Tuesday, January 24, 2012

သူလည်းလွတ်ဖို့ကျန်ပါသေးသည် ။

Ter Tee --- facebook

သူတင်မက ကုန်ဈေးနှုန်း ၊ sim card ဈေးနှုန်း ၊ ကားဈေးနှုန်း ၊ လောင်စာဆီဈေးနှုန်း တို့ကိုလည်းချွင်းချက်မရှိလွှတ်ပေးပါ ။

ရွှေ သဘာဝဓာတ်ငွေ့ အလုပ်သမားများဒဏ် ဒေသခံများ မခံနိုင်



ခင်ဦးသာ on January 24, 2012 1:24 pm


ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ ပို့ဆောင်မည့် ရွှေ သဘာဝဓာတ်ငွေ့ စီမံကိန်းနှင့် ဆက်စပ်လုပ်ငန်းများ၌ လုပ်ကိုင်နေကြသော နိုင်ငံခြားသား၂၀၀ ၀န်းကျင်အား ကျောက်ဖြူ မြို့ပေါ်တွင် နေထိုင်ခွင့်ကို ဒေသဆိုင်ရာ အာဏာပိုင်များက ကန့်သတ်လိုက်ကြောင်း သိရသည်။

ရွှေ သဘာဝဓာတ်ငွေ့စီမံကိန်း ရပ်ဆိုင်းရန် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ပြီးခဲ့သည့် ၂၀၁၁ ခု နိုဝင်ဘာ လကုန်ပိုင်းတွင် ဆန္ဒပြနေစဉ်(ဓာတ်ပုံ - Shwe.org)

ထိုနိုင်ငံခြားသား အလုပ်သမားများသည် ကျောက်ဖြူ မြို့ပေါ် ရပ်ကွက်အသီးသီးတွင် နေထိုင်ကြကာ အများစုမှာ အိန္ဒိယနိုင်ငံ သားများဖြစ်ပြီး ကိုရီးယား၊ မလေးရှား၊ တရုတ် စသည့် လူမျိုးများလည်း ရှိကြောင်း၊ ၎င်းတို့အား ဇန်န၀ါရီ ၁၉ ရက် နောက်ဆုံး ထားပြီး မြို့ပေါ်မှ ပြောင်းရွှေ့၍ လုပ်ငန်းခွင်၌ နေထိုင်ကြရန် ဒေသဆိုင်ရာအာဏပိုင်များက ညွှန်ကြားထားသော်လည်း ယနေ့အထိ ပြောင်းရွှေ့ခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

ယင်း အလုပ်သမားများသည် အောက်ခြေအလုပ်သမားများဖြစ်ပြီး ညအချိန်၌ အုပ်စုဖွဲ့၍ သောက် စားခြင်း၊ အချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်း၊ ရပ်ကွက်နေပြည်သူများ မခံသာအောင် ဆူညံခြင်းတို့ကြောင့် ဒေသခံများက အာဏာပိုင်များထံ တိုင်းကြားရာမှ ယခုကဲ့သို့ ကန့်သတ်ချက် ထုတ်ပြန် ညွှန်ကြားခြင်း ဖြစ်ကြောင်း သိရသည်။

အလုပ်သမား တချို့မှာ မူးယစ်သောက်စားလာပါက နီးစပ်ရာဒေသခံများနှင့် ပြဿနာ ဖြစ်ပွားမှုများကြောင့်လည်း မြို့ပေါ်၌ နေ ထိုင်ခွင့်ကို ကန့်သတ်ခြင်း ဖြစ်သည်ဟု ကျောက်ဖြူမြို့ခံများက ပြောဆိုသည်။

နိုင်ငံခြာသား အလုပ်သမား ဦးရေများလာသည့် အတွက်မြို့ပေါ်ရှိ အိမ်ခန်းငှားခ နှုန်းထားများ အဆမတန်မြင့်မားနေပြီး အရက် ဆိုင်နှင့် ပြည့်တန်ဆာ လုပ်ငန်းများ ပေါများလာ၍ ကျောင်းသား လူငယ်များအတွက် မိဘများက စိုးရိမ်နေရကြောင်း ပိုက်ဆိပ် ရပ်ကွက် ဒေသခံ အမျိုးသမီး တဦးက ဧရာဝတီကို ပြောသည်။

၎င်းက“အိမ်ငှားခတွေက အရင်က ကျပ် ၁၅၀၀၀၊၂၀၀၀၀ ပဲပေးရတဲ့ အိမ်တွေက အခုဆို ကျပ်၂ သိန်းခွဲ၊ ၃ သိန်းလောက်အထိ ပေးနေရတယ်၊ ပိုက်ဆိပ် ရပ်ကွက်မှာ ဆိုရင်လည်းပဲ ပြည့်တန်ဆာ အိမ်တွေ ဆယ်ချီ တိုးပွားလာနေတယ်”ဟု ဆိုသည်။

အလုပ်သမားများ နေထိုင်ရန် သက်ဆိုင်ရာလုပ်ငန်းခွင်အသီးသီး၌ အဆောက်အအုံများ ဆောက်လုပ်ပေးထားသော်လည်း နေ ထိုင်ခြင်း မရှိဘဲ မြို့ပေါ်၌ အုပ်စုဖွဲ့၍ ငှားရမ်းနေထိုင်ကြကြောင်း၊ ၎င်းတို့သည် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း၌ ဂဟေ ဆော်ခြင်း၊ မြေတူးခြင်း အလုပ်များ လုပ်ကိုင်ကြကြောင်း သိရသည်။

တရုတ်လူမျိုး အများစုမှာ လုပ်ငန်းခွင်၌သာ နေထိုင်ကြပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်နေသည့် မဒေးကျွန်းပေါ်၌ တရုတ်လူဦးရေ ၅၀၀ နီးပါးရှိသည်။ မြေတူးသည့်ဝန်ထမ်းမှ ပညာရှင်အဆင့် အထိ တရုတ်လူမျိုးကိုသာ ဦးစားပေး လုပ်ကိုင်ခွင့်ပြုထားကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ၏ မြို့နယ် စည်းရုံးရေးအဖွဲ့ဝင် တဦး က ပြောသည်။

ကျောက်ဖြူမြို့ပေါ်ရှိ အရက်ဆိုင်လုပ်ငန်းများကို အာဏာပိုင်များနှင့်နီးစပ်သည့် အစိုရ၀န်ထမ်းများကိုယ်တိုင် လိုင်စင်ယူ၍ ရောင်း ချနေကြသည့်အတွက် အာဏာပိုင်များကလည်း တားဆီးကန့်သတ်မှု မရှိကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ စီမံကိန်းလုပ်ငန်းများအား တရုတ်အစိုးရပိုင် CNPC ကုမ္ပဏီက ဦးဆောင်၍ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများက ပါဝင် လုပ်ဆောင်နေကြကာ စီမံကိန်းအများစုမှာ ၅၀ ရာခိုင်နှုန်းနှင့်အထက် ပြီးစီးနေ၍၂၀၁၃ ခုနှစ်တွင် သဘာဝဓာတ်ငွေ့များကို တရုတ် နိုင်ငံသို့ စတင်ပို့လွှတ်နိုင်မည် ဖြစ်သည်ဟု သိရသည်။
http://burma.irrawaddy.org/archives/5208

( the lady)၄၈မိနစ်နမူနာ



http://www.youtube.com/watch?feature=player_embedded&v=bSnFzVzvIBs#!



http://www.youtube.com/watch?v=IQhs30GUOp4&feature=related

ပဲခူးခရီးစဉ်တွင်ကိုမင်းကိုနိုင်/ကိုကိုကြီးပြောကြားမှု






ခင်ညွန့် ဘာကြောင့် လစာ ဒေါ်လာ ၅ထောင်ရသလဲ





ခင်ညွန့်ကို ဇေကမ္ဘာခင်ရွှေက ဘာကြောင့် လစာ ဒေါ်လာ ၅ထောင်ပေးသလဲ


ဇေကမ္ဘာခင်ရွှေက ခင်ညွန့်ကို တလ အမေရိကန်ဒေါ်လာ ငါးထောင် (ကျပ်ငွေ သိန်း ၄၀ကျော်) လစာပေးမယ်လို့ ဆိုတယ်။

ခင်ညွန့်ရမဲ့လစာ တလ ဒေါ်လာ ငါးထောင်ဆိုတာ ဖိလစ်ပိုင်သမ္မတလစာထက် ၄ ဆများပါတယ်။ ဗီယက်နမ်သမ္မတလစာထက် အဆ၂၀ များတယ်။ ထိုင်းဝန်ကြီးချုပ်လစာထက် ၂ ဆနီးပါးများတယ်။ သဘောကတော့ ခင်ညွန့်ကို သိက္ခာမကျအောင် အာဆီယံခေါင်းဆောင်တွေနဲ့ ခင်ရွှေက ကြေးတန်းညှိပေးလိုက်တာ ဖြစ်ပါတယ်။

ခင်ညွန့်ကို ခင်ရွှေပေးမဲ့လစာက သမ္မတသိန်းစိန်ရမဲ့လစာထက် ဒေါ်လာ တထောင်ဘဲနည်းပီး ဒုသမ္မတ တင်အောင်မြင်ဦးလစာထက်လဲ များနေပါတယ်။ တနည်းပြောရရင် ဇေကမ္ဘာခင်ရွှေဟာ ခင်ညွန့်ကို လစာ ဒေါ်လာ ငါးထောင်ပေးလိုက်တဲ့အတွက် ခင်ညွန့်ဟာ နေ့ချင်းညချင်း ဒုသမ္မတ တင်အောင်မြင်ဦးထက်သာတဲ့ လစာပေးလိုက်တာမို့ နိုင်ငံရေးအရပြောရင် တင်အောင်မြင်ဦးကိုပါ ခင်ရွှေက နားရွက်တံတွေးဆွတ်လိုက်တာ ဖြစ်ပါတယ်။

ဒါဆို ခင်ရွှေအနေနဲ့ ခင်ညွန့်ကို နှစ်ပေါင်းဘယ်လောက်ကြာကြာ ဒေါ်လာတွေပေးမလဲ တွက်ကြည့်ရအောင်ပါ။

ခင်ညွန့်က ခု 70 ကျော်နေပြီဆိုတော့ နောက်ထပ်အများဆုံး အနှစ် ၂၀ အသက်ရှည်မယ်လို့ မှန်းထားရင် ဇေကမ္ဘာက ခင်ညွန့်ကိုပေးရမဲ့ နှစ် ၂၀အတွက် လစာငွေစုစုပေါင်းက ဒေါ်လာ ၁၂ သိန်းရှိပါတယ်။ တကယ်တော့ ခင်ညွန့်ဟာ နှစ် ၂၀ မတိုင်ခင်လဲ သေနိုင်ပါတယ်။

ဇေကမ္ဘာခင်ရွှေက ခင်ညွန့်ကို မြရိပ်ညိုဖောင်ဒေးရှင်းနာယကအဖြစ် ခန့်လိုက်တယ်ဆိုရင် ပြီးရက်သားနဲ့ ဘာလို့ လစာကို တမင်ဖော်ပြရသလဲဆိုတာ မေးစရာဖြစ်ပါတယ်။ တကယ်တော့ ခင်ညွန့်ကို မြရိပ်ညိုဖောင်ဒေးရှင်း နာယက ခန့်တဲ့နောက်မှာ ခင်ရွှေရဲ့ နိုင်ငံရေးကစားကွက်တွေ အများကြီးပါနေတာ တွေ့ရမှာဖြစ်ပါတယ်။


ခင်ညွှန့်ကို ဇေကမ္ဘာခင်ရွှေက လစာ တလ ဒေါ်လာ ၅ ထောင်ပေးတယ်လို့ လူသိရှင်ကြားပြောလိုက်တဲ့အတွက်-

-ခင်ရွှေ စီးပွားရေးလုပ်ပိုင်ခွင့်တွေ အမျိုးမျိုးရအောင် ခင်ညွှန့်က အခွင့်အာဏာ အလွဲသုံးစားလုပ်ပြီး ဘယ်လောက် ကူညီမစခဲ့သလဲဆိုတာ ပေါ်လွင်တယ်။

-ခင်ညွန့်အတွက် အနှစ် ၂၀စာ ဒေါ်လာ ၁၂ သိန်းဆိုတဲ့ များပြားတဲ့ငွေပမာဏကို မုန့်ဘိုးပေးသလို ရော့အင့် ပေးနိုင်တာကြည့်ရင် ခင်ရွှေက သူဘယ်လောက်ချမ်းသာနေလဲဆိုတာကို ပြည်သူတွေ လန့်သွားအောင် ခြိမ်းခြောက်ပြလိုက်တာလဲပါ ပါတယ်။

-ခင်ညွှန့်လစာကို ဒုသမ္မတ တင်အောင်မြင်ဦးထက် ပိုပေးလိုက်တဲ့အတွက် တင်အောင်မြင်ဦးအပေါ် ခင်ရွှေက ထိပ်ကွက်လိုတာ ထင်ရှားနေပါတယ်-ဒါကြောင့် တင်အောင်မြင်ဦးဘက်က ဘယ်လိုတုံ့ပြန်မလဲ ကြည့်ရမှာဖြစ်တယ်။

-ခင်ညွှန့်ကို တလ ဒေါ်လာ ၆ထောင်ပေးရင် သမ္မတ ဦးသိန်းစိန်နဲ့ တန်းတူဖြစ်သွားမှာ စိုးတဲ့အတွက် သိန်းစိန် မငြိုငြင်အောင် ဒေါ်လာတထောင်လျှော့ပီးခင်ညွန့်ကိုပေးတာ ဖြစ်နိုင်ပါတယ်-

-တချိန်က ထောက်လှမ်းရေးအကြိးအကဲ ခင်ညွန့်ကို တလဒေါ်လာ ၅ထောင်ပေးတဲ့အတွက် လက်ရှိ ဗိုလ်ချုပ်တွေ ခင်ညွန့်ကို မနာလိုဖြစ်အောင် ဇေကမ္ဘာခင်ရွှေက ဖန်တီးသလိုဖြစ်သွားတဲ့အတွက် ဂိုဏ်းဂဏတွေ ပိုများလာနိုင်တယ်။ အာဃာတတွေ ပိုများလာမယ်။


by Swe Swe Kyi on Monday, January 23, 2012 at 9:57pm





ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ပဲခူးခရီးစဉ်

Burma VJ Media Network

ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ပဲခူးခရီးစဉ်

ဒီကနေ့မနက် ၆ နာရီ ခွဲမှာ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ပဲခူးမြို့ ဂရင်းဆိုရှယ်ခန်းမမှာ ပြန်လည်လွတ်မြောက်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ကျင်းပ ပြုလုပ်တဲ့ ဂုဏ်ပြုကြိုဆိုပွဲကို သွားရောက်ခဲ့ကြပါတယ်။



လူထုကို လုံခြံမှုပေးနိုင်သည့် ဥပဒေပြဌာန်းပေးရန် တောင်းဆို

မြတ်မိုး on January 24, 2012 4:42 pm


သရက်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြည်သူလူထုကို လုံခြုံမှုပေးနိုင်သော ဥပဒေတရပ် ပြဌာန်းပေးရန် လွှတ်တော်အတွင်း ၀င်ရောက်မည့် ကိုယ်စားလှယ် လောင်းများအား တောင်းဆို လိုက်သည်။




၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ပဲခူးမြို့ရှိ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ ဂုဏ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်စဉ် (ဓာတ်ပုံ - ဧရာဝတီ)

“လူတွေက အချိန်မတော် ဘယ်သူ ငါ့အိမ်ကို တံခါးလာခေါက်မလဲ၊ ဘယ်လို ရှာစားရမလဲ ဆိုတဲ့ မလုံခြုံတဲ့ ဘ၀တွေအတွက် ကာကွယ်မှုပေးနိုင်တဲ့ ဥပဒေတွေ ရေးဆွဲပေးပါ” ဟု ယနေ့ နံနက် ပဲခူးမြို့၌ ကျင်းပသော လွတ်မြောက် လာသည့် နိုင်ငံရေး အကျဉ်းသားများအား ဂုဏ်ပြုသော အခမ်းအနားတွင် ကိုမင်းကိုနိုင်က ပြောသည်။

ပြည်သူလူထုဘ၀ လုံခြုံမှုအတွက် ဒီမိုကရေစီ လိုလားသူများအားလုံး ပူးပေါင်းကာ လွှတ်တော်အတွင်း အပြင် နှစ်ရပ်စလုံးတွင်
လုပ်ကိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဒီမိုကရေစီ အရေး လှုပ်ရှားမှုများတွင် လူထုပူးပေါင်းပါဝင်မှုကို ဒီမိုကရေစီ အင်အားစုများသာမက အာဏာပိုင်များကလည်း လက်ခံနားလည်မှု ပေးကာ အကောင်းမြင်ပေးရန် ကိုမင်းကိုနိုင်က ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုကိုကြီးကလည်း ၎င်းတို့ ကျောင်းသားများအား နှစ် ၂၀ ကျော် ကြာသည်အထိ ထောက်ခံအားပေးခဲ့သော လူထုကို ဂုဏ်ပြုချင်သည်ဟု ဆိုသည်။

“နိုင်ငံရေးဆိုတာကို မစားကောင်းတဲ့အသီးလို လူတွေက ထင်နေပြီး ထောက်လည်း ထောက်ခံချင်တယ်၊ ထောက်ခံရမှာလည်း ကြောက်တယ် ဆိုတာမျိုး မဖြစ်ရအောင်လို့၊ လူထုကို အကျိုးပြုနေတဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံ့ ဝန်ထမ်းတွေက ပူးပေါင်း ဆောင်ရွက်ပါ” ဟု ကိုကိုကြီးက ပြောသည်။

၎င်းတို့ အကျဉ်းထောင်တွင်းမှ ထွက်လာစဉ် လက်ရှိ အစိုးရ အဆောက်အအုံမှာ ပုံသဏ္ဍန်အားဖြင့် ပြောင်းလဲနေသည်ကို မြင်ရကြောင်းနှင့် အနှစ်သာရအားဖြင့် ပြောင်းလဲရန် ဆက်လက်ကြိုးစား ရမည်ဖြစ်ကြောင်း သူက ဆိုသည်။

“ဖြတ်သန်းခဲ့ရတဲ့ အတိတ်ကို ကျနော်တို့ ပြန်မကြည့်ချင်တော့ဘူး။ အနာဂတ်မှာ လှပတဲ့၊ သာယာတဲ့ နိုင်ငံအဖြစ်ကို မျက်နှာမူချင်လို့ပဲ” ဟု ကိုကိုကြီးက ဆက်ပြောသည်။

၎င်းတို့ကဲ့သို့သော ဒီမိုကရေစီ အင်အားစုများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပူးပေါင်းဆောင်ရွက်မှုကို မြင်တွေ့ရသဖြင့် အားရကြောင်း၊ မည်သည့်အဖွဲ့အစည်းနှင့် မဆို တိုးတက်သော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လိုကြောင်း သူက ဆိုသည်။

“ကျနော်တို့ ရန်ကုန်တိုင်း ဒေသကြီးမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သတင်းစာရှင်းလင်းပွဲ အောင်မြင်ခဲ့တယ်။ အခုလည်း ရန်ကုန် ပြင်ပကို ထွက်ပြီး ပဲခူးတိုင်းမှာ အခမ်းအနား ကျင်းပနိုင်တာဟာ တိုးတက်မှုတခုလို့ မြင်တယ်။ ရှေ့ဆက်ပြီး တယောက်နဲ့ တယောက် သံသယတွေ မရှိဘဲ ပူးပေါင်းဆောင်ရွက်ကြဖို့ ဒီကနေ့အခမ်းအနား ကနေ ဖိတ်ခေါ်ပါတယ်” ဟု ကိုကိုကြီးက ဆက်ပြောသည်။

ဆက်လက်၍ ၎င်းက ပဲခူးတိုင်း ဒေသကြီး ခရီးစဉ်အတွင်း ယာဉ်ထိန်းရဲများမှ စ၍ မြင်သာထင်သာရှိသော ပူးပေါင်း ကူညီမှုများ ရှိသကဲ့သို့ မမြင်ရသည့် ကူညီမှုများလည်း ရှိနိုင်ကြောင်း၊ တခြားသော တိုင်းဒေသကြီးများသို့ သွားရောက်လျှင်လည်း ယခုကဲ့သို့ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများကို လိုလားကြောင်း ဖိတ်ခေါ်လိုက်သည်။

နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် နိုင်ငံသားများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းသူများ ဖြစ်စေချင်ကြောင်း၊ လူထုကို အကျိုးပြုနေသော အဖွဲ့အစည်းများအား ရဲရဲတင်းတင်း ဆက်ဆံစေလိုကြောင်း၊ အပ်တိုတချောင်းမှ မရှိသော်လည်း အစိုးရ ဖြစ်နိုင်ကြောင်း ကိုကိုကြီးက ပြောသည်။

ကိုမင်းကိုနိုင် ကလည်း “လူထုက လမ်းပေါ်ထွက်တာကို ငါတို့ကို ဆန့်ကျင်ဖို့ဆိုတဲ့ မကောင်းမြင်တဲ့ ဘက်ကမကြည့်ဘဲ သူတို့ ပူးပေါင်းပါဝင်ချင်လို့ ဆိုတဲ့ ဘက်က ကြည့်ပေးပါ။ လူထုကပဲ အနာဂတ်ကို လှပအောင်လုပ်ပေးမှာပါ” ဟု ဆိုသည်။

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ ကြိုဆိုဂုဏ်ပြုပွဲ အခမ်အနားကို ပဲခူးမြို့ရှိ ၉ လေးလုံး အဖွဲ့ဝင်များ၊
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များနှင့် မြို့မိမြို့ဖ စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့သည်။

ထောင်ဒဏ် ၂၆ နှစ် ကျခံရာမှ ပြန်လည် လွတ်မြောက်လာသော ၉ လေးလုံးအဖွဲ့ဝင် ဦးမြင့်ဦးကလည်း ပဲခူးမြို့မှ နိုင်ငံရေး အကျဉ်းသား ၆၀ ကျော်စလုံး ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ဒီမိုကရေစီ အရေး ဆက်လုပ် သွားမည်ဖြစ်ကြောင်း ပြောသည်။

ကိုကိုကြီးက ၎င်းတို့ လွတ်မြောက်လာသကဲ့သို့ အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများ ဆက်လက်လွတ်မြောက်ရေးကို မျှော်လင့်သည်ဟု ဆိုသည်။

“နံရံလေးဘက်ကြားက ကျနော်တို့ မိတ်ဆွေတွေနဲ့ ဒီထက် ပြည့်စုံတဲ့ ဆုံဆည်းမှုမျိုးနဲ့ ပြန်ဆုံချင်ပါတယ်” ဟု ကိုကိုကြီးက အခမ်းအနားတွင် ပြောသည်။

ပဲခူးမြို့တွင် ကျင်းပသည့် လွတ်မြောက်လာသော အကျဉ်းသားများကို ဂုဏ်ပြုသော အခမ်းအနားကို ရန်ကုန်မှ လာရောက်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုမြအေး၊ မနီလာသိန်း၊ မမီးမီး တို့အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ ကိုကျော်ကိုကို၊ ကိုစည်သူမောင်၊ ကိုဒီငြိမ်းလင်း စသည့် ၂၀၀၇ မျိုးဆက် ကျောင်းသားများ တက်ရောက်ခဲ့သည်။

ရန်ကုန်မှ လာရောက်သည့် ကျောင်းသားခေါင်းဆောင်များသည် လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများအား ကြိုဆိုပွဲအပြီးတွင် ပဲခူး ရွှေမော်ဓော ဘုရားကို ဝင်ရောက် ဖူးမျှော်ပြီး ရန်ကုန်သို့ ပြန်လည် ထွက်ခွာခဲ့သည်။

ဧရာဝတီသတင်းထောက် လင်းသန့် ပူးပေါင်း ရေးသားသည်။
http://burma.irrawaddy.org/archives/5232

ကိုငြိမ်းလူ ဈာပန ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်



2012-01-24
ဇန်နဝါရီ ၁၃ ရက်က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အင်းစိန်ထောင် က လွတ်မြောက်လာပြီးနောက် ပြီးခဲ့တဲ့စနေနေ့က ကွယ်လွန်သွားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်နွယ် (ခေါ်) ကိုငြိမ်းလူရဲ့ ရုပ်ကလာပ်ကို ရေဝေးသုသာန်မှာ ဒီကနေ့ နေ့လယ်ပိုင်းက သင်္ဂြိုဟ်ခဲ့ပါတယ်။


demowaiyan
ဇန်နဝါရီ ၁၃ ရက်က အင်းစိန်ထောင်က လွတ်မြောက်လာပြီးနောက် ၈ ရက်အကြာတွင် ကွယ်လွန်သွားသော နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်နွယ် (ခေါ်) ကိုငြိမ်းလူ၏ ဈာပန အခမ်းအနားတွင် တွေ့ရသည့် ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ။

အဲဒီ ဈာပန အခမ်းအနားကို နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ဗကသ ကျောင်းသား ခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ စီစဉ်သူတစ်ဦး ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား မိသားစု ကွန်ရက်အဖွဲ့ဝင် ကိုအောင်ဇော်ထွန်းက ပြောပါတယ်။

ကိုငြိမ်းလူဟာ အဖမ်းဆီးခံရချိန်က နှိပ်စက်ခံရပြီး ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှုလည်း ညံ့ဖျင်းတဲ့အတွက် ရရှိခဲ့တဲ့ ရောဂါ ဝေဒနာတွေကြောင့် ကွယ်လွန်သွားခဲ့တာလို့ မိတ်ဆွေတွေက ပြောပါတယ်။ ဈာပနအခမ်းအနားမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် ဆက်လက် တိုက်ပွဲဝင်သွားဖို့ လုပ်ဖော်ကိုင်ဖက်တွေက သန္နိဋ္ဌာန် ပြုခဲ့ကြတယ်လို့ ဈာပနအခမ်းအနားကို တက်ရောက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ဝင် ကိုထွန်းကြည်က ပြောပါတယ်။

ကိုငြိမ်းလူဟာ ၂ဝဝ၂ ခုမှာ အဖမ်းခံခဲ့ရပြီး ၂ဝ၁၂ ခု ဇန်နဝါရီမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အင်းစိန်ထောင်က လွတ်မြောက်လာခဲ့ပြီး ရက်ပိုင်းအတွင်း အသက် ၅၆ နှစ်အရွယ်မှာ အခုလို ကွယ်လွန်ခဲ့တာပါ။

ဈာပနကို တက်ရောက်လာတဲ့ ဧည့်ပရိသတ် စုစုပေါင်း သုံးရာကျော် ရှိပါတယ်။
http://www.rfa.org/burmese/news/released-prisoner-dies-01242012101021.html

သရေပင်လို ရှုံချည် နှပ်ချည် ဥပဒေ...အာဏာကို အလွဲသုံးစားလုပ်၍ လယ်သမား မိသားစုကို နှိပ်စက်ညှင်းပန်း

Burma VJ Media Network

ရန်ကုန်တိုင်း သုံးခွ မြို့နယ် အတွင်း သက်ဆိုင်ရာ အုပ်ချုပ်သူ မှ အာဏာ ကို အလွဲသုံးစား လုပ်ကာ ဒေသခံလယ်သမား မိသားစု ၏ လယ်ယာများ ကို သိမ်းယူပြီး ရိုက်နှက် ကြိမ်းမောင်းကာ ဖမ်းဆီး အကျဉ်းချ
ထားခြင်းများ ပြုနေပါသည်။ သုံးခွ မြို့နယ် အတွင်း သရေပင်လို ရှုံချည် နှပ်ချည် ဥပဒေ ပဲ ရှိနေပြီး ဖြောင့်မတ်တဲ့ ဥပဒေ မရှိခြင်း အပေါ် ပြုပြင် ပေးစေလိုပြီး နှင့် အကျင့်ပျက် အလွဲသုံးစားလုပ်ကာ ဆောင်ရွက်နေတဲ့ အုပ်ချုပ်သူတွေကို လည်း အရေးယူ ဆောင်ရွက်ပေးစေလိုကြောင်း ဒေသ ခံတစ်ဦးမှ ပြောပြပါသည်။





ကျောင်းသူ/သား (၇၀၀) ကျော် ပညာရေးရပ်ဆိုင်းတော့မည့်ဖြစ်ရပ်

Burma VJ Media Network

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ မြို့သစ် (က/ခ) ရပ်ကွက်၊ (က) ၃-လမ်းမှာရှိတဲ့ သာသနဟိ ကာရီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ဖျက်သိမ်းပေးဖို့အင်းစိန်မြို့နယ် စည်ပင်သာယာကအမိန့်စာထုတ်ပြန်လိုက်ပါတယ်။ဒီကျောင်းမှာ မိဘမဲ့ကလေးတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ် အယောက်(၇၀၀) ကျော်ကိုပညာသင်ကြားပေးနေတာပါ။ဖောင်တော်ဦးရပ်တော်မှုဘုရားကြီးပိုင်မြေပေါ်မှာခွင့်ပြုချက်အမိန့်မရပဲကျူးကျော်ဆောက်လုပ်တယ်ဆိုပြီးဘုရားကြီးဂေါပကအဖွဲ့နဲ့ အင်းစိန်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတို့ ပူးပေါင်းပြီး ဒီကျောင်းဆောင်တွေကို ဖျက်သိမ်း ဖယ်ရှားပေးရန် အမိန့်စာတွေ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်အပါအဝင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များညစာအတူတူစား

Burma VJ Media Network

ဒီနေ့ညနေ ၆နာရီကနေ ၈နာရီခွဲအထိ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်အပါအဝင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့်အတူ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ
တွေ့ဆုံခဲ့ကြပြီး ညစာအတူတူစားခဲ့ကြပါတယ်။

















Nathan Maung
ပြည်တွင်းပြည်ပသတင်းထောက်များ ကို လုံးဝ ခြံအတွင်းဝင်ရောက်သတင်းယူခွင့်မပြုကြောင်းသိရှိရသည်။ ပြည်တွင်းပြည်ပသတင်းထောက်များမှာ ဒေါ်အောင်ဆန်းစုကြည်၏နေအမ်ခြံဝင်း ရှေ့တွင် စုပုံစောင့်ဆိုင်းနေပြီး သတင်းရယူရန်ကြိုးပမ်းလျက်ရှိသည်။




အင်္ဂါ, 24 ဇန်နဝါရီ 2012
ဒေါ်စုနဲ့ ၈၈ကျောင်းသားခေါင်းဆောင်တွေ တွေ့ဆုံ

မကြာသေးခင်ကမှ အကျဉ်းထောင်တွေအတွင်းကနေ လွတ်မြောက်လာကြတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ညနေက ဒေါ်အောင်ဆန်းစုကြည်ရဲံ့ နေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်၊

By VOA


မကြာသေးခင်ကမှ အကျဉ်းထောင်တွေအတွင်းကနေ လွတ်မြောက်လာကြတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ညနေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်၊ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ကျော်ကြာ တွင်း ပထမဆုံးအကြိမ် တွေ့ဆုံဖြစ်သလို မြန်မာနိုင်ငံရေးအတွက် ဒေါ်အောင်ဆန်းစူကြည်နဲ့အတူ ပူးပေါင်းလက်တွဲ သွားမယ်လို့လည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကပြောပါတယ်၊ ဒီအခြေအနေ အပြည့်အစုံကိုတော့ မသင်းသီရိက ဆက်ပြောပြပေးမှာပါ၊

နိုင်ငံရေးအကျဉ်းသားဟောင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ ဇန်န၀ါရီ ၂၄ ရက် အင်္ဂါနေ့ ညနေ ၆နာရီက ရန်ကုန်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ေ နအိမ်မှာ တွေဆုံခဲ့ကြတာပါ၊ မြန်မာနိုင်ငံမှာ ၁၉၈၈ လူထုလှုပ်ရှားမှုကြီး ဖြစ်ခဲပြီးနောက်ပိုင်း နှစ်ပေါင်း ၂၀ေ ကျာ်ကြာတွင်း ဒီခေါင်းဆောင်တွေ ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေထဲက ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ ကို ပဏ္ဍိတ်ထွန်း ကိုအံဘွယ်ကျော်အပြင် ကိုပြုံချို ကိုအောင်သူတို့တွေ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေဆုံပြီး ညစာအတူစားခဲ့ကြပါတယ်။

၈၈မျိးဆက်ကျောင်းသားတွေကတော့ မြန်မာ့နိုင်ငံရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲ ဆောင်ရွက်ပြီး ပံ့ပိုးဖို့လည်း အသင့်ပဲလို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

ကိုမင်းကိုနိုင်။ မြန်မာပြည်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမှချန်ထားပြီး စဉ်းစားလို့ မရဘူးလေ၊ အဲဒီလိုအရေးကြီးဆုံး ပုဂ္ဂိုလ်တယောက်နဲ့ ကျနော်တို့ တောက်လျှောက်ထိတွေ့ပြီး ဆွေးနွေး နေရမှာပါ၊ မီဒီယာတွေမှာ အရင်ကတည်းက ကျနော်တို့ သဘောထားတွေပြောထားပြီးသားပါ၊ အဲဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ဘာမှကန့်ကွက်စရာ မရှိဘူးလို့ ပဲ ကျနော်တို့ သိရပါတယ်၊ ဒီကနေ့ ကျနော်တို့ ပြန်တွေ့ဆုံကြတဲ့ အနေအထားပေါ်မှာ အန်မတန်အားရစရာကောင်းတယ်၊ အားလုံးနားလည်မှုနဲ့ ရင်းနှီး ချစ်ကြည်မှုတွေ ပိုပြီးတော့ ရခဲ့တယ်၊ နှစ်ပေါင်းများစွာကွဲနေရတဲ့အတွက် အတိုးချပြီးတော့ ကျနော်တို့ အရင်ထက် ညီညွတ်ရေး ၊ မိသားစုအတွင်းမှာချစ်ကြည်ရေးက အစပေါ့ဗျာအားလုံးအဆင်ပြေချောမွေ့မယ်လို့ ဒီကနေ့ တွေ့ဆုံမှုအပေါ်မှာ ခန့်မှန်းလို့ရပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ မတွေ့ပဲနေခဲ့ရတာ အခုကျတော့ ပြန်ပြီးတွေ့တယ်ဆိုတာ တကယ်တော့ မိသားစုပြန်လည်ဆုံတွေတဲ့ ပွဲမျှပဲ ဖြစ်ပါတယ်၊ တယောက်နဲ့တယောက် ကျန်းမာရေးကအစကွဲကွာနေတဲ့ မိသားစုတွေ ပြန်နှုတ်ဆက်တဲ့ သဘောပါ၊ )

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ပါ၊ နောက်ပိုင်းမှာလည်း ၈၈ အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ထပ်မံတွေဆုံကာ မြန်မာ့ နိုင်ငံရေးအခြေအနေတွေဆွေးနွေးဖိုရှိတယ်လို့ ပြောပါတယ်၊ ဒီကနေ့ ညနေတွေဆုံမှုတွေထဲါ အကြိမ်ကြိမ်အဖမ်းခံရတဲ့ သူတွေတွေရဲ့ အတွေအကြံတွေကို ပြောဆိုဖြစ်ခဲ့ကြတယ်လို့လည်း ကိုဂျင်မီက ပြောပါတယ်။

ကိုဂျင်မီ။ ပြောတာပေါ့၊ ပြောတာပေါ့၊ ကျနော်တို့ နောက်ကြောင်းအတွေအကြုံတွေ ဒါပဲ ရယ်စရာ မောစရာ အနေနဲ့ အတိတ်ကအကြောင်းတွေကို၊ အခုအချိန်မှာရီမောပြီး ပြောနိုင်ကြတဲ့ သဘောတွေပါ၊ အဓိက ကတော့ ကျနော်တို့ ကျော်လွားခဲ့ရတဲ့ ဒုက္ခတွေကို ရီစရာမောစရာအဖြစ် ပြန်ပြောနေကြတာပါ၊ အခု ပြန် ဆုံကြတယ်။ ကျနော်တို့ ဒါပျော်ရွင်ကြတဲ့ ပျော်ပျော်ရွင်ရွင်နဲ့ ဒါညစာစားကြတာပါ၊

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီပါရှင်၊

ဒီလို ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ခင်ပြီးခဲ့တဲ့ စနေ ဇန်န၀ါရီလ ၂၁ ရက်နေ့ကလည်းး ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ လက်ရှိ နိုင်ငံရေးပါတီထူထောင်မှာ မဟုတ်သေးသလို ကြားဖြတ် ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်ဝင်ပြိုင်မှာကို သဘောတူလက်ခံပြီး ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ၀န်းရံသွားမယ်လို့ ၈၈ခေါင်းဆောင်တွေြ့ပုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် သူတို့ သဘောထား တွေကို ထုတ်ဖော်ပြောဆိုထားတာလည်း ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/---01-24-12--dassk--88--meet-137962928.html

၈၈၊ ၉၆၊ ၉၈ ကျောင်းသားများနှင့် တွေ့ဆုံပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်

Burma VJ Media Network