Sunday, January 15, 2012

အင်းစိန်ထောင် မှ လွတ်မြောက်လာတဲ့ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင် နောက်ဆက်တွဲ အမှု

Uploaded by BurmaVJMedia on Jan 14, 2012

ဇန်န၀ါရီလ ၁၃ ရက် နေ့ နေ့ လည်က အင်းစိန်ထောင် မှ လွတ်မြောက်လာတဲ့ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်က လုပ်ဖော်ကိုင်ဖက် တပ်မတော်သားများအပါအ၀င် ပြည်သူလူထုအနေဖြင့် နာကျင်ကြေကွဲခံစားမှုများကို ရင်ထဲမှာပဲ ထားပြီး အနာဂတ် မျိုးဆက်သစ် ညီအကိုမောင်နှမသားချင်းများအတွက် ရှိခဲ့ဖူးတဲ့ ခါးသီးနားကြည်းမုန်းတီးမှု များ ထပ်မကြုံတွေ့ ရတော့မယ့် လူမှုရပ်ဝန်းတခုကို ကာကွယ်နိုင်မယ့်စနစ်နှင့် အခြေအနေရောက်အောင် ကြိုးပမ်းသွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ တပ်မတော်ထဲတွင် ၁၀ နှစ်နီးပါး အမှုထမ်းခဲ့သူ ကိုနေမျိုးဇင်ဟာ ဘီဂျီ သွေးကူညီရေးအဖွဲ့ နှင့် လှုမှုရေးလုပ်ငန်းများကို တက်တက်ကြွကြွ အားပေးကူညီခဲ့လို့  အင်းစိန်ထောင်မှာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပေမယ့်လာမယ့် ဇန်န၀ါရီလ ၂၀ ရက်နေ့ မှာ နောက်ဆက်တွဲ အမှုတခုအတွက် ဆက်လက်ရင်ဆိုင်သွားရဖို့ ရှိတယ်လို့ သိရပါတယ်။

အာဏာသုံးပြီးမတရားနှိပ်စက်ညင်းပန်း











Daw Aung San Suu Kyi receives France's Highest Award "Legion of Honor"

Ko Myoefacebook

~Daw Aung San Suu Kyi smiles after being conferred The Legion of Honour Award by French Foreign Minister Alain Juppe in Yangon on January 15, 2012~



ဒေါ်အောင်ဆန်းစုကြည်ကိုမင်းကိုနိုင်ကိုကိုကြီး၊ကိုမြအေးနှင့် ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးတို ပြင်သစ်နိုင်ငံမှ နိုင်ငံခြားရေးနှင့် ဥရောပရေးရာ ၀န်ကြီး နှင့် တွေ့ ဆုံပွဲ

Burma VJ Media Network
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ပြင်သစ်နိုင်ငံမှ နိုင်ငံခြားရေးနှင့် ဥရောပရေးရာ ၀န်ကြီးဖြစ်သူ မစ္စတာ အာလန်ရီပေး နှင့် ဇန်န၀ါရီလ ၁၅ ရက်နေ့ မနက် ၁၀နာရီခွဲ က တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်တွင် တွေ့ ဆုံခဲ့ပါတယ်။ တွေ့ ဆုံပွဲအပြီး တွင် ပြည်တွင်းပြည်ပ မီဒီယာများ ကို ဖြေကြားခဲ့ပါတယ်။







ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နှင့် ဟာသသရုပ်ဆောင် ကိုဇာဂနာ တို့ သည် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာအာလန်ရီပေး နှင့် ရန်ကုန် မြို့ ပြင်သစ်သံရုံးတွင် ဒီဇင်ဘာလ ၁၅ ရက် နေ့ လည် ၂ နာရီ က တွေ့ ဆုံခဲ့ပါတယ်။ ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးသည် ကိုဇာဂနာ နှင့် အတူ လူမှုရေးလုပ်ကိုင်နေသူများ၊စီးပွားရေးလုပ်ငန်းရှင်များနှင့် ဦးစွာ တွေ့ ဆုံခဲ့ပြီး ၊ ကိုမင်းကိုနိုင်နှင့် နေ့ လည် ၂ နာရီခန့် တွင် နာရီဝက်ခန့် တွေ့ ဆုံ စကားပြောခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။


၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၊ကိုမြအေးနှင့် ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးတို့ ဟာ ဇန်န၀ါရီလ ၁၄ ရက်နေ့ ည ၈နာရီက ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အာလန်ရီပေးနဲ့ ရန်ကုန်မြို့ ပြင်သစ်သံရုံးမှာ တွေ့ ဆုံခဲ့ပါတယ်။