Wednesday, January 18, 2012

SNLD ပါတီ မှတ်ပုံပြန်တင်ရေး မကြာမီ ဆုံးဖြတ်မည်


2012-01-18
၁၉၉၀ ပြည့် ရွေးကောက်ပွဲတုန်းက လွှတ်တော် ကိုယ်စားလှယ် ဒုတိယ အများဆုံး ရခဲ့တဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီက ပါတီ မှတ်ပုံပြန်တင်ရေးနဲ့ ရွေးကောက်ပွဲဝင်ရေး ကိစ္စတွေကို ဒီရက်ပိုင်း အတွင်း ဆုံးဖြတ်မယ်လို့ SNLD ပါတီက ပြောပါတယ်။


RFA (Shan TV)
SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွတ်လာပြီး နောက်ပိုင်း တွေ့ရစဉ်။
ဒီလို ဆုံးဖြတ်နိုင်ဖို့ ပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးကို ရက်ပိုင်း အတွင်း ပြုလုပ်မှာ ဖြစ်ပြီး SNLDပါတီ ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးခွန်ထွန်းဦးနဲ့ ဦးစိုင်းညွန့်လွင်တို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်လွတ်လာပြီးနောက် အခုလို ဆုံးဖြတ်ကြတာလို့ SNLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးစိုင်းလိတ်က ပြောပါတယ်။ “ကျွန်တော့် တစ်ယောက်တည်း သဘောအရ ဆိုရင်တော့ အခုသွားနေတဲ့လမ်းကြောင်း အကုန်လုံးက ရွေးလမ်း ဘာမှ သိပ်မရှိဘူး။ တရားဝင် နိုင်ငံရေးပါတီ တစ်ခု အဖြစ် လျှောက်ထားပြီး ရပ်တည်မှသာလျှင် လှုပ်ရှားလို့ရမယ်လေ။ အဲဒါကြောင့်မို့ အားလုံးရဲ့ဆန္ဒကို သိရအောင် နက်ဖြန် သန်ဘက်ခါလောက်ကို စီအီးစီ အစည်းအဝေး စတင်မှာ ဖြစ်ပါတယ်။ စီအီးစီ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပြီးတော့မှ မှတ်ပုံတင် ကိစ္စ၊ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး ကိစ္စတွေကို ကျွန်တော်တို့ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်” ဒီအတောတွင်း လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ လာရှိုးမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ပြိုင်ပေးဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဦးခွန်ထွန်းဦးကို ဒီကနေ့လာရောက် ကမ်းလှမ်းခဲ့ပေမယ့် ဦးခွန်ထွန်းဦး ကတော့ မိမိတို့ SNLD ပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်ကိုသာ လိုက်နာ ဆောင်ရွက်မယ်လို့ အကြောင်းပြန်ခဲ့ကြောင်း သိရပါတယ်။ ဦးခွန်ထွန်းဦးနဲ့ RFA တွေ့ဆုံမေးမြန်းချက်ကို ဦးကျော်မင်းထွန်းက ပြန်လည်တင်ပြထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/snld-party-01182012103430.html

ဇေယျာ​သော် ကြား​ဖြတ်​ရွေး​ကောက်ပွဲတွင် အန်အယ်လ်ဒီကိုယ်စား​ပြု ဝင်ပြိုင်မည်



Published on January 18, 2012 by ရွှေအောင်  

ကြား ​ဖြတ်​ရွေး​ကောက်ပွဲမှာ အဆို​တော်​ဇေယျာ​သော်က ​နေပြည်​တော် ပုဗ္ဗသီရိ နယ်​မြေမှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ကိုယ်စား​ပြု ဝင်​ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ​နေပြည်​တော်မဲဆန္ဒနယ် ၄ ခုမှာ ဝင်​ရောက် ယှဉ်ပြိုင်ကြမယ့်​ ကိုယ်စား​လှယ်​လောင်း​ စာရင်း​ကို ဒီ​နေ့​ ထုတ်ပြန်လိုက်ရာမှာ အကျဉ်း​ထောင်​တွေက မကြာခင်ကမှ လွတ်​မြောက်လာကြသူ​တွေဖြစ်တဲ့​ ဟစ်​ဟော့​အဆို​တော် ​ဇေယျာ​သော်နဲ့​ မစန္ဒာမင်း​ (​ခေါ်) ရွှီး​တို့​ ပါဝင်လာကြပါတယ်။
မစန္ဒာမင်း​က ဇဗ္ဗူသီရိ၊​ ​ဇေယျာ​သော်က ပုဗ္ဗသီရိ စတဲ့​ မြို့​နယ်​တွေမှာ ဝင်​ရောက် ​ရွေး​ကောက်ခံကြမှာ ဖြစ်ပါတယ်။
၂၀၁၀ ​ရွေး​ကောက်ပွဲတုန်း​က​တော့​ ​နေပြည်​တော်ရှိ မြို့​နယ်အား​လုံး​မှာ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီက ကိုယ်စား​လှယ်​တွေပဲ နိုင်ခဲ့​တာဖြစ်ပြီး​ စစ်အစိုး​ရလက်ထက်က ထိပ်ပိုင်း​ ​ခေါင်း​ဆောင်​တွေဖြစ်တဲ့​ ဦး​သိန်း​စိန်၊​ ဦး​ရွှေမန်း​တို့​လို ပုဂ္ဂိုလ်​တွေ ဝင်ပြိုင်ခဲ့​တာပါ။
နေပြည်​ တော်မှာ ဝင်​ရောက် ယှဉ်ပြိုင်မယ့်​ အဖွဲ့​ချုပ် ကိုယ်စား​လှယ်​လောင်း​တွေဟာ အာဏာရ ကြံ့​ခိုင်​ရေး​ပါတီနဲ့​ အဓိက ယှဉ်ပြိုင်ကြရမှာ ဖြစ်လို့​ အခုလို လူငယ်​တွေနဲ့​ ဝင်​ရောက် အ​ရွေး​ခံမယ့်​အ​ပေါ် အဖွဲ့​ချုပ်​ပြောခွင့်​ရ ဦး​အုန်း​ကြိုင်က အခုလို​ပြောပါတယ်။
“ကျန်တဲ့​ နယ်​တွေမှာလည်း​ အာဏာရပါတီ​တွေက တပြည်လုံး​ သူတို့​ ဝင်ပြိုင်မှာပဲ။ ၄၈ ​နေရာစလုံး​ ဝင်ပြိုင်မှာပဲ။ အဲ့​တော့​ ဘယ်​နေရာမဆို ရင်ဆိုင်ရမှာ တူတူပါပဲ။ ​နေပြည်​တော်မှာပဲ ​ရွေး​ပြီး​တော့​ အခုလို ပြိုင်တာ​တော့​ မဟုတ်ပါဘူး​။ ဒါ​ပေမယ့်​ အခုလို အစီအစဉ်သစ်နဲ့​ ဝင်ပြီး​ ယှဉ်ပြိုင်တာက ပိုပြီး​ နိုင်​ခြေရှိမယ်လို့​ တွက်လို့​ ကျ​နော်တို့​ လုပ်တာပါ။”
နေပြည်​တော်၊​ ပုဗ္ဗသီရိနယ်​မြေက ဝင်ပြိုင်မယ့်​ ကို​ဇေယျာ​သော်ကို ဆက်သွယ်​မေး​ကြည့်​တော့​ အဲ့​ဒီနယ်​မြေမှာ ဝင်​ရောက် ယှဉ်ပြိုင်ကြမယ့်​ ပါတီဘယ်နှခုရှိလဲဆိုတာနဲ့​ ကြံ့​ခိုင်​ရေး​ပါတီက ဘယ်သူဘယ်ဝါ ဝင်ပြိုင်မယ်ဆိုတာ မသိ​သေး​ဘူး​လို့​ ​ပြောပါတယ်။
ဝင်ပြိုင်မယ့်​ နယ်​မြေကပြည်သူ​တွေ ယုံကြည် ​ရွေး​ချယ်ချင်​အောင် ဘယ်လိုလုပ်သွား​မလဲဆိုတာနဲ့​ပတ်သက်လို့​ သူက ခုလို​ပြောပါတယ်။
“အစပထမမှာ မိမိရဲ့​ ဆန္ဒ​တွေ မိမိရဲ့​ သ​ဘောထား​တွေကို ထုတ်​ဖော်တဲ့​ နိုင်ငံ​ရေး​အရ တက်ကြွလှုပ်ရှား​သူအ​နေနဲ့​ ရပ်တည်ခဲ့​တာပါ။ အဲ့​ဒီက​နေမှ အခုအချိန်မှာဆို နိုင်ငံ​ရေး​သမား​တ​ယောက်အဖြစ် ရပ်တည်ဖို့​ စပြီး​တော့​ ​ခြေလှမ်း​ လှမ်း​တာပါ။ စပြီး​တော့​ ကြိုး​စား​တာပါ။ လိုအပ်​နေတဲ့​ လိုအပ်ချက်​တွေက​တော့​ အများ​ကြီး​ ရှိမှာပါပဲ။ ဒါ​တွေကိုလည်း​ ကျ​နော့်​အ​နေနဲ့​ တဖြည်း​ဖြည်း​ ​လေ့​လာသင်ယူသွား​ရမှာပါ။ ကျ​နော့်​အ​နေနဲ့​ ​ပြောနိုင်တာက​တော့​ ကျ​နော်ဟာ လူငယ်တ​ယောက်ဖြစ်တဲ့​ အတွက်​ကြောင့်​မို့​ လူငယ်တ​ယောက်ရဲ့​ လတ်ဆတ်တဲ့​ ဆန်း​သစ်တဲ့​ အ​တွေး​အ​ခေါ်​တွေနဲ့​တော့​ အ​ကောင်း​ဆုံး​ဖြစ်​အောင် ကြိုး​စား​သွား​ပါမယ်လို့​ ​ပြောကြား​ပါရ​စေ ခင်ဗျ။”
အဖွဲ့​ ချုပ်ကိုယ်စား​ပြု ဝင်​ရောက်ယှဉ်ပြိုင်ကြမယ့်​ ကိုယ်စား​လှယ်​လောင်း​ စာရင်း​တွေကို ဇန်နဝါရီ ၁၂ရက် ကစပြီး​ ထုတ်ပြန် ​ကြေညာခဲ့​ရာ ဒီ​နေ့​မှာ ၄၈ ​နေရာ စလုံး​အတွက် ထုတ်ပြန်​ကြေညာခဲ့​ပြီး​ ဖြစ်ပါတယ်။
မြောင်း​ မြအကျဉ်း​ထောင်က လွတ်​မြောက်လာခဲ့​သော မစန္ဒာမင်း​က ​နေပြည်​တော် ဇဗ္ဗူသီရိမြို့​နယ်၊​ မန္တ​လေး​ အိုး​ဘိုအကျဉ်း​ထောင်မှ ပြန်လည် လွတ်​မြောက်လာသူ မိုး​ကုတ်မြို့​က ကိုမင်း​သူက ဥတ္တရသီရိမြို့​နယ်၊​ နိုင်ငံ​ရေး​ အကျဉ်း​သား​ဟောင်း​ ကိုနိုင်ငံလင်း​က ဒက္ခိဏသီရိ မြို့​နယ်​တွေမှာ အန်အယ်လ်ဒီ ပါတီ ကိုယ်စား​ပြု ဝင်​ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ 
http://burmese.dvb.no/archives/20127


ရွှေညဝါဆရာတော်ကြီးအား သွားရောက် တွေ့ဆုံ ဂါရဝပြုခဲ့ကြတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ

By Demo Waiyen (Albums) facebook
https://plus.google.com/u/0/photos/104599519102251045718/albums/5699151910786329569

ပေးဆပ်ဖို့ဝန်မလေးတဲ့ ရွှေည၀ါဆရာတော် ရဲ့အခြေအနေ.

Burma VJ Media Network

၂၀၁၁ခုနှစ်စက်တင်ဘာလ ၁၅ရက်နေ့က မန္တလေးမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို ကြွရောက်ပြီးသြ၀ါဒတရာဟောကြားခဲ့တဲ့အတွက် ရွှေညဝါ ဆရာတော် ကို အရေးယူပေးဖို့ သံဃာ့မဟာ နာယက အဖွဲ့က ရန်ကုန်တိုင်းသံဃာ့နာယက အဖွဲ့ကို အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။
အခုလိုလုပ်တာဟာ NLD နဲ့ ရဟန်းသံဃာတော်တွေ အဆက်ဆံမရှိအောင် ဓါးစာခံထိုးဆောင်ရွက်တဲ့အနေထား ယူဆရလို့ရကြောင်း ပေးဆပ်မှုတွေနဲ့ ထုံမွေ့လာတာဖြစ်လို့ ပေးဆပ်ဖို့ဝန်မလေးကြောင်းကိုလဲ ရွှေည၀ါဆရာတော်မှပြောကြားခဲ့ပါတယ်။






၁၅.၉.၂၀၁၁နေ့က မန္တလေးမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးအပေါ်ထပ်ကို ပင့်လျှောက်လာသဖြင့် ကြွရောက်သြ၀ါဒတရား ပြောကြားခြင်းသာဖြစ်တယ်။ အဲဒီလိုသြ၀ါဒတရားပြောကြားပေးတဲ့ကိစ္စနဲ့ပက်သက်ပြီး ငါ့စိတ်ထဲမှာ ဘာမှ နောက်ပိုင်း ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာလိမ့်မယ်လို့ လုံးဝမမျှော်လင့်ဘူး။ မမျှော်လင့်တဲ့အရာက မမျှော်လင့်တဲ့အချိန်မှာ အခုလိုအကြောင်းပြစွဲချက်တင်ပြီးတော့ အရေးယူမှုတွေပေါ်လာတဲ့အခါကျတော့ အလွန်အံ့သြသွားတယ်။


ဒေါ်အောင်ဆန်းစုကြည်သံလျှင်မြို့ တောင်ပိုင်းခရိုင် အထွေထွေေ၇ွးကောက်ပွဲကော်မရှင်ရုံးသိုအဆိုပြုလွှာတင်သွင်း



Burma VJ Media Network

၁၈-၁-၂၀၁၂ နံနက် ၁၀း၃၀ နာရီိတွင် ဒေါ်အောင်ဆန်းစုကြည်သည် သံလျှင်မြို့ တောင်ပိုင်းခရိုင် အထွေထွေေ၇ွးကောက်ပွဲကော်မရှင်ရုံးသို့ သွားရောက်၍ လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းအဆိုပြုလွှာကို ကိုယ်တိုင်တင်သွင်းခဲ့ပါတယ်..



ဟန်းနီးမွန်းခရီးတော့ ဆရာဝန်မ မလိုက်နိုင်ရှာ





by Aung Khine on Friday, January 13, 2012 at 7:03am
ကျွန်တော်တို့ မြန်မာနိုင်ငံက ဝန်ထမ်းဆရာဝန်လင်မယားတွေ နိုင်ငံခြားကို တူစုံယှဉ်တွဲခရီးထွက်ခွင့် မရှိဘူးတဲ့ခင်ဗျ။

ဆေးကျောင်းသူကျောင်းသားဘဝမှာ သမီးရည်းစား၊ ကျောင်းပြီးလို့ နှစ်ယောက်လုံးအလုပ်ထဲဝင်ကြတော့ လက်ထပ်ကြ၊ ပြီးတော့ ဖူးခက်ကို ဟန်းနီးမွန်းထွက်ဆိုတာ လွန်းထားထား ဝတ္ထုထဲမှာတော့ ဖတ်ဖူးသား။ ဘဲဒီး ဂဒိုမန်းတစ် (Very romantic!)

တကယ့်လက်တွေ့မှာတော့ အဲလောက် ပိုက်ဆံရှိတဲ့ မြန်မာဝန်ထမ်းဆရာဝန်ပေါက်စစုံတွဲတကယ်ရှိရင် ဂင်းနစ် - အဲလေ၊ ဖူးခက်ကိုလည်း ဟန်းနီးမွန်းခရီးထွက်မယ်ဆိုရင် တစ်ယောက်တစ်လှည့် သွားရပါလိမ့်မယ်ခင်ဗျား။ (“ကိုကို့ ပတ်စ်ပို့ ပြန်အပ်မှ မိုမို့ပတ်စ်ပို့ ထုတ်ပေးမယ်တဲ့ ကိုကိုရယ်။ ကိုကို ဟန်းနီးမွန်းထွက်နှင့်တဲ့အချိန် ကိုကို့ ဆေးရုံဂျူတီတွေကိုမိုမို relieving ဆင်းပေးထားမယ်နော်။ ပြီးမှ မိုမို တစ်လှည့် သွားမယ်။ ကိုကို့ရဲ့ ဟန်းနီးမွန်း ဂျူတီတွေကိုလည်း မိုမို ဟိုမှာပဲ relieving ရှာလိုက်မယ်နော်။”) - ဟုတ်ပေါင်၊ ပြောရင်းနဲ့ ရှုပ်ကုန်ပြီ။


သြော် - ဒီလို မဟာဗျူဟာမြောက် ပေါလစိ (policy) ချထားရတဲ့ အကြောင်းရင်းကတော့ လင်မယားနှစ်ယောက် အတူ ပေးထွက်လိုက်ရင် ပြန်မလာတော့မယ့် ဖြစ်နိုင်ချေ များလို့ပါတဲ့ခင်ဗျာ။ တစ်ယောက်ကို ပြည်ထွက်ခွင့်မပေးဘဲ နိုင်ငံအကျယ်ချုပ်နဲ့ ထားထားရင်တော့ ထွက်သွားတဲ့ တစ်ယောက်ကလည်း အချိန်တန်ရင် မဖြစ်မနေ ပြန်လာရမှာပဲဆိုတဲ့ အင်မတန် သမာသမတ်ကျတဲ့ အိုင်ဒီယာခင်ဗျ။ (“မင်းမိန်းမနဲ့ ဒီဘဝမှာ ပြန်တွေ့ချင်သေးတယ်ဆိုရင် သင်တန်းပြီးတာနဲ့ ဒီကို တန်းတန်းကြီး ပြန်ခဲ့တော့။”)

စူဠလိပ် ရေထဲလွှတ်ရရင်တောင် လိပ်ခွံတော့ ချွတ်ပြီးထားခဲ့ဦးဆိုတဲ့ အိုင်ဒီယာဗျ။

“အိုင်ဆေး ဦးဘချစ်၊ ခင်ဗျားတို့ ချစ်ခြင်းကို မခွဲချင်ဘူးဗျာ နော်။ ဒါပေမယ့် ခင်ဗျား ကျုပ်ကို နောင် ဒုက္ခမပေးရဲအောင်တော့ကာ မမြဝင်းကို ကျုပ် ခေါ်ထားရလိမ့်မယ်ဗျ … ဟွန်းဟွန်း …” ဆိုတဲ့ ဗိုလ်အောင်ဒင့် အိုင်ဒီယာမျိုးဗျ။ (ဗိုလ်အောင်ဒင် = ဓားပြဗိုလ်။)

ဒါဟာ Social kidnapping လူမှုရေးပြန်ပေးဆွဲခြင်းပဲဗျ။ အခု နိုင်ငံတော်က ဖော်ဆောင်နေတဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသလားလို့ပဲ။ (ဒီမိုကရေစီကျင့်စဉ်က ဖြောင့်ဖြောင့်ကြီးဆိုရင်ပေါ့လေ အဟီး။)

အိုင်ဆေး … တစ်ဖက်နိုင်ငံမှာ သင်တန်းသွားတက်ရမယ့် ကိုယ့်ဇနီးကိုယ် စိတ်မချလို့ လိုက်ပို့ချင်တယ်ဗျာ။ ဟိုမှာလည်း ရောက်တုန်းရောက်ခိုက် လေးငါးရက်လောက် အတူလည်လိုက် ပတ်လိုက်ချင်သေးတယ်ဆိုရင် နှစ်ယောက်လုံး ပတ်စ်ပို့ပြိုင်တူရအောင် ဘယ်လိုလုပ်ရမလဲ။

မူနဲ့ လွတ်အောင်ဆိုရင် လင်မယား မဟုတ်မှပဲ ရမှာပေါ့။ ဒီတော့ကာ “နှစ်ဦးသဘောတူ (ခေတ္တ) ကွာရှင်းပြတ်စဲ ပြီးစီးခြင်း” ဆိုပြီး ကြေညာလိုက်ဗျာ။

          “ကျွန်တော်တို့ လင်မယားမဟုတ်တော့ဘူးခင်ဗျ။ သူလည်း သူ့ကိစ္စနဲ့သူ နိုင်ငံခြားသွားမှာ။ ကျွန်တော်လည်း ကျွန်တော့်ကိစ္စနဲ့ ကျွန်တော်ပဲ။”
          “သြော် လေယာဉ်တစ်စီးတည်း ထိုင်ခုံနံပါတ် ကပ်လျက် ဖြစ်နေတာကတော့ အခင်မင် မပျက်အောင်လို့ပါ ခင်ဗျာ။”
          (“ဟိုရောက်တော့လည်း ဟိုတယ်တစ်ခန်း နှစ်ယောက် အစုအစပ်ငှားပြီး … ဟဲဟဲဟဲဟဲ … အခင်မင်မပျက်ပေါ့ခင်ဗျာ။”) - စိတ်ထဲမှ ကြုံးဝါးခြင်း။

ပတ်စ်ပို့ ရပြီဆိုတော့မှ…
“နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲပြီးစီးခြင်း ပြီးစီးသွားပါ၍ ဒုတိယမ္ပိ လက်ထပ်ပြီးစီးခြင်း။”
“ဒုတိယမြောက် ဟန်းနီးမွန်းခရီးကို ဖြစ်မြောက်အောင် အဖက်ဖက်မှ ဝိုင်းဝန်းဖိအားပေး ပေးပါသော တာဝန်ရှိပုဂ္ဂိုလ်များကို ကျေးဇူးဥပကာရ အထူးတင်ရှိပါကြောင်း ...”

ဟုတ်တယ်လေ။ ဒီလို ကြံတီးကြံဖန် ရူးတူးပေါတော လျှောက်စဉ်းစားပြီး လိုက်လုပ်ပေးမှ ကျင့်သုံးနေဆဲ ပေါလစိ (policy) တွေနဲ့ ရှေ့သွားနောက်လိုက်၊ သူ့အရပ်နဲ့ သူ့ဇာတ်၊ အိုးရွဲ့နဲ့ စလောင်းရွဲ့၊ ဘုန်းကြီးရူးနဲ့ လှေလူး လိုက်ဖက်ညီတော့မပေါ့လို့။ ဘယ့်နှယ့်လဲဦးဘချစ်ကဲ့ … ဟွန်းဟွန်း …

PS:  မိန်းမရေ ကို့ကို ဂယ်ချစ်ရင် အထက်လူကြီးတွေ မသိအောင် လာခိုးပါ။ စနေနေ့ည ကိုးနာရီ တံတားဦးလေဆိပ်ကစောင့်မယ်။ ဟိုကနေ ကို့အတွက် ပတ်စ်ပို့အတု လုပ်ခဲ့ဦး။ ရင်တွေခုန်လိုက်တာနော် … အဟိ။


ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှုအတွင်းက မိစ္ဆာဒိဋ္ဌိ တို့ တွန်းထိုး ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ တုပ်ကောက် တစ်ချောင်းနဲ့ ကိုယ်တော်ကြီး

Ah Bayah(facebook)

2007 ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှုအတွင်းက မိစ္ဆာဒိဋ္ဌိ တို့ တွန်းထိုး ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ တုပ်ကောက် တစ်ချောင်းနဲ့ ကိုယ်တော်ကြီးကို မိတ်ဆွေတို့ မှတ်မိပါစ ။
ဒီကိုယ်တော်ကြီးလည်း ဒီနေ့ NLD ရုံးမှာ အခုလို တွေ့ရပါတယ် ။



ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်



Posted by on January 18, 2012 

(မြန်မာပြည်ကို လူညွန့်တုံးအောင် လုပ်ခဲ့တဲ့ ဗိုလ်ခင်ညွန့် ရဲ့ လုပ်ရပ်တွေထဲ သမိုင်းဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ်ကို ပြန်လည် တင်ဆက်လိုက်ပါတယ်။)
ကြယ်ဆိုတာ ကိုယ်ပိုင်အလင်းရောင်ရှိတယ်။ သူတို့ရဲ့ နေရာဟာ မြင့်မားတဲ့ ကောင်းကင်ကြီးပဲ။ ရာသီဥတုကြည်လင်တဲ့ ညတွေဆိုရင် အရောင်လက်နေတဲ့ ကြယ်တွေဟာ စိန်တွေလိုပဲ တဖျပ်ဖျပ် လက်နေတယ်ဆိုတာ လူတိုင်း သိကြသလို၊ မြင်လည်း မြင်ဖူးကြပါတယ်။ စစ်အာဏာသိမ်းခဲ့သည့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က သေနတ်မှန်ထားတဲ့ ကျောင်းသူလေးကို သယ်ယူပြေးလွှားနေသည့် ဒေါက်တာ စောလွင်နှင့် ဒေါက်တာ မင်းသိန်း၊ ကျမတို့ တိုင်းပြည်မှာ ရှိတဲ့ လူငယ်များစွာဟာလည်း ကြယ်တွေလိုပါပဲ။ ကိုယ်ပိုင်အရည်အချင်း အထင်အရှားရှိကြတယ်။ ဉာဏ်ပညာ ထက်မြက် တယ်။ စိတ်ဓာတ်မြင့်မားကြတယ်။ ဒါပေမယ့် ၀မ်းနည်းဖို့ ကောင်းတာက အဲ့ဒီကြယ်တွေဟာ တဖြုတ်ဖြုတ်နဲ့ ကြွေနေ တယ်။ ဒါကြောင့် ကျမက ကြယ်တွေကြွေနေတဲ့ တိုင်းပြည်လို့ နာမည်ပေးထားတယ်။
၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက်နေ့က အဖြစ်အပျက်တွေကို ပြောလိုက်တာနဲ့ လူတိုင်းမြင်ဖူးပြီးသားဖြစ်တဲ့ ဓာတ်ပုံတပုံ အကြောင်း ပြောပြချင်ပါတယ်။ အဲဒီ ဓာတ်ပုံက သေနတ်မှန် ပြီး ဒဏ်ရာရနေတဲ့ အင်္ကျီအဖြူ လုံချည်အစိမ်းနဲ့ ကျောင်းသူ လေးကို ဂျူတီကုတ်အဖြူဝတ် ထားတဲ့ ဆရာဝန်နှစ်ဦးက ဆွဲပြေးနေတဲ့ပုံပါ။ ဒီဓာတ်ပုံကို မမြင်ဖူးတဲ့လူ မရှိပါဘူး။ မြင်တဲ့ လူတိုင်း ခံပြင်းဒေါသ ဖြစ်ကြပါတယ်။ အဲဒီ ဓာတ်ပုံထဲက ဆရာဝန်နှစ်ဦး ဘယ်ကိုရောက်သွားတယ်ဆိုတာ သိတဲ့လူ နည်းမယ်လို့လည်း ကျမထင်ပါတယ်။
ရှေ့ကနေကျောင်းသူလေးရဲ့ ခြေထောက်ကို ဆွဲမထားတဲ့ဆရာဝန်ရဲ့ နာမည်က ဒေါက်တာစောလွင်၊ ခေါင်းကိုမထားတဲ့ ဆရာဝန်က ဒေါက်တာမင်းသိန်းဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ပညာချွန်သူတွေဖြစ်ကြပါတယ်။ ဒေါက်တာစောလွင် ဟာ ဆယ်တန်းစာမေးပွဲအောင်တုန်းက သင်္ဃန်ကျွန်းတမြို့နယ်လုံးမှာ ပထမ ရခဲ့ပါတယ်။ သူ့အစ်မကလည်း ဆရာဝန် ပါပဲ။ ဒေါက်တာမင်းသိန်းကလည်း ဆေးကျောင်းမှာ ထိပ်တန်းက ကျောင်းသားပါ၊ သူ့ညီ ကိုဝင်းသိန်း လည်း ဆရာဝန် တယောက်ပါပဲ။ သူတို့ရဲ့ဖခင်ကလည်း ဌာနတခုကညွှန်ကြားရေးမှူး အဆင့်ရှိတဲ့သူပါ။
ဒေါက်တာ မင်းသိန်းဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ တောခိုသွားခဲ့ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ABSDF) မှာ ဆေးမှူးတာဝန် ထမ်းဆောင်ခဲ့ပြီး တာဝန်နဲ့ ပြည်တွင်းကို ပြန်ရောက်ခဲ့ပါတယ်။ အဲဒီအချိန်အတွင်းမှာပဲ ဗိုလ်ချုပ်ခင်ညွန့်က တောတွင်းက ပြန်ရောက်လာသူတွေအနေနဲ့ န၀တ ကို သတင်းပို့ဖို့ လို ကြောင်း၊ သတင်းပို့လာခဲ့လျှင် အရေးမယူပါကြောင်း သတင်းစာရှင်းလင်းပွဲကနေ ပြောတာကြောင့်စိုးရိမ်တတ်တဲ့ ဒေါက် တာမင်းသိန်းရဲ့ အဖေက သူကိုယ်တိုင်စစ်ဒေသကို အကြောင်းကြားခဲ့ပါတယ်။ စစ်ဆေးဖို့ မခေါ်ခင်မှာ ဒေါက်တာ မင်း သိန်း က ဒေါက်တာ စောလွင်ကို သူတာဝန်နဲ့ ပြန်လာကြောင်းကို ပြောပြခဲ့ပါတယ်။ နောက်တနေ့မှာ ဒေါက်တာမင်းသိန်း ကိုမေးမြန်း စရာရှိတယ်ဆိုပြီး ခေါ်သွားပါတော့တယ်။
တပတ်လောက်ကြာတော့ ဒေါက်တာမင်းသိန်းကို ထောက်လှမ်းရေးစခန်းကနေ ပြန်လာပို့ပေးပါတယ်၊ မိဘတွေဆီ သေ ချာအပ်နှံသွားခဲ့ပါတယ်၊ သို့သော်လည်း ဒေါက်တာ မင်းသိန်းတယောက် ခြေလက်တွေဖောယောင်ပြီး ဆီးမသွားနိုင် တော့ပါ၊ ဒါကြောင့် ကိုဝင်းသိန်း (ဒေါက်တာ မင်းသိန်းရဲ့ ညီ)က ဒေါက်တာ စောလွင်တို့ မောင်နှမကို အကြောင်းကြားခဲ့ ပါတယ်၊ ဒေါက်တာ စောလွင် ရောက်လာတော့ ဒေါက်တာမင်းသိန်းက ပြောပြပါတယ်။ သူ့ကို ထောက်လှမ်းရေးက ဆေး တလုံး ထိုးပေးလိုက်တယ်တဲ့၊ ဘာဆေးလဲဆိုတာတော့ မပြောဘူးတဲ့၊ သူအခုဖြစ်နေတာတွေက အဲဒီ ဆေးကြောင့်ဖြစ် မယ်လို့ ဆိုပါတယ်။ အခုသူ ဗိုက်ကြီးတင်းနေပြီး အသက်ရှူရတာ ကြပ်နေတယ်လို့ ပြောပြခဲ့ပါတယ်။
ဒေါက်တာစောလွင်နဲ့ ကိုဝင်းသိန်း က ဆေးရုံတင်ဖို့ စီစဉ်နေစဉ်မှာပဲ ထောက်လှမ်းရေးက ဆေရုံတင်မယ်ဆိုရင် စစ်ဆေး ရုံကိုပဲ တင်ခွင့်ရှိကြောင်း၊ စစ်ဆေးရုံမှာကုသဖို့ စီစဉ်ထားကြောင်း အကြောင်းကြားလာပါတယ်။ ဒေါက်တာ မင်းသိန်းက စစ်ဆေးရုံမှာဆိုရင် ဆေးကုမခံနိုင်ဘူးလို့ဆိုပြီး အိမ်မှာပဲနေမယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ဒေါက်တာ စောလွင်နဲ့ ကိုဝင်း သိန်း တို့ကပဲ ကုသပေးခဲ့ပါတယ်။
ဒေါက်တာ မင်းသိန်းဟာ ဘယ်ဆေးရုံကိုမှ တက်ရောက်ကုသခြင်း မရှိခဲ့ဘဲ နောက်တနေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ဒေါက် တာ မင်းသိန်းဆုံးလျှင်ဆုံးခြင်း ဒေါက်တာ စောလွင် နဲ့ ကိုဝင်းသိန်းတို့က သူတို့ရဲ့ ဆရာ ဆရာဝန်ကြီးတဦးကို အကြောင်း ကြားပြီး အဲဒီ ဆရာကြီးနဲ့အတူ ရင်ခွဲစစ်ဆေးခဲ့ကြပါတယ်။ အဖြေကတော့ ကျောက်ကပ် အရမ်းကြုံ့သွားတာတဲ့။ ဒေါက် တာ စောလွင် တို့က မျက်မြင်သက်သေ ဖြစ်ခဲ့ကြပါတယ်။ ဒါကို သိသွားတဲ့ ထောက်လှမ်းရေးက ရင်ခွဲ စစ်ဆေးတဲ့ ဆရာ ၀န်ကြီးကိုမပေါက် ကြားစေရပါဘူးဆိုပြီး လက်မှတ်ထိုးခိုင်းခဲ့လို့ ထိုးခဲ့ရပြီး ဒေါက်တာ စောလွင်ကတော့ ထွက်ပြေးခဲ့ရပါ တယ်။
ဒေါက်တာ စောလွင် ထွက်ပြေးရတဲ့အတွက် သူ့ကို အားထားနေရတဲ့ ဆင်းရဲသားလူနာတွေ ဒုက္ခရောက်ခဲ့ကြရတာ ကျမ မျက်မြင်ပါ၊ အဲဒီအချိန်က ဒေါက်တာစောလွင်ဆေးခန်းမှာ ကျမ ကူလုပ်ပေးခဲ့ပါတယ်။ ဆင်းရဲတဲ့လူနာတွေကို ပိုက်ဆံမ ယူတဲ့အပြင် သူ့ရဲ့ဆေးဝါးတွေကိုပါ ပေးလိုက်ပါသေးတယ်။ ကင်ဆာဝေဒနာရှင် တဦးကိုလည်း ဆေးဖိုးဝါးခ အကုန်ခံပြီး ဆေးကုသပေးခဲ့တာ ကျမရှေ့တင်ပါ။ ၁၉၉၄ ခုနှစ်ထဲမှာ ဒေါက်တာ စောလွင်ကြောင့် ပင်စင်ပေးခံခဲ့ရတဲ့ သူ့ရဲ့ အဖေ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ တိမ်းရှောင်နေတဲ့ ဒေါက်တာစောလွင် ပြန်ရောက်လာခဲ့ပါတယ်။
ဘာမှ ထူးခြားမှုမရှိတဲ့အတွက် ထောက်လှမ်းရေး မေ့နေလောက် ပြီဆိုပြီး အစိုးရဆေးရုံမှာ အလုပ်လျှောက်ခဲ့ပါတယ်။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်အတွင်းက တိုက်နယ်ဆေးရုံတရုံမှာ တာဝန်ကျခဲ့ပါတယ်။ အစပိုင်းမှာ ဘာမှမဖြစ်ခဲ့ပေ မယ့် နောက်ပိုင်းမှာတော့ ထောက်လှမ်းရေး က မကြာခဏ စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်ထဲမှာ စစ်မေးတာ ပိုစိပ်လာပြီး စိတ်အနှောင့်အယှက်လည်း ပိုဖြစ်လာပါတယ်။ မခံနိုင်တဲ့အဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် ခေတ္တ လွတ် မြောက်စဉ်မှာ တွေ့ရအောင် ခွင့်ယူပြီး ရန်ကုန်တက်လာခဲ့ပါတယ်။ သို့သော် အန်တီနဲ့ မတွေ့ဖြစ်ခဲ့ပါ။ ဒါကြောင့် ဘိုက လေး ကို ပြန်လာခဲ့ပါတယ်။
ဘိုကလေးကို ရောက်ရောက်ချင်း မ၀တ အတွင်းရေးမှူးက ခေါ်လို့ သွားတဲ့အခါမှာ မ၀တ ရုံးခန်းတွင်း စစ်ထောက်လှမ်း ရေး ၃ ယောက်နဲ့ အချိန်အတော်ကြာ တွေ့ဆုံခဲ့ရပါတယ်။ အဲဒီနောက် ဒေါက်တာစောလွင်တယောက် ညှိုးညှိုးငယ်ငယ်နဲ့ အိမ်ပြန်လာခဲ့ပါတယ်။ အတူနေသူတွေရဲ့ ပြောပြချက်အရ ဒေါက်တာစောလွင်ဟာ စိတ်ဒုက္ခရောက်စရာရှိနေပုံ ရပါတယ်။ သိသိသာသာ စကားနည်းသွားတယ်လို့လည်း ဆိုပါတယ်။ မေးရင်လည်း စကားလွှဲသွားပြီး ဘာမှသေချာ မပြောခဲ့ပါဘူး။ အဲဒီလို မပြောတာကလဲဘယ်သူ့ကိုမှ သူလိုမဖြစ်စေချင်လို့ မပြောတာလို့ ယူဆရပါတယ်။
အဲဒီနောက် ခွင့်ဆက်ယူပြီး ပစ္စည်းတွေသိမ်းဆည်းနေပါတယ်၊ ဒါပေမယ့် နောက်၂ ရက်အကြာမှာ ဆရာ ဒေါက်တာ စော လွင် အခန်းက တိတ်ဆိတ်နေပြီး လှုပ်ရှားသံမကြားရလို့ အတူနေသူတွေက စိုးရိမ်ပြီး တခါးဖျက်ဝင်ခဲ့ရာ သူ့ကိုယ်သူ ဆွဲ ကြိုးချ သတ်သေနေခဲ့ပါတယ်။
ဆရာ သေဆုံးရခြင်းအတွက် ကျမတကယ် နှမြောဝမ်းနည်းမိပါတယ်။ ဆရာဟာ လူတော်လူကောင်း တဦးပါ။ ကျမတို့ ဗမာပြည်မှာ ကြယ်တွေကြွေနေပါတယ်။ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။ အဖိုးတန် သားတွေဆုံးရှုံးရတဲ့ မိဘတွေရဲ့ ခံစား ချက်က ဘယ်လောက်များ နာကျင်နေမလဲ။ ကျမတို့ရဲ့ အဖိုးတန် လူငယ်တွေ ဘယ်လောက်အထိများ ဆုံးရှုံးနေရဦးမှာ လဲ……။ ဒီဆောင်းပါးနဲ့ အညတြ သူရဲကောင်းများကို ဂုဏ်ပြုအပ်ပါတယ်။
ခင်ငြိမ်းသစ်
Khin Nyein Thit ဖေစ့်ဘွတ်ခ်မှ …
http://www.naytthit.net/?p=23487


လူတွေ ထဲက လူအချို့ (ဖုန်းလိုင်းတွေ ဈေးပေါတာမကြိုက်ဘူး)(မီးပျက်ရင် ပိုက်ဆံပေး)(ကွန်ကရစ် မြောင်းဖုံး ကျိုးမှာ စိုးရိမ်လို့)





by မြန်မာ့ အရေး on Wednesday, January 18, 2012 at 2:55am
လူတွေ ထဲက လူအချို့ (ဖုန်းလိုင်းတွေ ဈေးပေါတာမကြိုက်ဘူး)


ဒီတစ်ခေါက် တွေ့ရသူတစ်ဦးကိုတော့ ဘယ်လိုပြန်ပြောရမှန်းမသိအောင်ကို ဖြစ်သွားခဲ့ရပါတယ်....။
ပြော၇ရင် ကျွန်တော်ရှုံးသွားခဲ့ပါတယ်…။

ဖြစ်ပုံက ဒီလိုပါ။
အိမ်တစ်အိမ်ကမိသားစုစကားဝိုင်းလေးမှာပါ.....။
ဘေးနားမှာလဲ ကျွန်တော်နဲ့သက်တူရွယ်တူ လူအချို့ ရှိနေပါတယ်..။ လူကြီးတွေနဲ့ မိသားစုကိစ္စတွေပြောနေရင်း ဂျာနယ်တွေအကြောင်းကနေတဆင့် ခုတလောသတင်းကြီးနေတဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကနေ မဖြစ်နိုင်ပါဘူးဆိုပြီးပြောဆိုထားတဲ့ ၅၀၀၀တန် လိုင်းကဒ်အကြောင်း ရောက်သွားပါတယ်..။
လူကြီးတွေကနားမလည်တဲ့အတွက် သူတို့ကိုသေချာရှင်းပြနေတာပါ။ သူတို့အမြင်မှာတော့ လက်ရှိတန်ဖိုးနဲ့အရမ်းကွာနေတော့ ဖြစ်နိုင်ချေရှိမရှိ၊ ဟုတ်နိုင်မဟုတ်နိုင် စတာလေးတွေမေးနေတာပါ..။
ကျွန်တော်ကလည်း သိသလောက် လက်ရှိကာလ ပြည်ပက အခြေအနေလေးတွေနဲ့ နှိုင်းယှဉ်ပြီး ပြည်တွင်းကအမြတ်ကြီးစားသူတွေအကြောင်းကိုပါ ပြောပြနေမိပါတယ်..။
လူကြီးတွေကလည်း နားလည်လာပြီး ဖြစ်သင့်ကြောင်း ၊ဖြစ်လာရင်ကောင်းကြောင်း စတာတွေပြောဆိုနေစဉ်မှာပဲ….

ခုနလူငယ်တွေထဲက တစ်ဦးက ….
“ဖုန်းလိုင်းတွေ အဲ့လောက်ဈေးပေါတာကြီးကတော့ မမိုက်ပါဘူးဗျာ” တဲ့..။

အသံကြားရာကိုကြည့်လိုက်တော့ ပုဆိုးမှာ ဖုန်းချိတ်ထားတဲ့ အသက်ရွယ်တူလောက်ရှိမဲ့ လူတစ်ယောက်…။

“ခင်ဗျာ….၊ကျွန်တော်ပြောတာ ဖုန်းလိုင်းကဒ်တန်ကြေးကိုပြောတာနော်၊ ဖုန်းရဲ့တန်ဖိုးက သပ်သပ်”

“ဟုတ်တယ်လေ..ငါကလည်းအဲ့…လိုင်းကဒ်ဈေးကိုပဲပြောတာပဲ…။အနည်းဆုံး တစ်သိန်းဝန်းကျင်လောက်တော့ရှိသင့်တာပေါ့..”

“ဘာလို့လဲ ခုလိုဈေးပေါပေါနဲ့ လူတိုင်းသုံးနိုင်တော့ မကောင်းဘူးလား ဗျ..?”

“ဘယ်ကောင်းမလဲ…ဗျ။လူတိုင်း ဖုန်းကိုင်နိုင်တော့ ခုလိုဟမ်းဖုန်းကိုင်ရတာ ဘယ်မိုက်တော့မလဲ…ဗျ”

“အယ်….. ဒါဆိုဘာလဲ..? အကိုက ခု ဖုန်းကိုင်နေနိုင်တာကို ဂုဏ်ယူနေတာလား..? ဖုန်းကို ဇိမ်ခံပစ္စည်းလို့ထင်နေတာလား..? ကျွန်တော့အမြင်သီးသန့်ကိုပြောရရင် ခုလက်ရှိဖုန်းလိုင်းကို ဈေးကြီးပေးပြီး ကိုင်နေသူတွေထဲမှာ ငတုံးတွေအများကြီးပဲဗျ….သိလား?

“ဘာလို့လဲ !!! ဖုန်းကိုင်တာနဲ့ဘာလို့ ငတုံးဖြစ်ရမှာလဲ..”

“ဖုန်းကိုင်တဲ့သူတိုင်းကို ငတုံးလို့မပြောပါဘူး..။ဖုန်းဆိုတာ လူမှုဆက်သွယ်ရေးအတွက် အမှန်တကယ်မရှိမဖြစ် ပစ္စည်းပါပဲ..။
ဖုန်းကို သုံးတတ်တဲ့သူတွေ၊ဆက်သွယ်ရေးကို တန်ဖိုးထားပြီး အသုံးချနေသူတွေအတွက်ကတော့ ဘယ်လောက်ဈးကြီးကြီး တန်နေမှာပါပဲ။ ဒီဖုန်း ၁ call ကနေသူ့အတွက်အများကြီး အကျိုးအမြတ်ရရှိသွားနိုင်တယ်လေ..။
ဒါ…စီးပွားရေးသမားတွေကိုတင် ပြောတာမဟုတ်ဘူး…။
တခြား ဒီဖုန်းကို အသုံးပြုနေရတဲ့ လူမှုရေးအတွက် သုံးနေကြသူတွေလည်းအတူတူပဲ…။
သူတို့ အသုံးချတတ်သလောက် တန်ဖိုးရှိတာပဲ..။
ကျွန်တော်ပြောချင်တာက ဒီဖုန်းလိုင်း ရဲ့ သတ်မှတ်ဈေးနှုန်းက သင့်တော်သလား မသင့်တော်သလားမသိပဲ၊ အရေးတကြီးလိုအပ်နေတာမဟုတ်ပဲ၊  မိမိဝင်ငွေနဲ့ မမျှပဲ သူများဖုန်းကိုင်တာနဲ့ လိုက်ကိုင်ချင်သူတွေ၊ ဒီလိုဖုန်းကိုင်နိုင်တာကိုပဲ သွေးနထင်ရောက်ပြီး လူကြားထဲ အသံကျယ်ကြီးနဲ့ သူဌေးဂိုက်ဖမ်းနေတဲ့ သူတွေကိုပြောတာပါ..။ သားသမီးတွေက အတင်းပူစာလို့ မိဘတွေက ရသမျှချေးငှားပြီး ၀ယ်ပေး၇တာတွေ၊
လှချင်ပချင် ယုံတင်မဟုတ်ပဲ ဖုန်းနဲ့စတိုင်ထုတ်ချင်လို့   ခန္တာကိုယ်နဲ့ပါရင်းလိုက်ရတဲ့ မိန်းခလေးတွေကို အကိုမြင်ဘူးလား..?

ကျွန်တော်မြင်ဘူးတယ်..!!
ကျွန်တော့ အမြင်မှာတော့ အဲ့လိုလူတွေဟာ ငတုံးတွေပဲ…။
မိမိရဲ့ဝင်ငွေ၊ မိဘတွေရဲ့ အခြေအနေကိုလည်း နားမလည်၊ခန္တာကိုယ်နဲ့ ရင်းလိုက်ရအောင်လည်း တန်ဖိုးမရှိတဲ့ဒီ ဖုန်းလိုင်းတခုအတွက်  စီးပွားရေးသမားတွေ လိမ်သမျှ၊အမြတ်ကြီးစား ဂုတ်သွေးစုပ်သမျှ လည်စင်းခံနေကြရတာလေ….။
ပစ္စည်းတစ်ခုရဲ့ တန်၇ာတန်ကြေးကို မသိနားမလည်တာတွေလေ။
အဲ့လိုလူတွေရှိနေတဲ့အတွက်ကြောင့်လဲ အမြတ်ကြီးစားချင်တဲ့သူတွေက ပိုင်ရာဆိုင်ရာကိုပေါင်းပြီး ချယ်လှယ်ချင်သလို ချယ်လှယ်နေကြတာပေါ့..။
အခု သင့်တော်တဲ့တန်ရာတန်ကြေးနဲ့ ရောင်းချပေးမဲ့သူတွေကို လိုက် တိုက်ခိုက်နေကြတာပေါ့…။
ကျွန်တော်တို့ ပြည်သူတွေအနေနဲ့လည်း ခုလို ဈေးပေါပေါ သင့်တော်တဲ့ တန်ဖိုးနဲ့ ရောင်းချပေးမှာကို ကြိုဆိုသင့်တာပေါ့…။
ခုတော့ အကိုက အဲ့လိုဖြစ်တာ“မမိုက်ပါဘူး” ဆိုတော့… ကျွန်တော်တောင် ဘယ်လိုနားလည်ရမှန်းကို မသိတော့ပါဘူးဗျာ….။”

“ဟုတ်သေးဘူးကွ…။ ငါကတော့ အဲ့လိုမျိုးကြီးကို မကြိုက်ဘူး..”

ကျွန်တော့မှာ ဒီလူနဲ့ဆက်ပြောစရာ စကားမရှိတော့ပါဘူး..။

ကျွန်တော် ပြုံးနေလိုက်မိ ပါတော့တယ်………။

သြော် ….မြန်မာပြည်တွင် ဒီလိုလူမျိုးလည်း ရှိသေးသကိးု…… :P

ရာခိုင်နှုန်းမများပါစေနှင့် ဟုသာ ဆုတောင်းလိုက်မိပါတော့တယ်…။

 သူ့လိုလူမျိုးသာ နေရာတစ်ခုရဲ့ လူကြီးဖြစ်နေမယ်ဆိုရင်တော့ …………….။



လူတွေ ထဲက လူအချို့ (မီးပျက်ရင် ပိုက်ဆံပေး)

နောက်ပြသနာတစ်ခုက လမ်းခင်းအပြီး တစ်လအကြာဝန်းကျင်လောက်မှာဖြစ်တာပါ…။ ဒီတခါကျမှ ကျွန်တော်လည်း ရပ်ကွက်ထဲမှာ တော်တော် နာမည်ကြီးသွားပါတော့တယ်.. :P ။



တနေ့… ညနေပိုင်းလေးမှာ မီးပျက်သွားတယ်..။နောက်တနေ့မနက် အစောပိုင်း(နံနက်၅နာရီ)လောက်မှာမီးပြန်လာပါတယ်..။

မနက်အစောကြီးပြန်လာတာဆိုတော့ ထူးဆန်းနေသလိုတော့ ခံစားမိလိုက်သား..။

အဲ…နေ့လည်ပိုင်းလောက်ကြတော့ အိမ်ကို (မျက်မှန်းတန်းမိနေသော) အဒေါ်ကြီးတစ်ယောက် ရောက်လာပြီး….



“ညက သားတို့အိမ်မီးပျက်တယ် မလား”



“ ဟုတ်ကဲ့ ၊ပျက်ပါတယ်” ပေါ့…။



“ဒါဆို ၁၅၀ ပေးရမယ်” တဲ့..။



ကျွန်တော်နဲနဲ ကြောင်သွားတယ်..။



“ဘာလို့လဲ..? မီးပျက်ပြီးပြန်လာတာနဲ့ပဲ ဘာလို့ ပိုက်ဆံပေးရမှာလဲ..”



သူဆက်ပြောတာကတော့…လမ်းထိပ်နားက အိမ်က မနက်ကမီတာရုံးက လူကိုခေါ်ပြီး ပြင်ခိုင်းလိုက်တာ ၅၀၀၀ ပေးလိုက်ရကြောင်း၊အဲ့အတွက် သူ့ပိုက်ဆံ ပြန်လိုချင်ကြောင်း၊သူသာ မီးရုံးကလူကိုမခေါ်ရင် မနက်က မီးပြန်လာမှာ မဟုတ်ကြောင်း….စတာတွေပြောပါတယ်..။



အဲ့စကားကြားတော့ ကျွန်တော် တော်တော်ကို တင်းသွားပါတယ်..။



အဲ့ဒီအိမ်၊ အဲ့ဒီလူကို ကျွန်တော်သိပါတယ်..။အဲ့လူက ရပ်ကွက်ထဲမှာ ဆွမ်းလောင်းအသင်းဥက္ကဌ ၊လူချမ်းသာ စာရင်းဝင်ပါ။အိမ်ကြီးအိမ်ကောင်းနဲ့နေပြီး လိုင်းကားထောင်ထားနိုင်တယ်..။အသံချဲ့စက်ငှားတယ်၊ ရပ်ကွက် သာရေး၊နာရေး ပွဲတွေအတွက် စားပွဲ ကုလားထိုင် ချက်ပြုတ်တဲ့အိုး စတာတွေ အခကြေးငွေနဲ့ ငှားပါတယ်။

(ရပ်ကွက်တရားပွဲ ဆွမ်းအလှူပွဲတွေအတွက် သူ့အသံချဲ့စက်သုံးတဲ့အခါ အခကြေးငွေ ယူ၊မယူ တော့ မသိပါဘူး..။)

အိမ်ကကောင်းတော့ အိမ်မှာတင် မင်္ဂလာခန်းမ ငှားပါတယ်..။ဒီနေ့ မနက်မှာလည်း သူ့အိမ်မှာ မင်္ဂလာဆောင်တစ်ခု လုပ်နေတာ တွေ့ခဲ့ရပြီးပါပြီ။



အဖြေက ရှင်းပါတယ်..။

သူ့အိမ်က လက္ခံထားတဲ့ မင်္ဂလာပွဲမှာ လုပ်ကိုင်ဖို့၊သီချင်းတွေဖွင့်ဖို့ လျှပ်စစ်မီးလိုပါတယ်..။အိမ်မှာ လုပ်တဲ့ပွဲ ဖြစ်နေတဲ့အတွက် မီးစက်နှိုးသုံးလို့မဖြစ်ပါဘူး..။ စက်သံအရမ်းဆူနေမှာပါ…..။ဒီအတွက် မီးရုံးက လူကိုခေါ်ပြီးပြင်ခိုင်းလိုက်တာပါ…။

ဒါသူ့ စီးပွားရေးအတွက် သူလုပ်တဲ့ကိစ္စပါ…။



ကျွန်တော်တင်းတာက ဒါကိုပါ။သူတို့ကောက်တဲ့ ပိုက်ဆံ၁၅၀ ကြောင့်မဟုတ်ဘူး..။သူပေးလိုက်ရတဲ့ ဒီငွေ ၅၀၀၀ ဆိုတာ သူ့လိုလူမျိုးအတွက် တကယ်ကို မဖြစ်စလောက်ပါ။ကျွန်တော်သာ သူ့နေရာမှာဆိုရင်တော့ ၁၀၀၀၀ ဖြစ်နေလည်း လုံးဝ စဉ်းစားနေမှာမဟုတ်ပါဘူး..။ဒါ သူ့အတွက်တင်မက အများပြည်သူအတွက်ပါ အစဉ်ပြေမဲ့ကိစ္စပါ။



နောက်တစ်ခုက သာမန်ပြည်သူချင်း မပေးမနေရပုံစံမျိုး ပိုက်ဆံကောက်ခံတာပါ။

(စေတနာကြေး သာေ၇းနာရေးအလှူခံကောက်တာကို မပြောလိုပါဘူး)

မီးကအမြဲပျက်နေခဲ့တာပဲ။ အရင်မီးပျက်တာတွေတုန်းက ဒီလို မီးရုံးကလူကို မခေါ်ပဲ… ခု ဒီရက်မှ ခေါ်ပြီးလုပ်ခိုင်းတယ်ဆိုတော့……



ကလေးတောင်တွေးတတ်၇င်သိပါတယ်..။



ဒါပေမဲ့ ဒီအဒေါ်ကြီး မသိပါဘူး..။



ကျွန်တော် ပိုက်ဆံ ၁၅၀ အရင်ပေးလိုက်ပါတယ်…။ပြီးမှ…..



“အဒေါ် ငွေတောင်းခံလွှာနဲ့ ငွေရပြေစာ ဘယ်မှာလဲ..?



“ဟမ်” အဒေါ်ကြီး အနည်းငယ် အံ့အားသင့်သွားပါတယ်။



“ပြည်သူတွေစီက ပိုက်ဆံကောက်ခံတာဆိုရင် သေချာ စည်းစနစ်နဲ့ လုပ်ရမယ်လေ ၊ဖြတ်ပိုင်းရှိရမှာပေါ့။ဒီလို စည်းမဲ့ကမ်းမဲ့ တောင်းလို့ဘယ်ရမလဲ…? အဲ့လိုသာ ရပ်ကွက်ထဲမှာ ကြိုက်သလို ပိုက်ဆံ တောင်းလို့ရတယ်ဆိုရင် နောက်တခါကြရင် မီးပျက်ပြီး ပြန်လာတိုင်း လူတိုင်းဒီလို ပိုက်ဆံလိုက်တောင်းနေရင် ဘယ်လိုလုပ်မလဲ…? တစ်ခါမီးပျက်တိုင်း ၁၅၀ နဲ့ဆို တပါတ် ၁၀ ခါလောက်ပျက်နေတာ ပြည်သူတွေ ဘယ်လိုလုပ်မလဲ….? ဒီလောက်တောင် စည်းမဲ့ကမ်းမဲ့ ဖြစ်နေရင်တော့ ကျွန်တော် လျှပ်စစ်ရုံးကို စာရေးတင်မယ်..။၁၅၀ နှမျောလို့ မဟုတ်ဘူး။စည်းမဲ့ကမ်းမဲ့ဖြစ်နေလို့ လုပ်မှာ။” ဆိုပြီးကျွန်တော် ပြောပလိုက်ပါတယ်..။



(ပြောသာပြောရတာ.. အဲ့အဒေါ်ကြီးက အိမ်ကလူကြီးတွေနဲ့လည်း သိနေတာ ဆိုတော့ မျက်နှာတော့အပူသား.. ဒါပေမဲ့ မတတ်နိုင်တော့ဘူး.. နောင်ထပ်လာနိုင်တာတွေအတွက် ကြိုတင်တားစီး၇တော့မယ်.. :P )



အဒေါ်ကြီးဘာမှပြန်မပြောနိုင်တော့ပါဘူး..။ကျွန်တော်ကလည်း ယဉ်ကျေးစွာနဲ့ အချက်ကျကျ ပြောလိုက်တာကိုး..။သူ ပြန်ထွက်သွားပါတယ်.. ။နောက်ထပ်အိမ်တွေကို လိုက်တောင်းနေပါသေးတယ်..။ (ကျွန်တော့အကြောင်းလည်း အိမ်တိုင်းမှာ ဖွသွားပါတယ်.. :P )



တနာရီလောက်ကြာတော့ အဲ့ဒီအဒေါ်ကြီး ပြန်လာပြီး ပိုက်ဆံ ပြန်လာပေးပါတယ်..။

ကျွန်တော်ကိုလည်း ပြောပါသေးတယ်..။ပိုက်ဆံကောက်ခိုင်းတဲ့သူက ပြန်ပေးခိုင်းကြောင်းပေါ့…။ ကျွန်တော်လည်း ပြန်ယူထားလိုက်ပါတယ်..။

တခြားအိမ်တွေကိုတော့ အိမ်ရှေ့ကနေပဲ…. ခုနပေးတဲ့ပိုက်ဆံကို ညနေ တရားပွဲမှာ ဆ၇ာတော်ကို အလှူငွေအဖြစ်လှူမှာဖြစ်ကြောင်း အော်ပြောနေသံကို ကြားလိုက်ရပါတယ်..။



အဲ့လိုဆိုရင်လည်း အစောကတဲက တရားပွဲ အတွက်လို့ပြောပြီး ကောက်ခံပါတော့လား ဗျာ။

အမှန်တကယ် လှူလိုက်တဲ့ အသံကိုလည်း ညနေပိုင်းမှာ တရားပွဲက အော်နေသံကြားလိုက်ရပါတယ်..။



သာဓု ၃ကြိမ် ခေါ်ပေးလိုက်မိပါတယ်..။



( ပြသနာဖြစ်မှာစိုးလို့ ကြောက်ကန် ကန်ပြီးလှူရင်တော့ ကမကထပြုသူလည်း ကုသိုလ် ရမှာမဟုတ်ဘူးလို့ စိတ်ထဲက တွေးလိုက်မိပါသေးတယ်.. :P )



အဲ့ နောက်ပိုင်းတော့….. မီးပျက်ပြီး ပြန်လာတိုင်းလည်း ပိုက်ဆံလာတောင်း ခံနေရမှာ တွေးပူနေစရာမလိုတော့ပါဘူး…။



ကျွန်တော်သာ အဲ့လိုမလုပ်မိခဲ့ရင် ရပ်ကွက်ထဲကပိုက်ဆံ သူ့အိတ်ထဲ ရောက်ချင်ရောက်သွား နိုင်ပါတယ်…။

ပြီး….. တ၇ားဟောဆရာတော်လည်း အလှူငွေ အရနည်းသွားနိုင်ပါသေးတယ်… :P ။



အော်….စီးပွားရေးသမားများ အကွက်မြင်လိုက်ပုံကတော့ဖြင့်….. အောချစရာပါပဲ ။



အနာဂါတ် မြန်မာနိုင်ငံတော်မှာတော့ ဒီလိုလူအချို့ လျော့ပါးသွားစေချင်ပါသည် ။ ။



လူတွေ ထဲက လူအချို့ (ကွန်ကရစ် မြောင်းဖုံး ကျိုးမှာ စိုးရိမ်လို့)



ကျွန်တော် ပြည်ပကနေ ပြည်တွင်းကိုပြန်ရောက်ခါစမှာတော်တော်ကို ဆိုးဝါးတဲ့ဝေဒနာတစ်ခုကို ခံစားခဲ့ရတယ်..။အဲ့ဒါက နေ့စဉ်ပုံမှန်လှုပ်ရှားနေကြ အရာတွေရပ်ဆိုင်းကုန်ပြီး နေထိုင်မှုပိုင်းဆိုင်ရာမှာ ကပြောင်းကပြန်တွေ ဖြစ်ကုန်တော့တာပါပဲ။ပြည်ပမှာ မနက်မိုးလင်း အလုပ်သွား၊စားချိန်စား၊နားချိန်နား အလုပ်ကပြန်ရောက်ရင် သတင်းတွေရှာဖတ်၊ ဒီစာမျက်နှာလေးကနေ ပြည်တွင်းက သူတွေအတွက် သတင်းတွေပြန်ဝေမျှနဲ့ နေ့ပေါင်းများစွာလည်ပတ်လာခဲ့တာပါ..။ ဒီပြန်ရောက်ပြီးခါကြတော့မှ ကိုယ်ဟာ အိမ်မက်ပဲမက်နေသလိုလို ၊အိမ်မက်မက်ရာကနေပဲ လန့်နိုးလာသလိုလိုနဲ့တော်တော်ကို အူကြောင်ကြောင်နိုင်တဲ့ နေ့ရက်တွေပါပဲ…။ ကိုယ်ကလည်း ပြည်ပမှာနေတာလည်း တော်တော်ကြာသွားတယ်ဆိုတော့ ပြန်ရောက်ခါစမှာ ပြည်တွင်းမှာမြင်မြင်သမျှဟာ အသစ်အဆန်းတွေလိုဖြစ်နေတယ်..။ပလက်ဖောင်းမရှိတဲ့လမ်းတွေ၊ ယင်တလောင်းလောင်းနဲ့ ဈေးသည်တွေ လိုင်းကားကို စုပြုံတိုးဝှေ့လုတက်နေကြတာတွေ စသည်ဖြင့် ပြည်တွင်းကရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေ မြင်မကောင်း ရှုမကောင်း ဖြစ်နေတာတွေကိုတော့ ပြောမနေတော့ပါဘူး..။ လူအချို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာလေးတွေ ကိုတော့ ပြန်ရောက်ပြီး မကြာမှီမှာပဲ တွေ့လိုက်ရတယ်..။



ကျွန်တော့ အိမ်ဟာ ရပ်ကွက်ထဲက T ပုံစံလမ်းဆုံနားမှာရှိတာပါ..။ကျွန်တော်ပြန်ရောက်ပြီး တပါတ်လောက် အကြာမှာပဲ လမ်းဆုံနေရာကို ကွန်ကရစ်မြောင်းဖုံး ခင်းဖို့အတွက်ဆိုပြီး လမ်းဆုံမှာ မြေတွေပေါက်ပြီး လမ်းဟိုဘက်ဒီဘက်ကို မြေတွေကော်တင်လိုက်တဲ့အခါ အလယ်မှာ မြောင်း၊အဲ့မြောင်းရဲ့ဟိုဘက်ဒီဘက်မှာ ခါးလည်ကျော်ကျော် မြေပုံကြီးနှစ်ခု ပေါ်လာပြီး လမ်းပိတ်သွားပါတော့တယ်..။ လာပြီးလုပ်တဲ့သူတွေက ဒီလမ်းဟာ လက်ရှိ လူတွေအသုံးပြုနေတာသိရဲ့သားနဲ့လည်း လူသွားဖို့အတွက် လမ်းလုပ်ပေးခြင်းမရှိပါဘူး..။မြန်မာပြည်သူများကလည်း မြန်မာပီသစွာဘာမှမပြောကြပဲ မြေကြီးပုံရဲ့ ဘေး ဘယ်၊ညာကခြေတဖ၀ါးချစာနေရာလေးတွေကနေကပ်သီးကပ်သပ် ရအောင်ကိုသွားလာနေကြပါတယ်..။

အနေအထားက အဲ့မြောင်းကို ပြန်မဖို့သ၍ ဘယ်လိုမှကို လမ်းဖောက်လို့မရတဲ့အနေအထားမို့ ကျွန်တော်လည်း ကုလအတွင်းရေးမှူး ခဏလုပ်လိုက်ရပါတယ်..။

(ကပ်သီးကပ်သပ်နဲ့ ရအောင်သွားနေကြသူတွေကို စိုးရိမ်စွာနဲ့ စောင့်ကြည့်နေတာပါ …. :P )



အဲ..ထုံစံအတိုင်းပဲပေါ့..အစအဆုံး ကွန်ကရစ်ခင်းပြီးတဲ့အထိ လုပ်ရင်တောင် တပါတ်အတွင်းပြီးနိုင်တဲ့ ဒီအလုပ်ဟာ အဲ့…မြောင်းတူးထားတဲ့အဆင့်မှာတင်ပဲ တစ်လခွဲလောက်ရှေ့ဆက်မတက်တော့ပါဘူး..။ အလုပ်သမားတွေကတော့ နေ့တိုင်းလာနေတာပါပဲ..။ဘယ်လိုပုံစံနဲ့ လစာရှင်းကြသလဲတော့မသိပါဘူး..။ အဲ့လိုနဲ့ မြောင်းဘေးမြေသားကို ကျောက်တွေစီ သဲကရစ်တွေလိမ်းကျံ ၊အပေါ်က၀ါးကပ်ခင်း၊လက်သန်းလုံး သံချောင်လေးတွေထဲ့ပြီး ၃လနီးပါးကြာပြီးအချိန်မှာတော့ ကွန်ကရစ်လောင်းဖို့ အစဉ်သင့် ဖြစ်လာပါတော့တယ်..။အဲ့ကြားကာလတွေမှာတော့ လူတွေဟာ ခြေတ၀ါးစာနေရာလေးကနေ မြောင်းထဲချော်မကျအောင် ကြိုးစားသွားလာနေကြလေရဲ့။မိုးရွာပြီးစအခါတွေမှာ တဘိုင်းဘိုင်း လဲတဲ့လူတွေလည်း နေ့စဉ်နဲ့အမျှပါပဲ..။ ကျွန်တော်လည်း အမူးသမားတွေကလွဲလို့ သက်ကြီးရွယ်အိုတွေကိုတော့ ကြုံတဲ့အခါ ထူပေးပါတယ်..။အဲ…မီးပျက်တဲ့ညဆိုရင်တော့ အမှောင်ထဲမှာထိုင်မနေနိုင်တဲ့ အတူတူ အပြင်ထွက်ပြီးအဲ့နေရာက ဖြတ်သွားသူတွေကို လက်နှိပ်ဓာတ်မီးလေးနဲ့ လမ်းပြပေးပါတယ်..။



ဆက်ပြောရရင်နောက်ပိုင်း ကွန်ကရစ်ခင်းလိုက်ပြီးတော့ အဲ့နေရာမှာ ကွန်ကရစ်မြောင်းဖုံးကြီး ဖြစ်သွားပါရောဆိုပါတော့ဗျာ။

စာဖတ်သူလည်းသိမှာပါ..။ကွန်ကရစ်က မနက်ခင်းပြီးရင်ညနေဆို လူတက်နင်းလို့တော့ ရပါတယ်..။သေချာချာ ခိုင်အောင်စောင့်ရင်လည်း ၂ရက် ထန်ကုန် ၃ရက်ဆို ခံနိုင်ရည်အားက ကောင်းနေပါပြီ။နောက်ပြီဒီမြောင်းဖုန်းက အမြဲ ကားသွားနေတာလည်းမဟုတ်တော့ စိုးရိမ်စရာမရှိပါဘူး။ဒါပေမဲ့…. ၄ရက်မြောက်တဲ့အထိ ဘေးကမြေကြီးပုံကြီးကို လာပြန်မဖြိုပေးသေးတဲ့အတွက် လူတွေကတော့ ဒုက္ခခံပြီး သွားလာနေရတုန်းပါပဲ…။ကျွန်တော်လည်းမနေနိုင်တော့ပါဘူး..။မနက်နိုးနိုးခြင်း မျက်နှာမသစ်ခင်မှာတင် အဒေါ်ကြီးတစ်ယောက် မြောင်းထဲချော်ကျတာကို လည်းမြင်လိုက်မိတော့…. အဲ့ကွန်ကရစ်ပေါ်လမ်းတက်လျှောက်ပြီး အခြေအနေတက်ကြည့်ပါတယ်..။ ကောင်းနေပါပြီ။ လူတက်နင်းယုံနဲ့တော့ဘယ်လိုမှပြိုကျစရာအကြောင်းကိုမရှိမှန်း အတွေ့အကြုံအရ သိနေတော့.. မြေဖြိုပြီးလမ်းဖောက်ဖို့ အစီအစဉ်ဆွဲလိုက်ပါတော့တယ်..။



မျက်နှာသစ်၊မနက်စာစားပြီး ပေါက်တူးနဲ့ ၃ပေအကျယ်လောက် လူသွားလမ်းဖောက်ပေးလိုက်ပါတယ်..။

ဘေးနှစ်ဖက်က မြေကြီးတွေ ဖြိုချပလိုက်တာပေါ့..။အဲ့အချိန်မှာပဲ လမ်းကော်မတီကလူဆိုသူနဲ့ ရာအိမ်မှူးဆိုတဲ့သူနှစ်ယောက် ရောက်လာပါတယ်..။

ကျွန်တော့်ကိုတော့ဘာမှမမေးသေးပါဘူး..။ ကျွန်တော်ကလည်း သူတို့ကိုရှိတယ်တောင်မထင်ဘူး..။ကိုယ့်အလုပ်ပဲ ကိုယ်ဆက်လုပ်နေတယ်..။

သူတို့တွေကလည်း ကွန်ကရစ်မြောင်းဖုံးကြီးပေါ်တက်လျှောက်ပြီး ဟိုကြည့်၊ဒီကြည့် ကျွန်တော့်ကိုလည်း ကြည့်ပေါ့..။

TV ထဲကလိုလည်း လိုအပ်သည်များကို မှာစားလို့မရဘူးလေ…. :P ။

နောက်တော့ရာအိမ်မှူးက စကားစလာပါတယ်..။

“ဒီကွန်ကရစ်က နင်းလို့ရပါဦးမလားကွ…ခင်းထားတာမကြာသေးဘူး။ သူ့သတ်မှတ်ရက်မပြည့်သေးဘူး”

“အာ…..အခုတောင်အကိုနင်းနေတာပဲ။ဘယ်မှာအပ်ရာထင်လို့လဲ…။ အကိုတို့ရက်ကဘယ်တော့ပြည့်မှာလဲ..”

“အေးလေ ခုဟာက သူ့သတ်မှတ်ရက်မပြည့်သေးဘူးလေ..။မင်း လမ်းဖောက်လိုက်လို့ ကြိုးသွား အတ်သွားရင်ဘယ်လိုလုပ်မလဲ..၊နောက်နှစ်ပါတ်လောက်နေမှ သွားလို့ရမှာကွ”

“လူတွေသွားရတာတော်တော်ဒုက္ခရောက်နေတာ။ လမ်းသွားလို့ရအောင်တော့ အကိုတို့ စီစဉ်ပေးသင့်တာပေါ့..ဒါပေမဲ့ မပူနဲ့..။ ခု ကျွန်တော်လမ်းဖောက်တယ် ။လူသွားယုံသက်သက်ကြောင့် နှစ်ပါတ်အတွင်း ကြိုးသွားအတ်သွားရင် ကျွန်တော်အစ အဆုံး တာဝန်ယူပြီးပြန်ပြင်ပေးမယ်..။ဟုတ်ပြီလား။”

အဲ့အချိန်မှာ အနားမှာလည်း လူအချို့ဝိုင်းအုံနေပါပြီ။ဒါကြောင့် သကောင့်သားများလည်း ဘာမှဆက်မပြောတော့ပဲ ထွက်သွားကြပါတယ်..။စေတနာအကျိုးပဲထင်ပါရဲ့…။သူတို့ထွက်သွားပြီ မကြာမှီမှာပဲ သက်ကြီးရွယ်အို အချို့နဲ့ အနားက လူအချို့ ကုသိုလ်ပါဝင်ချင်လို့ပါ ဆိုပြီး ကျွန်တော့်ကို ၀ိုင်းကူလုပ်ပေးကြပါတယ်..။လမ်းလေးကိုလည်း ကျွန်တော်တစ်ယောက်ထဲ လုပ်နိုင်တာထက် ပိုကောင်း ပိုသေသပ်အောင် လုပ်နိုင်ခဲ့ကြပါတယ်..။မြေကြီးကိုရေဖြန်း ၊သိပ်အောင် သစ်သားတွေနဲ့ထု၊အပေါ်က သဲလေးဖြူးပေါ့..။ပြီးသွားတော့ သူတို့တွေလည်း အသီးသီးအိမ်ပြန်သွားကြပါတယ်..။

ကျွန်တော်ကတော့ မောမောနဲ့ အိမ်ရှေ့မှာထိုင်ပြီး ပထမဆုံး ဖြတ်သွားမဲ့သူကို ရင်ခုန်စွာနဲ့ စောင့်နေမိပါတယ်..။

ပီတိကိုခံစားချင်လို့ပါဗျာ…။



လာပါပြီ…..တစ်ယောက်။



သဲခင်းထားတဲ့ လမ်းလေးပေါ် နင်းပြီးကာမှ ရှေ့ဆက်မသွားပဲ… ဘေးကခြေတဖ၀ါးစာ နေရာလေးဆီကနေကွေ့သွားလေရဲ့…။



ကျွန်တော် ကြောင်သွားတယ်…။ ဘာများမှားနေလို့ပါလိမ့်…?



လမ်းလေးကိုသွားကြည့်တယ်..။



ကွန်ကရစ်ကိုကြည့်တယ်…။



ဘာမှမမှားဘူး..။အားလုံးကောင်းနေတာပဲ



နောက်တစ်ယောက် လူလတ်ပိုင်းထဲက လာတယ်..။ခုနကလိုပဲ အနားရောက်မှ ဘေးကနေကွေ့သွားတယ်။



ဟာ..!!! ဘာလဲဟ…!!!

ကျွန်တော်ဆက်စောင့်ကြည့်တယ်..။



၎နှစ်အရွယ် ကလေးတစ်ယောက်ကလွဲလို့ လူကြီးပိုင်းတွေ ၄၊၅ယောက် အနားရောက်မှ ဘေးကနေကွေ့ကွေ့သွားတယ်..။

တအောင့်ကြာတော့အမယ်အိုကြီးတစ်ယောက် ဈေးခြင်းကြီးခေါင်းပေါ်၇ွက်ပြီးလာတာတွေ့တယ်..။ သူလည်း အနားရောက်ကာမှ ကွေ့ပြီး ကပ်သီးကပ်သပ်လမ်းကနေ လာမလို့လုပ်နေတာတွေ့တော့ ကျွန်တော် မနေနိုင်တော့ဘူး…။



“အဖွား… ဒီဘက်ကနေလာလို့ ရနေပြီလေ။ အဲ့ဘက်က ချော်နေတယ်။” ဆိုပြီး ပြောမိပါတော့တယ်။



အဲ့တော့မှအမေကြီးက “ဟုတ်လား..၊သူတို့က မဖွင့်သေးတော့ မသွားရဲဘူးဟဲ့ ။သွားတဲ့အချိန်မှကျိုးကျရင် လျော်နေရမှာ စိုးလို့” တဲ့….။



“ဒါဆိုရင်လည်း လမ်းဖောက်ပေးတဲ့သူကိုသာ လက်ညှိုးထိုးပြလိုက်ပါ အဖွားရယ်…၊လာ…လာ ဒီဘက်က….”



ဒါဆို အရင်လူတွေကော……?



ဘ့ာကြောင့်များ အဲ့လိုကြောက်တတ်တဲ့ အတွေးတွေ သွားပြီးတူညီနေကြရတာလဲ…?

ဘာကြောင့်များ မစူးစမ်းမလေ့လာကြတော့ပဲ၊ကြေက်စရာမရှိကြံဖန်တွေးကြောက်နေကြရတာလဲ…?

ကျွန်တော်နားမလည်နိုင်တော့ပါဘူး..။



သြော် …..အပင်ပန်းခံပြီး အစဉ်ပြေအောင်ဖန်တီးပေးတာတောင်မှ ကြောက်တတ်သူများဟာ ကိုယ့်ဒုက္ခ ကိုယ်ရှာတတ်ကြသကိုး…..။



(လမ်းလုပ်ပေးထားပြီး ၁လ လောက်ကြာမှ ဘေးကမြေတွေ လာဖြိုချပေးသွားပါတယ်..)


(မြန်မာ့ အရေး)


Daw Aung San Suu Kyi live chat with Virginia Tech(With Myanmar subtitle)


လွှတ်တော်ပြင်ပနိုင်ငံရေးရှိနေအုံးမှာလား....

ရဲရင့်ငယ်(၁၈-၀၁-၂၀၁၂)

တနေ့ တော့မထွေးလေးကဓါးမတိုလေးကိုင်ပြီးတောထဲထင်းရှာထွက်ခဲ့တယ်၊အဲ့ဒီမှာမြွေကြီးတကောင်ကခြုံပုတ်ထဲ

ကနေဗြုန်းဆိုထွက်လာပြီးမထွေးလေးကိုရစ်ပတ်လိုက်ပါလေရော...အလွန်တရာနာကျင်လှတဲ့အတွက်မထွေးလေး

က...ငါ့ကိုမလွှတ်ရင်နင့်ကိုဓါးနဲ့ခုတ်မယ်လို့ပြောသတဲ့...အဲဒီတော့မြွေကြီးကဓါးနဲ့တော့မခုတ်ပါနဲ့..နင်လည်းဓါး

ကိုအဝေးပြစ်လိုက်...ငါလည်းပဲဖြည်ပေးမယ်ပြောသတဲ့..အဲဒါနဲ့မထွေးလေးကဓါးကိုအဝေးလွှတ်ပစ်လိုက်တယ်.

မြွေကြီးကလည်းဖြည်ပေးတာပဲဖြေးဖြေးခြင်းတပတ်...ပြီးမှတပတ်..မြွေဆိုပေမယ့်ကတိတော့တည်ချင်သား..

အကုန်လုံးဖြည်ချလိုက်တဲ့အချိန်မှာနာကျင်မှုဒါဏ်ကြောင့်မထွေးလေးမှာအသက်ပြန်ပါမလာ တော့ဖူး။သေမဲ့အတူတူ

ခေါင်းကိုဓါးမတိုနဲ့နှစ်ချက်လောက်ခပ်ဆတ်ဆတ်ခုတ်လိုက်ရင်အကုန်လုံးချက်ချင်းပြေသွားပြီအသက်ရှင်နိုင်တာ

ပေါ့....အယုံလွယ်လိုသေရတာ...

ဒီလိုပါပဲအပေါ်အကာကအဖြူရောင်အထဲကအနှစ်ကခဲပုတ်ရောင်ထနေတဲ့ကြက်ဥပြုတ်တလုံးလို..သမ္မတအထက်

မှာအုပ်/ရှောင်အဖွဲ့။အုပ်/ရှောင်အဖွဲ့ နဲ့မင်းအောင်လှိုင်..ဘယ်သူကဆုံးဖြတ်ချက်တွေချနေမှန်းမသိတဲ့အထက်စီး

ကနေအုပ်ချူပ်မှုကလွှတ်တော်ကိုကျော်ပြီးရှိနေသေးတဲ့အတွက်ဒီမိုကရေစီအစိုးရလို့လည်းခေါ်တွင်လို့မရသေးပဲ

စစ်အာဏာရှင်စနစ်တ၀က်အစိုးရတရပ်သာ..

ပါတီနိုင်ငံရေးမဟုတ်ပဲအမျိုးသားနိုင်ငံရေးကိုစွဲမြဲထားတဲ့ကိုမင်းကိုနိုင်ကဒါတွေကိုမြင်လို့ပြည်သူလူထုကြီးကိုတပ်

လှန့်ထားလိုက်တယ်...နိုင်ငံရေးလိုအပ်ချက်အရသူတို့တွေပါတီထဲရောက်သွားရင်အနောက်မှာလေဆိပ်ထဲကြွေး

ကြော်သံရဲရဲတောက်ဟစ်ကြွေးခဲ့တဲ့စည်သူမောင်တို့၊ ဒီငြိမ်းလင်းတို့ ၊ကျော်ကိုကိုတို့ ရှေးတန်းတက်လာကြမှာပါ။။

လိုအပ်ချက်တွေကိုလွှတ်တော်ထဲကနေအပြည့်အ၀ဆွေးနွေးမဲခွဲဆုံးဖြတ်မှုတွေအလုပ်မဖြစ်သေးခင်ပြင်

ပနိုင်ငံရေးအင်အားစုဆိုတာလိုအပ်ချက်အရရှိနေမှာအသေအချာပါ။ဦးသိန်းစိန်အာဘော်လား၊အုပ်/ရှောင်အာဘော်

လားမကွဲပြား
တဲ့စကားလုံးအသုံးအနုံးတွေနဲ့ အမျိုးသားသင့်မြတ်ရေးဖေါ်ဆောင်ပါတယ်တဲ့...

ကချင်နဲ့ဆွေးနွေးတယ်၊ဓါတ်ပုံတက်လာတော့ဟုတ်သလိုလိုနဲ့၊ဗွီဒီဖိုဖိုင်တင်လာတော့မှာထင်မထားတဲ့အသုံးအနှံး

တွေ။သားကဘယ်မုန့်ကြိုက်လည်းပြောမှအဖေက၀ယ်ကျွေးမှာပေါ့.....တဲ့... တန်းတူရည်တူဘယ်တုန်းကမှမသုံး

နုန်းခဲ့ဖူး၊KNU နဲ့ဖါးအံဆွေးနွေးပွဲရောဘာထူးလဲ..ငြိမ်းချမ်းရေးအတွက်မှတ်ပုံတင်လုပ်ပေးမယ်ဆိုပဲ..ပျော်လို့လား

မသိမြနန္ဒာနဲ့ ထကနေတဲ့KNUကိုယ်စားလှယ်တော်ကြီးတချို့လည်းပဲတွေ့ရတယ်။အခုလည်းကချင်နဲ့ထပ်

ဆွေးနွေးအုံးမယ်။မုန့် ကျွေးရအောင်သူတို့ကကလေးမဟုတ်တော့ဖူးလူကြီးကြိုက်လေးနဲ့စည်းရုံးကြည့်ဆိုပြီး

အုပ်/ရှောင်ဆီကညွန်ကြားချက်ကျလာပြန်ပြီ..တိုင်းရင်းသားအရေးသမ္မတချောင်ထဲရောက်နေတာကတော့

အသေအချာပါ။

ကချင်ကိုမုန့်ကျွေးမယ်၊ကရင်ကိုမှတ်ပုံတင်ဆိုတော့..မီးရထားဝန်ကြီးဦးအောင်မင်းလား...ယိုးဒယားမှာကိုနိုင်

အောင်နဲ့တွေ့တော့ဘာကျွေးမယ်ပြောသွားသေးလဲမသိဖူး။တိုင်းရင်းသားတွေနဲ့ဆက်ဆံမှာ..ဟိုး....မဆလ

လက်ထက်ထဲကလေသံအတိုင်းအထက်စီးကရှိနေတုန်းပါပဲ...ယုံကြည်ရမဲ့အချိန်ရောက်ပြီလား..လက်တွဲရမယ့်

အချိန်ရောက်ပြီလား

....နအဖသံရုံးရှေ့ ကျေးဇူးတင်လွှာပေးအပ်ပွဲတဲ့၊ထိုင်းရဲတွေတောင်မျက်လုံးလေးပေကလပ်ပေကလပ်နဲ့

ဘေးကကြည့်နေရှာတယ်၊

ထောက်ချောက်ပေါ်သားကောင်ပြုတ်ကျတာလား၊သားကောင်ပေါ်ထောင်ချောက်ပြုတ်ကျတာလား၊အယုံလွယ်

ရင်တော့ဘယ်လိုပဲကျကျကိုယ်ပဲနာမှာ...တွဲဆိုလက်ဆယ်ချောင်းပြေးယှက်ပစ်လိုက်တဲ့သူလည်းရှိသေး။ဦးခင်ညွန့်

ဟာပြည်သူကိုအကာအကွယ်ပေးရင်းထိန်းသိမ်းခံရတာမဟုတ်ဖူး၊သူဟာသူအရှိန်လွန်ပြီးဟတ်ထိုးလဲတာ...

တမလွန်ကဦးကြည်မောင်ရဲ့ဟားတိုက်သံတွေ...ထောက် လှမ်းရေးနှိပ်စက်လို့သေသွားတဲ့ဝိဥာဉ်တွေရဲ့တောက်

ခေါက်သံတွေနဲ့ ညညအိပ်မရဖြစ်နေသူတဦးပါ.

.နိုင်ငံရေးအသွင်ပြေးပြီးလက်ဆယ်ချောင်းယှက်ပြစ်လိုက်တာကတခုခုနောက်ကျသွားမှာစိုးရိမ်နေသလိုပဲ.....

သေချာတာကတော့လက်ရှိနိုင်ငံရေးဟာယှဉ်ပြိုင်ရမယ့်နိုင်ငံရေးပဲ...ပါတီပုံစံနဲ့သွားတာဆိုတော့မိမိဘက်ကအမတ်

တွေများများနိုင်ဖို့လိုတယ်...ပြင်ပနိုင်ငံရေးကလည်းကျားကန်ပေးထားရမယ်။သီးသန့် ပြိုင်ရမလိုကြံဖွတ်နဲ့မဟာ

မိတ်ဖွဲ့ရမလိုနဲ့အန်န်အယ်ဒီကအမွေပြတ်စွန့်လွှတ်လိုက်တဲ့သူတချို့ကတော့တဖြေးဖြေးလုံးပါးပါးသွားကြမှာပါ၊

တက်ထောင်ရမဲ့အချိန်မဟုတ်ပါဖူး၊မထွေးလေးလိုဓါးမတိုကိုလွှတ်မချပဲလက်ထဲကျစ်ကျစ်ပါအောင်ဆုပ်ထားကြပါ

အုံး။သတိနဲ့ကြိုဆိုတာမျိုးလောက်ပဲလုပ်ချိန်တန်ပါသေးတယ်။

ဒီမိုကရေစီစနစ်သွားနေတယ်ပြောပေမဲ့..မီဒီယာနဲ့ ပြောဆိုခွင့်လေးတခုပေးထားတာကလွဲလို့ ကျန်တာတွေပုံစံ

တမျိုးနဲ့ဆက်ချယ်လှယ်နေတဲ့စစ်အာဏာရှင်ရှိနေသ၍ပြင်ပနိုင်ငံရေးဆိုတာရှိနေမှာအမှန်ပင်။