Wednesday, August 8, 2012

အမြန်လမ်းပေါ်တွင် မျက်စိရှေ့ယာဉ်တိမ်းမှောက်မှု

News of Myanmar
"မိုင်တိုင် ၃၁၁ / ၄ Meikhtila အနီး အမှတ်မထင် ရုတ်တရက် အရှိန်မထိန်းနိုင်ပဲ လမ်းဘေးထိုးကျသွားကာ၊ မိုင်တိုင် ၃၁၁ ကို ဝင်တိုက်ပြီး ၃ ပတ်လောက်ဂျွမ်းပြန် အောက်သို့ ကျသွားတာ ကျနော်ဓါတ်ပုံရိုက်နေချိန်ဖြစ်လို့ လိုက်ရိုက်နိုင်ခဲ့တယ်။ (ဇနီးသည်ကကားမောင်းပါသည်)။ ချက်ချင်း မန်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ သို့ ဖုန်းဆက်ပြီး ကြိုးမဲ့ရေဒီယိုဖြင့် Meikhtila ခရိုင်ရဲတပ်ဖွဲ့ သို့ အကြောင်းကြားနိုင်ခဲ့ပါတယ်။ မိနစ် ၂၀ လောက်ကျတော့ ရဲကားတစ်စီးရောက်လာလို့  လိုအပ်တာတွေဆက်လက်လုပ်ဆောင်သွားကြပါတယ်။ (လူနာတင်ယာဉ်နောက်ကပါလာတယ်။) ကံကောင်းရင်တော့ ယာဉ်မောင်းအသက်ရှင်မှာပါ။"ဟု ကိုယ်တိုင်တွေ့မြင်ခဲ့ရသူ Hkam Awng ထံမှ ရရှိသည်။


firefighter(ရှိ/မမြန်)မလိုတဲ့တိုင်းပြည်။

1 အကြံပြုခြင်း:

Anonymous said...

လမ်းကောင်းပေါ်မှာကားမောင်
ရင်ပိုသတိထားသင့်ပါတယ်လမ်း
ကောင်းတော့ကို့ကားအရှိန်များ
မှန်းမသိနိုင်ဘူး။
အထူးသတိထားသင့်ပါတယ်။