Tuesday, January 17, 2012

မိုင်းမသယ်ဘဲ ဖမ်းဆီးခံခဲ့ရသူ နန်းအောင်(ခ)ကပ္ပလီ

Burma VJ Media Network

ကျနော့်ကို ဖမ်းတာကတော့ ရဲမင်းကြီးက တွေ့ချင်လို့တဲ့။ ဘာကိစ္စလဲဆိုတော့ ရန်ကုန်ကိုမိုင်းသယ်သွားတယ်ကြားလို့တဲ့။ ငါမှမသယ်တာ ငါလိုက်တွေ့မယ်ဆိုပြီးလိုက်တွေ့ခဲ့ပါတယ်။ ကျနော့်ကိုဖမ်းပြီးတော့ ဘားအံပို့တယ်။ ဘားအံမှာ ရိုက်နှက်ပြီးတော့ ဘားအံရဲ ဒုရဲအုပ်တွေ အရာရှိတွေက လဲ မင်းထောင်မကျဘူး မင်းလွတ်မယ် မင်းနဲ့မဆိုင်ဘူး။ ဒီရောက်တော့ ကျနော့်ကို အတင်းဝန်ခံခိုင်းတယ်။ မင်းမိုင်းသယ်တယ်လို့ ၀န်ခံ ကိုမြင့်အေးကိုဖမ်းချင်လို့ ဆိုပြီးဝန်ခံခိုင်းတော့ ကျနော်က ၀န်မခံနိုင်ဘူး ကိုမြင့်အေးကိုလဲကျနော်မသိဘူး ကျနော်ဝန်မခံနိုင်ဘူး။ ၀န်ခံလိုက်ရင်မင်းဘာမှမကြာဘူး မင်းလွတ်မယ်။


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများ စာရင်း











































































ရန်ကုန်တိုင်း

၁။ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့ နယ် ၊ ပြည်သူ့လွတ်တော်

၂။ ဒေါ်စုစုလွင် သုံးခွမြို့ နယ် ၊ ပြည်သူ့လွတ်တော်

၃။ ဒေါက်တာမျိုးအောင် ဒဂုံမြို့ သစ် ၊ ဆိပ်ကမ်းမြို့နယ် ၊ ပြည်သူ့လွတ်တော်

၎။ ဒေါ်ဖြူဖြူသင်း မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ပြည်သူ့လွတ်တော်

၅။ ဦးဖြိုးမင်းသိန်း လှည်းကူးမြို့နယ်၊ ပြည်သူ့လွတ်တော်

၆။ ဒေါက်တာမေ၀င်းမြင့် မရမ်းကုန်းမြို့နယ် ၊ ပြည်သူ့လွတ်တော်

ပဲခူးတိုင်း

၇။ ဦးအောင်စိုးမြင့် တောင်ငူမြို့နယ် ၊ ပြည်သူ့လွတ်တော်

၈။ ဦးစိန်ထွန်း ထန်းတပင်မြို့နယ် ၊ ပြည်သူ့လွတ်တော်

၉။ ဦးမြင့်ဦး သနပ်ပင်မြို့နယ် ၊ ပြည်သူ့လွတ်တော်

၁၀။ ဦးကျော်မင်း လက်ပံတန်းမြို့နယ် ၊ ပြည်သူ့လွတ်တော်

၁၁။ ဦးမင်းဦး ထန်းတပင်မြို့နယ် အမျိုးသားလွတ်တော်မဲဆန္ဒနယ် (၇)

၁၂။ ဦးမျိုးခိုင် တိုင်းဒေသကြီး မဲန္ဒနယ် အမှတ် (၂)

မန္တလေးတိုင်း

၁၃။ ဦးအုန်းကြိုင် မဟာအောင်မြေမြို့ နယ် ၊ ပြည်သူ့လွတ်တော်

၁၄။ ဦးဝင်းထိန် မိထ္တီလာ ၊ ပြည်သူ့လွတ်တော်

မွန်ပြည်နယ်

၁၅။ ဒေါ်ခင်ဌေးကြွယ် မော်လမြိုင်မြို့နယ် ၊ ပြည်သူ့လွတ်တော်

ရှမ်းပြည်နယ်

၁၆။ ဒေါက်တာ ဒေါ်သန်းငွေ ကလောမြို့နယ် ၊ ပြည်သူ့လွတ်တော်

၁၇။ ဦးစိုင်းမြင့်မောင် အမျိုးသား လွတ်တော် မဲဆန္ဒနယ် အမှတ် (၃)

ဧရာဝတီတိုင်း
၁၈။ ဦးဝင်းမြင့် ပုသိမ်မြို့နယ် ၊ ပြည်သူ့လွတ်တော်

၁၉။ဦးစိန်ဝင်းဟန် (ခ) ဦးစိန်ဝင်း မအူပင်မြို့နယ် ၊ ပြည်သူ့လွတ်တော်

၂၀။ ဦးမန်းဂျော်နီ မြေင်းမြမြို့နယ် ၊ ပြည်သူ့လွတ်တော်

၂၁။ ဦးသိမ်းဆွေ မဲဆန္ဒနယ် အမှတ် (၁၀) ၊ အမျိုးသားလွတ်တော်

၂၂။ ဒေါက်တာလှမြတ်သွေး ရေကြည်မြို့နယ် ၊ တိုင်းဒေသကြီး လွတ်တော်

၁၇-၁-၂၀၁၂ ထုတ်ပြန်ချက်

ကချင်ပြည်နယ်

၂၃။ ဒါရှီလဆိုင်း ဖါးကန့်မြို့နယ် ၊ ပြည်သူ့လွတ်တော်

၂၄။ ဒေါ်ခင်ကြည် မိုးကောင်းမြို့နယ် ၊ ပြည်သူ့လွတ်တော်

၂၅။ ဦးဘမြင့် ဗန်းမော်မြို့နယ် ၊ ပြည်သူ့လွတ်တော်

စစ်ကိုင်းတိုင်း

၂၆။ ဦးခင်မောင်သိန်း စစ်ကိုင်းမြို့နယ် ၊ ပြည်သူ့လွတ်တော်

၂၇။ ဒေါ်ခင်စန်းလှိုင် ပုလဲမြို့နယ် ၊ ပြည်သူ့လွတ်တော်

၂၈။ ဒေါ်ခင်မွေးလွင် မင်းကင်းမြို့နယ် ၊ ပြည်သူ့လွတ်တော်

၂၉။ ဒေါက်တာမြင့်နိုင် (မဲဆန္ဒ ၃) (ကန့်ဘလူ ၊ ကျွန်းလှ ၊ ရေးဦး ၊တန့်ဆည်) အမျိုးသားလွတ်တော်

၃၀။ ဦးစောလှိုင် (မဲဆန္ဒ ၇) ဗန်းမောက် ၊ ကောလင်း ၀န်းသို ၊ ပင်လယ်ဘူး အမျိုးသား လွတ်တော်

တနင်္သာရီတိုင်း

၃၁။ ဒေါ်တင်တင်ရီ ကျွန်းစုမြို့နယ် ၊ ပြည်သူ့လွတ်တော်

၃၂။ ဦးအောင်စိုး လောင်းလုံမြို့နယ် ၊ ပြည်သူ့လွတ်တော်

မကွေးတိုင်း

၃၃။ ဦးမြင့်သိန်း မကွေးမြို့နယ် ၊ ပြည်သူ့လွတ်တော်

၃၄။ ဒေါက်တာတင်ဌေး ရေစကြိုမြို့နယ် ၊ ပြည်သူ့လွတ်တော်

၃၅။ ဦးမြင့်အောင် မြိုင်မြို့နယ် ၊ ပြည်သူ့လွတ်တော်

၃၆။ ဦးပိုက်ကို ပခုက္ကူမြို့နယ် ၊ ပြည်သူ့လွတ်တော်

၃၇။ ဒေါက်တာအောင်မိုးညို ပွင့်ဖြူမြို့နယ် ၊ ပြည်သူ့လွတ်တော်

၃၈။ ဦးအောင်ကြည်ညွန့် (မဲဆန ၄ တောင်တွင်းကြီး) အမျိုးသားလွတ်တော်

မန္တလေးတိုင်း

၃၉။ ဒေါက်တာဇော်မြင့်မောင် ကျောက်ပန်းတောင်းမြို့နယ် ၊ ပြည်သူ့လွတ်တော်

၄၀။ ဦးပေါခင် နွားထိုးကြီးမြို့နယ် ၊ ပြည်သူ့လွတ်တော်

၄၁။ဒေါ်ခင်သန္တာ တံတားဦးမြို့နယ် ၊ ပြည်သူ့လွတ်တော်

၄၂။ ဦးကျော်သီဟ ပြင်ဦးလွင် ၊ ပြည်သူ့လွတ်တော်

ဧရာဝတီတိုင်း

၄၃။ ဒေါ်မြင်မြင့်စန်း ၀ါးခယ်မမြို့နယ် ၊ ပြည်သူ့လွတ်တော်

၄၄။ ဦးကျော်မြင့် မြန်အောင်မြို့နယ် ၊ ပြည်သူ့လွတ်တော်

ဓာတ်တိုင်တွေ လာပြီး ပုံထားမယ်၊ မဲထည့်ပြီး သူတို့နိုင်မှ လုပ်ပေးမယ် ဆိုတဲ့ ပုံစံမျိုး ပြောတယ်

ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ် မဲဆွယ်ကြောင်း ကော့မှူးဒေသခံတွေ ပြော
2012-01-17

ဧပြီလ ၁ ရက်မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကော့မှူးမြို့နယ် အတွင်း လွန်ခဲ့တဲ့ တစ်လလောက်က စပြီး ကြံ့ခိုင်ဖွံဖြိုးရေး ပါတီက မဲဆွယ် စည်းရုံးရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ် ပြောဆိုတာတွေ ရှိတယ်လို့ ဒေသခံတွေက အာရ်အက်ဖ်အေကို ပြောပါတယ်။

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာ အန်အယ်လ်ဒီ ပါတီက ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်တဲ့ အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက အကြိတ်အနယ် မဲဆွယ်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကော့မှူးမြို့နယ်မှာ ကြံ့ခိုင်ဖွံဖြိုးရေး ပါတီက ဘယ်သူ ၀င်ရောက် ယှဉ်ပြိုင်မယ် ဆိုတာ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေမယ့် ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်များ ကိုယ်တိုင် စည်းရုံးရေး ဆင်းနေတယ်လို့ သိရပါတယ်။

စည်းရုံးရေး ဆင်းရာမှာ ထန်းမနိုင်ရွာကို အဓိကထား စည်းရုံးတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူ ထန်းမနိင်ရွာသူ မစုစုနွေးက ပြောပါတယ်။ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း ကိုယ်တိုင် လာရောက် မဲဆွယ်တာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“သူ့အဖေ တိုင်းပြည်အတွက် ဘယ်လိုပဲ ကောင်းအောင် လုပ်ခဲ့လုပ်ခဲ့ပေါ့။ အခု သူ့သမီး နောက်ပိုင်းမှာ ဘာဖြစ်တယ် ဆိုတာ မသိဘူး ဆိုပြီး ရွာသားတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ ပုတ်ခတ်ပြီးတော့ စည်းရုံးတယ်။ ရွာသားတွေက သူ ဘာပြောတယ်ဆိုတာ သိတယ်။ နောက်တစ်ခု သူက ဘာပြောလဲဆိုတော့ မြန်မာပြည် သိန်းတန် သီချင်းက မင်းသမီးလေး ရွှေသုန္ဒရီ ကတယ်။ ကကြိုးပျက်မှာ သူစိုးရိမ်တယ် ပေါ့။ အဲဒီလို ပြောတယ်တဲ့။ တကယ် လုပ်ပေးမယ်ဆိုရင် မဲထည့်မယ်လို့ ရွာသားတွေက ပြောတော့ ဦးအောင်သိန်းလင်းက ပြောတယ်တဲ့။ ချက်ချင်းတော့ လုပ်မပေးသေးဘူး၊ ဓာတ်တိုင်တွေ လာပြီး ပုံထားမယ်၊ မဲထည့်ပြီး သူတို့နိုင်မှ လုပ်ပေးမယ် ဆိုတဲ့ ပုံစံမျိုး ပြောတယ်တဲ့”

ဧပြီလ ၁ ရက် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆွယ်ခွင့်ကို ရွေးကောက်ပွဲ ကော်မရှင်က မကြေညာသေးကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ထုတ်ပြန်ချက် ထွက်လာပြီးမှ ပါတီများ မဲဆွယ်ခွင့်ရှိကြောင်း သိရပါတယ်။
http://www.rfa.org/burmese/news/kayhmu-usdp-campaign-01172012122323.html

ကျွန်တော်လည်းခံစားချက်လေးတွေ မအောင့်အီးနိုင်လို့ ဒီဆိုဒ်မှာခဏတာ တင်ပါရစေ

သို့
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရက်စွဲ ၊၂၀၁၂ ခုနှစ်၊ဇန်န၀ါရီလ ၁၆ ရက်

လေးစားရပါသောနိုင်ငံတော်သမ္မတကြီးခင်ဗျား

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၏တိုင်းပြည်ကိုချစ်ြ မတ်နိုးပြီးပြည်သူများအပေါ်ထားရှိသောစေတနာကိုမြန်မာပြ ည်သူလူထုတစ် ရပ်လုံးကသဘောပေါက်နားလည်လာကြပြီဖြစ်ပါသည်။ သို့သော်လည်းသမ္မတကြီး၏ အစိုးရအဖွဲ့သည်ကား မိမိရာ ထူး တည်မြဲ ရေးကိုသာအလေးထားပြီးဝန်ထမ်းငယ်များ၏နေထိုင်စားသောက်ရုန်းကန်ရသောဘ၀အခြေအနေကို သိသိနှင့်မျက်ကွယ် ပြုနေ ပါသည်။ကျွန်တော်သည်ပညာရေးမှတက္ကသိုလ်ကျောင်းဆရာတစ်ဦး ဖြစ်ပါသည်။ မြန်မာပြည်က တက္ကသိုလ်ကျောင်း ဆရာ တစ် ဦး၏ဘ၀သည်ကား နိမ့်ကျနွမ်းပါးလှပါသည်။ကျွန်တော်၏လစာမှာ ခြောက်သောင်းကျော်သာရပါသည်။ ဒါကိုအပြစ် မဆိုလို ပါ။ ကျောင်းဆရာသည် ကြက်သားဟင်းလည်းမစားလိုပါ။ ၀က်သားဟင်းလည်းမစားရလျှင်နေနိုင်ပါသည်။ ပဲပြုတ်ထမင်းနှင့် ငါးပိ ထောင်းလေးပါလျှင်အတွေးပီတိနှင့်ရောစားပြီးကျေနပ်နိုင်ပါသည်။ ကျွန်တော်တက်ရောက်သင်ကြားပေးရသောတက္ကသိုလ်သည် မြို့နှင့်အလွန်ဝေးသဖြင့် လိုင်းကားစီးလျှင် ၂ နာရီကြာမှကျောင်းကိုရောက်ပါသည်။ ၂ ဆင့်စီးရ၍ပိုက်ဆံ ၃၀၀/၄၀၀ ကျပ် ကုန်ပါသည်။တစ်ရက်လျှင် ၈၀၀ ကျပ်လောက်ကုန်ကျပါသည်။
ကျွန်တော်သည် ကွမ်းမစား၊ဆေးလိပ်/အရက်မသောက်ပါ။အတတ်နိုင်ဆုံးခြိုးခြံချွေတာပါသည်။ကျွန်တော်၏ လစာနှင့် လုံးဝ မစားလောက်ပါ။ထမင်းနပ်မှန်ရေးအတွက် ကျူရှင်သင်မိပါသည်။ ရိုးသားစွာသင်ပါသည်။ အလွဲသုံးစားမလုပ်ပါ။ကျူရှင်သင် သည့်အ တွက်အပြစ်ရှိ၍ ၀န်ကြီးဌာနမှအရေးယူပြီးရာထူးတိုး မပေးခဲ့ပါ။လက်ရှိဝန်ကြီးသည်လည်းစာတတ်ရုံကလွဲပြီး ဆရာ ငယ် များ အပေါ်ညှာတာမှုမရှိပါ။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ပညာရေးသည် အဓိကဖြစ်သည်ဟုနိုင်ငံတကာက ခံယူထား ပါ သည်။ဂျပန်နိုင်ငံတွင်ကျောင်းဆရာများကိုအမြင့်ဆုံးလစာ ပေးပြီးအမေရိကန်နိုင်ငံတွင်ဒုတိယအမြင့်ဆုံးလစာပေးသည် ဟုကြား မိပါသည်။ကျောင်းဆရာများ၏ဘ၀မှာအောက်တန်းမကျပါ။မည်သူမျှမကဲ့ရဲ့ပါ။မြန်မာနိုင်ငံတွင်ကောင်းမွန်သောပညာရေးလော က ဖြစ်ထွန်းရန်လိုပါသည်။စည်းကမ်းကောင်းရန်လိုအပ်သလိုအေ ခြခံလိုအပ်ချက်လေးတွေလည်းကောင်းဖို့လိုပါသည်။ ဆရာဝန်များရုံးချိန်တွင်းမှာပင် ပြင်ပဆေးခန်းများတွင်စီးပွါးရှာခွင့်ရှိသော်လည်း ကျောင်းဆရာများမှာမူ ထမင်းနပ်မှန်ရေးအတွက် ကျောင်းပိတ်ရက်ကျူရှင်သင်ကြားခြင်းကိုတော့ ခွင့်မပြုပါ။ မိမိအတတ်ပညာနှင့်ရိုးသားစွာ သင်ကြားလျှင် ခွင့်ပြုသင့်သည်ဟု ထင် ပါသည်။ အချို့နယ်တက္ကသိုလ်များတွင်ပေးထားသောအဆောင်များမှာ မိုးမလုံပါ။မိုးရွာလျှင် ရှိသမျှခွက်တွေခံထားရပါသည်။ ပါချုပ်လည်းဘက်ဂျက်မရှိ၍မပြင်နိုင်ပါ။ ပညာရေးဝန်ကြီးသည် ပညာရေးလောကကို နလံမထူအောင်လုပ်ပြီးတိုင်းပြည်ဆင်းရဲ အောင်လုပ်နေသူဖြစ်ပါသည်။မိမိလည်းမြန်မာပြည်တွင်အမြင့် ဆုံးဒီဂရီဘွဲ့ကို မိဘများပိုက်ဆံမရှိသည့်ကြားက ရအောင်ကြိုးစား ယူခဲ့ရပါသည်။ သို့သော် ကျောင်းဆရာဘ၀ ထမင်းမ၀ပါ။ တိုင်းပြည်ဆင်းရဲ၍၀န်ထမ်းအားလုံး ဆင်းရဲလျှင် ရေသောက်ပြီး အလုပ် လုပ်ပါမည်။ သို့သော် ဆောက်လုပ်ရေး၊ဆည်မြောင်း၊ စည်ပင်…..အစရှိသည့်များစွာသောဝန်ထမ်းများမှာ မူ နိုင်ငံတော်သမ္မတကြီး သိသည့်အတိုင်းပင် ဖြစ်ပါသည်။ဖေါင်ကြီးသင်တန်းမှဆောင်ပုဒ်ကိုသတိရမိပါသည်။ “ ၀န်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမည်” ဆိုင်းဘုတ်ပေါ်တွင်ရှိသောဆောင်ပုဒ်သာဖြစ်ပါသည်။ ၀န်ထမ်းကို ကောင်းအောင်လုပ်ပေးမှ တိုင်းပြည်ကောင်းမည်ဖြစ်ပါသည်။ အခုတော့ လည်သူစားပုံစံဖြစ်နေပါသည်။ ပြောရလျှင်မကုန်နိုင်ပါ။ နိုင်ငံတော်သမ္မတကြီးအား အထူးလျောက်ထား တင်ပြလို သည်မှာ ၀န်ကြီးများပြောသည့်စကားကို အပြည့်အ၀မယုံကြည်ရန်ဖြစ်ပါသည်။ ဆင်ခြေတစ်သိန်းနှင့် အမှန်တရားကို ဖုံးကွယ်ပြီး မိမိစီးပွါးဥစ္စာတိုးပွါးရေးကိုသာအလေးထားဆောင်ရွက်ကြမ ည်ဖြစ်ပါသည်။ကျောင်းဆရာများ၏ဘ၀သည်ပီတိကိုစားအားဖြစ်ပါ သည်။တပည့်များနိုင်ငံ့ခေါင်းဆောင်ဖြစ်သွားလျှင်သေပျော်ပါသည်။ မည်သို့ပင်ရှိစေကမူ နိုင်ငံတော်သမ္မကြီး၏ စေတနာနှင့် ဆောင်ရွက်နေမှုများကိုပြည်သူများနှင့်ထပ်တူလေးစားလျက်ရှိပါကြောင်းရိုသေစွာတင်ပြအပ်ပါသည်။

လေးစားစွာဖြင့်

ပဲပြုတ်နှင့်ငါးပိထောင်းကြိုက်သော

ကျောင်းဆရာတစ်ဦး

ပညာရေးဝန်ကြီးဌာန

မိတ္တူ
- ဒုတိယသမ္မတများ
- ပြည်ထောင်စုလွှတ်တော်
- အမျိုးသားလွှတ်တော်
- ပြည်သူ့လွှတ်တော်
- အမျိုးသားဒီမိုကရေစီအဖွဲချုပ်
- ပြည်တွင်းဂျာနယ်များအားလုံး

ဗဟန်းမြို့နယ် ကြားတောရလမ်း တိုင်းသံဃာ့နာယက ရုံးရှေ့သို့ လာရောက်ကြပါရန်


ရွှေည၀ါဆရာတော်ကိုကူညီကြလွတ်လပ်ခွင့်ကိုလိုလားသူများ၊ နိုင်ငံရေးနိုးကြားတက်ကြွသူများ၊ခင်ဗျာ...
ရွှေည၀ါဆရာတော်ကို အရေးယူရန် အမိန့်ချမှတ်မည့် (၁၉-၁-၂၀၁၂) ကြာသာပတေးနေ့
မွန်းလွဲ ၁ နာရီတွင်းဗဟန်းမြို့နယ် ကြားတောရလမ်း တိုင်းသံဃာ့နာယက ရုံးရှေ့သို့ လာရောက်ကြ၍
ဆရာတော်ဖက်မှ ထောက်ခံ အားပေးကြပါရန်အသိပေးနှိုးဆော်လိုက်ရပါသည်။
ဆရာတော်ဦးပညာသီဟအား မန္တလေးတိုင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်း ရေစက်ချသြ၀ါဒဟောကြားသည်ကို ပုံကြီးချဲ၍ သာဓုကျောင်းတိုက်မှဖယ်ရှားရန် သံဃာ့မဟာနာယကအဖွဲ့မှစီစဉ်နေခြင်းဖြစ်ပါသည်။ဆရာတော်၏ အမှန်တရားလုပ်ရပ်အတွက် ကူညီကြပါခင်ဗျာ၊
ကျေးဇူးတင်စွာဖြင့်
ကြယ်နီ



ဒီနေ့ နံနက် ၉း၀၀ နာရီက မင်္ဂလာတောင်ညွန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ဆိုင်းဘုတ်တင်ပွဲအခမ်အနားတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူလူထုသို့ ပြောကြားသော မိန့်ခွန်း....

Burma VJ Media Network



ရဲက ကြမ်း​ကြမ်း​တမ်း​တမ်း​ ဖမ်း​ဆီး​သဖြင့်​ ​ကျောင်း​သား​တဦး​ ​သေဆုံး


Published on January 16, 2012 by နေသွင်

ပြည်မြို့​က ရဲတပ်ဖွဲ့​ဝင်နှစ်ဦး​က ကြမ်း​ကြမ်း​တမ်း​တမ်း​ ဖမ်း​ဆီး​တဲ့​အတွက် အသက် ၁၅ နှစ်အရွယ် ​ကျောင်း​သား​တဦး​ ​သေဆုံး​သွား​ပြီး​ တဦး​ ဒဏ်ရာအပြင်း​အထန်နဲ့​ ​ဆေး​ရုံ ပို့​ထား​ရတယ်လို့​ မိသား​စုဝင်​တွေနဲ့​ မျက်မြင်သက်​သေ​တွေက ​ပြောပါတယ်။

သေဆုံး​သွား​တဲ့​ ​မောင်​ကောင်း​ဆက်ပိုင်ဟာ ပြည်အမှတ် (၁) ​ကျောင်း​က တက္ကသိုလ်ဝင်တန်း​ ​ကျောင်း​သား​တဦး​ဖြစ်ပြီး​ ဇန်နဝါရီ ၃ ရက်​နေ့​က ​မောင်​ကောင်း​ဆက်ပိုင်နဲ့​ သူငယ်ချင်း​ တဦး​တို့​ စီး​လာတဲ့​ ဆိုင်ကယ်​နောက်က ရဲတပ်ဖွဲ့​ဝင်နှစ်ဦး​က ဆိုင်ကယ်နှင့်​ လိုက်ဖမ်း​စဉ်မှာ အသက် ​သေဆုံး​တဲ့​အထိ ဖြစ်သွား​တာပါ။

အခင်း​ဖြစ်တဲ့​ မနက်က အဖြစ်အပျက်နဲ့​ပတ်သက်လို့​ ဖခင် ဦး​ဝေအုန်း​က “ကျ​နော့်​သား​လေး​ အဲဒီ​နေ့​က သူငယ်ချင်း​အချင်း​ချင်း​ ရန်ဖြစ်ကြတယ်လို့​ ​ပြောပါတယ်။ ကျ​နော့်​သား​က သူတို့​ဖြစ်ပြီး​မှ ​ရောက်သွား​ပြီး​တော့​ ဖျန်​ဖြေပါတယ်။ ၃ ရက်​နေ့​ မနက်ခင်း​မှာ ရဲကအိမ်ကို လာပါတယ်။ သက်​သေလိုချင်လို့​ပါလို့​ ​ပြောတယ်။ ရဲက​တော့​ အဲဒီထဲမှာ ကျ​နော့်​သား​ မပါဘူး​လို့​ ​ပြောပြီး​ ပြန်ထွက်သွား​တယ်။ သူလည်း​ထွက်သွား​ပြီး​ မိနစ် ၂၀ ​လောက်အကြာမှာ ကျ​နော့်​သား​ သူငယ်ချင်း​တွေ လာ​ပြောပါတယ်။ ​ကောင်း​ဆက်ပိုင် ဆိုင်ကယ်​မှောက်လို့​ဆိုပြီး​ ​ဆေး​ရုံလိုက်သွား​တော့​ ​ဆေး​ရုံမှာ အသက်မမီ​တော့​ပါဘူး​” လို့​ ​ပြောပါတယ်။

ပြည်မြို့​ စည်​တော်မင်္ဂလာရပ်ကွက်နှင့်​ ပြည်ရတနာလမ်း​ကြား​ထဲက ရထား​လမ်း​ဘေး​မှာ ဖြစ်ခဲ့​တဲ့​ အဖြစ်အပျက်ကို ​တွေ့​ခဲ့​ရတဲ့​ မျက်မြင်သက်​သေတဦးက​ အခုလို ​ပြောပါတယ်။

“ကျမတို့​ လင်မယား​နှစ်​ယောက် ​ဘေး​က​နေ ဆိုင်ကယ်ဖြတ်​မောင်း​သွား​တာကို မြင်လိုက်တာ။ ​တော်​တော်ပြင်း​တယ်။ ဖြတ်​မောင်း​သွား​တာ ကြည့်​တော့​လည်း​ က​လေး​ ၂ ​ယောက်က ​မောင်း​တယ်။ ​နောက်ကလည်း​ ၆ ​ပေ၊​ ၇ ​ပေ​လောက် အကွာမှာ ဆိုင်ကယ်တစီး​က အပြင်း​အထန် လိုက်လာတယ်။ ​နောက်ဆိုင်ကယ်က ​ရှေ့​ဆိုင်ကယ်ကို မှီလာတယ်။ ​နောက်က​နေ ​ရှေ့​ဆိုင်ကယ်က ​နောက်ဘက်မှာ ထိုင်​နေတဲ့​ကောင်​လေး​ကို ပခုံး​က​နေ လှမ်း​ဆွဲချ​တော့​ ​နောက်က​ကောင်​လေး​ ပြုတ်ကျသွား​တယ်။ ​နောက်က​ကောင်​လေး​က​တော့​ ပြုတ်ကျသွား​ပြီ။ အဲဒီအချိန်မှာ တဘက်က ​နောက်ကလိုက်လာတဲ့​ ဆိုင်ကယ်က ပိတ်ကန်လိုက်တာ။ အဲ့​လိုကန်လိုက်​တော့​ လူက​အောက်က ဆိုင်ကယ်က အ​ပေါ်က ပိလဲသွား​တယ်။ ပထမ​တော့​ ရဲ​တွေဘာ​တွေလို့​ မ​တွေး​မိဘူး​။ သူကလည်း​ ယူနီ​ဖောင်း​နဲ့​မဟုတ်ဘူး​လေ။ ဆိုယ်ကယ်​အောက်က က​လေး​ကို လူ​တွေ​ရောက်လာပြီး​ ဆွဲထုတ်တယ်။ ဆွဲထုတ်ပြီး​ အဲဒီက​လေး​ကို လက်ထိပ်ခတ်လိုက်တယ်။ အဲဒီကျ​တော့​မှ ရဲဆိုတာ သိလိုက်တာ။”

ဒဏ်ရာနဲ့​ လဲ​နေတဲ့​ ​မောင်​ကောင်း​ဆက်ပိုင်ကို ရဲက လက်ထိတ်ခတ်ပြီး​ တရွတ်တိုက် ဆွဲ​ခေါ်သွား​တဲ့​ မြင်ကွင်း​ကိုလည်း​ မျက်မြင်သက်​သေက အခုလို ​ပြောပါတယ်။

“အဲဒီက​လေး​ကို လက်ထိတ်ခတ်၊​ ဒရွတ်တိုက်ပြီး​ဆွဲသွား​တယ်။ အဲဒီအချိန်မှာ နား​ထဲက​သွေး​တွေ မတရား​ထွက်​နေပြီ။ အသက်က ဆန့်​ငင်ဆန့်​ငင် ဖြစ်​နေပြီ။ ​လေး​ငါး​တောင်​လောက် အကွာကို ဆွဲ​ခေါ်သွား​ပြီး​မှာ ဝိုင်း​ကြည့်​နေတဲ့​သူ​တွေက ဝိုင်း​ပြော​တော့​မှ လက်ထိပ်ကိုဖြုတ်​ပေး​လိုက်တယ်။ ပြီး​တော့​ တဖက်က ပြုတ်ကျန်ခဲ့​တဲ့​ က​လေး​က ထွက်​ပြေး​ရင်း​ ဖွဲပုံထဲမှာ ​ခေါင်း​စိုက်​နေတယ်။ အဲဒီက​လေး​ကို ကုတ်က​နေကိုင်ပြီး​ ဒရွတ်တိုက် ဆွဲ​ခေါ်လာတာကို မြင်လိုက်တယ်။”

မောင်​ကောင်း​ဆက်ပိုင်ကို ​ဆေး​ရုံပို့​ဖို့​ ဆိုက်ကား​နဲ့​အသွား​ လမ်း​မှာပဲ ​သေဆုံး​သွား​တယ်လို့​ မျက်မြင်သက်​သေ​တွေက ​ပြောပါတယ်။

မောင်​ကောင်း​ဆက်ပိုင်ဟာ လဲကျသွား​တဲ့​အချိန်မှာ ​ဘေး​မှာရှိတဲ့​ ​ကျောက်တုံး​နဲ့​ ဦး​ခေါင်း​ ပြင်း​ပြင်း​ထန်ထန် ခိုက်မိပုံရတယ်လို့​ မျက်မြင်​တွေက ဆိုပါတယ်။

မောင်​ကောင်း​ဆက်ပိုင်ရဲ့​ သူငယ်ချင်း​က​တော့​ ​လော​လောဆယ် ပြည်​ဆေး​ရုံကြီး​မှာ ဒဏ်ရာအပြင်း​အထန်နဲ့​ အသည်း​ကို နံရိုး​စိုက်ဝင်​နေတဲ့​အတွက် ခွဲစိုက်ကုသမှု ခံယူ​နေရတယ်လို့​ ​ဆေး​ရုံမှာ သွား​ကြည့်​ခဲ့​တဲ့​ မိသား​စုဝင် တဦး​က ​ပြောပါတယ်။

မျက်မြင်​တွေရဲ့​ အဆိုအရ ​မောင်​ကောင်း​ဆက်ပိုင်တို့​ကို လိုက်ဖမ်း​ဖို့​ ကြိုး​စား​သူက ပြည်အမှတ် ၂ ရဲစခန်း​က ရဲတပ်ကြပ် သဲ​မောင်​မောင် နဲ့​ ​နောက်တဦး​ဖြစ်တယ်လို့​ သိရပါတယ်။

ဒီကိစ္စကို မိသား​စုက ရဲစခန်း​မှာ သွား​ရောက်စုံး​စမ်း​တော့​ စခန်း​မှူး​က ​မောင်​ကောင်း​ဆက်ပိုင်အတွက် ဝမ်း​နည်း​ကြောင်း​ပြောပြီး​ ဘယ်လို အ​ရေး​ယူ ​ဆောင်ရွက်မယ်ဆိုတာကို ရှင်း​မပြခဲ့​ဘူး​လို့​ ​မောင်​ကောင်း​ဆက်ပိုင်ရဲ့​ ဖခင်က ​ပြောပါတယ်။

ဒီဗွီဘီက ရဲစခန်း​ကို တယ်လီဖုန်း​ကတဆင့်​ စုံစမ်း​တဲ့​အခါမှာလည်း​ ဒီကိစ္စနဲ့​ ပတ်သက်လို့​ ​လော​လောဆယ် ဘာမှ မ​ပြောနိုင်​သေး​ဘူး​လို့​ တာဝန်မှူး​က ပြန်​ဖြေပါတယ်။

မောင်​ကောင်း​ဆက်ပိုင်ရဲ့​ အမှုကို လိုက်ပါ​ဆောင်ရွက်​ပေး​မယ့်​ ​ရှေ့​နေက​တော့​ ဒီကိစ္စကို လူ​သေမှု၊​ သို့​မဟုတ် လူသတ်မှု စွဲချက်​တွေနဲ့​ တရား​စွဲဖို့​ရှိတယ်လို့​ ​ပြောပါတယ်။
http://burmese.dvb.no/archives/20033

သင်္ဃန်းကျွန်း အမကကျောင်းအုပ် ဦးဌေးလွင်မှ ကျောင်းသားကို တိရိစ္ဆာန်ကဲ့သို့ ကြိုးတုတ်ရိုက်

Category: မြန်မာ့ပညာရေးသတင်း Published on Tuesday, 17 January 2012 03:07 Written by နှင်းပွင့်ဖြူ (သင်္ဃန်းကျွန်း)

၁၄ ရက်နေ့လည် ၃ နာရီခွဲ အချိန်မှာ ကျမ မနှင်းပွင့်ဖြူ အသက် ၂၂ နှစ်၊ မှတ်ပုံတင်အမှတ် ၁၂/ သဃက
(နိုင်) ၁၂၁၉၃၆ ရဲ့ နေအိမ်ကို လမ်းထဲမှ ဟူစိန် လာရောက်ပြီး “မကြီးရဲ့ မောင် ပြည့်စုံကို     ကျောင်းအုပ်ဆရာကြီးက ဘောလုံးကန်လို့ ဖမ်းထားတယ်” လို့ လာပြောပါတယ်။

ကျမ မောင်လေးက အသက် ၁၂ နှစ်၊ အထက (၁) သင်္ဃန်းကျွန်းမှာ သတ္တမတန်း တက်နေတာပါ။ ကျောင်းအုပ် ဆရာကြီးက အမက (၂၀) သင်္ဃန်းကျွန်းမြို့နယ် ကပါ။ သူ့ မူလတန်းကျောင်းဘေးမှ ဘောလုံးသွားကန်လို့ပါ။
ကျမနဲ့ ဟူစိန် လည်း အမက (၂၀) ကို အပြေးရောက်သွားပါတယ်။ ကျောင်းအောက်ရောက်တော့ ကလေး တစ်ယောက်ကို မောင်လေး ဒီမှာ ကောင်လေး တစ်ယောက်ကို ဆရာကြီး ဖမ်းထားတယ်ဆိုလို့ လာတာလို့ မေးတော့၊ အဲဒီကလေး က ဟုတ်တယ် မကြီး သားပြမယ်ဆိုပြီး အပေါ်ထပ်မှာ ဆိုလို့ ကျမ
တစ်ယောက်တည်း အပေါ်ထပ် တက်သွားပါတယ်။ ဟူစိန်က အောက်မှာ ကျန်ခဲ့ပါတယ်။

ကျမ  မောင်လေးကို ၀ရံတာမှာ လက် နောက်ပြန်ပြီး နိုင်လွန်ကြိုးနဲ့ တုတ်ထားတာပါ။ တမံတလင်း ကြမ်းပြင်၊
နောက်မှာ နံရံနဲ့ မီပြီး ကလေးက ခွေခွေလေးဖြစ်နေပါတယ်။ ကျမ ကလေးကို နှိုးပါတယ်။ မနိုးပါဘူး။ ပါးကို အတင်းလှုပ်တော့မှ ကလေးက မျက်ဖြူလှန်ပြီး နိုးလာပါတယ်။

“မကြီး သားကြောက်တယ် ၊ သား ရေသောက်မယ် ၊ ရေဆာတယ်” ပဲပြောနေတယ်။ အနီးနားက အခန်းထဲမှာ မိန်းမ တစ်ယောက်နဲ့ ယောက်ျားတစ်ယောက်ကို ကျမ တွေ့တော့ ရေနည်းနည်း တိုက်ပါလို့ပြောပြီး၊ အဲလ်ပိုင်း ရေသန့်ဘူးလေးထဲမှာ ရေလက်ကျန် ဖင်ကပ်လေးကိုတွေ့လို့ ဆွဲယူလိုက်ပါတယ်။
ကလေးကို ရေ အရင်တိုက်ပြီးမှ ကြိုးဖြေပေးလိုက်ပါတယ်။ သူ့လက်တွေ အရမ်းနာနေပါတယ်။ ကြိုးက နိုင်လွန်ကြိုး နီဖြူ ကြားပါ။ ရှုပ်ယှပ်ခတ်နေအောင် ချည်ထားတာကြောင့် အချိန်အတော်ကြာမှ ပြေသွားပါတယ်။
ကျမ က နင်ကို ဘယ်သူဖမ်းတာလဲ ဘယ်သူကြိုးတုတ်တာလဲ မေးတော့၊ သားပြန်မယ် သားကြောက်တယ်ချည်း ပြောနေတယ်။ သားကို ကျောင်းအုပ်ဆရာကြီး လူနှစ်ယေက်နဲ့ ဖမ်းပြီး ကြိုးတုတ်ထားတာလို့ ပြောပါတယ်။ ကလေးကို နီးရာ ခုံအစိမ်းလေးမှာ ထိုင်ခိုင်းထားပါတယ်။
ကျမက ရေတောင်းယူခဲ့တဲ့ အခန်းသွားပြီး အစ်မ ကျောင်းအုပ်ဆရာကြီးက ဘယ်သူလဲလို့ မေးပါတယ်။ အဲဒီမှာ မိန်းမက ပန်းကန်ဆေးနေပြီး ယောင်္ကျားကအင်္ကျီ လဲနေတာကို ကျမ တွေ့ရပါတယ်။ ကျမ သူနဲ့တွေ့ပြီး ကလေးကို ပြန်ခေါ်တော့၊ အဲဒီမှာ ဦးလေးကြီးက “ငါ ကျောင်းဆရာအုပ်ပဲ၊ ငါ ဖမ်းတာ”လို့ ပြောပါတယ်။
“နင်က ဘာကကောင်မလို့ သူ့ကို ကြိုးကို ဖြေပေးတာရတာလဲ” လို့  ကျမကို ပြောပါတယ်။

ဆရာကြီးလုပ်ထားတာကြည့်ပါအုံး။ ကလေးကို တိရစ္ဆာန်တစ်ကောင်လို ကြိုးနဲ့ တုတ်ထား
စရာလားလို့ ပြန်ပြောတော့၊ သူက “နင်မောင်က မုန့် ခိုးစားတယ်” လို့ ပြောတော့ ကျမမောင်လေးက “ကျနော်
မခိုးစားဘူး ကျနော် မခိုးစားဘူး” လို့ ပြောပါတယ်။

ကျမမောင်လေးကို ပြန်ခေါ်သွားမယ်ဆိုတာ မထည့်ပေးဘူး။ ကျန်မတို့ မောင်နှမကို သူတို့ ခြိမ်းခြောက်ပါတယ်။ ကျမ ကို ၄ ချက် စွပ်စွဲပြီး ရဲစခန်းပို့မယ်လို့ ပြောပါတယ်။ (၁) ခွင့်မပြုဘဲ ကျောင်းထဲဝင်လို ၊ (၂) ရေဘူးကိုယူလို (၃) သူ့ကို ပြန်ပြောလို့၊ (၄) ကြိုးဖြေလို့ ဆိုပြီး ကျမကို ခြိမ်းခြောက်ပါတယ်။
ကျမက ကျောင်းထဲကို အောက်က ကလေးတစ်ယောက်ပို့လို့  ၀င်လာတာ၊ ရေဘူးက ကလေးအတွက် အရေးကြီးလို့ ခွင့်တောင်းပြီးယူတာလို့ သူကိုပြန်ပြောတာ၊ ဆရာကြီးမှန်းမသိလို့ ပြောမိတာပါ၊ ကြိုးဖြေပေးတာ ကလေး လက်တွေညောင်းပြီး လက်ကောက်ဝတ်တွေ နီရဲလို့ ဖြေပေးတာလို့ ကျမ ပြန်ရှင်းတာကို စားမလိုဝါးမလိုနဲ့ ဒေါသတကြီး ကြည့်နေပါတယ်။
“တကယ်လို့  ဒီကလေး ရေမသောက်ရလို့ စက္ကန့်ပိုင်းအတွင်း သေသွားရင် ဘယ်လို လုပ်မလဲ” လို့ မေးတော့ ငါသေအောင် မလုပ်ဘူးတဲ့ နင်ကိုလည်း သွားခွင့်မပြုဘူးတဲ့  အဲဒါဘယ်လိုလုပ်ပေးရမလဲ နင်စဉ်းစားတဲ့။
ကျမ မောင်လေး မျက်ဖြူလှန် ခွေယိုင်ပြီး ကြောက်နေတဲ့  ကျမတို့ မောင်နှမ ဆရာကြီးကို ထိုင်ကန်တော့ပြီး တောင်ပန်းခဲ့ပါတယ်။ အဲဒါကို သူက မကျေနပ်ဘဲ မိဘခေါ်ခဲ့၊ မိဘ လာမှ လွှတ်မယ်လို့ ပြောပါတယ်။ အဲဒါနဲ့ အောက်မှ ကျန်နေခဲ့တဲ့ ဟူစိန်ကို ကျမ အစ်ကိုကို သွားခေါ်လို့ ပြောလိုက်ပါတယ်။ အမေ မသိစေနဲ့လို့လည်း
ပြောလိုက်ပါတယ်။

တအောင့်နေတော့ အစ်ကို ရောက်လာတယ်။ ကျမ က “ကိုကြီး ကလေးကို သူတို့ ကြိုးတုတ်ဖမ်းထားတာ မုန့်ခိုးစားလို့တဲ့ ၊ မောင်လေးက မဟုတ်ဘူးပြောတယ်၊ ဘောလုံးကန်တာတဲ့” ဆိုပြီး ပြောပြလိုက်တယ်။
အဲဒီမှာ ဆရာကြီးက “နင့်မောင်ကို မိဘ ဘယ်မှနေလဲလို့  ငါမေးတယ်။ နင့်မောင်က မြောက်ဒဂုံလိုလို တောင်ဒဂုံလိုလို ဟိုလိုလို ဒီလိုလို ပြောနေတယ်” ဆိုတော့ ကျမက “ကလေးက မိဘသိမှာကို ကြောက်ပြီး ပြောတာပါ၊ ကျမတို့က ဒီနားမှ နေတာ အဲဒီ အဝေးကြီးကနေ ဒီကလေးလေးတွေ လာဆော့မလား” လို့ ပြန်ပြောလိုက်ပါတယ်။
ဘောလုံးကန်တဲ့ သူတွေထဲမှာ ကျမ မောင်လေး က ၁၂ နစ် အကြီးဆုံးပါ၊ ၈ နှစ် ၉ နှစ် ကလေးတွေလည်း ပါတယ်။ ဒီမှာလာဆော့တဲ့ ကလေးတွေအကုန်လုံးက ဒီသမာဓိရပ်ကွက်ထဲက ဆိုတာ လူတိုင်းသိတယ်။ အစ်ကိုကိုလည်း ဆရာကြီးက မင်းညီက ပုံမှန်ဟုတ်ဘူးတဲ့ မျက်လုံးတွေက စိတ်မှကောင်းရဲ့လား၊ ကလေးကို စိတ်မနှံဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ပြောပါတယ်။ ကလေးကလန့်ပြီး မျက်ဖြူလန်နေတာ။ အစ်ကိုကိုလည်း တောင်းပန်လိုက်အုံးပြောတော့ အစ်ကိုက ဆရာကြီးကို တောင်းပန်းပါတယ်။
ကျောင်းအုပ်ဆရာကြီးက ကျမတို့ လိပ်စာကိုတောင်းပြီး နောင်ဒီလို့ ဖြစ်ရင် မလွယ်ဘူးတဲ့  စခန်းပို့မယ်လို့ ထပ်ပြောတယ်။ ကလေးက ရဲစခန်းဆိုတဲ့ အသံကြားပြီး ကြောက်လန့် နေတယ်။ မကြီး တောင်းပန်လိုက် သားကြောက်တယ်လို့  ပြောပါတယ်။ ကျမတို့ တောင်းပန်းခဲ့ပြီး မောင်နှမတွေ ငိုယိုပြီးပြန်လာခဲ့ပါတယ်။
ကလေးက လမ်းမလျှောက်လို့ မရအောင် ပျော့ခွေနေတယ်။ လက်မှာလည်း ကြိုးအရာကြီးတွေ ထင်းနေတာ။ အစ်ကိုက ချီပြီး စက်ဘီးနဲ့ အိမ်ပြန်ခေါ်လာခဲ့ပါတယ်။ မိဘ မသိအောင် အိပ်ခန်းထဲ ကုတင်ပေါ်မှာ လှဲခိုင်းထားရတယ်။
နောက် ၁၀ မိနစ်လောက် ကြာမှာ အဒေါ်( အမေ့ ညီမ ) ရောက်လာတယ်။ ကလေးက ခြေလက်တွေ အေးနေတယ်။ နင်တို့  ဆေးရုံတင်လို့ ပြောပါတယ်။ ငါ အဲဒီကျောင်းအုပ်ကြီးကို သွားတွေ့မယ်လို့ ပြောပါတယ်။ ဒေါ်ကြီးက ကလေးကို ဆေးရုံးအရင်တင်မယ်ဆိုပြီး ညနေ ၄ နာရီ ၁၀ မိနစ် လောက်မှပဲ ဆေးရုံ တင်လိုက်ပါတယ်။
အရေးပေါ် အခြေနေဖြစ်သွားပါတယ်။ ကလေးက နိုးလိုက် မေ့မျောသွားလိုက် ဆေးရုံမှာ ဖြစ်နေပါတယ်။ မျက်ဖြူလှန်ပြီး ခြေဖျား လက်ဖျားတွေ အေးနေတယ်။ သူသတိရတဲ့ အချိန်မှာ သားကြောက်တယ်ချည်းပဲ ပြောနေသည်။
“မောင်လေးကို ဘယ်သူ ကြိုးတုတ်ပြီးဖမ်းတာလဲ” လို့ မေးတော့
“သားကိုကျောင်းအုပ် ဆရာကြီးက ကျောင်းစောင့် ဦးလေးကြီး နစ်ယောက်ကို လွှတ်ပြီး ကျောင်းထဲမှာ ဘောလုံးကန်မယ်လို့ လိမ်ပြီးခေါ်တယ်။ သားတို့ အချင်းချင်း ကစားနေတာ သူတို့နှစ်ယောက် ၀င်ပါမယ်ဆိုပြီး ညှပ်ဖမ်းတာ ကျန်တဲ့ ကလေးလေးတွေကတော့ ထွက်ပြေးတယ်။ သားတို့ က ၉ နာရီခွဲလောက်က ကစားနေတာ၊ အိမ်ပြန်ကာနီး ၁၁ နာရီ ကျော်လောက်မှ ဖမ်းတာ”

အတူကစားတဲ့ ကလေးတစ်ယောက်က ပြောတယ်။ မကြီးမောင်ကို ကျောင်းကလူကြီးနှစ်ဦး ဖမ်းပြီး
အပေါ်ထပ် ခေါ်သွားတာ တွေ့လိုက်တယ်။ သားပုဆိုးကျန်ခဲ့လို့ သွားယူတော့ ကျောင်းအုပ်ကြီးက
သူ့ကို လက်သီးနဲ့ ထိုးနေတယ်။ ကြိမ်လုံးနဲ လည်း ရိုက်တာ တွေ့တယ်”

ကလေးတွေ ကျောင်းပိတ်ရက် လမ်းထဲမှာ ဘောလုံးကန်လို့ မရလို့၊အနီးနားက ကျောင်းနားမှာ ဘောလုံး သွားကစားတာပါ။ နားငြီးလို့ မကစားစေချင်ရင် ကောင်းကောင်းမွန်မွန် မဆုံးမဘဲ၊ အခုလို့ ရက်ရက်စက်စက်
ပြုလုပ်ခဲ့တာပါ။ ညဘက် ရဲစခန်းကိုသွားပြီး အကြောင်းကြားခဲ့ပါတယ်။

နောက်တနေ့  တနင်္ဂနွေနေ့မှာ အထက (၁) သင်္ဃန်ကျွန်းမှ ကျောင်းအုပ်ကြီး၊ မြို့ နယ်ပညာရေးမှူးကြီးနဲ့ 
ကြိုးတုတ်ပြီးရိုက်တဲ့ အမက (၂၀ ) ကျောင်းအုပ်ကြီးက မနက်ပိုင်းမှာ ကျမနဲ့ အဒေါ်ကို ခေါ်တွေ့ပါတယ်။ ပညာရေးမှူးရုံးကို အကြောင်းမကြားဘဲ ရဲစခန်းကို အကြောင်းကြားလို့ ဆူပါတယ်။

အဒေါ်ကတော့ ကျောင်းပိတ်ရက် ဖြစ်နေလို့ မလာတာလို့ ပြောပါတယ်။ ကျောင်းအုပ်ကြီးက
သူမလုပ်ဘူးလို့ ငြင်းပြီး ကျမတို့ကို တရားစွဲမယ်လို့လည်း ခြိမ်းခြောက်ပါတယ်။ ကလေးကိုတော့
တနင်္လာနေ့ အထိ သင်္ကန်းကျွန်း စံပြဆေးရုံ ကလေးဆောင်မှာ ဆက်တင်ထားပါတယ်။

နှင်းပွင့်ဖြူ (သင်္ဃန်းကျွန်း)
http://www.maukkha.org/index.php/news-menu/myanmar-educational-news-maukkha/1754-maukkha-students-myanmar-beaten


ILO ရုံးကိုဘယ်လိုတိုင်မလဲ