Saturday, September 15, 2012

ဦးကျော်မောင်ချေ အသုဘလူပေါင်း နှစ်သောင်းနီးပါးခန့် ပို့ဆောင်

September 14, 2012 at 12:59 pm
ဦးကျော်မောင်ချေ အသုဘတွင် လူသတ်တရားခံ အစစ်အမှန်ကို ဖေါ်ထုတ်ပေးရန် ပြည်သူများ တောင်းဆို ယမန်နေ့က ပြုလုပ်သော ဦးကျော်မောင်ချေ အသုဘတွင် သူ့အား သတ်ဖြတ်သူ တရားခံ အစစ်အမှန်များကို ဖေါ်ထုတ်ပေးရန် အသုဘ လာသူများက ပိုစတာများ ကိုင်ဆောင်ပြီး တောင်းဆိုခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် တာဝန်ရှိသူ အများအပြားသည် ပြစ်မူ ကျူးလွန်သူများထံမှ လာဒ်ငွေ အမြောက်အမြား ယူပြီး လွတ်ပေးကာ ပြစ်မူ မကျူးလွန်သူများကိုသာ ဖမ်းဆီး အရေးယူလေ့ရှိနေကြောင်း သိရသည်။

သို့အတွက် ယခု ဦးကျော်မောင်ချေ အမူတွင်လည်း အမှန်တကယ် ပြစ်မူ ရှိသူများကို ဖမ်းဆီး အရေးယူခြင်း မရှိဘဲ လူသတ်မူ ကျူးလွန် ခြင်း မရှိသူ အခြေအနေမဲ့ သာမန် လူများကို ဖမ်းဆီးကာ အရေးယူပြမည်ကို ပြည်သူများက စိုးရိမ်နေကြောင်း သိရသည်။
သို့အတွက်  အသုဘတွင် ပိုစတာများထောင်ပြီး တရားခံ အစစ်အမှန်ကို ဖေါ်ထုတ်ပေးရန် တောင်းဆိုရခြင်း ဖြစ်ကြောင်း  ကျောက်တော် ဒေသခံ တစ်ဦး ဖြစ်သည်။
“ အခု လူတွေက စိုးရိမ်နေတာ အမှန် တကယ် ပြစ်မူ ကျူးလွန်တဲ့သူတွေကို ဖမ်းဆီး အရေးမယူဘဲ ဘာမှမဟုတ်တဲ့ လူတွေကို ဖမ်းဆီး အရေးယူမှာကို စိုးရိမ်နေကြပါတယ်” ဟု အမည်မဖေါ်လိုသူ ကျောက်တော် ဒေသခံ တစ်ဦးက ပြောသည်။
ယခင်ကလည်း ယခုလို ငွေကြေး လာဒ်လာဘ ယူပြီး ပြစ်မူ ကျူးလွန်သူများကို အရေးမယူ မဖမ်းဆီးဘဲ မျက်ကွယ် ပြုထားသော  ပြစ်မူများလည်း အများအပြားရှိသည်ဟု ဆိုသည်။
“ ကျွန်တော်တို့ လက်ပူ လက်ကြပ် မိတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီလို သံသယ ဖြစ်စရာတွေ အများကြီး ရှိနေတယ်။ ကျောက်တော်မှ ရခိုင်တွေကို တိုက်ခိုက်ခဲ့တဲ့ ဘင်္ဂလီတွေကို တစ်ဦး တစ်ယောက်ကိုမှ အရေးယူတာ မရှိခဲ့ပါဘူး” ဟု ဆိုသည်။
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က ရှမ်းရွာမှ အိမ်တစ်ဆောင် မီးရှို့ခံခဲ့ရပြီး ဇူလိုင်လ ၁၄ ရက်နေ့ကလည်း ပိုက်သည်ရက်ကွက်မှ ဆိုင်ကယ်သမား ကိုစံရွှေ (၃၁)  နှစ်ကို ဘုရားပေါင်းကျေးရွာကို လူသွားပို့ပြီး  အပြန်တွင် ဘင်္ဂလီ ပိုက်သည်ရွာမှ ရွာသား ၂၀ ခန့်က တုတ်ဓါးများဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ဆေးရုံ တင်ပို့ခဲ့ရသည်။
အလားတူ ၂၀၁၂ ခုနှစ် သြဂတ်စ်လ ၂ ရက်နေ့ ညဥ့်အချိန်ကလည်း အသစ် တည်ဆောက်ထားသော ကျောက်တော် ရွှေပြည်သစ်ကားဂိတ် အဆောက်အဦးနှင့် ဆိုင်ခန်းများကို ဘင်္ဂလီ လူအုပ်စု တစ်ခုက ၀င်ရောက်ဖြိုဖျက်သွားခဲ့ပြီး သြဂတ်စ်လ ၅ ရက်နေ့ကလည်း  တောင်ပေါက်ရွာမှ ရခိုင်အမျိုးသားပိုင် မီးစက်ကြီး တစ်လုံးကို မီးရှို့ ဖျက်ဆီးသွားခဲ့သည်။
သို့သော်လည်း တစ်ဦး တစ်ယောက်ကိုမှ အရေးယူခြင်း၊ ဖမ်းဆီးခြင်း  မရှိခဲ့ကြောင်း သိရသည်။ သို့အတွက် ကျောက်တော် ဒေသခံများက အာဏာပိုင်များ၏ ပြုမူ ဆောင်ရွက်မူများ အပေါ်  သံသယ အကြီးအကျယ် ဖြစ်ပေါ်နေကြောင်း သိရသည်။
ကျောက်တော်မြို့နယ်တွင် ဆူပူ ဖြစ်စဉ်တွင် ရခိုင်လူမျိုး ၃၁ ဦး အဖမ်းခံခဲ့ရပြီး ထိုအထဲတွင် အမျိုးသမီးများလည်း ပါဝင်သည်။ ဖမ်းဆီးခံရသူ ရခိုင် အမျိုးသား  အများစုမှာ ဆင်းရဲသူများ ဖြစ်ကြသည်ဟု ဆိုသည်။

 September 14, 2012 at 12:01 pm
ဦးကျော်မောင်ချေ အသုဘ ကျောက်တော်တွင် လူပေါင်း နှစ်သောင်းနီးပါးခန့် ပို့ဆောင် ရက်စက်စွာ သတ်ဖြတ်ခံလိုက်ရသော ဦးကျော်မောင်ချေ အသုဘ အား စက်တင်္ဘာလ ၁၃ ရက်နေ့က ကျောက်တော်တွင်ပြုလုပ် သဂြိုလ်ရာ လူပေါင်း နှစ်သောင်းနီးပါးခန့် လိုက်ပါ ပို့ဆောင် ပေးခဲ့သည်။
ဦးကျော်မောင်ချေ အသုဘ ( ဓါတ်ပုံ- ရွှေမြန်မာ) “ ဒီလောက် များတဲ့ လူတွေ ကို အသုဘ တစ်ခါမှ မတွေ့ဖူးပါဘူး။ တစ်မြို့လုံးပြည့်နေတယ်။ ခန့်မှန်းခြေ တစ်သောင်းကျော်၊ နှစ်သောင်း နီးပါးခန့်ရှိ နိုင်ပါတယ်” ဟု အသုဘသို့ သရဏဂုံ သွားရောက် တင်ပေးခဲ့သူ ဆရာတော် တစ်ပါးက မိန့်ကြားသည်။
အသုဘအား နေ့လည် ၂ နာရီကျော် အချိန်တွင် မီးသဂြိင်္ုလ်ရာ  ကျောက်တော်မြို့ပေါ် က ပြည်သူများသာမက ကျောက်တော်မြို့နယ် တစ်ခုလုံးမှ လူပေါင်းမြောက်မြားစွာ အသုဘ လိုက်ပါ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။
အသုဘ လိုက်ပါ ပို့ဆောင်နေစဉ် ဆူပူအုံကြွမှု  ပေါ်ပေါက်မည့် အခြေအနေများ ဖြစ်ပေါ်ခဲ့သဖြင့်  ဒေါသ ထွက်နေသော လူအုပ်ကြီးကို ရဟန်းတော်များနှင့် အာဏာပိုင်များက ဖျောင်းဖျ ထိန်းသိမ်း ခဲ့ရသည်ဟု ဆိုသည်။
“ ဆရာတော်တို့က ပြောတာက တရားဥပဒေနဲ့ အညီ တာဝန်ရှိသူတွေက အရေးယူလိမ့်မယ်။ အကြမ်းဖက်မူတွေ မလုပ်ဖို့ မေတ္တာရပ် ခံရပါတယ်။ အကယ်၍ လူသတ် တရားခံတွေကို တရား ဥပဒေနဲ့  ရဲအဖွဲ့ က အရေးမယူဘူးဆိုရင်တော့ အဲဒီခါမှသာ ဆရာတော်တို့ကိုယ်တိုင် ဦးဆောင်ပြီး အရေးဆိုမူတွေ လုပ်မယ်လို့ ပြောဆို ဖျောင်းဖျရပါတယ်။ အခုတော့ ရဲက တရားခံနှစ်ဦးကို ဖမ်းဆီး မိထားပြီလို့ သိရပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။
ယခုအခါ ဦးကျော်မောင်ချေ အား သတ်ဖြတ်မူနှင့် ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံရသူ ပိုက်သည်ရွာ သား ရွှေမောင်(ခေါ်) အဒူမာလိတ်နဲ့ လာလူး (ခေါ်) ဖော်ရီအာမတ်တို့ ဖမ်းဆီးထားကြောင်း သိရ သည်။ တခြား သတင်းရပ်ကွက်အရ အဆိုပါ ဖမ်းဆီးထားသူ နှစ်ဦးမှာ စစ်တွေမြို့မှ လာရောက်သူ များ ဖြစ်ကြောင်းနှင့်  သူတို့ နှစ်ဦးနှင့် အတူ ယခု လူသတ်မူတွင်  အနည်းဆုံး လူပေါင်း (၈) ဦးခန့် ပါဝင်နိုင်ကြောင်း သူတို့ ကျူးလွန်သော ပြစ်မူကို ကြည့်ပြီး ပြောဆိုသည်။
ဦးကျော်မောင်ချေ (၆၄ နှစ်) သည် စက်တင်ဘာလ (၁၁) ရက်နေ့ ညနေ ၅ နာရီခန့်တွင် မလေးရှားရှိ သူ့သားထံမှ ပေးပို့သော ငွေကို ကျောက်တော်မြို့မှ ထုတ်ယူပြီး သူနေထိုင်ရာ သရက်အုပ် ကျေးရွာ သို့  အပြန်တွင် ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသည်။
“ သူသတ်ဖြတ်ခံရတာက ရိုးရိုး  လူသတ်မူ မဟုတ်ပါဘူး။ လုယက်မူလည်း မဟုတ်ပါဘူး။ လည်ပင်းကို လှီးထားတဲ့ အတွက် ဒါဟာ ဘာသာရေး အစွန်းရောက်သူတွေက တမင် ကျူးလွန်တာ ဖြစ်ပါတယ်။ ရမ်းဗြဲ ကျောက်နီမော်က မသီတာထွေး လည်ပင်းကို လှီးထားတာနဲ့ အခု လှီးထားတာဟာ တစ်ထေရာတည်း တူနေပါတယ်” ဟု အလောင်းကို ကိုယ်တိုင် သွားကြည့်ခဲ့သူ ကျောက်တော် သင်္ဘောဆိပ်မှ ကိုနီအောင်ကျော်က နိရဉ္စရာသို့ ပြောသည်။
ယခုအခါ ကျောက်တော်မြို့နယ်တွင် ဦးကျော်မောင်ချေ အသတ်ခံရမူနှင့် ပတ်သက်ပြီး  မကျေနပ်မူများ အထူး တိုးပွားနေပြီး သက်ဆိုင်ရာမှ ငွေစားပြီး အမူမှန်ကို မဖေါ်ထုတ်ဘဲ ထားမည်ကို ပြည်သူများက အထူး စိုးရိမ်နေကြသည်ဟု သိရသည်။
အခင်းမဖြစ်ပွားမီ နံနက်ပိုင်းကလည်း  သရက်အုပ် ကျေးရွာမှ ဈေးသွား ဈေးလာများအား ပိုက်သည်ရွာ ဘက်မှ  တုတ်၊ ဓားများ ကိုင်ဆောင်ထားသူ အကြမ်းဖက် သမားများက ရန်ပြုမည့် အနေအထားမျိုး  ရှိနေကြောင်း   သရက်အုပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းနှင့် ဦးကျော်မောင်ချေတို့မှ  မြို့နယ်အုပ်ချုပ်ရေးမှူးကို တင်ပြခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း သိရသည်။
ဦးကျော်မောင်ချေ အသတ်ခံရသော ညနေပိုင်းကလည်း ရွာသားများ အလောင်း တွေ့ချိန်တွင် က၀ိရတနာ ဘုန်ကြီးကျောင်းတွင် တပ်စွဲထားသော မြောက်ဦး အခြေစိုက် ခမရ (၃၇၈) တပ်ရင်းသို့ သွားရောက် တိုင်ကြားရာ တပ်ရင်းမှုးက တပ်သားများကို  မလိုက်ရဟု တားမြစ်ကြောင်း သိရသည်။
အလားတူ ကျောက်တော် ရဲစခန်းသို့ အကြောင်းကြားရာ တာဝန်ရှိသူ ရဲစခန်းမှူးက  ရွာသား များ အား မင်းတို့ အလောင်းကို ယူလာနိုင်ရင် ယူလာကြပါဟု ပြောကြားပြီး ရဲသား တစ်ဦး တစ်ယောက် မှ စေလွှတ်ခြင်း မရှိကြောင်း  သိရသည်။
ရခိုင်တွင် တာဝန်ကျနေသော  ဗမာလူမျိုး အရာရှိကြီးများ အထဲမှ တချို့သည် “ရခိုင်နဲ့ ကုလားဖြစ် တာ- တို့ အနေသာကြီးပါ” ဟု စိတ် သဘော ထားကာ ပြုမူ ဆောင်ရွက် လုပ်ကိုင် နေသဖြင့် မလို လားအပ်သော ပြဿနာများ နောင်တွင် ပိုမို  ဖြစ်ပေါ်လာနိုင်သည်ဟု ပြည်သူများက ယုံကြည်နေကြသည်။
 http://www.narinjara.com/burmese/

0 အကြံပြုခြင်း: