Monday, November 26, 2012

သုံးသလောက် Data volume အလိုက် ပေးဆောင်ဖို့ မြန်မာ့ဆက်သွယ်ရေးက စီစဉ်နေ

By Lwin Aung Soe
အင်တာနက် အသုံးပြုတာကို သုံးသလောက် Data volume အလိုက် ပေးဆောင်ဖို့ မြန်မာ့ဆက်သွယ်ရေးက စီစဉ်နေတာကို လုံးဝ ကန့်ကွက်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်တာနက် သုံးစွဲမှုကို မလျော်မကန်ငွေကြေးအားဖြင့်ကန့်သတ်ချုပ်ချယ်
ထားလို့ ဖြစ်ပါတယ်။

အင်တာနက် ပေါ်ခါစက ဂျပန်မှာ သုံးသလောက် ကျခံရတဲ့စနစ်ကို သုံးပါတယ်။ အစိုးရ ထိန်းချုပ်မှုက ကင်းလွတ်ပြီး သီးသန့် ရပ်တည်နိုင်ကြတဲ့အင်တာနက် ကုမ္ပဏီတွေဟာ နောက်ပိုင်းတော့ အဲဒီစနစ်ကို ပယ်ဖျက်လိုက်ရပြီး ကြိုက်သလောက်သုံး တလ-ပုတ်ပြတ်စနစ်ကို ပြောင်းလဲ ကျင့်သုံးရပါတော့တယ်။

စနစ်ပြောင်းလိုက်တဲ့အခါ ကုမ္ပဏီတွေရော သုံးစွဲသူတွေပါ နှစ်ဖက်စလုံး အကျိုးရှိလို့ ကနေ့ထိ အောင်မြင်တဲ့စနစ် ဖြစ်နေပါတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်နဲ့ နှစ် ၂ဝ ကြားမှာ ကျင့်သုံးခဲ့ဖူးတဲ့ မအောင်မြင်တဲ့ စနစ်ကို မြန်မာနိုင်ငံမှာ အခု ကျင့်သုံးဖို့ ကြိုးစားလာတာ အံ့အားသင့်မိပါတယ်။

ဆက်သွယ်ရေး ကုမ္ပဏီတွေဟာ အစိုးရပိုင် မဖြစ်သင့်ပါဘူး။ ပုဂ္ဂလိကကို လွတ်လပ်စွာ ခွင့်ပြုသင့်ပါတယ်။ ကုမ္ပဏီအချင်းချင်း ပြိုင်ဆိုင်မှ လက်တွေ့ကျတဲ့ ဈေးကွက် စီးပွားရေးစနစ်ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။

ဥာဏ်သွားတဲ့ အစိုးရကတော့ အခွန်ထိုင်ကောက်နေရုံသာ ရှိပြီး နာမည်ကောင်းလည်း ရနေပါတယ်။ အရင်းအနှီး၊ နည်းပညာနဲ့ လူ့စွမ်းအား မစိုက်ရဘဲ ရနေတဲ့ အခွန်ပမာဏာ သိပ်ကြီးမားလို့ နိုင်ငံဖွံ့ဖြိုးရေးကို ကောင်းကောင်းကြီး အထောက်အကူ ပေးနိုင်ပါတယ်။

ဝန်ထမ်းတွေကလည်း ပုဂ္ဂလိက ကုမ္ပဏီမှာ လုပ်ရတာဖြစ်လို့ ခံစားခွင့် အတော်ကောင်းပါတယ်။ စားသုံးသူ ပြည်သူတွေကလည်း အရည်အသွေးတူရင် ဈေးသက်သာရာကို ရွေးချယ်နိုင်ကြလို့ စိတ်ချမ်းသာကြပါတယ်။ မကျေနပ်စရာ စောဒကတက်ခံရရင်လည်း Customer is always right ဆိုတဲ့ မူကို တိတိကျကျ ကျင့်သုံးတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေက စားသုံးသူအကြိုက် လိုက်လျောပေးရလို့ ကျေနပ်ကြတဲ့ စားသုံးသူတွေဟာ ကုမ္ပဏီကို ပိုမိုအားပေးကြတာကြောင့် စီပွားရေး တိုးတက်လာပါတယ်။

ငန်းကြီးက တနေ့ကို ရွှေဥတလုံး ဥပေးနေတာကို လောဘဇောကပ်ပြီး ဗိုက်ထဲမှာ အများကြီး ရှိနေဦးမှာပဲ အထင်နဲ့ ဗိုက်ခွဲ သတ်ပစ်လိုက်တဲ့ ပုံပြင်လို ဖြစ်နေပါဦးမယ်။

မယ် ပိုး's photo.

ဒီဇင်ဘာလမှစ၍ ဖုန်းအင်တာနက်ကို အသုံးပြုမယ့် မြန်မာပြည်သူများ သိရှိထားဖို့ပါ။
------------------------------------------------------- ---------------
Ph Internet သုံးစွဲခကို ဒီဇင်ဘာလမှစ၍ Volume နဲ့ပြောင်းလဲကောက်ခံမည့် ယာယီဈေးနှုန်း -
(မြန်မာ့ဆက်သွယ်ရေးမှလျာထားဈေးနှုန်း)
100 Kb - 2 ကျပ်
1 MB - 20 ကျပ်
100 MB - 1500 - 1800 ကျပ်
ဖုန်းအင်တာနက်ကိုအသုံးပြုပြီး Facebook သုံးမယ်ဆိုရင် ပုံမှန်အားဖြင့် ဖုန်းထဲက Facebook ဆော့ဖ်ဝဲလ်က ကိုယ့် wall ပေါ်မှာရှိနေတဲ့ ပုံတွေရော၊ စာတွေရော ဖော်ပြပေးမှာ ဖြစ်တဲ့အတွက် တစ်မိနစ်ကို 1MB နှုန်း data သုံးမှာ ဖြစ်ပါတယ်။ လက်ရှိ MPTက ယာယီ သတ်မှတ်ထားတဲ့နှုန်းနဲ့ဆို ဖုန်းအင်တာနက်နဲ့ Facebook သုံးလိုက်ရင် တစ်မိနစ်ကို ၂ဝကျပ် ကျမှာဖြစ်ပါတယ်။ နာရီဝက် ဖေ့ဘုတ်ခ်သုံးရင် ၆ဝဝကျပ် ကျသင့်မှာဖြစ်ပါတယ်။
ဖုန်းအင်တာနက်ကိုအသုံးပြုပြီး Viber ပြောမယ်ဆိုရင် တစ်မိနစ်ကို 240Kb နှုန်း data သုံးမှာဖြစ်ပါတယ်။ လက်ရှိ MPTက ယာယီသတ်မှတ်ထားတဲ့နှုန်းနဲ့ဆို ဖုန်းအင်တာနက်နဲ့ Viber ပြောလိုက်ရင် တစ်မိနစ်ကို 5 ကျပ်ကျမှာ ဖြစ်ပါတယ်။
ဖုန်းအင်တာနက်ကိုအသုံးပြုပြီး Skype နဲ့ video call ပြောမယ်ဆိုရင် တစ်မိနစ်ကို 6MB နှုန်း data သုံးမှာ ဖြစ်ပါတယ်။ လက်ရှိ MPTက ယာယီသတ်မှတ်ထားတဲ့နှုန်းနဲ့ဆို ဖုန်းအင်တာနက်နဲ့ Skype ပြောလိုက်ရင် တစ်မိနစ်ကို ၁၂ဝကျပ် ကျပါလိမ့်မယ်။
Credit - Myanmar Mobile App | The Best Mobile Knowledge Sharing Site in Myanmar
ဒီအတိုင်းသာဆို ဖုန်းကတ် တစ်သောင်းကတ်ကို အလွန်ဆုံးမှ ငါးနာရီလောက်ပဲ သုံးရမယ် ထင်ပါရဲ့.. ဆက်သွယ်ရေးဝန်ကြီး ရွှေဥာဏ်တော်စူးရောက်ပုံကတော့ ပြောမနေနဲ့.. အင်တာနက် မသုံးပါနဲ့လို့ မတားဘူး... ဆက်သွယ်ရေး ဥပဒေမူကြမ်းထုတ်တယ်.. ခုလို ပိုက်ဆံ တိုးတောင်းတယ်.. လက်တော့ပ်လေးတွေကိုင်ပြီး ဆန္ဒထွက်ပြရမယ့်ကိန်းတောင် ဆိုက်နေပြီ..

1 အကြံပြုခြင်း:

pho htaung said...

ဒီတိုင်းပြည်အဆိုးဘက်ခြေဦးလှည့်ပြီဆိုတဲ့သဘောပါ၊ဦးသိန်းစိန်ဖွဲ့ပေးထားတဲ့မဟာအကြံပေးအဖွဲ့မှာပြည်သူအတွက်စဉ်းစားပေးတဲ့သူမပါဘူး။နေရာနဲ့အခွင့်အရေးကိုမျှော်နေကြတဲ့ပြည်ဖျက်၊မျိုးဖျက်တွေဘဲ။အပြောကြီးတဲ့ကိုသောင်းတင် ဒီကိစ္စကိုဘယ်လိုဖြေရှင်းမလဲ ၊လက်ရှိအစိုးရ ဘာလဲ၊ဘယ်လဲ။