Thursday, November 15, 2012

လွှတ်ပေးသည့်အထဲတွင် နိုင်ငံရေးအကျဉ်းသားတစ်ယောက်မျှမပါဝင်သေး

Hmuu Zaw

နိုင်ငံတော်သမ္မတသည် ယနေ့(နိုဝင်ဘာလ ၁၅ ရက်နေ့)တွင် နိုင်ငံခြားသား အကျဉ်းသားများအပါအဝင် စုစုပေါင်း အကျဉ်းသား (၄၅၂) ဦးအား လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ခြင်း

ပြစ်ဒဏ်အသီးသီးမှ လွတ်ငြိမ်းချမ်းသာခွင့်ပြု

နေပြည်တော် နိုဝင်ဘာ ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး အတွက်လည်းကေ...
ာင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကို နားလည်ကြပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေမည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲစေရန်အတွက်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသော အားဖြင့်လည်းကောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂ဝ၄၊ ပုဒ်မခွဲ (က)နှင့်အညီ အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်များကို ထိုက်သင့်စွာကျခံပြီးကြသော အသက် အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေးချို့တဲ့သူများနှင့် နိုင်ငံခြားသား အကျဉ်းသားများ အပါအဝင် စုစုပေါင်းအကျဉ်းသား ၄၅၂ ဦးအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄ဝ၁(၁)အရ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်မှစ၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုကြောင်းနှင့် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။


 by Political Prisoner

ယနေ့ ၁၅-၁၁-၂၀၁၂ နေ့တွင် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားများလွှတ်ပေးနေသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှသတင်းရရှိပါသည်။ ယင်းအကျဉ်းသားများလွှတ်ပေးသည့်အထဲတွင် နိုင်ငံရေးအကျဉ်းသားတစ်ယောက်မျှမပါဝင်သေးကြောင်းသိရပါသည်။ လွှတ်မြောက်လာသူအများစုမှာလောင်းကစားသမားများ၊ ခိုးဆိုးနှိုက်များ၊ ပုဒ်မ ၆၅ နှင့်ကျသော တပ်မတော်စစ်စည်းကမ်းဖောက်ဖျက်သူများ၊ ပြည့်တံဆာများ၊ နိုင်ငံခြားသားများသာပါဝင်ကြောင်းသိရပါသည်။ ထို့အတွက်ကြောင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ယခုလက်ရှိဦးသိန်းစိန်အစိုးရအား ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုပ်ချလိုက်သည်။

0 အကြံပြုခြင်း: