Friday, January 27, 2012

အိမ်ရှင်ကတရားခံပြေးအဖြစ်ရှောင်တိမ်းနေရသည့်အမှု





လူသတ်ပြီး အလောင်းဖျောက်ထားသည်ကို ပြန်ပေးရမည်

ခင်ညွန့် က လူသတ် အလောင်းဖျောက်ထားသည်ကို ပြန်ပေးရမည်
နိုင်ငံရေးအကျဉ်းသားတွေ လွပ်မြောက်လာပြီဖြစ်သည်။ ယင်းအထဲတွင် -၈၈- ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်- ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးတို့  လွပ်မြောက်လာသည်။ ထို့ ကြောင့် ပြည်သူတွေ ၀မ်းသာပီတိ ဖြစ်ကြရသည်။ ယင်းအထဲတွင် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ခင်ညွန့် ပါ လွပ်မြောက်လာသည်။ သူလွပ်မြောက်လာသည်နှင့် လူမှုရေးဘဲ လုပ်တော့မည် ။ တရားသဘောနားလည်သွားပြီဟု ပြောသံတွေ ကြားရသည်။ သူ့ စကားအတိုင်းဆိုလျင် သူကား တကယ့် လူကောင်းတယောက် ဖြစ်နေပြီလို့ ထင်ရသည်။ သို့ သော် ခင်ညွန့်က ယင်းသို့ မဟုတ်သော လူစားမျိုး ။ ဗိုလ်ခင်ညွန့် မှာ လူမှုရေးအလုပ်ကို လုပ်ရအောင် လူသားတယောက်ကဲံသို့  စိတ်စေတနာတို့  ဖြင့် နေခဲ့ သူဖြင့် မဟုတ်။ သူအာဏာလက်စောင်းထက်ချိန် လူတွေ အကျဉ်းကျခံနေခဲ့ ရသည်။ အကျဉ်းထောင်ထဲ သေဆုံးကြရသည်။ နယ်စပ်ဒေသသို့  ဒုက္ခသည်များစွာအဖြစ် ထွက်ပြေးရသည်။ သူသတ်မိန့် ပေး၍ သေဆုံးရပြီး အလောင်းဖျောက်မှု တခုမှာ ဤသို့ ဖြစ်သည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ မှ ဦးစံကျော်နှင့် ဦးဇင်းဇေယျသာမိမှာ ၁၉၉ရ-ခုနှစ်-သြဂုတ်လ-၉-ရက်နေ့ ဖမ်းဆီးခံရသည်။ ဖမ်းဆီးခြင်းမှာ နယ်စပ်ဒေသတွင် ရခိုင်တပ်မတော်နှင့် ဆက်သွယ်သည်ဆိုကာ ဖမ်းဆီးခြင်းဖြစ်သည်။ သူတို့ နှင့်အတူ ဦးညွန့် မောင် ။ ဦးခင်မောင် တို့ ပါသည်။ ဦးညွန့် မောင်ဆိုသည်မှာ တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် အဖြစ် -၁၉၉၀-ခုနှစ် စစ်တွေမြို့ နယ် လွှတ်တော်ကိုယ်စားလှယ်ပြိုင်ခဲ့ သူဖြစ်သည်။ သူတို့ အားဖမ်းဆီးပြီး ကျနော့်အား သြဂုတ်လ-၁၁ ရက်နေ့ တွင် လာရောက်ဖမ်းဆီးသည်။ သို့ သော် ကျနော်က အခြား တနေရာ ရှောင်နေ၍ ထောက်လှမ်းရေး၏ အဖမ်းအဆီး မခံလိုက်ရ ။ ဦးခင်မောင်မှာ မကြာခင် လွပ်မြောက်သွားပြီး ဦးညွန့် မောင်မှာ ထောင် (၃ ) နှစ် ကျခံခဲ့ ရသည်။ ကျနော် ၊ ဦးစံကျော် ။ဦးညွန့် မောင်တို့ မှာ အတူတူ နိုင်ငံရေးလုပ်ဘော်ကိုင်ဘက်များဖြစ်၍ ယခုကဲ့ သို့  ဖမ်းဆီးရန်ကြိုးပမ်းခြင်းဖြစ်သည် ။ ဦးစံကျော်နှင့် ဦးဇေယျသာမိတို့ နှစ်ဦးကို ကျောက်တော်မြို့ သို့  ထောက်လှမ်းရေး( ၁၀ )မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။ လမ်းခုလတ်တောစပ်နေရာ အရောက်တွင် သူတို့ အား မြေတူးခိုင်းစေသည်ဟုဆိုသည် ။ ယင်းသို့ တူးခိုင်းခြင်းမှာ သူတို့ ကို မြုပ်ရန်ဖြစ်သည်။ ကိုယ့်ကျင်းကို ကိုယ်တူးပြီးနောက်မှာ သူတို့ အားရက်စက်စွာပစ်သတ်လိုက်သည်ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သို့  ရောက်မှ ကျနော်ကြားသိရသည်။
စစ်တွေမြို့ ရှိ ထောက်လှမ်းရေး(၁၀ ) တွင် ယင်းအချိန်က ကိုထွန်းကြည်က နိုင်ငံရေးပါတီရုံးခမ်းများကို ၀င်ထွက်သွားလာပြီး စုံစမ်းထောက်လှမ်းနေသူဖြစ်သည်။ ယခုလည်း ဦးစံကျော်နှင့် ဦးဇင်းဇေယျသာမိတို့ ကို ဖမ်းဆီးသူမှာ ကိုထွန်းကြည်ဖြစ်နိုင်သည်။ ဦးစံကျော်မှာ - ၁၉၆၉-ခုနှစ်ဝန်းကျင်က ရခိုင်ပြည်နယ် မှ အကောင်းဆုံးဘောလုံးသမားဆုကို ဂိုးသမားအဖြစ် ရရှိထားသူဖြစ်သည်။ သူ့ ကို ရခိုင်ပြည်နယ်က လူတွေ အထူးလေးစားကြသည်။ ဇါတိက ကျောက်တော်မြို့ နယ်မှ ဖြစ်၍ သူ့ အားကျောက်တော်မြို့ သို့  ခေါ်ယူခြင်းဖြစ်သည်ဟု သိရသည်။ ထောက်လှမ်းရေး ( ၁၀ ) တွင် ဖမ်းဆီးထားစဉ် နှိပ်စက်မှုများ ကမ်းကုန်သည်။ သူနှင့်အတူ ဖမ်းဆီးခံရသူများသည် ထောက်လှမ်းရေးများ၏ လက်ချက်ဖြင့် သေလုမတတ် ခံရသည်။ ယခုလည်း ဦးစံကျော်နှင့် ဦးဇေယျသာမိတို့ နှစ်ဦးအား ဆက်လက်ပြီး အဆက်အသွယ် ရှိသူများကို နှိပ်စက်ယင်း မေးမြန်းခြင်းဖြစ်သည်။
နောင်ကို သူတို့ လို ရခိုင်တပ်မတော်နှင့် အဆက်အသွယ် မလုပ်ဝံ့အောင် ဦးစံကျော်၏ ဇါတိမြို့ ဖြစ်သော ကျောက်တော်မြို့ သို့  ခေါ်ယူသွားသည်။ ရခိုင်တပ်မတော် ဆိုသည်မှာ ဗိုလ်ခိုင်ရာဇါ ဦးဆောင်သော တပ်မတော်ကို ပြောခြင်းဖြစ်သည်။ ပြီးတော့ ကျောက်တော်မြို့  အရောက် တောစပ်တနေရာတွင် ယခုကဲ့သို့  မြေကျင်းကို တူးစေခိုင်းသည်ဟု ဆိုသည်။ သူတို့ နှစ်ဦးမှာ သေရတော့မည်ကို သိရှိထားသော်လည်း မြေကျင်းကို တူးကြရသည် ။ ယခုကဲ့သို့  ကိုယ့်ကျင်းကိုယ်တူးနေရသည်ကို စဉ်းစားတိုင်း ကျနော်တို့  အသဲဆတ်ဆတ် ခံစားရသည်။ သူတို့ နှစ်ဦးအား ရက်စက်စွာ ပစ်သတ်ပြီး သူတို့  တူးထားသော မြေကျင်းတွင် မြုပ်နှံထားလိုက်သည်။ လူသတ်လိုင်စင် ရထားသော ထောက်လှမ်းရေးတို့ သည် သူတို့ နှစ်ဦးအား ဤသို့  ရက်စွာသတ်ခဲ့ ပြီးနောက် အလောင်းဖျောက်လိုက်သည်ကို -RFA- မှ ကျနော် အင်တာဗျူး ပြောဆိုခဲ့ သည်။ ပြီးတော့ ကျနော်ရေးသားထုတ်ဝေဖြန့် ချီခဲ့ သော ရခိုင်ပြည်နယ်မှ လူ့ အခွင့်အရေးချိုးဖေါက်ခံရမှု အဖြစ်အပျက်များ စာအုပ်တွင် ဖေါ်ပြခဲ့ သည်။
ဤဖြစ်စဉ်တခုလုံးမှာ ပါဝင်ပတ်သူများကို ဆန်းစစ်ကြည့်ပါက မည်သူက ဥပဒေမဲ့  ပြုလုပ်သည်ကို သိသာနိုင်သည်။ ယခုဖြစ်စဉ်မှာ ဦးစံကျော်နှင့် ဦးဇင်း ဇေယျသာမိမှာ နယ်စပ်ဒေသတွင် ရှိနေသော လက်နက်ကိုင် တော်လှန်ရေး ပြုလုပ်နေသည့် ရခိုင်တပ်မတော်နှင့် ဆက်သွယ်သသည် ဆိုကာ ဖမ်းဆီးခြင်းဖြစ်သည်။ ယင်းသို့  မတရားအသင်းဟု ထုတ်ပြန်ကြေညာထားသော လက်နက်ကိုင်အဖွဲ့ နှင့် ပါတ်သက်၍ ဖမ်းဆီးထားသည်ဆိုလျှင် တရားဥပဒေအရ ရုံးတင် တရားစွဲဆိုစစ်ဆေးရန်သာ ရှိသည်။ ဒုတိယ ဖမ်းဆီးစစ်ဆေးခဲ့ သော ထောက်လှမ်းရေး ( ၁၀ ) မှ တာဝန်ခံဗိုလ်နိုင်ဦးနှင့် တပ်ကြပ်ကြီး ကိုထွန်းကြည်တို့  အဖွဲ့  ဖြစ်သည်။ သူတို့ မှာ အထက်က တာဝန်ပေးချက်အရ ဖမ်းဆီးရသည်ဟုဆိုလျှင် ဖမ်းဆီးနိုင်ခွင့် သို့ မဟုတ် ဖမ်းဆီးပိုင်ခွင့်မှာ ယင်းအချိန်က ဖမ်းဝရမ်းမပါဘဲ အာဏာလက်စောင်းထက်သည့် အခြေအနေ ရှိသည်။ ဖမ်းဆီးပြီးနောက် တရားရေးဆိုင်ရာဖက်သို့  လွှဲပြောင်းပြီး တရားဥပဒေအရ ရုံးတင် စစ်ဆေး ရမည်သာဖြစ်သည်။ တတိယအချက်အနေဖြင့် ထောက်လှမ်းရေး(၁၀) သည် ဗိုလ်ခင်ညွန့် ၏ လက်အောက်မှာ ရှိနေရာ တာဝန်အရှိဆုံးသူမှာ ဗိုလ်ခင်ညွန့် သာဖြစ်သည်။ ယခုဖြစ်စဉ်၌ ယခုကဲ့သို့  ဦးစံကျော်နှင့် ဦးဇင်းဇေယျသာမိတို့ မှာ ဖမ်းဆီးခံရသည်ကို ဗိုလ်ခင်ညွန့် သည် အစအဆုံး သိနိုင်သူသာဖြစ်သည်။ လက်တန်ရှည်ပြီး လူသတ်အမိန့် ကို ပေးနိုင်သောသူမို့  ယခုဖြစ်စဉ်တခုလုံးတွင် ဗိုလ်ခင်ညွန့် သည် တာဝန်အရှိဆုံးဖြစ်သည်။
ဦးဇင်းဦးဇေယျသာမိမှာ မင်းပြားမြို့ နယ်မှ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျောင်းထိုင်နေသော ဆရာတော် တပါးဖြစ်သည်။ စာချပုဂ္ဂိုလ်တပါးဖြစ်၍ လိုအပ်သော ဘာသာရေးစာအူပ်စာတမ်းများကို စစ်တွေမြို့ မှ လာယူကာ မောင်တောမြို့ နှင့် ကယုချောင်းခေါ် တက်ကနစ်မြို့ သို့  ကူးသန်းသွားလာနေသော ဆရာတော် တပါးဖြစ်သည်။ ယခုကဲ့သို့  ဆရာတော် ဦးဇေယျသာမိကို ဦးစံကျော်နှင့် အတူဖမ်းဆီးပြီး ရက်စက်စွာ ပစ်သတ်လိုက်သည်မှာ ဘုရားသားတော်ဖြစ်သော ဦးဇင်းအဖို့  ကံဝဋ်ကြွေးကို ခံစားရခြင်းဟု ပြောနိုင်သည်။ သို့ သော် ယင်းသို့  ရက်စက်စွာ အသတ်ခံရသည်ကို တရားဥပဒေရှုဒေါင့်မှ ကြည့်လျှင် အလွန် လူသားမဆန်ခြင်းကို တွေ့ နိုင်သည် ။ ရက်စက်စွာပစ်သတ်ပြီး သို့ မဟုတ် ထောက်လှမ်းရေး(၁၀) တွင် နှိပ်စက်ပြီး လက်လွန်သေဆုံးသွားသည်ဆိုလျှင် ခွင့်လွှတ်ကောင်း ခွင့်လွှတ်ရနိုင်ပါသေးသည်။ ယခုကဖြင့် ယင်းသို့ မဟုတ်။ ထောက်လှမ်းရေးအချုပ်တွင် လူသတ်သမားတွေက အားရအောင် နှိပ်စက်ပြီး ကျောက်တော်မြို့ နယ်သို့  ခေါ်ယူသွားကာ တောစပ်တနေရာမှာ သတ်ပြီး မြေမြုပ်လိုက်သည်ဆိုသည်မှာ လက်ခံနိုင်စရာ အကြောင်း မရှိ ။
အားလုံးကို ခွင့်လွှတ်လိုက်ပါမည်ဟု စိတ်ထဲမှာ ကူး၍ ယခုဖြစ်စဉ်ကို ကြေအေးနိုင်စရာ တခုရှိပါသည်။ ယင်းမှာ ရက်စက်စွာသတ်ပြီး ဦးစံကျော်နှင့် ဦးဇေယျသာမိ အလောင်းကို မိသားစုအား သို့  မဟုတ် နယ်မြေခံ ဒေသက လူများအား ပြန်ပေးပါက လက်ခံနိုင်ပါသေးသည်။ ခုတော့ သူတို့ ကို သတ်ဖြတ်ပြီး အလောင်းကို ပြန်မပေး။ မည်သည့်နေရာမှာ သတ်ဖြတ်ခဲ့ သည်ကို ဒေသခံတို့ အား မပြောပြ ။ မိသားစုအား အကြောင်းမကြား ။ အကယ်၍ ဗုဒ္ဒဘာသာထုံးတမ်းစဉ်လာအရ သရဏဂုံတင်ကာ မြေမြုပ်သဂြိုလ်ခဲ့ သောနေရာ၌ အမျအတန်းဝေခွင့်ကို ရရှိသည်ဟုဆိုက ဇနီး နှင့် သားသမီးတို့  ကျန်ရစ်သူ မြေးမြစ်တွေက ခွင့်လွှတ်နိုင်ကြပါသေးသည်။ ယင်းသို့ ခွင့်လွှတ်နိုင်အောင် ခင်ညွန့် က တခုခု လုပ်ရမည်ဖြစ်သည် ။ ဥပဒေစကားအတိုင်း ပြောရလျှင် ထောက်လှမ်းရေး(၁၀ ) သည် သူတို့ ၏ ကြွင်းကျန်ရစ်သော အလာင်းအား ဖျောက်ပစ်ခြင်းဖြစ်သည်။ တရိစ္ဆာန်တကောင်လို သတ်ဖြတ်ပြီး လူသားနှစ်ဦးအား ယင်းသို့  ပြုမူဆောင်ရွက်ခြင်းကို မည်သည့် ယဉ်ကျေးသော လူသားဆန်သည့် ပုဂ္ဂိုလ်များက ပြုလုပ်မည် မထင် ။ ယခုမူ သူတို့ ၏အာဏာသက်ဆိုးရှည်ရေးအတွက် လက်ထပ်ခပ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်နှိပ်စက်ရဲသော ဗိုလ်ခင်ညွန့် ၏ တပည့်များသည် စင်စစ်အားဖြင့် သူ တို့ ဆရာအားကိုးကြောင်းသာဖြစ်သည်။
သို့ ဆိုလျှင် ရခိုင်ပြည်နယ် စစ်တွေမြို့ မှ ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့ သော ထောက်လှမ်းရေး(၁၀ )မှ ဗိုလ်နိုင်ဦး ၊ကိုထွန်းကြည်နှင့် ယင်းအချိန်က တာဝန်အရှိဆုံး ဗိုလ်ခင်ညွန့် မှာ ယခုအမှု၌ တာဝန်အရှိဆုံးဖြစ်သည်။ တိတိကျကျ ပြောရလျှင် ဗိုလ်ခင်ညွန့် သည် ယခုအမှုကို တာဝန်ယူဖြေရှင်းရမည်ဖြစ်သည်။ မည်သည့်အတွက်ကြောင့် ရက်စက်စွာသတ်ဖြတ်ပြီး အလောင်းဖျောက်ရသည်ကို စစ်ဆေးခံယူရမည်ဖြစ်သည်။ ခင်ညွန့် မှာ ယခုအချိန်တွင် လွပ်ငြိမ်းချမ်းသာခွင့်နှင့် လွပ်မြောက်လာပြီဖြစ်ရာ သာမန်ပြည်သူတဦးအနေလို ဘုရားတရားကိုင်းရှိုင်းသယောင် လုပ်နေ၍ မရ။ သို့ အတူ သမတဦးသိန်းစိန်အစိုးရကလည်း ယခုအမှုကို ရုံးတင် စစ်ဆေးရန် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ လွပ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်တုံးက အပြစ်ရှိလျှင် ခွင့်လွှတ်နိုင်သည်ဆိုသောစကားမှာ ဤအမှုကို ရောင်ပြန်ဟပ်စေသည်။ အကြောင်းမှာ ဤသို့  လူသတ် အလောင်းဖျောက်ခဲ့ သူမှာ မည်သို့ နည်းနှင့်မျ လွပ်ငြိမ်းချမ်းသာခွင့်ကို ခံစားရမည့်သူများ မဖြစ်နိုင် ။ သူတို့ ထောက်လှမ်းရေး (၁၀ ) မှ ပုဂ္ဂိုလ်များ နှင့် ဗိုလ်ခင်ညွန့် မှာ ယခုအမှုနှင့် ပတ်သက်၍ ထောင်ထဲသို့  ပြန်လည်သွားမှ ကျနော်တို့  ကြေအေးနိုင်မည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လူသတ်ကောင်ဖြစ်သောခင်ညွန့် ကို တရားဥပဒေမရှိဘဲ သမတဦးသိန်းစိန်အစိုးရက လက်ပိုက်ကြည့်နေသည်ဆိုလျှင် နောင်လည်း မြန်မာနိုင်ငံတွင် လူသတ်အလောင်းဖျောက်မှုများ မပေါ်ပေါက်နိုင်ဟု မည်သူကမှ အာမခံ၍ မရ ။ ထို့ ကြောင့် ခင်ညွန့် က အလောင်းဖျောက်ထားည်ကို ပြန်လည်ထုတ်ဖေါ်ပြီး မိသားစုအား မြေမြုပ်ထားသည့်နေရာအား ထုတ်ဖေါ်ပြသရန် ယခုအချိန်မှာ အထူး လိုအပ်နေသည်ဟု ပြောချင်သည်။

ခိုင်အောင်ကျော် ( နယူးယောက် )

Live Together with Wetland - Photo Exhibition ဖွင့်ပွဲအခမ်းအနားကို ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်(The Voice Weekly)

စာရေးဆရာ မျိုးကိုမျိုး ရေးသားသည့် (၈၈) နိုင်ငံရေး နောက်ခံ လုံးချင်းဝတ္တု " လမင်းဖြူရဲ့ ကောင်းကင်" စာအုပ်မိတ်ဆက်ပွဲ အခမ်းအနား မြင်ကွင်းဓာတ်ပုံများ(The Voice Weekly)

လွှတ်တော်ထဲ ရောက်ပါက မတရားဥပဒေ ဖျက်သိမ်းရေး NLD ကြိုးပမ်းမည်

ကိုပေါက် | သောကြာနေ့၊ ဇန်နဝါရီလ ၂၇ ရက် ၂၀၁၂ ခုနှစ် ၂၃ နာရီ ၄၅ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် လွှတ်တော်ထဲ ရောက်ပါက အများအကျိုး ထိခိုက်စေသည့် ဥပဒေများအား ဖျက်သိမ်းသွားမည်ဟု ပါတီနာယက ဦးတင်ဦးက ပြောသည်။

၁၉၉၈ ခုနှစ်က NLD ဦးဆောင်ပါဝင်ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP က ကြေညာထားသည့်အတိုင်း တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူလူထုအား ချုပ်ချယ်သည့်ဥပဒေများအား ဖျက်သိမ်းမည်ဟု NLD ဥပဒေရေးရာကော်မတီ ခေါင်းဆောင်လည်း ဖြစ်သည့် ဦးတင်ဦး က မဇ္ဈိမကို ပြောသည်။

“တစ် ၁၉၅၀ ခုနှစ်က အရေးပေါ်စီမံချက် ဥပဒေ၊ (၅) ည တို့ဘာတို့ပေါ့ဗျာ၊ အဲဒါကို ဖျက်သိမ်းမယ်။ ပထမဆုံးလုပ်မယ့် အလုပ်က အဲဒီဥပဒေကို ပယ်ဖျက်ဖို့။ နောက်ဒုတိယက သိပ်ပြီးတော့ ဆိုးဝါးတဲ့ တရားရုံးမတင်ဘဲ စစ်ဆေးပြီးတော့ ၅ နှစ်ကြာ ချုပ်ထားတဲ့ဟာပေါ့။ နိုင်ငံတော် နှောက်ယှက်သူများ ဘေးအန္တရာယ်မှ ကာကွယ်တဲ့ ဥပဒေပေါ့။ အဲဒါတွေကို ဖျက်ပစ်မယ်ဆိုတဲ့ သဘောထား ဒီနေ့အထိရှိတယ်။ ပြည်သူလူထုနဲ့ အများအကျိုး ထိခိုက်တဲ့ ဥပဒေတွေ အားလုံးကို ဖျက်ပစ်မယ်။ ပြင်မယ်” ဟု ပြောသည်။

ထို့ပြင် အင်္ဂလိပ် ကိုလိုနီအစိုးရက ပြဋ္ဌာန်းထားခဲ့ပြီး ခေတ်အဆက်ဆက် အုပ်ချုပ်သူများ ဆက်ခံကျင့်သုံးခဲ့ကြသည့် ဥပဒေများမှာလည်း ပြင်ဆင်မှု၊ ဖျက်သိမ်းမှုများ ပြုလုပ်ရန် လိုပြီဟု ဆိုသည်။

“ပြည်သူလူထုမှာ ထိခိုက်နစ်နာ ချုပ်ချယ်တာတွေ ဖြစ်တယ်။ ဒီဥစ္စာတွေက အင်္ဂလိပ် ကိုလိုနီလက်ထက်က ၁၈၉၀ လောက်က ရေးသွားတဲ့ ဥပဒေတွေဗျ။ ကျနော်တို့ မြန်မာနိုင်ငံတော်အတွက် တချို့အချက်တွေက မသင့်လျော်ဘူး” ဟု ပြောသည်။

၂၀၁၁ စက်တင်္ဘာလအတွင်းက ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် ဒုတိယအကြိမ် အစည်းအဝေးတွင် အတိုက်အခံပါတီတခုဖြစ်သည့် အမျိုးသားဒီမိုကရေစီပါတီသစ်မှ အဆိုပါဥပဒေပြင်ဆင်မှုနှင့်ပတ်သက်၍ အဆိုတင်သွင်းခဲ့ဖူးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က မဇ္ဈိမကို ပြောသည်။

“ကျနော်အနေနဲ့တော့  ပြီးခဲ့တဲ့ အပါတ်ကပဲ ၁၉၅၀ ပြည့်အရေးပေါ်စီမံချက် ဥပဒေရုတ်ပေးဖို့ တင်ခဲ့တယ်။ အကျဉ်းသား လွှတ်ပေးဖို့ တင်ခဲ့တယ်။ လွှတ်ငြိမ်းချမ်းသာခွင့် တင်ခဲ့တယ်။ ကျနော် အဲတုန်းက ၈ မဲပဲ ရတယ်” ဟု ၎င်း၏ အတွေ့အကြုံအား ပြန်ပြောင်း ပြောပြသည်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် အာဏာရ ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော် ကိုယ်စားလှယ်များ ပေါင်းပါက ၈၀ ရာခိုင်နှုန်းကျော် ရှိနေပြီး NLD အနေဖြင့် ပြည်ထောင်စု လွှတ်တော်အတွက် ယှဉ်ပြိုင်မှုအားလုံး အနိုင်ရပါက ၄၆ နေရာ ရရှိမည်ဖြစ်ကာ ရာခိုင်နှုန်းအားဖြင့် ၁၀ ရာခိုင်နှုန်းစွန်းစွန်း ရရှိမည်ဖြစ်သည်။

“ပြည်သူလူထုကို ဖိနှိပ်တဲ့ ဥပဒေ၊ ဒီမိုကရေစီ စံနှုန်းမပြည့်မှီတဲ့ ဥပဒေ၊ လူ့အခွင့်အရေးစံနဲ့ မကိုက်ညီတဲ့ဥပဒေကို ပယ်ဖျက်ဖို့၊ မူနဲ့ညီတဲ့အလုပ်တွေ အားလုံး ကျနော်ပူးပေါင်းလုပ်မှာပါ” ဟု ဦးသိန်းညွန့်က ပြောသည်။

လွှတ်တော်တွင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စနှင့်ပတ်သက်၍ ဦးသိန်းညွန့်တို့ပါတီအား NLD ဘက်မှ ပြောဆိုကမ်းလှမ်းမှု မရှိသေးကြောင်း သိရသည်။
http://www.mizzimaburmese.com/news/inside-burma/8937-----nld-.html

ကမ္ဘာ့စီးပွားရေး ထိပ်သီးညီလာခံမှ ဒေါ်အောင်ဆန်းစုကြည် ဗီဒီယို မိန့်ခွန်း





http://www.tarkeen.net/videos/viewvideo/105/news-a-politics/aung-san-suu-kyi-annual-meeting-2012-world-economic-forum.html



2012-01-26
ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေရဲ့ World Economic Forum ထိပ်သီးညီလာခံမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက် ဗီဒီယိုမိန့်ခွန်း ပြောကြားခဲ့ပါတယ်။


RFA
ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာ ကျင်းပနေသည့် ကမ္ဘာ့ခေါင်းဆောင်များနှင့် စီးပွားရေး လုပ်ငန်းရှင်ကြီး များ၏ World Economic Forum ထိပ်သီးညီလာခံတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက် ဗီဒီယို မိန့်ခွန်းပြောကြားနေစဉ်။

အဲဒီမိန့်ခွန်းမှာ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ စတင်နေပြီ ဖြစ်တဲ့အကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။ "မြန်မာနိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေး၊ တရားဥပဒေ စိုးမိုးရေးစတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ အဆင့်တချို့ကို ဖြတ်ကျော်ပြီးကြောင်း နောက်နှစ်လောက်မှာ စတင် ပြောနိုင်ပါလိမ့်မယ်။ ကြီးမားတဲ့ အပြောင်းအလဲ အဆင့်ကိုတော့ မရောက်သေးပါဘူး။ ဒါပေမယ့် အဲဒီလို အဆင့်ကို ရောက်ဖို့အတွက် အင်မတန် တန်ဖိုးရှိလှတဲ့ အခွင့်အရေးကို မိမိတို့အားလုံး ရထားပါပြီ" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် ဒီနှစ် ဒါဗို့စ်ညီလာခံမှာ မြန်မာအစိုးရ စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသိန်းလည်း တက်ရောက်တဲ့ အချက်ဟာ မြန်မာနိုင်ငံမှာ ပြောင်းလဲနေပြီ ဆိုတာကို မီးမောင်းထိုးပြ လိုက်တာပါလို့ ပြောဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း အလားတူ ဒါဗို့စ် ကမ္ဘာ့စီးပွားရေး ထိပ်သီးညီလာခံကို ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒီနှစ် ညီလာခံကို နိုင်ငံပေါင်း ၄၀ ၀န်းကျင်က နိုင်ငံခေါင်းဆောင်တွေနဲ့ ကမ္ဘာ့စီးပွားရေး ကုမ္ပဏီကြီးတွေက ကိုယ်စားလှယ်တွေ စုစုပေါင်း ၁၆၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။
http://www.rfa.org/burmese/news/assk-eco-forum-01262012210755.html

ရွှေဝါရောင် သံဃာများ ကျောင်းတိုက်က ပြန်ထွက်ပေးဖို့ ၀န်ခံလက်မှတ်ထိုးရ


2012-01-27
နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က ဆင့်ခေါ်ခြင်းခံရတဲ့ သံဃာတွေကို ဒီကနေ့ ဆုံးမ သြ၀ါဒပေးပြီး ၀င်ရောက် သီတင်းသုံးနေတဲ့ ကျောင်းတိုက်က ထွက်ခွာဖို့ ၀န်ခံ လက်မှတ်ထိုးခိုင်းတယ်လို့ လက်မှတ် ရေးထိုးခဲ့တဲ့ သံဃာတွေက အာအက်ဖ်အေကို မိန့်ပါတယ်။


RFA
အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော မဂ္ဂင်ကျောင်းဆရာတော် ဦးဣဿရိယ ကို ပျက်ဆီးနေဆဲ မဂ္ဂင်ကျောင်းတွင် တွေ့ရစဉ်။
သံဃာ့ မဟာနာယကအဖွဲ့က ဆင့်ခေါ်ခဲ့တဲ့ သံဃာငါးပါးဟာ ရွှေဝါရောင် လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ဇန်န၀ါရီလထဲမှာမှ အကျဉ်းထောင်တွေ ကနေ ပြန်လွတ်လာတဲ့ သံဃာတွေ ဖြစ်ကြပါတယ်။ ကျောင်းတိုက်များကို တရားမ၀င် ၀င်ရောက်မှုနဲ့ သံဃာတွေကို တိုင်းဒေသကြီးက တရားစွဲဖို့ ပြင်ဆင်ခဲ့ပြီး နိုင်ငံတော် သံဃာ့ နာယကအဖွဲ့က ဆင့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ အဆင့်ခေါ်ခံ သံဃာငါးပါး ကတော့ ၂၀၀၇ သံဃာ့ အရေးအခင်းရဲ့ ဦးဆောင် ဆရာတော်တစ်ပါး ဖြစ်တဲ့ အရှင်ဂမ္ဘီရ၊ ဦးဣဿရိယ၊ ဦးဝိသုဒ္ဓိ၊ ဦးပဏ္ဍ၀ံသနဲ့ သံလျှင် အောင်ဗောဓိကျောင်းက ဦးပညာသီဟတို့ပါ။ သံဃာတော်တွေထဲက အရှင်ဂမ္ဘီရနဲ့ ဦးဣဿရိယတို့ ခရီးလွန်နေတာကြောင့် ကြွရောက်နိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။ ရန်ကုန်မြို့ ကမ္ဘာအေး ဥတ္တရကုရု ကျောင်းဆောင်မှာ ဒီကနေ့ ဆရာတော်ကြီးများက သြ၀ါဒပေးပြီး နိုင်ငံတော် သံဃာ့ နာယကအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ တရားဝင် သိက္ခာထပ်ဖို့ မိန့်ကြားတယ်လို့ ဦးပညာသီဟက မိန့်ပါတယ်။ ဒါ့အပြင် ခွင့်ပြုချက်မရှိဘဲ ၀င်ရောက် နေထိုင်တဲ့ ကျောင်းတိုက်က ပြန်ထွက်ပေးဖို့ ၀န်ခံလက်မှတ် ထိုးခဲ့ရပါတယ်။ ဒီကိစ္စကို တိုင်းသံဃာ့ မဟာနာယကအဖွဲ့က ၁၀ ရက်အတွင်း ပြန်လည် ဆောင်ရွက်ပေးမယ်လို့ ဆရာတော်ကြီးများက ကတိပြုကြောင်း သိရပါတယ်။ ဦးပညာသီဟကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/meggin-monk-01272012102358.html

ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ နိုင်ငံရေးဆွေးနွေး





2012-01-27
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက ဒီကနေ့ ညနေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံပြီး ရှေ့ဆက်ရမယ့် နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ဆွေးနွေးပါတယ်။


RFA
ရှေ့ဆက်ရမည့် နိုင်ငံရေးလုပ်ငန်းစဉ်များကို ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်နှင့် လာရောက်တွေ့ဆုံကြသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းရှေ့တွင် တွေ့ရစဉ်။ (Photo courtesy of Messenger News Journal)
၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီ ကြားဖြတ် ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေး လမ်းကြောင်းကို ဝိုင်းရံ အားပေးသွားမှာ ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကိစ္စနဲ့ ရေရှည် နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ဆွေးနွေးဖြစ်တယ်လို့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက အာအက်ဖ်အေကို ပြောပါတယ်။ ညနေ ငါးနာရီခွဲမှာ စတင်ခဲ့တဲ့ ဒီကနေ့ တွေ့ဆွဲပွဲဟာ တစ်နာရီခွဲ ကြာပြီး ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမြအေးတို့က ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ ကိုယ်စား ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံတာပါ။ ပြီးခဲ့တဲ့ စနေနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအပြီး ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့က ထုတ်ပြန်တဲ့ အချက် ကိုးချက်ပါ ကြေညာချက်မှာ ပါတဲ့ အတိုင်း အစိုးရက လက်ရှိ ဆောင်ရွက်နေတဲ့ တိုင်းရင်းသား အပစ်ရပ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အမျိုးသား အင်အားစု အားလုံး လက်တွဲ ဆောင်ရွက်နိုင်မယ့်၊ ပိုမိုကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဖြစ်လာဖို့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ကြိုးပမ်းသွားမယ်လို့ ကိုကိုကြီးက ပြောပါတယ်။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးကို အာအက်ဖ်အေ ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။

အသံဖိုင်ယူရန်။

http://www.rfa.org/burmese/news/assk-88-leader-01272012105141.html


ဒီနေ့ထွက်သည့်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံ နှင့် နိုင်ငံရေးဝါဒသဘောတရားနှင့် လုပ်ငန်းစဉ်များ ။






BY Ah Bayah








After You



by Joe Steven on Friday, November 25, 2011 at 12:15am
ရှက်ရှက်နဲ့ ၀န်ခံပါရစေ။
ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးပါ။ လေဆိပ်ရဲ့ ဧည့်ခန်းမထဲမှာ မန္တလေးကိုသွားမယ့် လေယာဉ်ကို ကျွန်တော် စောင့်နေ ခဲ့တယ်။ ဧည့်ခန်းထဲမှာ နိုင်ငံပေါင်းစုံက နိုင်ငံခြားသားတွေ အများကြီးပဲ။ ဧည့်ခန်းထဲမှာ ရန်ကုန်မြို့တွင်းကို ဆက်တဲ့ အများသုံးတယ်လီဖုန်း တစ်ခု ရှိတယ်။ အဲဒီ့တယ်လီဖုန်းက တယ်လီဖုန်းဆက်ခ မပေးရပါဘူး။ အဲ့ဒီ တယ်လီဖုန်းကို ကောင်မလေးတစ်ယောက် ဆက်နေတယ်။ သူ့နောက်မှာလည်း တယ်လီဖုန်း ဆက်ဖို့ စောင့်နေတဲ့သူ လေး ငါးယောက်လောက်ရှိတယ်။ ကောင်မလေးကလည်း တယ်လီဖုန်းဆက်နေတာ ပြီးကိုမပြီးနိုင်ဘူး။ မိနစ် ၂၀လောက်ကြာမှ နောက်တစ်ယောက်အလှည့် ရောက်တော့တယ်။ အဲ့ဒီ တစ်ယောက်ကလည်း ဖုန်းပြောလိုက်တာအကြာကြီးပဲ။

ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ နိုင်ငံခြားသားတစ်ယောက်က အဲ့ဒီအဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေပုံရတယ်။ ကျွန်တော့်စိတ်ထဲမှာ ဖုန်းပြော နေတဲ့လူတွေကိုကြည့်ပြီး
“အားနာမှုမရှိလိုက်ကြတာ”လို့ ခံစားရတယ်။

ဒီလိုနဲ့ မန္တလေးကိုသွားမယ့်လေယာဉ် ရောက်လာပါတယ်။ လေယာဉ်ပေါ်ကိုတက်ဖို့ “စပီကာ”က  ကြေညာပါတယ်။ မန္တလေးကို သွားမယ့်ခရီးသည်တွေ အားလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြတယ်။ လေယာဉ်ပေါ်ကို သွားဖို့ ဘတ်(စ်)ကားတစ်စီး ထိုးဆိုက်လာတယ်။ အဲ့ဒီကားနဲ့ လေယာဉ်ဆီကို လေယာဉ်စီး ခရီးသည် တွေသယ်ဆောင်မှာဖြစ်တယ်။ လူတွေဟာ ဘတ်(စ်)ကားပေါ်ကို အလုအယက်ပဲ တိုးဝှေ့တက်ကြတယ်။ နိုင်ငံခြားသားတွေက အေးအေးဆေးဆေးပါပဲ။ တိုးဝှေ့တက်တဲ့အထဲမှာ ကျွန်တော်လည်းပါတယ်။ ဒီလိုနဲ့လေယာဉ်ဆီကို ကျွန်တော် ရောက်သွားတယ်။ လေယာဉ်ပျံရဲ့ နောက်အနားအပေါက်က ကျွန်တော် တို့တက်ရတယ်။ ဒီလိုပါပဲ... လေယာဉ်ပေါ်ကို တိုးဝှေ့ပြီးတက်လိုက်တယ်။ ကိုယ့်ထိုင်ခုံနဲ့ ကိုယ်ဆိုပေမယ့် ဘာကြောင့်များ တိုးဝှေ့တက်ခဲ့မှန်း ကိုယ့်ကိုယ် ကိုယ် မစဉ်းစားမိဘူး။ တိုးတာ၊ ဝှေ့တာ၊ တွန်းတာ၊ တိုက်တာ အကျင့်ပါနေလို့ပဲဖြစ်မယ်။

ဖြစ်ချင်တော့ ကျွန်တော့်ဘေးကထိုင်ခုံမှာ နိုင်ငံခြားသားတစ်ယောက် လာထိုင်တယ်။ ဧည့်ခန်းထဲမှာ တွေ့ခဲ့တဲ့သူပါ။ သူဟာ အေးဆေးတည်ငြိမ်စွာပဲ စာအုပ်တစ်အုပ်ကိုဖတ်နေတယ်။ လေယာဉ်တက်ပြီးလို့ (၁၀)မိနစ်လောက်အကြာမှာ လေယာဉ်မယ်လေးတွေက လက်တွန်းလှည်းလေးတွေကိုတွန်းပြီး အစား အသောက်လာကျွေးပါတယ်။ အပူလား။ အအေးလား။ ကြိုက်ရာသုံးဆောင်လို့ရတယ်။ဖော့ဘူးလေးနဲ့ အသားညှပ် ပေါင်မုန့်တစ်လုံးစီ လိုက်ပြီးဝေတယ်။
ကျွန်တော့်ရဲ့ထိုင်ခုံက အတွင်းဘက်မှာပါ။ အစားအသောက်လာပြီးပေးတဲ့ လေယာဉ်မယ်လေးတွေက တစ်တန်းပြီးတစ်တန်း၊ တစ်ခုံပြီးတစ်ခုံ စနစ်တကျ ပေးဝေပါတယ်။ ကျွန်တော့်ရဲ့ ခုံအနားလည်းရောက်ရော ကျွန်တော်က ကော်ဖီတစ်ခွက်ကို လှမ်းယူလိုက်တယ်။ အသားညှပ်ဖော့ဘူးတစ်ဘူးကို လှမ်းယူလိုက် တယ်။ တကယ်တော့ အဲ့ဒီနိုင်ငံခြားသားက လူသွားလမ်းရဲ့ဘေးမှာ နေရာယူထားသူ။ သူက အရင်ယူရမှာ။ ကျွန်တော်က အတွင်းဖက်ကခုံမှာ ထိုင်တဲ့သူ။ ကျွန်တော်က နောက်မှယူရမှာ။ ဒါပေမယ် ကျွန်တော်က အရင် လက်ကိုလှမ်းလိုက်တယ်။ အဲ့ဒီအချိန်မှာ နိုင်ငံခြားသားက စကားတစ်ခွန်းပြောတယ်။

“After you” 
အဲ့ဒီစကားကိုကြားကြားချင်း ကျွန်တော် နားမလည်ပါဘူး။ အစာစားရင်း ကျွန်တော်စဉ်းစားမိတယ်။

“After you” တဲ့။

After ဆိုတာ... ပြီးနောက်။

you ဆိုတာ... သင်၊ မင်း၊ နင်၊ ရှင်။

ဒီတော့... “After you” ဆိုတာ “မင်းပြီးမှ”လို့ အဓိပ္ပာယ်ရတယ်။ “မင်းကို ဦးစားပေး”ပါတယ်။ “မင်းအရင်လုပ်”ပါ။ ဒီလို သဘောဆောင်တဲ့ အင်္ဂလိပ်ခေတ်ပေါ် စကားတစ်ခုပါ။
 ကျွန်တော် တွေးရင်းနဲ့ ရှက်လာတယ်။

ကျွန်တော်ဟာ  “After me” သမားပဲ။

ကျွန်တော်ဟာ မီးရထားလက်မှတ်တန်းစီရင်လည်း ငါရဖို့...။

ဘတ်(စ်)ကားစီးရင်လည်း ငါအရင်တက်ဖို့။ ငါ အရင်နေရာရဖို့။

ကားမောင်းရင်လည်း လမ်းဆုံမှာ ငါ အရင်ကူးဖို့။ ငါ အရင်ဖြတ်ဖို့။

လမ်းကူးရင်လည်း ငါ အရင် ဟိုဘက်ရောက်ဖို့...။

အလုပ်လျှောက်ရင်လည်း ငါ အလုပ်အရင်ရဖို့...။
ငါအဆင်ပြေဖို့...။

“After me”....

“After me”....

“After me”....
ငါပြီးမှ မင်း...။ ငါအရင်...။ ငါ့ကို ဦးစားပေး။

တွေးရင်း တွေးရင်နဲ့ ကျွန်တော် အရမ်းရှက်လာမိတယ်။

ဒီအကြောင်းကို အိမ်ရောက်တော့ အဖေနဲ့အမေကို ပြောပြမိတယ်။ အမေပြောတဲ့စကားဟာ မှတ်သားလောက်ပါတယ်။

“After you” ဆိုတဲ့ စိတ်ဟာ လူကြီးလူကောင်းစိတ်ပဲ။ အိမ်မှာ ထမင်းဟင်းကို အမေကချက်တယ်။ အမေချက်ထားတဲ့ ထမင်း၊ ဟင်းကို အမေ အရင်မစား ဘူး။ သားသမီးတွေကို အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ ဒီလိုပဲ... မင်းအဖေဟာလည်း သူရှာလို့ရတဲ့ ငွေကြေးကို သူအရင်မသုံးဘူး။ သားသမီးတွေ ကို အရင်ပေးတယ်။ အရင်ကျွေးတယ်။ “After you” ပေါ့ကွယ်။ မင်းဟာလည်း မင်းညီတွေ၊ ညီမတွေနဲ့ ပတ်သက်ရင် “After you” လုပ်ရမှာပဲ။ ဒီလိုပဲ မင်းဟာ ဆရာတစ်ယောက်ဆိုတော့ တပည့်တွေနဲ့ တွေ့ရင် တပည့်တွေကို “After you” လုပ်ရမယ်။ “After you” ဆိုတာ ဦးစားပေးခြင်းသဘောအပြင် စာနာခြင်း၊ နားလည်ပေးခြင်းတွေ ပါနေတယ်။ မေတ္တာတရားတွေ ပါနေတယ်။ အတ္တနည်းခြင်းသဘောတွေ ပါဝင်နေတယ်။

အဖေက ၀င်ပြောတယ်။

“After me” ဆိုတာ အများအားဖြင့် လူငယ်တွေမှာ ဖြစ်တတ်ကြတယ်။ ကလေးတွေမှာ ဖြစ်တတ်ကြတယ်။ “After me” ဆိုတဲ့ စိတ်ရှိနေတဲ့သူဟာ လူကြီး မဖြစ်သေးဘူး။ စိတ်အရွယ်မရောက်ခြင်းရဲ့  မှတ်သင်္ကေတဟာ “After me” ပဲ။ “ အသက်တွေကြီးလေလေ တပ်မက်မှုတွေ နည်းလေလေ” ဖြစ်ရမှာ။ “အသက်တွေကြီးလေလေ တပ်မက်မှုတွေများလေလေ” ဆိုရင် ဒါဟာ တော်တော်ရှက်စရာကောင်းတဲ့ “After me” ပဲ။ “After me” ဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တတွေ ရင်ထဲမှာ အများကြီးရှိနေခြင်းကို ဖော်ပြလိုက်ခြင်းပဲ။ “After me” သမားဟာာ မိဘဆိုရင်လည်း မိဘ မပီသတဲ့သူပေါ့။ ဆရာဆိုရင်လည်း ဆရာမပီသတဲ့သူပေါ့။ သူငယ်ချင်းဆိုရင်လည်း သူငယ်ချင်း မပီသတဲ့သူပေါ့။ မိတ်ဆွေဆိုရင်လည်း မိတ်ဆွေ မပီသတဲ့သူပေါ့။ ဒါကြောင့် လူကြီးလူကောင်း ဖြစ်ချင်ရင် “After me” ကိုလျှော့။ “After you” ဖြစ်အောင် ကြိုးစားပေါ့ သားရယ်။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ “After me” သမားတွေနည်းလာပြီး “After you” သမားတွေ များလာရင်တော့ အရမ်းပျော်စရာကောင်းမှာပဲနော်။

သူကလည်း ကိုယ့်အပေါ် “After you”

ကိုယ်ကလည်း သူ့အပေါ် “After you”

မိဘကလည်း သားသမီးအပေါ် “After you”

သားသမီးကလည်း မိဘအပေါ် “After you

လူကြီးတွေကလည်း လူငယ်တွေအပေါ် “After you”

လူငယ်တွေကလည်း လူကြီးတွေအပေါ် “After you”

ဆရာကလည်း တပည့်အပေါ် “After you”

တပည့်ကလည်း ဆရာ့အပေါ် “After you”

အပြန်အလှန် “After you” ဆိုတဲ့....

ဝန်းကျင်တစ်ခုကို ကျွန်တော်တို့ ထူထောင်ကြရအောင်ဗျာ။

ဦးဘုန်း(ဓာတု)
မန္တလေး