Thursday, August 16, 2012

ဌာနတွင်း မကျေနပ်မှုများကြောင့် DVB သတင်းထောက်များ သပိတ်မှောက်


Popular Myanmar News Journal


ဌာနတွင်း အုပ်ချုပ်မှုပိုင်းနှင့် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ကိစ္စရပ်များကို သဘောမကျသဖြင့် လွတ်လပ်သော ဒီမိုကရက်တစ်အသံ သတင်းဌာန၏ မြန်မာနိုင်ငံအခြေစိုက် သတင်းထောက်များမှ သတင်းတစ်ပုဒ်မျှ ရေးသားရိုက်ကူးခြင်းမရှိဘဲ သပိတ်မှောက်လျှက်ရှိကြောင်းသိရသည်။

““ အုပ်ချုပ်မှုပိုင်းတာဝန်ခန့်အပ်မှုကို အကျေနပ်တာရယ် ဒီမိုကရက်တစ် ဆိုပြီး ဒီမိုကရေစီမဆန်တာရယ် ပွင့်လင်းမြင်သာမှုမရှိတာရယ်ကြောင့် ခုလိုသပိတ်မှောက်တာပါ”” ဟု အဆိုပါဌာနတွင် သတင်းထောက် အလုပ်လုပ်ကိုင်နေသူတစ်ဦးကပြောသည်။

ယင်းကိစ္စရပ်နှင့်ပတ်သက်၍ DVB ဗဟိုဌာန အော်စလို ရုံးချုပ်သို့ အီးမေးလ်ပို့ထားပြီး ယခု မွန်းလွဲ ၂ နာရီ မိနစ် ၄၀ အချိန်ထိ ရန်ကုန်မြို့ရှိ DVB သတင်းထောက် အယောက် ၃၀ လုံး ရန်ကုန်ရုံးခွဲတွင် စုစည်းပြီး အစည်းအဝေးပြုလုပ်လျှက်ရှိကြောင်း ၊ သြဂုတ်လ ၁၇ ရက်တွင် မန္တလေးမြို့မှ သတင်းထောက်များ ရန်ကုန်သို့ လာရောက်မည်ဖြစ်ပြီး အားလုံးသဘောထားကို ရုံးချုပ်သို့ပေးပို့ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“အခု ရုံးချုပ်က DVB ကို ပြန်ကြားရေးဌာနကလူတွေပါခန့်ပြီး လုပ်သွားမယ်လို့ပြောတယ်။ ကျွန်မတို့က ဒါကိုလက်မခံပါဘူး။ ဟိုအရင်တစ်လျှောက်လုံးကတည်းက အခက်အခဲ ဒုက္ခတွေခံပြီး
ဒီအလုပ်ကို လုပ်လာရတာ။ အခု ကျွန်မတို့ အယုံအကြည်မရှိတဲ့ ဌာနနဲ့ပေါင်းပြီး လုပ်မယ်ဆိုရင် ဒါကို လုံးဝလက်မခံပါဘူး ”” ဟု DVB သတင်းထောက်တစ်ဦးကပြောသည်။

DVB သတင်းဌာနသည် ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်းနောက်ပိုင်း တွင် မြန်မာနိုင်ငံ၌ လူသိများလာသော သတင်းဌာနတစ်ခုဖြစ်သည်။


ဒီမို ဖက်တီး

အောက်ခြေက DVB သတင်းထောက်များကလည်း ရခိုင်ပြည်နယ်ကို ကိုယ်တိုင် သွားရောက်ပြီး သတင်းယူချင်ကြပါတယ် ၊ ဒါပေမယ့်လည်း ဌာနချုပ်က စားရိတ်မထုတ်ပေးဘူးလို့ ကြားပါတယ် ၊ တစ်ခုခုဆိုလည်း တာဝန်မယူဘူးလို့ ပြောတယ်လို့လည်း ပြည်တွင်း သတင်းထောက် အချို့ကလည်း ပြောပါတယ်။ သတင်းထောက် ဆိုတာကတော့ သတင်းရှိတဲ့ နေရာကို သွားချင်တာ သူတို့ရဲ့ ပိုးပါ .....

နောက်ဆုံး မင်းတို့ အဲသည်သတင်းတွေယူလာရင်တောင် ငါ့တို့က သတင်းအဖြစ် မတင်ပေးဘူးလို့ ဌာနချုပ်ကနေ ပိတ်ပြောပါသေးလို့လည်း ပြောပါတယ်။ ဒါကြောင့်မို့လည်း ICJ ဆိုရင် ရခိုင်နဲ့ ပတ်သက်တဲ့ ဓါတ်ပုံတစ်ခုကိုမှ မဖော်ပြပါဘူး

2 အကြံပြုခြင်း:

Anonymous said...

DVB ကရိုဟင်ဂျာဘင်္ဂါလီတွေရဲ့အမျိုးတွေလား? ဒါမှမဟုတ် ရိုဟင်ဂျာဘင်္ဂါလီတွေရဲ့ဒေါ်လာတွေစားထားလို့လား?????????????

Anonymous said...

အင်း....တစ်ခုခုတော့ တစ်ခုခုဘဲ...အဲဒီရိုဟင်ဂျာခေါ်ဘင်္ဂါလီကိစ္စမှာ DVB နဲ့VOA ကအသံတော်တော်တိတ်တယ်။ ဧရာဝတီကတော့ကောင်းပါတယ်။ RFA လည်းသိတ်မဆိုးလှပါဘူး။ ရဲရင့်ငယ်ဘလော့ဂ် ကိုတော့အကြိုက်ဆုံးပဲ။ သူများမတင်သေးတဲ့သတင်းတွေကိုတောင် ရှာဖွေတင်ပေးလို့။