Tuesday, January 31, 2012

မွေးစားချင်နေလား.....


ပြီးခဲ့သည့်တနှစ်ကစင်္ကာပူမှတဆင့်ကနေဒါတိုရန်တိုမြို့ သို့ အခြေချနေထိုင်လာသောမိသားစုတစုရှိခဲ့သည်။ ၄င်းတို့ မိသားစုတွင်
သားသမီးနှစ်ဦးအပြင်မွေးစားထားသောမိန်းကလေးငယ်တဦးလည်းပါရှိသည်။ပြီးခဲ့သည့်အပတ်ကမြန်မာမိတ်ဆွေတဦးသွားရောက်
လည်ပတ်ရာမှအဆိုပါမွေးစားမိန်းကလေးမှာကလေးသူငယ်အခွင့်အရေးများဆုံးရှုံးနေသည်ကိုတွေ့ ရှိရသဖြင့်၊ရဲကိုအကြောင်ကြား ခဲ့သည်။မြန်မာစကားပြန်နှင့်အတူရဲကရှောင်တခင်ဝင်ရောက်စီးနင်းခဲ့သည်။မွေးစားမိခင်ကအဆိုပါမိန်းကလေးအား'သူတို့ မေးတာ
ကောင်းကောင်းဖြေ"ဟုပြောနေရာရဲအရာရှိကမြန်မာစကားပြန်အားသူဘာပြောလိုက်တာလည်းဟုချက်ချင်းမေးခွန်းထုတ်ခဲ့သည်။

ကျောင်းဖွင့်ရာသီဖြစ်သော်လည်းအဆိုပါမိန်းကလေးမှာကျောင်းတက်ခွင့်မရရှိပေ။ဆောင်းရာသီဖြစ်သော်လည်းမိန်းကလေးအတွက်
အပြင်သွားလျှင်ဝတ်ရန်အနွေးထည်လည်းမရှိဟုရဲအရာရှိကပြောသည်။ယခုအခါအဆိုပါမိန်းကလေးငယ်ကိုအစိုးရမှပြောင်းလွှဲစောင့်
ရှောက်ထားရှိပြီးအမှုဖွင့်အရေးယူထားသော်လည်းအိမ်ထောင်ဦးစီးအမျိုးသားမှာတိမ်းရှောင်နေကြောင်းသိရသည်။

ကနေဒါတွင်ကလေးမွေးစားခွင့်ရှိသည်။အစိုးရမှဝင်ငွေ၊နေထိုင်ရန်အခြေအနေနှင့်စောင့်ရှောက်မှုများပြည့်စုံသည်ဟုယူဆမှမွေးစားခွင့်
လိုင်စင်ချထားပေးသည်။အိမ်တွင်းခိုင်းစေရန်မွေးစားခွင့်မပြုပါ။

မြန်မာနိုင်ငံတွင်လည်းကြုံဖူးတွေ့ ဖူးသည်။အစိုးရအစီအစဉ်ဖြင့်နယ်စပ်တိုင်းရင်းသားဒေသမှကလေးငယ်များကိုရန်ကုန်တွင်ကျောင်း
ထားပေးမည်ဆိုလျှင်မွေးစားခွင့်ရသည်။ကျောင်းတက်ချိန်မှလွဲပြီးကျန်အချိန်များတွင်အိမ်ကိစ္စ၊ဆိုင်ကိစ္စများမနားတန်းကျောင်းထားပေးတာနဲ့ တန်အောင်ခိုင်းတာတွေ့ ရသည်။

လိုအပ်ချက်အရမိမိအိမ်တွင်အသက်ပြည့်ပြီးသူအခကြေးငွေဖြင့်ဝင်ဆောင်မှုပေးသောအိမ်ထိန်းများငှားရမ်းနိုင်ပါသည်။ကျောင်းတက်
ရမည့်အရွယ်ကလေးငယ်များးအားမိမိရင်သွေးသဖွယ်သဘောမထားနိုင်ပဲအိမ်တွင်ခိုင်းစေရန်မွေးစားခြင်းမပြုသင့်ကြောင်းပါ။


“ဆီကိုရေချိုး ဆေးရိုးမီးလှုံ” တိုင်းပြည်ကြီးဆို...။

Aungmyo Tun facebook
သေစမ်း....။ ကျုပ်တို့  ရွှေနိုင်ငံရွှေပြည်ကြီးရဲ့  ပေးဆပ်ရန် တင်ရှိနေတဲ့ နိုင်ငံခြားကြွေးမြီပမာဏက နည်းနည်းလွန်းလွန်းမှ မဟုတ်ပါလားဗျို့ ...။ ၈၈ ခုနှစ် မတိုင်မီ တစ်ပါတီ ဗိုလ်နေ၀င်းလက်ထက်မှာ ဒေါ်လာသန်းပေါင်း ၈၄၀၀ ကျော်၊ ဗိုလ်သန်းရွှေ စစ်အာဏာရှင် အုပ်ချုပ်မှုအောက်မှာ ဒေါ်လာသန်းပေါင်း ၂၈၀၀ ကျော်၊ စုစုပေါင်း ကြွေးမြီ ဒေါ်လာသန်းပေါင်း ၁၂၀၀၀ နီးပါးတဲ့ဗျာ...။ ကျုပ်တို့ ပြည်တွေဘ၀... ဆင်းရဲစုတ်ပြတ် မွဲတေပြာကျ၊ ဘာခံစားမှု ဘာအခွင့်အရေးမှ မရ၊ လူပီပီသသ လူလိုသူလို နေထိုင်ရှင်သန်သေဆုံးနိုင်ခွင့် မရှိရတဲ့ ကြားထဲ နေရင်းထိုင်ရင်း တစ်ယောက်ကို ဒေါ်လာ (၂၀၀) စီ အကြွေးတင်နေပြီဗျို့ ။ ကြွေးတင် ရှင်ဘုရင်ဆပ် ဘဲ ကြားဖူးပါတယ်၊ ခုတော့ဗျာ.. “တောက်” ။ ငါတကောကော လုပ်ချင်ရာလုပ်သွားတဲ့ အာဏာရှင် သေချင်းဆိုးတွေရဲ့  ကြွေးတွေကို ရွေးကောက်ခံပြည်သူ့ ကိုယ်စားလှယ်တွေက ကျုပ်တို့ ကို ဆပ်ခိုင်းဖို့  ပြင်ဆင်နေပြီပေါ့။ မီးဖွားခန်းတွေထဲက ပြွတ်ခနဲ ထွက်လာတဲ့ “အူဝဲ” အော်သံနဲ့  ပိစိကွေးလေးတွေခမျာလည်း လောကကြီး ဘာမှန်းမသိခင်ကတည်းက ဒေါ်လာ (၂၀၀) ကြွေးပူမိနေတဲ့ ကလေးတွေပါလား။ “ဆီကိုရေချိုး ဆေးရိုးမီးလှုံ” တိုင်းပြည်ကြီးဆို...။ အဲဒီ့ ဆေးတွေ ဆီတွေ ဘယ်နေရာရောက်သွားတာလဲ... ဖြေကြစမ်းပါဗျာ။


ပညာ​ရေး​နှင့်​ ကျန်း​မာ​ရေး​ဆိုင်ရာ အသုံး​စရိတ်များ​ တိုး​မြှင့်
Published on January 31, 2012 by အံ့ဘုန်းမြတ်

လာမယ့်​ ဘဏ္ဍာ​ရေး​နှစ်အတွက် ပညာ​ရေး​ အသုံး​စရိတ်ကို ၂ ဆနဲ့​ ကျန်း​မာ​ရေး​ဆိုင်ရာ အသုံး​စရိတ်ကို ၄ ဆ တိုး​မြှင့်​သုံး​စွဲဖို့​ အစိုး​ရက လွှတ်​တော်ကို တင်သွင်း​လိုက်ပါတယ်။

ဒီက​နေ့​ပြုလုပ်တဲ့​ ပထမအကြိမ် ပြည်​ထောင်စုလွှတ်​တော် အစည်း​အ​ဝေး​ တတိယပုံမှန် အစည်း​အ​ဝေး​မှာ အမျိုး​သား​စီမံကိန်း​နှင့်​ စီး​ပွား​ရေး​ဖွံ့​ဖြိုး​တိုး​တက်မှု ဝန်ကြီး​ဌာနနဲ့​ ဘဏ္ဍာအခွန်ဝန်ကြီး​ဌာန​တွေက ၂၀၁၂-၂၀၁၃ ဘဏ္ဍာ​ရေး​နှစ်အတွက် ဘဏ္ဍာ​ငွေခွဲ​ဝေသုံး​စွဲ​ရေး​ ဥပ​ဒေမူကြမ်း​မှာ အခုလို တိုး​မြှင့်​တင်သွင်း​လိုက်တာပါ။

အရင်က အမျိုး​သား​ဝင်​ငွေ (GDP) ရဲ့​ ၁.၃ ရာခိုင်နှုန်း​လောက်ရရှိတဲ့​ ကျန်း​မာ​ရေး​ ကဏ္ဍအတွက် ၅.၂ ရာခိုင်နှုန်း​လောက်အထိ၊​ အရင်က GDP ရဲ့​ ၄.၁၃ ရာခိုင်နှုန်း​ ရရှိတဲ့​ ပညာ​ရေး​ကဏ္ဍအတွက် ၈.၂၆ ရာခိုင်နှုန်း​ကျော်​လောက် အထိ ရရှိလာမှာ ဖြစ်ပါတယ်။

ဒီလို ရာခိုင်နှုန်း​အား​ဖြင့်​ တိုး​ပြီး​ရရှိလာမယ့်​ ​ငွေပမာဏ ကိန်း​ဂဏန်း​တွေကို​တော့​ အတိအကျ မသိရ​သေး​ပါဘူး​။

ဒီလိုတိုး​မြှင့်​ သတ်မှတ်​ပေး​လိုက်တာနဲ့​ ပတ်သက်ပြီး​ ပြည်​ထောင်စု လွှတ်​တော်မှာ ထပ်မံ​ဆွေး​နွေး​ အတည်ပြုဖို့​ ရှိ​နေ​သေး​တယ်လို့​ အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ် ဦး​ဘုန်း​မြင့်​အောင်က ​ပြောပြပါတယ်။

“၂၀၁၂ နဲ့​ ၂၀၁၃ မှာ ကျ​နော်တို့​ ပညာ​ရေး​ အသုံး​စရိတ်ကို​တော့​ လာမယ့်​နှစ် ဘတ်ဂျက်ကို ပြီး​ခဲ့​တဲ့​နှစ် ဘတ်ဂျက်ထက် ၂ ဆ တိုး​သုံး​ပါမယ်တဲ့​။ ကျန်း​မာ​ရေး​ကိုလည်း​ ပြီး​ခဲ့​တဲ့​နှစ် ဘတ်ဂျက်ထက် ၄ ဆ တိုး​သုံး​ပါမယ်။ အခုက စီမံကိန်း​နဲ့​ ဘတ်ဂျက်​တော့​ ချပြပြီဆို​တော့​ ​နောက်ထပ် ဝန်ကြီး​ဌာန​တွေ တိုင်း​နဲ့​ပြည်နယ်ဝန်ကြီး​ချုပ်​တွေ ​ပြောလို့​ရှိရင် ​ဆွေး​နွေး​ချင်တဲ့​အ​ကြောင်း​နဲ့​ ​ဆွေး​နွေး​ချင်တဲ့​ ဝန်ကြီး​ဌာနနဲ့​ တိုင်း​နဲ့​ပြည်နယ် အစိုး​ရ​တွေက ​ခေါင်း​ချင်း​တိုက်ပြီး​တော့​ ​မေး​တာ​ပေါ့​။ ​ဆွေး​နွေး​ချင်တဲ့​ အစိုး​ရ ဝန်ကြီး​ဌာနနဲ့​ ကိုယ်​ဆွေး​နွေး​ချင်တဲ့​ အ​ကြောင်း​အရာကို​တော့​ ​ရှေ့​အပတ်ထဲမှာ စာရင်း​တွေ ​သေချာ ​ပေး​ထား​ပေါ့​ဗျာ။”

ဒီလို တိုး​မြှင့်​သတ်မှတ်ဖို့​ လျာထား​လိုက်တဲ့​အထဲမှာ​တော့​ အရင်က GDP ရဲ့​ ၂၃.၆ ရာခိုင်နှုန်း​ သုံး​စွဲ​နေတဲ့​ ကာကွယ်​ရေး​ ကဏ္ဍအတွက်ကိုလည်း​ ၁.၅ ရာခိုင်နှုန်း​ ထက်မံတိုး​မြှင့်​လိုက်တဲ့​အတွက် ၂၅.၁ ရခိုင်နှုန်း​လောက်အထိ ရရှိလာမှာ ဖြစ်ပါတယ်။

ဒီလိုတိုး​မြှင့်​သတ်မှတ်ရတဲ့​ အ​ပေါ်ကိုလည်း​ ဘဏ္ဍာ​ရေး​ဝန်ကြီး​က အိမ်နီး​နိုင်ငံ​တွေနဲ့​ နိုင်း​ယှဉ်ရင် ကာကွယ်​ရေး​အသုံး​စရိတ်ဟာ နည်း​ပါး​နေ​ကြောင်း​ လွှတ်​တော်အတွင်း​မှာ ​ပြောကြား​ခဲ့​တယ်လို့​ ဦး​ဘုန်း​မြင့်​အောင်က ဆိုပါတယ်။

“ကျ​နော်တို့​ နိုင်ငံရဲ့​ ကာကွယ်​ရေး​ အသုံး​စရိတ်က အ​မေရိကန် ​ဒေါ်လာနဲ့​ တွက်ကြည့်​လို့​ရှိရင် ဘီလီယံ နှစ်​ထောင်​ကျော်​လောက် ကျပါတယ်။ သူက​တော့​ ဘာကို ယှဉ်ပြလဲဆို​တော့​ စင်ကာပူမှာဆိုရင် ဘီလီယံ ရှစ်​ထောင်​ကျော် ရှိတယ်။ ထိုင်း​က ဘီလီလျံ ငါး​ထောင်​ကျော် ရှိတယ်။ ကျန်တဲ့​ အင်ဒို၊​ မ​လေး​၊​ ဗီယက်နမ်​ပေါ့​ အာဆီယံနိုင်ငံ​တွေမှာ ကျ​နော်တို့​ နိုင်ငံထက် ကာကွယ်​ရေး​ အသုံး​စရိတ်များ​တဲ့​ နိုင်ငံ​တွေကို ​ထောက်ပြတာ​ပေါ့​။ အမှန်က​တော့​ အခွန်ဝန်ကြီး​က​တော့​ ဒီ ကာကွယ်​ရေး​စရိတ်ကို အာဆီယံနိုင်ငံ​တွေမှာ မများ​ဘူး​ဆိုတဲ့​ သ​ဘောမျိုး​ ရှု​ထောင့်​က​နေ သူကပြတာဗျာ။ ဒါ​ပေမယ့်​ ကျ​နော်တို့​ ကိုယ်စား​လှယ်​တွေ ​ပြောတာက ထိုင်း​ထက် တဝက်သာသာ နည်း​တယ်ဆို​ပေမယ့်​ ကျ​နော်တို့​နိုင်ငံရဲ့​ ဝင်​ငွေထက် ထိုင်း​နိုင်ငံရဲ့​ ဝင်​ငွေက ဘယ်နှဆ​လောက် ရှိတယ်ဆိုတာ သူက ယှဉ်မပြနိုင်​သေး​ဘူး​။”

ဒါ့​အပြင် မြန်မာနိုင်ငံမှာ တင်​နေတဲ့​ နိုင်ငံတကာရဲ့​ ​ချေး​ငွေ​တွေနဲ့​ ပတ်သက်ပြီး​တော့​လည်း​ ၁၉၈၈ ခုနှစ်မတိုင်က ​ချေး​ငွေဟာ အ​မေရိကန် ​ဒေါ်လာ ၈.၄ ဘီလီယံရှိပြီး​ ၁၉၈၈ က​နေ ပြီး​ခဲ့​တဲ့​ အစိုး​ရ လက်ထက်အထိ ၂.၆ ဘီလီယံ​ကျော် ရှိခဲ့​တာ​ကြောင့်​ စုစု​ပေါင်း​ အ​ကြွေး​ဟာ အ​မေရိကန် ​ဒေါ်လာ ၁၁ ဘီလီယံ နီး​ပါး​လောက် ရှိ​နေတယ်လို့​လည်း​ ဘဏ္ဍာအခွန်ဝန်ကြီး​က ​ပြောကြား​ခဲ့​ပါတယ်။

တိုင်း​ပြည်ရဲ့​ အရန်​ငွေက​တော့​ အ​မေရိကန်​ဒေါ်လာ ၇ ဘီလျံ​လောက် ရှိ​နေတယ်လို့​လည်း​ ဝန်ကြီး​က ​ပြောကြား​ခဲ့​ပါတယ်။

ဒီက​နေ့​ လွှတ်​တော် အစည်း​အ​ဝေး​မှာ ပြည်​ထောင်စုဝန်ကြီး​ ဦး​ကျော်စွာခိုင် ရာထူး​မှ အနား​ယူတာကို သမ္မတက ခွင့်​ပြု​ကြောင်း​နဲ့​ တနင်္လာရီတိုင်း​ဒေသကြီး​ အစိုး​ရ ဝန်ကြီး​ချုပ် ဦး​ခင်​ဇော်အစား​ ဦး​မြတ်ကို ကို ​ပြောင်း​လဲ တာဝန်​ပေး​တာ​တွေကို ပြုလုပ်ခဲ့​ပါတယ်။
http://burmese.dvb.no/archives/20619

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ တခြား နိုင်ငံရေး အကျဉ်းသားဟောင်းများ တွေ့ဆုံပွဲ အခမ်းအနား



Linaung Pyae & Thanthar Win's facebook














အချင်းချင်း ရိုင်းပင်းကူညီဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ တွေ့ဆုံ
2012-01-31
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ တခြား နိုင်ငံရေး အကျဉ်းသားဟောင်းများ တွေ့ဆုံပွဲ အခမ်းအနားကို ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့ စိမ်းလန်းစိုပြည် စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။
ဒီပွဲကို အမေရိကန်စင်တာမှာ အင်္ဂလိပ် စာသင်ယူနေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ဦးဆောင် စီစဉ်တာပါ။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေအတွက် အနာဂတ်ဘ၀ ထူထောင်ရေးနဲ့ပတ်သက်လို့ အချင်းချင်း ကူညီ အားပေးနိုင်အောင် အခုလို တွေ့ဆုံပွဲ လုပ်တာလို့ ဒီပွဲကို စီစဉ်သူတစ်ဦးဖြစ်တဲ့ အမေရိကန်စင်တာမှာ ပညာသင်ယူနေသူ နိုင်ငံရေး အကျဉ်းသူဟောင်း မဇင်မာအောင်က ပြောပါတယ်။ ပြန်လွတ်လာစမှာ မိသားစု အပါအဝင် အသိုင်းအဝိုင်းနဲ့ အစပ်အဟပ်မတည့်တာတွေ ကြုံတတ်ကြပြီး ဖြတ်သန်းမှုတူတဲ့ လွတ်လာသူ အချင်းချင်း ရင်ဖွင့်ပြောဆိုတဲ့အခါ နားလည်မှုရှိလို့ ပိုအဆင်ပြေကြောင်း ပြောပါတယ်။ တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကတော့ စစ်အာဏာရှင်စနစ်ကြောင့် နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ ဘ၀တွေ ပျက်ခဲ့ရတယ်လို့ ပြောပါတယ်။ “တစ်ယောက်နဲ့ တစ်ယောက် အရင်ဆုံး လိပ်စာတွေ ဖလှယ်ကြမယ်ဗျာ။ တစ်ယောက် လိုအပ်ချက်တွေ တစ်ယောက် ကြည့်ကြမယ်။ သူ့ကွက်လပ်ကို ကိုယ်ဖြည့်နိုင်ရင်လည်း ဖြည့်၊ ကိုယ့်ကွက်လပ်ကို သူဖြည့်နိုင်ရင်လည်း ဖြည့်ပေါ့။ ကျွန်တော်တို့က ကွက်လပ်တွေကို အရင်ဆုံး ရှင်းပြကြရမှာပဲ။ ပြီးရင် ကိုယ်ဖြည့်နိုင်တဲ့ အပိုင်းကို ဖြည့်ကြမယ်။ နောက်တစ်ခါကျတော့ ဘဝတွေ အတူတွဲပြီးတော့ ပြန်လည် တည်ဆောက်နိုင်ဖို့ ကျွန်တော်တို့ တိုင်ပင်ကြရပါလိမ့်မယ်” ဒီတွေ့ဆုံပွဲကို ကိုမင်းကိုနိုင်၊ ကိုကိုကြီးအပါအ၀င် တခြား ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ၊ ကျောင်းသား သမဂ္ဂခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်။ ဒီကနေ့ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/88-student-prinsoner-01312012120408.html

ABSDF မြောက်ပိုင်းတွင်ဖမ်းဆီးထားခြင်းခံထားရသောစပိုင်များနှင့်ပတ်သက်ပြီး ABSDF ဥက္ကဌဒေါက်တာနိုင်အောင်၏ထုတ်ပြန်ကြေငြာချက်



ကျနော်ကချင်ဒေသကိုသွားရောက်ပြီးတစ်လအကြာမှာ ရက်စက်ကြမ်းကြုတ်တဲ့စစ်အစိုးရအပေါ်ယခင်ကထက်ကိုပိုပြီးခါးသီးစွာခံစားခဲ့ရပါတယ်၊ ကျနော်အဖမ်းဆီးခံနေရသူများရဲ့ပြောကြားထွက်ဆိုချက်အားလုံးကိုသဘောထားရိုးစွာဖတ်ရှု့နားထောင်ခဲ့ပါတယ်၊အထူးသဖြင့်မြန် မာနိုင်ငံအမျိုးသားထောက်လှမ်းရေးအဖွဲ့(NIB)ဟာ ငြိမ်ဝပ်ပိပြားရေးအဖွဲ့(SLORC)ရဲ့ဖိနှိပ်ရေးယန္တယားတစ်ခုဖြစ်နေယုံမျှမကရှစ်လေး
လုံးပြည်သူအုံကြွမှုကိုလည်းမင်းမဲ့စရိုက်ဖြစ်လာအောင်လုပ်ဆောင်ခဲ့မတွေအတွက်လည်းတာဝန်ရှိခဲ့ပါတယ်၊သူတို့ဟာစနစ်ကျခိုင်မာတဲ့စီမံချက်နဲ့အတူမိမိတို့အတိုက်အခံအင်အားစုတွေအတွင်းကိုထိုးဖေါက်ဝင်ရောက်ပြီးညီညွတ်ရေးကိုဖြိုခွဲကာလက်ဦးမှုကိုရယူသွားရန်ဖြစ်တယ်၊သူတွေဟာလူတွေကိုသတင်းပေးသမား၊ထောက်လှမ်းသမားများအဖြစ်အသုးချပြီးနည်းမျိုးစုံနဲ့ထိုးဖေါက်ဝင်ရောက်လာကြ
တာဖြစ်တယ်၊ သူတို့ရဲ့အဓိကပြစ်မှတ်ကတော့ထင်ရှားတဲ့ခေါင်း ဆောင်များနဲ့အတိုက်အခံအင်အားစုတွေကိုပဲဖြစ်တယ်၊ ABSDFဟာစပိုင်တွေရဲ့အဓိကမဟာဗျူ ဟာပြစ်မှတ်တစ်ခဲ့ဖြစ်ပြီး”Water Wave”ရေလှိုင်းစစ်ဆင်ရေးခေါင်းစဉ်အောက်ကထိုးဖေါက်ဝင်ရောက်နိုင်ရေးပင်ဖြစ်တယ်၊ သူတို့အဓိကလုပ်ဆောင်ရမဲ့အပိုင်းတွေက
၁၊ အဖွဲ့အစည်းများအတွင်းမတည်မငြိမ်ဖြစ်အောင်ဖန်တီးလုပ်ဆောင်ရေး
၂၊ အဆင့်မြင့်ရာထူးနေရာတွေကိုရယူထားရှိရေး
၃၊ မဟာမိတ်အဖွဲ့များနဲ့ထောက်ခံအားပေးသောအဖွဲ့အစည်းများနှင့်နားလည်မှုလွှဲမှားရေး
၎၊ ခိုင်မာတဲ့အတိုက်အခံခေါင်းဆောင်တွေကိုလုပ်ကြံသတ်ဖြတ်ရေးတို့ပင်ဖြစ်သည်၊
နောက်ဆုံးအပြီးသတ်ဆောင်ရွက်ရမဲ့အချိန်ကတော့ အမျိုးသားညီလာခံကျင်းပမည့်အချိန်ဖြစ်သည့် ၁၉၉၂နှစ်ကုန်ပိုင်းပင်ဖြစ်သည်၊တစ်ချို့အုပ်စုတွေကတော့အမျိုးသားညီလာခံမကျင်းပခင်အလင်းဝင်ကြရန်ဖြစ်ပြီးကျန်နေမဲ့အုပ်စုတွေကုတော့ဖိအားတွေကိုအပြင်းအထန်ပေးပြီးအမျိုးသားညီလာခံအပြီးတွင်ဖြစ်လာမည့်အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်အချိန်တွင်အလင်းဝင်ကြရန်ပင်ဖြစ်သည်၊(ဒီစပိုင်အဖွဲ့ရဲ့ခေါင်းဆောင်ကတော့၁၉၉၂နှစ်ကုနပိုင်းတွင်ကျင်းပမည့်အမျိုးသားညီလာခံအကြောင်းကိုမူလကပင်သိရှိထားပြီးသားဖြစ်သည်)နောက်ဆုံးကျန်ရှိနေဦးမည်ဖြစ်သည့်အုပ်စုတွေကတော့ ပြင်းထန်တဲ့စစ်ဆင်ရေးနဲ့အတူချေမှုန်းခံရလိမ့်မည်ဖြစ်သည်၊ကျနော်အနေနဲ့မှန်ကန်စွာဆုံးဖြတ်ပြီးသေဒဏ်ပေးခဲ့တဲ့ဒီစပိုင်(၁၅)ဦးအတွကလုံးဝအငြင်းပွါးစရာမရှိပါ၊ သို့သော်လည်းပဲကျနော်အနေဖြင့် ဗဟိုကော်မီတီဟာယခုဆုံးဖြတ်ချက် တွေမှာလုံးဝပါဝင်ပတ်သက်ခဲ့ခြင်းမရှိသော်လည်း တာဝန်ရှိခဲ့တယ်ဆိုတာလက်ခံပါတယ်၊နိုင်ငံတကာလူထုလူတန်းစားတွေကိုကျနော်တို့ရှင်းပြချင်တာကတော့ ကျနော်တို့နောက်ထပ်ကျန်ရှိနေသေးတဲ့စပိုင်တွေကို အပြုသဘောဆောင်စွာဖြေရှင်းသွားမယ်ဆိုတာပါပဲ၊
မကြာသေးခင်ကပဲ ကျနော်မဟာမိတ်အင်အားစုကခေါင်းဆောင်တွေ
ABSDF မြောက်ပိုင်းကကော်မီတီဝင်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးအောက်ပါဆုံးဖြတ်ချက်တွေချမှတ်လုပ်ဆောင်ဘို့ဆုံးဖြတ်ခဲ့ကြပါတယ်၊
၁၊ ABSDF ကနေပြီးတော့ နောက်ထပ်ကျန်ရှိနေသေးတဲ့စပိုင်တွေကို သေဒဏ်မပေးရေး
၂၊မိမိတို့တော်လှန်ရေးလှုပ်ရှားမှုဆီသို့ရပ်တည်ချက်မှန်မှန်ပြောင်းလဲလာသူတွေအားလုံးကိုသာမန်အဖွဲ့ဝင်တွေအဖြစ်ပြန်လည်လက်ခံသွားရန်၊
၃၊ကျနော်အနေဖြင့်လုံးဝလက်မခံနိုင်သောစပိုင့်များကိုမူ၎င်းတို့၏အနာဂတ်လုံခြုံရေးအတွက်နိုင်ငံတကာအဖွဲ့အစည်းများသို့လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်၊ABSDFကလည်း နိုင်ငံတကာအဖွဲ့အစည်းများနှင့်ဒီမိုကရက်တစ်အစိုးရများထံ၎င်းတို့အားမြန်မာပြည်ဒီမိုကရေစီရရှိသည်အထိလက်ခံသွားပါရန် မေတ္တာရပ်ခံသွားမည်ဖြစ်သည်၊
၎၊အကယ်၍သူတို့ကိုပြည်ပနိုင်ငံတွေမှာလက်ခံထားရှိပေးနိုင်ခဲ့ခြင်းမရှိခဲ့လျှင်၊သူတို့ကိုထောင်ဒဏ်တစ်နှစ်စီချမှတ်ပြီးမိဘဆွေမျိုးတို့၏ခံဝန်ချက်ဖြင့်ပြန်လွှတ်ပေးသွားမှာဖြစ်သည်၊
၅၊သူတို့တစ်တွေဟာကျနော်တို့ရဲ့ရန်သူတွေဖြစ်ခဲ့သော်လည်းပဲသူတို့ဟာအာဏာရှစ်စနစ်ရဲ့သားကောင်တွေအဖြစ်လက်ခံထားပါတယ်၊ဒါဟာကျနော်တို့ရဲ့အနာဂတ်အကျိုးစီးပွါးနဲ့လူအခွင့်အရေးကိုစာနာထောက်ထားလို့ပဲဖြစ်ပါတယ်၊ ပြီးရင်ကျနော်တို့မှသူတို့နဲ့ပတ်သတဲ့ပုင့်မှတ်တန်းအထောက်အထားအသေးစိတ်တွေကိုလူသိရှင်ကြားဖေါ်ပြပေးသွားမှာဖြစ်တယ်
၆၊ထို့အတွက်ကြောင့်ကျနော်တို့အနေဖြင့်နိုင်ငံတကာအဖွဲ့အစည်းတွေကိုပန်ကြားလိုသည်မှာစပိုင်တွေရဲ့အနာဂတ်အတွက်ကျနော်တို့ကိုနားလည်စွာဖြင့်ပူးပေါင်းဆောင်ရွက်မှုပေးသွားကြပါရန်မေတ္တာရပ်ခံအပ်ပါသည်၊

တည်ကြည်စွာဖြင့်
လက်မှတ်
မေလ(၃၁)ရက်နေ့၊ ၁၉၉၂ခုနှစ်
ဒေါက်တာနိုင်အောင်
ဥက္ကဌ
ဗဟိုကော်မီတီ
ABSDF

Press Release by the Chairman of ABSDF
Concerning with the spies of those arrested in Northern ABSDF

After visiting to Kachin State for a month, I have suffered bitterness of brutality of dictatorial regime more than before. I read the sincerely statement and listen the testimony of those detained in Northern State.
Especially, National Intelligence Bureau of Burma, the main oppressed machinery of SLORC, is the main responsible for the turmoil and anarchist elements of 8888 uprising.
They have well concrete planning to seek the confusing and disunity among the opposition to get upper hand. They use the people as the informers and intelligence by inserting various means and pressure. The main target are prominent leaders and main opposition group.
___of their strategy, the ABSDF become main target to be infiltrated, those spies are send under operation named “Water wave”. Their section are:
-To create instability within the organizations.
-To control the higher posts.
-To make misunderstanding with the allied organizations and supporting group.
-To have depression to surrender, and
-To assassinate their strong opponents.
The deadline for the target is the end of 1992, which will be time convening the National Convention. Some groups have to surrender before National Convention and they push hard remaining group to surrender at General Amnesty which will be held in the aftermath of National convention.
(The spies group leaders have already known the fact that the National convention will be convene at the end1992.) The remaining group after amnesty will be crashed down by intensive military offensive.
I have no more dispute about the righteousness to execute 15 spies. However, I myself, on behalf of the central committee, have the responsibilities for that even though there was no participation by central committee on decision process. We would like to explain to international community that we must have more intention to solve the future of remaining arrested spies in constructive ways.
Recently, I have discussed with the northern committee of ABSDF and leaders from Kachin Independence Organization (KIO) and decided the following resolution.

ABSDF is not to give death penalty to those remaining spies.
Those who the attitude and stance toward our movement are to be accept as ordinary member.
For the spies whom cannot be accepted by us will be transferred to the international organization for their safe and future. For that ABSDF has to appeal to the international organization and democratic governments to accept those spies until Burma has democratic change.
If there is neither place nor condition to accept those spies outside Burma, they will be released after one year detainment with guarantee of their parents or relatives.
Even we have the attitude to behave them as enemies; we accept those person are victims of brutal dictatorial system. This is why we are looking forward for the long term benefits and humanitarian concepts. And we continue to elicit the detail documents and statement of the spies soon.
Therefore, we would like to appeal to the international organizations governments to find the way for the future of those spies and give us cooperation based on understanding toward us.

With best regards,

Signed
31st May, 1992

Dr Naing Aung
Chairman
Central committee
ABSDF

လူမှန်နေရာမှန်

လူမှန်နေရာမှန်

စု နဲ့ ပြည်သူ
စိတ်လက်တူ
ရန်ဟူသမျှ
တွန်းလှန်ကြ။

ပြည်ချစ်ခေါင်းဆောင်
တို့ခေါင်းဆောင်
အလင်းဆောင်ပြ
သူလမ်းပြ။

တို်င်းပြည်အကျိုး
သူသယ်ပိုး
ကိုယ်ကျိုးမရှိ
များအသိ။

ပြည်သူ ပြည်သား
လွန်လေးစား
တအားထားလျှက်
စိတ်အားတက်။

ဖခင်ဂုဏ်ရောင်
ပိုထွန်းပြောင်
ဖအေ့သမီး
ဂုဏ်ရောင် ဟီး။

ကြယ်ဖြူတစ်ပွင့်
ဒေါင်းလံလွှင့်
တိုင်းပြည်ဂုဏ်ထယ်
ဝင့်တော့တယ်။


ကြည်ကြည်လွင်
ရန်ကုန်မြို့

အသားကုန်တိုးဝှေ့ ပြီးဝင်တာပဲ...



Minthu Kyaw facebook



Aung Thet Oo facebook

ဒေါ်အောင်ဆန်းစုကြည်၏ မြိုင်မြို့နယ်ခရီးစဉ် သတင်းဓာတ်ပုံများ[ဇန်နဝါရီ ၃၁]The Voice Weekly

အလုပ်ခွင်အတွင်း သေဆုံးမှုအတွက် နစ်နာကြေးပေးရန် ငြင်းဆို


by Burma VJ Media Network on Tuesday, January 31, 2012 at 3:35am
သေဆုံးသူ၏ နိုင်ငံသားစီစစ်ရေး ကတ်ပြား

By ဇာဏီ ၊ ဇန္နဝါရီလ ၃၁ ရက်နေ့ ၊ ၂၀၁၂ ခုနှစ်။

ရွှေမြန်မာ (ကမ်းရိုးတန်း) ကုမ္မဏီမှ ပိုင်ဆိုင်သည့် ပဲခူးတိုင်း အနောက်ပိုင်း ပြည်ခရိုင် ဥသျှစ်ပင်မြို့မှာ ရှိတဲ့ လေးမိုင်ခုနှစ်ဖာလုံ ကျောက်ကွက်အတွင်း ကျောက်မိုင်းခွဲရာမှာ   အလုပ်လုပ်နေသည့် အလုပ်သမားတဦး ကျောက်စမှန်ပြီး သေဆုံးခဲ့မှုအတွက်  ကျောက်ကွက်တာဝန်ခံ ဦးသန်းတိုးမှ လျော်ကြေးမပေးပဲ ငြင်းဆိုခဲ့ပါတယ်။

ဇန္နဝါရီလ ၁၆ ရက်နေ့တွင် လေးမိုင် ခုနှစ်ဖာလုံ ကျောက်ကွက်မှာ ကျောက်မိုင်းထိပြီး ကျောက်တွင်းမှာ အလုပ်လုပ်နေတဲ့ အလုပ်သမား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဥသျှစ်ပင် ဆေးရုံသို့ ပို့ဆောင်ခဲ့ရာမှာ  ညနေ ၄နာရီခွဲအချိန်ခန့်တွင် အလုပ်သမား ကိုအောင်မြတ်သူ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဇန္နဝါရီလ ၁၉ ရက်နေ့တွင် သေဆုံးသူ၏ ဖခင် ဦးဝင်းမှ  သားဖြစ်သူ သေဆုံးခဲ့မှုအတွက် နစ်နာကြေးပေးသင့်တယ်လို့ ပြောခဲ့ရာမှာ ကျောက်ကွက်တာဝန်ခံ ဦးသန်းတိုးက သူနှင့် မဆိုင်ပါဘူး ဟု ငြင်းဆိုခဲ့ပြီး ဦးဝင်းအား လမ်းစရိတ်အဖြစ် ငွေကျပ် ခုနှစ်သောင်းကို ပေးခဲ့ပါတယ်။

သေဆုံးသူမှာ  ကျောက်ကွက်အတွင်းမှာ အလုပ်လုပ်ကိုင်နေတာ နှစ်လကျော်ကြာပြီဖြစ်ပြီး တနေ့ကို နှစ်ထောင်ကျပ်မှ ၃ ထောင်ကျပ်အထိ ရရှိသည့် နေ့စားအလုပ်သမား တဦးဖြစ်ပါတယ်။