Sunday, January 1, 2012

ရုံအမှတ်(အေ)မှာ ဒါရိုက်တာဝိုင်းရဲ့ဇာတ်ကားနဲ့ဖွင့်ခဲ့ပါတယ်။



ရုံအမှတ်(ဘီ)ကိုတော့ဒါရိုက်တာ ပေါက်စီ(သန္တာခိုင်)ရဲ့ဇာတ်ကားနဲ့ဖွင့်ခဲ့ပါတယ်


The Art of Freedom film festivalဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ပါတယ်




Maung Thura




လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်တွင် ပြောကြားခဲ့သော အမျိုးသား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း



http://www.burmavjmedia.net/?p=3512

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ လွတ်လပ်ခြင်း

Published On: Sun, Jan 1st, 2012

ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေက လွတ်လပ်ခြင်း အနုပညာရုပ်ရှင်ပွဲတော် ဖွင့်ပွဲကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောခဲ့သလို
ကိုဇာဂနာကလည်း ပွဲစဉ်အတွင်း နောက်ထပ် ဆုတွေကို ထပ်တိုးရတဲ့အကြောင်း ပြောဆိုခဲ့ပြီး မင်းထင်ကိုကိုကြီးက ပြည်ပကနေ ပေးပို့ယှဉ်ပြိုင်တဲ့ ရုပ်ရှင်ကားတွေ
အကြောင်း ရှင်းပြပြောဆိုခဲ့ပါတယ်။


http://www.burmavjmedia.net/?p=3508

၂၀၁၂ မှာ ငြိမ်း​ချမ်း​ရေး​၊​ ဥပ​ဒေစိုး​မိုး​ရေး​နဲ့​ ဖွဲ့​စည်းပုံအခြေ​ခံဥ​ပ​ဒေ​​ ပြင်ဆင်​ရေး​ NLD ဦး​စား​ပေး​လုပ်မည်


Published on January 1, 2012 by ပီတာအောင်

မြန်မာနိုင်ငံရဲ့​ အဓိက အတိုက်အခံပါတီကြီး​ ဖြစ်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ဟာ ၂၀၁၂ ခုနှစ်မှာ အ​လေး​ထား​ ​ဆောင်ရွက်မယ့်​ ကိစ္စ ၃ ရပ်ကို ပါတီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က ထုတ်​ဖော် ​ပြောကြား​လိုက်ပါတယ်။

ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​၊​ တရား​ဥပ​ဒေစိုး​မိုး​ရေး​နဲ့​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ ပြင်ဆင်​ရေး​ကိစ္စ​တွေ ဦး​စား​ပေး​လုပ်သွား​မယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်က ဒီဗွီဘီက​နေတဆင့်​ မြန်မာပြည်သူ​တွေကို ၂၀၁၂ ခုနှစ် အတွက် နှစ်သစ်ကူး​နှုတ်ခွန်း​ဆက်စကား​ ​ပြောကြား​ရာမှာ ခုလို ထည့်​သွင်း​ ​ပြောဆိုလိုက်တာပါ။

“ကျမတို့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က ဦး​စား​ပေး​ လုပ်မယ့်​ လုပ်ငန်း​တွေက ပြည်တွင်း​ ငြိမ်း​ချမ်း​ရေး​၊​ တရား​ဥပ​ဒေစိုး​မိုး​ရေး​နဲ့​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေ​တွေထဲမှာ ပြင်သင့်​တာ​တွေကို ပြင်ဖို့​ အ​ရေး​တွေကို ကျမတို့​ ​ပြောခဲ့​ပြီး​ ဖြစ်ပါတယ်။ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ကို ဘာဖြစ်လို့​ ​ရွေး​ရတယ်ဆိုတာ ထူး​ထူး​ထွေ​ထွေ ​ပြောဖို့​ မလိုပါဘူး​။ ငြိမ်း​ချမ်း​ရေး​ ပတ်သက်လို့​လည်း​ ကျမ အရင်တ​လောက ရှင်း​ပြဖူး​ပါတယ်။ ငြိမ်း​ချမ်း​ရေး​ကို ရိုး​ရိုး​လေး​ မြင်ပါတယ်။ ငြိမ်း​ချမ်း​ရေး​ဆိုတာ အိပ်နိုး​ချမ်း​သာ​ပေါ့​။ အိပ်တဲ့​အခါကျရင် စိတ်ချမ်း​ချမ်း​သာသာနဲ့​ လုံလုံခြုံခြုံနဲ့​ အိပ်ရာဝင်နိုင်ရမယ်။ နိုး​တဲ့​အခါကျရင်လည်း​ ​နေ့​သစ်ကို ရင်ဆိုင်ဖို့​ရာအတွက် စိတ်ချမ်း​ချမ်း​သာသာနဲ့​ လုံလုံခြုံခြုံ ရှိနိုင်ရမယ်။ အဲ့​တော့​ ဒီလိုပဲ ကျမတို့​ရဲ့​ နှစ်​ဟောင်း​ကြီး​ဟာ အိပ်သွား​ပြီး​တော့​ နှစ်သစ်ကြီး​ နိုး​လာတဲ့​အချိန်မှာ ကျမတို့​ နှစ်သစ်ကို စိတ်​အေး​အေး​ချမ်း​ချမ်း​၊​ လုံလုံခြုံခြုံနဲ့​ ပြည်သူပြည်သား​တွေကို ရင်ဆိုင်နိုင်​စေချင်တယ်။ ဒါ​ကြောင့်​ ကျမတို့​က ပြည်တွင်း​ ငြိမ်း​ချမ်း​ရေး​ကို ပထမ အ​ရေး​ကြီး​ဆုံး​ပဲလို့​ ​ပြောတာ ဖြစ်ပါတယ်။”

ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေပြင်ဆင်​ရေး​နဲ့​ ပတ်သက်ပြီး​ ဥပ​ဒေမှာပါတဲ့​ တိုင်း​ပြည်ကို အကျိုး​မပြုနိုင်မယ့်​ အချက်အလက်​တွေကို ပြည်သူလူထုအများ​စုရဲ့​ အမြင်နဲ့​ ညှိနှိုင်း​ပြီး​ ပြင်ဆင်နိုင်​အောင် ကြိုး​စား​မယ်လို့​လည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က ခုလို ​ပြောပါတယ်။

“ဖွဲ့​စည်း​အုပ်ချုပ်ပုံ အ​ခြေခံဥပ​ဒေမှာ ကျမတို့​ တိုင်း​ပြည်ကို အကျိုး​မပြုနိုင်မယ့်​ အချက်အလက်​တွေကို ပြင်သင့်​တာ​တွေ ပြင်ရမယ်လို့​ ကျမတို့​ စဉ်း​စား​ထား​ပါတယ်။ တဘက်က​နေ ပြန်ပြီး​ ကြည့်​လိုက်လို့​ရှိရင်လည်း​ တိုင်း​ပြည်အတွက် ပိုပြီး​ အကျိုး​ပြုနိုင်​အောင် ပြင်သင့်​တာ​တွေကို ပြင်ရမယ်လို့​ ကျမတို့​စိတ်ထား​တာ ဖြစ်ပါတယ်။ အဲဒီ​တော့​ တချို့​က ​မေး​ပါတယ်။ ဘာ​တွေကို ပြင်ဖို့​ စဉ်း​စား​ထား​လဲ။ ဘာ​တွေက တိုင်း​ပြည်ကို အကျိုး​မပြုဘူး​လို့​ ထင်သလဲ။ ဘယ်လို ပြင်ရင် တိုင်း​ပြည်အတွက် အကျိုး​ဖြစ်နိုင်မလဲလို့​ ​မေး​မြန်း​တဲ့​သူ​တွေ ရှိပါလိမ့်​မယ်။ အဲဒီအ​ဖြေ​တွေကို တ​ယောက်ချင်း​၊​ အဖွဲ့​တခုတည်း​က အ​ဖြေရှာလို့​ မဖြစ်ပါဘူး​။ ကျမတို့​ အမြင်ကို ပြည်သူလူထု အများ​စုရဲ့​ အမြင်နဲ့​ ညှိယူရမှာ ဖြစ်ပါတယ်။ ကျမတို့​ နိုင်ငံမှာ ရှိတဲ့​ အဖွဲ့​အသီး​သီး​၊​ အလွှာအသီး​သီး​ရဲ့​ အမြင်ကို ညှိယူရမှာ ဖြစ်ပါတယ်။ ဒီလို ညှိယူမှသာလျှင် တကယ့်​ကို ပြည်သူပြည်သား​အား​လုံး​က ယုံကြည်​လေး​စား​တဲ့​ အချက်အလက်​တွေဟာ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေမှာ ပါလာနိုင်တယ်လို့​ ကျမတို့​ ယုံကြည်ပါတယ်။”

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ၂၀၀၈ ဖွဲ့​စည်း​အုပ်ချုပ်ပုံ အ​ခြေခံဥပ​ဒေမှာ နိုင်ငံရဲ့​ အမျိုး​သား​နိုင်ငံ​ရေး​ ဦး​ဆောင်မှု အခန်း​ကဏ္ဍမှာ တပ်မ​တော်က ပါဝင်​ရေး​ဆိုတဲ့​ အ​ခြေခံမူ အပါအဝင် ဒီမိုက​ရေစီမကျတဲ့​ အချက်​တွေကို လက်မခံ​ကြောင်း​ အရင်က အတိအလင်း​ ​ကြေညာခဲ့​ဖူး​ပြီး​ ​ရွေး​ကောက်ပွဲ ဥပ​ဒေ​တွေကိုလည်း​ လက်မခံနိုင်လို့​ ၂၀၁၀ ​ရွေး​ကောက်ပွဲကို သပိတ် ​မှောက်ခဲ့​ဖူး​ပါတယ်။

ဒါ​ပေမယ့်​ ​ရွေး​ကောက်ပွဲဥပ​ဒေပါ အချက်တချို့​ကို အစိုး​ရက ပြန်လည် ပြင်ဆင်​ပေး​ခဲ့​ပြီး​နောက်မှာ အန်အယ်လ်ဒီက ပါတီမှတ်ပုံတင် ပြန်လည် ​လျှောက်ထား​ခဲ့​ပြီး​ ​ရွေး​ကောက်ပွဲ​တွေမှာ ပြန်လည် ဝင်​ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့​ ​ကြေညာထား​ပါတယ်။ ဒါ​ပေမယ့်​ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ ​ကော်မရှင်က​တော့​ လာမယ့်​ ဧပြီ ၁ ရက်​နေ့​မှာ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ကျင်း​ပမယ်လို့​ ​ကြေညာထား​ပေမယ့်​ အန်အယ်လ်ဒီပါတီကို​တော့​ ခုချိန်ထိ ပါတီမှတ်ပုံတင် ခွင့်​ပြုချက် ချ​ပေး​ခြင်း​ မရှိ​သေး​ပါဘူး​။
http://burmese.dvb.no/archives/19426

ဒေါက်တာ နေဝင်းမောင် (အောင်ထွဋ်)ဈာပန

The Voice Weekly

The Voice Weekly နှင့် Living Color Magazine တို့ထုတ်ဝေလျက် ရှိသော Living Color Media ၏ CEO၊ Myanmar Egress တည်ထောင်သူနှင့် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ နေဝင်းမောင် (အောင်ထွဋ်) အသက် (၅၀) နှစ်သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ (တနင်္ဂနွေနေ့) နံနက် ၁ နာရီ ၁၀ မိနစ်အချိန်တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ နှလုံးရောဂါဖြင့် ကွယ်လွန် သွားပါသဖြင့် ယင်းနေ့ နေ့လယ် ၂ နာရီတွင် ရေဝေးသုသာန်၌ မီးသဂြိုဟ် ပြီးစီးပါကြောင်း။


ဒေါက်တာ နေဝင်းမောင် ဈာပနဓါတ်ပုံ


နှစ်သစ်ကူး​မှာ အစိုး​ရဓာတ်ဆီ​ဈေး​နှုန်း​မြှင့်​တင်


Published on January 1, 2012 by ပီတာအောင်

မြန်မာနိုင်ငံ ရန်ကုန်မြို့​က အစိုး​ရပိုင် ဓာတ်ဆီဆိုင်​တွေမှာ ဓာတ်ဆီ အ​ရောင်း​ဈေး​ကို ၃၄ ရာခိုင်နှုန်း​လောက် မြှင့်​တင်လိုက်တယ်လို့​ ဒီက​နေ့​ ​ကြေညာလိုက်ပါတယ်။

ရန်ကုန်မြို့​က ဓာတ်ဆီဆိုင်​တွေမှာ ဓာတ်ဆီ​ဈေး​ဟာ တဂါလံ ၂၅၀၀ ကျပ်က​နေ ၃၃၅၀ အထိ မြင့်​တက်​ သွာပြီး​ စီအန်ဂျီဓာတ်​ငွေ့​နဲ့​ ဒီဇယ်​ဈေး​က​တော့​ မပြောင်း​လဲဘူး​လို့​ စမ်းချောင်း​ ဓာတ်ဆီဆိုင် တာဝန်ရှိသူတဦး​က ​ပြောပါတယ်။ အခုလို​ ​အ​စိုး​ရ​ဆိုင်​တွေ​မှာေ​ဈး​နှုန်း​​ တိုး​​မြှင့်​လိုက်​တဲ့​​ အ​တွက်​ ​ပြင်ပ​ ပေါက်ေ​ဈး​​ ​ဓာတ်​ဆီ​ ​တ​ဂါ​လံ​ကို​ ​၄၃၀၀​ ​ကျပ်​လောက်​အ​ထိ​ ​မြင့်​တက်​သွား​တယ်​လို့​​ ​ရန်​ကုန်​မြို့​ခံ​တွေ​က​ ​ပြော​ပါ​တယ်​။

အလား​တူ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား​ သုံး​စွဲခ​တွေကို ဇန်နဝါရီ ၁ ရက်​နေ့​က စပြီး​ အိမ်သုံး​ တယူနစ် ၂၃ ကျပ်က​နေ ၃၅ ကျပ်နဲ့​ စီး​ပွား​ရေး​လုပ်ငန်း​သုံး​ ၁ ယူနစ်ကို ၅၀ က​နေ ၇၅ ကျပ်နှုန်း​အထိ တိုး​မြှင့်​​ ကောက်ခံမယ်လို့​ မြန်မာအစိုးရက တရား​ဝင် ထုတ်ပြန်ထား​ပါတယ်။

မြန်မာနိုင်ငံမှာ လွန်ခဲ့​တဲ့​ ၂၀၀၇ ခုနှစ်တုန်း​က နအဖ စစ်အစိုး​ရ လက်ထက်ကလည်း​ ​လောင်စာဆီ​ဈေး​တွေကို စစ်အစိုးရက မြှင့်​တင်ခဲ့​ဖူး​ပြီး​ ​ဈေး​နှုန်း​မြင့်​တက်မှုကို အ​ကြောင်း​ပြုပြီး​ ဆန္ဒပြပွဲ​တွေ ​ပေါ်​ပေါက်ခဲ့​ဖူး​ပါတယ်။
http://burmese.dvb.no/archives/19430