင်းတို့မူဆလင်ဆိုတဲ့ ဘာသာတံဆိပ်တုံး တခုတည်းနဲ့ ပတ်စ်ပေးပြီး ငုံ့ခံနေရမှာလားပြောကြပါအုံး အတ္တ၀ါဒီသမားတွေရေ။ ဘာသာရဲ့အနှစ်သာရဆိုတာဘာလဲ? ကိုယ့်ဘာသာဝင်ကိုထိတယ်ထင်တာနဲ့တင် သတင်းမှန်၊မမှန် မစုံစမ်းဘဲ မျက်ကန်းတစွတ်ထိုးအော်ဘို့၊ခြိမ်းခြောက်ဘို့ ဒါတွေလုပ်ဘို့လားဆိုတာ အသိဥာဏ်ရှိသူတိုင်း စဉ်းစားတတ်ကြမှာပါ။ "" အင်္ဂလိပ်လိုကျွမ်းကျင်သူဗုဒ္ဓဘာသာဝင်များ ဖြစ်နိုင်ရင် ဒါလေးကိုဘာသာပြန်ပြီး သူတို့ဝပ်ဆိုဒ်တွေကို တင်ပေးစေချင်ပါတယ်ဗျာ။ တကယ်ပါ..ဒီကောင်တွေလို အတ္တသမားတွေကို ပြောချင်တာကြာပြီ။ နိုင်ငံတော်အစိုးရအနေနဲ့လည်း အဲလိုတောင်းဆိုလာတဲ့ကောင်တွေကို အထက်ကလိုမေးခွန်မျိုးပဲ ပြန်မေးကြည့်စေချင်ပါတယ်။ ခွေးအကြီးတွေလှည်နင်းခံရသလိုဖြစ်ကုန်ကြလိမ့်မယ်။ သေချာတယ်။