Saturday, January 14, 2012

ပညာမတတ်ဘဲ နိုင်ငံရေးသမားဖြစ်နိုင်သလား


ပါဝါကွင်းကြီးတိုက်တော့မည်ဆောင်းပါးမှာပါဝါက...ပညာတတ်ခြင်း၊ မတတ်ခြင်းထက်အရေးကြီးကြောင်းရေးဖူးသည်။
အမေစုကပါဝါရောပညာပါရှိတော့ဆိုဖွယ်ရာမရှိ...
တွေ့ ဖူးသည့်ပညာတတ်နိုင်ငံရေးသမားတချို့ ဗမာဆိုဗမာ။ကရင်ဆိုကရင်အစွဲတွေရှိတာတွေ့ ရသည်။
မြန်မာ့လွှတ်တော်အမတ်တွေတနိုင်ငံလုံးခြုံမြင်နိုင်ကြပါစေ။။

Published on Saturday, 14 January 2012 05:31
Written by ညီစောလွင်
Hits: 951

နိုင်ငံရေးသမားတယောက်ဖြစ်ဖို့ သူများနှင့် မတူတဲ့ အရည်အချင်းတွေရှိဖို့တော့ လိုပါတယ်၊ ပညာတတ်ခြင်း၊ မတတ်ခြင်းဟာ ဒီနေရာမှာ အဓိကမကျပါဘူး၊

ဆန္ဒမစောပါနဲ့ဦး။ ဒီဇင်ဘာလ ၁၈ ရက်နေ့က ကွယ်လွန်သွားတဲ့ ချက်နိုင်ငံသမ္မတဟောင်း ဗားကလက်ဟာဗယ်လ်က သူ့ရဲ့ ဆောင်းပါးတပုဒ် (The Intellectual and Politics ) မှာ ဒီနေ့ ကမ္ဘာကြီးက လိုအပ်နေတဲ့ နိုင်ငံရေး သမားမျိုးဖြစ်ဖို့ ဆိုရင်..

(၁) အမြော်အမြင်ရှိရမယ်၊ (၂) ဖွင့်ထားပြီး ကျယ်ပြန့်တဲ့ စိတ်နေ သဘောထားရှိရမယ် (သူ့အလိုအရတော့ နေရာနှင့် အချိန်ရဲ့ လွှမ်းမိုးမှုကနေတောင် လွတ်မြောက်နေရမယ်)၊ (၃) ကိုယ့်ပါတီ၊ ကိုယ်နိုင်ငံဆိုတဲ့ အစွဲနှင့် နိုင်ငံရေး အာဏာမမက်မောရဘူး၊ (၄) လူသားဝါဒအပေါ် အခြေခံတဲ့ လူသားထုရဲ့ အကျိုးစီးပွားကို အခြေခံတဲ့ စဉ်းစားလုပ်ကိုင်မှုတွေရှိရမယ် (၅) ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဘဲ လူသားတယောက် အကောင်းဆုံးပြုမူနေထိုင်မှုမျိုးနဲ့ နေထိုင်ကျင့်ကြံရမယ်လို့ ဆိုပါတယ်။

ဒီစံတွေက နိုင်ငံရေးသမားဖြစ်ချင်သူတိုင်းအတွက် မလွယ်ပေမယ့်၊ ယနေ့ကမ္ဘာကြီးက အမှန်တကယ် လိုအပ်နေတဲ့ စံချိန်မီ နိုင်ငံရေးသမားကတော့ အထက်က အရည်အချင်းတွေနဲ့ ပြည့်စုံမှဖြစ်မယ်လို့ သူက ရူ့မြင်ပါတယ်။

နိုင်ငံရေးအလုပ်ဆိုတာ ရေတိုဆန္ဒတွေကို ဖြည်ဆည်းရေး သက်သက်မဟုတ်ပါဘူး၊ ပဓာနမကျပါဘူး။ နိုင်ငံရေးသမားတယောက်ဟာ မှန်ကန်တဲ့ကိစ္စအတွက် ကိုယ့်တွေးခေါ်သလို သာမန်လူတွေ တွေးခေါ်လာအောင် လုပ်ရမယ်၊ လူကြိုက်နည်းလည်း လုပ်သင့်တာကို လုပ်ရမယ်၊ နိုင်ငံရေး သမားတယောက်ဟာ ကိုယ်ဟာ သာမန် လူတွေထက် ပြသနာတွေကို ရှု့မြင်တဲ့နေရာ၊ ဖြေရှင်းတဲ့နေရာမှာ ပိုပြီး အမြင်စူးရှတယ်၊ တတ်ကျွမ်းတယ်၊ နားလည်တယ်၊ ဆိုတာကိုလည်း မဲဆန္ဒရှင်တွေ လက်ခံလာအောင် စည်းရုံးရမယ်။ ဒီလို နိုင်ငံရေးသမားမျိုးကိုမှ လူတွေက သူတို့ကိုယ်စားလှယ်အဖြစ် ယုံယုံကြည်ကြည် လွဲအပ်ထားမှာမဟုတ်လား။

ဒီစဉ်းစားနည်းဟာ အာဏာရှင်တွေက လူ့အဖွဲ့အစည်းမှာ သူတို့သာ ဥာဏ်ပညာ အမြင်ဆုံးလို့ ထင်တလုံးနဲ့ လူတွေကို သူတို့ စိတ်ထင်သလို၊ တရားလက်လွတ် အုပ်ချုပ်ဖို့ စိတ်ကြီးဝင်တာမျိုးနဲ့ မတူပါဘူး။

တကယ်မှန်ကန်တဲ့ နိုင်ငံရေးအနုပညာဆိုတာ မှန်ကန်တဲ့ ကိစ္စတွေမှာ လူတွေရဲ့ ထောက်ခံမှုကို အရယူနိုင် တာပါပဲ။ ဒီလို ကောင်းတာတွေ လုပ်တဲ့နေရာမှာ ရေတိုအကျိုးစီးပွားတွေမှာ ထိခိုက်ရင်လည်း ဂရုမစိုက်ပါနဲ့။ ကောင်းတာလုပ်နေတာဟုတ်မဟုတ် စစ်ဆေးဖို့ နည်းလမ်းကတော့ အဲဒီလုပ်ရပ်ရဲ့ အကျိုးဆက်အဖြစ် လူတွေ ဒုက္ခရောက်မလား၊ မရောက်ဖူးလား၊ အနာဂတ်အတွက် အကျိုးရှိမလား - ဒါတွေနဲ့ ပြန်ပြီး ထိန်းကြောင်းရပါမယ်။

ဒီလို မြင့်မြတ်တဲ့ အလုပ်ကို လုပ်ဖို့ ပညာတတ်တွေမှာ အရည်အချင်းရှိတာလို့ တချို့က ပြောကြပါတယ်၊ ရှိနိုင်ပါတယ်။ ပညာတတ်တွေကိုယ်တိုင်ကလည်း တခြားလူတွေထက် သူတို့က အမြဲတမ်း ခေါင်းတလုံးသာတယ်လို့ ယူဆကြပါတယ်။ လူသားတွေထဲမှာ သူတို့ပဲ အတော်ဆုံးလို့ ယူဆကြပါတယ်။ ဒါပေမယ့် ပညာတတ်တိုင်း နိုင်ငံရေးသမားမဖြစ်နိုင်ပါဘူး။

ပညာတတ်ဆိုသူတွေ၊ တောင်မရောက် မြောက်မရောက် ပညာတတ်တွေဟာ ဘယ်လောက် အန္တရာယ်များသလဲ ဆိုတာကို ဒီနေ့ခေတ် မော်ဒန်အာဏာရှင်စနစ်မျိုးစုံ ကမ္ဘာကြီးမှာ အဓွန့်ရှည်စေဖို့ ပညာတတ်ဆိုသူတွေက ဘယ်လောက်များများ အထောက်အပံ့ပေးနေကြသလဲဆိုတာကိုပဲ စဉ်းစားကြည့်လိုက်ရင် သိနိုင်ပါတယ်။

နိုင်ငံရေးသမားကောင်းဆိုတာ လောကရဲ့ အမှန်တရားကို ရိုးရိုးသားသားပဲ ကြည့်မြင်ရမယ်၊ ပညာတတ်တယောက်ဟာ ဒီလို ရိုးရိုးသားသားကြည့်မြင်တတ်ရင် နိုင်ငံရေးသမားတယောက် ဖြစ်နိုင်ပါတယ်။ နိုင်ငံရေးသမားတယောက်ဟာ လူတွေကိုလည်း သူတို့ ကိုယ်ပိုင်အရည်အချင်းတွေ မြင့်မားလာအောင် ဆော်သြရမယ်။ သူများယောင်တိုင်း၊ မီဒီယာတွေ ယောင်တိုင်းလည်း လိုက်မယောင်စရာ မလိုပါဘူး။ တချိန်တည်းမှာ ကိုယ့်ရဲ့ လုပ်ရပ် အပေါ်မှာလည်း မပြတ်သုံးသပ်နေရမယ်။

ဒီအရည်အချင်းတွေ ပြည့်စုံရင်တော့ နိုင်ငံရေးသမားတယောက်ဖြစ်ဖို့ အားထုတ်ပါလေ..။ ဒီလိုမှမဟုတ်ရင် ဒီလို အရည်အချင်းတွေ ရှိမယ့်လူကို ကိုယ့်ခေါင်းဆောင်အဖြစ် ရွေးချယ်လိုက်ပါ။ သူဟာ ပညာတတ် တယောက်ဖြစ်ချင်ဖြစ်မယ်၊ ပညာတတ်မဖြစ်လည်း ဘာမှ မဖြစ်ပါဘူး။

ညီစောလွင်

၁၄၊ ၀၁၊ ၂၀၁၂
http://www.maukkha.org/index.php/interview-maukkha/opinion-maukkha/1745-maukkha-educated-politicaians

NLD ကိုမဲ ပေးမယ်









NLD ကိုမဲ ပေးမယ်


စိုင်းစိုင်းသန်းရွှေ(ကနေဒါ)

အများအတွက်ဆို -- ကိုယ်ကျိုးစွန့် ကာရယ်

တို့ အတွက်သူဟာ -- လမ်းပြကြယ်

ဖခင်ခြေရာနင်းခဲ့ တယ် -- တကယ်မြင့် မြတ်တယ်

အကြမ်းမဖက်ပါတယ် -- ငြိမ်းချမ်းစွာရယ်

ရိုးသားစွာပင် -- အနစ်နာခံတယ်

အဖိနှိပ်ခံကာ -- စွန့် လွှတ်နိုင်တယ်

အားကိုးထိုက်တယ်



ပါတီဆိုတာ -- အမှတ်တဆိပ်တခုဘဲ

ဘယ်သူဘယ်လို -- ဦးဆောင်သလဲ

သူဟာ ဒေါ် အောင်ဆန်းစုကြည်

မြန်မာပြည်သူတွေ -- လေးစားတယ်

ကမ္ကာသူ ကမ္ကာသား -- အပေါင်းတွေနဲ့ 

အပြည်ပြည်ဆိုင်ရာ -- အစိုးရ အဖွဲ့ အစည်း

ယုံကြည် ခင်မင် -- လေးစားတဲ့ 

NLD ကိုမဲ ပေးမယ်



ကျမ္မာရေးဆောင့် ရှောက်မှုနဲ့  ပညာရေးအဆင့် အတန်းတိုးမြင့် ဘို့ 

လွတ်လပ်တဲ့ စီးပွားရေး လုပ်ငန်းများ

ဆက်သွယ်ရေးနဲ့  အခြေခံအဆောက်အဦးတွေ

နိုင်ငံတကာအဆင့် အတန်းမှီ တိုးတက်နိုင်ဘို့ အတွက်

NLD ကို မဲ ပေးမယ်

အဖန်တရာတေ ခေါက်ရိုးကျိုး နေတဲ့ နိုင်ငံရေးစနစ်ကို

မှန်ကန်ပါစေ ဖောက်ချိုးပစ်ရင်း မြန်မာပြည်ရဲ့ 

နိုင်ငံရေး စာမျာက်နှာအသစ်ကို ဖွင့် လှစ်နိုင်ဘို့ အတွက်

NLD ကို မဲ ပေးမယ်

NLD ဟာ-- တို့ ရဲ့ အနာဂါတ်

NLD ဟာ---အားလုံးအတွက်ဘဲ

ဒီမိုကရေစီ -- ရရှိဘို့ 

NLD ကို မဲ ပေးမယ်

နိုင်ငံတာဝန်ကို -- တထောင့် တနေရာက

တာဝန်ကြေပွန် -- ထမ်းရွက်သူအဖြစ်

ယုံကြည်စွာပင် -- ဆုံးဖြတ်လို့ 

NLD ကို မဲပေးမယ်

ဘူးသီးတောင်ထောင်က ဗကသ ကျောင်းသားခေါင်းဆောင် စည်သူမောင်


Uploaded by BurmaVJMedia on Jan 14, 2012

ဗကသကျောင်းသားခေါင်းဆောင် စည်သူမောင်ဟာ ဘူးသီးတောင်ထောင်ကနေ ဇန်နဝါရီလ ၁၃ ရက်နေ့က လွတ်မြောက်လာပါတယ်။ စည်သူမောင်ဟာ ရွှေဝါရောင်ဆန္ဒပြပွဲ အတွင်း ဦးဆောင် ပါဝင်ခဲ့မှုကြောင့် ထောင်ဒဏ် ၁၁ နှစ်ခွဲ ချမှတ်ခံခဲ့ရပြီး နယ်ဝေးထောင်ကို အပို့ဆောင်ခံခဲ့ရတာ ဖြစ်ပါတယ်။ စည်သူမောင်ရဲ့ မိဘနှစ်ပါးဟာလည်း အာဏာပိုင်တွေမှ စည်သူမောင်ကို လာရောက်ဖမ်းဆီးစဉ် အိမ်တံခါးဖွင့်ပေးဖို့ နောက်ကျမှုနဲ့ ထောင်ဒဏ် ၆ နှစ်စီ ချမှတ်ခံခဲ့ရပါတယ်။ အခုအခါ စည်သူမောင်ဟာ ဘူးသီးတောင်ထောင်ကနေ ဇန်နဝါရီလ ၁၃ ရက်နေ့က လွတ်မြောက်လာပြီး ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ရောက်ရှိလာတာ ဖြစ်ပါတယ်။

ကိုမင်းကိုနိုင့်မြောက်ဥက္ကလာလူထုကို မိန့် ခွန်းပြောကြား

၂၀၀၇ မျိုးဆက် ဗကသများ အဖွဲ့ချုပ်က ခေါင်းဆောင် ကျော်ကိုကို

ရာဟုကျော်ကျော်မောင် (ခ) ကျော်ကိုကို ၂၀၀၇ မျိုးဆက် ဗကသများ အဖွဲ့ချုပ်က ခေါင်းဆောင် တစ်ဦးပါ။အီကို (ရွာသာကြီး) က။












ဒီငြိမ်းလင်း(ယာအစွန်-မျက်မှန် တပ်ထားသူ)၊ နိုဘယ်အေး၊ ကိုကိုနိုင်၊ လားရန်ထွန်း၊ ဦးဝိလာသက္က (ခ)ဦးလှထွန်း (ယာမှဝဲအစဉ်လိုက်) တို့ကို မုံရွာအကျဉ်းထောင်မှ လွတ်မြောက်လာပြီး ကြိုဆိုသူများ၏ ပန်းနှင့်ပန်းကုံး၊သပြေခက်တို့နှင့်တွေ့ရစဉ်

နိုင်ငံရေး အကျဉ်းသား NLD ပေးပို့စာရင်း အခြေခံ လွတ်ပေးဟုဆို

The Voice Weekly


ရန်ကုန်၊ ဇန်န၀ါရီ ၁၄

နိုင်ငံတော် သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ဇန်န၀ါရီ ၁၃ ရက်နေ့က လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ပေးပို့ သော စာရင်းကိုအခြေခံ လွတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို က နေပြည်တော်တွင် ပြောကြားလိုက်သည်။

NLD က ပေးပို့သော နိုင်ငံရေး အကျဉ်းသားစာရင်းမှာ ၆၀၄ ဦးရှိပြီး ၁၀၇ ဦးကို ကနဦး သုံးကြိမ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်ပေးပြီးဖြစ်ကြောင်း၊ ၅၁ ဦးမှာ စိစစ်နိုင်ခြင်းမရှိသေးဘဲ နောက်ဆုံးလွတ်ပေးရန် ၄၃၀ ဦး ကျန်ရှိနေသေးကြောင်း၊ ယခု စတုတ္ထအကြိမ်တွင် ၃၀၂ ဦးလွတ်ပေးခဲ့ပြီး ကျန်ရှိ ၁၂၈ ဦးမှာ ဖောက်ခွဲရေးကဲ့သို့သော အကြမ်းမှု ဆိုင်ရာ ပုဒ်မ များဖြင့် တရားစွဲဆိုဖမ်းဆီးထားသဖြင့် လွတ်ပေးနိုင်ခြင်းမရှိသေး ကြောင်း ၄င်းက ရှင်းလင်းပြောဆိုသည်။

ဇန်န၀ါရီ ၁၃ ရက်နေ့က လွတ်ပေးခဲ့သော အကျဉ်းသားဦးရေမှာ ၆၅၁ ဦးဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ၃၀၂ ဦး၊ ထောက်လှမ်းရေးဆိုင်ရာမှ ၁၀၀ ကျော်နှင့် ကျန်ရှိသော သူများမှာ အကောက်ခွန်ကဲ့သို့သော ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ဆိုသည်။

ယခုကဲ့သို့ လွတ်ပေးခြင်းသည် မည်သူ မည်သည့်အဖွဲ့အစည်း၏ တိုက်တွန်းချက်ကြောင့်မဟုတ် ဘဲ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်း၍ လွတ်ပေးသင့်လွတ်ပေးထိုက်သဖြင့် လွတ်ပေးခြင်းဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံးမှ ဗဒိုမန်းငြိမ်းမောင်ကို နိုင်ငံအတွင်းတရားမ၀င် ၀င်ရောက်မှုဖြင့် တရားစွဲဆိုထားပြီး နောက်တစ်ဆင့် အနေနှင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်ကိစ္စကို စဉ်းစားမည်ဖြစ်ကြောင်း ၄င်းကပြောဆိုသည်။

"အခုထိ KNU ကလည်း လွတ်ပေးပါလို့ မတောင်းဆိုသေးဘူး"ဟု ၄င်းက ဆိုသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ကမ္ဘာကျော် တာလီဘန်အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်သွယ်စည်းရုံးခဲ့သူ ၁၃ ဦးကို ဖမ်းဆီးထားကြောင်း ၄င်းက ပြောကြားသည်။



အန်အယ်ဒီ က ပေးတဲ့ စာရင်း အတိုင်းယုံကြည်ချက် အကျဉ်းသား တွေကို လွှတ်ပေးတာ ဖြစ်ဟု နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား
by Burma VJ Media Network on Saturday, January 14, 2012 at 4:18am

ဇန်န၀ါရိ ၁၄ - ၂၀၁၂



နေပြည်တော် ရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင် ဇန်န၀ါရီလ (၁၄)ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အကျဉ်းသားများကို ဘာကြောင့် လွှတ်ပေးခဲ့ရသည်ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတင်ပြခဲ့သည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၆၀၄ ဦးစာရင်းကို အတည်ယူပြီး လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ မရှိကြောင်း၊ ကျန်ရှိသည့် ၁၂၈ ဦးကို ဆက်လက် ထိန်းသိမ်းထားကြောင်း၊ အဆိုပါ အထဲတွင် တာလီဘန် နှင့် ဆက်နွယ်နေသည့် (၁၃)ဦးလည်း ပါဝင်ကြောင်း၊ ဖဒိုမန်းငြိမ်းမောင် နှင့် ပတ်သက်ပြီး တရားဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း၊ ယခု လွှတ်ပေးခဲ့သူများသည် နိုင်ငံတော်၏ တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံတော်လုံခြုံရေးကို အန္တရယ် မပေးနိုင်သည့်သူများ ဖြစ်ကြောင်း တို့ကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို က ထည့်သွင်း ပြောကြားခဲ့ပါသည်။

NLD က ပေးပို့သော နိုင်ငံရေး အကျဉ်းသားစာရင်းမှာ ၆၀၄ ဦးရှိပြီး ၁၀၇ ဦးကို ကနဦး သုံးကြိမ် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်ပေးပြီးဖြစ်ကြောင်း၊ ၅၁ ဦးမှာ စိစစ်နိုင်ခြင်းမရှိသေးဘဲ နောက်ဆုံးလွတ်ပေးရန် ၄၃၀ ဦး ကျန်ရှိနေသေးကြောင်း၊ ယခု စတုတ္ထအကြိမ်တွင် ၃၀၂ ဦးလွတ်ပေးခဲ့ပြီး ကျန်ရှိ ၁၂၈ ဦးမှာ ဖောက်ခွဲရေးကဲ့သို့သော အကြမ်းမှု ဆိုင်ရာ ပုဒ်မ များဖြင့် တရားစွဲဆို ဖမ်းဆီးထားသဖြင့် လွတ်ပေးနိုင်ခြင်းမရှိသေး ကြောင်း ၄င်းက ရှင်းလင်းပြောဆိုသည်။

ဇန်န၀ါရီ ၁၃ ရက်နေ့က လွတ်ပေးခဲ့သော အကျဉ်းသားဦးရေမှာ ၆၅၁ ဦးဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ၃၀၂ ဦး၊ ထောက်လှမ်းရေးဆိုင်ရာမှ ၁၀၀ ကျော်နှင့် ကျန်ရှိသော သူများမှာ အကောက်ခွန်ကဲ့သို့သော ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ ဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ဆိုသည်။

ယခုကဲ့သို့ လွတ်ပေးခြင်းသည် မည်သူ မည်သည့်အဖွဲ့အစည်း၏ တိုက်တွန်းချက်ကြောင့်မဟုတ် ဘဲ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်း၍ လွှတ်ပေးသင့် လွတ်ပေးထိုက်သဖြင့် လွတ်ပေးခြင်းဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ဆိုသည်။

ဗဒိုမန်းငြိမ်းမောင်ကို နိုင်ငံအတွင်းတရားမ၀င် ၀င်ရောက်မှုဖြင့် တရားစွဲဆိုထားပြီး နောက်တစ်ဆင့် အနေနှင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်ကိစ္စကို စဉ်းစားမည် ဖြစ်ကြောင်း ၄င်းကပြောဆိုသည်။

"အခုထိ KNU ကလည်း လွတ်ပေးပါလို့ မတောင်းဆိုသေးဘူး"ဟု ၄င်းက ဆိုသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ကမ္ဘာကျော် တာလီဘန်အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်သွယ်စည်းရုံးခဲ့သူ ၁၃ ဦးကို ဖမ်းဆီးထားကြောင်း ၄င်းက ပြောကြားသည်။