Sunday, January 8, 2012

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံတပ်ဖွဲ့များ အာဏာပြိုင်


ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့များဖြစ်ကြသည့် အင်းစိန်မှုခင်းတပ်ဖွဲ့နှင့် ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့တို့သည် ယင်းတို့၏ လုပ်ပိုင်ခွင့်များနှင့် ပတ်သက်၍ အာဏာပြိုင်ဆိုင်မှု အပြင်းအထန် ဖြစ်ပွားနေကြောင်း သိရသည်။

ယင်း ဖြစ်ရပ်တို့၏အစမှာ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် ဦးသန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင် (ခ) ဖိုးလပြည့်မောင်းနှင်လာသေ မော်တော်ယာဉ်နှင့် အင်းစိန်မှုခင်းတပ်ဖွဲ့ (အောက်မြန်မာပြည်)၏ ဒုတိယမှုခင်းတပ်ဖွဲ့မှူးတို့ စီးနင်းလာသည့် မော်တော်ယာဉ်တို့ တိုက်မိရာမှ ဖြစ်ကြောင်း သိရသည်။

“တပ်ချုပ်ကြီးရဲ့မြေးကားနဲ့ တိုက်မိတယ်ဆိုပေမယ့် ကျွန်တော်တို့က ရဲမှူးကြီးကို ယာဉ်တိုက်မှုနဲ့ အရေးမယူပါဘူး။ ကားမှန်မှာ စတစ်ကာ ကပ်မှုနဲ့ပဲ အရေးယူလိုက်ပါတယ်။ ဒါပေမယ့် ဒီလိုအရေးယူလိုက်တဲ့ ဖြစ်ရပ်ရဲ့ နောက်ဆက်တွဲကတော့ ဆိုးလွန်းပါတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး၊ ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

အင်းစိန်မှုခင်းတပ်ဖွဲ့မှ ရဲမှူးကြီးအား ယင်းသို့ အရေးယူခြင်းကြောင့် မှုခင်းတပ်ဖွဲ့မှ ယာဉ်ထိန်းရဲများအား ပြစ်ချက်ရှာဖွေ၍ ဖမ်းဆီးခြင်းများကို လုပ်ဆောင်ခဲ့ခြင်းကြောင့် ယာဉ်ထိန်းနယ်မြေ(၁)မှ တပ်ဖွဲ့ဝင်လေးဦးနှင့် အခြားယာဉ်ထိန်းနယ်မြေမှ တပ်ဖွဲ့ဝင်သုံးဦးတို့မှာ တိုင်ကြားစာရောက်ရှိသည် ဆိုသည့် တိုင်တန်းချက်ဖြင့် ဒီဇင်ဘာ တတိယရက်သတ္တပတ်က ဖမ်းဆီးခံခဲ့ရကြာင်း သိရသည်။

“အင်းစိန်မှုခင်းတပ်ဖွဲ့က ယာဉ်ထိန်းကိုဖမ်းတယ်။ ယာဉ်ထိန်းတပ်ဖွဲ့က သူ့လူတွေထိလို့ဆိုပြီး မြို့နယ်ရဲတွေ၊ တိုင်းရဲတွေ၊ ရဲထောက်လှမ်းရေးတွေ ဆိုင်ကယ်ရှိရင် ဖမ်းတယ်။ ဖြစ်ပုံက ဂျာအေးသူ့အမေရိုက်နေသလိုပဲ”ဟု ပန်းဘဲတန်းမြို့နယ်မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

သတင်း....Transparency Myanmar

ဇလွန်G.T.Cကျောင်းသူကို အလိုမတူဘဲ အဓမ္မပြုကျင့်တဲ့အမှု




The Art of Freedom film festival အငြိမ့်

၁မှ၁၄

ခင်စုကြည်၏အိတ်ဖွင့်ပေးစာ





သမ္မတကြီးထံသို့ ဂီတမှုးတယောက်ရဲ့ သမီး အိတ်ဖွင့် ပေးစာ
by Burma VJ Media Network on Sunday, January 8, 2012 at 5:18am
                                         နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ထံသို့အိတ်ဖွင့်ပေးစာ

           သမီးရဲ့ဖေဖေဟာ ရွှေသံစဉ် နဲ့ အလင်္ကာတေးဂီတ အဖွဲ့တွေမှာ Lead Guitar တီးခတ်တဲ့ ဂီတမှူး
ဦးဝင်းမော်ပါ ။ တီးဝိုင်းခေါင်းဆောင်လည်းဖြစ်ပါတယ် ။ The Aces တေးဂီတ အဖွဲ့ကြီးမှာလည်း ၁၉၈၉ ကနေ
၁၉၉၆ ထိ   ၇   နှစ်တိတိ Lead Guitar တီးခတ်ခဲ့ပါတယ် ။ ၁၉၉၆ ခုနှစ် Visit Myanmar Year နေ့ဖြစ်တဲ့
နိုဝင်ဘာ ၁၈ ရက် ၊ သမီးအသက် ၂  နှစ်အရွယ်မှာဘဲ သမီးဖေဖေဟာ န ၀ တ အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း
ခံခဲ့ရပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် အတွက် ဖေဖေက သီချင်း ၂ ပုဒ် ရေးသားတီးခတ်ပေးခဲ့လို့ အကျဉ်း
ထောင်ထဲမှာ ၆ နှစ်နေခဲ့ရပါတယ် ။၂၀၀၂ ခုနှစ်မှာ တောင်ငူအကျဉ်းထောင်က ပြန်လွတ်မြောက်လာတဲ့ ဖေဖေ
နဲ့ သမီးတို့ မိသားစု ၅  နှစ်လောက်ပဲ အတူနေခွင့်ရခဲ့ပြီး  ၂၀၀၇ သံဃာတော်များ မေတ္တာပို့ လမ်းလျှောက်
ဆုတောင်းပွဲမှာ ဖေဖေ နဲ့ သမီးတို့မိသားစုထပ်ပြီး ခွဲခွာခဲ့ရပြန်ပါတယ် ။ ဒီတစ်ခါတော့ န အ ဖ  စစ်အစိုးရက
ဖေဖေ့ကို ထောင်ဒဏ်  ၁၇  နှစ် ချလိုက်ပါတယ် ၊ DVB သတင်းဌာနကို သံဃာတော်တွေ မေတ္တာပို့ဆုတောင်း
လမ်းလျှောက်ပုံတွေ ဗီဒီယိုပုံရိုက်ကူးပေးပို့ခဲ့လို့ အပြစ်ပေးတာလို့ဆိုပါတယ်။ ဖေဖေ ဟာ ရတနာ ၃ ပါးကို
အရမ်း ရိုသေလေးစားသူဖြစ်ပါတယ် ။ ဖေဖေ အမြဲပြောလေ့ရှိတာက သံဃာတော်တွေ လက်ဆင့်ကမ်းထိန်း
သိမ်းလာခဲ့တာကြောင့် ထေရ၀ါဒ ဗုဒ္ဓသာသနာ မြန်မာပြည်မှာ ထည်ထည်ဝါ၀ါ ပေါ်ထွန်းတည်တံ့ခိုင်မြဲနေ
တာဟာ သံဃာတော်တွေရဲ့ကျေးဇူး အင်မတန်ကြီးမားတယ်ဆိုတာပါဘဲ ။ ၂၀၀၇ မှာ သံဃာတော်တွေဟာ
 ပြည်သူတွေ အတွက် နေပူ မိုးရွာမရှောင် ဆင်းရဲဒုက္ခ ခံပြီး ငြိမ်းချမ်းစွာ မေတ္တာပို့ ဆုတောင်းလမ်းလျှောက်
ခဲ့တာကို အစိုးရက ရက်ရက်စက်စက် ချေမှုန်းတဲ့ Video  ပုံတွေ ကို Editing လုပ်ရင်း ဖေဖေ ဟာ မျက်ရည်
ကျခဲ့ရပါတယ် ။ အဲဒီတုန်းက ဖေဖေ ပြောတာက  တို့နိုင်ငံမှာသာသနာကွယ်တော့မယ် သမီးရယ် တဲ့ ။
                 ၂၀၀၈ ခုနှစ် မေလ မှာ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒနဲ့အတည်ပြုပြီးတော့ ဖေဖေဟာ သူ့
သူငယ်ချင်းတွေနဲ့အတူတူ အားလုံးအိမ်ပြန်ကြရတော့မယ်လို့ ယုံကြည်မျှော်လင့်ခဲ့တယ် ။ သမီးဖေဖေ ရဲ့
သူငယ်ချင်းတွေဖြစ်ကြတဲ့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး တို့ကလည်း  မအူပင်ဆုံးဖြတ်ချက် ကိုဆုံးဖြတ်ခဲ့ကြ
တယ်တဲ့ ။ အဲဒီဆုံးဖြတ်ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက  သူတို့လက်မခံနိုင်တဲ့  ဥပဒေ အချို့ကို
လွှတ်တော်ထဲမှာ ၀င်ရောက်ပြုပြင်ဖို့အတွက် နိုင်ငံတော် အစိုးရက ကျင်းပမဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက်
ရွေးချယ်ဖို့ ၊ တိုင်းပြည်အတွက် အစိုးရနဲ့ အတူလက်တွဲပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်
ဆောင်ရွက်ကြဖို့ဆိုတာတွေပါတယ်လို့ ဖေဖေက ပြောပြခဲ့ဘူးတယ် ။  သက်ဆိုင်ရာ အာဏာပိုင်တွေ
တွေကနေ တစ်ဆင့် နိုင်ငံတော်အကြီးအကဲတွေထံ တင်ပြဆောင်ရွက်ခဲ့ကြပါတယ် ၊ ဒါပေမဲ့ ဘာတစ်ခုမှ
တုန့်ပြန်မှု မရခဲ့ဘဲ ဖေဖေ အပါအ၀င် ဖေဖေ့ သူငယ်ချင်းတွေအားလုံးကို မြန်မာပြည်ရဲ့ ဝေးလံတဲ့ဒေသ
ထောင်တွေကို ပြောင်းရွှေ့ခံခဲ့ရတယ်။ရွေးကောက်ပွဲအပြီး သမ္မတကြီးရဲ့ ဒီမိုကရေစီ အစိုးရတက်လာတော့
ဖေဖေ တို့လွတ်မြောက်တော့မယ်လို့ သမီးတို့မျှော်လင့်ခဲ့ကြပါတယ် ။ ၂၀၁၀ မေလမှာပေးတဲ့ လွတ်ငြိမ်း
ချမ်းသာခွင့် ၊ ၂၀၁၁ အောက်တိုဘာမှာပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့် တွေမှာ ဖေဖေ ပါမလာခဲ့ပါဘူး ။
သမီးဖေဖေ ရဲ့  ဖခင် သမီးဖိုးဖိုးဟာ အသက်  ၈၉ နှစ်ရှိပါပြီ ၊ သူ့သားရဲ့ အိမ်ပြန်လာမယ့် ရက်ကို စောင့်
မျှော်နေဆဲပါ ။ ခု ၂၀၁၂ ဇန်န၀ါရီမှာ သမီးဖေဖေကို ကျောက်ဖြူအကျဉ်းထောင်မှာထောင်ဝင်စာသွားတွေ့
နေတုန်းလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထုတ်ပြန်တာနဲ့ဆုံရပြန်ပါတယ်။ ဒါပေမယ့် သမီးဖေဖေ အပါအ၀င်
ဖေဖေ့သူငယ်ချင်းတွေ တစ်ယောက်မှပါမလာကြပြန်ပါဘူး ။ ဖေဖေက ဘာပြောလဲဆိုတော့ သူ့ကျွန်ဘဝ
မှာ လူမျိုးခြား ဘာသာခြား အုပ်စိုးသူတွေက နိုင်ငံလွတ်မြောက်ရေးအတွက် သူတို့ ကိုဆန့်ကျင်တဲ့
သခင်နုတို့ ၊ သခင်စိုး တို့ စတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကိုဖမ်းရင်တောင်  ၆  လ ဘဲထောင်ချခဲ့လို့
သခင်ပေါက်စ ထောင်ခြောက်လ လို့တောင်ပြောစမှတ် ရှိခဲ့တယ်တဲ့ ၊ အခု ကိုယ့်လူမျိုး ဘာသာတူ
တစ်မြေထဲနေ တစ်ရေထဲသောက်ကြတဲ့ ကိုယ့်အစိုးရလက်ထက်မှာမှ ဒီမိုကရေစီရေးလှုပ်ရှားဆောင်ရွက်
ကြသူတွေ၊ အစိုးရနဲ့ သဘောထားကွဲလွဲကြသူတွေကို သေဒဏ်တွေ ၊ တစ်သက်တစ်ကျွန်းတွေ ၊ နှစ်ရှည်
ထောင်ဒဏ်တွေ လိုကြီးလေးတဲ့ ပြစ်ဒဏ်တွေပေးနေတာ ရင်နာဖို့ကောင်းလိုက်တာသမီးရယ်တဲ့ ။ အခြေခံ
ဥပဒေ မရှိခင် စစ်အစိုးရလက်ထက်မှာ တော့ထားပါတော့ ၊ ဥပဒေကို စစ်တပ်ကလွှမ်းမိုးထားလို့ ၊ ဖွဲ့စည်းပုံ
အခြေခံ ဥပဒေပေါ်ပေါက်လာပြီး ရွေးကောက်ပွဲနဲ့တက်လာတဲ့ ဒီမိုကရေစီ အရပ်သားအစိုးရ လက်ထက်မှာ
တော့ ဖေဖေ တို့အားလုံးပြန်လွတ်မှာပါလို့ သမီးတို့လိုဘ၀တူ မိသားစုတိုင်း မျှော်လင့်ခဲ့ကြတာပါ ။ဖေဖေက
ဂီတသမားဆိုတော့  ဂီတပညာနဲ့ ပတ်သတ်တဲ့ ဥပမာစကားလေး ပြောလိုက်ပါတယ် ။ ဂီတမှာ Timing ဟာ
အသက်ပဲ အရေးကြီးဆုံးပဲ Timing လွဲသွားရင် တေးသွား သီချင်းရဲ့ အရသာ ပျက်သွားရော ။  ထို့အတူဘဲ
ဟင်းချက်ရာမှာဘဲဖြစ်ဖြစ် ၊ အားကစား လုပ်ရာမှာဘဲဖြစ်ဖြစ် Timing မှန်ဖို့လိုအပ်တယ် ။  သီချင်းတစ်ပုဒ် ၊
ဟင်း တစ်ခွက် Timing Out သွားရင် သီချင်းလောက် ဟင်းလောက်ပဲ အရသာပျက်မှာ ၊ နိုင်ငံရေးမှာ Timing
လွဲ သွားရင် တိုင်းပြည်တစ်ခုလုံး Image ပျက်တယ် ။ တစ်မျိုးသားလုံးဂုဏ်ထိခိုက်နစ်နာစေတယ် ။ နိုင်ငံရေး
မှာ Timing ဆိုတာ လုပ်သင့်လုပ်ထိုက်တာကို လုပ်သင့်တဲ့အချိန်မှာ လုပ်ခြင်းပါဘဲ ။ ဖေဖေ တို့ကို လွှတ်
မပေးလို့ ထောင်ထဲမှာ ပေးဆပ် အနစ်နာခံနေရမှာကို တုန်လှုပ်ခြင်းမဖြစ်ပါဘူး၊ တိုင်းပြည်အတွက် မိမိတတ်
ကျွမ်းတဲ့ အနုပညာနဲ့ အုတ်တစ်ချပ် သဲတစ်ပွင့် ဆောင်ရွက်ခွင့် မရတာကိုဘဲ စိတ်မကောင်းဖြစ်တာပါ၊ဖေဖေ
တို့အပေါ် သမ္မတကြီးက အာဃာတ တရားကြီးမားနေတာကိုဘဲ စိတ်မကောင်းဖြစ်တာပါသမီးရယ် လို့ပြော
ပါတယ် ၊ ဘာပဲဖြစ်ဖြစ် သမီးဖေဖေရဲ့ ဂီတ နဲ့ အနုပညာကိုမြတ်နိုးတဲ့စိတ် ၊ ဒီမိုကရေစီကိုယုံကြည်တဲ့စိတ် ၊
တိုင်းပြည်နဲ့လူမျိုးကို ချစ်မြတ်နိုးတဲ့စိတ် ၊ ဘာသာတရားနဲ့ ရတနာသုံးပါးကို ရိုသေမြတ်နိုးတဲ့စိတ်ကို သမီး
တို့မောင်နှမတွေလေးစားဂုဏ်ယူနေမှာပါ ၊ ဖေဖေ နဲ့ ဖေဖေ့သူငယ်ချင်းတွေကို ယုံကြည်ချက် အကျဉ်းသား
ဘဲဆိုဆို၊ လုံခြုံရေးအကျဉ်းသားဘဲပြောပြော ၊ နိုင်ငံရေးအကျဉ်းသားဘဲ ခေါ်ခေါ် ၊ သီးသန့်အကျဉ်းသားဘဲ
မှတ်မှတ် ၊ အဲဒီအမည်နာမ ပညတ်တွေက အရေးမကြီးပါဘူး ။ သူတို့တွေဘာအတွက် ဘယ်သူ့အတွက်
အသက်တွေဘ၀တွေကိုပေးဆပ်စွန့်လွှတ် အနစ်နာခံနေကြတာလဲဆိုတဲ့အချက်က အရေးကြီးတယ်လို့သမီး
ထင်ပါတယ် ။ သမီးတို့ မြန်မာပြည်သူတွေသာမက ကမ္ဘာ့ ပြည်သူတွေပါ မနှစ်မြို့တော့တဲ့ အာဏာရှင် စနစ်
ဆိုးကို ဆန့်ကျင်ခဲ့လို့ အာဏာရှင်တွေရဲ့အမုန်းတရားတွေအောက်မှာ တရားလက်လွတ်ဖိနှိပ်ခံနေရတာပါ ။
ဖေဖေနဲ့ဖေဖေ့သူငယ်ချင်းတွေရဲ့ ခွပ်ဒေါင်းဝိဥာဉ် ၊ခွပ်ဒေါင်းစိတ်ဓါတ်တွေကိုဘဲ သမီးတို့မျိုးဆက်သစ်လေး
တွေ လေးစားဂုဏ်ယူ မှတ်တမ်းတင်ပေးကြရမှာဖြစ်ပါတယ် ။ အာဏာရှင် အစိုးရလက်ထက်မှာတော့ ဒီဖြစ်
ရပ်တွေ အမှန်တကယ်ဖြစ်ခဲ့တာပါ ။ ဂစ်တာလေးတီးသီချင်းဆိုရုံ ၊ ဗီဒီယို ဓါတ်ပုံလေးရိုက်ရုံ ၊ မေတ္တာပို့
ဆုတောင်း လမ်းလျှောက်ရုံ နဲ့ ထောင်ဒဏ်တွေ နှစ်ရှည် လများ ချမှတ်ခံရတာ ကမ္ဘာ့ နိုင်ငံပေါင်း ၂၀၀ ကျော်
မှာ သမီးတို့ တစ်နိုင်ငံဘဲ ရှိတယ်လို့ထင်ပါတယ် ။ သမိုင်းဟာ ဖေဖေ တို့အပေါ်မှာ ဘယ်တော့မှသစ္စာဖောက်
မှာမဟုတ်ပါဘူး ။
                 သမ္မတကြီးနဲ့တကွတိုင်းပြည်တာဝန်ဦးဆောင်ဦးရွက်ပြုနေသူအားလုံး ၊ စစ်မှန်တဲ့လမ်း ငြိမ်းချမ်း
တဲ့ ဒီမိုကရေစီ နိုင်ငံထူထောင်ရင်း ၊ အာဏာရှင်စနစ်ဆိုးကို စွန့်ပယ်ပြီး အာဃာတတွေ ကင်းတဲ့နေမှာတော့
သမီးဖေဖေ နဲ့ ဖေဖေ့ သူငယ်ချင်းတွေ လွတ်မြောက်လာမယ်လို့ သမီးယုံကြည်ပါတယ် ။

ဖေဖေအပါအ၀င် တိုင်းပြည်အတွက်စွန့်လွှတ်အနစ်နာခံနေကြတဲ့ ဖေဖေ့ရဲ့သူငယ်ချင်းအားလုံးရဲ့ အိမ်အပြန်ကို
ကြိုဆိုမျှော်လင့်လျှက် . . . . .

                       သမ္မတကြီးနှင့်မိသားစု စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ
                                                                              ဖေဖေဂီတမှူး ၀င်းမော် ၏ သမီးငယ်
                                                                                                  ခင်စုကြည်
                                                                         ဒုတိယနှစ် ( ဥပဒေပညာအထူးပြု )
                                                                                 ၂၀၁၂ ခုနှစ် ၊ ဇန်န၀ါရီလ - ၈ ရက်။








အာဏာပိုင်များရှေ့တွင် NLD အောင်နိုင်ရေးအစည်းအဝေး တာဝန်ခံကျင်းပ သူကို ထိုးကြိတ်

by Burma VJ Media Network on Sunday, January 8, 2012 at 7:09am

ဇန်န၀ါရီလ ၈ ရက် - ၂၀၁၂

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကော့မှုးမြို့ နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ငါးမြို့ နယ်ကွန်ယက် အစည်းအဝေးအားလက်ခံကျင်းပခဲ့သူ ဆိပ်ကြီးခနောင်တို မြို့ နယ်မှ ဦးသိန်းဦး အား အရပ်သားတဦးမှ ရဲဝန်ထမ်းများရှေ့တွင် ခြိမ်းခြောက်ထိုးနှက်ခဲ့ကြောင်း သိရပါတယ်။ ကော့မှုး၊တွံ့ တေး၊ဒလ၊ကွမ်းခြံကုန်းနှင့် ဆိပ်ကြီးခနောင်တို မြို့ နယ်များမှ အန်အယ်ဒီပါတီဝင်များနှင့် အားပေးထောက်ခံသူများ၏ ပုံမှန် အစည်းအဝေးကို အလှည့်ကျသူ ဦးသိန်းသူ အိမ်တွင် ယနေ့ ဇန်န၀ါရီလ ၈ ရက် နေ့ လည်ပိုင်းက ကျင်းပ ခဲ့အပြီး အခုလို ဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။ အစည်းအဝေးအပြီးမှာ ဆိပ်ကြီးခနောင်တို မြို့ နယ်နယ်ထိန်းတာဝန်ခံမှာ ဆိုင်ကယ်ဖြင့် ဦးသိန်းဦးကို နေအိမ်မှ လာရောက်ခေါ်ယူသွားခဲ့ပြီး ဆိပ်ကြီးခနောင်တို မြို့ နယ်တရားရုံးအရှေ့ရှိ လဘက်ရည်ဆိုင်သို့ ခေါ်သွားခဲ့ပါတယ်။ ဆိုင်အရှေ့တွင် အခြားရဲဝန်ထမ်းလေးဦးနှင့် SB ရဲဝန်ထမ်းများရှေ့တွင် ကိုသန်းလွင် ဆိုသူက အစည်းအဝေးလက်ခံကျင်းပရခြင်းအတွက် ဖမ်းဆီးနိုင်ကြောင်း ခြိမ်းခြောက်ကြိမ်းမောင်းခဲ့ပြီး ထိုးနှက်ခဲ့တာပါ။ ရဲများက တစုံတရာ ၀င်ရောက်ပြောဆိုမှုမရှိခဲ့ဘူးလို့ သိရပါတယ်။ ယခု ဖြစ်ရပ်အတွက် ကျန်မြို့ နယ်များမှ လုပ်ဖော်ကိုင်ဖက်များကိုလည်း အကြောင်းကြားထားပြီး ရင်ဆိုင်ရန် စောင့်ဆိုင်းလျှက်ရှိကြောင်း သိရပါတယ်။ အသက် ၄၅ နှစ်ခန့် ရှိ ဦးသိန်းဦးမှာ အန်အယ်ဒီ ပါတီကို ထောက်ခံအားပေးသူ တဦးဖြစ်ပြီး ဆိပ်ကြီးခနောင်တိုနဲ့ ရန်ကုန်မြစ်တဖက်ကမ်း သို့ ပြေးဆွဲနေသည့် ကူးတို့  စက်လှေမောင်းတဲ့ အလုပ်ကို လုပ်ကိုင်နေပါတယ်။

ဗားဆလတ် ဟာဘဲ အောက်မေ့ဖွယ်အခမ်းအနားမှ ဒေါ်အောင်ဆန်းစုကြည်၏message




2012-01-07


ခက်ေသမ္မတဟောင်း Vaclav Harvel


ဗားဆလတ် ဟာဘဲ Vaclav Harvel ဟာ သက်ရှိထင်ရှား မရှိတော့ပေမယ့် လည်း မြန်မာပြည်သူတွေအတွက် အားအင်တွေ ဆက်လက် ပေးနေဆဲပါ လို့ မနေ့က ဝါရှင်တန်ဒီစီ မြို့တော်မှာကျင်းပတဲ့ “ဗားဆလတ် ဟာဘဲ အောက်မေ့ဖွယ်အခမ်းအနား” မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်တွင် National Endowment for Democracy NED ခေါ် ဒီမိုကရေစီ ထောက်ခံအားပေးရေးအဖွဲ့က ကျင်းပသည့် “ဗားဆလတ် ဟာဘဲ အောက်မေ့ဖွယ် အခမ်းအနား” တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဗီဒီယိုမှတစ်ဆင့် စကားပြောစဉ်။

မြန်မာ့အရေးကို အဓိက ကူညီဆောင်ရွက်ပေးနေတဲ့ National Endowment for Democracy NED ခေါ် ဒီမိုကရေစီ ထောက်ခံ အားပေးရေးအဖွဲ့က ပြုလုပ်တဲ့ အဲဒီ အောက်မေ့ဖွယ် အခမ်းအနားမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုက တစ်ဆင့် စကားပြောခဲ့ပါတယ်။

ဗားဆလတ် ဟာဘဲဟာ မကွယ်လွန်မီရက်ပိုင်းက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး စာရေးသားပေးပိုခဲ့ကြောင်း၊ စာကို သူကွယ်လွန်ပြီး ၂ ရက်လောက်နေမှ လက်ခံရရှိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

“သူ့ဘဝရဲ့နောက်ဆုံးအချိန် သေအံ့ဆဲဆဲမှာတောင် မြန်မာပြည်ရဲ့ အရေးကို သတိတရ ရှိနေသေးတဲ့အတွက် အလွန်ကို အံသြမိရပါတယ်။ ဒီစာဟာ သူ့စိတ်နှလုံးသားကို ဖော်ပြနေတာပါပဲ။ နွေးထွေးတဲ့ သူ့ နှလုံးသားကနေ ဥာဏ်ပညာနဲ့ ပြည့်ဝတဲ့ လက်ဆောင်တစ်ခု ပေးခဲ့တာပါ။ သူတစ်ပါးရဲ့လိုအပ်ချက်ကို သိမြင် နားလည်နိုင်တဲ့ နှလုံးသား ရှိသူပါ။ ဒါကြောင့်လည်း သူ့ကို တကယ့်မိတ်ဆွေရင်းလို ချစ်ခင်ရတာပါ။ သူ့စာထဲမှာ မြန်မာပြည်သူတွေ ဆက်လက် တွေ့ကြုံရမယ့် အကြောင်းအရာတွေကို သင်ကြား ပြသပေးခဲ့ပါတယ်။ မြန်မာပြည်သူတွေရဲ့အနာဂတ်ကို သူ စိုးရိမ်ပူပန်ခဲ့ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပြပါတယ်။

စာရဲ့နောက်ဆုံးအပိုဒ်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဖတ်ပြခဲ့ပါတယ်။ ဒီစာထဲမှာ ချက်သမ္မတနိုင်ငံ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ဗားဆလတ် ဟာဘဲက ပြန်လည် မျှဝေထားပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်က ဗားဆလတ် ဟာဘဲဟာ သက်ရှိထင်ရှား မရှိတော့ပေမယ့်လည်း မိမိတို့ကို ဆက်လက်ပြီး ကူညီအားပေးနေဆဲဖြစ်ကြောင်း၊ သူ့အတွေ့အကြုံတွေ၊ ယုံကြည်ချက်တွေဟာ လူတစ်ဦးချင်းစီအတွက် အားအင်တွေ ဖြစ်ထွန်းစေသလို လူ့အဖွဲ့အစည်း တစ်ရပ်လုံးကိုလည်း အများပြည်သူ မျှော်လင့်ချက်နဲ့အညီ ပြန်လည် တည်ဆောက်နိုင်ရေးအတွက် အားအင်တွေ ဖြစ်ထွန်းစေကြောင်း ပြောကြားသွားပါတယ်။
http://www.rfa.org/burmese/news/assk-vaclav-harvel-01072012073858.html

သောကြာ, 06 ဇန်နဝါရီ 2012
ကွယ်လွန်သူ ချက်သမ္မတဟောင်းကို ဒေါ်အောင်ဆန်းစုကြည် ချီးကျူး

By ကိုအောင်လွင်ဦး
ကွယ်လွန်သူ ချက်သမ္မတဟောင်း ဗားဆလပ်ဟာဗဲလ် (Václav Havel) ဟာ ကမ္ဘာ့ဒီမိုကရေစီရေး လှုပ်ရှားမှု အတွက်သာမက မြန်မာနိုင်ငံနဲ့ သူကိုယ်တိုင် လွတ်လပ်ခွင့်အတွက် လှုပ်ရှားသူတွေရဲ့ မိတ်ဆွေကောင်းတစ်ဦး ဖြစ်တဲ့အကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒလင်းအောဘရိုက် (Madeleine Albright) အပါအ၀င် ရင်းနှီးခင်မင်သူတွေ လေးစားသူတွေ တက်ရောက်လာခဲ့ကြတဲ့ ချက်သမ္မတဟောင်းကို ရည်စူးပြီးကျင်းပတဲ့ ၀ါရှင်တန်ဒီစီက အောက်မေ့ဖွယ် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူအဖြစ် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ကွယ်လွန်သူ ချက်သမ္မတ ဗားဆလပ်ဟာဗဲလ် အောက်မေ့ဖွယ် အခမ်းအနားမှာ ပြောလိုက်တာပါ။ ကမ္ဘာတ၀န်း လွတ်လပ်ခွင့်ရဖို့ ကြိုးပမ်းနေသူတွေ အားလုံးအတွက် ဆုံးရှုံးခဲ့ရတဲ့ မိတ်ဆွေကောင်း တစ်ဦးအဖြစ် ၀ါရှင်တန်ဒီစီ အခြေစိုက် နိုင်ငံတကာ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့အဖွဲ့ (NED) က ကမကထလုပ် ကျင်းပတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယိုကတဆင့် သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ်။

“သူဟာ မိတ်ဆွေကောင်း တစ်ဦးပါ၊ အပြည့်အ၀ ဂုဏ်ပြုဖို့တောင် မလွယ်တဲ့ မိတ်ဆွေမျိုးပါ။ သူဟာ မြန်မာပြည် အတွက်သာ မိတ်ဆွေကောင်းတစ်ဦး မဟုတ်ပါဘူး၊ ကမ္ဘာတ၀န်းက လွတ်လပ်ခွင့်ကို မျှော်လင့်နေသူတွေ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုံခြုံတဲ့ ဘ၀တွေကို စောင့်စားနေကြသူတွေ အတွက်လည်း မိတ်ဆွေကောင်း ဖြစ်ပါတယ်။”

ဒီဇင်ဘာလ ၁၈ ရက်နေ့က အသက် ၇၅ နှစ်အရွယ် ချက်သမ္မတဟောင်း ကွယ်လွန်သွားခဲ့တာပါ။ သူ မကွယ်လွန်ခင် ရက်ပိုင်းလောက်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ထံကို ကိုယ်တိုင်ရေးထားတဲ့ စာတစ်စောင် ကွယ်လွန်ပြီးနောက် ရောက်လာတာမို့ နေထိုင်မကောင်းချိန်မှာတောင် မြန်မာနိုင်ငံအတွက် ဘယ်လောက်တောင် ပူပမ်ကြောင့်ကြမှု ရှိတယ်ဆိုတာကို ပြသတာပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်အပေါ် စိုးရိမ်ပူပမ်မှုတွေကို ဖော်ပြထားတဲ့ စာရဲ့ တစိတ်တပိုင်းကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနား တက်ရောက်လာသူ ပရိတ်သတ်တွေအတွက် ဖတ်ပြသွားခဲ့တာပါ။

“နှစ်ပေါင်း ၅၀ နီးပါး အကြွင်းမဲ့ အုပ်ချုပ်မှုအောက်မှာ ရှိခဲ့ပြီးတဲ့နောက်၊ လွတ်လပ်ပြီး အရောင်အသွေးစုံတဲ့ ဒီမိုကရေစီ လူ့ဘောင်ကို ဦးတည်တဲ့လမ်းဟာ သိပ်တော့ မလွယ်လှပါဘူးတဲ့။ ကျနော်တို့ ကိုယ်တိုင်လည်း နှစ်ပေါင်း ၅၀ အာဏာရှင် လက်အောက် ရောက်ဖူးပါတယ်။ ပထမတော့ ဂျာမန်၊ နောက်တော့ ကွန်မြူနစ် လက်အောက် ရောက်ခဲ့တာပါ။ ကတ္တီပါတော်လှန်ရေး ဆင်နွှဲခဲ့တာ ၂၂ နှစ် ကြာလာတဲ့ အချိန်အထိ ကျနော်တို့ ရည်မှန်းချက်တွေ အပြည့်အ၀ မရသေးပါဘူး။ ဒါပေမဲ့လည်း ကျနော်တို့ ကူညီနိုင်တာရှိမယ်၊ ကူညီစေချင်တယ်ဆိုရင်၊ ဥပမာ ကျနော်တို့ အသွင်ကူးပြောင်းခဲ့တဲ့ အတွေ့အကြုံတွေကို ၀မ်းမြောက်ဝမ်းသာ မျှဝေချင်ပါတယ်။”

ကွယ်လွန်သူ သမ္မတဟောင်း ဟာဗဲလ် လိုပဲ ချက်နိုင်ငံဘွား အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒလင်းအောဘရိုက် လည်း အခမ်းအနားမှာ ကိုယ်တိုင် တက်ရောက်ပြီး ဂုဏ်ပြု အမှတ်တရစကား ပြောပါတယ်။ မြန်မာနိုင်ငံ အပါအ၀င် ဒီနှစ်ထဲ ဒီမိုကရေစီ အရိပ်အယောင်တွေ တွေ့မြင်လာရတဲ့အတွက် ချက်သမ္မတဟောင်း အားတက်ခဲ့တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်းက ပြောသွားခဲ့တာပါ။

“ဒီနှစ်ထဲ အာရပ်ကမ္ဘာက လှုပ်ရှားမှုတွေနဲ့ မြန်မာနိုင်ငံက အတိမ်းအစောင်း မခံနိုင်သေးပေမဲ့ အားရစရာကောင်းတဲ့ ဖြစ်ထွန်းမှုတွေ အပေါ် သူဟာ အင်မတန်မှ အားတက်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်မြင်မှုနဲ့ စိတ်ချမ်းသာမှု အပေါ်မှာလည်း သူဟာ အလေးအနက်ထား ဂရုစိုက်ပါတယ်။ ကျမဘ၀မှာ တကယ့် အခွင့်အလမ်းကောင်းကြီး တစ်ခုအဖြစ်နဲ့ ပြောရမယ်ဆိုရင်တော့ သမာရိုးကျ မဟုတ်တဲ့ နည်းလမ်းတွေနဲ့ သူတို့ နှစ်ဦးကြား သတင်းစကား ပါးပေးရတာပါလို့ပဲ ပြောရပါလိမ့်မယ်။”

ချက်နိုင်ငံကို ကွန်မြူနစ်တစ်ပါတီ စနစ်အောက်က လွတ်မြောက်အောင် ကတ္တီပါ တော်လှန်ရေးအဖြစ် ထင်ရှားတဲ့ လှုပ်ရှားမှုမှာ ဦးဆောင်ခဲ့သူ တစ်ဦးအဖြစ်နဲ့သာမက ကမ္ဘာအ၀န်း လွတ်မြောက်မှုတွေကို စေ့ဆော်ပေးခဲ့သူအဖြစ်နဲ့ အထူးသဖြင့်သူ့ကို လူတွေက လေးစား ကြည်ညိုကြတာပါ။ ချက်သမ္မတဟောင်းရဲ့ ကိုယ်ကျိုးမဖက် အများအတွက် ထူးထူးခြားခြား ဆောင်ရွက်မှုတွေထဲ မြန်မာ့အရေးဟာလည်း ရှေ့တန်းမှာ အမြဲပါခဲ့တယ်လို့ သူ့အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ကမကထလုပ် ကျင်းပပေးတဲ့ NED ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ကားလ်ဂါရှ်မန် (Carl Gershman) က ပြောသွားပါတယ်။

“၁၉၉၁ ခုနှစ်မှာ သူဟာ နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ရသင့်တယ်၊ ရနိုင်တယ်ဆိုပြီး လူအတော်များများက ခံစားမိကြပါတယ်။ ဒါပေမဲ့ သူ့အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆု မလိုဘူး ဒေါ်အောင်ဆန်းစုကြည် ရဖို့လိုတယ်လို့ သူဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီဆု ပေးနိုင်ဖို့ နိုင်ငံတကာက ထောက်ခံမှုရအောင် ဦးဆောင် လှုပ်ရှားခဲ့ပါတယ်။”

ချက်သမ္မတဟောင်း ဟာဗဲလ် ကိုတော့ နိုင်ငံတော် ဈာပနအဖြစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က ကျင်းပရာမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် နဲ့ ခင်ပွန်းသည် သမ္မတဟောင်း ဘီလ် ကလင်တန်၊ ပြင်သစ်သမ္မတ နီကိုးလတ်စ် ဆာကိုဇီ၊ ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း တို့အပါအ၀င် ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြတာပါ။ သူ့ရဲ့ ရုပ်ကလပ်ကိုတော့ ချက်နိုင်ငံ ပရာ့ (Prague) မြို့တော်မှာ ကွယ်လွန်သူ မိသားစုဝင်တွေရဲ့ အုတ်ဂူတွေနံဘေး ဗုဒ္ဓဟူးနေ့ကပဲ မြှုပ်နှံသဂြုင်္ိဟ်ခဲ့တာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/DASSK-Havel-01-06-12-136853853.html

ဦးကျော်စွာခိုင် ကကင်ဆာ တဲ့...ဦးဖော်မင်းကတော့ .....




စစ်တပ် က အာဏာ ပြန် သိမ်းနိုင် ချေ ရှိ ” ဆိုသည့် သတင်း များ ထွက် ပေါ်နေ


by FNG on January 7, 2012

တင်ကျော်ကျော်စိုး၊ ၊၂၀၁၁ ခုနှစ် က စစ်တပ် က ကျောထောက် နောက် ခံ မှု ဖြင့်
အာဏာ ရရှိ လာ ခဲ့ သည့် ပြည်ထောင်စု ကြံ့ခိုင် ရေး နှင့် ဖွံ့ ဖြိုး ရေး ပါတီ အား ဖျက် သိမ်း
ကာ ထို အနိုင် ရပါတီ ၏ အစိုး ရ အဖွဲ့ တိုင်း ပြည် အာဏာကို ချုပ် ကိုင် ထား မှု အား ပြီး ဆုံး
စေမည့် စစ်တပ် ၏ တကျော့ ပြန် အာဏာသိမ်း မှု သည် ရက် ပိုင်း အတွင်း ဖြစ်လာ နိုင်
ကြောင်း နေ ပြည် တော် မြို့  ရှိ စစ်အရာရှိ များ သတင်း ရပ် ကွက် ယနေ့ မနက် ကတည်း
က ကျယ် ကျယ် ပြန့်  ပြန့် ထွက် ပေါ် နေသည်။

စစ်တပ် အာဏာ ပြန် သိမ်း နိုင် ချေ ရှိ ဆိုသည့် သတင်း နှင့် ပတ် သက် ပြီး ” ဦးသိန်းစိန် အစိုးရ
က တော့ နောက်ကြောင်း ပြန် မလှည့် ဘူး လို့  တွင် တွင် ပြော တာပဲ ၊ ဒါပေမယ့် မြန်မာ့ နိုင်
ငံရေး အာဏာ အစစ် ဟာ ဘယ်သူ့  ဆီမှာ ရှိ မှန်း မသိရတာ ခက်တယ် ဟု မြန်မာ နိုင်ငံ သို့ 
ခေတ္တ အလည် ပြန်သည့် အမေရိကန် နိုင်ငံ အခြေစိုက် မြန်မာ နိုင်ငံ ရေး လှုပ်ရှား သူ တစ်ဦး
က FNG သို့  ပြော သည်။

စစ်တပ် က အာ ဏာ ပြန် သိမ်း နိုင် ချေ ရှိ ဆို သည့် သတင်း သည် ကျယ် ကျယ် ပြန့်  ပြန့် ပေါ်
ထွက် နေ သော် လည်း နေ ပြည်တော် တွင် ထူးထူး ခြား ခြား လုံ ခြုံရေး တင်း ကျပ် ထား မှု
မျိုး မတွေ့ ရ ဟု နေ ပြည်တော် ဟို တယ် ဇုန် မှ ၀န် ထမ်း တစ်ဦး က ပြောသည်။

မြန်မာ နိုင်ငံ တွင် ၁၉၆၂ ခု နှစ် နှင့် ၁၉၈၈ ခု နှစ် များ တွင် စစ်တပ် က အာဏာသိမ်း ခဲ့ ဖူး ပြီး
၁၉၈၈ ခုနှစ် အာဏာသိမ်း မှု သည် စစ်တပ် ထိပ်တန်း အရာ ရှိ များ ကြီး စိုးပြီး တပ် အပေါ်
လည်း သြဇာ ညောင်း သည့် မြန်မာ့ ဆိုရှယ် လစ် လမ်းစဉ် ပါတီ ထံ မှာ အာဏာကို ရယူ ခဲ့
ခြင်း ဖြစ်သည်။

စစ်တပ် အာဏာ သိမ်း မယ် ဆို တဲ့ သတင်း ဟာ မဖြစ် နိုင်ပါ ဘူး လို့  လဲ ပြော လို့  မရဘူး ဗျ၊
မြန်မာ နိုင်ငံ မှာ ဘာ မဆို ဖြစ် နိုင် တယ်။ စစ်တပ် က ပြန် အာဏာ သိမ်း ပြီး နိုင်ငံရေး အကျဉ်း
သား တွေ ကို လွှတ် ပေး ကောင်း လွှတ် ပေး နိုင် တာ ပဲ ၊ အာဏာ သိမ်း တယ် ဆို တိုင်း လဲ
ဒီမိုကရေစီ ကို သွေဖယ် သွား တာ မှ မဟုတ် တာ ထိုင်း မှာလဲ အာဏာ သိမ်း ပြီး လွတ်လပ်
တဲ့ ရွေးကောက် ပွဲ တွေ ကျင်းပ သွား နိုင် တာ ပဲ ဟု ကာကွယ် ရေး ၀န် ကြီးဌာ နမှ အရာ ရှိ
ငယ် တစ်ဦးက သူ၏ အမြင် ကို FNG သို့  ပြောသည်။

လက်ရှိ မြန်မာ စစ်တပ် ၏ ထိပ်တန်း အရာ ရှိ အချို့  က မူ ဦး သိန်း စိန် သည် ပြည်တွင်း နိုင်ငံ
ရေး ကို ကျွမ်း ကျင် စွာ ကိုင်တွယ် နိုင် ခြင်း မရှိ ဟု သုံး သပ် မှု များ ရှိ ပြီး ပြည်ထောင် စု
ကြံ့ ခိုင် ရေး နှင့် ဖွံ့ ဖြိုးရေး ပါတီ က စစ်တပ် ကို စိန် ခေါ် နေသည့် ဆိုသည့် အမြင် များ လည်း
စစ်တပ် အရာ ရှိ များ အကြား ရှင် သန် လျှက် ရှိ သည်။

ဦးသိန်းစိန် အစိုး ရ လက်ထက် တွင် လာဘ်ပေး လာဘ်ယူ မှု များ၊လတ်တလော မီးလောင်မှု များ
မတရား မှု များ စသည့် လူမှု ရေး မတည် ငြိမ် မှု များ နှင့် ရာဇ၀တ် မှု များ ပိုပြီးများ ပြား လာ ခြင်း
မှာ လည်း စစ်တပ် က အာဏာ ပြန် လည် ရယူ ရန် လုံ လောက် သည့် အချက်ဖြစ် နေသည် ဟု
ရန်ကုန် ပြည်သူ့  ဆေး ရုံ ကြီး မှ ဆရာဝန် တစ်ဦး က FNG ကို ပြောသည်။

လက် ရှိ မြန်မာ အစိုးရ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်း နှင့် နီး စပ် သူ တစ်ဦး က အာဏာ
သိမ်း မယ် ဆို တဲ့ သဘော မျိုး မဟုတ် တောင် မှ လက်ရှိ အစိုးရ အဖွဲ့ အတွင်း က အရာရှိ အချို့ 
ကို ဖယ် ရှား တာ တို့  ကန့် သတ် နာ တို့  လုပ် မယ့် သဘော မျိုး ဖြစ် နိုင် ပါတယ်” ဟု ဆိုသည်။

လက်ရှိ မြန်မာ့ နိုင်ငံ ရေး အာဏာ ကို ပြီး ခဲ့ သည့် နှစ် က လူ မြင် ကွင်း မှ ပျောက် ကွယ် သွား
သည့် ဗိုလ်ချုပ် မှုး ကြီး သန်း ရွှေ က အပြည့် အ၀ ချုပ် ကိုင် ထား ဆဲ ဟု လည်း အချို့  က သုံး
သပ် ကြသည်။

မြန်မာ နိုင်ငံ တွင် စစ်တပ် မှာ တကျော့ ပြန် အာဏာ သိမ်း ရန် တရုတ် က လုပ် ဆောင် နေသည်
ဟု ပြည်ပ ရောက် မြန်မာ သံတမန် လော က တွင် လည်း ပြော ဆို ကြသည်။

FNG မှ နောက် ဆုံး သိရ သည့် သတင်း အရ အကျင့် ပျက် ၊ လာဘ်စား မှု မျာဒ ပိုမို ထူ ပြော
လာ နေသည့် အတွက် ဦးသိန်းစိန် အစိုးရ က တိုင်း ပြည် အုပ် ချုပ် ရန် မသင့် လျှော် ဆို သည့်
မြန်မာ စစ်တပ် ၏ ကြေ ငြာ ချက် ကို ဇန်န၀ါရီ လ ၁၁ ရက် နေ့ တွင် ထုတ် ပြန် နိုင် ချေ ရှိ သည်
ဟု သိရသည်။


အစိုးရ ၏ ပြုပြင် ပြောင်းလဲ မှု များ ကို စစ်တပ် က ပိတ်ပင် ခြင်း မလုပ် ရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး
by FNG on January 6, 2012

တစ်နှစ် သက်တမ်း ပြည့် မြောက် လု မတ် ဖြစ် နေ ပြီ ဖြစ် သည့် မြန်မာ အစိုးရ ၏ ပြု ပြင် ပြောင်း
လဲ မှု ခြေလှမ်း များ ကို နိုင်ငံ တွင်း ဉ် သြဇာ ရှိ သည့် စစ်တပ် က ကာဆီး ကာဆီး မလုပ် ရန် မြန်
မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က သတိပေး လိုက် သည်။

အစိုးရ ၏ ပြောင်းလဲ မှု များ ကို စတင် ခြင်း သည့် ရပ်တန့်  ၍ မရ နိုင် တော့ သကဲ့ သို့  စစ်တပ် က
ထို အပြောင်း အလဲ ကို လက်ခံ လျှင် ပိုမို ခရီး ရောက် မည် ဖြစ် ကြောင်း AP သတင်း ဌာန နှင့်
တွေ့ ဆုံ မှု တွင် ပြောကြား မှု ကို ကိုကား ပြီး FOX သတင်း တွင် ဖော် ပြ ထား သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ ၏ ပါတီ ဖြစ်သည့် အမျိုး သား ဒီမိုက ရေစီ အဖွဲ့ ချုပ် အား
မြန်မာ နိုင်ငံ ရေး လမ်း ကြောင်း တွင် ပြန်လည် လျှောက်လှမ်း နိုင်ရန် ရွေးကောက်ပွဲ ကော်
မရှင် က ယမန် နေ့  က အတည်ပြု ပေး ခဲ့ သည်။

http://freedomnewsgroup.com

၈၈လှိုင်းလုံးတွေ လာနေပြိ



Aye Mar facebook
၈၈မျိုးဆက် တွေစတင်လိုက်တဲ့ လှုပ်ရှားမူ့ကတော့ ဇန်န၀ါရီလ ၈ရက်နေ့မှာတာမွေ မြိုနယ် ယုဇန ပလာဇာစုရပ် မှာ
လူစုဝေးပြိး အင်းအား ၇၀လောက်ဟာနိုင်ငံရေးအကျဉ်းသား မိသားစုတွေ အိမ်ကိုသွားရောက်အာပေးကြတယ်။
အကျဉ်းသား၁၀မိသားစုဆိကို သွားခဲ့တယ်။
နောက်ကအာဏာပိုင်များထပ်ချပ်မကွာလိုက်ပါကြည့်ရူပါတယ်။ဒီလှုပ်ရှားမူကိုနိုင်ငံေ၇းအကျဉ်းသားများလွတ်မြောက်ရေးလှုပ်ရှားမူလို့ ဆိုတယ်။နောက်ရက်တွေမှာ ဒိထက်အင်းအားကောင်းနိုင်ပြိး ဒိလှုပ်ရှားမူကိုလိုက်ပါမဲ့ နိုင်ငံေ၇းအကျဉ်းသားဟောင်း များလည်း ရှိနေသေးကြောင်း၈၈မျိုးဆက်များကပြောပါတယ်။ နိုင်ငံေ၇းအကျဉ်းသားတွေရဲ့မိသာစုဝင်တွေနဲ့ အကျဉ်းသားလွတ်မြောက်ရေးလို လားသူတိုင်း စာနာမူ၇ှိသူတိုင်းကိုလည်း ဖိတ်ခေါ်ထားပါတယ်။

မြန်မာပြည်ဟာ ဘာနဲ့တော့ မတူနိုင်ဘူး
ဘာလှိုင်းလို့ လုပ်လို့မရဘူး။
လမ်းပေါ်ထွက်ရမဲ့အချိန်မဟုတ်ဘူး။
စသဖြင့် စသဖြင့် စသဖြင့်
--------------

လွန်ခဲ့တဲ့နှစ် ၂၀ကျော်က ၈လေးလုံးအရေးတော်ပုံကြီးပေါ်လာတာဟာ
သြဒါဝပေးသူတွေ ကြောင့်မဟုတ်
ပါတိတရပ်က ဦးဆောင်လို့မဟုတ်
နိုင်ငံတကာက ကူညီခဲ့လို့မဟုတ်
ကုလသမဂက အားပေးခဲ့လို့မဟုတ်
သူ့အလိုလို ဖြစ်တည်လာတဲ့မြန်မာ့ နိုင်ငံရေးအခင်းအကျင်းကြောင့်ပါ။




photo-Yangon Media Group

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကော့မှူးမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင် ရွေး ချယ်ခံရန် သေချာလျက်ရှိ

ဝင့်သင်ဇာကျော်(မြစ်မခ)
by Myit Makha Mediagroup on 6 Jan, 2012

ဧပြီလအတွင်း ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံရန် သေချာသည့် အခြေအနေရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ စုံစမ်းသိရှိရသည်။

“ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်မှာ ၀င်ပြိုင်ဖို့က ၇၅% လောက်ထိ သေချာသလောက်ရှိပါတယ်” ဟု အန်အယ်လ်ဒီရုံးချုပ်မှ ရန်ကုန်တိုင်း၊ဗဟိုကော်မတီဝင် မြောင်းမြ ဗဆွေက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်း ကော့မှူးမဲဆန္ဒနယ်မှ ရွေးကောက်ပွဲဝင်မည်ဖြစ်ပြီး ဇန်န၀ါရီ ၁၆ ရက်နောက်ပိုင်း စည်းရုံးရေး ခရီးစဉ်များ စတင်မည် ဖြစ်ကြောင်းလည်း သိရှိရသည်။

ဇန်န၀ါရီလ ၅ ရက်နေ့က ပါတီမှတ်ပုံတင် အမှတ်၄၇/၂၀၁၂ ဖြင့် ပါတီ အလံ၊ တံဆိပ် ခွင့်ပြုချက်ရရှိထားပြီးဖြစ်သော အဖွဲ့ချုပ်နေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်ဟု ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ကြေငြာ ထားကြောင်း သိရှိရပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် လူများစိစစ်ခြင်းနှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အစီအစဉ်များ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

“ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်လိုတဲ့ သူတွေကို ဒေါ်အောင်ဆန်းစုကြည် သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ကိုက်ညီတဲ့လူကို ယှဉ်ပြိုင်ခိုင်းမယ် နောက် မြို့နယ်နဲ့ တိုင်းတွေမှာလည်း ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပြုလုပ်နေကြပြီ ” ဟု အန်အယ်လ်ဒီအဖွဲ့ချုပ်အဖွဲ့ဝင် ဒေါ်မိမိကြီးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အောင်နိုင်ရေးကော်မတီအတွက် အဖွဲ့ဝင် (၈)ဦးဖြင့် ဖွဲ့စည်းထားပြီး၊ အဆိုပါ အဖွဲ့ဝင်များမှာ ၁။ ဦးနိုင်းနိုင်း ၂။ ဒေါက်တာမျိုးအောင်၃။ မြောင်းမြဗဆွေ ၄။ ဦးဝင်းသောင်း ၅။ ဦးအောင်ထူး ၆။ ဒေါ်ကြည်ကြည်ဝင်း(စမ်းချောင်း) ၊ ၇။ ဒေါ်ကြည်ကြည်ဝင်း(ကြည်မြင်တိုင်)၊၈။ဒေါ်တင်တင်ဝင်း (မင်္ဂလာတောင်ညွှန့်)တို့ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အောင်နိုင်ရေးကော်မတီအတွက် မြို့နယ်စည်းရုံးရေးကိစ္စများ၊ အဖွဲ့ဝင်ဖြစ်လာမည့် အဖွဲ့ဝင်များ အတွက် ကဒ်ပြား ထုတ်ပေးရေးကိစ္စများ ၊ လုပ်ငန်းတာဝန်ခွဲဝေပေးခြင်းတို့ကို စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

“လုပ်ငန်းတွေကိုလဲ (၅)ခုခွဲထားတယ်၊ ဘဏ္ဍာရေး ၊ ဥပဒေရေး ၊ စည်းရုံးလှုံ့ဆော်ရေး ၊ သတင်းပြန်ကြားရေး နောက် ရုံးလုပ်ငန်းအဖွဲ့ဆိုပြီးတော့ စီစဉ်နေပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဝင်ပြိုင်မဲ့ ရန်ကုန်တိုင်း ဒေသကြီးမှာ အမာခံအဖွဲ့ဝင်တွေ ရှိပြီးသားပါ၊ အမျိုးသားဒိမိုကရေစီအဖွဲ့ ရုံးခန်းလည်း ရှိပြီးသားပါ”ဟု ဗဟိုလုပ်မှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်သည့် မြောင်းမြဗဆွေက ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့တွင် NLD က ပါတီ ပြန်လည်မှတ်တင်ပြီး ရွေးကောက်ပွဲ ၀င်ရန် ဆုံးဖြတ်နောက် ဒီဇင်ဘာ ၁၂ ရက် နေ့စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က NLD ကို နိုင်ငံရေးပါတီ အဖြစ် တည်ထောင်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
http://www.myitmakhamediagroup.com/detail.php?newid=535

NLD အမတ်လောင်းတွေ ရွေးနေပြီ

2012-01-08

ကြားဖြတ်ရွေးကောက်ပွဲအတွက် မန္တလေးတိုင်းမှာ နေပြည်တော် ၄ မြို့နယ် အပါအဝင် လစ်လပ် နေရာ ၁ဝ နေရာရှိပြီး နေရာအားလုံးမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

နေပြည်တော် ၄ မြို့နယ်က လစ်လပ်နေရာတွေအတွက် ဗဟိုနဲ့ မနက်ဖြန် ညှိနှိုင်းမယ်လို့ NLD မန္တလေးတိုင်း အောင်နိုင်ရေးအဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ဒီအတောအတွင်း ကချင်ပြည်နယ် ဖားကန့်မြို့နယ် မဲဆန္ဒနယ်မြေရဲ့ NLD ကိုယ်စားလှယ်လောင်းအဖြစ် ဦးတာချီလာဆိုင်းကို ရွေးချယ်ပြီး ဗဟို အောင်နိုင်ရေးအဖွဲ့ကို တင်ပြလိုက်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် တိုင်းရင်းသားတွေထဲက ဦးစားပေး ရွေးချယ်ဖို့ NLD ဗဟိုက ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် ဖားကန့်၊ မိုးကောင်းနဲ့ ဗန်းမော်မြို့နယ်တွေအတွက် ကိုယ်စားလှယ်လောင်းနေရာ ၃ နေရာ လစ်လပ်နေပါတယ်။ မိုးကောင်း မြို့နယ်အတွက် ၁၉၉ဝ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဦးထွန်းကြည်ကို ရွေးချယ် တင်ပြထားပြီး၊ ဗန်းမော်မြို့နယ်အတွက် ပြည်နယ်စည်းရုံးရေး တာဝန်ခံ ဦးဘမြင့်ကို ရွေးချယ်တင်ပြထားပါတယ်။

ပခုက္ကူမြို့နယ်မှာ NLD အောင်နိုင်ရေးအဖွဲ့ အစည်းအဝေးကို ဇန်နဝါရီ ၆ ရက်၊ သောကြာနေ့က ကျင်းပရာမှာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မယ့် ကိုယ်စားလှယ်လောင်းအဖြစ် ဗဟို အောင်နိုင်ရေးအဖွဲ့ကို စာရင်း တင်သွင်းဖို့ ဦးလှိုင်အေးကို ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။

ဦးလှိုင်အေးဟာ ပခုက္ကူမြို့နယ် စည်းကော်မီတီဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၁၉၉ဝ ရွေးကောက်ပွဲမှာ ပခုက္ကူ အမှတ် (၂) မဲဆန္ဒနယ်ကနေ ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။

ဒီအတောအတွင်း ဧရာဝတီတိုင်း၊ မြန်အောင်မြို့ နယ်မှာ မနေ့က ကျင်းပတဲ့ NLD အောင်နိုင်ရေးအဖွဲ့ အစည်းအဝေးမှာ မြန်အောင် မြို့နယ် ကိုယ်စားလှယ်လောင်းအဖြစ် ဗဟိုတရားရုံးရှေ့နေ ဦခင်မောင်လတ်ကို မဲအများစုနဲ့ ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။

NLD မှာ CEC ထားရှိတော့မှာ မဟုတ်
2012-01-07

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီးတဲ့နောက် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အသစ် ဖွဲ့စည်းတဲ့အခါ အရင်ကလို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ မထားရှိတော့ဘဲ ပုံသဏ္ဍာန်တမျိုးနဲ့ ဖွဲ့စည်းမယ်လို့ ပါတီခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးတင်ဦးက ပြောကြားပါတယ်။

“အပေါ်မှာ ခေါင်းဆောင် တယောက်ရှိပြီး ကျန်တာကို အဖွဲ့ဝင်ပေါ့၊ ကောင်စီသဘောမျိုးပေါ့လေ။ လူငယ်တွေ များမယ်၊ အမျိုးသမီးတွေ၊ တိုင်းရင်းသားတွေ ပါမယ်။ တနင်္လာနေ့ အောင်နိုင်ရေးအဖွဲ့မှာ ထပ်ပြီး ပုံဖော်ရမှာပေါ့”

ခုလာမယ့် တနင်္လာနေ့မှာ စတင်ထုတ်ပေးမယ့် ပါတီဝင် လျှောက်လွှာတွေကိုလည်း တိုင်းနဲ့ ပြည်နယ်အလိုက် ကြိုတင် ထုတ်ပေးနေတယ်လို့ သိရပါတယ်။ လက်ရှိ ဆောင်ရွက်နေတဲ့ အစီအစဉ်တွေကို ဦးတင်ဦးက အခုလို ပြောပြပါတယ်။

“အဲဒီ လျှောက်လွှာတွေ ပေးပြီးရင် Smart Card ဖြစ်အောင် ကြိုးစားပြီးလုပ်မယ်။ ဒီကြားထဲမှာလည်း ၁၁ ရက်နေ့ နောက်ဆုံးထားပြီး အခု ၄၈ နေရာက ကိုယ်စားလှယ်လောင်းတွေအတွက် ဆွေးနွေးပြီး စိစစ်တင်ပြဖို့ ရှိတယ်”

ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို လျာထား ရွေးချယ်ရာမှာ ဒီမိုကရေစီရေးအပေါ် သစ္စာစောင့်သိသူတွေ၊ ပညာအရည်အချင်းနဲ့ အလုပ်အကိုင် အတွေ့အကြုံ ရှိသူတွေ၊ တိုင်းရင်းသားတွေ၊ အမျိုးသမီးတွေနဲ့ လူငယ်တွေကို ဦးစားပေးမယ်လို့ NLD က ကြေညာထားပါတယ်။

ဒီအတောအတွင်း ဆရာဦးဝင်းတင် ဦးစီးပြီး D-Wave စာစောင် ထုတ်ဝေဖို့လည်း ပြင်ဆင်နေပြီး ပါတီဝင် မဟုတ်တဲ့ စာရေးဆရာတွေ ကဗျာဆရာတွေလည်း စာမူ ပေးပို့ထားတယ်လို့ သိရပါတယ်။

စာစောင်ကို ဆရာဦးဝင်းတင်က ‘ဒီမိုကရေစီလှိုင်း’ လို့ အဓိပ္ပာယ်ဆောင်တဲ့ “ဒီလှိုင်း” ဆိုပြီး ကနဦးက နာမည်ပေးခဲ့တာပါ။ နောက်ပိုင်းမှာ လူငယ်တွေနဲ့ ညှိနှိုင်းပြီး ‘D-Wave’ အမည်နဲ့ ထုတ်ဝေဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး လှုပ်ရှားမှု စတင်


by Burma VJ Media Network on Sunday, January 8, 2012 at 9:51am

ဇန်န၀ါရီ ၈ ရက်၊၂၀၁၂


ကျန်ရှိနေသေးတဲ့ မလွတ်မြောက်နိုင်သေးသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံး အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက်အားလုံးစုပေါင်းပါဝင်သည့် လှုပ်ရှားမှုကို ဒီကနေ့ ဒီဇင်ဘာလ ၈ရက်နေ့ မနက် ပိုင်းက ရန်ကုန်မြို့ မှာ စတင်လိုက်ပါတယ်။ ကနဦးအနေနဲ့ တာမွေ မြို့ နယ်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်ပေါင်း ၁၅ စု တို့ ရဲ့ အိမ်တွေကို စိတ်ဓာတ်ရေးရာ အရ သွားရောက် အားပေးကူညီမှုတွေ လုပ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထွန်းကြည်က ပြောပါတယ်။ ဇန်န၀ါရီလ ၃ ရက် လွတ်ငြိမ်းချမ်းသာခွင့်ကြေငြာချက် ထုတ်ပြန်အပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာခြင်းမရှိသည့်အတွက် ကျန်နေသူများ လွတ်မြောက်ရေးအတွက် ယခုကဲ့သို့ လှုပ်ရှားမှုတွေကို စတင်ခဲ့တာလို့ သိပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားဟောင်းများက စတင်စေ့ဆော်ခဲ့တဲ့ ဒီလှုပ်ရှားမှုမှာ ၂၀၀၇ ဗကသ ကျောင်းသားများ၊မျိုးဆက်သစ်လူငယ်များအစည်းအရုံး( GW)၊အလုပ်သမား၊လယ်သမားကွန်ယက်အဖွဲ့ များ၊နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ယက်၊နိုင်ငံရေးအကျဉ်းသားမိသားစုများကူညီစောင့်ရှောက်ရေးအဖွဲ့ စတဲ့ အဖွဲ့ ပေါင်းစုံ ကွန်ယက်ပေါင်းစုံ အပါအ၀င် စိတ်ပါဝင်စားတဲ့ လူပုဂ္ဂိုလ်တွေလည်း ပါဝင်ခဲ့ပြီး ဒီကနေ့ သွားအားပေးတဲ့ လူဦးရေ ကတော့ သုံးဆယ်လောက် ရှိတယ်တယ်လို့ သိရပါတယ်။ ဒီကနေ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသူ မမီမီလွင်ကတော့ အခု လှုပ်ရှားမှုကို ဧရာဝတီမြစ်ဆုံ စီမံကိန်းလှုပ်ရှားမှုကဲ့သို့ ပင် အလွာအသီးသီးမှ လူပုဂ္ဂိုလ်များ၊စာပေအနုပညာရှင်များ၊လူတန်းစားအားလုံးပါဝင်သည့် တနိုင်ငံလုံးအတိုင်းအတာ အထိ ကျယ်ပြန့် သည် လှုပ်ရှားမှု အဖြစ် လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များကို အားပေးသည့်လှုပ်ရှားမှုအပြင် အခြား ၀တ်ပြု ဆုတောင်းပွဲ များကို ကိုမင်းကိုနိုင်ပုံပါသည့် တီရှပ်များ ၀တ်ဆင်ကာ လုပ်ဆောင်သွားရန် ရှိကြောင်း ပြောပါတယ်။

အီတလီနိုင်ငံက လာရောက်လေ့လာတဲ့ လွှတ်တော်အမတ် မစ္စတာ ဂျိုးဆက်မလ်ပလီ နဲ့ လည်း မဟန်နီဦး၏ အိမ်တွင် တွေ့ ဆုံစဉ် ကိုမင်းကိုနိုင်ပုံပါသော တီရှပ်ကို လက်ဆောင်ပေးခဲ့သဖြင့် မစ္စတာ ဂျိုးဆက်က အထူးကျေနပ်အားရ ကျေးဇူးတင်ကြောင်းနှင့် မြန်မာ့ဒီမိုကရေစီ အရေးလှုပ်ရှားမှုကိုအီတလီနိုင်ငံတွင် ပိုမိုလုပ်ဆောင်သွားဖို့ ပြောခဲ့ပါတယ်။ယခုကဲ့သို အလားတူလှုပ်ရှားမှုတွေကို ၂၀၀၇ တွင် အဖမ်းဆီးမခံရမီက ကိုမင်းကိုနိုင် ဦးဆောင်ပြီး အခြား၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ ကဦးဆောင်ပြီး လုပ်ခဲ့ပါသေးတယ်။ အဖြူရောင်တနင်္ဂနွေလှုပ်ရှားမှု(White Sunday Campaign)၊ပြည်သူတို့ ရဲ့ ရင်ဖွင့်သံ(Open Heart Campaign)စတာ တွေဟာ ပြည်သူတွေကြားမှာ ပြန့် နှံ့ ခဲ့ဖူးပါတယ်။

ဒီကနေ့ လှုပ်ရှားမှုကို အာဏာပိုင်တွေဘက်က တစုံတရာ နှောင့်ယှက်ခဲ့တာ မရှိပေမယ့် အချို့ နိုင်ငံရေးအကျဉ်းသားမိသားစုအိမ်တွေကိုတော့ ယူနီဖောင်းဝတ်နဲ့ ရဲများ၊အခြားအရာရှိများက သွားရောက် မေးမြန်းမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ဖို့အရေးတကြီးလိုအပ်နေပါပြီ၊

by Redstar Burma on Sunday, January 8, 2012 at 12:51am
နိုင်ငံရေးအကျဉ်းသားဟောင်းများအနေဖြင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ယနေ့ဆက်လက်ပြီး ၀ါရင့်နိုင်ငံရေးသမားကြီးများနှင့်တွေ့ဆုံခဲ့ကြပါသည်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများသည် ယနေ့သခင်သိန်း
ဖေ၏နေအိမ်တွင် သွားရောက်ကာ ပါလီမန်ရှေ့နေကြီးဦးသန်းတင်၊ ရွှေတောင်ဦးအုန်းမောင်၊ ဦးထွေးမြင့်(ပြည်ချစ်)
ဦးအုန်းကျော်တို့နှင့်တွေ့ဆုံကာ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ဆွေးနွေးခဲ့ပါသည်၊ ညနေပိုင်းတွင်
သတင်းစာဆရာကြီးလူထုဦးစိန်ဝင်းနှင့်လည်းသွားရောက်ကာ အကျဉ်းသားများလွတ်မြောက်ရေးအတွက်ဆွေးနွေးခဲကြပါ
သည်။ ဦးထွေးမြင့်(ပြည်ချစ်)က ယခုလွတ်ငြိမ်းချမ်းသာမိန့်ဟာ လွတ်ငြိမ်းချမ်းသာလို့မခေါ်ထိုက်ပါဘူးဆိုပြီးပြောပါသည်။
နိုင်ငံရေးအကျဉ်းသားတွေကိုမလွှတ်ပေးတဲ့အတွက်နိုင်ငံရေးအဓိပ္ပါယ်ကိုစဉ်းစားလို့မရဘူးဟုဆိုပါတယ်၊ ငြိမ်းချမ်းစွာလုပ်ပါ့
မယ်ဆိုတဲ့လူတွေကို တချီတမောင်းတော့ချလိုက်အုံးမယ်ဆိုတဲ့စိတ်ခံစားချက်ဖြစ်တယ်လို့ဆိုပါတယ်၊
သတင်းစာဆရာကြီးလူထုဦးစိန်ဝင်းကလည်း နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊
ပြည်သူလူထုရဲ့ဝန်ထုတ်ဝန်ပိုးတွေကိုအမြန်ဆုံးလျှော့ချရေးဆိုတဲ့စံသုံးချက်ကို ယနေ့ကာလမှာအဓိကထားပြီးလုပ်ဆောင်ရန်
ပြောကြားလိုက်ကြောင်းသိရပါတယ်၊
သတင်းစာဆရာကြီးလူထုဦးစိန်ဝင်းနှင့်သွားရောက်တွေ့ဆုံစဉ်
 
သခင်သိန်းဖေ၏နေအိမ်တွင်သွားရောက်ကာ ၀ါရင့်နိုင်ငံရေးသမားကြီးများနှင့်သွားရောက်တွေ့ဆုံစဉ်