Tuesday, November 13, 2012

နေပြည်တော်က..လေးသမား

CJMyanmar
နေပြည်တော်မှ ပြင်ဦးလွင်သို့ အဝေးပြေးလမ်းမကြီး အတိုင်း ထွက်ခွာလာသော မန္တလာမင်း ကားနှင့် အခြားကားအချို့ မိုင်တိုင် ၂၀၈၊ ၆ ဖာလုံနဲ့ ၈ ဖာလုံကြား အရောက်တွင် လမ်းဘေးဘယ်ညာမှ လောက်လေးခွများဖြင့် ပစ်ခတ်တိုက်ခိုက် ခံရကြောင်း ယာဉ်ပေါ်တွင် ပါရှိသူ ခရီးသွားတစ်ဦးက CJ Myanmar သို့ ဖုန်းဆက် အကြောင်းကြားသည်။

ယင်းသို့ တိုက်ခိုက် ခံရမှုကြောင့် နယူးမန္တလာထွန်း၊ မန္တလာမင်းကားအချို့ ထိခိုက်ခဲ့ပြီး ယာဉ်များမှန်ကွဲကာ ကားများ ရပ်ထားရကြောင်း၊ လူအချို့ ထိခိုက်ဒဏ်ရာရကြောင်း သိရပါသည်။ ကားများရပ်တန့်ပြီး ရှာဖွေကြရာ တရားခံများကို မတွေ့ရသေးကြောင်း သိရသည်။

ထို့ကြောင့် အဝေးပြေးလမ်းမကြီး အသုံးပြုပြီး ညအချိန် ခရီးသွားနေသူများ ရှိပါက ယခုကာလ သတိထားကြပါရန် CJ Myanmar မှ အရေးပေါ် သတိပေးအပ်ပါသည်။




Nyi Lynn Seck
နေပြည်တော် စတည်ပြီး အဝေးပြေး လမ်းမကြီး စဆောက်ကတည်းက ဒီလမ်းခရီးကို တစ်ယောက်တည်းရော၊ အများနဲ့ရော၊ ကိုယ့်ကားကိုယ်မောင်းပြီးတော့ရော၊ Express ကားနဲ့ရော မျိုးစုံ သွားခဲ့ဖူးတယ်။ တစ်ခါတစ်လေဆို ညကြီးသန်းခေါင် တစ်ယောက်ထဲ။ ကြောက်လည်း မကြောက်သလို စိတ်လည်း မပူခဲ့ဖူးဘူး။ အိပ်စ်ပရက်နဲ့ဆိုလည်း ကားပေါ်တက်ကတည်းက မှန်ကိုမှီပြီး အိပ်လိုက်လ...
ာတာပဲ။ မနေ့ည ၁၀ နာရီလောက်က အဝေးပြေးကား ခြောက်စီးလောက် ဘေးဘယ်ညာကနေ လောက်လေးတွေ ကျောက်စရစ်ခဲတွေနဲ့ တိုက်ခိုက်ခံရအပြီး ကားမှန်တွေကွဲ လူတွေ ထိခိုက်ဒဏ်ရာရကြတာ သိရတော့ အတော်လေး ထိတ်လန့်မိတယ်။ ဖြစ်တာကလည်း နေပြည်တော် နယ်မြေထဲမှာတင် ရှိသေးတယ်။ အရှိန်နဲ့မောင်းနေတဲ့ကားကို လောက်လေးထိခဲ့ရင် သေချာပေါက် မှန်ကွဲမှာပဲ။ လူသေချာပေါက် ထိမှာပဲ။ ကားသမားသာ ထိခဲ့ရင် ကားမှောက်သွားနိုင်တယ်။ အင်မတန်မှ အန္တရာယ်များတယ်။ လုယက်ချင်လို့လား။ သက်သက် လက်ယားတာလား။ ရည်ရွယ်ချက်ရှိရှိ လုပ်တာလား။ ဘာကြောင့်လဲ။ သေချာတာက လူတစ်စုက ရည်ရွယ်ချက်ရှိရှိ လုပ်တာလို့ မြင်မိတယ်။ အဝေးပြေးကားတွေကို လုယက်ချင်တာတော့ မဖြစ်နိုင်ဘူး။ ဒီတော့ကာ ဘာဖြစ်မလဲ။ လူတွေ မသွားရဲ မလာရဲအောင် လုပ်တာမျိုးလဲ ဖြစ်နိုင်တယ်။ ကိုယ်ပိုင်ကားတွေဆို ဒီလိုဖြစ်လို့ ရပ်လိုက်ချိန်မှ လူ ၁၀ ယောက်လောက်က ၀ိုင်းလာပြီး အန္တရာယ်ပြုရင် ဘယ်လိုလုပ်မလဲ။ အမျိုးသမီးတွေ အတွက်လည်း အန္တရာယ်များတယ်။ ဒီလမ်းမကြီးဟာ တစ်ခါတစ်ရံ ကားအဆက်မပြတ်ပေမယ့် တစ်ခါတစ်ရံ အင်မတန်မှ ကားပြတ်ပါတယ်။ လမ်းမှာ ရဲကင်းတွေ ရှိတယ်ဆိုပေမယ့် တစ်ခုနဲ့ တစ်ခုက အတော်လေး အလှမ်းဝေးတယ်။ Safe & Sound ဆိုတဲ့ စကားဟာ အင်မတန်မှ ကျယ်ပြန့်ပါတယ်။ အခုဆို Express ကားတွေနဲ့ ဆိုရင်တောင် ညဘက်ဆို အင်မတန် သတိထားရတော့မယ်။ အိပ်တောင် အိပ်မလိုက်ရဲ၊ ခေါင်းတောင် ငုံ့ပြီး ကားစီးရမယ့် ပုံစံ ဖြစ်နေပြီ။ ကိုယ့်ကားကိုယ် ညဘက် အဖော်မပါဘဲ မောင်းတတ်သူတွေလည်း သတိထားသင့်ပါပြီ။ ဘာဖြစ်ဖြစ် ဘယ်သူတားတား ကားမရပ်ပါနဲ့။

0 အကြံပြုခြင်း: