Wednesday, January 11, 2012

အိမ်မှာနေပြီး လစာကို နိုင်ငံခြားငွေနဲ့ ထုတ်ယူနေ



ခင် ရတနာ (Facebook)မှ


နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အလုပ်လုပ်နေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီး လေးဦးလုံး ရာထူးက နှုတ်ထွက်သွားပြီ ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနက နှုတ်ထွက်သွားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီး ၄ ဦးကတော့ ဒေါ်အေးအေးသစ်ရွှေ၊ ဒေါ်ကြည်ကြည်ရွှေ- ဒေါ်ခင်ပြုံးရွှေနဲ့ ဒေါ်သန္တာရွှေတို့ ဖြစ်တယ်။
၂၀၁၀ ခု နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီး လေးဦးလုံး ခုလို ရာထူးက ရုတ်တရက် တပြိုင်ထဲ နှုတ်ထွက်သွားတာဖြစ်ပါတယ်။ တူညီတဲ့အချက်က သမီးလေးဦးလုံး ရုံးမတက်ဘဲ အိမ်မှာနေပြီး လစာကို နိုင်ငံခြားငွေနဲ့ ထုတ်ယူနေတာဖြစ်တယ်။

ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ သမီးတွေဖြစ်တဲ့ ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့ ၂ ဦးဆိုရင် စင်္ကာပူုမြန်မာသံရုံးမှာ ပထမအတွင်းဝန်ရာထူးနဲ့ တာဝန်ပြထားပေမဲ့ သမီး ၂ ဦင်္းလုံး စင်္ကာပူမသွားဘဲ နေပြည်တော်အိမ်မှာ နေကြတယ်။ ခုလို စင်္ကာပူမသွားဘဲ နေပြည်တော်မှာ နေတာတောင် ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်ကစပီး ဒေါ်အေးအေးသစ်ရွှေနဲ့ ဒေါ်ကြည်ကြည်ရွှေတို့ ၂ ဦးလုံးကို သံမှူး (Counselor) ရာထူုး တိုးပေးလိုက်လို့ အရပ်သားသံတမန်တွေ မကျေမနပ် ဖြစ်ကုန်ပါတယ်။



ကြံ့ဖွံပါတီပိုင် ဘိလပ်မြေစက်ရုံကို ကျောက်ဆည်အရှေ့ဘက် သံတော်မြတ်တောင်မှာ တည်ဆောက်နေတယ်။ ဒီစီမံကိန်းအတွက် ကြံ့ဖွံ့ပါတီက ၃၂%၊ Mother Trading Co.၊ ကျော်သာကုမ္မဏီ၊ ရတနာသိင်္ဂီကုမ္မဏီ Fortune ကုမ္မဏီတွေက ကုမ္မဏီတခုကို ၁၇% စီ ရှယ်ယာထဲ့ဝင် ရင်းနှီးထားပါသတဲ့။ ကြံ့ဖွံပါတီပိုင် ဒုတိယဘိလပ်မြေစက်ရုံကို ဗန်းမော်ခရိုင်ထဲမှာ တည်မှာဖြစ်ပီး ဆက်သွယ်ရေးဝန်ကြီးဟောင်း သိန်းဇော်ရဲ့သားနဲ့ ကချင်လုပ်ငန်းရှင်ကြီးတချို့ပါဝင် လုပ်ကိုင်နေပါတယ်။ ဘိလိပ်မြေစက်ရုံတည်ရင် ခေါက်ချိုးမြတ်တဲ့အတွက် ကြံ့ဖွံပါတီ ရံပုံငွေကို ဒီစက်ရုံတွေက ငွေရှာပေးမယ်။


ရန်ကုန် ကမ်းနားလမ်းမှာရှိတဲ့ ယခင် စက်မှု(၁)၀န်ကြီးဌာနပိုင် ရွှေဆပ်ပြာထုတ်နေတဲ့ အမှတ်(၁) ဆပ်ပြာစက်ရုံကြီးကို ကြံ့ဖွံပါတီကနေ ပုဂ္ဂလိကို ကျပ်ငွေ သန်း ငါးသောင်းတိတိနဲ့ ရောင်းဘို့ ကြော်ငြာထားပါတယ်။ နိုင်ငံပိုင် ဒီစက်ရုံကို ကြံ့ဖွံ့ပါတီက ဘယ်တုံးက သိမ်းယူလိုက်သလဲ…ဘယ်လိုနည်းနဲ့ သိမ်းယူခဲ့သလဲဆိုတာ လွှတ်တော်အမတ်တွေ မေးသင့်ပါတယ်။ ခုတော့ သူပိုင်စက်ရုံပါဆိုပီး ကြံ့ဖွံပါတီက ကျပ် သန်းပေါင်း ငါးသောင်းနဲ့ ရောင်းနေသတဲ့။ ဒီတိုင်းပြည်မမွဲ ဘယ်တိုင်းပြည် မွဲမလဲ။


၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ထဲက အရေးကြီးတဲ့ နိုင်ငံပိုင် လုပ်ငန်းကြီးတွေမှန်သမျှ သန်းရွှေနဲ့ မောင်အေး ခွဲယူလို့ ကုန်ပါပီ။ ယူတဲ့နေရာမှာ မောင်အေးဆိုရင် ဆရာကျောင်းအမည်နဲ့ ယူသွားတာ။ သန်းရွှေက တေဇအမည်နဲ့ ယူသွားတာ။ ကောင်းတဲ့ စက်ရုံမှန်သမျှကိုလဲ ကာကွယ်ရေးဝန်ကြီးဌာနပိုင် MEC ခေါ် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက ယူသွားဘီ။ လာမဲ့ ဧပြီ(၁)ရက်ကစပီး ကျန်တဲ့ အရှုံးပေါ်နေတဲ့ စက်ရုံအစုတ်တွေအတွက် အစိုးရက ဘတ်ဂျက်မပေးဘို့ ဆုံးဖြတ်ထားတယ်။ စက်ရုံမှူးတွေက အစိုးရဆီက ငွေချေးပီး စက်ရုံတွေလည်။ ချေးငွေကို ပြန်ဆပ်။ အခွန်ဆောင်။ မြတ်အောင်မလုပ်နိုင်တဲ့ စက်ရုံမှူးကို အရေးယူမယ် လို့ စက်မှုဝန်ကြီး စိုးသိန်းက ပြောတယ်။ ၂၀၁၁ ခု ဧပြီလကနေ ဒီဇင်ဘာထိ ၉ လအတွင်း သာပေါင်းပျော့ဖတ်စက်ရုံတခုထဲက ရှုံးတဲ့ကျပ်ငွေပေါင်း သန်း၂၇၀၀ ရှိပါတယ်။


ထားဝယ်ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ထိုင်းအကူအညီနဲ့ တည်ဆောက်ရန် အဆိုပြုထားတဲ့ ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓါတ်အားစက်ရုံ စီမံကိန်းကို မြန်မာအစိုးရဘက်က ဗြုံးစားရပ်လိုက်တဲ့အတွက် ထိုင်းကုမ္မဏီတွေ အတော်အထိနာသွားပါတယ်။ ဒီအချက်ဟာ မြန်မာနိုင်ငံမှာ ကြိုတင်တွက်ဆလို့မရတဲ့ စီးပွားရေးအခြေအနေမျိုးရှိနေတာကို ပြသနေတယ်လို့ ဒီကနေ့ထုတ် Bangkok Post သတင်းစာက ရေးပါတယ်။နိုင်ငံခြားသား ရင်းနှီးမြုတ်နှံသူတွေ မြန်မာပြည်မလာတာ ဆန်ရှင်ကြောငိ့ မဟုတ်ပါ။ Bangkok Post သတင်းစာက ပြောသလို ကြိုတင်တွက်ဆလို့မရတဲ့ စီးပွားရေးအခြေအနေမျိုးကြောင့်ပါ။ ဥပဒေ ခိုင်ခိုင်မာမာနဲ့ နိုင်ငံခြားသားအရင်းအနှီးကို ကာကွယ်မပေးနိုင်ရင် ဆန်ရှင်ဖွင့်လဲ ဘယ်သူမှမလာပါ။ ဈေးကွက်စီးပွားရေးလို့ ဒင်းတို့ပြောလာတာ နှစ်၂၀ကျော်ဘီ။ Technology Transfer နဲ့ ပတ်သက်တဲ့ ဥပဒေ ခုထိမရှိ။ ဗီယက်နမ်မှာ လွန်ခဲ့တဲ့ နှစ် ၂၀ကျော်ထဲက ရှိနေတယ်။


ဦးသိန်းစိန်ကို ဒုတိယအကြိမ်တွေ့ဘို့ ဒေါ်စု ခွင့်တောင်းပေမဲ့ ဦးသိန်းစိန်က တွေ့ခွင့်မပေးဘူးလို့ ကြားရတယ်။
http://www.heraldsun.com.au/news/world/suu-kyi-could-get-government-role/story-e6frf7lf-1226239457281

နယ်စပ်ကုန်သွယ်ရေးကို အကောက်ခွန်လက်သို့ ပြန်လွှဲ

By featured, ဧရာဝတီ on January 11, 2012 3:54 pm in

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး (စီးပွား/ကူးသန်း) ၀န်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်းနှင့် အရာရှိ ဆယ်ဦးထက်မနည်းကို

ထိုင်း - မြန်မာ နယ်စပ် ကုန်သွယ်ရေးအတွက် အဓိကကျသည့် ချစ်ကြည်ရေးတံတား၊ ထိုင်းဘက်ခြမ်းမှမြင်ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

လာဘ်ပေးလာဘ်ယူမှုများနှင့် ဆက်နွယ်နေသဖြင့် ဌာနပြောင်းရွှေ့လိုက်ပြီး နယ်စပ် ကုန်သွယ်ရေးစခန်း နှစ်ခုကို ပိတ်သိမ်းကာ အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းပေးလိုက်ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်အတွင်းရှိ လားရှိုး-မူဆယ်လမ်းပေါ်မှ ရေပူ နယ်စပ်ကုန်စစ်ဆေးရေး စခန်းနှင့် မွန်ပြည်နယ်အတွင်းရှိ မရမ်းချောင် နယ်စပ်ကုန်စစ်ဆေးရေး စခန်းတို့တွင် တရားမ၀င် ကုန်စည်များကို လာဘ်ယူကာ တင်သွင်းခွင့်ပြုနေကြောင်း၊ ထို့ကြောင့် နယ်စပ်စခန်းများမှ ၀န်ထမ်းများမှာ ကျပ် သိန်းရာထောင်ချီ၍ ၀င်ငွေရရှိနေသည်ဟု တိုင်ကြားစာများ နေပြည်တော် သမ္မတရုံးက လက်ခံရရှိခဲ့သဖြင့် စစ်ဆေးခဲ့ရာ မသမာမှုများ အမှန်တကယ် ဖြစ်ပွားနေကြောင်း၊ ထို့ကြောင့် အရေးယူသည့် အနေဖြင့် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးဟောင်း ဦးအောင်မင်း အပါအ၀င် ဆယ်ဦးထက် မနည်းသော အရာရှိကြီးများကို ဇန်န၀ါရီလ ၇ ရက်နေ့တွင် မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး ဌာနသို ပြောင်းရွှေ့လိုက်ကြောင်း သိရှိရသည်။

“နယ်စပ်ညွှန်ချုပ်ကို အရေးပေါ်အမိန့်နဲ့ရာထူးက ရွှေ့ပစ်လိုက်တယ်။ နယ်စပ်စခန်းတွေက စီးပွား/ကူးသန်း အရာရှိတွေ အကုန်ပြန်ခေါ်ပြီး ဌာနတွေပြောင်းပစ်လိုက်တယ်။ နယ်စပ်စခန်းတွေမှာ ငွေမတရားတောင်းလို့ ကုန်သည်တွေနဲ့ ဒေသခံ အာဏာပိုင်တွေ တိုင်ကြ၊ တောကြရင်း အဲဒီအမှုဖြစ်သွားတာ” ဟု ရန်ကုန်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနရုံးမှ အရာရှိတဦးက ပြောသည်။

နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်းသည် မြန်မာ့ လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး ညွှန်ကြားရေးမှူးချုပ် အဖြစ် ပြောင်းရွှေ့ခံလိုက်ရပြီး ၎င်း၏ နေရာတွင် ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးကို အစားထိုး ခန့်လိုက်ကြောင်း ဇန်န၀ါရီလ ၇ ရက်နေ့ထုတ် နိုင်ငံတော်ပြန်တမ်းများ၌ ဖော်ပြထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အရာရှိများနှင့် ၀န်ထမ်းများသည် နယ်စပ်ကုန် စစ်ဆေးရေးနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများသို့ သုံးလတကြိမ်၊ လေးလတကြိမ် ပြောင်းရွှေ့ အလုပ်လုပ် ကြရပြီး နယ်စပ်စခန်းများမှ ပြန်လာသောအခါတိုင်း ၀န်ထမ်းတဦးလျှင် အနည်းဆုံးသိန်းတရာမှ သိန်းထောင်ချီ ရရှိသဖြင့် စီးပွား/ ကူးသန်း ၀န်ထမ်း အများစုသည် နယ်စပ်စခန်းများသို့ ရွှေ့ပြောင်း အလုပ်လုပ်ခွင့်ရရန် ညွှန်ကြားရေးမှူးချုပ် ကဲ့သို့သော အရာရှိကြီးများအား လာဘ်ထိုး ရကြောင်း သိရှိရသည်။

“နယ်စပ်စခန်း တခါသွားပြီး ပြန်လာရင် ကားဝယ်၊ အိမ်ဝယ်တွေ ဖြစ်ကုန်တယ်။ အဲဒါ သာမန် စာရေးကအစ အရာရှိအဆုံး အဲဒီလိုတွေဖြစ်နေတာ။ နယ်စပ်စခန်းမှာ တာဝန်ကျတဲ့ စီးပွား/ကူးသန်း ၀န်ထမ်းတင်မကဘူး အကောက်ခွန်၊ ရဲ ၀န်ထမ်းတိုင်း လိုလို နေ့ချင်းညချင်း ချမ်းသာကြတာ” ဟု အမည်မဖော်လိုသော အစိုးရအရာရှိကြီး တဦးက ပြောသည်။

၂၀၀၆ ခုနှစ် အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် အပါအ၀င် ၀န်ထမ်း ၆၀၀ ကျော်ကို လာဘ်ပေးလာဘ်ယူ မှုများနှင့် အရေးယူ ထောင်ချပြီးနောက် နယ်စပ်ကုန်သွယ်ရေး စခန်းများနှင့် နယ်စပ်စစ်ဆေးရေး ဂိတ်များကို အကောက်ခွန် ဦးစီးဌာနက ဦးစီး လုပ်ကိုင်ခွင့် မရတော့ဘဲ စီးပွား/ကူးသန်း ၀န်ကြီးဌာနက ဦးစီးလုပ်ပိုင်ခွင့် ရရှိခဲ့ကြောင်း၊ ယခုအခါတွင် နယ်စပ်စခန်း နှစ်ခုကို အကောက်ခွန်ဦးစီးဌာနသို့ ပြန်လည်လွှဲပြောင်း ဦးစီးလုပ်ကိုင်ခွင့် ပေးလိုက်ကြောင်း သိရှိရသည်။

“အကောက်ခွန်က နယ်စပ်စခန်းတွေ ပြန်ယူလိုက်လို့ ခြစားမှုတွေ ပျောက်မသွားပါဘူး၊ ဖြစ်မှာပဲ။ ထိထိရောက်ရောက် အရေးမယူ ဘဲနဲ့တော့ ခြစားမှုတွေ၊ လာဘ်ပေးလာဘ်ယူ မှုတွေက ဆက်ဖြစ်နေမှာ။ အခု ဖြစ်သွားတဲ့ ကိစ္စမှာလည်း ပေါ်ပေါ်တင်တင် ဖြစ်နေတာကို တွေ့ရပေမယ့် ဌာနပြောင်း ပြစ်ဒဏ်လောက်ပဲ ချတယ်။ အဲဒီတော့ ၀န်ထမ်းတွေထဲမှာ လာဘ်ပေးလာဘ်ယူ မှုတွေက ဆက်ပြီးရှိနေဦးမယ်” ဟု အစိုးရ၀န်ကြီး ဌာနတခုတွင် ညွှန်ကြားရေးမှူး အဆင့်ဖြင့် တာဝန်ထမ်းဆောင်နေဆဲ အငြိမ်းစား ဗိုလ်မှူးတဦးက ဆိုသည်။

ဇန်န၀ါရီလ ၇ ရက်နေ့တွင်ပင် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခဲ့သော တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးခင်ဇော်ကို ၀န်ကြီးချုပ်ရာထူးမှ အနားပေးခဲ့ပြီး အမိန့်စာတစ်ရပ်ကို သမ္မတဦးသိန်းစိန်က ထုတ်ပြန်ခဲ့ပြီး ၎င်း၏ ဆန္ဒသဘောအရ နုတ်ထွက်ခွင့်ပြုသည်ဟု အမိန့်စာတွင် ဖော်ပြခဲ့သည်။

“ဘယ်လောက်ပဲ ကြီးမားတဲ့ လာဘ်ပေးလာဘ်ယူ လုပ်ပါစေ၊ ရာထူးအနားပေးရုံ၊ ဌာနပြောင်းရွှေရုံ လောက်ပဲ အရေးယူပြီး ပြီးသွားတယ်ဆိုရင်တော့ ဦးသိန်းစိန်အစိုးရ ပြောနေတဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ခြစားတဲ့ ၀န်ထမ်းတွေကို ထိထိရောက် တရားရုံးတင် ထောင်ချ၊ မီဒီယာတွေမှာ လွတ်လွတ်လပ်လပ် ဖော်ပြခွင့်ပေးမှ နောင် အစိုးရ၀န်ထမ်းတွေ ခြစားမှုမလုပ်ရဲမှာ” ဟု ရန်ကုန်အခြေစိုက် ၀ါရင့်သတင်းစာ ဆရာတဦးက သုံးသပ်သည်။

ပြည်တွင်း သတင်းမီဒီယာများတွင် အစိုးရ၀န်ထမ်းများ၏ လာဘ်ပေးလာဘ်ယူ သတင်းများနှင့် ပတ်သက်ပြီး ဖော်ပြခွင့် မရသေးဘဲ ဆက်လက်ပိတ်ပင် ထားဆဲဖြစ်သည်။
http://burma.irrawaddy.org/archives/4711

(NLD) ဗဟန်းမြို့နယ် ရုံးခန်း ဖွင့်ပွဲ အခမ်းအနား

The Voice Weekly

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟန်းမြို့နယ် ရုံးခန်း ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်က ကျင်းပပြုလုပ်ခဲ့ရာ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။




(NLD) ဗဟန်းမြို့နယ် ရုံးခန်း ဖွင့်ပွဲ အခမ်းအနားဓါတ်ပုံများ(Click)


နိုင်ငံရေးတွင် ပြည်သူများ ပူးပေါင်းပါဝင်စေလို

By featured, ဧရာဝတီ on January 11, 2012 4:10 pm


မိမိတို့၏ ဆန္ဒမဲဖြင့် ကိုယ်လိုချင်သော အစိုးရဖြစ်အောင် ဖန်တီးကြရန်နှင့် နိုင်ငံရေးတွင် ပြည်သူများ ပူးပေါင်းပါဝင်ကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

ယနေ့နံနက် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဖွင့်ပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရေစီလမ်းကို သွားနိုင်ဖို့အတွက် ရွေးကောက်ပွဲ လုပ်တယ်ဆိုတာက အဓိကတော့ ပြည်သူတွေရဲ့အသံ ကျယ်ကျယ်ရှင်းရှင်း ကြားနိုင်အောင် လုပ်တဲ့ကိစ္စ။ သန်း ၆၀ စလုံးက မဲထည့်နိုင်တဲ့ အနေအထားမရှိဘူး။

ရွေးကောက်ပွဲမှာ မဲထည့်နိုင်တဲ့ သူတွေက မိမိတို့ရဲ့ လုပ်ပိုင်ခွင့်ကို သုံးစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်လုပ်ပိုင်ခွင့်ကို ကိုယ်သုံးမှ ထိန်းသိမ်းထားနိုင်မှာပါ။ ကျမတို့ ပြည်သူတွေက မဲပြားတွေနဲ့ ကိုယ်လိုချင်တဲ့ အစိုးရဖြစ်အောင် လုပ်ရမယ်” ဟု ပြောသည်။

မဲပေးခြင်းသည် မိမိရွေးချယ်လိုက်သော ကိုယ်စားလှယ်ကို မိမိလုပ်စေချင်သည့် ကိစ္စများအတွက် တာဝန်အပ်နှင်းခြင်း ဖြစ်ကြောင်း၊ မဲရသူကလည်း အာဏာရခြင်းမဟုတ်ဘဲ တာဝန်တခုရသည်ဟု စိတ်ထဲတွင် ထားရန်လိုကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယခုအချိန်တွင် ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် ပြည်သူများအကြား နားလည်မှုနှင့် ညီညွတ်ရေးရှိရန် လိုအပ်ကြောင်း၊ မိမိဒေသ၊ မြို့နယ်ဆိုသော အမြင်ဖြင့် မကြည့်ဘဲ မြန်မာနိုင်ငံတနိုင်ငံလုံး အတိုင်းအတာအတွက် စဉ်းစား အလုပ်လုပ်ရမည် ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ကျမပြောချင်တာက သွားရမယ့် ခရီးက အရှည်ကြီးပဲ ရှိသေးတယ်။ နောက် လုပ်စရာကိစ္စတွေ အများကြီးရှိ သေးတယ်။ ပြီးတော့ ဒီမနက်နဲ့ မပြီးဘူး။ တရက်နဲ့ ပြီးမှာ မဟုတ်ပါဘူး။ တလနဲ့ပြီးမှာလည်း မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ကျမတို့ လိုချင်တဲ့ နိုင်ငံတခုကို တည်ဆောက်ဖို့ လိုမှာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အလုပ်လုပ်ဖို့ အားတွေကို စုဆောင်းထားကြပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာသော ပရိသတ်များကို ပြောသည်။

ဇန်နဝါရီလ ၉ ရက်နေ့က NLD ၏ ဦးဆောင်မှုပုံစံ အပြောင်းအလဲလုပ်ခဲ့ရာ ဦးတင်ဦး၊ ဦးဝင်းတင် အပါအဝင် ၅ ဦးက သဘာပတိအဖွဲ့ ဖြစ်လာပြီး ဒေါ်အောင်ဆန်းစုကြည်က ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌနှင့် ဦးဉာဏ်ဝင်း၊ ဒေါက်တာ မေဝင်းမြင့် အပါအဝင် ကျန် ၆ ဦးက ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်လာသည်။

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် မဲဆန္ဒနယ် ၄၈ နေရာစလုံး၌ NLD က ၀င်ပြိုင်မည်ဟု သိရသည်။
http://burma.irrawaddy.org/archives/4714

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကော့မှူးမြို့နယ် အောင်နိုင်ရေး အဖွဲ့ စည်းရုံးရေး ဆင်း



2012-01-11
လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက် အရွေးခံမယ့် ကော့မှူးမြို့နယ်က ကျေးရွာတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ် အောင်နိုင်ရေး အဖွဲ့ဝင်တွေ ဒီကနေ့ သွားရောက် စည်းရုံးခဲ့ပါတယ်။


AFP
မြန်မာနိုင်ငံ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူ မစုစုနွေး ယခင်တကြိမ် ထောင်မှ လွတ်လာပြီး ၂ဝဝ၇ ခုနှစ် ဇွန်လ ၈ရက်နေ့က ဆေးရုံပေါ်တွင် တွေ့ရပုံ ဖြစ်ပါသည်။
ကော့မှူးမြို့နယ် အရှေ့ပိုင်းနဲ့ အလယ်ပိုင်းက ကျေးရွာ တချို့ကို သွားရောက်ခဲ့ကြောင်း၊ မိမိကတော့ ကျေးရွာလေးရွာကို ဒီကနေ့ ရောက်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်၊ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးက အာရ်အက်ဖ်အေကို ပြောပါတယ်။ “သူတို့ကတော့ အမေစုကို ချစ်လည်း ချစ်တယ်ပေါ့။ အမေစုဆိုရင် စည်းရုံးစရာ မလိုဘဲနဲ့ကို ထည့်ချင်နေတယ်ပေါ့။ နောက်တော့ အခုက ဘယ်လိုဖြစ်နေသလဲ ဆိုတော့ မဲထည့်တဲ့ နေရာမှာပေါ့၊ မဲ မည်းသွားမှာကို သူတို့ စိုးရိမ်နေတယ်။ အရင်လိုပေါ့နော်၊ သူတို့မဲကို လိမ်လိုက်မှာကို သူတို့ စိုးရိမ်နေတယ်။ အဲလိုမျိုး ထူးခြားချက်ကလေးတွေ ကျွန်မတို့ တွေ့ရပါတယ်” ကော့မှူးမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ကို မြို့နယ် အန်အယ်လ်ဒီ တာဝန်ခံ တစ်ဦး ဖြစ်တဲ့ ဦးအေးသိန်းက ခေါင်းဆောင်ပြီး စုစုပေါင်း အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီကနေ့ စည်းရုံးရေး ခရီးစဉ်နဲ့ ပတ်သက်ပြီး မစုစုနွေးနဲ့ ဆက်သွယ် မေးမြန်းချက်ကို သတင်း အပြီးမှာ နားဆင်ရပါမယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

http://www.rfa.org/burmese/news/kawhmu-campaign-01112012103643.html



ဗဟန်းမြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေး ကော်မတီရုံး ဖွင့်

2012-01-11
ပြည်သူတွေရဲ့ အနာဂတ်ဘဝ သာယာဝပြောရေးကို လက်တွေ့ ပုံဖော်နိုင်ရေး အတွက် မိမိတို့ နိုင်ငံရေး လုပ်ငန်းတွေ ဆောင်ရွက်နေတာလို့ အန်အယ်လ်ဒီ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေး ကော်မတီရုံးဖွင့်ပွဲ အခမ်းအနားမှာ ပြောသွားပါတယ်။


NLD
၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်း အတွင်း ပထမဆုံး ပြန်လည် ဖွင့်လှစ်သည့် ဗဟန်းမြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေး ကော်မတီရုံးဖွင့်ပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အဖွင့် မိန့်ခွန်း ပြောကြားနေစဉ်။

ဒီရုံးခန်းဟာ အန်အယ်လ်ဒီ ပါတီက ရန်ကုန်တိုင်း အတွင်း ပထမဆုံး ပြန်လည်ဖွင့်လှစ်တဲ့ မြို့နယ် အဆင့်ရုံးပါ။ ရုံးခန်းကို ဒေါ်အောင်ဆန်းစုကြည်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မြန်မာနိုင်ငံရဲ့အနာဂတ် အတွက် ပြည်သူတွေနဲ့ လက်တွဲ လုပ်ဆောင်မယ်လို့ အဖွင့် မိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။ "အနာဂတ်ကို ကိုယ်လိုချင်တဲ့ ပုံစံဖြစ်အောင်လို့  ပုံသွင်းဖို့ အတွက် နိုင်ငံရေးလုပ်နေတာ၊ အဲဒီလိုလုပ်နေတဲ့ အခါမှာ ပြည်သူတွေပါဖို့ လိုပါတယ်။ ပြည်သူတွေပါမှ ကိုယ်လိုချင်တဲ့ ပုံစံကို ကိုယ်ပုံသွန်းပြီးတော့ ပုံသွင်းတဲ့ နေရာမှာ ပါဝင်နိုင်မှာပါ။" ဒီအခမ်းအနားမှာ အန်အယ်လ်ဒီပါတီ သဘာပတိ အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဆောင်ရွက်ရင်း အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားတွေကို ဂုဏ်ပြုရင်း ပါတီဝင်တွေ အနေနဲ့ တက်တက်ကြွကြွ ဆောင်ရွက်ကြဖို့ တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။ ဦးတင်ဦးက ဆက်လက်ပြီး အခုဖွင့်လှစ်တဲ့ ဗဟန်းမြို့နယ်ဟာ မကြာမီ ကျင်းပဖို့ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ နေရာလပ် မရှိပေမယ့် နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ အောင်ပွဲခံနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ဖို့ ပြောဆိုသွားပါတယ်။ ဒီအခမ်းအနားကို ဧည့်ပရိသတ် တစ်ထောင်ကျော် တက်ရောက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင်က အသေးစိတ် ဆက်လက်တင်ပြပါမယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/assk-nld-bahan-office-01112012100605.html

photo of a day



photo - Burma VJ Media Network

NLD ကြေငြာချက်အမှတ် ၂-၀၁-၁၂




(ညှပ်ထိုင်ခွင့်မပြု)...ဦးစိုးကြွယ်..

Burma VJ Media Network

Solo Demonstration for the failed promised by the ruling Party


ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်က ကြံ့ ဖွံ့ ပါတီအစိုးရ ရဲ့ ကတိမတည်မှုနဲ့ အခြေခံအခွင့်အရေးအတွက် ဦးစိုးကြွယ်ရဲ့  တကိုယ်တော်ဆန္ဒပြမှု မှတ်တမ်း
(ပြည်သူ့ သတင်းထောက်(CJ) တဦးထံမှ ရရှိပါသည်။) ဦးစိုးကြွယ်မှာ ဆန္ဒပြမှုအတွက် အထိမ်းသိမ်းခံခဲ့ရပြီး ညနေပိုင်းမှာ အာမခံနဲ့ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။



ဒေါ်မာလာဝင်း ကို ဂုဏ်ပြု ညစာစားပွဲဖိတ်ခေါ်ပြီး အင်္ကျီပေးအပ်

Burma VJ Media Network

ပြည်ထောင်စု တိုင်းရင်းသား ဒေသတွေအတွက် ပညာရေး ရန်ပုံငွေရှာတဲ့
ဂီတဖျော်ဖြေပွဲမှာ ပါဝင်ခဲ့ကြတဲ့ ဂီတ အနုပညာရှင်တွေနဲ့ ဂီတ ဖျော်ဖြေပွဲအတွင်း
ဈေးရောင်း ပွဲတော်မှာ ပါဝင်ကူညီခဲ့ကြတဲ့ သူတွေအားလုံးကို လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြု ညစာစားပွဲဖြင့် သူမရဲ့နေအိမ်မှာ
ဇန်န၀ါရီလ ၉ ရက်နေ့က ဧည့်ခံကျွေးမွေးခဲ့သလို အနုပညာရှင်တွေ
ဝိုင်းဝန်း လက်မှတ် ထိုးထားတဲ့ တီရှက်အကျီ င်္ကို ငွေကျပ် ၁၂၅ သိန်းနဲ့
ဈေးအမြင့်ဆုံးပေးပြီး ၀ယ်ယူ သွားခဲ့တဲ့ common Purpose ကုမ္မဏီက
မန်နေဂျင်း ဒါရိုက်တာ ဒေါ်မာလာဝင်း ကို ဒီဂုဏ်ပြု ညစာစားပွဲဖိတ်ခေါ်ပြီး
အင်္ကျီပေးအပ်ပွဲကို ပါတစ်ပါတည်း ပြုလုပ်သွားခဲ့ပါတယ်။