Saturday, December 22, 2012

နယ်ချဲ့စနစ်ရဲ့  ကိုလိုနီဖြစ်ခဲ့ သူ ဘုရင်ကို အာဏာရှင်စနစ်ရဲ့  ကိုလိုနီဖြစ်နေသူက ဂုဏ်ပြု



အိန္ဒိယနိုင်ငံကို အလည်အပါတ်ရောက်ရှိနေတဲ့  မြန်မာနိုင်ငံသမ္မတ
ဦးသိန်းစိန်ဟာ တချိန်တုံးက ဗြိတိသျှနိုင်ငံ အင်္ဂလိပ်အစိုးရရဲ့  နယ်ချဲ့ 
ကျူးကျော်တိုက်ခိုက်ခြင်းခံရပြီး ကိုလိုနီဖြစ်သွားရတဲ့  မြန်မာဘုရင်
သီပေါမင်းရဲ့  အုဋ္ဌ်ဂူကို ဂါဝရပြုခဲ့ တယ် ။ -၁၈၈၅-ခုနှစ်မှာ အရှေ့အိန္ဒိယ
သစ်ကုမဏီက ၀န်ထမ်းတဦးကို ဖမ်းဆီးတဲ့ အခါ  ပြသနာဖြစ်ခဲ့ ရာကနေ
မြန်မာနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲပြီး ကိုလိုနီကျွန်သဘောက်ဘ၀ကို
ကျရောက်ခဲ့ ရတယ် ။ အဲဒီအချိန်ကာလတုံးက မြန်မာနိုင်ငံဟာ
ကိုယ့်မင်းကိုယ့်ချင်းနဲ့  နေထိုင်လာခဲ့ ရာကနေပြီး စစ်လက်နက်တောင့်တင်းသူ
နယ်ချဲ့  အင်္ဂလိပ်အစိုးရကို မခုခံနိုင်ခဲ့ လို့  ကိုလိုနီကျွန်ဘ၀ကို
ရောက်ရှိခဲ့ ရတာဖြစ်ပါတယ် ။ လက်နက်အင်အား တောင့်တင်းသူများက နယ်ချဲ
့နိုင်ပြီး ကျွန်အင်ပါယာကို ထူထောင်တဲ့ ကာလမှာ မြန်မာနိုင်ငံရဲ့ 
နောက်ဆုံးဘုရင်ဖြစ်တဲ့  ဘုရင်သီပေါမင်းဟာ သားကောင်ဖြစ်ခဲ့ ရတယ် ။
အကျဉ်းစံဘုရင်ဘ၀နဲ့  နောက်ဆုံးမှာ အိန္ဒိယနိုင်ငံ ရတနာဂီရိမြို့ မှာ
မြန်မာနိုင်ငံကို အလောင်းမြေချ မသွားခဲ့ ရဘဲ ငိုမဲ့ သူမရှိ -ကြေကွဲမဲ့ သူ
မရှိခဲ့ ရဘဲ နတ်ရွာစံကွယ်လွန်သွားခဲ့ ရပါတော့တယ် ။
    နယ်ချဲ့  အင်္ဂလိပ်တွေဟာ   ပြင်သစ်နိုင်ငံက စစ်ဘုရင်ကြီးဖြစ်တဲ
့နပိုလီယန်ကို ဖမ်းဆီးပြီးတော့ စိန့် ယယ်လင်ကျွန်းမှာ အကျဉ်းစံဘ၀နဲ့ 
ဖမ်းဆီးထောင်ချထားသလို မြန်မာနိုင်ငံက အကျဉ်းစံသီပေါမင်းကိုလဲ
အိန္ဒိယနိုင်ငံကို ပို့ ဆောင်ပေးခဲ့ တဲ့  အင်္ဂလိပ်အစိုးရဟာ နောင်အချိန်မှာ
တော်လှန်ထကြွမှု မရှိစေရအောင် အခုလို သူတို့ ရဲ့ ပြည်သူတွေနဲ့ 
ဝေးလံခေါင်သီတဲ့  နေရာဒေသတွေမှာ ထားတတ်ခဲ့ ကြတယ် ။ နယ်ချဲ
့ကျူးကျော်သူများနဲ့  အာဏာရှင်တွေဟာ လူခွဲ ဖမ်းဆီး အကျဉ်းစံခိုင်းတဲ့ 
ဆောင်ရွက်မှုများကို အခုလိုဘဲ စီမံကိန်းချပြီး ဆောင်ရွက်တတ်ကြပါတယ် ။
အိန္ဒိယနိုင်ငံက နောက်ဆုံးဘုရင် ဇါရှာဖါးကိုတော့ မြန်မာနိုင်ငံ
ရန်ကုန်မြို့ မှာ အကျဉ်းစံ ထားခဲ့ လို့  ရန်ကုန်မြို့ မှာဘဲ ကွယ်လွန်ခဲ
့ရပါတယ် ။  ( မှတ်ချက်---အဲဒီလို လုပ်ခဲ့ တဲ့ အတွက်
ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
-ဗိုလ်ချုပ်ကြီးခင်ညွန့် တို့ ဟာ အဲဒီပညာရပ်ကို အသုံးပြုခဲ့ တယ် ။
ဗိုလ်ချုပ်ကြီးနေ၀င်းဟာ ကိုကိုးကျွန်းမှာ နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းပီး
ထောင်သွင်းအကျဉ်းချခဲ့ တယ် ။ ဗိုလ်သန်းရွှေ - ဗိုလ်ခင်ညွန့် တို့ လဲ
မြန်မာနိုင်ငံတနံတလျားမှာ ထောင်တွေဆောက်ပြီး ဖမ်းထားခဲ့ တာ ဒီအတိုင်းပါဘဲ
။ )
         အခုတော့ မြန်မာနိုင်ငံရဲ့  အကျဉ်းစံ ဘုရင် သီပေါဟာ သူ့ ရဲ
့ဘ၀မှာ မျှော်မှန်းခဲ့ တဲ့  မြန်မာနိုင်ငံကို မြန်မာလူမျိုးတွေက
အုပ်ချုပ်ပိုင်ခွင့်ဆိုတဲ့  ပြန်လည်ဖြစ်ပေါ်လာမဲ့ ဘုရင်စနစ်ကို မမြင်တွေ
့ခဲ့ ရပေမဲ့  မြန်မာနိုင်ငံကို မြန်မာလူမျိုးတွေ အုပ်ချုပ်ခွင့် ရနေလို
့မြန်မာသမ္မတ ဦးသိန်းစိန်က သူလဲလျောင်းရာ အုဋ္ဌ်ဂူမှာ ငြိမ်သက်စွာ အလေးပြု
နေလာခဲ့ တာကို တမလွန်ဘ၀က မချိတင်ကဲ ကြည့်နေမိမယ် ထင်ရတယ် ။
ဗုဒ္ဒဘာသာဝင်များရဲ့  ထုံးတမ်းစဉ်လာ ကိုးကွယ်ယုံကြည်မှုအရ သရဏဂုဏ်သာ
မတင်ဖြစ်သေးဘူးဆိုရင် အမျှအတန်းမဝေရသေးတဲ့ အတွက် အကျဉ်းစံ ဘုရင်သီပေါဟာ
တမလွန်ဘ၀မှာ မျက်ရည်စက်လက် ရင်ကွဲပက်လက်နဲ့  သမ္မတဦးသိန်းစိန်ကို
အမျှမယူနိုင်ဘဲ ကြည့်ဖြစ်နေမိမယ်ထင်တယ် ။ တကယ်လို့ အကျဉ်းစံဘုရင်သီပေါကသာ
သမ္မတဦးသိန်းစိန်ကို အကောင်းဆုံးအကြံညဏ်ပေးပြီး မြန်မာနိုင်ငံ
ပြည်သူပြည်သားတွေကို တခုတည်းသော မိန့်  မြွက်ချက်ကိုသာ ပေးဖြစ်မယ်ဆိုရင်
ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်နဲ့  ကိုယ့်ကြမ္မာဖန်တီးပိုင်ခွင့်ဆိုတာကို
ပြည်သူတွေကို ခံစားရရှိစေဖို့ နဲ့  သမ္မတဆိုရင်လဲ သမ္မတတဦးရဲ့ 
ကိုယ်ပိုင်လုပ်ပိုင်ခွင့်နဲ့  ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိပြီး
တိုင်းသူပြည်သားတွေကို ရင်ဝယ်သားကဲ့ သို့  အုပ်ချုပ်စေဖို့ 
မှာကြားလိမ့်မယ်လို့  ထင်မိပါတယ် ။ ဘာဖြစ်လို့ လဲဆိုရင် ဘုရင်သီပေါမင်းဟာ
အကျဉ်းကျခံနေရသူဖြစ်လို့ အကျဉ်းစံကျဖူးသူတိုင်း မည်သူမဆို
ကိုယ်ချင်းစာနာတရားကို လက်ကိုင်ထားဖို့ နဲ့  ရန်သူကိုယ်တောင်
ခွှင့်လွှတ်တတ်ကြဖို့  စိတ်ထားတွေ ပေါ်ပေါက်လာတတ်ကြလို့ ဘဲ ဖြစ်ပါတယ် ။
ဒါ့ကြောင့်လဲ ဘုရင်တဦးဖြစ်စေ သမ္မတ ဖြစ်စေ မြန်မာနိုင်ငံမှာ
အုပ်ချုပ်လာခွင့်တွေရရှိလို့  ဖြစ်လာခဲ့ မယ်ဆိုရင် အဲဒီလို အကျဉ်းစံဘုရင်
သီပေါက သေသေချာချာ ပြောကြားလိမ့်မယ်လို့  ယူဆရပါတယ် ။
      အကျဉ်းစံဘုရင်သီပေါဟာ အခုအချိန်မှာ သင်္ခါရသဘောတရားနဲ့  ကျွန်ဘ၀ဆိုတဲ
့ လောကမျက်မှောက် သံသရာဖြစ်စဉ်များကို သမ္မတ ဦးသိန်းစိန်အား
သွန်သင်ဆုံးမပေးလိုက်ပြီဖြစ်တယ် ။ ဘုရားရှင်တော်တောင်မှ မလွန်ဆန်နိုင်ခဲ
့တဲ့  သင်င်္ခါရ ဖြစ်စဉ်မှာ ဆယ်ပါးသီလဆောက်တည်ဖို့ ရာကို အမြဲမပြတ်
စောင့်ထိမ်းဖို့  ညွှန်ကြားတော်မူတဲ့ အတွက် ဗုဒ္ဒဘာသာကို
သက်ဝင်ယုံကြည်သူတိုင်း ဆည်းကပ်ရပါတယ် ။ သို့ အတူဘဲ ကျွန်ဘ၀ဆိုတဲ့ 
မလွပ်မြောက်ရတဲ့  နိုင်ငံရေးအကျဉ်းစံဘ၀မှာလဲဘဲ ဒုက္ခ၏
ဆင်းရဲကြပ်တည်းခြင်းများနဲ့  ထွက်ပေါက်လမ်းများကို ရှာဖွေခြင်းဆိုတဲ့ 
နိယာမတရာများကို သွန်သင်ပြတတ်ကြတဲ့ အတွက် ဒီတရားသဘောကို
သမ္မတဦးသိန်းစိန်က မျက်ဝါးထင်ထင် မြင်တွေ့ သွားရပြီဖြစ်တယ် ။
ဘာဝနာတရားရှုမှတ်ပြီး အကျဉ်းစံ ဘုရင်သီပေါရဲ့  အုဋ္ဌ်ဂူကို ကြည့်နေချိန်မှာ
သမ္မတဦးသိန်းစိန်အဖို့  ကြေကွဲခြင်းများစွာနဲ့  ကိုယ့်မြန်မာနိုင်ငံရဲ့ 
အရှင်သခင်တဦးကို ကျွန်ဘ၀မှာ အသေဆိုးနဲ့  သေပွဲဝင်ခဲ့ ရပုံကို
ကရုဏာသက်စွာ ခံစားမိမှာဖြစ်ပါတယ် ။
   သင်္ခါရဆိုတာ ဒါပါဘဲ ။ အနိစ္စ အမြဲမရှိတဲ့  တရားကို အကျဉ်းစံသီပေါက သူ
့ရဲ့  ဘ၀နဲ့  သက်သေပြနေတဲ့ အခါ သမ္မတ ဦးသိန်းစိန်အနေနဲ့  သေသေချာချာ
သတိထားရမဲ့ ဟာက ဗုဒ္ဒဂုဏ်တော်ဘဲဖြစ်ပါတယ် ။ တချိန်တည်းမှာ
နေရာချင်းပြောင်းလဲပြီး အကျဉ်းစံဘုရင်သီပေါနေရာမှာ သမ္မတ ဦးသိန်းစိန်က
ဝင်ပြီး သမ္မတဦးသိန်းစိန်နေရာမှာ ဘုရင်သီပေါ နေရာယူလိုက်ပြီဆိုရင်
ဘယ်လိုခံစားဖြစ်မလဲ ဆိုတာ တွေးကြည့်ပေးသင့်ပါတယ် ။ နယ်ချဲ့ စနစ်ရဲ့ 
ကိုလိုနီကျွန်ဘ၀ကို ရောက်ရှိခဲ့ သူ မြန်မာနိုင်ငံရဲ့  နောက်ဆုံး ဘုရင်
သီပေါကို လက်ရှိမြန်မာနိုင်ငံရဲ့  စစ်အာဏာရှင်စနစ်ရဲ့  ကိုလိုနီဖြစ်နေရသူ
သမ္မတ ဦးသိန်းစိန်က အလေးပြုဦးညွတ်နေတာဟာ မင်္ဂလာတပါးဖြစ်သလို
ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းမင်္ဂလာမည်ပါတယ် ။ ဘုရင်သီပေါဟာ
မင်းကျင့်တရားဆယ်ပါးနဲ့ အညီ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ တဲ့ 
နောက်ဆုံးမင်းဖြစ်ပါတယ်။ သူ့ လက်ထက် အဲဒီအချိန်မှာ ကမ္ဘာ့အနှံ့အပြားမှာ
စစ်လက်နက်အားကိုးနဲ့  နယ်ချဲ့ စနစ်ဒဏ်ကို ခံစားခဲ့ ရတဲ့  အာရှိတိုက်က
လက်နက်အင်အား နည်းပါးခဲ့ လို့  ကိုလိုနီဖြစ်သွားရတာပါ ။
     အကျဉ်းစံဘုရင်သီပေါဟာ အကျဉ်းစံဘ၀နဲ့  မြန်မာနိုင်ငံလွပ်လွပ်ရေးအတွက်
ဘာမှ မဆောင်ရွက်နိုင်ခဲ့ ပေမဲ့  သူ့ ကို ကြည့်ပြီး
မြန်မာနိုင်ငံလွပ်လွပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ သူကတော့
ရခိုင်လူမျိုးဆရာတော် အရှင် ဦးဥတ္တမဖြစ်ပါတယ် ။ အိန္ဒိယနိုင်ငံ
ကာလကတ္တားမှာ တက္ကသိုလ်တက်နေတဲ့ ဆရာတော် ဦးဥတ္တမဟာ အကျဉ်းစံဘုရင်သီပေါကို
သွားရောက်တွေ့ ဆုံခဲ့ ပြီးနောက် ဘုရင်သီပေါကို တွေ့ ခဲ့ ရတဲ့ အတွက်
ကြက်သီးဖြန်းဖြန်းထ ခံစားခဲ့ ရပါတယ်လို့  မှတ်တမ်းတင်ရေးထားပါတယ် ။
တချိန်တုံးက မြန်မာဘုရင်ကို အကျဉ်းသွင်းပြီး ထားတာကို မခံမရပ်နိုင်ခံတဲ့ 
ဆရာတော် ဦးဥတ္တမဟာ မြန်မာနိုင်ငံကိုလာရောက်တဲ့ အခါ သူ့ ကျွန်ဘ၀က
လွပ်မြောက်ရေးအတွက် လွပ်လွပ်ရေးတရားကို ဟောပြောခဲ့ တဲ့  မြန်မာနိုင်ငံမှာ
တဦးတည်းသော ရှေးဦးဆုံးဗုဒ္ဒသားတော် ရဟန်းသင်္ဃာတော်တပါးဖြစ်ပါတယ် ။
ဆရာတော် ဦးဥတ္တမမျိုးစေ့ချပေးခဲ့ လို့ ဘဲ လွပ်လွပ်တဲ့  မြန်မာနိုင်ငံရဲ့ 
သမ္မတဦးသိန်းစိန်ဟာ အကျဉ်းစံ မင်းသီပေါရှေ့မှာ အခစားရောက်ရှိနေပါပြီကော ။
မြန်မာနိုင်ငံလွပ်မြောက်နေသော်ငြားလဲဘဲ  အခုအချိန်ထိ အင်္ဂလိပ်နယ်ချဲ
့အစိုးရဟာ အကျဉ်းစံဘုရင်သီပေါကို အကျဉ်းချ အပြစ်ပေးထားခြင်းမှ
လွှတ်ပေးခြင်းကို မကြားရသေးပါဘူး ။
   တက္ကသိုလ်စိန်တင်ရေးတဲ့  အကျဉ်းစံ ဘုရင်သီပေါစာအုပ်ကို လွန်ခဲ့ တဲ
့-၁၅- နှစ်လောက်က အိန္ဒိယနိုင်ငံမှာ နေထိုင်ခဲ့ စဉ် ဖတ်ဖူးခဲ့ ပါတယ် ။
ဒါပေမဲ့  အဲဒီလို အကျဉ်းချ အပြစ်ပေးခြင်းမှ လွှတ်ပေးခဲ့ တယ်လို့  မဖတ်ခဲ
့မိလို့  ထင်ပါတယ် ။ မလွှတ်ပေးဖြစ်သေးရင်  အကျဉ်းစံဘုရင်သီပေါကို
သွားးလိုရာ သွားခွင့်ပေးဖို့  သက်ဆိုင်ရာ အင်္ဂလိပ်အစိုးရက အမိန်
့ပြန်တမ်းနဲ့  အကျဉ်းသားအဖြစ်မှ လွှတ်ပေးဖို့  လိုအပ်နေပါသေးတယ် ။
ခုအချိန်မှာတော့ သက်ဦးဆံပိုင် ဘုရင်စနစ်ကို ဦးဆွေးဆံမြေ့ ထမ်းရွက်ခဲ
့တဲ့  ဘုရင်သီပေါမှာ သူ့ ရဲ့  မျိုးဆက်တွေဟာလဲဘဲ မြန်မာနိုင်ငံရဲ့ 
နိုင်ငံရေးမျိုးဆက်အဖြစ် စွမ်းစွမ်းတမံ ဆောင်ရွက်သူများ မရှိကြတဲ့ အတွက်
မျိုးဆက်သစ် နိုင်ငံရေးသမားများအဖို့  အရေးတကြီး စဉ်းစားရမဲ့ 
အခြေအနေဖြစ်ပါတယ် ။ အကယ်၍ ဆရာတော် ဦးဥတ္တမသာ မပေါ်ထွန်းခဲ့ ရင်
မြန်မာနိုင်ငံလွပ်လွပ်ရေးအတွက် မဆောင်ရွက်ခဲ့ ရင် မြန်မာနိုင်ငံရဲ့ 
ပထမလွပ်လွပ်ရေးဟာ ပေါ်ပေါက်လာခဲ့ မှာ မဟုတ်ပါဘူး ။ ဘုရင်ကွယ်လွန်လို့ 
ဘုရင်ဖြစ်တဲ့  ပဒေသရစ်စနစ်လို ကျန်ရစ်သူသားသမီးတွေက တထောင့်တနေရာမှာ
မြန်မာနိုင်ငံအရေးကို ထမ်းရွက်ခဲ့ မယ်ဆိုရင် အကျဉ်းစံသီပေါဟာ
ကောင်းကင်ဘုံတနေရာက အကြေနပ်ကြီး ကြေနပ်နှစ်သိမ့်မိမှာ မြင်ယောင်တယ် ။
ခုတော့ သီပေါမျိုးဆက် ပြတ်သွားလွန်းတာ ရင်ကျိုးရအောင်
မြန်မာနိုင်ငံသားတွေက ခံစားနေရတာထက် ဘုရင်မင်းသီပေါက ပိုလို့ တောင်
နာကြည်းခံစားမိမှာပါ ။
    ဒါတွေကို အကျဉ်းစံသီပေါက သမ္မတဦးသိန်းစိန်ကို သခင်္ဏးစာတွေ
ပေးနေပါလိမ့်မယ် ။ တချိန်တုံးက ကျွန်ဘ၀နဲ့  သေဆုံးကွယ်လွန်ခဲ့ ရတဲ့ 
ဘုရင်တပါးဟာ သူ့ ရှေ့မှာ သူ့ လိုဘဲ မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ 
သမ္မတတဦးကို မြင်ယောင်နေရပါပြီ ။ သူရှိစဉ်က မြန်မာနိုင်ငံကို
တသွေးတသံတမိန့် နဲ့  အုပ်ချုပ်ခွင့် ရရှိနေခဲ့ ပေမဲ့  သူ့ လို
သက်ဦးဆံပိုင် ပဒေသရစ်စနစ် မဟုတ်ပြန်တဲ့ အခါ အခုလက်ရှိ ဒီသမ္မတ
ဦးသိန်းစိန်ဟာ ညီလာခံလွှတ်တော်နဲ့  အုပ်ချုပ်နေတာကို ကြားသိခဲ့ ရရင်
စိတ်ချမ်းသာကောင်း ချမ်းသာပါလိမ့်မယ် ။ ဒါပေမဲ့  လက်နက်အားကိုးနဲ့ 
အာဏာရှင်စနစ်က နောက်ကနေပြီး ရှိနေသေးတယ်လို့ သာ သိရှိသွားရင်
အကျဉ်းစံဘုရင်သီပေါဟာ နောက်ထပ်တကြိမ် အခုလိုဘဲ အကျဉ်းစံဘ၀မျိုးနဲ့ 
သံသရာမှာ ၀ဋ်လည်ပြန်လေမလားလို့  တွေးတောမိမှာ အသေအချာဖြစ်တယ်  ။
ဘာဖြစ်လို့ လဲ ဆိုတော့ အကျဉ်းစံဘုရင်သီပေါဟာ နယ်ချဲ့  စနစ်နဲ့ 
လက်နက်အားကိုးသူများရဲ့  သားကောင်ဖြစ်ခဲ့ လို့ ပါဘဲ ။။။။။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

0 အကြံပြုခြင်း: