Sunday, November 25, 2012

တရုတ်သင်္ဘောပေါ်တိုက်လေယာဉ် ဆင်းသက်တာစမ်းသပ် အောင်မြင်

Lwin Aung Soe
ယူကရိန်းနိုင်ငံက ဝယ်ပြီး တပ်ဆင်ထားတဲ့ တရုတ်ရဲ့ ပထမဦးဆုံး လေယာဉ်တင်သင်္ဘောပေါ်မှာ တိုက်လေယာဉ် ဆင်းသက်တာကို ပထမဦးဆုံးအကြိမ် စမ်းသပ် အောင်မြင်သွားပါတယ်။

ဒါပေမယ့် တိုက်ပွဲဝင်အဆင့်ရောက်ဖို့ ၂ နှစ်အတွင်းမှာ လေ့ကျင့် တပ်ဆင်ဖို့တွေ လုပ်ရဦးမှာဖြစ်ပြီး လေယာဉ်တင် သင်္ဘော အုပ်စုလိုက် တာဝန် ထမ်းဆောင်နိုင်ဖို့ကလည်း နောက်ထပ် ၄-၅ နှစ်ကြာဦးမယ်လို့ ဆိုပါတယ်။

လာမယ့် ၂ နှစ်ကစပြီး ၄-၅ နှစ်တွင်းမှာ တရုတ် အရှေ့ဖက်နဲ့ တောင်ဖက် ပင်လယ်တွေမှာ ရေတပ်စစ်အင်အား ကြီးထွားမှုတွေ ရှိလာတော့မယ့် လက္ခဏာတရပ်ပါပဲ။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကတည်းက တရုတ်က ပြောဆိုကတိပေးလာတွေနဲ့ ဆန့်ကျင်ဘက်တွေ စဖြစ်လာနေတာကို သတိပြုသင့်ပါတယ်။

http://online.wsj.com/article/SB10001424127887324469304578140832227759230.html

0 အကြံပြုခြင်း: