Monday, January 23, 2012

အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရန် မည်မျှအချိန်ယူရမည်ဆိုသည်ကို ခန့်မှန်းရခက်ကြောင်း ဂျွန်မက်ကိန်း ပြောကြား


အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် အထက်လွှတ်တော်အမတ်လေးဦး ရန်ကုန်မြို့ အမေရိကန်စင်တာ၌ သတင်းစာရှင်းလင်းပွဲပြုလုပ် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရန် မည်မျှအချိန်ယူရမည်ဆိုသည်ကို ခန့်မှန်းရခက်ကြောင်း ဂျွန်မက်ကိန်း ပြောကြား

Monday, 23 January 2012 00:49
မြန်မာနိုင်ငံသို့ ဇန်န၀ါရီလ ၂၂ ရက်နေ့က ရောက်ရှိလာခဲ့သည့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း အပါအ၀င် အထက်လွှတ်တော်အမတ်လေးဦးသည် ရန်ကုန်မြို့ရှိ အမေရိကန်စင်တာ၌ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို အဆိုပါနေ့ ညနေ ၆နာရီ ၁၅မိနစ်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်း ပွဲတွင်အမေရိကန်အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း၊ ဂျိုးလီဘာမင်၊ ရှယ်လ်ဒန်ဝှိုက်ဟောက်စ်၊ ကယ်လီ အာယိုတီတို့က မြန်မာနိုင်ငံအပေါ် အ မေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူထားမှု၊ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံဆက်ဆံရေး၊ ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ၊ နိုင်ငံတွင်းဖြစ်ပွားနေသည့် တိုင်းရင်းသားလူမျိုးများနှင့် ပဋိပက္ခအရေး၊ အကျဉ်းထောင်များတွင် ကျန်ရှိနေသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွှတ်ပေးရေး၊ တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ လွတ်လပ်စွာ စုဝေးခွင့် စသည့်အကြောင်းအရာများကို တစ်ဦးချင်းစီ ပြောကြားခဲ့သည်။
အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက''အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့အတွက် ဘယ်လောက်အချိန်ယူရမယ်ဆိုတာ ခန့်မှန်းရခက်ပါတယ်။ ဒါက တိုး တက်ဖြစ်ပေါ်ပြောင်းလဲမှုတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေလို့ပါ။ ပထမဦးဆုံး အဓိကခြေလှမ်းကတော့ ဧပြီလမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေပါ'' ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း၊ ဂျိုးလီ ဘာမင်၊ ရှယ်လ်ဒန်ဝှိုက်ဟောက်စ်၊ ကယ်လီ အာယိုတီတို့သည် နေပြည်တော်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ရန်ကုန်မြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်လည်း ဇန်န၀ါရီလ ၂၂ ရက်နေ့က သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေးကိစ္စရပ်များ၊ လာမည့်ကြားဖြတ်ရွေးကောက်ပွဲများတွင် လေ့လာသူများ ခွင့်ပြုရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
မြန်မာ့ဒီမိုကရေစီရေးကို အစဉ်တစ်စိုက် အားပေးထောက်ခံသူတစ်ဦးဖြစ်သည့် အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းသည် ၂၀၀၈ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အိုဘားမားနှင့် ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ရီပတ်ဘလီကန်ပါတီ၏ အထက်လွှတ်တော်အမတ်တစ်ဦးလည်း ဖြစ်သည်။
အမေရိကန်သမ္မတ အိုဘားမားလက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ၎င်းတို့၏ မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသွားမည့်လမ်းစဉ်ကို ကျင့်သုံးလာခဲ့သည်။ အမေရိကန် - မြန်မာ သံတမန်ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်ကတည်းက စတင်ခဲ့သည်။
 http://www.weeklyeleven.com/index.php?option=com_content&view=article&id=12039:2012-01-22-18-22-09&catid=42:2009-11-10-07-36-59&Itemid=112



ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းတို့ တွေဆုံခဲ့ပြီး လွှတ်တော်နှစ်ရပ်ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်လွှတ်တော်သို့ လာရောက်လေ့လာရန် ဖိတ်ကြားခဲ့ Monday, 23 January 2012 00:32
AddThis Social Bookmark Button



ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းတို့ တွေ့ဆုံကြစဉ်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းတို့ ဇန်န၀ါရီလ ၂၂ ရက်နေ့က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးရာတွင် လွှတ်တော်နှစ်ရပ်ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် အမေရိကန်လွှတ်တော်သို့ လာရောက်လေ့လာရန် ဖိတ်ကြားခဲ့ပြီး လွှတ်တော်နှစ်ရပ်ပူး ပေါင်းဆောင်ရွက်ပါက မြန်မာ့လွှတ်တော်၏ အရည်အသွေး ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ လွှတ်တော်အရည်အသွေးများ ပိုမိုကောင်းမွန်လာပါက ဒီမိုကရေစီအရေး ဆောင်ရွက်ရာတွင် ထက်ထက်မြက်မြက် စွမ်းဆောင်လာနိုင်မည်ဖြစ်၍ လာရောက်လေ့လာရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။
''အခုလာရောက်ဆွေးနွေးတဲ့ ဂျွန်မက်ကိန်းဦးဆောင်တဲ့အဖွဲ့မှာ ဆီနိတ်တာလေးယောက် ပါလာပါတယ်။ နှစ်ယောက်ကတော့ သမတ္တလောင်းတွေ ဖြစ်ခဲ့ဖူးပါတယ်။ Sanctions ကိစ္စတွေကိုလည်း ပြန်လည်ဖွင့်လှစ်ပေးနိုင်ဖို့ တစ်ဆင့်ချင်းတိုးတက်အောင် ဆောင်ရွက်ပေးသွားမယ်။ သံတမန် အဆင့်တိုးမြှင့်မှာလည်း သေချာပါတယ်။ သူတို့ကလည်း အဆင့်လိုက် အဆင့်လိုက် ဆောင်ရွက်နေတာဆို တော့ ရက်အတိအကျ မပြောသေးပါဘူး''ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဂျွန်မက်ကိန်းကလည်း ''ဒီမိုကရေစီ အမှန်တကယ်ရရှိဖို့ အစွမ်းအထက်ဆုံးလက်နက်က လွှတ်တော်ပါပဲ။ လွှတ်တော်မကောင်းရင် ဒီမိုကရေစီမဖြစ်ပါဘူး။ နောက်ပြီး လွှတ်တော်က နိုင်ငံရဲ့ဘတ်ဂျက်တွေကို သေသေချာချာ စိစစ်မပေးနိုင်ရင် အဆင်မပြေဘူး။ အဲဒါကို သေသေချာချာ တိတိကျကျ စိစစ်ပေးနိုင်ရမယ်။ အရေးကြီးဆုံးနောက်တစ်ခုကတော့ ရေးရာကော်မတီတွေ အလုပ်မဖြစ်လို့ မဖြစ်ဘူး။ အဲဒီရေးရာကော်မတီတွေ အသက်ဝင်မှ ဒီမိုကရေစီစစ်ကိုရောက်မယ်''ဟုအကြံပြု ဆွေးနွေးခဲ့သည်။
လွှတ်တော်အနေဖြင့် နိုင်ငံတိုးတက်ရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမေရိကန်အထက်လွှတ်တော်အမတ် လာရောက်တွေ့ဆုံရာမှာလည်း တိုင်းရင်း သားကိုယ်စားလှယ်တွေရှေ့မှာပဲ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြောင်း၊ လျို့ဝှက်စရာမရှိကြောင်း၊ နိုင်ငံ့အကျိုးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ပြောကြားချက်များအရ သိရပါသည်။
http://www.weeklyeleven.com/index.php?option=com_content&view=article&id=12037:2012-01-22-18-12-03&catid=42:2009-11-10-07-36-59&Itemid=112


မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းသင့်ပြီလား၊ မြန်မာ့စီးပွားရေးကဏ္ဍ ၂၀၁၂ မှာ အလျင်အမြန် ပြောင်းလဲရတော့မည်
Sunday, 22 January 2012 11:28


ဥရောသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ထားသည့် စီးပွားရေး ပိတ်ဆို့မှု (Sanctions) အား ယခုအခါ ပြန်လည် ရုပ်သိမ်းသင့် မသင့်ဆိုသည့်အပေါ် မြန်မာနိုင်ငံ၏ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေး၊ လှုမှုရေးနယ်ပယ်စုံမှ ပညာရှင်များ၊ ပါဝင် လုပ်ဆောင်နေသူများမှ သုံးသပ်ချက်များစွာဖြင့် ပြောကြားခဲ့ကြပါသည်။

ဥရောပသမဂ္ဂအနေဖြင့် ၁၉၉၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံနှင့် စီးပွားရေး ဆက်ဆံမှုများကို ပိတ်ဆို့မှုပြုခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အမေရိကန်မှ လူ ပုဂ္ဂိုလ်တစ်ဦးချင်း၊ အဖွဲ့အစည်း တစ်ခုခြင်း၏ ရင်းနှီးမြှုပ်နှံမှု အသစ်များကို ပိတ်ပင်ခဲ့သည်။ ၂၀၀၄ ခု နှစ်တွင် မြန်မာနိုင်ငံနှင့်စီးပွားရေးအ ရဆက်ဆံမှုအားလုံးကို ရပ်ဆိုင်းပစ်ခဲ့သည်။ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ၂၀၁၀ ပြည့်နှစ် မေလ တွင် အရေးယူပိတ်ဆို့မှုများ သက်တမ်းတိုးခဲ့ခြင်း ဖြစ်သည်။

“Sanctions တွေကို နိုင်ငံတွင်း တိုးတက်မှုတွေနဲ့အညီ တစ်ဆင့်ပြီး တစ်ဆင့် လျော့ပေါ့ စေသင့်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါ ရီလ ၁၅ရက်နေ့တွင် သူမ၏ နေအိမ်၌ ပြင်သစ်မီဒီယာများနှင့် တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့ သည်။

7171

“ပိတ်ဆို့အရေးယူမှုဆိုတာ သူ့ အလိုလို မိုးပေါ်က ကျလာတာ မဟုတ်ပါဘူး။ အကြောင်းကြောင့် အကျိုး ဖြစ်လာတာပါ။ တရားတော် မြတ်အတိုင်း။ ဒါကြောင့် ပိတ်ဆို့ အရေးယူမှုဆိုတဲ့ အကျိုးတရားကို ဖယ်ရှားချင်ရင် အကြောင်းတရားကို မသိချင်အောင် မဆောင်ပါနဲ့လို့ ပြောချင်ပါတယ်။ အကြောင်းတရားကို ဖယ်ရှားဖို့အတွက် ဆိုရင်တော့ ကျွန်တော်တို့အားလုံး ၀ိုင်းဝန်းကူညီဆောင်ရွက် ပေးနိုင်ပါတယ်”ဟု ၈၈မျိုးဆက် ကျောင်းသားများ၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် ကိုမင်းကိုနိုင်က ပြောကြားခဲ့ပါသည်။
ခေါင်းဆောင်ပိုင်းက ဒီမိုကရေစီ နဲ့ ငြိမ်းချမ်းရေးလို့ ဘယ်လိုပဲ ပြောပြော၊ ဆင်းရဲတဲ့ ပြည်သူတွေ ပညာမတတ်တဲ့ ပြည်သူတွေက အများစု ဖြစ်နေရင် ဒီမိုကရေစီ နိုင်ငံ ဖြစ်မလာနိုင်ပါဘူး…

နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြင့်က “Sanctions ရုပ်သိမ်းဖို့ လုပ်လာတာ ကောင်းတဲ့လက္ခဏာပါ။ ပိတ်ထားတာထက် ဖွင့်ထားတာပို ကောင်းတာပေါ့။ ဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ စီးပွားရေး တိုးတက်လာနိုင်တယ်။ နိုင်ငံရဲ့ စီးပွားရေးပြောင်းလဲ ရေးမှာ အထောက်အကူဖြစ်စေမှာပါ။ တကယ်တမ်းပြောရရင်Sanctions ရုပ်တာပဲဖြစ်ဖြစ်၊ မရုပ်သေးတာပဲဖြစ် ဖြစ် နိုင်ငံရဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှုကတော့ အများကြီးဆက်လုပ်ဖို့ လိုသေးတယ်။ ဆက်လုပ်သွားဖို့ လည်းရှိတယ်။ စနစ်တွေ၊ဥပဒေတွေ၊ မူဝါဒတွေ ပြောင်းလဲဖို့ လုပ်ရမှာတွေ တော်တော်များများ ရှိနေတယ်။ အရင် ကမှားခဲ့တဲ့ ဆိုးကျိုးတွေကို အကောင်းဘက်ကို ရောက်အောင် ဦးတည်ပြင်ဆင်သွားနိုင်ဖို့ လုပ်ရမှာပါ။ အခုချိန်ထိ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုအကဲ ဖြတ်ချက်တွေမှာ မြန်မာက အောက်နားမှာပဲ ရှိနေတာဆိုတော့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို အရှိန်အဟုန် မြှင့်ပြီးဆက်လက် ဆောင်ရွက်ဖို့ရှိပါတယ်”ဟု သုံးသပ်ခဲ့ပါသည်။
7171a

ပါမောက္ခဒေါ်လှမြင့်က “Sanctions ကြောင့် လူတိုင်းထိခိုက် ခံစားရပါတယ်။ ဒါကြောင့် အမြန်ဆုံး ဖြေလျှော့စေချင်တယ်။ စီးပွားရေးလုပ်ငန်းတွေ လှုပ်သာလာမယ်၊ အခွင့်အလမ်းတွေ ပေါ်လာနိုင်တယ်။ နိုင်ငံရဲ့စီးပွားရေး ၀န်ထုပ်ဝန်ပိုး လျော့လာနိုင်တယ်။ နိုင်ငံခြားလုပ်ငန်းတွေ အများကြီးဝင်လာမယ်။ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေအနေနဲ့ အခွင့်အလမ်းကိုယူနိုင်ဖို့ အဆင်သင့်ဖြစ်အောင် လုပ်ဖို့ အရေးကြီးလာပါပြီ။ အရင်က Sanctions ကြောင့် စီးပွားရေးလုပ်ရတာ ခက်ခဲတယ်လို့ လုပ်ငန်းရှင်တွေ ပြောခဲ့တယ်။ အခု Sanctions ရုပ်ပြီဆိုရင် စီးပွားရေးက မြန်နှုန်းမြင့် အနေအထား ဖြစ်လာနိုင်တော့ ပြည်တွင်းလုပ်ငန်းရှင်တွေ အမီလိုက်နိုင်ဖို့လိုပါတယ်။ နိုင်ငံတော်ပိုင်းကလည်း ဥပဒေပိုင်း၊ မူဝါဒပိုင်း၊ လုပ်ထုံးလုပ်နည်းပိုင်းတွေကို အချိန်ကိုက် ပြင်ဆင်ပြောင်းလဲပေးဖို့ လိုတယ်။ Sanctions ရုပ်ပေမယ့် နိုင်ငံရဲ့စီးပွားရေး အခင်းအကျင်းက မကောင်းရင် ပြည်ပရင်းနှီးမြှုပ်နှံမှုဝင်မှာ မဟုတ်သလို နိုင်ငံ့စီးပွားရေးလည်း တိုးတက် မှာ မဟုတ်ဘူး။ သူတို့အဓိကကြည့်တဲ့ အချက်တစ်ချက် ဖြစ်တဲ့ နိုင်ငံရေး တည်ငြိမ်မှုကတော့ အခုအလားအလာ ကောင်းနေပြီ။ တခြားအခွန်တို့ စွမ်းအင်ရရှိမှုတို့က ရင်းနှီးမြှုပ်နှံသူ တွေကို မဆွဲဆောင်နိုင်သေးဘူး။ တစ်နိုင်ငံလုံးလျှပ်စစ်သုံးစွဲမှုရာခိုင်နှုန်း က ၂၂ရာခိုင်နှုန်းပဲ ရှိသေးတဲ့ နိုင်ငံမှာ လုပ်ငန်းလုပ်ရင် လျှပ်စစ်ဘယ်လိုပေးမှာလဲလို့ နိုင်ငံခြားလုပ်ငန်းတွေက စဉ်းစားမှာပဲ။ ဒါကြောင့် အစိုးရပိုင်းအနေနဲ့ အခြေခံအဆောက်အဦကို နိုင်ငံတကာ တန်းမီအောင်အရှိန်အဟုန်မြှင့် လုပ်ဆောင်သင့်တယ်။ နောက်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ငွေလဲနှုန်း၊ အခွန်နှုန်းနဲ့ စီးပွားရေးမူဝါဒပိုင်း ပြောင်းလဲမှုတွေ ကို နိုင်ငံခြားလုပ်ငန်းရှင် စောင့်ကြည့်နေတယ်လို့ သိရတယ်”ဟုဆိုပါသည်။

“နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုတာ အပြိုင်သွားရပါတယ်။ တစ်ခုခုက ကျန်ခဲ့ရင် မှောက်ရက်လဲတတ်တယ်။ တစ်ဖက်ကလည်း အတိုက်အခံတွေဘက်က စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး ကူညီဆောင် ရွက်နေသလို တစ်ဖက်ကလည်း စီးပွားရေး အခြေခံကောင်းတွေ၊ ပြုပြင်မှုတွေကို အစိုးရက ဆောင်ရွက်သင့်ပါတယ်။ စီးပွားရေးဆိုင်ရာ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒအချို့နဲ့ လုပ်ဆောင်ချက်အချို့က အားရစရာ မကောင်းသေးဘူး။ တချို့ဌာနဆိုင်ရာနဲ့စီးပွားဆိုင်ရာ အဖွဲ့အစည်းတွေမှာ ယုန်ကို မုန်လာဥ ဂိုဒေါင်စောင့်ခိုင်းသလိုမျိုး ဖြစ်နေသေးတယ်။ ကျွန်တော်တို့ အနေနဲ့အစိုးရကို အစိုးရကောင်း တစ်ရပ်ဖြစ်အောင် ဝေဖန်မှာ ဖြစ်သလို အတိုက်အခံတွေကိုလည်း အတိုက်အခံကောင်းဖြစ်အောင် ဝေဖန်သွားရမှာပါ။ အတိုက်အခံကောင်းဆိုတာ မှားရင်မှားတာကို ရဲရဲရင့်ရင့် ထောက်ပြပြောဆိုရသလို မှန်ရင်လည်း မှန်တာကို ထောက်ခံဖို့လိုတယ်။ အစိုးရလုပ် နေသမျှအားလုံးကို အစိုးရနဲ့တန်းတူ သိရှိနေရမယ်။ Shadow Government ဖွဲ့နိုင်တဲ့ အနေထားမျိုးရှိသင့်တယ်။ အစိုးရဘာလုပ်နေတယ် ဆိုတာတောင် နားမလည်ဘဲနဲ့ ဝေဖန်နေတယ်ဆိုရင် ဒါအတိုက်အခံကောင်း ဘယ်ဟုတ်မလဲ။ မှန်မှန်ကန်ကန် ဝေဖန်နိုင်ပြီး မှန်မှန်ကန်ကန်လမ်းပြ ဆောင်ရွက်ပေးနိုင်ရမယ်။ ဒါအတိုက်အခံကောင်းပဲ။ အစိုးရကောင်းတွေ လိုအပ်သလို အတိုက်အခံကောင်းတွေ လိုအပ်ပါတယ်။ အတိုက်အခံကောင်း ဖြစ်မှ တစ်ချိန်မှာ အစိုးရကောင်း ဖြစ်မှာပါ” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် က ပြောကြားခဲ့ပါသည်။

“Sanctions ကတော့ အကြောင်း ရှိပြီး ဖြစ်လာတာပေါ့။ ဒါပေမယ့် အခုလို နိုင်ငံရေး အပြောင်းအလဲကြောင့် ပြန်ဖွင့်သင့်ပြီ။ ပြန်ဖွင့်တာကို ကြိုဆိုတယ်။ တိုင်းပြည်အတွက် နစ်နာလို့ပါ။ တကယ်တော့ Sanctions ကြောင့် Open စီးပွားရေးမဖြစ်ဘဲ Permit စီးပွားရေး ဖြစ်သွားတဲ့အတွက် နိုင်ငံမှာ Semi Government တွေပေါ်လာပြီး အဲဒီအဖွဲ့တွေကို မှီခိုလုပ်ကိုင်တဲ့ အခွင့်ထူးခံ အလွှာပေါ်လာခဲ့ တယ်။ အရည်အချင်းအမှန်နဲ့ တက်လာတဲ့ စီးပွားရေးလုပ်ငန်းတွေ အားလုံးကျပ်တည်းသွားတယ်။ ဒီလိုလုပ်ငန်းရှင်တွေ ကျပ်တည်းတော့ လုပ်ငန်းရှင်တွေအပေါ် မှီခိုနေရတဲ့ အခြေခံ လုပ်သားတွေအတွက် အလုပ်သစ်မဖန်တီး ပေးနိုင်သလို အလုပ်အကိုင် အခွင့်လမ်းနည်းပြီး တိုင်းပြည်ဆင်းရဲသွားတယ်။ ဒီထက်ဆိုးတာက သဘာဝသယံဇာတ သစ်၊ ကျောက်မျက် တွေဆိုရင် ပြည်ပနိုင်ငံတွေက တစ်ဆင့်ရောင်းနေရလို့ အဲဒီနိုင်ငံက လုပ်ငန်းရှင်တွေက မြန်မာ့သယံဇာတနဲ့ ချမ်းသာနေကြတယ်။ ဥပမာ-တရုတ်၊ ဗီယက်နမ်၊ မလေးရှားနိုင်ငံတွေမှာ မြန်မာသစ်ကုန်ကြမ်းကို အနိမ့်ဆုံး ဈေးနဲ့ဝယ်ပြီး ကုန်ချောထုတ်ရောင်းတဲ့အတွက် စီးပွားဖြစ်တယ်။ မြန်မာနိုင်ငံတွင်းမှာ ကျတော့ သစ်အခြေခံ နဲ့ ပတ်သက်တဲ့ လုပ်ငန်းဖွံ့ဖြိုးတာမျိုး လောက်လောက်လားလား ပြစရာမရှိသေးဘူး။ Sanctions ရုပ်တာတစ်ခုတည်းနဲ့တော့ မြန်မာ့စီးပွားရေး ပြောင်းသွားမှာမဟုတ်ဘူး။ Political Changes နဲ့ Economy Changes ချိန်ခွင်လျှာညီမှရမယ်။ နိုင်ငံရေး အပြောင်းအလဲ တစ်ခုတည်း ရှေ့ရောက်နေလို့ မဖြစ်ဘူး။ Economy Changes အတွက်ဆိုရင် နှစ်မျိုးထပ်ရှိတယ်။ External Economy Changes နဲ့ Internal Economy Changes ဆိုပြီးရှိ တယ်။ အခု Sanctions ရုပ်တယ်ဆိုတာ ပြင်ပကစီးပွားရေးဆိုင်ရာ ပြောင်းလဲမှုတစ်ခုဖြစ်တယ်။ Top Down ပြောင်းလဲမှုတစ်ခုတည်းနဲ့ မရဘူး Bottom Up ပြောင်းလဲမှုလည်းပြု မှ Sanctions ရုပ်ခြင်းနဲ့အတူ မြန်မာ့ စီးပွားရေး ပြောင်းလဲမှာပါ” ဟု UMFCCI ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးအေးလွင်က ပြောကြားခဲ့ပါသည်။

နိုင်ငံတော် သမ္မတအကြံပေး ဒေါက်တာနေဇင်လတ်က “အကျဉ်းကျခံနေရသူတွေ လွှတ်ပေးတာတို့၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတာတို့ကို ပြု လုပ်နေတာကြောင့် အမေရိကန်နဲ့ ဥရောပအပါအ၀င် နိုင်ငံတကာက ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းလာမှာပါ။ တစ်ဦးတည်း အမြင်အရ ပြောရရင် ဧပြီလမတိုင်ခင် ပိတ်ဆို့မှု တော်တော်များများ ဖြေလျှော့ပြီးဖြစ်မယ်လို့ ယူဆပါတယ်။ တစ်ဆင့်ချင်း ပဲ ဖြေလျှော့တာပဲဖြစ်ဖြစ် ချက်ချင်းဖြုတ်ပေးတာဖြစ်ဖြစ် ဘယ်နည်းမဆို ကောင်းပါတယ်။ မြန်မြန်ဆန်ဆန် ဖြစ်ရင်တော့ ပိုကောင်းပါတယ်။ ဒါကြောင့်ဖြစ်နေတဲ့ နစ်နာမှုက ပမာဏ ကြီးပါတယ်။ ၀န်ထုပ်ဝန်ပိုးဖြစ်စေ ပါတယ်။ Sanctions တွေ ရုပ်သိမ်းသွားမယ်ဆိုရင် တိုးတက်မှုအတွက် အဟန့်အတားဖြစ်စေတဲ့ ၀န်ထုပ်ဝန်ပိုး တစ်ခုလျော့သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရှေ့လျှောက်စီးပွားရေး အလားအလာတွေ ကောင်းလာနိုင်တယ်။ နိုင်ငံတွင်းကို ပြည်ပအရင်း အနှီး၊ ပြင်ပအရင်းအနှီးတွေ ပိုပြီး စီးဝင်လာမယ်။ သူတို့လာချင်အောင်၊ ရင်းနှီးမြှုပ်နှံချင်အောင် မက်လုံးပေးရမယ်။ ဘဏ်စနစ်တွေကောင်းအောင် လုပ်ပေးရမယ်။ ကုန်ထုတ်လုပ်ငန်းတွေ၊ စက်မှုလုပ်ငန်းတွေလုပ်လို့ ရအောင် ဆောင်ရွက်ပေးတာတို့၊ နိုင်ငံ တကာက လက်ခံတဲ့ဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေနဲ့ လုပ်နိုင်အောင်ပြင်ဆင်ပေးတာတို့ လုပ်ပေးရမယ်။ အခွန် ကိစ္စတွေ၊ လုပ်ငန်းစဉ်တွေထင်သာ မြင်သာဖြစ်အောင်၊ မျှတအောင်လုပ်ပေးဖို့ လိုတယ်။ တစ်ဖက်မှာလည်း ပြင်ပက အင်အားကြီးလုပ်ငန်းတွေ ၀င်လာမယ့်အတွက် ပြည်တွင်းလုပ်ငန်း တွေအနေနဲ့ ယှဉ်နိုင်ပြိုင်နိုင်အောင် လုပ်ထားဖို့အရေးကြီးတယ် အစိုးရပိုင်းကလည်း ပြည်တွင်းလုပ်ငန်းတွေ တိုးတက်ဖို့ အားပေးပံ့ပိုးပေးသင့် တယ်”ဟု သုံးသပ်ခဲ့သည်။

ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်က “မြန်မာနိုင်ငံကို ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်း ပေးသင့်ပါပြီ။ အခုအကျဉ်းသားတွေလည်း လွှတ်ပြီးပြီ။ တိုင်းရင်းသားတွေနဲ့လည်း ငြိမ်းချမ်းရေးဆွေးနွေး နေတယ်။ တခြားပြုပြင်ပြောင်းလဲရေး တွေလည်း လုပ်ဆောင်နေတာ တွေ့ရတယ်။ ပြီးတော့ ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးဖို့ကြိုးစားနေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ တကယ်တမ်းပြောရရင် တရုတ်နဲ့ ဗီယက်နမ်တို့ထက်တောင် သာသေးတယ်။ စနစ်အရ သာတယ်၊ ရှေ့ရောက်တယ်။ ပြုပြင်ပြောင်းလဲနေတဲ့ ခြေလှမ်းတွေအရ ဘာကြောင့်တစ်ဆင့်ချင်း လျှော့ပေးရမှာလဲ။ လုံးဝကို မပိတ်ဆို့သင့်တော့ဘူး။ ဒီSanctionsကြောင့် တိုင်းပြည်မှာနစ်နာတာ အများကြီးရှိတယ်။ ဘဏ်လုပ်ငန်းကဏ္ဍနဲ့ပဲ ပြောရင်တောင် ပိတ်ဆို့မှုကြောင့် အဆင့်ဆင့် လုပ်နေရတယ်။ ငွေကုန်ကြေးကျပိုများတယ်။ စင်ကာပူက UOB ဘဏ်ဆိုရင် မြန်မာပြည်က ဘဏ်တွေကြောင့် ဘီလျံနဲ့ချီပြီးမြတ်တယ်။ ၀န်ဆောင်ခကို နင့်နေအောင်ယူတယ်။ Sanctions ကြောင့် တိုက်ရိုက်မချိတ်နိုင်တာကို စင်ကာပူဘဏ်က ကူညီတယ်ဆိုပြီး ကျေးဇူးမတင်နိုင်ဘူး။ အဓိက က ဒီSanctions ကြောင့် လုပ်ငန်းတွေ အခက်အခဲဖြစ်တယ်။ နစ်နာမှုတွေ အများကြီးရှိတယ်။ စီးပွားရေးဆိုတာ လူတိုင်းနဲ့ဆက်စပ်တဲ့အတွက် အပေါ်ကနေ အောက်အထိ အကုန်လုံးထိခိုက်နစ်နာတယ်။ ဒါကြောင့် ပိတ်ဆို့မှုကို အမြန်ဆုံးရုပ်သိမ်းစေချင်တယ်” ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ပါတီကတော့ Sanctions နဲ့ ပတ်သက်လို့ စီးပွားရေးပိတ်ဆို့တာကို လုံးဝလက်မခံဘူး။ ဟိုးတုန်းကတည်းက စလုပ်ကတည်းက လက်မခံဘူး။ အခုလည်း လက်မခံဘူး။ ၂၀၁၁ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတရားတွေဟာ ၂၀၁၂ ခုနှစ်မှာ အကျိုးတရားတွေ ဖြစ်လာတယ်။ Targeted Sanctions လို့ ပြောပြောသူတို့တင် မကဘူး။ ပြည်သူတွေကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ထိခိုက်စေပါတယ်။ ကျွန်တော်တို့ ပါတီအနေနဲ့ကတော့ ပြည်သူကို ထိခိုက်စေမယ့် ဘယ်လိုအကြောင်း ကိစ္စမဆို ဆန့်ကျင်ပါတယ်”ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးဟန်ရွှေက ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်က “ကျွန်တော်တို့ကတော့ ကျွန်တော်တို့ တစ်လျှောက်လုံး ပြောနေတဲ့အတိုင်းပဲ ကျွန်တော်ပြောချင်ပါတယ်။ ဘာလဲဆိုလို့ရှိရင် တိုင်းပြည်မှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စတွေ၊ ဒီမိုကရေစီရေး အခွင့်အရေးပိတ်ဆို့ မှုတွေ၊ ပြည်တွင်းငြိမ်းချမ်းရေး တိုင်းရင်းသားလူမျိုးများနဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတာတွေ ပပျောက်သွားခြင်း မရှိဘူးဆိုရင် ဒီ Sanctionsတွေက အရေးယူထားတဲ့ဟာတွေ တော့ ရုပ်သိမ်းဖို့ မသင့်ဘူးလို့ ထင်တယ်။ ရုပ်သိမ်းမယ်ဆိုလို့ရှိရင် လည်း အဲဒီခုနကပြောတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမိုကရေ စီရေး ပိတ်ဆို့မှုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခတွေ၊ ဒါတွေ လျော့ပါးသွားတာနဲ့အမျှ ဒီ Sanctions တွေဘက်က လျှော့ချရေးကို လည်း တိုးမြှင့်လာမှာပဲလို့ ကျွန်တော်တို့ အဲလိုပဲပြောခဲ့ပါတယ်။ အဲဒီအတိုင်းပဲ ကျွန်တော်တို့ဒီနေ့အထိ အဲဒီအတိုင်းပဲ ယူဆပါတယ်။ သမ္မတကြီးက နေပြီးတော့ အခုလို တိုက်တွန်းတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က ကြားရတယ်။ အဲဒီထဲမှာ ထူးခြားတဲ့အချက်က နောက်ကြောင်း မပြန်တော့ဘူးဆိုတာကို အာမခံတယ်ပေါ့။ အဲဒါအတွက် ကျွန်တော်တို့ ဘာပဲပြောပြော အဲဒါ သည်ပင်လျှင် အရေးကြီးတဲ့ လျှော့ပေါ့ချက်တစ်ခု ဖြစ်တယ်လို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်။ သို့သော် သမ္မတကြီးပြောတာနဲ့ ဟုတ်ရဲ့လား လို့ အများကြီး မေးခွန်းမေးစရာတွေ ရှိနေမယ်လို့ ကျွန်တော်က ထင်တယ်” ဟု ပြောကြားခဲ့သည်။

“နိုင်ငံရေးပြုပြင်ပြောင်းလဲမှု နဲ့ စီးပွားရေးပြုပြင်ပြောင်လဲမှု တစ်ပြေးညီဖြစ်ဖို့လိုတယ်။ အခု နိုင်ငံရေး ပြောင်းလဲမှုက ရှေ့ရောက်တဲ့ သဘောဆောင်နေတဲ့တွက် စီးပွားရေး နောက်ကျ ကျန်နေရင် ပြဿနာပေါင်းစုံဖြစ်လာမှာ စိုးရိမ်မိတယ်။ ဒါကြောင့် Sanctions ကို အလျင်အမြန် ရုပ်သိမ်းသင့်ပါတယ်”ဟု စာရေးဆရာ ဒေါက်တာခင်မောင်ညိုက သုံးသပ်ခဲ့ပါသည်။

“လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတာက education နဲ့ knowledge ကြားမှာ Gap ဖြစ်နေတယ်။ Gap ဖြစ်လာတာကလည်း အကြောင်းရှိတယ်။ industryမဖွံ့ဖြိုးတော့ ကျောင်းသားကျောင်းသူတွေ အနေနဲ့ လေ့လာရတာ မလွယ်ကူဘူး။ ၂၀၁၅ မှာ AFTA လာတော့ ဖွင့်ချလိုက်ရမယ့် အချိန်မှာကိုယ့်ဘက်က မကျန် ခဲ့အောင်တော့ရတဲ့ အခြေအနေနဲ့လုပ်ဖို့ လိုနေတယ်။ Sanctions ရုပ်တာမရုပ်သိမ်းတာထက် HR ကို develop ဖြစ်အောင် လုပ်ထားရမယ်။ resource မှာ လူတင်မဟုတ်ဘူး။ အဆောက်အအုံ ပိုင်းကိုလည်း ပံ့ပိုးရမယ်။ Sanctions ရုပ်လိုက်လို့ နည်းပညာတွေ ၀ုန်းကနဲဝင်လာချိန်မှာ ကိုယ့်ဘက်က ကျန်မနေခဲ့အောင်တော့ ပြင်ဆင်ထားဖို့လိုပါတယ်”ဟုလည်း ဆောက်လုပ်ရေးပညာရှင် ဦးစောထွေးဇော်က ပြောကြားခဲ့သည်။

“sanctionsဟာ ဆင်းရဲမွဲတေမှုကို တွန်းအားပေးတယ်။ ပြီးတော့ ကုမ္ပဏီအသေးလေးတွေ သာမန်စီးပွားရေး လုပ်ငန်းရှင်တွေကို ထိခိုက်စေတယ်။ ယှဥိပြိုင်နိုင်မှုမဲ့စေတယ်။ ကုန်သွယ်မှုကို အတားအဆီး ဖြစ်စေတယ်ဆိုတော့ တိုင်းပြည်ရဲ့စီးပွားရေး တိုးတက်မှုကို အဟန့်အတားဖြစ်စေတယ် ဆိုပေမဲ့ sanctions ကိုအမေရိကန်က ရုတ်သိမ်းမယ် ဆိုရင်တော့ သူတို့သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီမှပဲပေးမှာပါ။ နိုင်ငံရေးအရ လက်ခံနိုင်တဲ့ ဖြေလျော့မှုတွေလုပ်ရင် စီးပွားရေးအရ ဖြေလျော့မှုတွေ သူ့ ဘာသာသူ လုပ်လာမှာပါ။ ပြီးတော့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုတာ နှစ်ခုလုံးပြိုင်တူလုပ်မှရမှာပါ။ တစ်ဖက် က sanctions မရှိမှလည်း ပိုပြီး တိုင်းပြည်စီးပွားရေး အားကောင်းလာမှာပါ”ဟု စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ပြခဲ့သည်။

“၈၈ လူထုဒီမိုကရေစီ အရေးတော်ပုံက ချခဲ့တဲ့ အမျိုးသားနိုင်ငံရေးလမ်းစဉ်က ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားသွေးစည်း ညီညွတ်ရေးစတဲ့ အလံသုံးလက်ပေါ့။ အဲဒါ အမျိုးသားနိုင်ငံရေး လမ်းစဉ်ပဲ။ ဒီမိုကရေစီ ဖော်ဆောင်တယ်ဆိုတဲ့ Step တစ်ခုမှာ အဓိကအနေနဲ့တောင်းတာတစ်ခုက နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပေးဖို့ပဲ။ အခု နောက်ဆုံးအချိန်မှာ တော်တော်များများ လွတ်သွားပြီ။ အရေးကြီး လူပုဂ္ဂိုလ်အများစု လွတ်သွားပြီ။ နည်းနည်းပဲကျန်တော့တယ်။ ၁၀၀ရာနှုန်းလို့ မပြောနိုင်ပေမယ့် စိတ်ကျေနပ်စရာ တစ်စုံတစ်ရာရှိလာပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင် စောစောကမယုံဘူး။ ဒါပေမယ့် အခုနောက်ဆုံး မင်းကိုနိုင် အပါအ၀င်အများစုကို လွှတ်လိုက်တော့ နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်ရင် Majority တော့ လွတ်သွားပြီ။ ဒုတိယတစ်ချက်က ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် အများစုက ပြည်ထောင်စုအဆင့် ဆွေးနွေးရေးကို ရောက်နေပြီ။ ကေအိုင်အေနဲ့တောင် ၁၉ ရက်နေ့ကတွေ့ပြီ ကြေညာချက် ထွက်လာပြီ။ အပစ်အခတ်ရပ်မယ်လို့ မပါသေးပေမယ့် ဆိုးရွားသွားတာတွေမပါအောင် ထိန်းသိမ်းမယ်လို့ ပါလာတဲ့အတွက် ငြိမ်းချမ်းရေးအတွက် တစ်စုံတစ်ရာ လှုပ်ရှားလာပြီလို့ ပြောလို့ရတယ်။ ဒီအခြေအနေမှာ Sanctions ရုပ်မယ်ဆိုရင် ရုပ်နိုင်မယ့် အချက်အလက်တွေ ပေါ်ထွက်လာပြီလို့ ပြောလို့ရတယ်။ ဒါပေမယ့် တိုင်းပြည်ဆင်းရဲရတာဟာ Sanctions ကြောင့်ပါလို့တော့ ပြောလို့မရဘူး။ နဂိုကတည်းက အစိုးရအဆက်ဆက် ဖောက်ပြန်မှားယွင်းတဲ့ စီးပွားရေး မူဝါဒတွေကြောင့် ဆင်းရဲတွင်းနက်နေရတာ။ အထူးသဖြင့် Crony Capitalism ဆိုတဲ့ မျက်နှာကြီးရာ ဟင်းဖတ်ပါ ဘော်ဒါကဏ္ဍ စီးပွားရေးစနစ် တွေ၊ လက်ဝါးကြီးအုပ် အခွင့်ထူးခံ အဖွဲ့အစည်းတွေကြောင့်ပဲ။ သူတို့ရဲ့ မှားယွင်းတဲ့ စီးပွားရေးစနစ်တွေကြောင့် ပျက်စီးတာ။ ကျွန်တော့်အနေနဲ့ကတော့ ဒီအခြေအနေဟာ Sanctions တွေ ရုပ်သိမ်းဖို့အခြေခံတွေ ပေါ်ပေါက်လာပြီလို့ မြင်ပါတယ်။ပြောင်းလဲမလား မပြောင်းလဲဘူး လားဆိုတာကတော့ စောင့်ကြည့်ရပါမယ်။ Sanctions ရုပ်မယ်ဆိုရင် တော့ ရုပ်သင့်တဲ့အခြေအနေကို ရောက်နေပြီ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ ဒီမှာရင်းနှီးမြှုပ်နှံမှု ဥပဒေရှိတယ်။ အဲဒါနဲ့ မလုံလောက် ဘူး။အဓိကပြောနိုင်တဲ့အချက်တွေက မြေယာနဲ့ ပတ်သက်ပြီး ၁၉၄၇ မှာ ကန့်သတ်တဲ့ဥပဒေရှိတယ်။ ၁၉၈၇မှာ ပြန်ပြီးမွမ်းမံတယ်။ မရွှေ့ပြောင်း နိုင်တဲ့ပစ္စည်းကန့်သတ်တဲ့ ဥပဒေရှိတယ်။ ရှိတဲ့အခါမှာ နိုင်ငံခြားသားတွေအနေနဲ့ မြေပိုင်ခွင့်မရှိဘူး။ တစ်နှစ်ထက်ကျော်ပြီး ငှားရမ်းလို့မရဘူး။ အဲဒီအခါမှာ သူတို့က ဒီမှာ အကြီးအကျယ်လာပြီး Estate လုပ်တဲ့အပေါ်မှာ ဘယ်လို အာမခံချက်ရှိမယ်ဆိုတာ မသိဘူး။ တိကျတဲ့စီးပွားရေးဥပဒေတွေ မရှိဘူး။ အခွန်ဥပဒေက ဘယ်လိုယူမှာလဲ။ အမြတ်အခွန်က ဘယ်လိုလုပ်မှာလဲ။ အဲဒီအခြေခံအချက် အလက်တွေရှင်းရှင်းလင်းလင်းရှိဖို့ လိုပါသေးတယ်။အဲဒီအတွက် နိုင်ငံခြားက တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ က လာဖို့ချိန်တော့ ချိန်ကြမှာပဲ။ လာတာကောင်းတယ်။ ကြိုလည်း ကြိုဆိုတယ်”ဟု မန္တလေးမြို့နေ နိုင်ငံရေးနယ်ပယ်မှ ဦးသိန်းသန်းဦး ကပြောကြားခဲ့သည်။

“နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှုဆိုရင် နိုင်ငံရေးကတောင် ရှေ့ကိုအတော်ရောက်နေတယ်လို့ ပြောရမယ်။ မြစ်ဆုံကနေ အကျဉ်းသားတွေ လွှတ်ပေးတဲ့အထိ ဘာမှမကြာလိုက်ဘူး။ ပြောင်းတာတော့ ပြောင်းနေပြီ။ သို့သော်အပေါ်မှာ ပြောင်းပေမယ့် အောက်မှာဘာမှ ပြောင်းလဲမလာတာတွေ ရှိနေသေးတယ်။ ဒါကလည်း ဒီမိုကရေစီနဲ့အသားမကျ သေးလို့ပေါ့။ အချိန်တော့ယူရအုံးမယ်”ဟု မန္တလေးမြို့နေ နိုင်ငံရေး နယ်ပယ်မှ ဦးသိန်းသန်းဦးကပြောကြားခဲ့သည်။

“အစိုးရဖွဲ့တာလည်း တစ်နှစ် ပြည့်တော့မယ်။ စီးပွားရေးပိုင်းမှာလည်း ခေါင်းတွဲကပဲသွားနေပြီး တော့ နောက်ကတွဲတွေလိုက်ဖို့ လိုနေသေးတယ်။ ဒီမိုကရေစီအစိုးရရဲ့ ထုံးစံအတိုင်း ၆ လ သို့မဟုတ် တစ်နှစ်ပြည့်ရင် ကက်ဘိနက်ကို ပိုမိုသွက်လက်တဲ့ အစိုးရအဖွဲ့မျိုးဖြစ်အောင် Reshuffle ပြန်လုပ်သင့်တယ်။ စီးပွားရေးနဲ့ ပတ်သက်တဲ့မူဝါဒတွေ လည်း ပိုမိုကောင်းမွန်အောင် ပြန်သုံးသပ်သင့်တယ်။ လုပ်နိုင်စွမ်းမရှိတဲ့ သူတွေ အစား လုပ်နိုင်စွမ်းရှိတဲ့သူတွေကို အစားထိုးသင့်တယ်။ ဒါ့အပြင် ဗဟိုဘဏ်လို၊ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်လို စီးပွားရေးအတွက် အရေးပါတဲ့နေရာတွေ ဒါတွေဟာ Political post မဟုတ်ဘူး၊ Technical post တွေဖြစ်တဲ့အတွက် ပညာရှင်တွေ ခန့်သင့်တယ်။ ဌာနဆိုင်ရာတွေမှာလည်း လူမှန်နေရာမှန်ချထား ဖို့ လိုအပ်တယ်။ ဥပမာ-အကောက်ခွန်၊ အခွန်ဦးစီး၊ တကယ့်စီးပွားရေးနဲ့ ပတ်သက်တဲ့ တံခါးစောင့်နေရာတွေမှာ တကယ်ကို အရည်အသွေး ပြည့်ဝပြီးတော့ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့၊ လောဘသက္ကာယ နည်းတဲ့ သူတွေ၊ မျှမျှတတလုပ်လိုတဲ့ ဆန္ဒရှိတဲ့သူတွေကို သက်ဆိုင်ရာ ဌာနတွေ၊ ဌာနဆိုင်ရာ အကြီးအကဲ နေရာတွေမှာ သေသေချာချာစိစိစစ်စစ် ရွေးချယ်ခန့်ထားသင့်တယ်။ တခြားစီးပွားရေးနဲ့ ပတ်သက်တဲ့ ကုန်သွယ်ရေးလို ဌာနတွေ၊ နေရာတွေမှာ ပညာရှင်တွေကို ပိုခန့်ထားဖို့ ဒီထက် ပိုနေရာပေးဖို့ လိုပါတယ်။ Political post ဖြစ်တဲ့ ၀န်ကြီးနေရာတွေကို မခန့်ထားရင်တောင်၊ ညွှန်ကြားရေးမှူးချုပ်တွေ ညွှန်ကြားရေးမှူးတွေနေရာမှာ ပညာရှင်တွေ ပိုခန့်ထားသင့်တယ်။ ရှေ့လျှောက်နိုင်ငံတကာနဲ့ ပိုမိုဆက်ဆံရတော့မယ်။ အခုနိုင်ငံ တကာက လာတော့မယ်။ ရင်းနှီးမြှုပ်နှံ မှုတွေ လာတော့မယ်။ တကယ်တော့ မူတွေ ချည်းပဲပြင်လို့မရဘူး လူတွေ ပါ ပြင်ရမယ်။ ခိုင်မာတဲ့စီးပွားရေး မူဝါဒတွေလည်း ဆွဲရမယ်။ ဘောလုံးအသင်းလိုပဲ လက်ရှိအသင်းနဲ့တော့ မရဘူး”ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် က သုံးသပ် ပြောကြားခဲ့ပါသည်။

“Sanctions က ဆင်းရဲသားတွေအပေါ်ထိခိုက်မှုရှိတယ်ဆိုတာ ကောင်းကောင်းကြီး ယုံကြည်တယ်။ လက်လည်းလက်ခံတယ်။ ဥပမာ ပဲလောကက ဆုံးရူံးမှုတွေကို ပြန်ကြည့်ရင်လည်း သိနိုင်တယ်။ ဟိုတုန်းက ပဲကိုကုမ္ပဏီအကြီးအသေး အကုန်လုံး ပို့ ကြတယ်။ နောက်ပိုင်း sanction တွေများလာတော့ ကုမ္ပဏီ အကြီးကြီးတွေပဲ လုပ်နိုင်တော့တယ်။ အဓိကကတော့ letter of Credit ဖွင့်လို့မရလို့။ အဲဒီတော့ ကုမ္ပဏီတွေက တစ်ခါစင်ကာပူမှာ၊ ဟောင်ကောင် မှာ ကိုယ်ပိုင်ကုမ္ပဏီတွေ သွားဖွင့်ရတယ်။ အဲဒီမှာတင် transistion cost တွေတက်လာရော။ကုမ္ပဏီအသေးတွေက မတတ်နိုင်တော့ဘူး။ LC ဖွင့်တာမှာလည်း ယူရိုနဲ့ဖွင့်တယ် ဒေါ်လာပြန်ပြောင်းတယ်။ ဒေါ်လာကနေ မြန်မာငွေပြန်ပြောင်းတယ်။ အဲဒီ မှာ အဆင့်ဆင့်ဖြစ်နေတော့ transitional cost က သုံးရာခိုင်နှုန်းလောက်ရှိသွားတယ်။ ဒီအထဲမှာ ငွေကြေး အတက်အကျကြောင့် ဆုံးရှုံးသွားတဲ့ ပမာဏမပါသေးဘူး။ ကုမ္ပဏီအသေးတွေ မလုပ်နိုင်ကြဘူး။ ကိုယ်ပိုင်ရောင်းနေတာကနေ ကုမ္ပဏီအကြီးကြီးတွေ ဆီကိုပဲ ပေးလိုက်ရတယ်။ အဲဒီမှာတင် လိမ်လည်မှုတွေ၊ အလွဲသုံးစားမှု တွေလာတော့တာပဲ။ ပြီးတော့အခု စင်ကာပူမှာဖြစ်တဲ့ ဟွန်ဒီကိစ္စဆိုရင်လည်း အယ်လ်စီဖွင့်မရလို့ ဟွန်ဒီကို အားကိုးရတာ။ နောက်ပိုင်း လိမ်လည် မှု ဖြစ်လာတာပဲ။ နောက်တစ်ခုက ပတ်ဝန်းကျင်ရေးရာတွေကိုပါ ထိခိုက်လာတယ်။ စားစရာမရှိ တောထဲသွား လိပ်ဖမ်း၊ သတ္တ၀ါတွေ ဖမ်းတန်ဖိုးရှိတဲ့ species တွေ ဆုံးရှုံးကုန်တယ်။ နောက်ဆုံး တောထဲမှာမရမှ မလေးတို့ ထိုင်းတို့ထွက်ကုန်ကြတာပါ။ ဒီတော့ sanctions ကပြည်သူတွေရဲ့ နေ့စဉ်ဘ၀တွေအပေါ်မှာ သက်ရောက်တဲ့အတွက် sanctions မရှိဘူးဆိုရင် ဒီဘ၀တွေ ကောင်းလာနိုင်တယ်။ သို့သော်လည်း တစ်ခုစဉ်းစားရမှာက sanctions သည် အပြောင်းအလဲ တစ်ခုအတွက် တွန်းအားလည်း ဖြစ်နေတယ်။ ဒီတွန်းအားတစ်ခုကလည်း လိုနေတဲ့ အနေအထားရှိတယ်။ ဒီအတွက် ဖြစ်လာခဲ့တာဆိုတော့ ကျန် ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အမေ့ခံအဆင့်နဲ့ရပ်မနေဘဲ လွတ်မြောက်လာဖို့၊ တိုင်းရင်သားကိစ္စတွေ မီဒီယာလွတ်လပ်ခွင့် ပီပီပြင်ပြင်ရဖို့ ကျောင်းသား သမဂ္ဂဖြစ်လာဖို့၊ စီတန်းလှည့်လည်ခွင့် ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ စတဲ့ ဒီမိုကရေစီ စံနှုန်းတွေရှိလာဖို့ လိုနေပါတယ်။ ဒါတွေဖြစ်လာရင် sanctions ဆိုတာ ရှိမှာတောင် မဟုတ်တော့ပါဘူး။ အခုဆိုရင် အရေးအရာကိစ္စတွေအပေါ် ဥပမာ မူဝါဒတစ်ရပ်ချမှတ်ပြီး လွှတ်တော်ရော၊ executive level မှာလုပ်နေတာတွေရှိပါတယ်။ ဒါပေမယ့် အပေါ်ကလုပ်နေပေမယ့် အောက်ခြေ မှာ အရင်ကရှိခဲ့တဲ့ ဗျူရိုကရေစီအတိုင်း သွားနေတယ်။ သူတို့ အကျိုးစီးပွားထိခိုက်မှာ စိုးရိမ်နေတာလည်း ရှိတယ်။ ဒါကြောင့်အောက်ခြေမှာလည်း လက်တွေ့ကျကျလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် နိုင်ငံရေး မှာ တိုးတက်ကောင်းမွန်တဲ့ မြင်သာတဲ့ အပြောင်းအလဲဖြစ်ရင် စီးပွားရေးအရ ဆန်ရှင်က အလိုလိုပါသွားမှာပါ”ဟု သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး ဖြစ်သူ Eco Dev မှ ဦးဝင်းမျိုးသူက သုံးသပ်ပြပါသည်။

အလားတူပင် ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ခဲ့သော အမေရိကန်ရီပတ်ပလီကင် အထက်လွတ်တော် အမတ်မက်ကော်နယ်၏ ပြောကြားချက်အရမူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား စစ်မှန်သော reformer တစ်ဦးအနေဖြင့် အပြည့်အ၀ ယုံကြည်ကြောင်း သမ္မတ နှင့်တွေ့ဆုံပြီးနောက်ပိုင်း သတင်းထောက်များအား ပြောကြားခဲ့သည် ဟုသိရှိရသည်။ အလားတူမြန်မာနိုင်ငံ အပေါ် ကန့်သတ်ထားသော စီးပွားရေးပိတ်ဆို့မှုများနှင့် ပတ်သက်လျှင်မူလာမည့် ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲအပြီးတွင် ဖြစ်လာနိုင်စရာ ရှိကြောင်းအရိပ်အမြွက် ပြောကြားသွားခဲ့သည်ဟု သိရှိရသည်။

ယင်းအနေဖြင့် စံသတ်မှတ်ချက် သုံးခုအား ချပြခဲ့ပြီး နံပါတ်တစ်အနေဖြင့် လာမည့်ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပသည့်အချိန်တွင် အပြည်ပြည်ဆိုင်ရာ လေ့လာ စောင့်ကြည့်သူများအားခွင့်ပြုပေး ရန်၊ တိုင်းရင်းသား လူမျိုးစုများနှင့် အပစ်အခတ်ရပ်စဲရန်နှင့် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးတို့အား ရပ်တန့်ရန်စသည့် စံသတ်မှတ်ချက် များအား ထည့်သွင်းပြောကြားသွားခဲ့ကြောင်းနှင့် ယင်းစံများနှင့် ညီညွတ်ပါက စီးပွားရေးပိတ်ဆို့မှုကို ပယ်ဖျက်ပေးနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အကြံဥာဏ်လည်း ရယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။

“ပြုပြင်ပြောင်းလဲမှုတွေကို ယုံကြည်စိတ်ချမှုမရှိသေးဘူးလို့ ဆိုသည့်တိုင်အောင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးဖို့ Sanctions ရုပ်သင့်နေပါပြီ။ စီးပွားရေးပြောင်းလဲမှုတွေ မလုပ်ဘူးဆိုရင် နိုင်ငံရေး အပြောင်းအလဲတွေက ခြေတုပ်ပြီးလဲသွားပါလိမ့်မယ်။ ခေါင်းဆောင်ပိုင်း က ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးလို့ ဘယ်လိုပဲပြောပြော၊ ဆင်းရဲတဲ့ပြည်သူတွေ ပညာမတတ်တဲ့ပြည်သူတွေ က အများစုဖြစ်နေရင် ဒီမိုကရေစီ နိုင်ငံဖြစ်မလာနိုင်ပါဘူး”ဟု Eleven Media Group ၏ CEOဒေါက်တာ သန်းထွဋ်အောင်က သုံးသပ်ပြော ကြားခဲ့ပါသည်။
http://www.weeklyeleven.com/index.php?option=com_content&view=article&id=12004:2012-01-22-05-05-58&catid=42:2009-11-10-07-36-59&Itemid=112

ကြံ့​ခိုင်​ရေး​ပါတီ စည်း​ရုံး​ရေး​တွင် နိုင်ငံ​တော်ပိုင်ပစ္စည်း​များ​ကို သုံး​စွဲ

Published on January 23, 201
လက်ရှိ အာဏာရ ပြည်​ထောင်စုကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​ပါတီဟာ ကြား​ဖြတ် ​ရွေး​ကောက်ပွဲအတွက် စည်း​ရုံး​ရေး​ခရီး​တွေမှာ နိုင်ငံ​တော်ပိုင်ပစ္စည်း​တွေကို သုံး​စွဲပြီး​တော့​ ​ငွေ​ကြေး​နဲ့​လည်း​ စည်း​ရုံး​တာ​တွေ ရှိတယ်လို့​ ​ကျောက်ပန်း​တောင်း​ ​ဒေသခံ​တွေက ​ပြောပါတယ်။
အာဏာရ ပြည်​ထောင်စုကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​ပါတီဟာ အခုရက်ပိုင်း​အတွင်း​မှာ ​ကျောက်ပန်း​တောင်း​မြို့​ကို ပါတီစည်း​ရုံး​ရေး​ ခရီး​စဉ်​တွေမှာ နိုင်ငံပိုင် အ​ဆောက်အဦ​တွေကို သုံး​စွဲခဲ့​တယ်လို့​ ဆိုပါတယ်။
မန္တ​လေး​ တိုင်း​ဒေသကြီး​ လွှတ်​တော်ကိုယ်စား​လှယ်​တွေ ဖြစ်ကြတဲ့​ ဦး​ဌေး​အောင်​ကျော်နဲ့​ ဦး​ရဲမြင့်​အောင်တို့​ဟာ ​ကျောက်ပန်း​တောင်း​မြို့​ မြို့​မကွက်သစ် အစိုး​ရပိုင် မူလတန်း​ကျောင်း​မှာ အစည်း​အ​ဝေး​ လုပ်​ဆောင်တာနဲ့​ ပတ်သက်ပြီး​တော့​ ​ဒေသခံ ကို​အေး​ခိုင်က ခုလို ​ပြောပါတယ်။
“ကြံ့​ခိုင်​ ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီက မဲဆွယ်စည်း​ရုံး​ဖို့​အတွက် ​ကျောက်ပန်း​တောင်း​မြို့​ကို ​ရောက်လာပြီး​တော့​ မြို့​မကွက်သစ်ရပ်ကွက်မှာ ရပ်ကွက်ဥက္ကဋ္ဌကို ​ခေါ်ပြီး​တော့​ လူ​တွေစုခိုင်း​ပါတယ်။ ​နေရာက​တော့​ မြို့​မကွက်သစ်မြို့​က မူလတန်း​ကျောင်း​ အစိုး​ရပိုင်​ကျောင်း​မှာ ကျင်း​ပကြပါတယ်။ စည်း​ရုံး​ရေး​လုပ်ပါတယ်။ ကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​ ပါတီအ​နေနဲ့​ အစိုး​ရပိုင် အ​ဆောက်အဦမှာ လုပ်ခွင့်​မရှိပါဘူး​။ ဘယ်ပါတီမဆို ​ရွေး​ကောက်ပွဲဥပ​ဒေအရ လုပ်ခွင့်​မရှိပါဘူး​။ လက်ရှိ အာဏာပိုင် အဖွဲ့​အစည်း​ကလူ​တွေကို အသုံး​ချပြီး​တော့​ စည်း​ရုံး​ရေး​ လှုပ်ရှား​နေတာပါ။”
ကြံ့​ခိုင်​ ရေး​ပါတီဟာ နိုင်ငံ​တော်ပိုင် အ​ဆောက်အဦ​တွေကို အသုံး​ပြု​နေသလို မဲဆွယ်စည်း​ရုံး​ရေး​တွေမှာ ​ငွေ​ကြေး​ ​ထောက်ပံ့​ပေး​မယ် ဆိုပြီး​ ​ကျေး​ရွာ​တွေမှာ ​ပြောဆိုတာ​တွေ ရှိတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။
မကြာခင် ကျင်း​ပ​တော့​မယ် စစ်ကိုင်း​တိုင်း​ဒေသကြီး​ ပုလဲမြို့​နယ် ပြည်သူ့​လွှတ်​တော် မဲဆန္ဒနယ်အတွက် ပြန်ကြား​ရေး​ဝန်ကြီး​ ဦး​ကျော်ဆန်း​နဲ့​ ကိုယ်စား​လှယ်​လောင်း​ ဦး​ဌေး​နိုင်ဟာ မဲဆွယ် စည်း​ရုံး​ရေး​တွေ လုပ်ခဲ့​တယ်လို့​ ​ဒေသခံ​တွေက ​ပြောကြပါတယ်။
အဲဒီခရီး​ စဉ်မှာ ပုလဲမြို့​နယ်က ​ကျေး​ရွာ​တွေ ရွာငယ်​တွေ အတွက်ဆိုရင် ကျပ် ၅ သိန်း​၊​ ရွာကြီး​တွေအတွက် ကျပ် ၁၀ သိန်း​ ​ထောက်ပံ့​မယ်လို့​ ကတိပြု ​ပြောပြီး​တော့​ ​ငွေမရရှိခဲ့​ဘဲ လက်ခံရရှိ​ကြောင်း​ကို ဓာတ်ပုံရိုက် မှတ်တမ်း​ယူတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်
http://burmese.dvb.no/

ဇာထိုးပန်းထိုးနှင့် ဆေးဆိုးပန်းရိုက် စက်ရုံတစ်ရုံတွင် ဖြစ်ပွားခဲ့သော မီးလောင်မှု

The Voice Weekly

ဇန်နဝါရီလ ၂၃ ရက်နေ့ (ယနေ့) နံနက် အစောပိုင်း ၂ နာရီ ၁၅ မိနစ်က မရမ်းကုန်းမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ ကုန်းမြင့်သာလမ်း၊ အမှတ် ၆ ရှိ ဇာထိုးပန်းထိုးနှင့် ဆေးဆိုးပန်းရိုက် စက်ရုံတစ်ရုံတွင် ဖြစ်ပွားခဲ့သော မီးလောင်မှု







အနှစ်၆၀ကြိုးစားလာတာမှတ်ပုံတင်ရရေးလား ......

KNU အဖွဲ့ဝင်များ မှတ်ပုံတင်ရရန် ဖေဖေါ်ဝါရီလကုန်တွင် ဆွေးနွေးမည်

ကိုဝိုင်း | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၃ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၀၆ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ဝင်များနှင့် KNU ထိန်းချုပ်နယ်မြေမှ ကရင်လူထု မှတ်ပုံတင်ရရှိရန် ဖေဖော်ဝါရီ တတိယပါတ်တွင် အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ထပ်မံတွေ့ဆုံ ဆွေးနွေးရဦးမည်ဟု KNU ဗဟိုကော်မတီဝင် စောဒေးဗစ်ထော က ပြောသည်။

ဇန်နဝါရီ ၁၂ ရက်နေ့ အပစ်ရပ် လက်မှတ်ထိုးသည့် ခရီးစဉ်အတွင်း သမ္မတ၏ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဝန်ကြီး ဦးခင်ရီနှင့် အလွတ်သဘော ဆွေးနွေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

“(သန်းခေါင်စာရင်း ကောက်မှုနှင့် စီစစ်ရေး လုပ်ငန်းများကို) ခရိုင် တပ်မဟာမှာ ရှိနေတဲ့ မြို့နယ်၊ ကျေးရွာအုပ်စုက ပုဂ္ဂိုလ်များက ဒီဟာကို တာဝန်ယူလုပ်သလို၊ တဘက်ကလည်း အစိုးရဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ စီစစ်သွားမယ့် သဘောရှိပါတယ်” ဟု စောဒေးဗစ်ထောက မဇ္ဈိမကို ပြောသည်။

KNU ဗဟိုကော်မတီ အစည်းအဝေးတွင် မှတ်ပုံတင်ကိစ္စ၊ တပ်တည်နေရာကိစ္စ၊ ဆက်သွယ်ရေး ရုံးကိစ္စများလည်း
ဆွေးနွေးကြရဦးမည် ဖြစ်သည်။

တိုင်းရင်းသားတန်းတူရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေသည်မှာ ၆၂ နှစ် ကျော် ကြာနေပြီဖြစ်ပြီး၊ မျိုးဆက် ၃ ဆက်ခန့် ရှိနေသဖြင့် KNU ခေါင်းဆောင်များတွင် မှတ်ပုံ တင်မရှိဘဲ ဖြစ်နေကြသည်။

မှတ်ပုံတင် ရလျှင် ပိုင်ဆိုင်မှုကို အထောက်အထားဖြင့် ပြနိုင်မည်ဖြစ်ပြီး မဲပေးခွင့်၊ ရွေးချယ်ခံပိုင်ခွင့်များ ရရှိလာမည်ဖြစ်၍ အကျိုးရှိသည်ဟု စောဒေးဗစ်ထောက ယူဆသည်။

နိုင်ငံသားဖြစ်မှုနှင့်ပတ်သက်၍ နိုင်ငံသားနှစ်ခု ခံစားပိုင်ခွင့် မရှိကြောင်း၊ နိုင်ငံသားဖြစ်ကြောင်း စီစစ်ရာတွင်လည်း ဘိုးဘွားစဉ်ဆက်ကို ပြန်လေ့လာပြီးမှ ဆုံးဖြတ်မှုများရှိကြောင်း ဦးခင်ရီက KNU ကိုယ်စားလှယ်များကို ရှင်းပြခဲ့သည်။

အလားတူ အပစ်ရပ်ထားစဉ် ကာလအတွင်း မှတ်ပုံတင်ပြုလုပ်ဖူးသည့် အခြားအဖွဲ့မှာ မွန်ပြည်သစ်ပါတီ NMSP
ဖြစ်သည်။

NMSP ကမူ ၁၉၉၅ ခုတွင် အပစ်ရပ်ခဲ့ပြီးနောက် ၈ နှစ်ခန့်အကြာမှ အဖွဲ့ဝင်များ မှတ်ပုံတင်ရယူရေး ဆောင်ရွက်ခဲ့ပြီး
ဖြစ်သည်ဟု အပစ်ရပ်စဲကာလကျမှ မှတ်ပုံတင်ရခဲ့သူ NMSP နိုင်ငံခြားရေးတာဝန်ခံ နိုင်ဟံသာဘွန်ခိုင်းက ပြောသည်။

“ကျနော်တို့ဘက်က အဲဒီအပစ်ရပ် ၁၅ နှစ်ကာလမှာ မွန်ပြည်သစ်ကတော့ မှတ်ပုံတင်ရတာ များတယ်လေ။ ရဲဘော်တွေ ထဲမှာ အနည်းအကျဉ်းပဲ ကျန်တယ်။ သူတို့ (အစိုးရ) လုပ်ပေးတယ်လေ” ဟု မဇ္ဈိမကို ပြောသည်။

ထိုစဉ်က မှတ်ပုံတင် လုပ်ရာတွင် တာဝန်ရှိသူ အထက်လူကြီးအများစုက မော်လမြိုင်တွင် သွားလုပ်ခဲ့ပြီး ကျန်သူများမှာ မိသားစုများ နေထိုင်သည့် မြို့နယ်အလိုက် ဆောင်ရွက်ကြသည်ဟု ပြောသည်။ သို့သော် နိုင်ငံသားစီစစ်ရေးကဒ်တွင် အထူးစီမံချက်ဖြင့် ထုတ်ပေးကြောင်း မှတ်ချက် ပါသည်ဟု ဆိုသည်။

မှတ်ပုံတင်ရရှိရန် ဘိုးဘွားစဉ်ဆက် အချက်လက်များ ဖြည့်စွက်ခဲ့ရသော်လည်း ပြည်တွင်းစစ်ကြောင့် အိုးအိမ်၊ မိသားစုဝင်များနှင့် ကွဲကွာနေသူ တချို့အဖွဲ့ဝင်များနှင့် လူထုအတွက်လည်း အထူးစီမံအနေဖြင့် ထုတ်ပေးသည်ဟု ဆိုသည်။

“ဒီလိုမှတ်ပုံတင်တခု ဖြစ်ဖို့ ပုံစံတွေ ဖြည့်ရတာရှိတယ်။ မျိုးဆက်အလိုက် မိသားစုဝင်တွေ အကြောင်း၊ တချို့ဆွေမျိုးက ဘယ်ရောက်နေမှန်းတောင် မသိတော့ဘူး။ ဘိုးဘွားနာမည် လိုက်ဖို့ကျတော့ ခက်သွားပြီ။ လိပ်စာတွေလည်း မရှိဘူး
လေ” ဟု နိုင်ဟံသာဘွန်ခိုင်းက ပြောသည်။
http://mizzimaburmese.com/news/inside-burma/8917-knu----.html

သီတဂူဆရာတော် အရှင် ဦးဥာဏိသရ ဦးရာဇတ်နေ့ အခမ်းအနားတက်ရောက်





“ဒီလိုကျေးဇူးရှိတဲ့သူကို ကျေးဇူးသိနေသမျှတိုင်းပြည်နဲ့လူမျိုးဘယ်တော့မှမကျဆုံးဘူး။အဲဒီလိုလူမျိုးတွေကို ကျေးဇူးမသိဘဲ ဘေးဖယ်လိုက်ရင်သာ နိုင်ငံကျဆုံးမယ်၊ ဒီလို ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုတဲ့ မွတ်စလင် ဘာသာဝင်များ အားလုံးကိုလည်း ချီးကျူးပါတယ်”

သီတဂူဆရာတော် အရှင် ဦးဥာဏိသရ မှ ဦးရာဇတ်နေ့ အခမ်းအနားတွင် မိန့်ကြားသွားခဲ့သောစကားများအနက် တစ်ခွန်း

















101 ဦးကျော်ဝင်းမောင် ၊ ဆရာ သိပ္ပံမှူးတင် ၊ ဦးတင်မြင့်(ဆရာကြီးဦးရာဇတ်သားကြီး)နှင့် ဦးတင်မြင့်၏ ဇနီး





















ဦးတင်မြင့်၏ ဇနီး ၊ ဧည့်သည်တော် တစ်ဦး ၊ ဆရာကြီး၏မြေး ၂ဦး








































မြို့မကျောင်းသားဟောင်းကြီးများ







































By: Khin Maung Htway facebook

အမေစုပြီးရင်နိုင်ငံရေးမှာအလေးစားဆုံးအမျိုးသမီးများ







ညဘက် ဈေးသည်များကို စည်ပင်နှင့် အာဏာပိုင်များက မတရား ဖမ်းဆီး




လသာမြို့နယ် အတွင်း လမ်းဘေး ဆိုင်ခန်းများ အတွက် ငွေပိုပေးရပြီး ညဘက် ဈေးသည်များကို စည်ပင်နှင့် အာဏာပိုင်များက မတရား ဖမ်းဆီး။

ရန်ကုန်တိုင်း လသာမြို့နယ် အတွင်း တရုတ် နှစ်သစ်ကူးတွင် ဈေးရောင်းချရန် ခွင့်ပေးထားသော လမ်းဘေး ဆိုင်ခန်းများ အတွက် မြေနေရာခကို သတ်မှတ် နှုန်းထားထက်ပို၍ စည်ပင်နှင့် အာဏာပိုင်များကို ပေးဆောင် နေရပါသည်။ ဒီ့အပြင် ညဘက် ဈေးရောင်းသော ဈေးသည်များကိုလည်း စည်ပင်နှင့် ရပ်ကွက် အာဏာရှိသူများက မတရား ဖမ်းဆီးကာ ပစ္စည်းများကို သိမ်းယူသည့် အပြင် ကိုယ်ထိ လက်ရောက် ကျူးလွန်မှုများလည်းရှိနေသည်ဟု သိရှိရပါသည်။

http://www.burmavjmedia.net/?p=4906

ကိုကိုကြီးပြောတဲ့ အကျဉ်းထောင်





on January 21, 2012 3:38 pm
မကြာခင်က အကျဉ်းထောင် အသီးသီးမှ ပြန်လည် လွတ်မြောက်လာသူများက ယခင် အကျဉ်းထောင်များ၏ အခြေအနေသည် အလွန်ဆိုးဝါးခဲ့ကြောင်း၊ နိုင်ငံတကာ ကြက်ခြေနီ အသင်းကြီး (ICRC) က အကျဉ်းထောင်များ အတွင်း ၀င်ရောက်လေ့လာခွင့် ရပြီးသည့် ၁၉၉၉ ခုနှစ် နောက်ပိုင်းမှ စ၍ ယခုအထိ သတင်းစာ ဂျာနယ်ဖတ်ရှု့ခွင့်များ ရလာပြီး တိုးတက်လာကြောင်း၊ အကျဉ်းထောင်များ၏ အခြေအနေတိုးတက်မှုသည့် သက်ဆိုင်ရာ အကျဉ်းဦးစီး အရာရှိများ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များ အပေါ်လည်း မူတည်ပြီး တိုးတက်မှုခြင်း မတူညီကြောင်း၊နားလည်မှုဖြင့်သာ ထောင်တွင်းဘ၀ ရှင်သန်ဖြတ်သန်းကြရပြီး ခိုင်မာသည့် ဥပဒေတရပ် မရှိသေးကြောင်း၊ နိုင်ငံရေး အကျဉ်းသား ဟူ၍လည်း ယခုအထိ အသိအမှတ်ပြုခြင်း မရှိသေးကြောင်း ပြောဆိုကြသည်။


ကိုကိုကြီး
မြန်မာနိုင်ငံ၏ ဝေးလံခေါင်ဖျားဒေသတခု ဖြစ်သော ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ် အကျဉ်းထောင်မှ နေ၍ ဇန်နဝါရီ ၁၂ ရက်နေ့ သမ္မတ၏ လွတ်ငြိမ်းချမ်းသာအမိန့်ဖြင့် ပြန်လည်လွတ်မြောက် လာသော ၈၈ မျိုးဆက် ကျာင်းသားခေါင်းဆောင် ကိုကိုကြီးအား အကျဉ်းထောင်များ၏ အခြေအနေ ပြောင်းလဲလာမှုနှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် လင်းသန့်က ဆက်သွယ် မေးမြန်းထားပါသည်။ ကိုကိုကြီးသည် ၂၀၀၇ ခုနှစ်က လောင်စာဆီ ဈေးနှုန်း ကျဆင်းရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေးတို့အတွက် ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒဖော်ထုတ်ရင်း တခြား သော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များနှင့်အတူ ဖမ်းဆီးခံရကာ ထောင်ဒဏ် ၆၅ နှစ် ၆ လ ချမှတ်ခံခဲ့ရပြီး အင်းစိန်၊ မအူပင်၊ ကျိုင်းတုံ၊ မိုင်းဆတ် စသည့် အကျဉ်းထောင်တို့တွင် နေခဲ့ရသူဖြစ်သည်။ ယခင် စစ်အစိုးရများ လက်ထက် နိုင်ငံရေးအကျဉ်းသား အဖြစ် ၁၅ နှစ်ကျော် ကျခံခဲ့ရမှုများ အပါအဝင် ကိုကိုကြီးသည် အကျဉ်းထောင်များထဲတွင် အနှစ် ၂၀ ခန့်နေခဲ့ဖူးသူဖြစ်သည်။
မေး။။ အကျဉ်းထောင်ထဲမှာ နေလာခဲ့ရတဲ့ အတွေ့အကြုံတွေအရ အခု ပြန်လွတ်လာချိန်မှာ အကျဉ်းထောင် တွေရဲ့ အဖက်ဖက်က ပြောင်းလဲမှုတွေကို ကိုကိုကြီး အနေနဲ့ ပြောပြပေးပါ။
ဖြေ။ ။ ကျနော်တို့ ပထမ တခေါက် ထောင်ကျတဲ့အခြေအနေကတော့ တော်တော့်ကိုဆိုးတယ်။ ဆိုးတယ် ဆိုတာက ကိုယ်ထိလက်ရောက် ရိုက်နှက်ညှဉ်းပန်းတဲ့ ပြစ်ဒဏ်မျိုးပေးတာ၊ စစ်ခွေးတိုက် ပို့တာမျိုးတွေက အစ နောက်ဆုံး စာအုပ် စာတမ်း ဖတ်ရှု့ခွင့် မရှိလို့ စာရွက်အတိုအစ လေးတွေ မိတာမျိုးတွေကိုပဲ ကြီးလေးတဲ့ ပြစ်ဒဏ်တွေပေးတာ မျိုးတွေ ခံခဲ့ကြရတယ်။ ဒီဘက် ICRC ၀င်လာပြီးနောက်ပိုင်း အကျဉ်းထောင်တွေရဲ့ အခြေအနေကတော့ တဖြည်းဖြည်းချင်း တိုးတက်လာပါတယ်။ အရင်က တမံသလင်းပေါ်မှာ ကျနော်ဆိုရင် ၉ နှစ်လောက် အိပ်ခဲ့ရတာ။ နောက်ပိုင်း ICRC ၀င်ပြီးချိန်မှာ ကွတ်ပျစ်နဲ့ အိပ်လာရတာတို့၊ တဖြည်းဖြည်း ထောင်အလိုက် ရေလောင်းအိမ်သာ ဖြစ်လာတာတို့၊ စာအုပ်စာတမ်း၊ သတင်းစာ၊ ဂျာနယ် ဖတ်ရှုခွင့် ရလာတာတို့ စသဖြင့် ဒါတွေက တိုးတက်တဲ့ အခြေအနေ တွေလို့ ပြောရမှာပါ။
မေး။ ။ တိုးတက်လာတဲ့ အခြေအနေတွေ ရှိသလို မတိုးတက်တာတွေလည်း ရှိရင် သိချင်ပါတယ်။
ဖြေ။ ။ အကျဉ်းထောင် အခြေအနေ ရုပ်ပိုင်းဆိုင်ရာ ဆိုးရွားတဲ့အချိန်မှာတုန်းက တခြားအကျဉ်းသားများ နည်းတူ လျှော့ရက် (ကွာ) ခံစားခွင့်တွေ နိုင်ငံရေးအကျဉ်းသား ရခဲ့ပါတယ်။ ဒီဘက် ပြောင်းလဲလာပြီးကျတော့ ကျနော့်တို့ ၉၇ (၁၉၉၇ ခုနှစ်) က စပြီးတော့ လျှော့ရက် (ကွာ) တွေကို နိုင်ငံရေးအကျဉ်းသားတွေကို မပေးတော့ဘူး။ အဲဒါကို ဖြတ်တဲ့ ကိစ္စဟာ တော်တော့်ကို ဆိုးပါတယ်။ ကျနော်တို့ ထောင်မှာ ယေဘုယျအားဖြင့် ၃ ပုံ ၁ ပုံ လျှော့ရက် ခံစားခွင့် ရတယ် ဆိုပြီး တွက်လို့ရပါတယ်။ အဲဒီတော့ ၁၀ နှစ် ထောင်ကျတဲ့ နိုင်ငံရေးအကျဉ်းသားက ပြောရရင် ၆ နှစ် ၈ လ ဆိုရင် ဒါ လွတ်တယ်ပေါ့လေ။ တကယ်လို့် အဲဒီလျှော့ရက် (ကွာ) ခံစားခွင့်ကို မပေးတော့ဘူး ဆိုရင် ၁၀ နှစ် အပြည့် နေရတယ်။
သဘောက ထောင်ဒဏ် ၁၅ နှစ် ကျတဲ့သူက ၃ ပုံ ၁ ပုံ လျှော့ရက် ခံစားခွင့်ပေးရင် ၁၀ နှစ် နေရတယ်။ တရားရုံးက ၁၀ နှစ် ချလိုက်တဲ့ အပြစ်ဒဏ်ကို အကျဉ်းဦးစီးက တရားရုံး ခွင့်ပြုချက် မပါဘဲနဲ့ တရားမ၀င် နောက်ထပ် ၅ နှစ် ထပ်ချလိုက်တဲ့ သဘော၊ ပေါင်း ၁၅ နှစ် ထောင်ကျ ခံရတဲ့ သဘော ဖြစ်နေတယ်။ အဲဒီတော့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ထောင်အာဏာပိုင်လည်း ဆက်ဆံရေး အဖုအထစ်ဖြစ်တယ်၊ တဘက်က နိုင်ငံရေးအကျဉ်းသား မရှိဘူး ပြောနေပေမယ့် ထောင်လက်စွဲ ဥပဒေပါ ခံစားခွင့်တွေကို သက်သက် ဖြတ်တောက်ခံရတယ်၊ ဒါဟာ အဆိုးဆုံး အချက်ပါဘဲ။
နောက်တခုက ဒီဘက်ခေတ် အကျဉ်းထောင်တွေရဲ့ အခြေအနေ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို ကျနော်တို့က အသိအမှတ်ပြု ပြောနေဆဲမှာ အကျဉ်းသားရဲ့ ခံစားပိုင်ခွင့်နဲ့ ပတ်သက်ပြီး ထောင်တွင်းပြစ်မှုမရှိဘဲ ဖြတ်တောက်တာ၊ ဒါ အဆိုးဆုံး အခြေ အနေပါ။ နောက်တခုကတော့ ကျနော်တို့ ဒီတခေါက်ကျတော့မှ နယ်စွန်နယ်ဖျား ရပ်ဝေး ထောင်တွေ အသီးသီးကို ပို့တဲ့ ကိစ္စ၊ အဲဒါက မိသားစု ဆက်သွယ်နိုင်တဲ့ အခြေအနေ၊ ထောင်ဝင်စာ မတွေ့နိုင်တဲ့ အခြေအနေ မရှိအောင်ကို တမင် ဖန်တီးလိုက်သလိုဖြစ်သွားပါတယ်။

အကျဉ်းထောင်တွင်ကျွေးသည့် ဟင်းတခွက်
အကျဉ်းထောင်တွင်ကျွေးသည့် ဟင်းတခွက် ၁၄ ရက် တကြိမ် ထောင်ဝင်စာဟာ သူ့ရဲ့ စားဝတ်နေရေး ဖြေရှင်းမှု တခုတည်း သာမကဘဲနဲ့ စိတ်ထွက်ပေါက်လည်းဖြစ်ပါတယ်။ မိသားစုနဲ့တွေ့ဆုံနေရတယ်၊ တွေ့ခွင့်ရတယ်၊ ထောင်ဝင်စာ ထွက်တွေ့ရတယ် ဆိုတာဟာ သူ့အနေနဲ့ ၁၄ ရက်ကြာ ကာလ ပတ်လုံး မွမ်းကျပ်နေတာတွေဟာ တချက်တချက်မှာ သူ့အနေနဲ့ ထွက် ပေါက်အနေနဲ့ ရတယ်။ ဥပမာ ကျနော် ဆိုရင် မိုင်းဆတ်မှာ ၃ နှစ်ကျော်ကျော် နေလိုက်ရတာပါ။ ကျနော့်မိသားစုက ထောင်ဝင်စာ ၃ ခေါက်ပဲ လာနိုင်တယ်။ ဒါတောင်မှ ကျနော့်လိုမဟုတ်ဘဲ လုံးဝ မလာနိုင်တဲ့သူတွေလည်း ရှိတယ်။ အဲဒီတော့ ဒီအခြေအနေတွေဟာ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ၊ ထောင်ကျအကျဉ်းသား တယောက်ကို စိတ်ပိုင်းဆိုင်ရာအရ ညှဉ်းပမ်း နှိပ်စက်တဲ့သဘော၊ ဒါဟာ ဒီဘက်ခေတ်မှာ အကျဉ်းထောင် အခြေအနေတွေ၊ ခုနက ရုပ်ပိုင်းဆိုင်ရာ တိုးတက်နေတဲ့ တချိန်တည်းမှာပဲ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပမ်းနှိပ်စက်တဲ့သဘောတွေ ရှိတယ်။ ပြီးတော့ ဒီဟာတွေဟာလည်း ထောင်တွင်း ပြစ်မှု ကျူးလွန်ခြင်း မရှိဘဲနဲ့ ထောင်ဝင်စာ မလာနိုင်အောင်၊ ထောင်ဝင်စာ ပိတ်တဲ့ ပြစ်ဒဏ်သဘော ဖြစ်နေတယ်။ လျှော့ရက် (ကွာ) ဖြတ်တဲ့ သဘောလဲ ရှိနေတယ်။ အဲဒီလို ခံစားခဲ့ရပါတယ်။
မေး။ ။ ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ထောင်ကျမဟုတ်တဲ့ သာမန်ပြည်သူလူထုမှာတောင်မှ စရိတ်မျှပေး ကျန်းမာရေးဆိုပြီးတော့ စားရိတ် အကုန် ပေးနေရတဲ့အချိန်မှာ အကျဉ်းကျနေရတဲ့ အကျဉ်းသား တယောက်အနေနဲ့ကတော့ ပိုဆိုးတာပေါ့ဗျာ။ အထူးသဖြင့် နယ်စွန်နယ်ဖျား မြို့ငယ်လေးတွေမှာ ဆိုတာက မြို့ခံပြည်သူလူထုတောင်မှ ကျန်းမာရေး စောင့်ရှောက်မှု ပြည့်ပြည့်၀၀ မရှိပါဘူး။ ဥပမာအားဖြင့် X’ ray စက်လိုမျိုး၊ တခြား မျက်စေ့တို့၊ သွားတို့ ဆရာဝန်မျိုးဆိုတာက မရှိကြဘူး။ အဲဒီတော့ ထောင်လို နေရာမျိုးမှာကတော့ များသောအားဖြင့် ထောင်ဆရာဝန်တောင် မရှိဘူး။ ဆေးမှူးအဆင့်ပဲ ရှိတာဆိုတော့ ကျန်းမာရေး စောင့်ရှောက်မှုက အဆင့်မမီဘူး။ သာမန်ရာသီအလိုက်ဖြစ်တဲ့ ဖျားနာတာလောက်က ဆေး ဆောင်ထားလို့ရတယ်။ တကယ့်ပြင်းပြင်းထန်ထန်ဖြစ်တဲ့ ရောဂါမျိုးဆိုရင်တော့ ဆေးကုသဖို့ အခက်အခဲက တော်တော့်ကို ကြီးပါတယ်။
မေး။ ။ အကျဉ်းထောင်ထဲက အကျဉ်းသားတိုင်းရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်ကို ဘာပြောချင်ပါသလဲ။
ဖြေ။ ။ နံပါတ် ၁ အချက်က နိုင်ငံရေးအကျဉ်းသားတွေဟာ သူတို့ရဲ့ နိုင်ငံရေး ဆောင်ရွက်မှုကြောင့် ပြစ်ဒဏ်ကျ မခံသင့်ဘဲနဲ့ ခံနေကြရတဲ့ သူတွေဖြစ်တယ်။ အဲဒီကြားထဲမှာမှ အပြင်မှာ သူ့မိသားစုနဲ့ သူ့ရဲ့ကျန်းမာရေးကို လွတ်လွတ်လပ်လပ် ကာကွယ်ထိမ်းသိမ်းစောင့်ရှောက် ကုသနိုင်တဲ့ အခွင့်အလမ်းကို ဆုံးရှုံးပြီးတော့ အထဲမှာ ခုနပြောတဲ့ ချို့ချို့တဲ့တဲ့ နေရတဲ့ အခြေအနေဟာ တော်တော့်ကို မဖြစ်သင့်တဲ့ အခြေအနေပါ။ နိုင်ငံတော် အနေနဲ့ ဖိဖိစီးစီး တာဝန်ယူပေးသင့်တဲ့ အခြေအနေလို့ မြင်ပါတယ်။
မေး။ ။ အကျဉ်းထောင်တွေရဲ့ အခြေအနေ တခုလုံးခြုံမိအောင် ကျန်းမာရေးကအစ အုပ်ချုပ်ရေး၊ ဆက်ဆံရေးတွေ အထိကောင်းဖို့ ဘယ်အရာတွေပေါ်မှာ မူတည်မလဲ။
ဖြေ။ ။ ကျနော်တို့ဆီမှာတော့ ထောင် ၁ ထောင်နဲ့ တထောင်ဟာ တပြေးညီ အုပ်ချုပ်တဲ့ အခြေအနေမျိုး မဟုတ် ပါဘူး။ သက်ဆိုင်ရာနယ်မြေ ဒေသခံ၊ နောက်တခါ ထောင်နဲ့ ချိတ်ဆက် ဆောင်ရွက်နေတဲ့ SB ရဲသတင်းတပ်ဖွဲ့ စသဖြင့် တွေပေါ်လည်း မူတည်တယ်။ ဥပမာ နိုင်ငံရေးအကျဉ်းသားကို ထောင်အပြင်ကို လိုအပ်လို့ ထုတ်မယ်ဆိုရင် တောင်မှ ဒေသခံ လူ ပုဂ္ဂိုလ်တွေ၊ အာဏာပိုင်တွေရဲ့ သဘောထားနဲ့လည်း အများကြီး ပတ်သက်ပါတယ်။ သူတို့က တကယ့်ကို အလေး အနက်ထားပြီးတော့ ဆောင်ရွက်ရင် ဆောင်ရွက်သလောက် ဆေးဝါးကုသမှုကအစ ကောင်းပြီး တော့ ဒီလူပုဂ္ဂိုလ်တွေက စိတ်မပါဘဲ စိတ်မ၀င်စားတဲ့အခါမျိုး၊ ပြီးစလွယ်လုပ်တဲ့ အခါမျိုးမှာဆိုရင်တော့ ပိုဆိုးပါတယ်။ ဆိုလိုတာက ဥပဒေ တရပ် အခိုင်အမာ ပြဌာန်းထားခြင်း မရှိတာပါဘဲ။ ဥပဒေဆိုတာမှာ ဘယ်ဟာက လိုက်နာရမယ့် တာဝန်၊ ဘယ်ဟာက ရပိုင်ခွင့်စသဖြင့် နိုင်ငံရေးအကျဉ်းသားကို အသိအမှတ်ပြုတဲ့ ဥပဒေ တရပ်တကယ့်ကိုလိုအပ်နေ တယ်။
 http://burma.irrawaddy.org/archives/5136

စာပေစိစစ်ရေး ပြန်လည်တင်းကျပ်

ဧရာဝတီ on January 23, 2012 1:46 pm

ပြည်တွင်း သတင်းဂျာနယ်အများစုက သတင်း လွတ်လပ်ခွင့် တဖြည်းဖြည်းရရှိလာသည်ဟု ထင်မှတ်နေသော်လည်း စာပေ စိစစ်ရေးက တချို့သော သတင်းများကို လုံးဝမထည့်ရန် တားမြစ်ပြီး တချို့သတင်းများအား ဖြုတ်ပယ်နေဆဲ ဖြစ်ကြောင်း သိရသည်။

ရွှေည၀ါဆရာတော် ကျောင်းတိုက်မှ ဖယ်ရှားခံရသည့် သတင်းကို လုံးဝ ဖော်ပြခြင်းမပြုရန် စာပေစိစစ်ရေးက သတိပေး တားမြစ်လိုက်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ သတင်းစာ ရှင်းလင်းပွဲသတင်းကိုလည်း အကန့်အသတ် များဖြင့်သာ ဖော်ပြခွင့် ပြုကြောင်း သတင်းဂျာနယ် အသိုင်းအဝန်းက ဆိုသည်။

ဂျာနယ် လက်ပွေ့အရောင်းသမား တဦး (ဓာတ်ပုံ - Getty Images)

ယခုအခါ စာပေစိစစ်ရေးက နိုင်ငံရေးနှင့် ပတ်သက်သော သတင်းအများစုကို ဖြုတ်ပယ်ရမည် ဆိုသည့် သတိပေးမှုများ ပြုလုပ်လာကြောင်း၊ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့က ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် ရွှေည၀ါဆရာတော်ကို ခေါ်ယူ တွေ့ဆုံပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နောက်ဆုံးထားကာ သာဓုကျောင်းတိုက်မှ ဖယ်ရှားပေးရန် အရေးယူလိုက်သော သတင်းကို ဂျာနယ်များတွင် လုံးဝ ဖော်ပြခွင့်မပြုကြောင်း စာပေစိစစ်ရေး၏ ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေက သတိပေးခဲ့သည်။

“ရွှေည၀ါဆရာတော် သတင်းကို စာပေစိစစ်ရေးကို မူကြမ်း တင်ပြသည်ဖြစ်စေ၊ မတင်ဘဲ ဖြစ်စေ ဘယ်လိုနည်းနဲ့မှ ထုတ်ဝေ ရိုက်နှိပ်တာမျိုး မလုပ်နဲ့ ဆိုပြီး ဗိုလ်မှူးတင့်ဆွေက ဂျာနယ်တိုင်း လိုလိုကို ပြောတာ။ တကယ်လို့များ သူတို့သတိပေးတာကို မလိုက်နာဘဲ သတင်းဖော်ပြလိုက်ရင် ဘာလုပ်မယ်လို့ မပြောပေမယ့် ပြင်းပြင်းထန်ထန် အရေးယူမယ့်ပုံရှိတော့ ဂျာနယ်တွေ အားလုံး အဲဒီ သတင်းကို လက်ရှောင်လိုက်ရတယ်။ ဒါက အတော်ကို ထူးခြားပါတယ်။ စာပေ စိစစ်ရေးက သဘောထား ပျော့ပြောင်း နေခဲ့ရာကနေ ချက်ချင်းဆိုသလို တင်းမာတဲ့ ပုံစံတွေ ပြန်တွေ့လာရတယ်။ ဒါကလည်း အထက်ကလာတဲ့ အမိန့်လို့ ထင်တယ်” ဟု သတင်းဂျာနယ်တစောင်မှ တာဝန်ခံ အယ်ဒီတာတဦးက ပြောသည်။

အလားတူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၏ ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် တော်ဝင်စင်တာ၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲကို စာပေစိစစ်ရေးက ဖြုတ်ပယ်ကန့်သတ်မှုများစွာ ပြုလုပ်ပြီးမှသာ ဂျာနယ်များတွင် ဖော်ပြခွင့် ပြုကြောင်း သိရသည်။

“၈၈ မျိုးဆက်တွေရဲ့ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်၊ အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲမယ်ဆိုတဲ့ သဘောထား ကြေညာချက်ကိုပဲ ဖော်ပြခွင့်ပြုတယ်။ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရမယ်၊ နိုင်ငံရေး အကျဉ်းသားတွေဆိုတာ ရှိတယ်၊ ခွပ်ဒေါင်း အလံကို ပြန်လွှင့်မယ် စတဲ့ သူတို့ အသေးစိတ် ပြောဆိုလိုက်တာတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး မရတာဟာ အစိုးရဘက်က စေတနာမပါ၊ မရိုးသားလို့ဆိုတဲ့ ပြောဆိုချက်တွေကို စာပေစိစစ်ရေးက ဖြုတ်တယ်၊ ဖော်ပြခွင့် မပေးဘူး” ဟု ဂျာနယ် အယ်ဒီတာတဦးက ဆိုသည်။

ယခုအခြေအနေတွင် စာပေနှင့် သတင်းလွတ်လပ်ခွင့် ရရှိလာပြီဟု နိုင်ငံတကာအသိုင်းအ၀န်းနှင့် ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုများက ယူဆနေကြသော်လည်း လက်တွေ့တွင်မူ စာပေစိစစ်ရေး၏ တင်းကျပ်သော မူဝါဒများ
ပြန်လည်ကျင့်သုံးလာခြင်းကို သတင်းဂျာနယ်အများစုရင်ဆိုင်နေရကြောင်း ပြည်တွင်း သတင်းသမားများက ဆိုသည်။

“အားလုံးက လွတ်လွတ်လပ်လပ်လုပ်လို့ရပြီလို့ ထင်နေကြတယ်။ အဲဒါ တကယ်တော့ မဟုတ်ပါဘူး။ တင်းကျပ်မှုတွေ အရမ်းများလာတယ်။ အခြေအနေတွေက အရင်အခြေအနေကို ပြန်လည် ဦးတည်နေသလိုကြီး ဖြစ်နေတယ်။
နိုင်ငံရေး လှုပ်ရှားမှုသတင်းတိုင်း၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့သတင်းတိုင်း ဂျာနယ်မှာ ပြည့်ပြည့်စုံစုံ မဖော်ပြနိုင်ဘူး” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)က ပြုလုပ်နေသည့် တရားမ၀င် မဲဆွယ်သော နည်းလမ်းများနှင့် စပ်လျဉ်းသော သတင်းများကိုလည်း စာပေစိစစ်ရေးက သတင်း ဂျာနယ်များတွင် ဖော်ပြခွင့်မပြုဘဲ ပိတ်ပင်နေကြောင်း သတင်းရရှိသည်။

“မရမ်းကုန်းမှာ ဂရန်ချပေးမယ်ဆိုပြီး ကြံ့ဖွံ့ပါတီက စည်းရုံးတယ်၊ ကော့မှူးမှာ ငွေထုတ်ချေးပြီး မဲထည့်ရမယ် ဆိုတာမျိုး စည်းရုံးတယ်၊ မီးလင်းအောင်လုပ်ပေးမယ် မဲထည့်ဆိုပြီး စည်းရုံးတယ်။ ဒီသတင်းတွေကို သတင်းဂျာနယ်တွေက ရကြပါတယ်။ ထည့်ဖို့ စာပေစိစစ်ရေးတင်ပါတယ်။ မရပါဘူး။ စာပေစိစစ်ရေးက ခွင့်မပြုဘူး။ အဲဒီတော့ သတင်းလွတ်လပ်ခွင့် မရှိဘဲ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲက သန့်ရှင်းမျှတပါမယ်လို့ ဘယ်လိုလုပ် ပြောမလဲ” ဟု စာနယ်ဇင်း သမားတဦးက ပြောသည်။

ထို့အပြင် အစိုးရအရာရှိများ၏ လာဘ်ပေးလာဘ်ယူ သတင်းများ၊ အုပ်ချုပ်ရေး အရာရှိတချို့ မမှန်မကန် လုပ်ဆောင်၍ တိုင်ကြားခံရသည့် သတင်းများအပါအ၀င် အုပ်ချုပ်ရေး ယန္တရား၏ လုပ်ဆောင်ချက် မမှန်ကန်မှု တချို့ကို စုံစမ်း ဖော်ထုတ်ထားသော သတင်းများ၊ စစ်ဘက်ဆိုင်ရာ ရာထူးအပြောင်းအရွှေ့ သတင်းများကိုလည်း ဖော်ပြခွင့် မရဘဲ
စာပေစိစစ်ရေး၏ ပိတ်ပင်တားဆီးမှု ခံနေရသည်ဟု သိရသည်။

ဇန်နဝါရီ ၁၃ ရက်နေ့က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ လွတ်မြောက်လာသည့် သတင်းကိုမူ ဓာတ်ပုံများ ဝေဝေဆာဆာဖြင့် ဂျာနယ်များက စိစစ်ရေးမတင်ဘဲ ဖော်ပြခဲ့ကြသော်လည်း မည်သည့် အရေးယူမှု တစုံတရာမျှ မရှိသေးကြောင်း၊ စာပေစိစစ်ရေး၏ မူဝါဒမှာ နားလည်ရခက်ခဲလှကြောင်း သတင်းဂျာနယ်အသိုင်းအဝန်းက ပြောဆို နေကြသည်။
http://burma.irrawaddy.org/archives/5171

ဒေါ်အောင်ဆန်းစုကြည် မှ ကချင် စစ်ပြေးဒုက္ခသည်များ ဆီသို့ .....


by အဂ္ဂမဟာ ဒီမိုဖက်တီး on Monday, January 23, 2012 at 6:30am
အခု ကျွန်မအနေနဲ ကချင်ဒုက္ခသည်တွေ အထူးသဖြင့် ဒီဒုက္ခသည်တွေထဲက အမျိုးသမီးတွေနဲ့ကလေးတွေကို
ဦးတည်ပြီးတော့ ကျွန်မ ပြောချင်ပါတယ်။အခု အချိန်မှာ ဆိုလို့ရှိရင် ကချင်ပြည်နယ်မှာ မငြိမ်မသက်မှုတွေကြောင့်
မို့လို့ ငြိမ်းချမ်းရေး မရှိတာ ကြောင့်မို့လို့ ဒုက္ခသည် အများအပြားဟာ ကိုယ့် အိုးအိမ်ကို စွန့်လွှတ်ပြီးတော့ ထွက်ပြေး
နေရတယ်ဆိုတာကျွန်မတို့ကြားပါတယ်။ဒီလိုပြေးနေရလို့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(ဗဟို)က သိန်းသုံးရာ၊ပြည်နယ်ကနေပြီးတော့ (၁၃)သိန်းထောက်ပံ့ခဲ့ ပါ တယ်။ဒါပေမယ့်လည်း ဒါဟာ လိုအပ်တာ
ထက် စာလို့ရှိရင် အင်မတန်မှ နည်းတဲ့ ထောက်ပံ့မှုမျိုးဆိုတာ ကျွန်မတို့ နားလည်ပါတယ်။

အဲ့ဒါ ကြောင့်မို့လည်း ကျွန်မတို့ ထပ်ပြီးတော့ ကြိုးစားပြီးတော့ ၀ိုင်းဝန်းပြီးတော့ ကူညီပါ့မယ်။ အခုအချိန်မှာ ကျွန်မ
အဓိကပြောချင်တဲ့ စကား ကတော့ မျှော်လင့်ချက်ကိုလက်မလွှတ်ပါနဲ့။ကျွန်မတို့ နိုင်ငံဟာ တစ်ချိန်တစ်ခါမှာ
အင်မတန်မှ ငြိမ်းချမ်းပြီးတော့ ညီညွှတ်တဲ့ ပြည်ထောင်စုတစ်ခုဖြစ်ဖို့ ကျွန်မတို့ အားလုံးကြိုးစားနေပါတယ်။အဲ့ဒီတစ်ချိန်
တစ်ခါကလည်း ဟိုး … အဝေးကြီးမှာလို့ ကျွန်မတို့ ဒီလို မမြင်ပါဘူး။အတက်နိုင်ဆုံးအမြန်ဆုံးဖြစ်အောင်လုပ်ပါမယ်။

ဒီကြားထဲမှာ ကျွန်မတို့ရဲ့ ဒုက္ခသည်များ အထူးသ ဖြင့် အမျိုးသမီးတွေနဲ့ကလေးတွေကို စာနာတယ်လို့
ကျွန်မပြောတာကို အမျိုးသားတွေက စိတ်မဆိုးကောင်းပါဘူးနော်။အဲ့ဒီ တော့ ကျွန်မတို့ အမျိုးသမီးတွေ
နဲ့ ကလေးတွေဟာ ဒီလိုအေးတဲ့ ရာသီမှာ ကိုယ့်အိမ်မှာ နွေးနွေးထွေးထွေးမနေနိုင်ပဲနဲ့ လမ်း ဘေး ကိုယ့်အိမ်
မဟုတ်တဲ့နေရာတွေမှာဖြစ်သလိုနေနေရတယ်ဆိုတာ ကျွန်မတို့ အများကြီးစာနာတာ သိစေချင်ပါတယ်။

ကျွန်မတို့ဟာ ရန်ကုန်မှာနေပြီးတော့ အေးအေးချမ်းချမ်း လုံလုံခြုံခြုံနဲ့ နေရတယ်ဆိုပေမယ့် ကျွန်မတို့ နိုင်ငံက
ပြည်သူ ပြည်သားတွေ အားလုံး မလုံခြုံ သရွေ့ တကယ်တော့ ကျွန်မတို့လည်း မလုံခြုံပါဘူး။လုံခြုံမှုဆိုတာ
ခွဲခြားလို့ မရပါဘူး။ တစ်တိုင်းပြည်လုံး လုံခြုံမှာ ပြည်သူလူထု တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ လုံခြုံမှုကို
လည်း စိတ်ချရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မတို့ ဒီအချိန်မှာ ကချင်ပြည်နယ်က ဒုက္ခသည်တွေကို ကြိုးစားပြီးတော့ ထပ်မံပြီးတော့ ကျွန်မတို့
ကူညီ ထောက်ပံ့ပါ့မယ်။ကျွန်မတို့ရဲ့ ကူညီထောက်ပံ့မှုတွေ မလုံလောက်တာကိုလည်း ကျွန်မတို့ကိုခွင့်လွှတ်ပါလို့
ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မတို့လည်း ရှိတဲ့ ရန်ပုံငွေတွေနဲ့ စုဆောင်းပြီးတော့လုပ်ရတာပါ။

ဒီလို လိုချင်သလောက် ကျွန်မတို့ လုပ်ပေးချင်သလောက် မလုပ်ပေးနိုင်ပေမယ့်လည်း ကျွန်မတို့ရဲ့ မေတ္တာတွေ
က အတိုင်းအဆမရှိဖြစ်ပါတယ်လို့ ပြောချင် ပါတယ်။မေတ္တာရော ကရုဏာရော စာနာမှုရော အထူးသဖြင့် ကျွန်မ
တို့ ပြည်ထောင်စုကြီးဟာ တစ်နေ့တစ်ချိန်တစ်ခါမှာ အားလုံး လုံခြုံနိုင်မယ့် ပြည်ထောင်စုကြီးဖြစ်ဖို့ကို ကျွန်မတို့
တကယ်ပဲ အသည်းထဲ နှလုံးထဲကနေပြီးတော့ ဆုတောင်းလျက် ရှိပါတယ်။

ခုဒုက္ခသည်တွေထဲမှာလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ရှိပါလိမ့်မယ်။ဘာလူမျိုးပဲဖြစ်ဖြစ် ဘယ်ဘာသာပဲ ကိုးကွယ်
ကိုးကွယ် ဒါတစ်မြေထဲနေ တစ်ရေထဲသောက် တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေမို့လို့ အားလုံးဟာ ကျန်းမာ
ချမ်းသာစွာနဲ့ မိမိတို့နေအိမ်ကိုပြန်နိုင်ပါစေလို့ ကျွန်မ အခုဆုတောင်းမေတ္တာပို့လိုက်ပါတယ်။


ထောင်ကျခံမယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ပြော




2012-01-23
ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်၊ အင်းစိန်ထောင်ထဲကို တရားမ၀င် သွင်းဖို့ ကြိုးစားတယ် ဆိုပြီး စွဲချက်တင်ထားတဲ့ အမှု အတွက် ငွေဒဏ် ချမှတ်မယ် ဆိုရင်တောင် မိမိအနေနဲ့ ထောင်ဒဏ်ကျခံဖို့ ဆုံးဖြတ်တယ်လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က အာအက်ဖ်အေကို ပြောပါတယ်။


Photo: pwvb.blogspot.com
ဖမ်းဆီးခံထားရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်။

ပြီးခဲ့တဲ့ ၂၀၁၁ ခု အတွင်း အီလက်ထရောနစ် ပုဒ်မနဲ့ ထောင်ဒဏ် ၁၀ နှစ် အချခံရပြီး ဇန်န၀ါရီလ ၁၃ ရက်က လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို နောက်ထပ် စွဲချက်တင်ထားတဲ့ တရားမ၀င် ပစ္စည်းများ ထောင်ထဲကို သွင်းဖို့ ကြိုးပမ်းမှုနဲ့ အင်းစိန် မြို့နယ် စုပေါင်း တရားရုံးက စီရင်ချက်ချဖို့ မနက်ဖြန် ရက်ချိန်းပေးထား ပါတယ်။ တကယ်တော့ ဒီအမှုဟာ အချိန်အခါ အရ ဘယ်လိုမှ မဖြစ်သင့် မဖြစ်ထိုက်တဲ့ အကြောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင် ကပြောပါတယ်။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ ရှေ့နေ ဦးလှမျိုးမြင့်က ဗိုလ်ချုပ်အောင်ဆန်းပုံ ပါတဲ့ တီရှပ်ဟာ တရားမ၀င်ပစ္စည်း မဟုတ်တဲ့ အကြောင်း ပြန်လည် ထုချေထားပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဟာ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာပြီး ကတည်းက တရားရုံးချိန်း ၂ ကြိမ် တက်ခဲ့ရပြီးပါပြီ။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ကိုဝင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။ ==ဆက်သွယ်မေးမြန်းချက်။
=အသံဖိုင်ယူရန်