Saturday, January 21, 2012

၈၈ မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲ

SkyNet ရဲ့ 512-Kbps Speed Plan အင်တာနက်ပါ။




Lin Win Thu
facebook

ကမ္ဘာမှာ ဂုဏ်ယူစရာကောင်းတဲ့ မြန်မာ့ကော်နတ်ရှင်ပေါ့။ အဲ့ဒါ တစ်လကို ၆-သောင်းပေးပြီး သုံးနေရတဲ့ SkyNet ရဲ့ 512-Kbps Speed Plan အင်တာနက်ပါ။ တစ်လုံးတည်းပဲ သုံးနေတာပါ။ ဘယ်သူ့ကိုမှလဲ ပွားပေးထားတာ မရှိပါဘူး။ ဆိုင်မှာသုံးရတာ တစ်လိုင်းတည်းကို အများကြီး ပွားထားလို့ နှေးတာဆိုလို့ တစ်ယောက်တည်း တစ်လိုင်းလုံးကို ၁၅-သိန်းနီးပါး အကုန်ခံတပ်ပြီး သီးသန့်သုံးနေတာကို မြင်တဲ့အတိုင်းပါပဲ။ 100Mb ရှိတဲ့ ဖိုင်တစ်ခုကို ဒေါင်းလုပ်ဆွဲတော့ ၁၅-ရက်နဲ့ ၄-နာရီ ကြာအုံးပါမယ်တဲ့။ ရတဲ့ Speed ကတော့ ကွင်းစကွင်းပိတ်မှာ (4 bytes/sec) မြင်ကြရတဲ့ အတိုင်းပါပဲ။ အမှန်တကယ် ၀ယ်ယူတပ်ဆင်ထားတာတဲ့အတိုင်းဆိုရင်တော့ ကွင်းစကွင်းပိတ်မှာ (512 KB/sec) လို့ မြင်ရသင့်တာပေါ့ဗျာ။ 1024 bytes မှ 1 KB ရှိတာပါ။ ဒါကြောင့် မြန်မာ့ကော်နတ်ရှင် ဘယ်လို ဖြစ်နေလဲ၊ မြန်မာ့ဆက်သွယ်ရေးနဲ့ ပေါင်းပြီး လုပ်ကိုင်စားသောက်နေကြတဲ့ ဂုတ်သွေးစုတ်ကုမ္ပဏီတွေရဲ့ ပြည်သူအပေါ် အနိုင်ကျင့်ဖိနှိပ်နေတာတွေကို ဒီလောက်ဆို သဘောပေါက်လောက်ကြမယ် ထင်ပါတယ်။