Friday, January 13, 2012

သမီး၂ယောက်


ယုံကြည်ချက်တွေခံယူချက်တွေခဏထား....၆၅နှစ်ချတယ်....ဆိုတဲ့မတရားအမိန့်နောက်အခိုက်အတန့် မှာ..
ဝေးရပြီဆိုတဲ့အသိ..ခံစားမှုနဲ့..အခုခံစားချက်....အဲ့နေရာခဏလောက်သင်ဝင်ထိုင်ကြည့်ပေးပါ။။။။။။





၅ညတွေပဲဘာလို့လွှတ်လဲ..





Burma VJ Media Network
ပဲခူးတိုင်း NLD လူငယ်ဖြစ်တဲ့ ကိုအောင်သန်းက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာလာခြင်း လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရ အနေနဲ့ အပြောင်းအလဲကို လုပ်မယ်ဆိုရင်တော့ ပြတ်ပြတ်သားသား လုပ်ပါလို့ တိုက်တွန်းလိုက်ပါတယ်။
ကိုအောင်သန်း (ခ) အောင်မိုးဟာ ပဲခူးတိုင်း NLD လူငယ်ဖြစ်ပြီး ပုဒ်မ ၅ည၊ ၁၇/၁ ၊ ၁၃/၁ တို့နဲ့ ထောင်ဒဏ် ၂၆ နှစ်ကျပြီး နေသား ၆ နှစ် ရှိပြီဖြစ်ပါတယ်။ မနီလာသိန်းတို့နဲ့အတူ သာယာဝတီထောင်ကနေ ဒီကနေ့၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတာ ဖြစ်ပါတယ်။

မြန်မာ့အပြောင်းအလဲ ခိုင်မာရေး ကူညီကြဖို့ ဘန်ကီမွန်း တိုက်တွန်း

သောကြာ, 13 ဇန်နဝါရီ 2012


By ဒေါ်ခင်မျိုးသက်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နိုင်ငံရေးအကျဉ်းသားတွေကို မြန်မာအစိုးရက ပြန်လွှတ်ပေးလိုက်တာကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီး ဒီလုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး အခြေအနေတွေ ရေရှည်တည်တံ့ ခိုင်မြဲနိုင်မယ့် အခြေအနေတွေ ပေါ်ထွန်းရေးနဲ့ ပြည်သူလူထုဘ၀ တိုးတက်ကောင်းမွန်ရေး တို့အတွက် ပူပေါင်း ကူညီကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

ကာလကြာရှည်စွာ စောင့်မျှော်ခဲ့ရတဲ့ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးဟာ သောကြာနေ့မှာ အကောင်အထည် ပေါ်လာခဲ့တာမို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောခွင့်ရ အယ်လ်ဒွာဒိုဒူဘေး က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ကာလကြာရှည်စွာ စောင့်စားခဲ့ရတာ ဒီကနေ့မှာ လွှတ်ပေးလိုက်တာမို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ၀မ်းမြောက်စွာနဲ့ ကြိုဆိုလိုက်ပါတယ်။ အခုချိန်ထိ လွှတ်ပေးခဲ့သမျှထဲမှာ ဒီတစ်ကြိမ်က ထင်ရှားတဲ့ အဓိက ခေါင်းဆောင်တွေ ပါခဲ့တာမို့ သိပ်ကိုထူးခြားပါတယ်။ ဒီလိုအရေးပါတဲ့ တိုးတက်မှုအတွက် အတွင်းရေးမှူးချုပ်က မြန်မာခေါင်းဆောင်တွေကို ချီးကျူးလိုက်သလို အခုလွတ်မြောက်လာသူတွေ အားလုံးဟာလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေနဲ့ မြန်မာနိုင်ငံတွင်း တရားဥပဒေ စိုးမိုးရေး၊ ဒီမိုကရေစီ ခိုင်ခိုင်မာမာဖြစ်ထွန်းရေး ကိစ္စတွေမှာ လွတ်လွတ်လပ်လပ် ပါဝင်ခွင့် ရနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။”

မစ္စတာ ဘန်ကီမွန်းအနေနဲ့ မြန်မာနိုင်ငံက ဖြစ်ထွန်းတိုးတက်မှုတွေထဲမှာ ကြာသပတေးနေ့ကပဲ နှစ်ပေါင်းများစွာ လက်နက်ကိုင်ဆွဲ တိုက်ပွဲဝင်နေတဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KNU အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးလမ်းစကို ဖော်ဆောင်နိုင်ခဲ့တာအတွက် အသိအမှတ်ပြု ကြိုဆိုလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ အဆုံးသတ်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးတွေ ရဖို့အတွက် အခုလွတ်မြောက်လာသူတွေ အပါအ၀င် အဖွဲ့အစည်း အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ကနေတဆင့် တိုးတက်အောင်လုပ်ဖို့ အားပေးကြောင်း သောကြာနေ့မှာပဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့အရေး နိုင်ငံတကာကနေ ၀ိုင်းဝန်းပံ့ပိုး ကူညီဖို့ကိုပါ တောင်းဆိုလိုက်ပါတယ်။

“အခုလို မြန်မာနိုင်ငံတွင်း အရေးပါတဲ့ ဖြစ်ထွန်းတိုးတက်မှုတွေ အပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက တုံ့ပြန်တဲ့အနေနဲ့ မြန်မာပြည်သူတွေ ပိုမိုကောင်းမွန်တဲ့ အနေအထား ရောက်လာဖို့ဖြစ်စေ၊ အခုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တာရှည်မြဲစေမယ့် အခြေအနေမျိုးရောက်အောင် ၀ိုင်းဝန်းကူညီကြဖို့ အတွင်းရေးမှူးချုပ်က ပန်ကြားလိုက်ပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာနိုင်ငံက ဖြစ်ထွန်းတိုးတက်မှုတွေ အတွက် မပြတ် စောင့်ကြည့်နေမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
http://www.voanews.com/burmese/news/Burma-Ban-Ki-moon-01-13-12-137324308.html

မစန္ဒာမင်း ( ရွီး ) ..အရှင် Gambira ....

အဂ္ဂမဟာ သရေစည်သူ ဒီမိုဖက်တီး ဖေ့ဘွတ်မှ..(ရေးရတာညောင်းတယ်)



 မြောင်းမြထောင်က လွတ်မြောက်လာတဲ့ မစန္ဒာမင်း ( ရွီး ) .......


 ကိုမင်းကိုနိုင်ကို အောင်လံမြို့အ၀င် ကြိုဆိုစဉ် - (7Day News)


မြောင်းမြထောင်က ပြန်လည်လွတ်မြောက်လာတဲ့ ... ရွှေဝါရောင် ခေါင်းဆောင်
အရှင် Gambira ....

ရွှေညဝါ ဆရာတော်၏ အသနားခံစာ ပယ်ချခံရ





ကျော်ခ | သောကြာနေ့၊ ဇန်နဝါရီလ ၁၃ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၄၉ မိနစ်



မဲဆောက် (မဇ္ဈိမ) ။       ။ ရွှေညဝါ ဆရာတော် ဦးပညာသီဟ က သာဓုကျောင်းတိုက်တွင် ဆက်လက် သီတင်းသုံးခွင့်နှင့် သာသနာပြုလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခွင့်ပြုရန် အသနားခံ တင်ပြထားခြင်းအား ရန်ကုန်တိုင်း သံဃာ့မဟာ နာယက အဖွဲ့က ပယ်ချလိုက်ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုကျောင်းတိုင်းမှ ဦးပညာသီဟ မှ အသနားခံ တင်ပြလာခြင်းနှင့် စပ်လျဉ်း၍ မူလစီရင်ချက်အတိုင်းသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း သံဃာ့မဟာ နာယက အဖွဲ့၏ အကြောင်းပြန် ညွှန်ကြားစာအရ သိရှိရခြင်းဖြစ်သည်။

“အကြောင်းပြန်စာက ဒီနေ့မှရောက်လာတာ ဆရာတော်က ဘယ်လိုဆုံးဖြတ်မယ်။ ဘာဆက်လုပ်မယ် ဆိုတာတော့ မသိရသေးဘူး။ ဆရာတော်က ခရီးထွက်နေတာ နိုင်ငံခြားခရီးစဉ်ကနေ ဒီနေ့မှ မြန်မာပြည်ကို ပြန်ရောက်မှာ”
ဟု ရွှေညဝါ ဆရာတော်ကြီး၏ အနီးကပ် တပည့်ရင်းဖြစ်သူ ဦးသူရိယ က မဇ္ဈိမကို မိန့်ကြားသည်။

ညွှန်ကြားချက်မှာ ဇန်နဝါရီလ ၃ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသော်လည်း ကျောင်းတိုက်သို့ ၁ဝ အကြာမှ
ရောက်ရှိလာခဲ့ခြင်းကြောင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာခဲ့၍ တနိုင်ငံလုံး ဝမ်းသာနေကြမည့်
နေ့ကို ရွေးပို့သဖြင့် ယင်းလုပ်ရပ်သည် မရိုးသားဟု သံဃာတော်များက ယူဆနေကြသည်။

“ဆရာတော်ကို ဒီလိုလုပ်မယ်ဆိုတာကို ဒကာ၊ ဒကာမ ဖြစ်တဲ့ ပြည်သူတွေက လက်မခံဘူးဆိုတာ သူတို့က သိတယ်။ ဒါကြောင့် အချိန်ဆွဲပြီး နိုင်ငံရေးအကျဉ်းသား လွှတ်တဲ့အချိန်၊ သူများတွေ ဝမ်းသာပြီး အကောင်းမြင်
နေချိန်မှာ လုပ်လိုက်တာပဲ။ လုံးဝကို ရိုးသားမှုမရှိဘူး” ဆရာတော်၏ တပည့် သံဃာတော်တပါးက မိန့်ကြား သည်။

နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ (မဟန)ထံ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က ပေးပို့ခဲ့သည့် အသနားခံစာ ထဲတွင် “ဘုရား တပည့်တော်သည် နိုင်ငံဥပဒေနှင့် ရဟန်းဥပဒေတို့ကို လေးစားလိုက်နာလျက် မည်သည့် အခါကမျှ ဖောက်ဖျက် မကျူးလွန်ခဲ့ပါဘုရား။ အခြားသော ရာဇဝတ်မှုခင်းဆိုင်ရာ ပြဿနာများ လည်း လုံးဝ ကင်းရှင်းကြောင်း ကတိပြုပါသည် ဘုရား” ဟု ရွှေညဝါ ဆရာတော်က အသနားခံ လျှောက်တင် ခဲ့သည်။

သို့သော် ရန်ကုန်တိုင်း သံဃာ့မဟာ နာယက ၂ဝ၁၂ ဇန်နဝါရီ ၁၃ ရက်နေ့အကြောင်း ပြန်ခဲ့သည့်အထဲတွင် “သာဓုကျောင်းတိုက် (ရွှေညဝါ ဆရာတော်) မှ တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ပန္နရသမ အစည်းအဝေး ဆုံးဖြတ်ချက်ပါ အတိုင်းသာ ဆောင်ရွက်ရေး ညွှန်ကြားရန်” ဟု ဖော်ပြ ပါရှိသည်။

ဆရာတော်ကို ၂ဝ၁၁ ဖေဖေါ်ဝါရီမှစ၍ တနှစ်အတွင်း တရားမဟောရန် မဟန က ပိတ်ပင်ထားပြီး တားမြစ် ကာလ မပြည့်ခင် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးတွင် ကမ္ဘာ့ဒီမိုကရေစီနေ့က တရားဟောခဲ့သည့် အတွက် ၎င်းသီတင်းသုံးရာ ကြည့်မြင်တိုင်ရှိ သာဓု ပရိယတ္တိ ကျောင်းတိုက်မှ ဖယ်ရှား ရန်နှင့် ကျောင်းတိုက်တွင်း မည်သည့်သင်တန်းမှ မပြုလုပ်ရန် မဟန မှ ဒီဇင်ဘာလ ၁၂ ရက်နေ့က စာပေးပို့ ညွန်ကြားခဲ့ခြင်း ဖြစ်သည်။

ဦးပညာသီဟမှာ သာဓုပရိယတ္တိကျောင်းတိုက်၏ အုပ်ချုပ်စီမံ ပညာရေး တာဝန်ခံ တိုက်ကြပ်ဆရာတော်ဖြစ်ပြီး ယင်းကျောင်းတိုက်၌ နှစ်စဉ် မြန်မာတပြည်လုံးရှိ သံဃာပေါင်း ၁,ဝဝဝ ကျော်ကို စိစစ်၍ အဘိဓမ္မာ သင်တန်း များ ပို့ချပေးလျက် ရှိသည်။ ယခုအခါ ထို အဘိဓမ္မာ သင်တန်းများလည်း မဟန ၏ ညွှန်ကြားချက်ဖြင့် ပိတ်ပင် ခံထားရသည်။

ဘန်ကောက်မြို့ Mahachula Buddhist University တွင် ပညာသင်ကြားနေသည့် ဆရာတော် ဦးတေဇ က “ဘာမှ မဆိုင်တဲ့ တက္ကသိုလ်ဖွင့်ထားတဲ့ ကျောင်းတိုက်ကြီးကို ပိတ်ခိုင်းတာက၊ သံဃာ့နာယက အနေနဲ့ သာသနာတော်ကို ဆုတ်ယုတ်မှာ စိုးလို့ စောင့်ရှောက်ရာမရောက်ဘဲနဲ့ ယုတ်လျော့အောင် လုပ်နေသလို ဖြစ်နေတယ်” ဟု မဇ္ဈိမကို မိန့်ကြားသည်။

ပယ်ချလိုက်ကြောင်း ညွှန်ကြားစာ
shwenyawarss
http://www.mizzimaburmese.com/news/inside-burma/8880-2012-01-13-14-21-43.html


နေဖုန်းလတ်၊ကိုမြအေး၊ကိုကိုကြီး၊ကိုဇော်သက်ထွေး၊ကိုဂျင်မီ၊မနီလာသိန်း













ဘေဘီနီလာသိန်းရဲ့ ဖခင် ကိုဂျင်မီ
ဖနိဒါ | သောကြာနေ့၊ ဇန်နဝါရီလ ၁၃ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၅၈ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ၂ဝဝ၇ ခုနှစ် လောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်းများ မြင့်တက်မှုအား လမ်းလျှောက် ဆန္ဒပြခဲ့သဖြင့် ထောင်ဒဏ် ၆၅ နှစ်ကျခံခဲ့ရသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခေါ်) ကိုကျော်မင်းယုလည်း သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရှမ်းပြည်နယ် တောင်ကြီးထောင်မှ
သောကြာနေ့က လွတ်မြာက်လာသည်။ ဇနီးဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်းလည်း ရန်ကုန်တိုင်း သာယာဝတီထောင်မှ လွတ်မြောက်လာပြီ ဖြစ်သည်။

အဖမ်းခံရစဉ်က သမီးငယ် ဘေဘီနီလာသိန်း (ခေါ်) ဖြူနေခြည်မင်းယု မှာ ၄ လအရွယ်မျှသာ ရှိသေးပြီး ယခု
ပြန်လွတ်လာချိန်တွင် ၅ နှစ်အရွယ် သမီးလေးအား ခုချိန်ထိ မတွေ့ရသေးပေ။

တောင်ကြီးထောင်မှ လွတ်မြောက်လာခဲ့သည့် ကိုဂျင်မီကို မဇ္စျိမသတင်းထောက် ဖနိဒါက ဆက်သွယ်မေးမြန်း ထားသည်။


သမ္မတ ဦးသိန်းစိန်မှ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက်ဆိုပြီး ခုလို အကိုတို့ ၈၈ ကျောင်းသားတွေကို လွတ်ပေး လိုက်တဲ့အပေါ် ဘယ်လို ထင်လဲ။

လွတ်ပေးတာ ကောင်းပါတယ်။ ဒါပေမယ့် အကိုတို့ တောင်ကြီးတောင်က ၁၁ ယောက်ထဲမှ ၁ဝ ယောက်ပဲ လွှတ်တယ်။ တယောက် မလွတ်ဘူး။ ဦးရွှေထူး။ သူ ကျန်နေခဲ့တယ်ကွာ။ သူက သာမန် ကျောင်းဆရာ ပဲ။ အဲဒါ မကောင်းဘူး။ လွှတ်ပေးစရာရှိရင်လည်း အကုန်လုံး လွှတ်ပေးလိုက်ပါ။ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးတယ်ဆိုတာ တိုင်းပြည် ကောင်းကျိုးအတွက် ဖြစ်တယ်။ တကမ္ဘာလုံးက ဒီလိုလွှတ်ပေးတာက
ကောင်းတယ်လို့ ပြောချင်တယ်။


အကို လွတ်လာပြီးတော့ ပထမဆုံး ဘာလုပ်မယ်လို့ စိတ်ကူးထားလဲ။

လွတ်လာတာနဲ့ သူငယ်ချင်းတွေ အားလုံးဆုံမယ်။ ဆုံပြီးတော့ ဆုံးဖြတ်ချက်တခု ကျရမှာပေါ့နော်။ အခု
လောလောဆယ်မှာတော့ အစိုးရသွားနေတဲ့ လမ်းကြောင်းက ဟိုးအရင်က လမ်းကြောင်းနဲ့ သွားတူနေတာ
တွေ့ရတယ်။ အဲဒါကို ဆက်ပြီး မောင်းနှင်ရမယ်။ ဆိုလိုချင်တာက တွေ့ဆုံဆွေးနွေးရေးမှတဆင့် အမျိုးသား
ပြန်လည် သင့်မြတ်ရေးသို့ ဆိုတဲ့ လမ်းကြောင်းပေါ့နော်။ အဲဒါကို ရဖို့ အကိုတို့ နှစ်ရှည်လများ ကြိုးစားခဲ့ တာလေ။ ဒါကို အစိုးရက လက်ခံလာပြီး ဒီအတိုင်းသွားမယ်ဆိုရင် သူတို့နဲ့ ပူးပေါင်းပြီးတော့ ဒီဥစ္စာကိုပဲ
Draft လုပ်သွားရမှာပေါ့။


၈၈ အဖွဲ့ကို တရားဝင်ပါတီဖြစ်ဖို့ ရွေးကောက်ပွဲဝင်မယ် စိတ်ကူးရှိလား။

ဒါကလောလောဆယ် မဆုံးဖြတ်ရသေးဘူး။ အားလုံးဆုံပြီးတော့မှ ဆုံးဖြတ်မယ်။


ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲဝင်တဲ့ အပေါ်မှာ ဘယ်လို မြင်လဲ။

ဒါက လက်ခံပါတယ်။ ထောက်ခံပါတယ်။ ရွေးကောက်ပွဲဝင်ရင် တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးကြဖို့ အထဲမှာ
နေကတည်းကနေ ပြောထားပြီးသားဖြစ်ပါတယ်။


သမ္မတ ဦးသိန်းစိန် အစိုးရ သွားနေတဲ့ ဒီမိုကရေစီအပြောင်းအလဲလုပ်ဆောင်နေမှုကိုတွေကို ဘယ်လို မြင်လဲ။

သမ္မတ ဦးသိန်းစိန် လုပ်ဆောင်နေမှုတွေကို ဂျာနယ်တွေထဲကနေ ဖတ်ရပါတယ်။ ဒါတွေဟာ အပြုသဘော
ဆောင်တဲ့ ကိစ္စတွေ၊ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေ အများကြီးလုပ်ခဲ့တယ်ဆိုတာကိုလည်း ရည်ညွန်း
နေကြတာပေါ့ဗျ။ ဒါကတော့ ကြိုဆိုသင့်တဲ့ အပိုင်းကို ကျနော်တို့ ကြိုဆိုမှာပါ။ လုပ်သင့်လုပ်ထိုက်တဲ့အပိုင်းကို လုပ်တယ်ဆိုတာကလည်း ကျနော်တို့ လေးလေးနက်နက်လက်ခံတယ်။ ဒါပေမယ့် လုပ်စရာတွေ အများကြီး ရှိသေးတယ်ဆိုတဲ့အကြောင်းကိုလည်း ကျနော်ပြောချင်တယ်။ အဲဒီအတွက် ကျနော်တို့ကလည်း အဲဒီလုပ်စရာ အများကြီးရှိတဲ့ ရှိတဲ့ ဒီလုပ်ငန်းတွေအတွက်ကို ကျနော်တို့လည်း ပူးပေါင်းပြီးတော့ အင်တိုက်အားတိုက်
ဆောင်ရွက်မယ်ဆိုတာကို ပြောချင်တယ်။


အစိုးရဘက်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နဲ့ အပစ်အခတ် ရပ်ဆိုင်းရေးတွေလုပ်နေပြီ၊ ဒီလို ဆွေးနွေးမှုတွေ အပေါ်မှာ ဘယ်လိုသဘောရလဲ။

ဒါတွေက တကယ်လုပ်ရမယ့် အချက်ဘဲ။ ဒါက ကျနော်ဆိုလိုချင်တဲ့ concept ပေါ့။ တွေ့ဆုံဆွေးနွေးရေးမှ တဆင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းကြောင်းကို သွားမယ်ဆိုရင် ဒါတွေ အကုန်သွားရမယ်။ အပစ်အခတ်ရစဲရမယ်။ ဒီကနေ ငြိမ်းချမ်းရေးသွားမယ်။ ဒီအမျိုးသားပြန်လည် သင့်မြတ်ရေးမရှိရင် ဘယ်တိုင်းပြည်မှ မတိုးတက်ဘူး။ ဒီ concept ကို လက်ခံထားမယ်ဆိုရင် ငြိမ်းချမ်းရေး မဖြစ်ဖြစ်အောင် လုပ်ရမယ်လို့ မြင်ပါတယ်။


ပြည်တွင်းပြည်ပမှာ ရှိနေနဲ့ ဒီမိုကရေစီလှုပ်ရှားသူတွေကိုရော ဘာများ ပြောချင်လဲ။

ပြောချင်တယ်။ အပြင်မှာရှိနေတဲ့ ကျနော်တို့ ရဲဘော်ရဲဘက်တွေဟာ သူတို့ ယုံကြည်ချက်တွေကို စွန့်လွတ်ပြီး
တော့ နိုင်ငံခြားကို ထွက်ခွာသွားရတာ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက်တွေ ဖြစ်တယ်။ အခု ကျနော်တို့ လွတ်လာ ပြီ တိုင်းပြည် တာဝန်ကို ဆက်ပြီး ထမ်းဆောင်ရမယ်။ သူတို့ကြီးပဲ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့တယ်။ သူတို့ မြန်မာပြည်ကို ပြန်လာပြီးတော့ လွတ်လွတ်လပ်လပ် ကျနော်တို့နဲ့အတူ တာဝန် ထမ်းဆောင်နိုင်ဖို့ အတွက်ကို ကျနော်တို့ ကြိုးစားသွားမယ်။ သူတို့လည်း ဒီမှာ တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် အင်အားတွေ
ဖြည့်ထားပါလို့ ကျနော်ပြောချင်တယ်။


ကျမ ကြားရသလောက် လူ့အခွင့်အရေး မြင့်တင်ရေးကွန်ယက် ဦးမြင့်အေးကို မလွတ်ပေးသေးဘူးလို့ ကြားရတယ်။ အဲဒီအပေါ် ဘာကြောင့်လို့ ထင်လဲ။

ဒါ သိပ်ဆိုးတဲ့ ကိစ္စရပ်တွေဗျာ။ ဒီလိုတွေ လူကောင်းတွေပါ။ တိုင်းပြည်ကို တကယ်ကောင်းစေချင်တဲ့လူတွေပါ။ ကျနော်တို့ အာမခံပါတယ်။ ဒီလူတွေကို လွှတ်ပေးသင့်ပါတယ်ဗျာ။ ဒီလိုတွေကို လွှတ်ပေးခြင်းအားဖြင့် တိုင်းပြည်အကျိုးရှိမယ်ဆိုတာ သိဖို့ဘဲ။ တကယ်ကျနော်တို့ တာဝန်ယူပါတယ်ဗျာ။


အခုနောက်ဆုံး မေးခွန်းအနေနဲ့ နှစ်ပေါင်းများစွာ ခွဲနေရခဲ့ရတဲ့ သမီးလေးကို တွေ့ရတော့မယ် ဆိုတော့ ဘယ်လိုခံစားရလဲ။

အဖေတယောက်အနေနဲ့ ဝမ်းသာတာပေါ့။ လူသားတယောက်အနေနဲ့ ဝမ်းသားပါတယ်။ ဒါပေမယ့် သေချာ တာတခုတော့ သမီးလေးကလေ ဒီအခြေအနေထဲကို တော်တော်စဉ်းစားပြီးတော့ ဝင်လာတဲ့သမီးပါ။
http://www.mizzimaburmese.com/multi-media/photo-news/8835-2012-01-03-07-59-04.html

ကိုဝင်းမော်၊ကိုဂျင်မီ၊မနီလာသိန်း၊ကိုပြုံးချို၊ခွန်ထွန်းဦး၊ကိုဌေးကြွယ်၊နေဘုန်းလတ်၊ဒီငြိမ်းလင်း၊ဇော်သက်ထွေး





သံသာဝင်း(facebook)မှ












irrawaddyblog မှ






ဒေသခံတွေနဲ့ မင်းကိုနိုင်

နာဂစ်ဒေသ ကူညီသူ စာနယ်ဇင်းဆရာ ဇော်သက်ထွေး
ဂျင်မီ/ကိုကျော်မင်းယု
မနီလာသိန်း
ကိုဂျင်မီ၊ မနီလာသိန်း နဲ့ သမီး
ကိုကိုကြီး
ရွှေသံစဉ်ကိုဝင်းမော်



သရက်ထောင်က လွတ်လာတဲ့ ၈၈ မျိုးဆက် ခေါင်းဆောင် မင်းကိုနိုင်
ဘူးသီးတောင်ထောင်က လွတ်လာတဲ့ ကိုဌေးကြွယ်
ကော့သောင်းထောင်ကအထွက် ကိုပြုံးချို (ဓာတ်ပုံ - ကော့သောင်း NLD)
ဘားအံမှ လွတ်လာသော ဘလော်ဂါ နေဘုန်းလတ်
မုံရွာထောင်မှ လွတ်လာသူများ - မျက်မှန်တပ်ထားသူ ဒီငြိမ်းလင်း


ဦးခင်ညွှန် သတင်းစာရှင်းလင်းပွဲ





Messenger facebook



ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် လွတ်လာပြီ


2012-01-13
သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်အရ လွတ်မြောက်လာတဲ့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်က သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုကို အကောင်းမြင် ပြောကြားလိုက်ပြီး မိမိအနေနဲ့ တိုင်းပြည်အတွက် တတ်စွမ်းသမျှ ဆောင်ရွက်မှာ ဖြစ်ပေမယ့် နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှာ မဟုတ်ကြောင်း ပြောပါတယ်။


AFP
သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ၂ဝ၁၁ ခု ဇန်နဝါရီလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် သတင်းထောက်များနှင့် စကားပြောနေစဉ်။

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်က... သူတစ်ချိန်က ချမှတ်ခဲ့တဲ့ နိုင်ငံရေးလမ်းပြမြေပုံ ၇ ဆင့် ပြီးမြောက်အောင်မြင်မှုနဲ့အတူ နှစ်ပေါင်း ၆ဝ ကျော်အကြာမှာ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးနဲ့ အပစ်အခတ် ရပ်စဲနိုင်မှုတွေဟာ အင်မတန် ကောင်းမွန်ကြောင်း၊ သူ့အနေနဲ့ အကျယ်ချုပ် ကျခံနေရစဉ်မှာ ပြည်တွင်းထုတ်ဂျာနယ်တွေ ဖတ်ရှုသလို အာအက်ဖ်အေ အပါအဝင် ပြည်ပ သတင်းဌာနတွေက ထုတ်လွှင့်ချက်တွေကိုလည်း နားထောင်တယ်လို့ သတင်းထောက်တွေနဲ့ မိတ်ဆွေတွေကို ပြောပြခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ကို အမိန့်မနာခံမှုနဲ့ ၂ဝဝ၅ ခုနှစ်မှာ ဆိုင်းငံ့ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခဲ့ပါတယ်။ ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ၊ သားအကြီး ဒု-ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ သားအငယ် ဒေါက်တာရဲနိုင်ဝင်း၊ သမီး မသင်းလဲ့လဲဝင်းနဲ့ သမက် ဦးတင်ထွတ် တို့လည်း နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရပြီး ရာနဲ့ချီတဲ့ ထောက်လှမ်းရေးအရာရှိတွေ ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

အခုလို ဦးခင်ညွန့်နဲ့ သားသမီးတွေ လွတ်မြောက်လာပေမယ့် သမက်ဦးတင်ထွတ်က မလွတ်မြောက်သေးကြောင်း၊ ထောက်လှမ်းရေးအရာရှိ တစ်ရာကျော်ကို လွှတ်ပေးလိုက်ပေမယ့် ဗိုလ်မှူးချုပ် သန်းထွန်းနဲ့ တခြား တန်ပြန်ထောက်လှမ်းရေး အရာရှိတချို့ကိုတော့ လွှတ်ပေးခြင်းမရှိသေးကြောင်း ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ရဲ့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ရဲ့ ပြောကြားချက်တွေကို အာအက်ဖ်အေ အဖွဲ့သား ကိုကျော်ကျော်အောင် စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။


ဒီကနေ့ ပြန်လွတ်လာသူ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်နဲ့ သွားရောက်တွေ့ဆုံခဲ့သူ စီးပွားရေးသုတေသီ ခင်မောင်ညို (ဘောဂဗေဒ)ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/khin-nyunt-release-01132012102759.html

သရက်အကျဉ်းထောင်မှ ဒီကနေ့ မနက် ၁၀ နာရီအချိန်မှာ ပြန်လည်လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် သရက်မြို့ခံ ပြည်သူလူထုအား နှုတ်ဆက်စကား ပြောကြားနေမှု

MIN KO NAING IN THEAT SPEECH by dvbradio

Ko Thaung (facebook)
ကိုမင်းကိုနိုင် ပြောကြားချက်....
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မှာပါ။ တွေ့ဖြစ်အောင် တွေ့မှာပါ။ သူရဲ့အလုပ်တွေကိုလည်း ကျွန်တော် ၀ိုင်းကူလုပ်မှာပါ။ ရှေ့ဆက်လုပ်ကြမယ့် အလုပ်တွေကို လက်တွဲဆောင်ရွက်ကြဖို့ပါပဲ။ ကျွန်တော်တို့ သမိုင်းကိုတော့ အတတ်နိုင်ဆုံး အလှဆုံးဖြစ်အောင် နောက်ပြီး ကျွန်တော်တို့မျိုးဆက်ရဲ့ ဂုဏ်သိက္ခာလည်းရှိအောင် ကျွန်တော်တို့ အတတ်နိုင်ဆုံးရေးခဲ့ပြီ ကျွန်တော်တို့ ကိုယ်ကောင်းစိတ်ဓါတ် အကျင့်ကောင်းတွေကို နောက်လူငယ်တွေကို ပြန်ပြီးတော့ မျှဝေခဲ့မယ်။ အခုပြန်လာတာဟာ ဒေါင်းတွေက အိုးဝေသံပေးပြီး ပြန်လာတာပါ။ ရှေ့ဆက်ပြီး ဒီမိုကရေစီအရေးတွေကို အားနဲ့ ခွန်နဲ့ ဆက်လုပ်သွားမှာပါ။ အခုကျွန်တော် ဘုရာဖူးဦးမှာပါ။ ပါတီအနေနဲ့တော့ ကျွန်တော်မစဉ်စားထားပါဘူး၊ သို့သော်လည်း ပါတီလုပ်မှ နိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး။ ဘယ်ကပဲလုပ်လုပ်ပါ၊ အပြင်ကလုပ်လို့လည်း ရပါတယ်။ ကျွန်တော်တို့ အရင်ကတည်းက ပါတီအနေနဲ့ လုပ်တာမဟုတ်ဘူး။ အဲဒီအတွက်တော့ အစီအစဉ်မရှိဘူး။
သို့သော် ဒီမိုကရေစီအရေးအတွက်တော့ ရှိသမျှအားနဲ့ ကျွန်တော် အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်။ NLDနဲ့ကတော့ အရင်လိုပါပဲ။ လက်တွဲတော့မပျက်ပါဘူး။ ဒါပေမယ့် ကျွန်တော် ၀င်ဖို့ မ၀င်ဖို့သာ ရှိပါတယ်။ ဂျာနယ်တွေအနေနဲ့ လူကြီးတွေကို ပြန်ပြောပေးကြပါ။ ကျွန်တော်တို့ ဂျာနယ်တွေ ဖတ်ပါတယ်လို့။ Eleven ကရောပါလားမသိဘူး။ ဒေါက်တာ သန်းထွဋ်အောင်ကိုပြောပေးပါဗျာ ကျွန်တော်တို့် ၁ ခြောက်လုံး အခွေကြည့်ရတယ်လို့ Congratulation လုပ်လိုက်ပါနော်။ Appreciate လုပ်ပါတယ်လို့ " ဟု သရက်ထောင်မှ လွတ်မြောက်လာသော ကိုမင်းကိုနိုင်မှ သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။

ကိုကို သစ္စာ(facebook)မှ



တည်ငြိမ်သော အေးချမ်းသော သွေးရဲသော ဒို့အကို "ခွပ်ဒေါင်း"

Nyo Gyi(facebook)မှ


သတင်းသမားများ၏ မေးမြန်းမှုများကို ဖြေဆိုနေတဲ့ နိုင်ကျဉ်းဘ၀လွတ်ကာစ ကိုလှမျိုးနောင်



လွတ်မြောက်လာသော ဘုန်းဘုန်းများ
ဦးစန္ဒိမာ၊ ဦးခေမာစာရ၊ ဦးသာဂရ၊ ဦးအာစိဏ္ဍ၊ ဦးဇနိတာဘိဝံသ၊ ဦးသီဟ

(အထက်ပါ ဘုန်းကြီးများထဲမှ ဦးသာဂရနှင့် ဦးအာစိဏ္ဍ ၂ ပါးသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးလှုပ်ရှားမှုများကြောင့် အကျဉ်းကျခဲ့ခြင်းဖြစ်ကြောင်းသိရသည်)
(ကျန်ကိုယ်တော်များမှာ ကျောက်ဆည် ဘာသာရေးအဓိကရုဏ်းကြောင့် အကျဉ်းကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်)



နိုင်ငံရေးအကျဉ်းသားအမြောက်အများလွတ်လာပြီ

by Redstar Burma on Friday, January 13, 2012 at 12:25pm
ယနေ့ ၁၃-၁-၂၀၁၂ (သောကြာ) နေ့တွင် နိုင်ငံရေးအကျဉ်းသားအမြောက်အများလွတ်မြောက်လာကြပါသည်။ ၈၈၈၈  အချိန်ကာလကကျောင်းသားခေါင်းဆောင်များဖြစ်ကြသော ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဋ္ဌေးကြွယ်၊ ကိုပြုံးချို၊ ကိုမြအေးအပါအ၀င် ကျောင်းသားခေါင်းဆောင်များလည်းပါဝင်ကြသည်၊ ဦးခင်ညွန့်နှင့်၎င်း၏သားကိုလည်းယနေ့လွတ်ပေးလိုက်သည်ဟုသိရပါသည်။
 
အင်းစိန်
 
အင်းစိန်
 
အင်းစိန်
 
အင်းစိန်
 
အင်းစိန်
အင်းစိန်
 
အင်းစိန်
 
မင်္ဂလာဒုံလေဆိပ်တွင်
 
နီလာသိန်းကိုလမ်းတွင်ကြိုကြစဉ်
 
နီလာသိန်းလေဆိပ်ကိုလိုက်လာစဉ်
 
လေဆိပ်တွင်မီဒီယာများကလည်းဒီလိုတိုးဝှေ့လို့
 
ကိုဝင်းမော်လေဆိပ်ရောက်လာစဉ်
 
ကိုဇော်သက်ထွေးလေဆိပ်ရောက်လာစဉ်