Thursday, November 1, 2012

သတင်းထူးတွေပါတဲ့  ရောင်စုံသတင်းစာ

သတင်းထူးတွေပါတဲ့  ရောင်စုံသတင်းစာတဲ့ ဗျ



မောင်တောက်တဲ့  ။ ။ အဘ-ရေ- သတင်းထူးတွေ ပါတယ် ဗျ ၊

ဦးပေါစံ ။ ။ ဟေ- ဟုတ်လား -မောင်တောက်တဲ့  -ဒီလိုဆိုရင်လဲ ပြောပါအုံး ။ မင်းက နှံ့နှံ့စပ်စပ် လူငယ်တယောက်ဆိုတော့ ရပ်သတင်း ရွာသတင်း ပိုသိပါ့ ။

မောင်တောက်တဲ့  ။ ။ ဒါတောင် ကျုပ်က ကွန်ပြူတာတွေ မကိုင်တတ်သေးလို့ ဗျ ။ နို့ မို့ လို့ ကတော့ ဒီ့ထက်ပြောပြနိုင်တာပေါ့ အဘ-ရေ ၊ ဟဲ-... ဟဲ-။

ဦးပေါစံ ။ ။ ကဲ - ဟုတ်ပါပြီ - ဘာသတင်းတွေများ ထူးတာလဲ ။

မောင်တောက်တဲ့ ။ ။ သတင်းစာမှာ ဒါး၊လှံ ၊ လက်နက်တွေ -၃-ရက်အတွင်း အပ်ရမယ်လို့ အစိုးရက ကြေညာထားတာ ပါတယ်ဗျ ။ အဲဒါကိုလေ-

ဦးပေါစံ ။ ။ ဟုတ်တယ်လေ- အဲဒါကို အဘလဲ ကြားပြီးပြီဘဲဟာ ။

မောင်တောက်တဲ့ ။ ။ အဘကြားတာက အဲဒီလို ကြားတာ ။ ကျုပ်ကြားတာက ရွာထဲက

ပြောသံ ဆိုသံ ကြားခဲ့ တာဗျ ။ အဲဒါက ဘာလဲဆိုတော့ ကျုပ်တို့  ရွာကလူငယ်တွေက ဘုန်းကြီးကျောင်းမှာ လူစုပြီး လက်နက်တွေ အပ်ကြမယ်။

အင်း- အပ်ကြမဲ့  လက်နက်ကတော့ ရွှံ့ စေးတုံးတွေတဲ့  ။ မလုံးရသေးတဲ့ လောက်စာလုံးတွေကို ဆက်လက်ပြီး မလုံးတော့သလို လုံးပြီးသားလောက်စာလုံး ( ၂၀၀ ) ကိုလဲ အပ်နှံကြမယ်လို့  ကြားခဲ့ သဗျ ။

ဦးပေါစံ ။ ။ ဟေ- ဟုတ်လား ။ လောက်စာလုံးတွေ အပ်နှံကြတယ်ဆိုတာကိုတော့သတင်းစာမှာ ထည့်ဖြစ်မယ် မထင်ဘူးနော် ။

မောင်တောက်တဲ့ ။ ။ ဟာ - အဘကလဲ - ဒါက သတင်းဗျ ။ ရင်ကို ခုန်စေတဲ့  သတင်း ။ ပြီးတော့ ကာလာရောင်စုံ သတင်းစာနော် ။ တကယ်ပါ အဘရာ။ ကျုပ်ဖြင့်လူဆိုးသူခိုးတွေကို လက်နက်တွေ လာရောက်အပ်နှံမယ်လို့  ပြောရင်လဲဘယ်လူဆိုးသူခိုးက လာပြီး အပ်နှံလာကြမှာလဲဗျာ။ အခုတောင် ကျုပ်တိုလူမျိုးတွေ တူမီးသေနတ်တွေနဲ့  ပစ်သတ်ခံရမှ အစိုးရက လက်နက်ပုန်းတွေရှိနေမှန်း သိရတာဗျ ။
သိတဲ့ အချိန်ကျတော့ ရခိုင်လူမျိုးတွေက သေနတ်နဲ့ ပစ်သတ်လို့  သေကြရတာ လူပေါင်း( ၈၀ ) ကျော်ပါသော်ကော အဘရေ ။

ခိုင်အောင်ကျော် ( နယူးယောက် )

0 အကြံပြုခြင်း: