Thursday, November 29, 2012

မြန်မာ့ဆက်သွယ်ရေးနဲ့ ဖုန်း အင်တာနက်အရှုပ်တော်ပုံ

by Mg Pala on Wednesday, November 28, 2012 at 7:44am ·


မြန်မာပြည်ပြန်ရောက်ပြီးနောက်ပိုင်းမှာ ကျနော်လည်း အင်တာနက်သုံးလို့အဆင်ပြေအောင်ဆိုပြီး ဖုန်းကဒ်လေးတခု လုပ်လိုက်ပါတယ်။ မြန်မာပြည်မှာ ဖုန်းနဲ့သုံးရင် အင်တာနက်မြန်နှုန်း အကောင်းဆုံးပါဆိုတဲ့ CDMA 800 လိုင်းပါ။ Redlink စတဲ့ အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေရှိပေမယ့် အင်တာနက်ဈေးနှုန်းတွေက တော်ရုံတန်ရုံလူလတ်တန်းစားဝင်ငွေလောက်နဲ့တောင် အနားမကပ်နိုင်ပါဘူး။ ဒါကြောင့် မြန်မာပြည်တွင်းက အင်တာနက်အသုံးပြုသူတော်တော်များများဟာ ဖုန်း SIM ကဒ်နဲ့ အင်တာနက်သုံးကြတာပဲများပါတယ်။

သြော်… ကျနော်သိသလောက် မြန်မာပြည်ကဖုန်းကဒ်တွေအကြောင်း နည်းနည်းပြောချင်တယ်။ CDMA 800 ၊ CDMA 450 ၊ WCDMA နဲ့ GSM ကဒ်တွေဆိုပြီး မြန်မာပြည်မှာ သုံးကြပါတယ်။ CDMA 800 ကို ကမ်းရိုးတန်းဖုန်းလို့ခေါ်ကြပြီး တရုတ်နိုင်ငံကထုတ်တဲ့ ဟမ်းဆက်ကလွဲပြီး ကျန်တဲ့ဟမ်းဆက်တွေနဲ့ သုံးလို့မရပါဘူး။ ရန်ကုန်ကနေထွက်ပြီး ထောက်ကြန့်လောက်လွန်တာနဲ့ လိုင်းမရှိတော့ပါဘူး။ မန္တလေးမြို့တွင်း၊ နေပြည်တော်မြို့တွင်းလောက်ပဲ လိုင်းမိပါတယ်။ တချို့CDMA 450 လိုင်းရှိတဲ့မြို့တွေမှာဆိုရင်တော့ CDMA 800 ကဒ်ကို CDMA 450 ဟမ်းဆက်ထဲထည့်ပြီး သုံးလို့ရပါတယ်။ ဆိုလိုတာကတော့ CDMA 800 ကဒ်သုံးမယ်ဆိုရင် CDMA 800 ဟမ်းဆက်နဲ့ CDMA 450 ဟမ်းဆက်နှစ်ခုဆောင်ထားမှ အဆင်ပြေနိုင်မှာပါ။

CDMA 450 ကိုနေပြည်တော်ဖုန်းလို့ခေါ်ကြပြီး CDMA 800 လိုပဲ တရုတ်ဟမ်းဆက်ကလွဲပြီး ကျန်တဲ့ဟမ်းဆက်တွေ သုံးလို့မရပါဘူး။ WCDMA ကဒ်ကိုလည်း အင်တာနက်သုံးဖို့ အဓိကထုတ်ထားတယ်လို့ ကြားသိရပြီး CDMA တွေအတိုင်းပါပဲ။ လူသုံးနည်းတယ်လို့ ထင်ပါတယ်။

GSM ကဒ်တွေကတော့ ဟိုအရင်ကထုတ်ခဲ့တဲ့ ၁၅ သိန်းတန်၊ ၅ သိန်းတန်ကဒ်တွေအပြင် မကြာခင်ကပဲ နှစ်သိန်းတန်ကဒ်ဆိုပြီး ထပ်မံထုတ်ပါတယ်။ နှစ်သိန်းတန်ဖုန်းကဒ်ထွက်လာတုန်းက 3G GSM ကဒ်ဆိုပြီး နှစ်သိန်းခွဲနဲ့ရောင်းတယ်လို့ ကြားမိပါသေးတယ်။ 2G GSM နဲ့ 3G GSM ကို အကောင့်သား ဆသရက ဘယ်လိုသတ်မှတ်ခွဲခြားထားလည်းတော့ ကျနော်လည်း မသိပါဘူး။ ခုထိတော့ မြန်မာပြည်မှာ 3G ဖုန်းစနစ်အသုံးပြုလို့ မရသေးပါဘူး။

ဖုန်းခေါ်ရတာ အဆင်ပြေမပြေဆိုတာတော့ ကျနော်ပြည်ပမှနေတုန်းက ကာတွန်းလေးတပုဒ်ဖတ်ဖူးပါတယ်။ “ဘယ်ဘက်လက်မှာ ကိုင်ထားတဲ့ဖုန်းကနေ ညာဘက်လက်မှာ ကိုင်ထားတဲ့ဖုန်းကိုခေါ်တာ ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတယ်။ ငါ့ကိုဗြောင်လိမ်တယ်” ဆိုတဲ့ကာတွန်းလေးပါ။ မြန်မာပြည်ပြန်ရောက်တော့ အဲဒါကို နဖူးတွေ့ဒူးတွေ့ ကိုယ်တိုင်ကိုယ်ကျ ကြုံခဲ့ရပါတယ်။

GSM ကဒ်တွေကို နှစ်သိန်းနဲ့ ဗုံးဘောလအောစရောင်းကတည်းက GSM ဖုန်းတွေကို ခေါ်ရတာခက်လာပါတယ်။ နည်းပညာပိုင်းကို မြှင့်တင်ပေးခြင်းမရှိဘဲ ကဒ်တွေကိုပဲရောင်းထုတ်နေတာဆိုတော့ လိုင်းကျပ်တယ်ဆိုလား။ ခေါ်လို့မလွယ်တော့ပါဘူး။ အဲတုန်းက CDMA 800 ဖုန်းကဒ်ကိုင်ထားတဲ့ကျနော် မင်းသားခဏဖြစ်လိုက်သေးတယ်။ ရန်ကုန်တွင်းမှာဆို ရေအိမ်ထဲမှာတောင် လိုင်းမိတယ်လေ။ သိပ်မကြာပါဘူးဗျာ။ CDMA 800 အတွက် တာဝါတိုင်တွေ မတိုးချဲ့တော့ဘူးဆိုတဲ့သတင်းထွက်လာတော့ ကျနော်လည်း ဆသရကို ကောင်းကောင်းမေတ္တာပို့တာပေါ့။

စကားမစပ်ပြောရအုံးမယ်။ မြန်မာနိုင်ငံမှာ ဖုန်း SIM Card ကို နှစ်သိန်းနဲ့ဝယ်ပြီးရင် (ယခုဈေးနှုန်း) မပြီးသေးပါဘူး။ အင်တာနက်သုံးချင်ရင် အင်တာနက်လိုင်းထပ်လျှောက်ရပါတယ်။ ယခုပေါက်ဈေး နှစ်သောင်းလောက်ရှိပါတယ်။ နောက်ပိုင်း 3G သုံးလို့ရပြီဆိုရင်လည်း 2G GSM တွေ 3G ကိုအသုံးပြုချင်ရင် ဘယ်လောက်ထပ်မံပေးရမယ်ဆိုတာ လာအုံးမယ်ထင်ပါတယ်။ နောက်တခုအနေနဲ့ကတော့ ဖုန်း SIM Card ကဒ်ရောင်းတာနဲ့ပတ်သတ်ပြီး တော်တော်လေးကို ဂွတီးဂွကျနိုင်တဲ့ စာတကြောင်းကို ကျနော်တွေ့ရပါတယ်။ “နှစ်သိန်းတန်ဖုန်းကဒ်များကို နှစ်သိန်းနှင့်ရောင်းပေးပါသည်” တဲ့ဗျာ။ ဘာကြောင့်၊ ဘယ့်သူချို့ယွင်းမှုလဲတော့ မသိတော့ပါဘူး။



ဖုန်းခေါ်ဆိုခအနေနဲ့တော့ ဟမ်းဖုန်းအားလုံးဟာ ပြည်တွင်းခေါ်ဆိုခ တမိနစ်ကို ၅၀ ကျပ်ဖြတ်ပါတယ်။ Auto Phone လို့ခေါ်ကြတဲ့ အိမ်သုံးကြိုးဖုန်းတွေကတော့ တမိနစ်ကို ၂၅ ကျပ်ဖြတ်ပါတယ်။ အရင်တုန်းက GSM ဟမ်းဖုန်းတွေလည်း postpaid system (လပေးစနစ်)နဲ့ပဲ ရှိနေသေးတဲ့အချိန်မှာ ပိုက်ဆံသွားဆောင်တဲ့အချိန်ဆိုရင် ၁၅ ပေပတ်လည်လောက် ဆသရရုံးထဲမှာ ဖုန်းဖိုးလာဆောင်ကြတဲ့ လူတွေဟာ ပုရွက်ဆိတ်အုံကို တုတ်နဲ့ထိုးထားတဲ့အတိုင်းပါပဲ။ ခုတော့ GSM ဟမ်းဖုန်းကိုင်ကြသူများလည်း Prepaid system ဖြစ်လာတော့ အဲဒီဒုက္ခချုပ်ငြိမ်းသွားကြပါပြီ။ (မြန်မာ့ဖုန်းဝန်ဆောင်မှုနဲ့ ဖုန်းဘေလ်သွင်းတဲ့စနစ်ကို ဟစ်တလာတောင် လက်မြှောက်ပါတယ်ဆိုတဲ့ ဗွီဒီယိုအတိုလေးတောင် အင်တာနက်မှာ ပြန့်နှံ့ခဲ့ပါသေးတယ်) မယုံမရှိကြပါနဲ့။ အဲဒါအမှန်အတိုင်းပါပဲ။

အင်တာနက်အသုံးပြုတာအနေနဲ့တော့ CDMA 800 လိုင်းဟာ အင်တာနက်သုံးရင် တမိနစ်ကို ၄ ကျပ်ဖြတ်ပါတယ်။ GSM ကဒ်နဲ့ သုံးရင်တော့ တမိနစ်ကို ၂ ကျပ်ဖြတ်ပါတယ်။ ဒါပေမယ့် နှေးတာချင်းတော့ တူတူပါပဲ။ ပိုက်ဆံဖြတ်တာပဲ ကွာသွားတာပါ။ တခါတလေဆို Gtalk တောင် ၀င်လို့မရပါဘူး။ ပိုက်ဆံဖြတ်တာတော့ ဘာလို့ကွာသွားသလဲမေးရင် အနှေးပြိုင်ရင်း ကွာသွားတယ်လို့ ပြောရမယ်ထင်ပါတယ်။

နိုင်ငံတကာမှာ အင်တာနက်မြန်နှုန်းတွေ ဖုန်းဝန်ဆောင်မှုတွေကို ကောင်းသထက်ကောင်းအောင် သုံးတဲ့သူတွေ အဆင်ပြေသထက်ပြေအောင် ၀န်ဆောင်ပေးနေကြပြီး အသုံးပြုခတွေ၊ ဖုန်းပြောခတွေကိုတော့ လျှော့သထက်လျှော့ နည်းသထက်နည်းအောင် လျှော့ချပေးနေကြပါတယ်။ ကျနော်တို့မြန်မာနိုင်ငံက မြန်မာ့ဆက်သွယ်ရေးနဲ့တော့ ပြောင်းပြန်အချိုးကျနေပါတယ်။

အခုဆိုရင်ပဲ အင်တာနက်အသုံးပြုခတွေကို Data Usages အနေနဲ့ ဒီဇင်ဘာ ၁-ရက်ကစပြီး ပြောင်းလဲကောက်ခံမယ်ဆိုတဲ့သတင်း ထွက်လာပါတယ်။ အသုံးပြုခလျာထားမှုအရ viber နဲ့အင်တာနက်ဖုန်းခေါ်ဆိုရင် တမိနစ်ကို ၅ ကျပ်နှုန်း၊ Facebook အသုံးပြုရင် တမိနစ်ကို ၂၀ ကျပ်နှုန်း ဆိုပြီး ပညာရှင်များက တွက်ပြပါတယ်။ ယခင်မိနစ်နဲ့ဖြတ်တာနဲ့စာရင် အများကြီးတက်သွားတဲ့ဈေးနှုန်းပါ။ ဖုန်းကဒ်ဈေးနှုန်းတွေ ယခင်အင်တာနက်အသုံးပြုခတွေဟာ မြန်မာပြည်တွင်းမှာ အလုပ်လုပ်နေတဲ့ သာမာန်ပြည်သူတယောက်ရဲ့ဝင်ငွေနဲ့ ဆိုရင် အဆမတန် (အဆမတန်) ကို ကြီးမြင့်နေပါသေးတယ်။

ဖုန်းလိုင်းကောင်းတာမကောင်းတာ ငါတို့အလုပ်မဟုတ်ဘူး။ ဖုန်းကဒ်ရောင်းဖို့က ငါတို့အလုပ်ပဲဆိုတဲ့ပုံစံနဲ့ ပြည်သူတွေဆီကငွေကိုလည်း နှစ်သိန်းတန်ဖုန်းကဒ်ဆိုတာနဲ့ သဲ့ယူပြီးပါပြီ။ နည်းပညာပိုင်းအားနည်းလို့ ဖုန်းခေါ်ရခက် စိတ်ညစ်ဒုက္ခရောက်ရတော့ ပြည်သူတွေပဲဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေးရဲ့ ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားလို့ ပါချသမျှချီးက မြန်မာပြည်သူတွေရဲ့ ခေါင်းပေါ်မှာပါ။ ယခုတခါထပ်ပြီး အင်တာနက်အသုံးပြုခကို ပြောင်းလဲတိုးမြှင့်ကောက်ခံမယ်ဆိုပြီး မြန်မာ့ဆက်သွယ်ရေးက ရိုက်စားဂွင်ကြီးနဲ့ ပြည်သူချွေးနည်းစာကို ထပ်မံလိမ်ညာယူကြအုံးမယ်ဆိုရင်။ ။

မှတ်ချက်။     ။ ကျနော်ဒီပို့စ်ကို အင်တာနက်တင်ဖို့အတွက် ကျနော့်ဖုန်း CDMA 800 မြန်နှုန်းမြင့်လိုင်းကြီးနဲ့ အင်တာနက်ဝင်လို့မရတာကြောင့် ဆိုက်ဘာကဖေးကို အပြေးလာရောက်တင်ရပါကြောင်း။

မောင်ပါလ 

လက်ပန်းတောင်းတောင် အရေး အစိုးရထုတ်ပြန်ချက် နာရီပိုင်းအတွင်း ပယ်ဖျက်

VOA

နိုင်ငံတော်သမ္မတရုံးထုတ်ပြန်ချက်ရုပ်သိမ်း

နိုဝင်ဘာ ၂၉ ရက်နေ့ မနက်၃ နာရီလောက်က မုံရွာလက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ကန့်ကွက်ဆန္ဒပြမှု ကို အာဏာပိုင်တွေက အင်အားသုံးဖြိုခွဲခဲ့တာနဲ့ ပါတ်သက်လို့ မြန်မာအစိုးရက ဒီနေ့ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် အမှတ် ၁၁/၂၀၁၂ ကို နာရီပိုင်းအတွင်းမှာဘဲ ပယ်ဖျက်လိုက်ပါတယ်။ မကြာသေးခင်ကဘဲ သမ္မတဦးသိန်းစိန်ရဲ့ အမိန့်နဲ့ ဒီထုတ်ပြန်ကြေညာချက်ကို ပယ်ဖျက်လိုက်တာဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရသူ သမ္မတရုံးညွန်ကြားရေးမှူး ဦးဇော်ဌေးက VOA မြန်မာပိုင်းကို အတည်ပြုပြောဆိုလိုက်တာပါ။

အဲဒီကြေညာချက်မှာ အရင်အစိုးရလက်ထက်ကစလို့ စီးပွားရေးတွက်ခြေကိုက်မှုအပါအ၀င် အလုပ်အကိုင်နဲ့ နည်းပညာရမှု၊သဘာ၀၀န်းကျင် ထိမ်းသိမ်းမှုတွေကို စနစ်တကျ တွက်ချက်လုပ်ကိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။  ဆန္ဒပြသူတွေကို နှိမ်နင်းရာမှာ ဥပဒေနဲ့ အညီဆောင်ရွက်ခဲ့ပြီး နောက်ဆုံးသတ်မှတ်ချိန်ကျော်သွားတဲ့အချိန်မှာ လူစုမခွဲခဲ့လို့ အဓိကရုဏ်း နှိမ်နင်းရေးနည်းတွေ အတိုင်း ဆောင်ရွက်ခဲ့တယ်လို့ ကြေညာပါတယ်။

အဓိကရုဏ်း နှိမ်နင်းနည်းတွေအနက် နိုင်ငံတကာသုံး မီးသတ်ပိုက်၊ မျက်ရည်ယိုဗုံးနဲ့ မီးခိုးဗုံးတွေကို သုံးခဲ့တယ်လို့လဲ သမ္မတရုံး ပြောခွင့်ရသူက VOA ကို အတည်ပြု ပြောဆိုပါတယ်။ ဒီနှိမ်နင်းမှုဟာ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံ အကျိုးစီးပွားနဲ့ ပြည်သူအကျိုးစီးပွားတွေကို ဥပဒေနဲ့ အညီကာကွယ်ဖို့ ဒီမိုကရေစီ ကျင့်စဉ်နဲ့ အညီ လုပ်တာဖြစ်တယ်လို့လဲ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

လက်ပန်းတောင်းတောင် အရေး ဒေါ်စု ကြားဝင်ညှိနှိုင်းမည်



လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သောင်းချီတဲ့ မုံရွာလူထုကို မိန့်ခွန်းပြောစဉ်။ (နိုဝင်ဘာလ ၂၉၊၂၀၁၂)

ဒေါ်အောင်ဆန်းစုကြည် လူထုတွေ့ဆုံပွဲ
ကိုသားညွန့်ဦး,  ကိုသိန်းထိုက်ဦး
29.11.2012

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြနေသူ သံဃာတော်တွေနဲ့ ပြည်သူတွေကို  အာဏာပိုင်တွေက အကြမ်းဖက် နှိမ်နှင်းခဲ့ပြီးတဲ့နောက် အခင်းဖြစ်တဲ့ဆီကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ရောက်ရှိနေခဲ့ပြီးတော့ ဒီညနေမှာ သောင်းနဲ့ချီတဲ့ ဒေသခံလူထုကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ပြဿနာကို ကြားဝင်ဖြေရှင်းပေးလိုပြီးတော့ နိုင်ငံအကျိုးနဲ့ ဂုဏ်သိက္ခာထိခိုက်မှု မရှိအောင် ဆောင်ရွက်ပေးလိုတယ်လို့ မိန့်ခွန်းထဲမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ လက်ပန်းတောင်ကြေးနီ စီမံကိန်းဒေသကို ရောက်ရှိနေတဲ့ VOA ဝိုင်းတော်သား ကိုသိန်းထိုက်ဦးကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုသိန်းထိုက်ဦးရေ။ ဒေါ်အောင်ဆန်းစုကြည်က မုံရွာတဖက်ကမ်း၊ ကြေးနီစီမံကိန်းနေရာကို ဒီနေ့ရောက်တယ်ပြောတယ်ခင်ဗျ။ လူထုကိုလည်း မိန့်ခွန်းပြောတယ်ကြားတယ်။ လူထုကို အဓိကထားပြီးတော့ ဘာတွေများ ပြောသွားလည်းခင်ဗျ။

ကိုသိန်းထိုက်ဦး- “အဓိကကတော့ ကြေးနီစီမံကိန်းရပ်တန့်ရေး၊ ဆန္ဒပြနေတဲ့ကိစ္စမှာ ဝမ်ပေါင်ကုမ္ပဏီနဲ့ ဖြစ်နေတဲ့ ပဋိပက္ခကို သူ့အနေနဲ့ ကြားဝင်ဖြေရှင်းပေးမယ် ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းသွားတာပါ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က သူဘာလုပ်မယ်ဆိုတာကို တိတိကျကျပြောသွားတာမျိုးတော့ ကျနော် မတွေ့ရပါဘူးခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း-“ ဒီဒေသမှာဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်လို့  ကျမတို့ဟာ နိုင်ငံကြီးသားအမြင်နဲ့ ကြည့်ရမယ်။ ကျမတို့နိုင်ငံကို အဆင့်မြင့်တဲ့နိုင်ငံ၊ အဆင့်ရှိတဲ့နိုင်ငံ၊ ကမ္ဘာက လေးစားတဲ့ နိုင်ငံတခုဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုနေမလဲ၊ ဘယ်လိုထိုင်မလဲ၊ ဘယ်လိုပြဿနာတွေကို ကိုင်တွယ်မလဲဆိုတာ ကျမတို့ဆုံးဖြတ်ရမယ်။ ကိုယ့်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတိုင်း၊ လူတိုင်းမှာ တာဝန်ရှိပါတယ်။ နိုင်ငံတနိုင်ငံ သိက္ခာရှိဖို့ဆိုတာ၊ လူတယောက်ထဲလည်း လုပ်လို့မရဘူး။ အဖွဲ့အစည်းတခုထဲ လည်း လုပ်လို့မရဘူး။ အစိုးရတခုတည်းလည်း မရဘူး။ ပြည်သူလူထု အားလုံးပါဝင်မှ ကျမတို့နိုင်ငံ သိက္ခာရှိအောင်လို့ ကျမတို့ လုပ်နိုင်မှာပါ။ ဒါပေမဲ့ ကျမတို့ပြည်သူတွေကလည်း သေသေချာချာ စဉ်းစားရမယ်။ သဘောထားကြီးရမယ်၊ အမြင်ကျယ်ရမယ်။ ရေရှည်အမြင်ရှိရမယ်။

ကျမတို့နိုင်ငံမှာ အဓိက လိုအပ်ချက်က အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတာ ဘာလဲဆိုတော့ ဆယ်စုနှစ်ပေါင်းများစွာ ကွာဟနေတဲ့ အသင်းအဖွဲ့တွေ၊ တိုင်းရင်းသားလူမျိုးတွေ၊ အုပ်စုတွေ စုစည်းပြီးတော့ နိုင်ငံအကျိုးအတွက် အတူထမ်းဆောင်နိုင်ဖို့ ကိစ္စဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ဆိုလို့ရှိရင် ကျမတို့ပြည်သူတွေအားလုံးဟာ ရေရှည်အမြင်နဲ့ လုပ်ဖို့ လိုအပ်ပါတယ်။ အဲ့သလို ရေရှည်အမြင်နဲ့ လုပ်မှ ကျမတို့ အောင်မြင်နိုင်မှာပါ။ အခုဒီဒေသမှာဖြစ်နေတဲ့ အခက်အခဲတွေကို ကျမတို့နိုင်ငံ သိက္ခာရှိနိုင်မဲ့ပုံစံနဲ့ ကျမ ဖြေရှင်းချင်ပါတယ်။ အဲ့လိုနေရာမှာ ပြည်သူတွေက ဝိုင်းပြီးတော့ ကူညီကြပါလို့ ကျမ မေတ္တာရပ်ခံချင်ပါတယ်။”

ကိုသိန်းထိုက်ဦး- “တခုက ဒေါ်အောင်ဆန်းစုကြည်က လူထုနဲ့မတွေ့ဆုံခင်မှာ ဝမ်ပေါင်ကုမ္မဏီက လုပ်ငန်းရှင်တွေနဲ့ သူတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါကြောင့်လည်း သူ ငါးနာရီခွဲလောက်ကျမှ သူလူထုနဲ့ တွေ့ဆုံတဲ့နေရာကို ရောက်လာခဲ့တာပါ။”

ကိုသားညွန့်ဦး- “မနေ့တုန်းက သပိတ်စခန်းတွေကို အကြမ်းဖက်ဖြိုခွဲခံရတာနဲ့ ပတ်သက်လို့ရော တစုံတရာ မှတ်ချက်ပေးပြောတာရှိပါသလား။”

ကိုသိန်းထိုက်ဦး- “ဒါနဲ့ပတ်သက်လို့ သူ ဘာမှ ပြောမသွားခဲ့ဘူးခင်ဗျ။ မနက်ကအထိ သံဃာတော်တွေ အင်အားသုံးပြီးတော့ သပိတ်စခန်းတွေ ဖြိုခွင်းခံရတာ၊ ထိခိုက်ဒဏ်ရာရတာတွေကြောင့် လူထုနဲ့တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မှဖြစ်ပါ့မလားလို့တောင် မနက်က လမ်းတွေပိတ်ထားတဲ့အခြေအနေအရ စိုးရိမ်စရာတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ လူထုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထုံးစံအတိုင်းပဲ အင်နဲ့အားနဲ့ကို ကြိုဆိုခဲ့ကြပါတယ်ခင်ဗျ။”

ကိုသားညွန့်ဦး- “ဒေါ်အောင်ဆန်းစုကြည်က လူထုနဲ့မတွေ့ခင် ဝမ်ပေါင်ကုမ္ပဏီထဲမှာ အချိန်တော်တော်ကြာကြာ နေသွားတယ်သိရပါတယ်။ အဲ့ဒီ့အခြေအနေကရော ဘာများထူးခြားမှုရှိပါသလဲ။”

ကိုသိန်းထိုက်ဦး-“ သူဘာတွေဆွေးနွေးခဲ့သလဲဆိုတာ ထည့်မပြောပါဘူးခင်ဗျ။ ဝမ်ပေါင်ကုမ္မဏီနဲ့ဆွေးနွေးမှုတွေက ဒီဒေသမှာဖြစ်နေတဲ့ ပဋိပက္ခတွေ၊ ပြေလည်ရေး ဖြေရှင်းသွားတာကို ရည်ညွန်းပြောတာမျိုးတော့ တွေ့ရပါတယ်။”

ကိုသားညွန့်ဦး-“ တချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်မလာခင်မှာ ဒီစီမံကိန်းကိစ္စနဲ့ပတ်သက်ပြီး ဒေသခံပြည်သူတွေက တော်တော်လေး မျှော်လင့်ထားကြတယ်လို့ သတင်းရပါတယ်။ တချို့လည်း ဒေသခံတွေလည်း ပြောကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောပြီးတဲ့အချိန်မှာ သူတို့ရဲ့သဘောထား ဘယ်လိုရှိသလဲ၊ သူတို့မျှော်မှန်းသလိုရော ဖြစ်လာခဲ့ရဲ့လား။”

ကိုသိန်းထိုက်ဦး- “ ဒေါ်အောင်ဆန်းစုကြည်ဘက်က ကြားဝင်ဖြေရှင်းပေးမယ်လို့ ညှိနှိုင်းပြောတဲ့အတွက်ကြောင့် တစုံတရာ မျှော်လင့်ချက်မျိုးတော့ရှိပါတယ်ခင်ဗျ။ ဒါပေမဲ့လည်း တိတိကျကျ ဘာလုပ်မယ်ဆိုတာ မသိရသေးတဲ့အတွက်ကြောင့် ဒီပွဲမှာ သူတို့လိုချင်သလိုဖြစ်မှ ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်မှုမျိုးတွေတော့ ဒေသခံတွေကြားမှာ ရှိကြပါတယ်ခင်ဗျ။ သူတို့ကတော့ ငယ်စဉ်တောင်ကျေး ဆွေစဉ်မျိုးဆက်နေခဲ့ရတဲ့ တောင်ကြီးတွေ တရုတ်ကုမ္ပဏီကြောင့် ပျောက်ကွယ်သွားမှာကိုဘဲ သူတို့က စိုးရိမ်နေကြတာပါခင်ဗျ။”

ကိုသားညွန့်ဦး- “ ဟုတ်ကဲ့။ ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ည ပြန်သွားပြီလား ဘယ်မှာရှိနေမလဲ။”
ကိုသိန်းထိုက်ဦး-“  သူ မုံရွာမှာ ဆက်ပြီးတော့ တည်းနေပါတယ်ခင်ဗျ။ မနက်ဖြန်မှာ လူထုနဲ့တွေ့ဆုံဖို့၊ အစည်းအဝေးတွေလုပ်ဖို့၊ အစီအစဉ်တွေရှိတယ်လို့ သိရပါတယ်ခင်ဗျ။ လူတွေက မျှော်လင့်နေတာ ဒဏ်ရာရတဲ့ သံဃာတော်တွေဆီ မုံရွာဆေးရုံကိုများ သွားမလားဆိုတဲ့ မျှော်လင့်ချက်မျိုးတွေလည်း ရှိပါတယ်။ တိတိကျကျတော့ ကျနော်တို့ မသိရပါဘူးခင်ဗျ။”

ကိုသိန်းထိုက်ဦးကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းခဲ့တာပါ။

အခုညပိုင်းမှာဘဲ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မုံရွာ ဆေးရုံမှာ တက်ရောက်ဆေးကုသခံနေရတဲ့ သံဃာတော်တွေအပါအ၀င်၊ ဒဏ်ရာရသူတွေကို တွေ့ဆုံအားပေး စကားပြောဆိုပါတယ်။
http://burmese.voanews.com/

ဆန္ဒပြမှုအပေါ် အကြမ်းဖက်ဖြေရှင်းမှု ကန့်ကွက်ဝေဖန်



လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒပြတောင်းဆိုနေသူတွေနဲ့ တာဝန်ရှိသူတွေကြားမှာ ညှိုနှိုင်းလို့ ရနိုင်တဲ့ အခြေအနေရှိနေတဲ့ကြားက ဆန္ဒပြသဃာတွေကို လုံခြုံရေးက အင်အားသုံး နှိမ်နှင်းခဲ့တာဖြစ်တယ်လို့ ပြဿနာကို ကြားဝင်စေ့စပ် ဖို့ကြိုးစားနေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောလိုက်ပါတယ်။ ကြေးနီ တူးဖော်ရေး စီမံကိန်း နယ်မြေတဝိုက် ဆန္ဒပြနေကြတဲ့ အဖွဲ့အစည်းတွေ အားလုံးကို ဖယ်ရှားဖို့ ပြည်ထဲရေးဌာနက အသိပေးပြီးနောက် အာဏာပိုင်တွေဘက်က အင်အားသုံး နှိမ်နှင်းခဲ့တဲ့ အပေါ်မှာ ဒေါ်ခင်စန်းလှိုင်က ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ အပေါ်မှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှု ခံနေရချိန်မှာ အခုလို အခြေအနေဖြစ်ရတာနဲ့ ပါတ်သက်လို့ ဘန်ကောက်ရုံး မစုမြတ်မွန်က တင်ပြပါမယ်။

လက်ပံတောင်းတောင် ကြေးနီသတ္တုတူးဖော်ရေးရပ်ဆိုင်းဖို့ သပိတ်မှောက် ဆန္ဒပြနေကြတဲ့ သံဃာတော်တွေကို ဗုဒ္ဓဟူးနေ့ညပိုင်းမှာ ရဲတပ်ဖွဲ့က အင်အားသုံး လူစုခွဲခဲ့တာနဲ့ ပါတ်သက်လို့ အာဏာပိုင်တွေဖက်က ညှိနှိုင်းလို့ ရနိုင်ရက်နဲ့ အင်အားသုံး ဖြေရှင်းတာဖြစ်တယ်လို့  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က VOA မြန်မာပိုင်းကို ပြောလိုက်ပါတယ်။

“ ကျမရောက်တဲ့အချိန်ကတည်းက သပိတ်စခန်းနဲ့ ညှိနှိုင်းပြီးသားပါ။ ဦးပိုင်ကုမ္ပဏီဘက်က တာဝန်ရှိသူတွေနဲ့လည်း ကျမစကားပြောပြီးသားပါ။ အဲ့တော့ ညှိနှိုင်းလို့ရရင် ညှိနှိုင်းကြပါ။ လိုချင်တာတွေ တောင်းဆိုချင်တာတွေ နှစ်ဖက် မျက်နှာစုံညီ ညှိနှိုင်းကြပါ။ ညှိနှိုင်းလို့ ပြေလည်တယ်ဟေ့ ဆိုရင်၊ သူတို့ဘက်ကနေ ကျမတို့ပြောတဲ့စကားကိုလည်း နားထောင်မယ်။ သပိတ်စခန်းကိုလည်း သိမ်းပေးမယ် သူတို့ဘက်က ပြောပြီးသား။ ဒီသပိတ်စခန်း ဘက်က တုန့်ပြန်ထားပြီးသား။ အဲ့တာကို ကျမတို့ ဟိုဘက်ကို ပြောပြတယ်။ ညှိနှိုင်းမယ် လည်းပြောတယ်။ ပြေလည်မယ့်နည်းလမ်းက ဘယ်လိုနည်းလမ်းကို ကျင့်သုံးမှာလည်း ကျမ ဒါကိုပြောတယ်။ အဲ့တာကို တာဝန်ရှိတဲ့သူတွေ ဘယ်လိုလုပ်မလဲဆိုတာကို ကျမတို့ကို အကြောင်းပြန်ပါပြောတာကို ကျမတို့ကို အကြောင်းမပြန်ဘဲနဲ့ ဒါ သူတို့အကြောင်းပြန်လိုက်တဲ့ နည်းလမ်းကတော့ မနေ့ညက ဆောင်ရွက်တဲ့နည်းလမ်းပါပဲ။”

စစ်ကိုင်းတိုင်းထဲက ကြေးနီသတ္တုတူးဖော် ထုတ်လုပ်ရေးစီမံကိန်းတွေကြောင့် လူမှုဝန်းကျင်နဲ့ သဘာဝပါတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုတွေရှိနေတာကြောင့် ဒေသခံပြည်သူတွေက ကန့်ကွက် ဆန္ဒပြနေတဲ့ကိစ္စကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က လွှတ်တော်မှာ ဖြေရှင်းဖို့ ကြိုးစားနေသူဖြစ်သလို၊ ဆန္ဒပြသူတွေနဲ့ တာဝန်ရှိသူတွေကို ကိုယ်တိုင်တွေ့ဆုံ ညှိနှိုင်းပေးဖို့ ကြိုးစားနေသူဖြစ်ပါတယ်၊ အဲဒီလိုအခြေအနေမျိုးမှာ ခုလို အရုပ်ဆိုးစေတဲ့ အဖြစ် ဖြစ်ရတဲ့အပေါ် လွှတ်တော်မှာ ဆက်လက် တင်ပြဆောင်ရွက်သွားမယ်လို့ သူကပြောပါတယ်။

“တရားဥပဒေစိုးမိုးရေး လမ်းကြောင်းပေါ် သွားနေတဲ့အချိန်မှာ၊ တရားဥပဒေစိုးမိုးရေး ကော်မတီရဲ့ ဥက္ကဌ တစ်ယောက်လာတော့မယ့် ခရီးစဉ်မှာ ဒီနေ့လာတော့မယ့် ခရီးစဉ် ရဲ့ အချိန်မှာဘဲ ဒီလိုမျိုး တရားဥပဒေစိုးမိုးမှု မရှိဘဲနဲ့ ပြည်သူ့အခွင့်အရေး၊ နောက်ပြည်သူတွေရဲ့ လွတ်လပ်ခွင့်၊ နောက် လူ့အခွင့်အရေး ဒါတွေကို ချိုးဖောက်ပြီးကာမှ တရားဥပဒေအတိုင်း မလုပ်ဘဲနဲ့ ဒီလိုမျိုး ချိုးဖောက်ပြီးတော့ ဆောင်ရွက်သွားတဲ့ကိစ္စရပ်အပေါ်မှာ ကျမတို့က ဒါကို လုံးဝလက်မခံပါဘူး။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကျမတို့က ဆက်လက်ဆောင်ရွက်သွားမှာပါ။”

သံဃာတော် အများစုဖြစ်တဲ့ ထိခိုက်ဒဏ်ရာရ သွားကြသူတွေရဲ့ အရေပြားတွေ မီးလောင်ဒဏ်ရာတွေ ရရှိရလောက်အောင် ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့တာနဲ့ ပါတ်သက်လို့ အစိုးရက ဒီကနေ့ သတင်းထုတ်ပြန်ရာမှာတော့ ကြေးနီစီမံကိန်း အတွင်းမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ကြားက သပိတ်စခန်းတွေဖွင့်၊ စီမံကိန်းပျက်ပြားအောင် ဆောင်ရွက်၊ စီမံကိန်းထောက်ပံ့ရေးပစ္စည်းတွေကို ဖျက်ဆီး၊ ဝန်ထမ်းတွေကို အနှောင့်အယှက်ပေးပြီး ဆူပူဆန္ဒပြတဲ့အတွက်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် နောက်ဆုံးသတ်မှတ်ချိန် မတိုင်ခင်ရော ကျော်သွားပြီးတဲ့နောက်မှာပါ အသံချဲ့စက်တွေနဲ့ အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့တယ်လို့လဲ ဖော်ပြထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အထိကရုဏ်းနှိမ်နှင်းရေး နည်းစနစ်အတိုင်း အဆင့်ဆင့် ရှင်းလင်းဆောင်ရွက်ခဲ့တယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဗုဒ္ဓဟူးနေ့ညက သပိတ်စခန်းကို ဖြိုခွင်းခဲ့တာနဲ့ ပါတ်သက်လို့ အဲ့ဒီ့သပိတ်စခန်းမှာ ရှိနေတဲ့ မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဦးတေဇက VOA မြန်မာပိုင်းကို မိန့်ခဲ့တာကတော့-

“ ဦးဇင်းတို့က ဒီလောက်ကြီး အကြမ်းဖက်ပြီးတော့ နှိမ်နှင်းမယ်လို့ ဦးဇင်းတို့ မထင်ခဲ့ဘူးပေါ့။ သူတို့ တကယ်လို့မှ ဦးဇင်းတို့ကို ဖမ်းမယ်ဆိုရင် ဦးဇင်းတို့က လိုက်ဖို့အဆင်သင့်ပေါ့။ ဒီကိစ္စကို ဦးဇင်းတို့က အရေးတော်ပုံ အောင်မြင်စွာ ဆောင်ရွက်မယ်ဆိုတဲ့ သန္ဒိဌာန် နဲ့ ဦးဇင်းတို့က ဆက်နေတယ်။ သူတို့က သတ်မှတ်ထားတဲ့ ၁၂ အထိ သူတို့က ဘာတခုမှ မလုပ်ပါဘူး။ ၁၂ကျော်တော့ ဦးဇင်းတို့ သံဃာတော်တွေ ကျိမ်းကြတယ်။ ကျိမ်းတော့ ဦးဇင်းတို့ ဝမ်ပေါင်ကုမ္မဏီရှေ့က ပင်မသပိတ်စခန်းမှာ ဦးဇင်းတို့ သံဃာအပါး ၂၀၀ဝန်းကျင်ခန့်လောက် ကျိမ်းနေကြတယ်။

၂နာရီခွဲလောက်မှာ သူတို့က ဝမ်ပေါင်ကုမ္မဏီရှေ့က ပင်မတံခါးကြီးကို ဖွင့်လိုက်ပါတယ်။ ဖွင့်လိုက်တဲ့အချိန်မှာ သူတို့က ကုမ္မဏီရှေ့က တံခါးကြီးရဲ့ မီးသတ်ကားဘေးမှာ ဒိုင်းတွေနဲ့ နံပတ်တုတ်တွေ ကိုင်ထားတဲ့ ရဲအင်အားက တဖက်၊ တဖက်မှာ ပေါင်းလိုက်မယ်ဆိုရင် ၁၅၀ ဝန်းကျင်လောက်ရှိတယ်။ သူတို့ နံပတ်တုတ်တွေနဲ့ ရိုက်တဲ့အသံကြောင့် သံဃာတော်တွေက အနည်းအကျဉ်း နိုးလာတာပေါ့။ မုံရွာက ပါလာတဲ့၊ မန္တလေးက ပါလာတဲ့ သံဃာအသေးလေးတွေကတော့ အိပ်ပျော်နေကြတယ်။

အဲ့ဒီ့အချိန်မှာ ဦးဇင်းတို့ မန္တလေးက ခေါင်းဆောင် အကြီးအကဲငါးပါးက ဝမ်ပေါင်ကုမ္ပဏီရှေ့ အပေါက်ကို ပိတ်ပြီးတော့ ငြိမ်းချမ်းစွာ ထိုင်လိုက်တယ်။ အဲ့ဒီ့အချိန်မှာ သူတို့က အဲ့ဒီ့ငါးပါးကို မီးသတ်ပိုက်တွေနဲ့ ထိုးပက်ပါတယ်။ ဒါပေမဲ့ အဲ့ငါးပါးက ကြံ့ကြံ့ခိုင်ပြီး ဒီအတိုင်းနေတယ်။ အဲ့အချိန်မှာ အဲ့ဒီ့ငါးပါးကို ပက်ပြီးတဲ့အခါမှာ ဦးဇင်းတို့ဒီဝမ်ပေါင်ကုမ္မဏီရှေ့မှာ ကျိမ်းနေတဲ့ သံဃာတွေကို မီးသတ်ပိုက်နဲ့ ထိုးပက်တယ်။ ဒါပေမဲ့ သူတို့ မရဘူး။ အဲ့ဒီ့အချိန်မှာ ရဲတွေက ရှေ့က ငါးပါးကို ဝင်ရိုက်ပါတယ်။

ရှေ့ကငါးပါးကို ဝင်ရိုက်ပြီးတဲ့နောက်မှာတော့ ဦးဇင်းတို့ ပင်မသပိတ်စခန်းကြီးကို ဗုံးကျဲပါတယ်။ ဗုံးကျဲတယ်လို့ သုံးစွဲတဲ့နေရာမှာ သူတို့က ဦးဇင်းတို့ သပိတ်စွဲထားတဲ့ သံဃာတော်တွေကို လူစုလူဝေးကွဲသွားအောင် ခြိမ်းခြောက်တဲ့အနေနဲ့ မျက်ရည်ယိုဗုံးခွဲတာမဟုတ်ပါဘူး။
ဒီဗုံးကြီးဟာ ဦးဇင်းတို့ ရဟန်းတွေ၊ လူတွေ ထိခိုက်ရင် အဆောက်အဦးတခုလုံး မီးလောင်ပျက်စီးနိုင်တယ်၊ ဒီ့ထက်ဒဏ်ရာရရင် သေဆုံးစေနိုင်တယ်၊ ဒီလိုဒဏ်ရာတွေကြောင့်လည်း ဦးဇင်းတို့ မုံရွာဆေးရုံမှာ သံဃာအပါး ၂၀ကျော် ဆေးရုံတင်လိုက်ရပါပြီ။ မုံရွာဆေးရုံက မနိုင်လို့ ဦးဇင်းတို့ သူငယ်ချင်းတစ်ပါးကို မန္တလေးဆေးရုံမှာ ဆေးရုံတင်လိုက်ရပါတယ်။”

သံဃာတော်တွေရဲ့ သပိတ်မှောက် လှုပ်ရှားမှုကို ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဦးတေဇ မိန့်ခဲ့တာဖြစ်ပါတယ်။
အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတဲ့အတိုင်း စီမံကိန်း ထောက်ပံ့ရေး ပစ္စည်းတွေကို ဖျက်ဆီး၊ ဝန်ထမ်းတွေကို အနှောင့်အယှက်ပေးတယ်ဆိုတဲ့ ဖော်ပြချက်နဲ့ ပါတ်သက်လို့ ဒီကိစ္စတွေကို တောက်လျှောက် စောင့်ကြည့်နေတဲ့ ဒေသခံ သတင်းထောက် တစ်ယောက်ကိုလည်း မေးကြည့်ပါတယ်။

“ အစ်မ၊ မဟုတ်ဘူး။ မဟုတ်ဘူး။ ဒေသခံပြည်သူတွေရဲ့ လယ်ယာမြေတွေပေါ်မှာ ပစ္စည်းတွေ လာပုံတာတွေရှိပါတယ်။ ဆောက်လုပ်ရေးပစ္စည်းတွေ လာပုံတာတွေ ရှိပါတယ်။ ရှိတော့ကျတော့ ဒီဒေသခံတောင်သူတွေက ခင်ဗျားတို့က ဒီပေါ်မှာတော့ လာမပုံပါနဲ့။ ကျနော်တို့က ထွန်ယက်စိုက်ပျိုး စားရဦးမှာဆိုပြီးတော့အခါကျတော့ သူတို့မြေလေးတွေကို သူတို့ကာကွယ်တဲ့ အစဉ်အလာတွေတော့ရှိပါတယ်။ ဒါသူတို့ကို အနှောင့်အယှက်ပေးတာမဟုတ်ပါဘူး။ ကိုယ့်မြေကိုယ် ကာကွယ်တဲ့အဆင့်ပဲဖြစ်ပါတယ်။ ”

နောက် ဥပဒေနဲ့ မညီ လူစု လူဝေးနဲ့ ဆူပူ ဆန္ဒပြလာတယ်လို့ ပြောပါတယ်၊ ဘယ်လို ဆူဆူပူပူလုပ်လာတာကို မြင်ရပါလဲရှင့်။

“ သူတို့သပိတ်စခန်းဖွင့်လာတာ ယခုလ ၁၇ရက်နေ့က စတင်ပြီးတော့ သူတို့အထွေထွေ သပိတ်စခန်းဖွင့်လာတယ်။ အဲ့သလိုရက်လေးတွေ အနည်းငယ်ရလာတာနဲ့အမျှ သူတို့သပိတ်စခန်းက တခုကနေ ခြောက်ခုအထိ တိုးချဲ့ပြီးတော့ ဖွင့်လာတာကို တွေ့ရပါတယ်။ သူတို့က ငြိမ်းချမ်းစွာနဲ့ပဲ ထိုင်နေကြပါတယ်။ သူတို့က အော်နေတာတို့၊ ရုတ်ရင်းဆန်ခတ်ဖြစ်စေနိုင်တဲ့ အပြုအမူ၊ အပြောအဆိုတွေ လုပ်နေတာတွေမရှိပါဘူး။ သူတို့ရဲ့သပိတ်စခန်း၊ မိုးကာတဲလေးတွေ အောက်မှာ သူတို့ဘာသာ ငြိမ်းချမ်းစွာနဲ့ ထိုင်နေတာကိုပဲ ကျနော်တို့မြင်တွေ့ရပါတယ်ခင်ဗျာ။ ”

စစ်ကိုင်းတိုင်းဒေသခံ သတင်းထောက် တယောက်က သူမြင်တွေ့ရတဲ့ အခြေအနေကို ပြောပြသွားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေအပေါ် ထောက်ခံအားပေးမှု ရရှိနေချိန်မှာ သပိတ်မှောက် သံင်္ဃာတွေကို အစိုးရက ဖြိုခွဲခဲ့တာဖြစ်ပါတယ်။http://burmese.voanews.com

အရင် အစိုးရလက်ထက်တုန်းက အယူအဆနဲ့ အပြုအမူနဲ့ ဘာမှ မကွာခြားဘူး(မောင်စိန်ဝင်း (ပုတီးကုန်း))

"ကျနော့်တယောက်တည်း သဘောထား အမြင်ကတော့ဗျာ ဒီကိစ္စက လုံးဝ မဖြစ်သင့်တဲ့ကိစ္စလို့ ကျနော့်စိတ်ထဲမှာ ထင်ပါတယ်။ အဲဒီလို လုပ်လိုက်တာဟာ အရင် အစိုးရလက်ထက်တုန်းက အယူအဆနဲ့ အပြုအမူနဲ့ ဘာမှ မကွာခြားဘူးလို့ ကျနော်အဲဒီလိုပဲ သုံးသပ်ပါတယ်။ ပြောချင်တာက လက်ပံတောင်းတောင်တင် မဟုတ်ပါဘူး။ ကျနော်တို့နိုင်ငံမှာရှိတဲ့ သဘာဝ အရင်းအမြစ် သယံဇာတဖြစ်တဲ့ ဧရာဝတီမြစ်တို့၊ လက်ပံတောင်းတောင်တို့၊ ပုပ္ပါးတောင်တို့ အဲဒါတွေ အကုန်လုံးကို ကျနော်တို့ပြည်သူတွေ ဆန္ဒကတော့ မပျောက်မပျက်လိုတဲ့ ဆန္ဒရှိပါတယ်။ ကျနော် ဟောပြောပွဲ စင်ပေါ်မှာလည်း အဲဒီကိစ္စကို အဲဒီသဘောထားကိုပဲ ပြောပါတယ်။"

မောင်စိန်ဝင်း (ပုတီးကုန်း) (စာရေးဆရာ)

အကြမ်းနည်း သုံးပြီး ဖြိုခွင်းတာမျိုးကိုလုံးဝ သဘောမတူဘူး။(ဦးကျော်မင်းဆွေ၊ အယ်ဒီတာချုပ် The Voice Weekly ဂျာနယ်)



"ကျွန်တော်ကတော့ အကြမ်းနည်း သုံးပြီး ဖြိုခွင်းတာမျိုးကိုလုံးဝ သဘောမတူဘူး။ နောက်တစ်ခုက ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည် တို့ပြောတဲ့ စကားကိုသ ဘောတူပါ တယ်။

ဘယ်ကိစ္စပဲဖြစ်ဖြစ် ဆန္ဒပြ သပိတ်မှောက်တဲ့နည်းနဲ့ပဲဖြေရှင်းလို့ မရပါ ဘူး။ တချို့ဟာတွေမှာ နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားမယ့်
ဟာမျိုးတွေ၊ လူကြီး လူကောင်းဆန်ဆန် စာ ချုပ်စာတမ်းချုပ် ဆိုထားတဲ့ ကိစ္စမျိုး တွေဟာ ကလေးကစားသလိုမျိုး ဖျက်ပစ်လို့မရဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်။ဒါပေမယ့် ဆန္ဒ ပြတာကိုလည်း ဆန္ဒပြတဲ့သူတွေမှာ လည်း သဘောမတူကြောင်းဆန္ဒပြ ခွင့်ရှိပါတယ်။

သူတို့မှာ နိုင်ငံသား အခွင့်အရေး အပြည့် အဝရှိပါတယ်။ နောက်တစ်ခုက ဆန္ဒပြတာကိုရော ဆန္ဒပြတဲ့သူတွေကို ဆန္ဒမပြဖို့ပြော တာကိုရော အစိုးရအနေနဲ့ဒီစီမံကိန်း ဖျက်လို့ မရတာကိုရော ကျွန်တော်က သဘောတူခြင်း၊ မတူခြင်းကို အသာထား၊ ဒီလို ဒီမိုကရေစီ အသွင်ပြောင်း ကာလမျိုးမှာ ဒီလိုရက်ရက် စက်စက် ဘာမှခုခံတာမျိုးမလုပ်တဲ့
ငြိမ်းငြိမ်း ချမ်းချမ်းဆန္ဒပြနေတဲ့ သံဃာတော် တွေနဲ့ ဒေသခံတွေကို ဒီလိုနည်း လမ်းနဲ့ဖြိုခွင်းတာကို ကျွန်တော်လုံးဝ ပြတ်ပြတ်သားသား ဆန့်ကျင်ပါ တယ်။ ကန့်ကွက်ပါတယ်။

နိုင်ငံ တကာမှာလည်း ဆန္ဒပြတဲ့ အဓိက ရုဏ်းနှိမ် နင်းတာ နဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့ အဆင့်လိုက် ရှိပါတယ်။
ဒီအဆင့်တွေကို ကျွန်တော် ပြောပြစရာ လိုမယ် မထင်ပါဘူး။အ စိုးရ အနေနဲ့ကလည်း နှစ်ရက်တိုင် တိုင် သတိပေးထားတယ်လို့
သိရပါ တယ်။ သို့သော် ဒီလောက်အချိန် မတော်ကြီးမှာမှလုပ်ဖို့လိုမလား၊

ဒီ လိုမျိုးအဓိကရုဏ်းဖြိုခွင်းဖို့လက်နက် သုံးတဲ့သူတွေကရောသေချာစနစ် တကျလေ့ကျင့်ထားတဲ့သူတွေရော ဟုတ်ရဲ့လား၊
ရဲတပ်ဖွဲ့ ယူနီဖောင်း ဝတ်ပေးထားတယ် ဆိုပေမယ့် တကယ်ရော ရဲတပ်ဖွဲ့ဝင်တွေ ဟုတ်ရဲ့လား ကျွန်တော်တို့မှာ ဒီလိုမျိုးမေးစရာ တွေအများကြီး ရှိပါတယ်။

နာက် တစ်ခုက ဒီလောက်ကြီး ဘာကြောင့် လွန်လွန်ကျွံကျွံ လုပ်ရတာလဲ။ ရခိုင် မှာဖြစ်တဲ့ အဓိကရုဏ်း ကိစ္စတွေမှာ တောင် အင်မတန်အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်စိတ်ရှည် လက်ရှည်ဖြစ်ခဲ့တဲ့ရဲ တပ်ဖွဲ့ဝင်တွေ ဟာ ဒီကိစ္စမှာဘာဖြစ်လို့
ဒီလောက် အထိ စိတ်လိုက်မာန်ပါလုပ်ကြတာ လဲ ဒီလိုမေးခွန်းတွေရှိပါတယ်။

နောက်တစ်ခုကလည်း တရုတ်ပြည် သူ့သမ္မတ နိုင်ငံ ကုမ္ပဏီ တစ်ခုနောက်ကွယ်က ပါနေခြင်းကြောင့်လား ဆိုတဲ့ မေးခွန်းမျိုး
ကိုလည်း အစိုးရဘက် ကဖြေဖို့ အသင့်ရှိဖို့လိုပါလိမ့်မယ်။

အဓိကကတော့ ခြုံပြီး ပြောရရင် ဆန္ဒပြတဲ့ အကြောင်းအရာကို သဘောတူခြင်း မတူခြင်းကို ကျွန်တော်ပြောစ ရာမလိုဘူး။ ဘယ်ကိစ္စမဆိုဆန္ဒပြ တဲ့နည်း သပိတ်မှောက် တဲ့နည်းနဲ့ ဖြေ ရှင်းလို့မရပါဘူး။ ဒါကိုလည်းပြည်သူလူထုကလက်ခံလာအောင်
 စိတ် ရှည်လက်ရှည်နဲ့ရှင်းပြဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။

စိတ်လိုက်မာန်ပါ နဲ့ သွားရှင်းပြလို့မရဘူး။ နှစ်ဘက်စလုံးမှာ ကျွန်တော် သဘောတူခြင်း မတူခြင်း ဆိုတာမျိုးထက် အဓိကပြောချင်တာက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာမျိုးကို ဒီလို အကြမ်းနည်း သုံးပြီးဖြိုခွင်းတာမျိုးကို ကျွန်တော်လုံးဝလုံးဝ သဘောမတူပါဘူး"

(ဦးကျော်မင်းဆွေ၊ အယ်ဒီတာချုပ် The Voice Weekly ဂျာနယ်)

Posted by EMG

ဒူးတုပ်ပြီး ရှိခိုးကာ ဒေါ်အောင်ဆန်းစုကြည်အား အားကိုးတကြီးဖြင့် ကြိုဆို

မြင်ကွင်းကတော့ မသက်သာလှပါဘူး
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မုံရွာမြို့သူ မြိုသားများမှ တရားမျှတမူ အမှန်ပေါ်ရေးအတွက် အခါတိုင်းကလို ပျော်ရွှင်စွာ အလံတိုင်တွေ ... မကိုင်ပဲ ဝမ်းနည်းပက်လက်ဖြစ်ခါ မြေကြီးပေါ်ကို ဒူးတုပ်ပြီး ရှိခိုးကာ ဒေါ်အောင်ဆန်းစုကြည်အား အားကိုးတကြီးဖြင့် ကြိုဆိုနေပုံမြင်ကွင်း

အရေးကြီးနေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ချုံခိုမတိုက်ပါနဲ့

သူမသည် လွှတ်တော်အမတ်တယောက်၊ ဥပဒေဆိုင်ရာ တာဝန် အများပြားကို တာဝန်ယူထားရသူပါ။

လက်ရှိ မြန်မာနိုင်ငံမှာ နည်းနည်းလေးရထားတဲ့ အပြောင်းလွဲကို သွားမည့်လမ်းသည်လည်း သူမအရဲစွန့်ပြီး လဲယူထားလို့ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာအကြား ဆက်ဆံရေးမှာ အတိုက်ခံမပါပဲ သွားတော့မည့် လက်မတင်လေး အခြေနေကို ၀င်ထိန်းလိုက်နိုင်တာကို မသိချင်ယောင် မဆောင်ကြပါနဲ့။ ကျနော်ကိုယ်တိုင် ငယ်ငယ်ထဲကအန်တီစုကို မကြမ်းလို့ မနှစ်သက်ခဲ့ဘူး။ ဒါပေမယ့် အခုအခြေနေမှာ မြန်မာနိုင်ငံအတွက် သူမရွေးခဲ့တဲ့ လမ်းဟာ မှားတယ်ပြောရဲကြမလား။ သူမ လက်ရှိ လုပ်နေတာတွေကို ကျနော် လုံးဝထောက်ခံပြီ။ ကိုယ့်ကိုကိုယ် ယုံကြည့်ရင် အခုချိန်မှာ ခပ်ဟော့ဟော့ မိန့်ခွန်းမပြောလို့ အော်နေမယ့် အစား အမှားတွေကို Assignment ဆန်ဆန်ရေးပြီး တရားဝင် စနစ်တကျ စိန်ခေါ်လိုက်စမ်းပါ။ ဒီလိုလုပ်လို ဝေဖန်သူဖက်က မှန်နေရင် ၂၀၁၅ အတွက် ပြည်သူတွေ ထမ်းစင်နဲ့ အဲဒီလူကို လာပင့်ပါလိမ့်မယ်။

လက်ရှိအနေထားမှာ အဖြေအတိကျ မရှိသေးပဲ စကားလုံးတွေကို တရား လက်လွှတ်ပြောလို့ရအောင် သူမသည် Facebook မှာ ခင်ဗျားတို့ ကျနော်တို့လို Status ရေးနေတဲ့ လူတယောက် မဟုတ်ဘူး။
မှားသွားရင် ဖျက်မရဘူး။ ခင်ဗျားတို့ ကျနော်တို့လို ကိုယ်မကြိုက်သူကို Block လို့လဲမရဘူး။

ဒီတော့ သူမရွေးခဲ့တဲ့လမ်းအရ ၂၀၀၈ ဖွဲ့စည်းပုံ တနည်းအားဖြင့် စစ်တပ်အောက်က စစ်တပ်ကို ပြန်ခုခံနေတာပါ။ အဲဒါကို ပွဲဆူမနေပါနဲ့။ ကိုယ့်အပိုင်းအလိုက် ကိုယ့်တာဝန်တွေ ကိုယ်ကြေအောင်သာ လုပ်ကြပါလားဗျာ။ အကောင်းဆုံးက ကိုယ့်ကိုယ်ကို သိကြပါဗျာ။

ဝေဖန်တာကောင်းပါတယ်။ သို့သော် နေရာဒေသ အချိန်ကာလ မကြည့်ရင် ဝေဖန်တာ မဟုတ်တော့ဘူး။ ကိုယ့်တန်ဖိုးကို ကိုယ်တိုင် ကျအောင် မလုပ်ချင်စမ်းပါနဲ့ဗျာ။ အခုဝေဖန်သူအချို့ကို ကြည့်ရတာ နတ်ပြည်ရောက်တောင် ဝေဖန်မဲ့ သဘောရှိတယ်။ အပြောလွယ်တယ် အလုပ်ခက်တယ် နှစ်ပေါင်းနှစ်ဆယ်ကျော် အတွင်း ဘာတွေလုပ်နိုင်ခဲ့လဲ။ ကိုယ့်အဖြေကိုယ်သိမှာပါ။

ထို့အတူ ၈၈မျိုးဆက်တွေ လုပ်ကိုင်နေသမျှလည်း သူတို့ပေးဆပ်ခဲ့ပြီး ပေးဆပ်နေဆဲ သမိုင်းကို ပေါ့ပျက်ပျက် မဝေဖန်ခြင်ပါနဲ့ဗျာ။ အဲဒီလို အဓိပ္ပါယ်မဲ့ စကားလုံးတွေ တခါ ထွက်လာတိုင်းကိုယ့်ရဲ့ တန်ဖိုးတခါ ကျသွားပြီး။
ယိုသူမရှက်ပေမယ့် မြင်သူတော့ ရှက်မိတယ်။

(ရဲမင်းထွန်း)

လက်ပံတန်းတောင်သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွင်းခဲ့မှုအပေါ်၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ တုန့်ပြန်ချက်

မျက်ရည်ယိုဗုံးနဲ့ အဓိကရုဏ်းကို ဖြိုခွင်းတယ်ဆိုတာ ကျွန်တော်တို့ကိုယ်တိုင် အတွေ့အကြုံ များ
စွာရှိပါတယ်။ ကျွန်တော်တို့ က ကြိမ်ဖန်များစွာ မျက်ရည်ယိုဗုံးတွေ ကြားမှာ ဖြတ်သန်းလာခဲ့တာပါ။ ဘာမှ မီးလောင်စရာ အကြောင်း မရှိဘူး။ အဲဒီတော့ နိုင်ငံတကာနှုန်းတွေ၊ ဘာတွေလို့ ပြောနေတာထက် ဘယ်လက်နက်တွေ သုံးစွဲခဲ့သလဲဆိုတာရယ်၊ ဘယ်သူ့အမိန့် နဲ့ ဒီလက်နက်တွေကို သုံးတယ်ဆိုတာရယ် စုံစမ်းဖော်ထုတ်ဖို့ အရေး ကြီးပါတယ်။

အဲဒီစုံစမ်းဖော်ထုတ် ဖို့ဆိုတာလည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် အမြန်ဆုံးဖွဲ့ရပါလိမ့်မယ်။ အဲဒီကော်မရှင်ကလည်း လွတ်လပ်တဲ့ ကော်မရှင် ဖြစ်ရပါလိမ့်မယ်။ အဲဒီလို မြန်မြန်ဆန်ဆန်နဲ့ ပွင့်ပွင့်လင်းလင်း မဖြေရှင်းဘူးဆိုရင် နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်တွေအတွက် အင်မတန် စိတ်ပူစရာလည်း ကောင်းပါတယ်။

ကျွန်တော်တို့ နောက်ကြောင်းပြန်မလှည့်ရအောင် အားလုံးဝိုင်းပြီး သတိထား နေတဲ့အချိန်မှာ မဖြစ်သင့်တဲ့ ကိစ္စပါ။ လွန်ခဲ့တဲ့ ရက်ပိုင်းတည်းက ကျွန်တော်တို့ ၈၈မျိုးဆက်ကျောင်းသားတွေအနေနဲ့ ကြေးနီစီမံကိန်းကိစ္စကို အင်အားသုံး အကြမ်းဖက်ပြီး မဖြေရှင်းဖို့ ပြဿနာကို စေ့စပ် ဆွေးနွေးပြီးတော့ အဖြေရှာကြဖို့ သဘောထားထုတ်ခဲ့ပြီးပါပြီ။ အခုဟာက ဘယ်လိုပဲပြောပြော ဆန္ဒပြသူတွေ မီးလောင်ပြီး ဒဏ်ရာရရှိမှု တွေ အကြီးအကျယ်ဖြစ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။

အဲဒီတော့ ခုနက ကျွန်တော်တို့ ဆိုခဲ့ တဲ့အတိုင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးပြီးတော့ အမြန်ဆုံးစုံစမ်း ဖော်ထုတ်ဖို့ အသိပေးရပါလိမ့်မယ်။

ဒီကိစ္စမှာ တရုတ်ကိုချည်း ပဲ ရည်ရွယ်ပြောလို့ မရဘူး။ နောက်ထပ်သူ့ရဲ့ တွဲဖက်ပါတနာ အကျိုးစီးပွားဖက်ဖြစ်တဲ့ ဦးပိုင်၊ ဦးပိုင်က ဘာလဲ၊ ဘယ်သူလဲဆိုတာလဲ လူတိုင်းသိတယ်။ ဆိုတော့ တရုတ်ကို မလွန်ဆန်နိုင်ရုံတင်ကရဲ့လား။ အဲဒီ ဦးပိုင်ကြီးကို မလွန်ဆန်နိုင်ဘူးဆိုတဲ့ ပြဿနာ ကျွန်တော်တို့ အတွေးထဲမှာ ရှိပါတယ်။ ပြည်သူ အားလုံးကလည်း ဒီမေးခွန်းကို ထုတ်နေတယ်။

အဲဒီတော့ ဘယ်လောက်ထိ အရာရာကို အသာစီးယူပြီးတော့ ခေါင်းပေါ်မှာ နေဦးမှာလဲ ဆိုတဲ့ မေးခွန်း။ ဒါကို ပွင့်ပွင့် လင်းလင်း မေးကြဖြေကြဖို့လည်း အရေးကြီးနေပါပြီ။

ကျွန်တော်တို့ ငယ်ငယ်က ပထ၀ီမှာ မီးကုန်ယမ်း ကုန်းအော်ကျက်ခဲ့ရတဲ့ ကြေးနီတောင်၊ စံပယ်တောင်မရှိတော့ပါ ဘူး။ သူတို့ သတ္ထုတွေ၊ သိုက်တွေ ဆွဲထုတ်လိုက်တာ အဲ့ဒီဒေသမှာ ရေလည်း သောက်လို့ မရတော့ပါဘူး။ အဲဒီဒေသက ပြည်သူတွေကလည်း ဓားမနောက်ပိတ်ခွေး၊ ဓားမနောက် ပိတ်ခွေးပါပဲ။ အဲ့ဒီဒေသက ပြည်သူတွေ အဆိပ်သင့်ပြီး ကျန်ခဲ့တယ်။ အမြတ်ကအဲဒါပါပဲ။''

Shwemyanmar media group

မီးလောင်ဗုံးများနှင့်ပစ်ပြီး သပိတ်တပ်ဖြိုခွဲရန် နေပြည်တော်မှ ညွှန်ကြားခဲ့

http://komoethee.blogspot.ca/2012/11/blog-post_7769.html#links



နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်တို့၏ အမိန့်အရဟု ကြေငြာခဲ့ပြီး ပစ်မိန့်ပေးလိုက်သည့် ဆားလင်းကြီးမြို့နယ်အုပ်ချု ပ်ရေးမှူး- ဇော်မိုးအောင် ဆိုသူနှင့် ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးတို့၏ပုံဖြစ်သည်။

တရုပ်နဂါး မီးလော
 
မျက်မြင်သက်သေ တို့ ရဲ့ ပြောကြားချက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား လုံခြုံရေးများက အင်အားသုံးအကြမ်းဖက် ဖြိုခွင်းမှုဖြစ်စဉ်အား မျက်မြင် သတင်းရယူနေသူ Eleven Media Group သတင်းထောက် ကိုအောင်သူက ပြောကြားချက်.............

"မနက် ၃နာရီကျော် လောက်မှာတော့ မီးသတ်ကားနှစ်စီးက ပိုက်တွေနဲ့လေး၊ငါးကြိမ်လော က်ထိုးပြီး လူစုခွဲခဲ့ပါတယ်။ ဒါပေမယ့် လူစုက ကွဲမသွားတဲ့အတွက် နောက်ပိုင်းကျတော့ မီးကျည်ဗုံးလို့ခေါ်မလား၊ မီးလောင်ဗုံးလို့ခေါ်မလား။ အဲဒီဗုံးတွေနဲ့ လူအုပ်စုရှိတဲ့ အပေါ်ကို ပစ်ကုန်ရော။ အဲဒီဗုံးတွေက ပစ်လိုက်တဲ့အခါ လေပေါ်မှာပေါက်ပြီး မီးကျည်တွေ ပြန်ကျဲပြီး ကျလာပါတယ်။ အဲဒီမီးကျည်ကျတဲ့ နေရာတွေအကုန်လုံး မီးလောင်တာတွေ ဖြစ်ကုန်တယ်။ အဲဒီမီးကျည်ထိတဲ့ သူတွေအကုန်လုံး မီးလောင်ပြီးတော့ အရေပြားတွေ လန်ကုန်တယ်။ အဲဒီဗုံးက မျက်ရည်ယိုဗုံးမဟုတ်ဘူး။ ဗုံးကျလာတဲ့အချိန်မှာ မျက်ရည်ကျတာမျိုးတွေ မရှိဘူး။ မီးကျည်ကျတဲ့နေရာ၊ ထိမှန်တဲ့သူတွေ အကုန်လုံး မီးလောင်ကုန်တယ်။ မီးကျည်ရဲ့ အစနဲ့ ထိတာနဲ့ အရေပြားတွေ လောင်ကုန်တယ်။ တစ်ချို့ကြတော့ အရေခွံမလန်ဘဲ အသားချိုင့်သွားတာလည်း တွေ့ရတယ်။ သပိတ်စခန်းတွေက ၀ါးလုံးတိုင်တွေနဲ့ ပလပ်စတစ်မိုးကာတွေအုပ်မိုးထားတာ။ "
 

EMG

မီးလောင်တိုက်အသွင်းခံရသော သံဃာ့စာရင်း


တောင်သူလယ်သမားနဲ့  သံဃာသပိတ်စခန်းကို အဖြိုခွဲခံနေရစဉ် တွေ့ ရပုံ

 Flamethower Gun ကို အသုံးပြုခဲ့ကြောင်းသိရ 

မုံရွာရှိသံဃာသပိတ်ကို ဖြိုခွဲရာတွင်အသုံးပြုခဲ့သော Flamethower Gun. အမျိုးစား ။
ဒီလက်နက်က သိပ်ပြင်းတယ်။ ကတုတ်ကျင်းထဲကပုံးအောင်းနေတဲ့ ရန်သူကို တိုက်ခိုက်ရန်
အသုံးပြုသောလက်နက်ဖြစ်ပါတယ်။
Government forces used '' Flamethower guns '' to suppress against a peaceful demonstration led by monks in Moun Yar, upper Burma, very early morning, yesterday.
မုံရွာ တောင်သူလယ်သမားများကို အားပေးခဲ့သော သံဃာများ ကို အစိုးရက အကြမ်းဖက် ဖြို ခွဲ
မုံရွာပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေသော သံဃာတော်များ။
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
နောက်ဆုံးရသတင်းများ
စစ်လက်နက်ပစ္စည်းတွေထဲမှာ မီးသေနတ် Flame Thrower ဆိုတာ ရှိတယ်။ ပေ နှစ်ဆယ်လောက် ထိ မီးညွှန့် ပန်းထွက်တဲ့ သေနတ်မျိုးပေါ့။ ဒါပေမယ့် အဲဒီလက်နက်အမျိုးအစားက "စစ်မြေပြင်"မှာတောင် သာမာန်လက်နက်နဲ့ ပစ်ခတ်ဖြိုခွင်းလို့ မရတဲ့ (ဥပမာ- ဘန်ကာ၊ ကတုက်ကျင်း ဒါမှမဟုတ် အဆောက်အဦးတွင်းမှာ နေရာယူထားတဲ့) ရန်သူ့တပ်ဖွဲ့ဝင်တွေကို ချေမှုန်းရာမှာသာ အသုံးပြုပိုင်ခွင့် ရှိပြီး ကွင်းပြင်မှာ ချီတက်လာတဲ့ တပ်ဖွဲ့တွေကို ရင်ဆိုင်ရာမှာ အသုံးပြုပိုင်ခွင့် မရှိဘူး။ လူမဆန်တဲ့ လက်နက်မို့လို့ ဂျီနီဗာကွန်ဗင်းရှင်းအရ တားမြစ်ထားတယ်။

ပစ်မှတ်တွေကို မီးလောင်ပျက်စီးစေတဲ့ နောက်ထပ် ဗုံးတမျိုးက မီးစုံးဗုံး Incendiary rounds တွေပဲ။ Napalm နပမ်းဗုံးလို့လဲ ခေါ်တယ်။ အထဲမှာ ဓါတုဆေးရည် ဒါမှမဟုတ် အမှုန်တွေထည့်ထားပြီး ပစ်မှတ်ပေါ်မှာ စွဲကပ်နေတဲ့ အဲဒီ ဓါတုပစ္စည်းတွေ မကုန်မချင်း မီးလောင်စေတယ်။ ဘာနဲ့မှ ငြိမ်းလို့ မရဘူး။ တစ်ကိုယ်လုံး မီးစွဲနေတဲ့ ခလေးမလေး လမ်းတလျှောက် ငိုယိုပြေးထွက်လာတာကို သတင်းထောက်တွေ ဗီဒီယိုမှတ်တမ်းတင်လိုက်နို င်လို့ ဗီယက်နမ်စစ်မှာ ယန်းကီးတွေ ရှုံးပိုင်းပိုင်းလိုက်ရတာလည်း မှတ်မိကြမှာပေါ့။

အခု ဆန္ဒပြသံဃာတော်တွေကို အစိုးရက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းတဲ့ နေရာမှာလည်း မီးလောင်ပြီး ဒဏ်ရာရကြတယ်လို့ သတင်းတွေ ကြားနေရတယ်။ မျက်ရည်ယိုဗုံး ဆိုတာက မီးလောင်ဗုံးမှ မဟုတ်ပဲ။ ဆန္ဒပြအရပ်သားတွေကို ထိခိုက်အနာတရ မဖြစ်စေပဲနဲ့ လူစုခွဲနိုင်ရုံ ရည်ရွယ်တီထွင်ထားတဲ့ မီးခိုးဗုံးအမျိုးအစား သာဖြစ်တယ်။ အခု အစိုးရ ရဲတပ်ဖွဲ့ကသာ ဆန္ဒပြလူထုကို မီးလောင်စေတဲ့ လက်နက်နဲ့ တိုက်ခိုက်ခဲ့ကြောင်းမှန်ရင် နိုင်ငံတကာ ရာဇဝတ်မှု အကြီးကြီး တစ်ခု ကျူးလွန်လိုက်ပြီလို့ပဲ ပြောရမယ်။

တခြားဖြစ်နိုင်တာကတော့ ကပစ ကထုတ်တဲ့ မျက်ရည်ယိုဗုံးတွေ စံချိန်မမှီတာကြောင့်လည်းပဲ ဖြစ်နိုင်တယ်။ ဒါပေမယ့် အရပ်သားတွေကို မီးလောင်ဒဏ်ရာရစေတဲ့အထိ ဖြစ်သွားတာကတော့ (မတော်တဆပဲဖြစ်ဖြစ်၊ တမင်တကာပဲဖြစ်ဖြစ်) ဘယ်နည်းနဲ့မှ လက်ခံနိုင်စရာ အကြောင်းမရှိ။ ကိုယ်ချင်းမစာတတ်ရင် ကိုယ့်အသားပေါ်ကိုယ် ဆီပူ တစက်လောက် ချကြည့်နိုင်တယ်။
(အသောက)

Update : 3:00 AM
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း၌ ဖွင့်လှစ်ထားသော သပိတ်စခန်းခြောက်ခုမှာ နိုဝင်ဘာလ ၂၉ ရက် နံနက် ၂ နာရီအထိရုပ်သိမ်းခြင်းမရှိသေးကြောင်း သိရှိရပါသည်။
စုဝေးနေသူများအား နိုဝင်ဘာလ ၂၈ ရက်နေ့ည ၁၂ နာရီအချိန်တွင် လူစုမခွဲပါက ရဲလုပ်ထုံးလုပ် နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၈ ရက်နေ့ ည ၇နာရီ ၃၀ မိနစ်၊ ၈ နာရီ ၁၀ မိနစ်နှင့် ၈ နာရီ ၅၀ မိနစ်တို့တွင် တာဝန်ကျရဲတပ်ဖွဲ့မှကြေညာခဲ့သော်လည်း ၂၉ ရက် နံနက် ၂ နာရီ အထိ အရေးယူမှု တစ်စုံတစ်ရာပြုလုပ်ခြင်း မရှိသေးကြောင်းသိရသည်။

Update 3:15 AM

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပုဒ်မ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာတွင် စုဝေးနေသည့် သံဃာတော်များနှင့် ဒေသခံများအား နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၃ နာရီတွင် မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြု၍ လူစုဖြိုခွဲခဲ့ကြောင်း သိရသည်။ ယင်းသို့ မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် လူစုဖြိုခွဲမှုကြောင့် ဒဏ်ရာရရှိသူအချို့ရှိကြောင်း ကြေးနီစီမံကိန်းဧရိယာတွင် ရောက်ရှိနေသော EMG မှ သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။

Update 3:50 AM

ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များဖြင့် လူစုဖြိုခွဲမှုကြောင့် သပိတ်စခန်း ၆ခုအနက် ၂ခုမှ သံဃာတော်များနှင့် ဆန္ဒပြပြည်သူများ ဖယ်ရှားပေးခဲ့ရပြီး ရဲတပ်ဖွဲ့မှ လုံခြုံရေးယူလိုက်ပြီဖြစ်ကြောင်း ကြေးနီစီမံကိန်းဧရိယာတွင် ရောက်ရှိနေသော EMG မှ သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။

Update 4:09 AM

လက်ရှိအချိန်တွင် ထပ်မံ၍ သပိတ်စခန်းတခု ဖယ်ရှားပေးခဲ့ရသဖြင့် စုစုပေါင်း သပိတ်စခန်း ၃ ခု ဖယ်ရှားပေးခဲ့ရပြီဖြစ်ကြောင်းသိရသည်။

Update 4:30 AM


လက်ရှိ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် သံဃာတော် အများအပြား ပါဝင်ကြောင်း၊ မျက်ရည်ယိုဗုံးများ ပစ်ခတ်မှုကြောင့် ပုဒ်မ ၁၄၄ ထုတ်ထားသော ဧရိယာအတွင်း မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
Eleven Media Group


မျက်နှာဖုံးကွာကျတဲ့ တန်းဆောင်တိုင်ည

r by Mg Pala on Thursday, November 29, 2012 at 12:31pm · ဘုရား………ဘုရား…………
ဘုရားတသံတွေနဲ့အတူ
ပြေးကြလွှားကြနဲ့
တန်းဆောင်တိုင်လပြည့်ည
သန်းခေါင်ကျော် အခါကာလမှာ
ငရဲခန်းတခု
ခွေးမြီးကောက် ကျည်တောက်စွပ်ထားတဲ့
လူမိုက်တစု ထုဆစ်ခဲ့ကြတယ်။

တပ်ဦးက ဘုရားသား
မဏ္ဍိုင်က ပစ္စည်းမဲ့လူတန်းစား
အကြောင်းတရားက ညီမျှခြင်းချရုံပါ
အမှားတခုမှ မပါခဲ့ပါဘူး
အကျိုးတရားက
အသားညှော်နံ့တွေ
တပြည်လုံး ပြန့်နှံ့သွားတယ်။

လက်နက်ချင်းအားပြိုင်ချိန်မှာတောင်
ငြိမ်းချမ်းရေးချိန်ခွင်လျှာ ညှိနေကြသေးဆိုပဲ
လက်ဗလာနဲ့ ပြည်သူလူထုကတော့
ဒီမိုကရေစီအတုပေါ်မှာ
သွေးစက်လက်နဲ့ ပိုးလိုးပက်လက်ဖြစ်ကောင်းတုန်း…။

ဟန်ဆောင်ပန်ဆောင်အပြုံး
အယောင်ဆောင်မျက်နှာဖုံးနဲ့
အာဏာရှင်ရုပ်လုံးကို
လက်ပန်းတောင်းတောင်က အဆုံးသတ်ပေးခဲ့တယ်။

တကယ်တော့………
အမှားအယွင်းက တခုပဲရှိတာပါ။
မင်းသားတွေ ဘယ်လောက်ထွက်ထွက်
ပြကွက်က ဖန်တရာတေနေတယ်
အစွယ်လိုသူလည်း ဒင်းပါပဲ…..
အသွားစေခိုင်းသူလည်း ဒင်းပါပဲ….
လေးပစ်သူလည်း ဒင်းပါပဲ….။     ။

မောင်ပါလ
၂၉.၁၁.၂၀၁၂

"အခုလို အစိုးရက အကြမ်းဖက်ဖြိုခွင်းလိုက်တာ မှားယွင်းတဲ့လုပ်ရပ်လို့ ပထမပြောချင်တယ်။ လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့တောင် ငြိမ်းချမ်းရေးရဖို့ စကားပြော နိုင်သေးတာ အခုဟာက လယ်သမားတွေက သူတို့နစ်နာချက်တွေကို ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ဆန္ဒပြတာကို ဘာလို့ သူတို့က စကားမပြောနိုင်ဘဲ စစ်လက်နက် ပစ္စည်းတွေနဲ့ အသုံးပြုရတာလဲ။ အခုလို အကြမ်းဖက် ဖြိုခွင်းမှုကြောင့် မကျေနပ်မှုတွေနဲ့ တတိုင်းပြည်လုံး အုံကြွသွားနိုင်တာကြောင့် သူတို့ သွားနေတယ်ပြောတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကိုတောင် ထိခိုက်နိုင်တယ်ဆိုတာ သူတို့ မသိဘူးလား"

ဦးဝင်းတင် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက)

Wednesday, November 28, 2012

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် ထောက်ပံ့ကြေး ကျပ်သန်းပေါင်း ၃၅၀ ကျော် ခွင့်ပြု

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် အငြိမ်းစားပုဂ္ဂိုလ်များ၏ အိမ်လုပ်သားများအတွက် ထောက်ပံ့ကြေး ကျပ်သန်းပေါင်း ၃၅၀ ကျော် ခွင့်ပြု

ရန်ကုန်၊ နိုဝင်ဘာ ၂၈။


ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် အငြိမ်းစားပုဂ်္ဂိုလ် ၆၉ ဦး၊ နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့ဖူးသူများနှင့် အစိုးရသစ် ပြည်ထောင်စုအဆင့် တာဝန်ရှိသူ ၁၀၂ ဦးတို့၏ အိမ်အကူ၊ ထမင်းချက်နှင့် ဥယျာဉ်လုပ်သားများအတွက် ထောက်ပံ့ငွေအဖြစ် ကျပ်သန်းပေါင်း ၃၅၀ ကျော်ကို ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုထားကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောကြားသည်။

“ခွင့်ပြုပြီးသား ငွေက ကျပ်သန်းပေါင်း ၃၅၁ ဒသမ ၀၁၀ သန်းပါ၊ ထပ်မံတောင်းခံတာက အငြိမ်းစားပုဂ္ဂိုလ်ကြီးတွေအတွက် ၁၆၉ ဒသမ ၅၆ သန်းနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတွေအတွက် ၂၇ ဒသမ ၄၉၂ သန်းဆိုတော့ စုစုပေါင်း ၁၉၇ ဒသမ ၀၅၂ သန်းပါ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။

၂၀၁၂ - ၂၀၁၃ ခုနှစ် ဖြည့်စွက်ရန်ပုံငွေ တောင်းခံရာတွင် အငြိမ်းစား ပုဂ္ဂိုလ်ကြီးများနှင့် နိုင်ငံ့တာဝန်ထမ်းဆောင်လျက်ရှိသည့် ပုဂ္ဂိုလ်ကြီးများ၏ အိမ်အကူ၊ ထမင်းချက်နှင့် ဥယျာဉ်လုပ်သား ၄၁၇ ဦး အတွက် ထောက်ပံ့ငွေကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အိမ်လုပ်သား တစ်ဦးလျှင် ကျပ်သုံးသောင်း ခံစားခွင့်ပြုထားသဖြင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနမြို့ရွာနှင့် အိုးအိမ်ဦးစီး ဌာနမှ ပြည်ထောင်စု လွှတ်တော်သို့ တောင်းခံခဲ့ခြင်းဖြစ်သည်။

ထောက်ပံ့ငွေ ရရှိသူများမှာ နိုင်ငံတော် အကြီးအကဲဟောင်း နှစ်ဦး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် (၁၀၂) ဦး၊ နေပြည်တော်ကောင်စီဝင် ၁၁ ဦး၊ နိုင်ငံတာဝန်ထမ်းဆောင်ခဲ့ဖူးသူ ၆၇ ဦးတို့ ဖြစ်ကြောင်း လွှတ်တော်သို့ တောင်းခံသော စာရင်း တွင် ဖော်ပြထားသည်။

နိုင်ငံတော် အကြီးအကဲဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိမ်တွင် ထမင်းချက် ငါးဦး၊ အိမ်အကူ ငါးဦးနှင့် ဥယျာဉ်လုပ်သား ငါးဦးတို့ကို တစ်လကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်း လေးသိန်းခွဲ၊ တစ်နှစ်စာ ၅၄ သိန်း တောင်းခံထားပြီး အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး အိမ်တွင် အိမ်လုပ်သား ၄ ဦးစီဖြင့် တစ်နှစ်စာ ၄၃ သိန်းနှစ်သောင်း တောင်းခံထားသည်။

နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ဦးခင်ညွန့်မှာမူ ယခုထုတ်ပြန်သော စာရင်းတွင် ထည့်သွင်းဖော်ပြထားခြင်း မရှိသလို ဒုတိယဗိုလ်ချုပ်ကြီး ၀င်းမြင့်လည်း မပါဝင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် ၁၀၂ ဦးမှာ လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီး ၃၁ ဦး၊ ခုံရုံးဥက္ကဋ္ဌ၊ ကော်မရှင်ဥက္ကဋ္ဌ၊ တရားလွှတ်တော်ချုပ် တရားသူကြီး ခြောက်ဦး၊ ခုံရုံးအဖွဲ့ဝင် ရှစ်ဦး၊ ကော်မရှင်အဖွဲ့ဝင် ခြောက်ဦး၊ ဒုတိယ၀န်ကြီး ၄၁ ဦးနှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဝင် ငါးဦးတို့ဖြစ်သည်။

နိုင်ငံတာဝန်ထမ်းဆောင်ခဲ့ဖူးသူ ၆၇ ဦးမှာ တရားသူကြီးချုပ် ဦးအောင်တိုး၊ ရှေ့နေချုပ် ဦးအေးမောင်၊ ၀န်ကြီး ဦးသောင်း (သိပ္ပံနှင့် နည်းပညာ)၊ ဦးဌေးဦး(လယ်/ဆည်)၊ ဦးတင်ထွဋ်(သမ)၊ ဦးအောင်သောင်း(စက်မှု)၊ အပါအ၀င် ဦးမောင်ဦး၊ ဦးစိုးသာ၊ ဦးသိန်းဆွေ၊ ဦးလွန်းသီ၊ သူရဦးအေးမြင့်၊ ဦးသိန်းဇော်၊ ဦးမောင်မောင်သိန်း၊ ဦးစိုးသာ၊ ဒေါက်တာ ကျော်မြင့်၊ ဒေါက်တာချမ်းငြိမ်းနှင့် ဦးအောင်သိန်းလင်းတို့ ဖြစ်ကြပြီး အများစုမှာ လက်ရှိအချိန်၌ လွှတ်တော်ထဲတွင် ရောက်ရှိနေကြသည်။

အခြားပုဂ္ဂိုလ်များမှာ ယခင်နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး တာဝန်ထမ်းခဲ့သည့် ပုဂ်္ဂိုလ်တစ်ဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး၏ ဇနီး၊ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးကိုလေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း)များ ဖြစ်ကြသည့် ဦးခင်မောင်သန်း၊ ဦးရဲမြင့်၊ ဦးအောင်ထွေး၊ ဦးကျော်ဝင်း၊ ဦးသိန်းထွန်းနှင့် ဗိုလ်မှူးချုပ် အေဘယ်၊ ၀န်ထမ်းရွေးချယ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဗိုလ်ချုပ် စောထွန်း၊ ဗိုလ်ချုပ် စောလွင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်ရှိန်၊ ဦးသောင်းညွန့်နှင့် ယခင် န၀တအဖွဲ့ဝင်ဟောင်း ဦးမျိုးညွှန့်၊ ဦးကျော်ဘ၊ ဦးသိန်းဝင်း၊ ၀န်ကြီးဦးသန်းညွန့်၊ ဦးသောင်းညွန့်၊ ဦးခင်မောင်ရင်၊ ဦးအုန်းကျော်နှင့် ဦးအောင်ရဲကျော်၊ ဗိုလ်မှူးချုပ် လွန်းမောင်၏ ဇနီးနှင့် ဒုတိယ၀န်ကြီးချုပ်ဟောင်း ဦးမောင်မောင်ခင်နှင့် ဦးတင်ထွန်းတို့ဖြစ်ကြသည်။

၎င်းတို့မှာ အိမ်အကူနှင့် ဥယျာဉ်လုပ်သား တစ်ဦးစီ ရရှိကြသည်။ အငြိမ်းစား ပုဂ္ဂိုလ်ကြီးများအတွက် သာမန်အသုံးစရိတ်အဖြစ် ဖြည့်စွက်တောင်းခံငွေ ၁၆၉ ဒသမ ၅၆ သန်းကို လွှတ်တော်မှ အတည်ပြုပေးခဲ့သည်။

“အငြိမ်းစား ဗိုလ်ချုပ်ကြီး သီဟသူရ ဦးတင်အောင်မြင့်ဦးကို ရှစ်လစာနေအိမ်စရိတ် ကျပ် ၁၆ သန်းနဲ့ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးတွေအတွက် နေအိမ်ငှားရမ်းခ ၇ ဒသမ ၈၃၀ သန်း လည်း ပါပါတယ်” ဟု ဦးမင်းသူက ဆိုသည်။

ထောက်ပံ့ကြေး တောင်းခံသောစာရင်းတွင် သမ္မတနှင့် ဒုတိယသမ္မတများ မပါဝင်ရခြင်းမှာ ၂၀၀၈ အခြေခံ ဥပဒေအရ သီးခြားခံစားပိုင်ခွင့် ရပိုင်ခွင့်များ ရရှိထားသောကြောင့်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

အငြိမ်းစားဝန်ထမ်းများကို အငြိမ်းစား ပင်စင်လစာငွေ အကျိုးခံစားခွင့် ပေးသင့်သော်လည်း “နှစ်သီးစားတွေကိုတော့ ထိထိရောက် ရောက်စိစစ်သင့်တယ်၊ နိုင်ငံတော်ရဲ့ အကျိုးခံစားခွင့်တွေကို အမျိုးမျိုး ရယူနေတဲ့ အခြေအနေမျိုးကတော့ မဖြစ်သင့်ဘူး၊ နိုင်ငံတကာမှာက ဂုဏ်သိက္ခာအတွက် အလုပ်လုပ်ကြတာ၊ ကိုယ်ဆောင်ရွက်တဲ့ အပေါ်မှာ အကျိုးခံစားခွင့် ယူတယ်၊ နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို ဘယ်တော့မှ အလွယ်မသုံးဘူးဆိုတဲ့ စိတ်တွေ ရှိတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဘတ်ဂျက်ကျွမ်းကျင်မှု နည်းပါးခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများကို လွှတ်တော်ကော်မတီအလိုက် စောင့်ကြည့်လျက် ရှိသောကြောင့် စွက်ဖက်၍ မရခြင်း၊ သုံးသင့်သုံးထိုက်သည်ဟု ယူဆ၍ လွှတ်ပေးကြခြင်း၊ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်တွင်မှ ငွေလုံးငွေရင်း၊ သာမန်အသုံးစရိတ်များကို စိစစ် ရမည်ဟု ဆုံးဖြတ်ခြင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို နှောင့်နှေးစေမည့် အနေအထားမျိုး မလုပ်ဆောင်လိုသောကြောင့် မတင်ပြကြခြင်းများ ရှိနေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမင်းသူက ပြောသည်။

“တစ်ခါတလေ ကိုယ်မလုပ်လိုက်နိုင်တဲ့ အပေါ်မှာ ပြည်သူ့အပေါ် တာဝန်မကျေသလို ခံစားရတယ်” ဟု ၎င်းကဆိုသည်။

အငြိမ်းစားပုဂ္ဂိုလ်များကို ပင်စင်လစာငွေ၊ အပိုထောက်ပံ့ကြေးများ ပေးရာတွင် အပိုင်းနှစ်ပိုင်းခွဲခြား၍ ပြောရမည်ဟု ရန်ကုန်တိုင်းဒေသကြီးမှ အမည်မဖော်လိုသော တိုင်းအဆင့် အရာရှိတစ်ဦးက ပြောသည်။

“နှစ်ပေါင်း ၃၀ လောက် တာဝန်ထမ်းဆောင်ပြီး လစာနဲ့ပဲ ရပ်တည်ခဲ့တဲ့သူတွေရဲ့ ဘ၀က အင်မတန်မှ စုတ်ပြတ်သတ်ပါတယ်၊ အဲဒီလို အငြိမ်းစားတွေကို ပေးသင့်တယ်၊ တချို့ကျတော့ အငြိမ်းစားသာယူသွားတာ ထားစရာမရှိအောင် ဖြစ်နေတဲ့ သူတွေလည်းရှိတယ်၊ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ ဆိုးမွေတွေလေ” ဟု အမည်မဖော်လိုသော ၎င်းအစိုးရအရာရှိက ဆိုသည်။


ထက်နိုင်ဇော် -Venus News Weekly

ဘယ်သူမှားလဲဦးသိန်းစိန်



တရုတ်ဆောင်းပါးရှင်တဦးကရေးတယ်...
တရုတ်အစိုးရဟာစစ်အစိုးရကိုပဲပေါင်းတယ်...
မြန်မာပြည်သူတွေကိုထိတွေ့မှုမရှိခဲ့ဖူးလို့...
မြစ်ဆုံစီမံကိန်းမှာလည်းအောက်ခြေသိမ်းအလုပ်
သမားကအစတရုတ်ပြည်ကလာတယ်...
မြန်မာပြည်သားတွေအတွက်အလုပ်အကိုင်အခွင့်
အလမ်းဆိုလို့သူတို့သွားချင်တဲ့နေရာစက်လှေနဲ့
လိုက်ပို့တဲ့အလုပ်လောက်ပဲရခဲ့တယ်။။
...
၁၀၀ရာနူန်းတရုတ်ကပဲပိုင်ပိုင်၊ပရောဂျက်တခုချပြီ
ဆိုရင်ဒီဧရိယာထဲကလူတွေကိုအရင်စဉ်းစားရတယ်။
နေရာရွေ့ပြောင်းတာကအစအခြေကျတဲ့အထိစီမံကိန်း
ရှိရတယ်။စီမံကိန်းထဲမှာပါဝင်နိုင်အောင်လည်းဖန်တီး
ပေးရတယ်။

တရုတ်လုပ်ပုံကခေါင်းသုံးအားနဲတဲ့စစ်အစိုးရကိုပဲ
အသုံးချတယ်။လက်ပံတောင်းတောင်စီမံကိန်းဟာ
စစ်တပ်ဝန်ထမ်းတွေအတွက်သက်သာချောင်ချိစေ
မယ်။တလဒေါ်လာ၂သန်းရနိုင်မယ်ဘာညာနဲ့စလိုက်
တယ်။နယ်ခံတွေနှင်ထုတ်ရမှာမင်းတို့အလုပ်ဖြစ်
အောင်လုပ်ခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်ကမလုပ်ခင်ခေါင်းသုံး
(အဲ)သေချာစဉ်းစားသင့်တယ်လို့မှတ်ချက်ချခဲ့
တယ်။န၀တဦးသန်းရွှေနှိပ်စက်ခဲ့တာဦးသိန်းစိန်အစိုးရ
ကောပြည်သူတွေပါအလူအလှိမ့်ခံနေရဆဲပါ။

န၀တဦးသန်းရွှေကသူအတွက်အကာအကွယ်တွေ
မြောက်မြားစွာနဲ့ဦးသိန်းစိန်ကိုတင်လိုက်တော့
အိမ်အမှုထမ်း၆ယောက်လောက်နဲ့
အေးအေးဆေးဆေးစာဖတ်နေနိုင်ပါတယ်။
လုပ်ချင်တာတွေအကုန်လုပ်ခဲ့ပြီးပါပြီ။

ဦးသိန်းစိန်အစိုးရလုပ်သင့်တာနောက်ကြောင်းပြန်
မလှည့်ပဲအဲဒီအနောက်ကစာဖတ်နေသူကြီးရှေ့ဆွဲ
ထုတ်၊အဘပြသာနာအဘရှင်း၊လုပ်ရမှာ။
စီမံကိန်းဆိုတာပိုက်ဆံရှိလို့လာလုပ်တာအရင်စစ်
အစိုးရခေါင်းမရှိလို့လက်ခံခဲ့တာဆိုရင်လည်းအခုအစိုး
ရကနယ်ခံတွေအတွက်ဘာလုပ်ပေးနိုင်မလဲညှိနိုင်းရမယ်။

ဒီလိုမျိုးဘာမှမပေးပဲအကုန်လိုချင်တာဒီမိုပျက်အစိုးရလို့
ခေါ်တယ်။ကြေးနီတွေထုတ်ရောင်းချင်ရင်ကြေးနီတွေ
အပေါ်မှာသမိုင်းကြောင်းတလျောက်လုံးနေခဲ့သူတွေ
ကိုအရင်လျော်ရတယ်။ရေပိုက်နဲ့ထိုး၊ဗုံးတွေနဲ့ပစ်ပြီး
လုပ်ငန်းကိုဆက်လုပ်ချင်တာမျိုးကခနပဲရမယ်။
တနိုင်ငံလုံးထကြွလာတာဖြစ်လာလိမ့်မယ်။

ဟိုနေ့ကပဲဦးသိန်းစိန်နဲ့အမေစုခေါင်းသုံးတာအကောင်း
ဆုံးဆုပထမပူးတွဲရထားတယ်မဟုတ်လား။တန်အောင်
တွေးပါ။မှန်အောင်တွေးပါ။

လုပ်ငန်းကိုဆက်လုပ်တာမလုပ်တာထက်ဝမ်ပေါင်နဲ့
ဦးပိုင်ဒေသခံတွေကိုဘယ်လိုလျော်မလဲဆိုတာ
သမ္မတအနေနဲ့မေးခွန်းထွက်သင့်တယ်...
သမ္မတဆိုတာပြည်သူကတင်ထားတာလား။။
ဝမ်ပေါင်နဲ့ဦးပိုင်ကတင်ထားတာလား။။
.
တန်အောင်တွေးပါ။မှန်အောင်တွေးပါဗျာ....

(ရဲရင့်ငယ်)


Eleven Media Group
18 minutes ago
ဖြစ်စဉ်ကြောင့် ဒဏ်ရာရသူများတွင် သံဃာတော်အများအပြားပါဝင်ပြီး အချို့မှာ မုံရွာဆေးရုံသို့ ပို့ဆောင်ကုသနေပြီး ဒဏ်ရာပြင်းထန်သည့် သံဃာတော်တစ်ပါးအား မန္တလေးဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ထို့အပြင် သပိတ်စခန်းများမှ လူစုကွဲလာသော ထိခိုက်ဒဏ်ရာရသူအချို့အား နီးစပ်ရာနေအိမ်နှင့် ဘုန်းတော်ကြီးကျောင်းအချို့မှ ကူညီပေးလျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား မေတ္တာရပ်ခံခြင်း


by Lwin Aung Soe on Wednesday, November 28, 2012 at 7:28pm ·
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား မေတ္တာရပ်ခံခြင်း

ပြည်သူလူထုကို နှိပ်ကွပ်တဲ့ အစိုးရမှန်သမျှ အာဏာရှင် အစိုးရသာ ဖြစ်ပါတယ်။ အာဏာရှင် အကျင့်အကြံတွေ ရှိနေသမျှ အဲဒီအစိုးရကို ဒီမိုကရေစီ အစိုးရလို့ မခေါ်နိုင်ပါဘူး။

မိဘပြည်သူတွေရဲ့ ရွေးကောက်ခံ အစိုးရ ဖြစ်ပါတယ်လို့ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောခဲ့တဲ့အတိုင်း အစိုးရအသီးသီးရဲ့ လုပ်ဆောင်ပုံတွေကို ကျနော်တို့ အမြဲတမ်း ဂရုတစိုက် စောင့်ကြည့်ခဲ့ပါတယ်။

သမ္မတ မိန့်ခွန်းပါ လမ်းညွှန်ချက်အတိုင်း မိဘပြည်သူအဖြစ်နဲ့ ကောင်းရာကောင်းကြောင်းတွေကို အပြုသဘောနဲ့ ထိန်းကျောင်းပေးပါတယ်။ တိုးတက်လာနိုင်စရာရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အားပေးထောက်ခံခဲ့ပါတယ်။ နိုင်ငံတကာအလယ်မှာ မြန်မာဆိုတာ မျက်နှာမငယ်ရအောင် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်ပေးခဲ့ကြပါတယ်။ တိုင်းပြည်ရှေ့ရေးကို တတ်နိုင်သလောက် မြော်မြင်ပြီး တားသင့်တာတွေကို တားမြစ်ပေးကြပါတယ်။

ဒါတွေဟာ မိဘပြည်သူတွေရဲ့ တိုင်းပြည်အကျိုးပြု အလုပ်တွေပါ။ နိုင်ငံ့ဘဏ္ဍာက တပြားတချပ်မှ အကုန်အကျခံ ပေးဆပ်စရာ မလိုတဲ့ မိဘပြည်သူတွေရဲ့ စေတနာတွေ ဖြစ်ပါတယ်။

ဒီလို စေတနာမျိုး ကမ္ဘာပတ်ပြီး လိုက်ရှာကြည့်ပါ။ လက်ချိုးရေတွက်လို့ ရတဲ့ နိုင်ငံအနည်းငယ်လောက်မှာသာ တွေ့နိုင်ပါမယ်။ မြန်မာတွေ ဒီလောက်ထိ မိခင်တိုင်းပြည်ကို ချစ်မြတ်နိုးကြပါတယ်။

ကနေ့ (၂၉-၁၁-၂ဝ၁၂) အာရုဏ်မတက်မီ ငြိမ်းချမ်းစွာ လူထုဆန္ဒပြနေတဲ့ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဒေသက သပိတ်စခန်းတွေကို အစိုးရတာဝန်ရှိသူ ဆိုသူတွေက လက်နက်အင်အားသုံးပြီး အကြမ်းဖက် ဝင်ရောက် ဖြိုခွဲပါတယ်။ သပိတ်စခန်းတွေ မီးလောင်ပြီး ဒဏ်ရာရသူတွေ ရှိနေတယ်လို့ သတင်းတွေ တက်လာမဆဲ ဖြစ်နေပါတယ်။

မိဘပြည်သူတွေကို အလေးအနက်ထားတဲ့၊ လူထုဆန္ဒကို ဦးစားပေးတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ပန်ကြားပါရစေ။

၁။ ဒီကနေ့ သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲမှုကို သတင်းစာရှင်းလင်းပွဲ အမြန်ဆုံး လုပ်ပေးပါ။
၂၊ လူထုဆန္ဒ ဖော်ထုတ်တာကို ခြိမ်းခြောက် ပိတ်ဆို့ တားမြစ်တာ၊ အကြမ်းဖက် ဖြိုခွဲတာတွေ မရှိအောင် တိကျစွာ စီမံပေးပါ။
၃။ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ကိစ္စအပေါ် အမြန်ဆုံး ပြေလည်သွားအောင် လွှတ်တော်မှ သဘောတူထားတဲ့ ကော်မရှင်တရပ်ကို ဖွဲ့စည်းပြီး ညှိနှိုင်းဆွေးနွေး အဖြေရှာပေးပါ။

နိုင်ငံရေးလုပ်ငန်းစဉ်တွေကို ဒီမိုကရေစီ နည်းလမ်းတကျ ဆောင်ရွက်နိုင်မှသာ အခြားကဏ္ဍတွေဖြစ်တဲ့ စီးပွားရေး၊ လူမှုရေး အစရှိတာတွေမှာ အခြေခံကျကျ ရှေ့တိုးပြီး တိုးတက် အောင်မြင်လာမှာ ဖြစ်ပါတယ်။ ဒါမှလည်း သမ္မတဦးသိန်းစိန်ရဲ့ အစိုးရအနေနဲ့ ရည်မှန်းတောင့်တထားတဲ့ Good government, clean government အမှန်တကယ် ဖြစ်လာနိုင်ပါမယ်။

လွင်အောင်စိုး
၂၉-၁၁-၂ဝ၁၂

လတ်ပန်းတောင်တောင်လူထုအား မတရားပစ်ခတ်တိုက်ခိုက်ခံရသည့်မြင်ကွင်း

လက်ပန်းတောင်းတာင် ကြေးနီစီမံကိန်း နယ်မြေ၊ပုဒ်မ၁၄၄ ထုတ်ပြန်ထားတဲ့ နယ်မြေမှာ စုဝေးနေကြတဲ့သံဃာတော်များနှင့် ဒေသခံတွေကို ဒီနေ့ မနက် ၃ နာရီက မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြုပြီး လူစုဖြိုခွဲခဲ့ပါတယ်။
Eleven Media Group

. သတင်းမီဒီယာများ၏ ကားနှင့် အများပြည်သူများ၏ ဆိုင်ကယ်များအား မီးလောင်ပျက်စီးခဲ့ကြောင်းနှင့် ထိုသို့ မီးလောင်ပျက်စီးခဲ့သည့် အချိန်မှာ မျက်ရည်ယိုဗုံးများဖြင့် စတင် ဖြိုခွင်းခဲ့သည့် အချိန်ဖြစ်ကြောင်း သိရသည်။ ဖောင်းကားတောင်ရွာဘုန်တော်ကြီးကျောင်းမှ ဒဏ်ရာအပြင်းအထန်ရရှိသူသံဃာ ၆ ပါးနှင့် လူတစ်ဦးရှိနေပြီး ဖြိုခွင်းမှုကြောင့် ပိတ်မိနေသောအဖွဲ့များ ဖောင်းကားဘုန်းတော်ကြီးကျောင်းတွင် ပြန်လည်စုစည်းမိကြပြီဖြစ်ကြောင်းလည်းသိရသည်။ လယ်တီဆရာတော်ဘုရား၏ သိမ်နေရာမှ သပိတ်စခန်းမှာ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီအချိန်အထိ အဆက်အသွယ်မရသေးကြောင်း၊တောင်ကြားနှင့် ဆည်တည်းစခန်းမှ သပိတ်အဖွဲ့တို့အား ရဲတပ်ဖွဲ့မှ ခြိမ်းခြောက်ပြီးပြန်ခိုင်းခဲ့ကြောင်း EMG သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။

ဝမ်ပေါင်ရုံးရှေ့ရှိ သပိတ်စခန်းအား ရဲတပ်ဖွဲ့မှ မီးသတ်ကား တစ်စီးဖြင့် ပိုက်ထိုးကာ လူစုခွဲလိုက်ကြောင်း၊ ရေဖြင့်ထိုးနေချိန်မှာ အချိန် ငါးမိနစ်ခန့်ကြာကြောင်း၊ သို့သော်လည်း လူစုမကွဲသဖြင့် မျက်ရည်ယိုဗုံးများ ဖြင့် ပစ်ပေါက်ကာ အကြမ်းဖက် နှိမ်နင်းခဲ့ကြောင်း သတင်းရရှိပါသည်။
ယခုအခါ အဆိုပါဝမ်ပေါင်သပိတ်စခန်းမှ သံဃာတော်တစ်ပါးမှာ မျက်ရည်ယိုဗုံးမှန်၍ အပြင်းအထန် ဒဏ်ရာရရှိသွားပြီး မဖြူဖြူသင်းမှာလည်း ဒဏ်ရာရရှိသွားသည်။ မသွဲ့သွဲ့ဝင်းသည် သံဃာတော်များနှင့်အတူ ရှိနေပြီး မအေးနက်မှာမူ ပျောက်ဆုံးနေလျက်ရှိကြောင်း သတင်းရရှိပါသည်။
ဝမ်ပေါင်သပိတ်စခန်းမှ သံဃာတော်များ၊ လူများသည် ယခုအခါ မုံရွာ၊ ပုသိမ် လမ်းမဘက်သို့ ထွက်ပြေးနေရကြောင်း သတင်းရရှိပါသည်။
သပိတ်စခန်းများ ဖြိုခွင်းရုံမက ရွာထဲကိုပါ ၀င်ရောက်စီးနင်း ဖမ်းဆီးမှုတွေ လုပ်နေပြီ လို့ သိရပါတယ်။

Eleven Media Group
ဆည်တဲရွာ သပိတ်စခန်းမှ ရွာသူရွာသားများသည် သပိတ်စခန်းမှ ထွက်ခွာလာပြီးနောက် ၎င်းတို့၏ ရွာသို့ မရောက်ရှိဘဲ သပိတ်စခန်းမှ ရွာသို့သွားရာလမ်းတွင် ပျောက်ဆုံးနေကြောင်း နိုဝင်ဘာလ ၂၉ ရက် နံနက် ၆နာရီတွင် EMG သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။

မေသင်္ကြန်ဟိန်(မြစ်မခ)
နိုဝင်ဘာ ၂၉၊ ရန်ကုန်မြို့။
လက်ပန်းတောင်းတောင်ခြေက မြေစာပုံ သပိတ်စခန်းကိ နံနက် ၃နာ၇ီ ၁၅ မိနစ်မှာ ရဲတပ်ဖွဲ့ က လာပြီးတော့ နောက်ဆုံး အကြိမ် ဖယ်ရှားပေးဖို့ လာပြောကြောင်း၊ ၅ မိနစ် စဉ်းစားချိန်ပေးမည်ဟုဆိုကြောင်း၊ ငါးမိနစ် ၄ မိနစ် ၃ မိနစ် ၂ မိနစ် စဖြင့် ရေတွက်ပြီး နောက်ဆုံး စက္ကန့်မှာ မီးသတ်ပိုက်ဖြင့် စထိုးပြီး သပိတ်စခန်းကို ဖြိုခွဲကြောင်း သပိတ်စခန်းတွင် ပါဝင်ခဲ့သူ တဦးထံမှ သိရှိရသည်။
`မီးသတ်ပိုက်နဲ့ စပက်တော့ ရှေ့ဆုံးက သံင်္ယာတွေက ရေလုံးရဲ့ ဒဏ်ကို မခံနိုင်လို့ နောက်ကို လဲပြိုသွားတယ်။ အဲဒီအချိန်မှာ မျက်ရည်ယို ဗုံးနဲ့ ပစ်တယ်ံ။ပြီးတော့ မီးလောင်ဗုံးနဲ့ ပစ်တယ် သံင်္ယာနှစ်ပါး မီးလောင်ဒဏ်ရာ ရတယ်၊ သွဲ့သွဲ့ဝင်းရဲ့ ညီမ ဖြူဖြူဝင်း မှာ မျက်နှာ၊ ပေါင်မှာ မီးလောင်ဒဏ်ရာ ရထားတယ်၊ မီးလောင်ဒဏ်ရာ ရတဲ့ သူတွေရှိတယ်` ဟု သပိတ်တွင်ပါဝင်ခဲ့သူက ပြောသည်။
ထို မြေစာပုံ စခန်းကို ရဲတပ်ဖွဲ့မှ မီးရှို့လိုက်ကြောင်း သိရှိရပြီး၊ သပိတ်စခန်းမှ လူများမှာ ယခု ဖောင်းကားတောင် ကျေးရွာ၊ ဒက္ခိရာမ ကျောင်းတွင် သပိတ်စခန်းဖွင့်ထားကြောင်း သိရှိရသည်။
http://burmese.voanews.com/media/video/1554877.html

Tuesday, November 27, 2012

နိုင်ငံရေးကို နှာခေါင်းရှုံ့ခဲ့တဲ့ ရေပေါ်စီ လူတန်းစားတွေ(လူထုစိန်ဝင်း)

by ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည် on Tuesday, November 27, 2012 at 5:08am ·
(အောက်တိုဘာ ၅ ရက်နေ့ထုတ် Favourite ဂျာနယ်မှာ ရေးထားတဲ့
ဆရာလူထုစိန်ဝင်းရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ တတိယအုပ်စု ဆိုသူတွေကို
ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ ဆရာ လူထုစိန်ဝင်းရဲ့ အမြင်ကို
သိနိုင်အောင် မျှဝေပေးလိုက် ပါတယ်။ )

"မြန်မာ လူမျိုးများရဲ့ နိုင်ငံရေး အသိအမြင် ဗဟုသုတက နိမ့်ကျနေသေး လေတော့
ဒီမိုကရေစီ စနစ် အောင်မြင်ပါ့မလား" အသက်နှစ်ဆယ်၊ အစိတ်ဝန်းကျင်
လူငယ်တွေနဲ့ စကားပြောကြတိုင်း ဒီမေးခွန်း တစ်ခုကို မေးမြဲဖြစ်တယ်။ သူတို့
စိတ်ထဲမှာ အနောက် နိုင်ငံကြီးတွေလို ဖွံ့ဖြိုး တိုးတက်နေတဲ့
နိုင်ငံကြီးတွေမှ ဒီမိုကရေစီ အောင်မြင်နိုင်တယ်လို့ ထင်မှတ် နေကြဟန်
ရှိပါတယ်။ တချို့ကျတော့လည်း နိုင်ငံရေးဆိုတာ နှာခေါင်း ရှုံစရာလို့
ယူဆပြီး တစ်သက်လုံး ဝေးဝေးရှောင်ခဲ့တဲ့ ရေပေါ်ဆီ လူတန်းစား "အီလစ်"(elite)
တွေ ပြောတဲ့ စကားသံတွေ ကြားပြီး "နဝေတိမ်တောင်" ဖြစ်နေကြပုံ ရပါတယ်။

အပေါ်ယံမှာ ဝေ့ကာဝဲကာ

ရေပေါ်ဆီ လူတန်းစား ဆိုတာက အများအားဖြင့် ခေတ်တိုင်း ခေတ်တိုင်းမှာ
ရေပေါ်ဆီလို အပေါ်ယံမှာချည်း ဝေ့နေလေ့ရှိလို့ ရေပေါ်ဆီ လူတန်းစားလို့
ခေါ်တာဖြစ်တယ်။ သူတို့က မြို့ကြီးသားတွေ ဖြစ်တော့ လည်လည်ပတ်ပတ် ရှိကြတယ်။
ဘယ်သူ တန်ခိုးရှိသလဲဆိုတာ ကောင်းကောင်းသိပြီး တန်ခိုးရှိသူတိုင်းနဲ့
တည့်အောင်ပေါင်း အမြတ်ထုတ်တတ်ကြတယ်။ ပေါင်းနေတဲ့ သူ တန်ခိုးအရောင်
မှိန်သွားရင် ချက်ချင်းစွန့်ခွာပြီး အရောင်တောက်သူကို ပြေးကပ်လေ့ ရှိတယ်။
ရာသီဥတုကို လိုက်ပြီး အရောင် ပြောင်းတတ်တဲ့ လူစားမျိုးတွေ ဖြစ်ကြတယ်။
ခေတ်တိုင်း ခေတ်တိုင်း အပေါ်ယံလွှာမှာချည်း ဝေ့ကာဝဲကာ နေကြ လေတော့
လူတွေကို အမြဲတမ်း ငုံကြည့်လေ့ရှိတယ်။ တန်ခိုးရောင် ပြိုးပြိုးပြက်ပြက်
လက်တဲ့သူ မဟုတ်ရင် ဘယ်သူ့ကိုမှ အထင်ကြီးတာ မဟုတ်ဘူး။ဒီတော့ လူတွေကြား
ဘယ်တော့မှ မနေဘူး။ လူတွေ အကြောင်းလည်း ဘာမှမသိဘူး။ လူတွေ အကြောင်း
မသိတော့ တိုင်းပြည် နိုင်ငံအကြောင်းလည်း ဘာမှ မသိပါဘူး။ စင်ကာပူ
နိုင်ငံကြီး တိုးတက်ပုံတွေ၊ နယူးယောက် မြို့တော်ကြီး စည်ကားပုံတွေ
အကြောင်း အများကြီး ပြောနိုင်ပေမယ့်၊ လယ်ဆိုတာ ဘာလဲ၊ ယာဆိုတာ ဘာလဲ၊
ကိုင်းဆိုတာ ဘာလဲလို့ မေးရင်တောင် မှန်အောင် ဖြေနိုင်တာ မဟုတ်ပါဘူး။

ဆယ်ဆသာတယ်

ဒီလို လူတွေဟာ တိုင်းရေးပြည်ရေး နိုင်ငံရေးဆိုတာ သူတို့လို
ရေပေါ်ဆီတွေနဲ့ပဲ ဆိုင်တယ်။ လက်လုပ်လက်စား လူသာမန် တွေနဲ့ လားလားမှ
ထိုက်တန်တာ မဟုတ်ဘူး။ ဒီမိုကရေစီရဲ့ အနှစ်သာရဆိုတာ ပညာတတ် ရေပေါ်ဆီတွေသာ
သဘောပေါက် နားလည်နိုင်တာမျိုး ဖြစ်တယ်၊ ဆင်းရဲလို့ ပညာကောင်းကောင်း
မသင်နိုင်တဲ့ သူတွေရဲ့ နိုင်ငံရေး အသိပညာ ရေချိန်ဟာ အင်မတန် နိမ့်တယ်။
ဒီလူတွေနဲ့ ဒီမိုကရေစီ တည်ဆောက်လို့ မရသေးဘူးလို့ ကျယ်ကျယ်လောင်လောင်
ပြောလေ့ ရှိကြတယ်။ ဒီစကားတွေ ကြားပါများတော့ လူငယ်တွေက နားယောင်ပြီး
ဟုတ်နိုးနိုး ထင်နေရှာကြတာ ဖြစ်တယ်။ အဲဒါကြောင့် မြန်မာလူမျိုးဟာ တခြား
နိုင်ငံကြီးသားတွေလောက် နိုင်ငံရေး အသိမမြင့်ဘူး ဆိုတောင်မှ
နိုင်ငံရေးဆိုတာ နှာခေါင်းရှုံ့စရာ သဘောထားပြီး ဘယ်တုန်းကမှ
နိုင်ငံရေးကိစ္စ တွေမှာ မပါဝင်ခဲ့ဖူးတဲ့ ရေပေါ်ဆီ လူတွေထက်တော့ ဆယ်ပြန်
ဆယ်ဆမက နိုင်ငံရေးအသိ မြင့်မားတယ်လို့ ရှင်းပြလိုက်ရ ပါတယ်။

လိမ်မှန်းညာမှန်းမသိတဲ့ လူမျိုး

မြန်မာလူမျိုးဟာ တခြား နေရာများမှာ ညံ့ချင်ညံ့မယ်။ နိုင်ငံရေး အသိမှာတော့
ထိပ်တန်းက ရှိနေတဲ့ လူမျိုးဖြစ်တယ်။ နယ်ချဲ့ အစိုးရက ၉၁ဌာန
အုပ်ချုပ်ရေးတို့၊ ဒိုမီနီယံ အဆင့်ပေးမယ် တို့နဲ့ လှည့်စားခဲ့ပေမယ့်
လိမ်တာကို လိမ်မှန်းသိ၊ ညာတာကို ညာမှန်းသိလို့ လုံးဝ လွတ်လပ်ရေးမှ တစ်ပါး
ဘာမှ မလိုချင်ဘူးလို့ အပြတ် ပြောခဲ့တာပါ။ ပါးစပ်ပြောသာ မဟုတ်ဘူး။
လက်တွေ့မှာလည်း မရရတဲ့နည်းနဲ့ ယူမယ်ဆိုတာ အထင်အရှား ပြခဲ့တာပါ။
ဂျပန်ခေတ်မှာလည်း ဂျပန်ပေးတဲ့ လွတ်လပ်ရေး နဲ့တင် ကျေနပ် ရောင့်ရဲ
မနေခဲ့ပါဘူး။ လိမ်တာကို လိမ်မှန်းသိလို့ တော်လှန်ရေးဆင်နွှဲ
အောင်ပွဲခံခဲ့တာ ဖြစ်တယ်။ ရှေးလူကြီးတွေကသာ ပေးတာလေးယူပြီး
ရောင့်ရဲနေလိုက်ကြရင် ဒီနေ့ လွတ်လပ်တဲ့ မြန်မာလူမျိုးရယ်လို့ ရှိလာမှာ
မဟုတ် ပါဘူး။

ရန်/ငါပြတ်လို့

လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ဘိုးဘွားများကို ကျေးဇူးတင်စရာ
ကောင်းလှပါတယ်။ သူတို့တစ်တွေ ရည်မှန်းချက် တိကျ ခိုင်မာပြီး၊ ရန်/ ငါ
ပြတ်သား ခဲ့ကြလို့သာ လုံးဝ လွတ်လပ်ရေး ရခဲ့တာပါ။ ဒီကနေ့ အာဆီယံ
နိုင်ငံတွေ ထဲမှာ ဝင့်ဝင့်ကြွားကြွား ဖြစ်နေတဲ့ မလေးရှား နိုင်ငံဆိုရင်
၁၉၅၇ ခုနှစ်ကျမှ လုံးဝ လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ရောက်ရှိ
လာခဲ့တာပါ။အဲဒါကြောင့် မြန်မာလူမျိုးများကို နိုင်ငံရေးအသိ နိမ့်ကျတယ်
ဆိုတဲ့ စကားကို လုံးဝ လက်မခံပါဘူး။ မြန်မာပြည် က ရေပေါ်ဆီ လူတွေလောက်က
ပြောတာသာ မဟုတ်ပါဘူး။ သူတို့ အထင်ကြီး ကိုးကွယ်တဲ့ အနောက်
နိုင်ငံကြီးတွေက မြန်မာ့အရေး ကျွမ်းကျင်သူလို့ ကိုယ့်ဟာကိုယ်
ကင်ပွန်းတပ်ထားတဲ့ "နိုင်ငံရေးဂုရု" ဆိုသူတွေ ပြောတာလည်း လက်မခံ ပါဘူး။
မြန်မာပြည်မှာ နေပြီး နယ်ချဲ့ဒဏ်၊ ဖက်ဆစ်ဒဏ်၊ ပြည်တွင်း စစ်ဒဏ်တွေကို
ကျောကော့အောင် ခံခဲ့ရတဲ့ မြန်မာလူမျိုး တွေလောက် မြန်မာ့ နိုင်ငံရေးကို
နားလည်တဲ့လူ ဘယ်မှာမှ မရှိနိုင်ပါဘူး။

မျက်နှာပြောင်သူတွေ

မျက်ကန်း မျိုးချစ်စိတ်နဲ့ ဒီလိုပြောတာ မဟုတ်ပါဘူး။ အဲဒီ
ကိုယ့်ဟာကိုယ်ခန့်တဲ့ "ဂုရု"တွေ ရေးတဲ့ စာအုပ်တွေ အများကြီး
ဖတ်ထားဖူးလို့ ပြောတာပါ။ ဆင်စွယ် ရဲတိုက်ကြီးတွေ ထဲက စာအုပ်တွေမှာ
လှန်လှောရှာဖွေပြီး သူများတကာ ရေးထားတဲ့ သီအိုရီတွေနဲ့ ချိန်ညှိပြီး
ရေးသား ထားတာမျိုး တွေသာ များပါတယ်။ နိုင်ငံရေး ဆိုတာ သိပ္ပံပညာရပ် တစ်ခု
ဖြစ်ပေမယ့်လို့ ဂျီသြမေကြီ တွက်သလို၊ သင်္ချာတွက်သလို၊ တွက်လို့ဖြစ်တာ
မဟုတ်ပါဘူး။ နိုင်ငံရေး ဆိုတာ လူတွေနဲ့ တိုက်ရိုက် ပတ်သက် နေတာ ဖြစ်လို့
လူတွေရဲ့ ဘဝ၊ လူတွေရဲ့ ခံစားချက်ကို အလေးထားပြီး စဉ်းစားဖို့
လိုအပ်ပါတယ်။ လူတွေ ကြားမဝင်ဖူးတဲ့ ရေပေါ်ဆီ "အီလစ်"တွေနဲ့ နိုင်ငံခြားသား
"ဂုရု"တွေက မြန်မာလူမျိုးတွေရဲ့ ဘဝ၊ မြန်မာလူမျိုးတွေရဲ့ ခံစားချက်ကို
မြန်မာတွေထက် ပိုသိတယ်လို့ ပြောရင်တော့ တော်တော် မျက်နှာပြောင်တဲ့
လူတွေပဲလို့သာ ကောက်ချက်ချလိုက် ရတော့မှာ ဖြစ်ပါတယ်။

လူထုစိန်ဝင်း

စန္နကိန္နရီ (မေသက်ထားဆွေ) ပထမဆု


link

ကျောင်းကိစ္စသဘောထားထုတ်ပြန်ခဲ့သူ အခါတိုင်းရင်းသား ဆာဗေ့ ပျောက်ဆုံးနေ


မင်းမင်းလတ် (မြစ်မခ)
by Myit Makha Mediagroup on 27 Nov, 2012

တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးမှုဒီဂရီကောလိပ်မူလကျောင်းအဟောင်းတွင် ပြန်လည်တက်ရောက် ပညာသင်ကြားလို၍ သဘောထား ထုတ်ဖော်ခဲ့သော ကျောင်းသားကိုယ်စားလှယ် တစ်ဦးပျောက်ဆုံးနေကြောင်း ကျောင်းသားများထံက သိရှိရသည်။


"ကျွန်တော်တို့ရဲ့ ကျောင်းသားကိုယ်စားလှယ်တစ်ဦး ပျောက်နေတယ်။ မော်ကွန်းထိန်းက လာခေါ်သွားတယ်၊ အဲဒီနောက် သူနဲ့ အဆက်အသွယ် ပျက်သွားတယ်၊ သူ့ဖုန်းကို ဆက်တော့လည်း ဖုန်းပိတ်ထားတယ်” ဟု ကျောင်းသားတစ်ဦးက မေးမြန်းခဲ့မှုကို အတည်ပြုဖြေကြားခဲ့သည်။


ပျောက်ဆုံးနေသည့် ကျောင်းသားကိုယ်စားလှယ်မှာ အခါတိုင်းရင်းသား ဆာဘေ့ဖြစ်ပြီး နိုဝင်ဘာ (၂၄)ရက်နေ့ တွင် မော်ကွန်းထိန်းမှ လာရောက်ခေါ်ဆောင်သွားခဲ့ပြီး နောက်ပိုင်း အဆက်သွယ်ပြုလုပ်၍ မရတော့ခြင်းဖြစ်သည်။


တိုင်းရင်းသားဖွံ့ဖြိုးမှုဒီဂရီကောလိပ်မှ ကျောင်းသားများအား မန္တလေးကျောင်းမှ စစ်ကိုင်းရှိ တိုင်းရင်းသားဖွံ့ဖြိုးမှုတက္ကသိုလ်သို့ ယာယီပြောင်းရွှေ့ထားခဲ့ပြီးနောက် သင်ကြားရေး ဆရာ/ဆရာမလေးဦး အလုပ်မှနှုတ်ထွက်ခဲ့ပြီး အခြားဆရာ/ဆရာမများလဲ ဆက်လက်နှုတ်ထွက်ရန် စာတင်ထားကြောင်း၊ ကျောင်းသားကျောင်းသူ ဆရာဆရာမများအနေဖြင့်လည်း အဆင်မပြေမှု များနှင့် ကြုံတွေ့ပြီးနောက် မိုင် (၄၀)ကျော် ခြေလျှင်လမ်းလျှောက်ကာသဘောထားထုတ်ပြခဲ့ပြီး မူလကျောင်းသို့ ပြန်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


အဆိုပါ ကျောင်းသားမှာ သဘောထားထုတ်ဖေါ်တင်ပြရာ၌ ပါဝင်ခဲ့သည့် ကျောင်းသား (၆၀၀)ကျော်၏ ဆန္ဒဖြင့် ရွေးချယ်သည့် ကိုယ်စားလှယ်(၅)ဦးမှ တစ်ဦးအပါအ၀င်ဖြစ်သည်။


"သတင်းကတော့ အတိအကျ မသေးပါဘူး ဒါပေမယ့်ရာနူန်းပြည့်တော့ သေချာပါတယ်။ ပျောက်နေ တာ ဒီနေနဲ့ဆိုရင် (၃)ရက်ရှိပြီပေါ့"ဟု အမည်မဖော်လိုသူ ဆရာမတစ်ဦးက ပြောသည်။


ကျောင်းသားများ သဘောထားထုတ်ပြန်သည့် ဒုတိယရက်တွင် ဒုတိယ ၀န်ကြီးရောက်ရှိခဲ့ပြီး ကျောင်းသားများအား ဆက်လက်ဆန္ဒထုတ်ဖော်မှုမပြုလုပ်ရန် ပြောကြားကာ နိုင်ငံတော်သမ္မတထံ တင်ပြသွားမည်ဟု ကတိပေးခဲ့ပြီး ဘွဲ့နှင်းသဘင်ခန်းမအတွင်းသွားရောက်နေထိုင်ရန် နှစ်ဖက် သဘောတူခဲ့ကြောင်းနှင့် ထိုသဘောတူညီမှုအပြီး ဆာဘေ့မှာ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။


ထိုကိစ္စအတွက် သက်ဆိုင်ရာ ကျောင်းတာဝန်ရှိသူများထံသို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။


ဆာဘေ့အား နိုဝင်ဘာ (၂၆)ရက်နေ့ ညနေ ၄နာရီအချိန်တွင် ပြန်လည်ရောက်ရှိလာခြင်းရှိမရှိအား ကျောင်းသားကျောင်းသူများထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မူမရှိသေးကြောင်း ကျောင်းသား/သူများက အတည်ပြုပြောကြားသည်။


"ဒု-သမ္မတကြီးဆီကို နှစ်ကြိမ်စာတင်ပြီး တင်ပြထားပေမဲ့ ဘာမှ အကြောင်းမထူးဘူး ၊ သက်ဆိုင်ရာ လူကြီးတွေ လာစစ်တော့လဲ မပြောင်းချင်ဘူး ၊ အဆင်မပြေဘူးဆိုတာတွေကို တင်ပြထားပြီးပြီ ၊ လူကြီးတွေ အားလုံး သိပါတယ်" ဟု သဘောထားထုတ်ဖေါ်တင်ပြရာတွင် ပါဝင်သည့် ကျောင်းသားတစ်ဦးက ပြောကြားခဲ့သည်။


မန္တလေးမြို့ရှိ တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးမှု ဒီဂရီကောလိပ်အား ( ၂၀၀၀ )ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းတစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ခင်ညွန့်၏ လမ်းညွန်ချက်ဖြင့် ဖွင့်လှစ်ခဲ့သည့်ကော်လိပ်တစ်ခုဖြစ်ကြောင်း သိရှိရသည်။


မြောက်ကိုရီးယားလက်နက်သင်္ဘောအစိုးရနှင့် ပတ်သတ်ခြင်း လုံးဝမရှိဟုဦးဇော်ဌေးက ငြင်းဆို


မြောက်ကိုရီးယားမှ စိုးမင်းထိုက် ကုမ္ပဏီသို့ တင်ပို့သော လက်နက်အဆင့် ထုတ်လုပ်နိုင်သည့် ပစ္စည်းများပါ သင်္ဘောကို ရှာဖွေခဲ့ကြောင်း ဂျပန်သတင်းစာ၏ ဖော်ပြချက်သည် ကုမ္ပဏီနှင့်သာ ဆိုင်မည်ဖြစ်ပြီး အစိုးရနှင့် ပတ်သတ်ခြင်း လုံးဝမရှိဟု သမ္မတရုံး ညွှန်ကြားရေးမှူးပြောကြား...
=========================================

မြန်မာနိုင်ငံအတွက် မြောက်ကိုရီးယားမှ လက်နက်အဆင့် ထုတ်လုပ်နိုင်သည့်ပစ္စည်းများ တင်ဆောင်လာသည့် သင်္ဘောအား ဂျ...

ပန်ဆိပ်ကမ်းတွင် ရပ်နားစဉ် ၀င်ရောက်ရှာဖွေခဲ့ကြောင်း ဂျပန်သတင်းစာ အဆာဟိရှင်ဘွန်းတွင် သတင်းဖော်ပြထားသည်။အဆိုပါသတင်းပါ အကြောင်းအရာများနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး
ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြန်လည် ငြင်းဆိုထားသည်။ " အကယ်၍ ဒီသတင်းမှန်တယ်ဆိုရင်တောင် အဲဒီသတင်းမှာပါတဲ့ သက်ဆိုင်ရာ ကုမ္ပဏီနဲ့သာ ဆိုင်ပါလိမ့်မယ်။ မြန်မာအစိုးရနဲ့ ပတ်သက်ခြင်း လုံးဝမရှိပါဘူး" ဟု နိုင်ငံသမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ငြင်းဆိုထားသည်ဟု ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားသည်။

ဂျပန်သတင်းစာ အဆာဟိရှင်ဘွန်းက ယူရေနီယမ်သန့်စင်ခြင်း သို့မဟုတ် ဒုံးကျည်ထုတ်လုပ်ခြင်းအတွက် အသုံးပြုနိုင်သော ပစ္စည်းများကို မြောက်ကိုရီးယားက တရုတ်မှတစ်ဆင့် မြန်မာသို့ သင်္ဘောဖြင့်ပေးပို့ရန် ယခုနှစ်တွင် ကြိုးပမ်းခဲ့ကြောင်း ဖော်ပြခဲ့သည်။ မြောက်ကိုရီးယား၏ ယခုလုပ်ရပ်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာရောက်မည် ဖြစ်သည်ဟုလည်း သုံးသပ်ထားသည်။

ယင်းသင်္ဘောတွင် သတ္တုပိုက်လုံး ၅၀ ခန့်၊ အထူးပြုလုပ်ထားသော အလူမီနီယံ အလွိုင်းဘား ၁၅ ခုခန့် တို့အပါအ၀င် အခြားပစ္စည်းများကို တင်ဆောင်လာခြင်းဖြစ်ပြီး ယင်းပစ္စည်းများမှာ အနည်းဆုံးအားဖြင့် နျူကလီးယားလက်နက် စီမံကိန်းအတွက် လိုအပ်သော စက်ဒလက်များ ပြုလုပ်ရာတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်ဝမ် ရေကြောင်းကုမ္ပဏီတစ်ခုက တာ့လျန်တွင် ဇူလိုင်လ ၂၇ ရက်က စင်ကာပူ၌ မှတ်ပုံတင်ခဲ့သော တန်ချိန် ၁၇၁၃၈ တန်ရှိသော Wan Hai 215 သင်္ဘောပေါ်တွင် ယင်းပစ္စည်းများ တင်ဆောင်လာခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သြဂုတ်လ ၉ ရက်တွင် ယင်းပစ္စည်းများကို တရုတ်နိုင်ငံ၊ Shekou ၌ တန်ချိန် ၂၇၈၀၀ တန်ရှိ Wai Hai 313 သင်္ဘောသို့ ရွှေ့ပြောင်းခဲ့သည်။ သြဂုတ်လ ၁၄ ရက်တွင် ယင်းသင်္ဘောသည် မလေးရှား၌ သင်္ဘောပြန်ပြောင်းရန် စီစဉ်ထားပြီး သြဂုတ်လ ၁၅ ရက်တွင် ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်ရန် စီစဉ်ထားကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုက ကုန်သေတ္တာအတွင်း ပါဝင်သည့် ပစ္စည်းများနှင့်ပတ်သက်ပြီး သံသယရှိသောကြောင့် မလေးရှားတွင် သင်္ဘောလွှဲပြောင်းမှု မလုပ်ရန် ထိုင်ဝမ်သင်္ဘောကုမ္ပဏီအား တောင်းဆိုခဲ့သည်။

Wai Hai 313 သည် တိုကျိုဆိပ်ကမ်းသို့ သြဂုတ်လ ၂၂ ရက်နေ့တွင် ဆိုက်ကပ်လာခဲ့သည်။ တိုကျိုအကောက်ခွန်၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် အခြားအေဂျင်စီများက အရာရှိများက ကာဂိုကို စစ်ဆေးခဲ့သောအခါ မေးခွန်းထုတ်ဖွယ်ရာ ပစ္စည်းများ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အမေရိကန်၏ တောင်းဆိုချက်အရ သြဂုတ်လ ၂၂ ရက်တွင် တိုကျိုဆိပ်ကမ်း၌ ကပ်ထားသော ယင်းသင်္ဘောကို ဂျပန်တာဝန်ရှိသူများက စီးနင်းရှာဖွေခဲ့ပြီး ယင်းသင်္ဘောပေါ်ရှိ ပစ္စည်းများအား သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက အဆာဟိသို့ ပြောကြားခဲ့သည်။ ယင်းသင်္ဘောပေါ်တွင် တွေ့ရသော အလူမီနီယံ အလွိုင်းဘားများ၌ DPRK ဟု တံဆိပ်နှိပ်ထားသဖြင့် ယင်းသင်္ဘောသည် မြောက်ကိုရီးယားမှ စတင်ထွက်လာခြင်း ဖြစ်မည်ဟု တာဝန်ရှိသူများက ကောက်ချက်ချခဲ့သည်။ သို့သော် ယင်းသင်္ဘော၏ မှတ်တမ်းများ သို့မဟုတ် သင်္ဘောသားတို့၏ မူရင်းအကြောင်းအရာများကိုမူ စုံစမ်းစစ်ဆေးသူများက အတည်မပြုနိုင်သေးကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားမှ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သယ်ယူလာသည်ဟု သံသယရှိသော သင်္ဘောများမှ ကာဂိုများကို အစိုးရက စစ်ဆေးခွင့်ရှိသော အထူးဥပဒေတစ်ရပ်ကို ဂျပန်အစိုးရ ပထမဆုံးအကြိမ် အသုံးချခဲ့ခြင်း ဖြစ်သည်။

ယင်းပစ္စည်းများကို ရန်ကုန်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် စိုးမင်းထိုက် ကုမ္ပဏီအတွက် သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရပြီး ယင်းကုမ္ပဏီသည် မြန်မာစစ်ဘက်က အပေါ်ယံဗန်းပြထားမှု တစ်ခုဖြစ်ကြောင်း အမေရိကန်အစိုးရက ယုံကြည်ထားသည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ၊ တာ့လျန်အခြေစိုက် ကုမ္ပဏီတစ်ခုနှင့် အဆာဟိသတင်းစာ အင်တာဗျူးတစ်ခုတွင် ယင်းကုမ္ပဏီက အလူမီနီယံ အလွိုင်းဘားများကို မြန်မာသို့ပို့ရန် ကြိုးစားခဲ့ဖူးကြောင်း အတည်ပြုခဲ့သည်။ ကုမ္ပဏီ၏ တောင်းဆိုချက်အရ မိမိတို့ကုမ္ပဏီသည် ယင်းသင်္ဘောပိုင်ရှင်ဖြစ်ခဲ့ကြောင်း၊ ယင်းသင်္ဘော အဖမ်းခံရကြောင်း ကြားသိရပြီး အဘယ်ကြောင့် အဖမ်းခံခဲ့ရသည်ကိုမူ မသိခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် အလူမီနီယံ အလွိုင်းဘားများကို တရုတ်မှတစ်ဆင့် ရရှိခဲ့သည်ဟု ဂျပန်အစိုးရ တာဝန်ရှိသူများက ယုံကြည်ထားပြီး မြောက်ကိုရီးယားတွင် ယင်းပစ္စည်းများ ထုတ်လုပ်နိုင်သော နည်းပညာ မပိုင်သေးကြောင်း ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသို့ ယင်းပစ္စည်းများ ပေးပို့ရန် တရုတ်စစ်ဘက်က အတည်ပြုချက် ပေးခဲ့ဖွယ်ရှိသည်ဟု ဂျပန်အစိုးရက ယုံကြည်ခဲ့သည်။

မြန်မာသည် တစ်ချိန်က ကြိုးပမ်းခဲ့သော နျူကလီးယားလက်နက် စီမံကိန်းရည်မှန်းချက်များကို စွန့်လွှတ်လိုက်ပြီဟု အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့က ယုံကြည်ထားသည်။ သို့သော် ယခုတွေ့ရှိထားသော အလူမီနီယံ အလွိုင်းဘားများသည် ဒုံးကျည်များထုတ်လုပ်ရာတွင် အသုံးပြုနိုင်ခြေရှိသည်ဟု တာဝန်ရှိသူများက မသင်္ကာဖြစ်နေသည်။ မြန်မာသည် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ပြဿနာများအတွက် ရည်ရွယ်ပြီး တာတိုပစ်ဒုံးကျည်များ ထုတ်လုပ်ရန် ယုံကြည်ရသည်ဟု တောင်ကိုရီးယားအစိုးရ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၁၉ ရက်တွင် ရန်ကုန်သို့ အမေရိကန်သမ္မတ ဘာရက်အိုဘားမား လာရောက်ပြီး သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် အိုဘားမားက မြန်မာနှင့်မြောက်ကိုရီးယားအကြား စစ်ရေးဆက်ဆံမှုအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားနှင့် ဆက်ဆံမှု ရပ်ဆိုင်းရန် မြန်မာအပေါ် အမေရိကန်က ဖိအားပေးမှုအား ပြုံယမ်းက ဝေဖန်ခဲ့သည်။

တွေ့ရှိမှုများကြောင့် ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ မြောက်ကိုရီးယားတို့အနေဖြင့် ၄င်းတို့၏ နျူမပြန့်ပွားရေး မူဝါဒကို ပြန်လည်သုံးသပ်ရမည့် အနေအထားသို့ ရောက်သွားခဲ့သည်။

မြောက်ကိုရီးယားသည် လိုအပ်သော အလူမီနီယမ် သတ္ထုစပ်များကို အခက်အခဲမရှိ ထုတ်လုပ်နိုင်သောကြောင့် နျူစက်ရုံအတွက်သုံးသည့် စက်ဒလက် အမြောက်အများကိုလည်း ယခုအချိန်တွင် ပိုင်ဆိုင်ထားပြီဟု ယူဆဖွယ်ရှိနေသည်ဟု ဂျပန်အစိုးရ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် မြောက်ကိုရီးယားက ယုံပြောင်ရှိ နျူဆက်စပ်ပစ္စည်း စက်ရုံတစ်ခုရှိ စက်ဒလက်အမြောက်အများကို အမေရိကန်ပညာရှင်အဖွဲ့ကို ပြသခဲ့သည်။ သွားရောက်ကြည့်ရှုခွင့် ရခဲ့သူများအဆိုအရ စက်ဒလက် ၂၀၀၀ ခန့်ရှိပြီး အခြေအနေအရပ်ရပ် ပြည့်စုံပါက တစ်နှစ်အတွင်း အဆင့်မြင့်သန့်စင်ပြီး ယူရေနီယမ် ကီလိုဂရမ် ၄၀ အထိ ထုတ်လုပ်နိုင်ရန် လုံလောက်သည့် အနေအထားတွင်ရှိကြောင်း တွေ့ရှိခဲ့သည်။

မြောက်ကိုရီးယားသည် နေရာအနှံ့အပြားတွင် မြေအောက်ယူရေနီယမ် သန့်စင်စက်ရုံများ ထပ်ဆောင်းတည်ဆောက် လည်ပတ်နေသည်ဟု အမေရိကန်နှင့် တောင်ကိုရီးယား ထောက်လှမ်းရေးများက သံသယရှိနေသည်။

''မြောက်ကိုရီးယားဟာ ဘယ်တော့မှ သူ့ဖဲချပ်တွေ အကုန်လှန်ပြမှာ မဟုတ်ပါဘူး။ တစ်ခြားဆက်စပ် စက်ရုံတွေ အများကြီး ရှိနေပါဦးမယ်'' ဟု တောင်ကိုရီးယားအစိုးရ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။

ဗုံးအတွက် ပလူတိုနီယမ် ထုတ်ပေးရန်လိုသော ဓာတ်ပေါင်းဖိုများနှင့် ယှဉ်လျှင် စက်ဒလက်များ မည်သို့ရွှေ့ပြောင်းနေသည်ကို ထောက်လှမ်းရေးဂြိုဟ်တုမှ စောင့်ကြည့်ရန်မှာ နေရာအရွယ်အစား သေးငယ်ခြင်းကြောင့် ခက်ခဲသည့်ကိစ္စ ဖြစ်သည်။

မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံအကြား စစ်ဘက်ဆက်ဆံရေး ရှိခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းက မကြာသေးမီကာလအတွင်း ဂျပန်အစိုးရ အရာရှိများကို ပြောခဲ့သည်မှာ မြောက်ကိုရီးယားသည် ယခင်က မြန်မာနိုင်ငံမှ မှာယူထားခဲ့ပြီးဖြစ်သော လက်နက်အချို့ကို တင်ပို့ရန် ရှိနေသေးသည်ဟု ပြောကြားထားခဲ့သည်ဟုလည်း အဆာဟိရှင်ဘွန်းက ဖော်ပြထားသည်။ သို့ရာတွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားမှ နောက်ထပ်လက်နက်သစ် မှာယူထားခြင်း မရှိတော့ကြောင်းလည်း လွှတ်တော်ဥက္ကဋ္ဌက ပြောခဲ့သည်ဟုဆိုသည်။ ၂၀၁၁ ခုနှစ် နွေဦးမှစတင်ပြီး မြန်မာနှင့် မြောက်ကိုရီးယားအကြား စစ်ရေးအရ လဲလှယ်လွှဲပြောင်းမှုများ မရှိတော့ဟု မြန်မာအရာရှိများက ပြောကြားထားခဲ့သည်များနှင့် မူကွဲလွဲလျက် ရှိသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလက စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးအဖြစ် သူရဦးရွှေမန်းက သွားရောက်ခဲ့စဉ်တွင် စစ်လက်နက်ပစ္စည်းများ မှာယူခဲ့ဖူးသည်ဟု အမေရိကန်နှင့် တောင်ကိုရီးယားက ယူဆထားသည်။ သွားရောက်ခဲ့သည့် နေရာများတွင် မြောက်ကိုရီးယား ဒုံးကျည်ဆက်စပ် စက်ရုံများလည်း ပါဝင်ခဲ့သည်။

ဇန်န၀ါရီလတွင် တရုတ်မှတစ်ဆင့် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသော သင်္ဘောတစ်စင်းတွင် ပါရှိလာသည့် ကာဂိုသည် မြောက်ကိုရီးယားနိုင်ငံ နမ်ပိုဆိပ်ကမ်းမှ လာခြင်းဖြစ်ပြီး မြန်မာစစ်ဘက်နှင့် ပတ်သက်သော အဖွဲ့အစည်းတစ်ခုမှ မှာယူခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။

''ဒီကုန်သေတ္တာမှာ လက်နက်ထုတ်လုပ်ဖို့ အဓိကကျတဲ့ စက်ပစ္စည်းတွေ ပါပါတယ်။ မြန်မာနဲ့မြောက်ကိုရီးယားအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုဟာ မပြတ်တောက်သေးပါဘူး'' ဟု ရန်ကုန်ရှိ သံတမန် သတင်းရင်းမြစ်တစ်ဦးက ပြောကြားထားသည်ဟုလည်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

ရန်ကုန်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် စိုးမင်းထိုက် ကုမ္ပဏီသည် လွန်ခဲ့သည့် နှစ် ၂၀ ၀န်းကျင်ခန့်အတွင်း တရုတ်နိုင်ငံထုတ် စစ်တပ်သုံး ထရပ်ကားများအပါအ၀င် စစ်တပ်သုံးပစ္စည်းအချို့ကို တင်သွင်းမှုများလုပ်ဆောင်ခဲ့သည်ဟု ယင်းကုမ္ပဏီနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။ ထို့ပြင် မြန်မာနိုင်ငံ၌ အခြားကုမ္ပဏီလုပ်ငန်း အကြောင်းပြ စစ်တပ်သုံးပစ္စည်း ၀ယ်ယူတင်သွင်းသည့် ကုမ္ပဏီအချို့ရှိနေသေးကြောင်းလည်း သိရသည်။

အဆာဟိ ရှင်ဘွန်းသတင်းတွင် ပါရှိသော မြောက်ကိုရီးယားမှ တင်ပို့သော ကုန်သေတ္တာကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ ရှင်းလင်း ပြောကြားချက် အပြည့်အစုံ

၁။ အဆိုပါ ဖြစ်စဉ်မှ ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်ဖြစ်ကြောင်း ဖော်ပြထားပြီး ဂျပန်
အစိုးရထံမှ တရားဝင် ထုတ်ဖော်ပြောကြားခြင်း မဟုတ်ကြောင်း တွေ့ရှိရပါသည်။ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့်လည်း နိုင်ငံတော်သမ္မတကြီးအနေဖြင့် မကြာသေးခင်ကပင် ကမ္ဘောဒီးယားနိုင်ငံ အာဆီယံထိပ်သီအစည်းအဝေးတက်ရောက် စဉ် နှစ်နိုင်ငံတွေဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည် ဖြစ်၍ မြန်မာ-ဂျပန်ဆက်ဆံရေး အခြေအနေကောင်းများကို တွေ့ရှိနိုင်မည် ဖြစ်ပါသည်။

၂။ ၁၈-၁၁-၂၀၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်(၂/၂၀၁၂) တွင်လည်း အောက်ပါအတိုင်း အတိအလင်း ဖော်ပြထားပြီး ဖြစ်ပါသည်-

(က) ပြည်ထောင်စုအစိုးရအနေနှင့် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ International Atomic Energy Agency ၏နောက်တိုးလိုက်နာရန်အချက်အလက်များ (Additional Protocol) ကို လက်မှတ်ရေးထိုးနိုင်ရန်နှင့် ၁၉၉၅ ခု Small Quantities Protocol ၏ ထပ်မံပြင်ဆင်ချက်ကို လက်ခံနိုင်ရန် နိုင်ငံတော်သမ္မတကြီးက အတည်ပြုပြီးဖြစ်ရာ လွှတ်တော်သို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါသည်။ (လွှတ်တော်သို့ တင်ပြပြီး လွှတ်တော်မှလည်း လက်မှတ်ရေးထိုးရန် သဘောတူထားပြီး ဖြစ်၍ လက်မှတ်ရေးထိုးနိုင်ရန် ယခုအခါ ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။)

(ခ) မြန်မာနိုင်ငံအနေဖြင့် IAEA စတင် ဖွဲ့စည်းသည့် ၁၉၅၇ခုနှစ်တည်းက အဖွဲ့ဝင်အဖြစ် ပါဝင် ခဲ့ပြီး ၁၉၉၂ခုနှစ် ဒီဇင်ဘာတွင် အဏုမြူလက်နက်မပြန့်ပွားရေးဆိုင်ရာစာချုပ် (Non-Proliferation Treaty, NPT) ကို လည်းကောင်း၊ ၁၉၉၅ခုနှစ်တွင် NPT ၏ နောက်တိုး သဘောတူညီချက် ဖြစ်သည့် Small Quantities Protocol စောင့်ကြည့်ထိန်းသိမ်းရေး စာချုပ်နှင့် အရှေ့တောင်အာရှ အဏုမြူလက်နက် ကင်းစင်ရေးစာချုပ် (Southeast Asian Nuclear-Weapon-Free Zone Treaty) များကိုလည်းကောင်း၊ ၁၉၉၆ခုနှစ် တွင် နျူကလီးယားစမ်းသပ်မှုတားဆီးရေး သဘောတူညီချက် (Comprehensive Nuclear Test Ban Treaty) တို့ကိုလည်းကောင်း လက်မှတ်ရေးထိုး ထားပြီး ဖြစ်ပါသည်။

(ဂ) ပြည်ထောင်စုအစိုးရအနေနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ ကုလ သမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို လိုက်နာဆောင်ရွက်ရန်လည်း အခိုင်အမာ ဆုံးဖြတ်ချက်ချထားပြီး ဖြစ်ပါသည်။

၃။ ယခင်က သုတေသနနျူကလီးယားဓါတ်ပေါင်းဖို တစ်ခု တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း နိုင်ငံတော်၏ ငွေကြေးတတ်နိုင်မှု၊ နည်းပညာ စသည့်လိုအပ်ချက်များကြောင့်လည်းကောင်း၊ နိုင်ငံတကာ အသိုင်း အဝိုင်းမှ အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေခဲ့ခြင်းကြောင့်လည်းကောင်း နိုင်ငံတော်သမ္မတကြီး ဦးဆောင်သော အစိုးရလက်ထက်တွင် ယင်းသုတေသနစီမံကိန်းကို စွန့်လွှတ်ထားပြီး ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် အခွင့်အခါ ကြုံတိုင်း ရှင်းလင်း ပြောကြားလျက် ရှိကြောင်း အထင်အရှား တွေ့ရှိနိုင်ပါသည်။

သို့ပါ၍ အဆာဟိရှင်ဘွန်းသတင်းစာပါ သြဂုတ်လ ၂၂ ရက်နေ့နောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများအား ပြန်လည် လေ့လာကြည့်လျှင် ဂျပန်နိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံဆွေးနွေးမှု၊ နိုင်ငံတကာခေါင်းဆောင်များနှင့် စဉ်တိုက်ဆက်တိုက် တွေ့ဆုံမှုများ၊ အမေရိကန်သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ လာရောက်သွားခဲ့မှု စသည့် ကြီးမားလှသော ဖြစ်စဉ် ဖြစ်ရပ်များစွာ တွေ့မြင်နိုင်ခြင်းကြောင့် အဆာဟိရှင်ဘွန်းသတင်းစာပါ ဖော်ပြချက်နှင့်စပ်လျဉ်း၍ စဉ်းစားသုံးသပ် နိုင်မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားလိုပါသည်။

Ref;Asahi Shinbum
-----------------------------------------------------------------------------
EMG

အာဏာပိုင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဒေသအကျိုး ပူးပေါင်းခွင့်ရပြီ


DVB TV News

ရွှေအောင် DVB ၂၇ နိုဝင်ဘာ ၂၀၁၂

အသစ်ပြဌာန်းလိုက်တဲ့ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေအရ ဒေသဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အကြံဥာဏ်ရယူပြီး ပူးပေါင်းဆောင် ရွက်ကြရတော့မှာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့ ရက်စွဲနဲ့ ပြဋ္ဌာန်းခဲ့တဲ့ ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ထွက်ပေါ်လာတဲ့အတွက် လွှတ်တော်၊ လွှတ်တော်ရေးရာကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ ပိုပြီး လုပ်သာကိုင်သာ ရှိလာကြတော့မှာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်က “နဂိုတုန်းက ဒေသသွားရင် လွှတ်တော်ကိုယ်စားလှယ်တွေက ကိုယ့်မဲဆန္ဒနယ်သွားပြီး လွှတ်တော်အတွေ့အကြုံ ရှင်းတာပဲဖြစ်ဖြစ်၊ မဲဆန္ဒနယ်လူထုရဲ့ ဒေသဖွံ့ဖြိုးရေးလုပ်တာပဲဖြစ်ဖြစ် ဒေသအာဏာပိုင် မြင့်မြင့်မားမားမပြောနဲ့ မြို့နယ်ရပ်ကျေးက တချို့မြို့နယ်တွေဆို လွှတ်တော်ကိုယ်စားလှယ်တွေကိုတောင်မှ မ၀င်ရတို့ မလာရတို့ ရေးတာရှိတယ်။ ဒါတွေလည်း လွှတ်တော်ထဲမှာ ပေါ်နေတဲ့ ပြဿနာတွေဆိုတော့၊ ဒါကတော့ အခု ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး မဲဆန္ဒရှင် ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဖို့ဆိုတာ ပါလာတာပေါ့။”

ဒါ့အပြင် လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ကော်မတီတွေဟာ အခုပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့လွှတ်တော်ဥပဒေအရ ပြည်ထောင်စုအဆင့် ဖြစ်သွားတာမို့ ကော်မတီတွေ လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ ပိုမိုအဆင်ပြေ ချောမွေ့သွားတယ်လို့ ဦးဝင်းမြင့်က ရှင်းပြပါတယ်။

“ပြည်ထောင်စုအဆင့်ဖြစ်သွားတော့ ဒီကော်မတီတွေက သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်ရှိတဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေနဲ့ တိုက်ရိုက်ထိတွေ့ ဆွေးနွေးခွင့်ရတယ်။ နဂိုဆိုရင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်ဖြစ်၊ ပုဂ္ဂိုလ်ဖြစ်ဖြစ် တွေ့မယ်ဆိုရင် သက်ဆိုင်ရာ လွှတ်တော်တင်၊ လွှတ်တော်က အစိုးရအဖွဲ့ပြော၊ အစိုးရအဖွဲ့ကမှ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့ကိုပြောဆိုတော့ နားရွက်ကို ပတ်ပြီး ကိုင်နေရသလိုဖြစ်နေတော့ အလုပ်က ကြန့်ကြာတယ်။ အခုတော့ ပြည်ထောင်စုအဆင့်ဖြစ်တော့ ပြည်ထောင်စုအဆင့်အဖွဲ့၊ ပုဂ္ဂိုလ်နဲ့ တိုက်ရိုက်ထိတွေ့ပြီး လွှတ်တော်လုပ်ငန်းတွေ၊ ကော်မတီ ကော်မရှင်လုပ်ငန်းတွေ အောင်မြင်ဖို့အတွက် ပိုပြီး လုပ်ငန်းချောမွေ့သွားတာပေါ့။”

နိုဝင်ဘာ ၂၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ဒီ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေကို နိုင်ငံတော်သမ္မတ လက်မှတ်မထိုးဘဲနဲ့ ထုတ်ပြန်လိုက်တာပါ။ ဒါကြောင့် ဒီဥပဒေဟာ သမ္မတ လက်မှတ်မထိုးဘဲ ထုတ်ပြန်တဲ့ ပထမဆုံး ဥပဒေ တခုလည်း ဖြစ်ပါတယ်။

ဥပဒေကို သမ္မတ လက်မှတ်ထိုးခြင်း မထိုးခြင်းဟာ ထူးခြားမှုမရှိဘူးလို့ ဦးဝင်းမြင့်က ပြောပါတယ်။

“လွှတ်တော်မတက်ခင်ကတည်းက ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ ပြန်ပြင်နေတာကို အငြင်းပွားတာတွေဖြစ်နေတာ အားလုံးသိပါတယ်။ နောက်ဆုံးအကြိမ်ကတော့ ပြည်ထောင်စုလွှတ်တော်ကို သမ္မတက ပြန်ပြင်ဖို့ဆိုပြီး ၁၁ ချက်ပေးပို့လိုက်တယ်။ ပေးပို့လိုက်တဲ့အခါ ပြည်ထောင်စုလွှတ်တော်က သမ္မတပေးပို့တဲ့အထဲက ၁ ချက်ကို သဘောတူပေးတယ်။ ကျန်တဲ့ ၁၀ ချက်ကတော့ နဂို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားတဲ့အတိုင်း အားလုံးက ဆန္ဒမဲ ပြန်ပေးလိုက်တယ်။ ဒါဟာ ဒုတိယအကြိမ် သမ္မတဆီ ပြန်ပို့တာပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် သမ္မတက ပြန်ပို့တဲ့နေ့၊ ရတဲ့နေ့ကစပြီးတော့ ၇ ရက်အတွင်း လက်မှတ်ထိုးပြီး ပြန်ပို့ပေးရမှာ။ တကယ်လို့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အတည်ပြုချက်နဲ့ ပြန်ပို့လျက်နဲ့ သမ္မတက လက်မှတ်ထိုး ပြန်မထုတ်ဘူးဆိုရင် ရက် ၇ ရက်ကျော်တာနဲ့ အလိုလို ဥပဒေဖြစ်တာကိုး။ ဥပဒေကတော့ ဖြစ်သွားတယ်၊ ထူးခြားမှုမရှိဘူး။ သမ္မတလက်မှတ်ထိုးလည်း ဥပဒေဖြစ်မယ်၊ လက်မှတ်မထိုးလည်း ဥပဒေကဖြစ်မှာပဲ။”

အရင်တကြိမ် ပြည်သူ့လွှတ်တော်ဥပဒေကို နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့ရာမှာ သမ္မတက လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် ဖြစ် မဖြစ် ဆုံးဖြတ်ပေးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို စစ်ဆေး အစီရင်ခံစေခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ပြည်ထောင်စုအဆင့် မဟုတ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက် ချခဲ့တာကြောင့် လွှတ်တော်နဲ့ ခုံရုံးအကြား အငြင်းပွားခဲ့ကြပြီး နောက်ဆုံး ခုံရုံးတဖွဲ့လုံး နုတ်ထွက်သွားခဲ့ရပါတယ်။

လက်ပန်းတောင်းတောင်စီမံကိန်း ခွင့်ပြုခဲ့မှု မှားယွင်းဟု ရင်းနှီးမြှုပ်နှံမှု ဥက္ကဋ္ဌ ဦးစိုးသိန်း ဝန်ခံပြောကြား


ရဟန်းရှင်လူ ကျောင်းသား ပြည်သူများ၏ ဆန့်ကျင် ကန့်ကွက်ခြင်း ခံနေရသော လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကို ခွင့်ပြုခဲ့ခြင်းသည် မှားယွင်းကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက နိုဝင်ဘာနောက်ဆုံးပတ်က ဝန်ခံပြောကြားသည်။

နိုဝင်ဘာ ၂၄နှင့် ၂၅ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သော မြေယာ ပိုင်ဆိုင် လုပ်ကိုင်ခွင့် အသုံးပြုခွင့် ဆိုင်ရာ အမျိုးသား အဆင့် ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ ရင်းနှီး မြုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌက အထက်ပါ အတိုင်း ဝန်ခံ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းတွင် စိုက်ပျိုးမြေ ဧက ၇၀၀၀ ကျော် ပါဝင်နေမှု သာသနိက ဆောက်အုံများ ပါဝင်နေကြောင်း မသိ၍ မှားယွင်း ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ၄င်းစီမံကိန်းနှင့် ပတ်သက်၍ ပြန်လည် သုံးသပ် သွားမည် ဖြစ်ကြောင်း ၄င်းက ကတိပြု ပြောဆို ခဲ့သည်။

အထွေထွေ သပိတ်ဆင်နွှဲ နေသော မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်လက်ပန်းတောင်းတောင် စီမံကိန်း သို့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၂၉ ရက်နေ့တွင် သွားရောက်မည်ဟု သတင်းများ ထွက်ပေါ်ချိန်တွင်း ယခုလို ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌက ဖွင့်ဟ ဝန်ခံလာခြင်းလည်း ဖြစ်သည်။

နေပြည်တော်တွင် ပြုလုပ်သော အဆိုပါ အမျိုးသား အဆင့် ဆွေးနွေးပွဲသို့ လူမှုရေး အဖွဲ့အစည်းများ တက်ရောက် ခဲ့ကြသည်။

 The Voice Weekly

လက်ပန်တောင်းတောင်နောက်ဆုံးအခြေအနေ


DVB TV News
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေမှာရှိတဲ့ သပိတ်စခန်းတွေကို ၂၇ရက် (ဒီနေ့)့ ည ၁၂ နာရီ နောက်ဆုံးထား ဖယ်ရှားပေးရန်၊ ဖယ်ရှားခြင်းမပြုပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနရဲ့ ထုတ်ပြန်ချက်ကို နိုင်ငံပိုင် ရုပ်သံ ည ၈ နာရီ သတင်းမှာ ကြေညာသွားခဲ့ပါတယ်။ သတင်းကြေညာပြီး အခုလက်ရှိအချိန်ထိ သပိတ်စခန်းတွေမှာ သံဃာတွေက လုံခြုံရေး ယူထားသလို စီမံကိန်း ဧရိယာမှာ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့အင်အားကိုလည်း တိုးမြှင့်ထားကြောင်း သတင်းရရှိပါတယ်။
(ဓါတ်ပုံ - ဒီနေ့ သပိတ်စခန်းကို ရောက်ရှိလာတဲ့ မုံရွာမြို့က သံဃာတော်များ)

( ည-၁း၂၀ )
---------------------------------------------

အခုလောလောဆယ်ုသူတို့ က ကျွန်တော်တိုရဲ့ အင်အားအနည်းဆုံးဖြစ်တဲ့ ကျော်ရွာ ဂိတ်ဘက်က နေပြီးတော့
ရဲတွေ က ဒိုင်းတွေကာပြိး ချိုးဖောက်ဝင်ရောက်လာတယ်။
ရဲအင်အား ၁၀၀လောက်ရှိတယ်။တုတ်တွေဓါးတွေနဲ့  ပေါ့နော်။ အဲဒီဂိတ်မှာကဘုန်းကြီးတွေချည်းပဲရှိတယ်။သံဃာတွေချည်းပဲပေါ့နော်။
သံဃာတော်အားလုံး ကဒီမှာတန်းစီထိုင်လိုက်ကြပြီးတော့ သူတို့ မေတ္တာသုတ်တွေရွတ်တယ်။

ပရိတ်တွေ ဘာတွေရွတ်တယ်။ရွတ်ပြီးတော့ သူတို့ ကလုံးဝမဖယ်ပေးဘူး ။သံဃာတွေကလဲသူတို့  ဘေးနားက ကွေ့ ပြီးတော့ ပတ်ပြီးတော့သွား။
မသွားရင်သူတို့ ကိုရိုက်ပြီးတော့သွားရင်လည်းသွား ဆိုတဲ့ ပုံစံမျိုးလုပ်နေတယ်။ သူတို့ အဓိကလိုချင်နေတာက အခုကျနော်တို့ 
အထိုင်ချထားတဲ့ လယ်တီစိန်ကျောင်းပေါ့နော်။လယ်တီဆရာတော်ဘုရားကြီးသီတင်းသုံးသွားတဲ့ စိန်ကျောင်း ဒီစေတီတော်ကို သူတို့ ကအခု ကျတော်တို့ လက်ရှိထိုင်ထား တဲ့ အထိုင်ကိုသူတို့  လိုချင်တာ။လိုချင်တဲ့ အခါကျတော့သူတို့ ဘယ်လိုထိုးဖောက်မလဲတော့ကျွန်တော်တို့ မသိဘူး။လောလောဆယ်တော့ကျနောတို့ နာ့း..ဖြည်းဖြည်းချင်း
ဖြည်းဖြည်းချင်းကပ်ကပ်လာတယ်ခင်ဗျ။

ဒါပေမဲ့လည်း ရွာပေါင်း ၂၆ရွာက လူတွေကလည်း အဲဒီ နေရာကို ၀င်ရောက်အားဖြည့်ပေးဖို့ ညတွင်းချင်းလာနေကြပြီ ။
လက်ပန်းတောင်းကြေးနီးစီမံကိန်းရပ်ရေးအတွက် လုပ်ဆောင်သွားမှာဖြစ်လို့ ဘယ်တော့ မှ လက်လျော့မှာမဟုတ်ဘူးလို့ပြောကြတယ်
သူတိုတက်လာတာက အဓိက ကြေးနီစီမံကိန်းကိုရပ်တန့်အောင် ပိတ်ဆို့ထားတဲ့သပိတ်စခန်းဖြစ်နေလို့ပဲ ခင်ဗျ။

ရဲတွေကတော့ဘုန်းကြီးတွေကိုမကျော်သေးဘူး။ဘုန်းကြီးတွေနဲ့ မျက်နှာချင်းဆိုင်ပေါ့။မျက်နှာချင်းဆိုင်ကို တဖြည်းဖြည်းနဲ့  တိုးလာတာ။ဘုန်းကြီးတွေကလဲလုံးဝမဖယ်ပေးတော့ဘူး။သူတို့ ကအဲဒီ့ နေရာမှာပဲငုတ်တုတ်တွေထိုင်ကြ၊ ဘုန်းကြိးတွေကတော့ တင်ပလွေခွေထိုင်ကြပြီးတော့အကုန်လုံးက မေတ္တာသုတ်တွေရွတ်နေတယ်။၁နာရီလောက်တော့ရှိပြီပေါ့။ ဘုန်းကြီးတွေ တားထားတဲ့ စည်းတော့မကျော်သေးဘူးခင်ဗျ။

ကိုသော်ဇင်
(မြန်မာနိုင်ငံ ၀ိဇာသိပ္ပံတက္ကသိုလ်ကျောင်းသားများကွန်ယက်)


မှန် လုံ ကား ပုံစံ အချုပ် ကားများ ရောက် ရှိ လာပြီး မုံရွာ ခရိုင် ရဲ မှုး က
" ဘုန်းတော် ကြီး များ အေးအေး ဆေး ကား ပေါ် ကြွကြ ပါ ဟု "ပြော နေသည် ဟု သိရသည်။
ဘုန်းတော် ကြီး များ က ကိုယ်တော် တို့  မရှိ ရင် ခင်ဗျား တို့ ပြည်သူ တွေ ကို ပြစ် သတ် မှာ ဒီမှာ အေးဆေး ထိုင် နေမယ် ။ မရွေ ပေး နိုင် ဘူး ဟု ပြန် လည် မိန့် ကြား သည်။

Source: အင်တာနတ်

ည ( 12:30 ) အချိန်ထိ နောက်ဆုံးသတင်းအရတော့ မနက် ( 8 ) နာရီအထိသပိတ်စခန်းများကို ၀င်ရောက်စီးနင်းခြင်း၊ အကြမ်းဖက်ခြင်းမပြုလုပ်ဖို့ သဘောတူထားကြောင်း ကြားသိရပါသည်။

လက်ပတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်တန့်ေ၇းအတွက် သံဃာတော်တွေနဲ့ ဒေသခံ လှုပ်ရှားသူတွေက လယ်တီဆရာတော်သိမ်နားမှာ ဒုတိယသပိတ်စခန်းမှာတွေ့ရစဉ်။



Monday, November 26, 2012

.အိန္နိယကမ်းခြေတွင် သောင်တင်သေဆုံးနေသော ရေသူမ

ဟုတ်မဟုတ်အာမမခံပါ။




https://www.facebook.com/#!/photo.php?v=307497169351271

ကိုယ့်အလုပ် ကိုယ်မလုပ်လို့...