Wednesday, February 1, 2012

နွေးထွေးတဲ့ တွေ့ဆုံမှုမှသည် လွတ်လပ်ခြင်းဆီသို့



Burma VJ Media Network

အိပ်မက်တောင် မမက်နိုင်ခဲ့တဲ့ ရောင်စုံမီးတွေကြားက နွေးထွေးတဲ့ တွေ့ဆုံမှု အဖြစ် တင်စားခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ တွေ့ဆုံပွဲတခုကို ဇန်နဝါရီလ ၃၁ ရက်နေ့က အင်းလျားကန်ဘေးမှာရှိတဲ့ စိမ်းလန်းစိုပြည်မြက်ခင်းပြင်မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို အကျဉ်းထောင်အသီးသီးက ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ မိသားစုဝင်တွေ လာရောက်ခဲ့ကြပါတယ်။ တေးဂီတ ဖျော်ဖြေပွဲတွေနဲ့ တရင်းတနှီးတွေ့ဆုံခဲ့ကြတဲ့ တွေ့ဆုံပွဲတခုဖြစ်ပြီး အဲ့ဒီပွဲအတွင်း အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွတ်မြောက်နိုင်ဖို့အတွက် သံတိုင်နဲ့ အုတ်နံရံပုံစံ ပုံဖော်ထားတဲ့ ကိတ်မုန့်မှာ ဖယောင်းတိုင်ထွန်းညှိပြီး ဆုတောင်းခဲ့ကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် လှုပ်ရှားခဲ့သူ GWလူငယ်များ ဖမ်းဆီးခံထားရဆဲ


by Burma VJ Media Network on Tuesday, January 31, 2012 at 8:47am
By ဇာဏီ ၊ ဇန္နဝါရီလ ၃၁ ရက်နေ့ ၊၂၀၁၂ ခုနှစ်

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ပိုစတာ ကမ်ပိန်းပြုလုပ်ခဲ့လို့ ဖမ်းဆီးခံခဲ့ရသူ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး(GW)မှ ကိုဝေဖြိုး နှင့် ကိုဇာနည်ထွန်း တို့ကို ပြည်မြို့နယ် တရားရုံးမှ စီရင်ချက် ချဖို့ ဒီကနေ့ ရုံးချိန်းခေါ်ထားပြီး စီရင်ချက် မချဖြစ်ပဲ လာမည့် ဖေဖော်ဝါရီလ ၂ ရက်နေ့သို့ ရွှေ့ပြောင်းလိုက်ပါတယ်။

"ဗီနိုင်းစ ဆိုတာ မြန်မာပြည်မှာ ကြော်ငြာတွေ ပိုစတာတွေ အများကြီး ထုတ်ကြတယ်။ ကလေးတွေက နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဗီနိုင်းစတွေကို ပြည်မှာရော ၊ အင်းမ ဘက်မှာရော ကပ်တယ်။ ဘာဖြစ်လို့ ကပ်လဲ ဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ချင်လို့ ကပ်တယ်။ အဲတာကို ကပ်ပေမယ့် ပုံနှိပ်ထုတ်ဝေမှုနဲ့ မငြိဘူး။ ဘာလို့လဲဆိုတော့ ပုံနှိပ်ဆိုတာ စာရွက်ပေါ်မှာပဲ ပုံနှိပ်လို့ရတာ အခုဟာက ဗီနိုင်းစ ဖြစ်တဲ့အတွက် ဗီနိုင်းစက်ပေါ်မှာပဲ လုပ်လို့ရတယ်။ အဲစက်က ဘယ်ကရလဲဆိုတော့ ဒီကလေးတွေမှာ မရှိဘူးလေ။ GW က ဇေယျာသော် ပေးလို့ ကျနော်တို့ ကပ်တယ်ဆိုတာ ဝန်ခံတယ်။ အဲတာကို ပုံနှိပ်ဥပဒေအရ မငြိဘူးဆိုတာကို ဒီနေ့ ငြင်းထားတယ်လေ ။အဲတော့ သဘက်ခါကို အမိန့်ချမယ်။ ၁၉၆၂ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေဆိုတာ စာရွက်၊စာတမ်း စသည်ဖြင့် အဲတာတွေပေါ်မှာပဲ ချလို့ရတာ။အဲတာကြောင့် ပုံနှိပ် ထုတ်ဝေခွင့်ကို ငြင်းထားတယ်။ အဲတာကို ဒီနေ့ အမိန့်ချမယ်ဆိုပြီး လုပ်တယ်။ ရုံးချိန်းသို့ Generation Wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး)မှ ကလေးတွေအပါအဝင် လူ ၃၀၊၄၀ လောက် လာရောက်နားထောင်ကြပါတယ်။ အဲလို လူတွေများတော့ သူတို့ အမိန့်မချဖြစ်ပဲ တရားရုံးက ရုံးချိန် မရှိဘူးဆိုပြီး  ဖေဖော်ဝါရီ ၂ ရက်နေ့ကို ပြောင်းလိုက်တယ်။ " လို့  တရားခံ၏ အကျိုးဆောင် ရှေ့နေဦးမြင့်အေးက ဘားမား ဗီဂျေကို ပြောပါတယ်။

" သူ ထောင်ကျသွားပစေ။ ကိစ္စ မရှိဘူး။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ သူ ကပ်တယ်။ အဲဒီ ကပ်တာမှာ သူ မလွတ်ဘူး။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ လွတ်နေတယ်။ အဲတာကို သူ ဝမ်းသာတယ်"လို့  ကိုဇာနည်ထွန်းက ရုံးချိန်းထွက်လာစဉ် သူရဲ့ရှေ့နေ ဦးမြင့်အေးကို ပြောခဲ့ပါတယ်။

" အခု နိုင်ငံရေး အကျဉ်းသားတွေကို သမ္မတကြီးက လွှတ်နေတယ်။ လာမည့် ၁၃ ရက်နေ့မှာလဲ လွှတ်မယ်လို့ ကြားနေရတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်စေချင်တဲ့ ဆန္ဒနဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဗီနိုင်းပိုစတာတွေ လိုက်ကပ်တဲ့ ကျနော့ အမှုသည်နှစ်ယောက်က မလွတ်သေးတာတော့ ကျနော်တော်တော် စိတ်မကောင်းဘူး။ ဒီအမှုမှာ တရားဥပဒေက စိုးမိုးလိမ့်မယ်လို့ ကျနော်ယူဆတယ်။  တရားသူကြီးချုပ် ဦးမြင့်ဆွေကလည်း တရားဥပဒေအတိုင်း ဆောင်ရွက်လိမ့်မယ်။ တရားသေ လွှတ်ရတော့မယ်လို့ ကျနော် ယူဆပါတယ်။"လို့ တရားခံ၏ အကျိုးဆောင် ရှေ့နေဦးမြင့်အေးက ဘားမား ဗီဂျေကို ပြောပါတယ်။

ကိုဝေဖြိုးနှင့် ကိုဇာနည်ထွန်းတို့သည် ၂၀၁၁ ခုနှစ်  သြဂုတ်လ ၁၂ ရက်နေ့က ပြည်မြို့နှင့် အင်းမမြို့တို့တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ လွတ်မြောက်ရေး ဗွီနိုင်းပိုစတာများကို ကပ်ခဲ့သူများဖြစ်ပြီး  အင်းမ ရဲစခန်းမှ ဖမ်းဆီးခဲ့တာဖြစ်ပြီး ၁၉၆၂ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ ပုဒ်မ ၁၇ နှင့် တရားစွဲဆို ခံထားရတာ ဖြစ်ပါတယ်။ ပုံနှိပ် ဥပဒေ ပုဒ်မ ၁၇ သည် အနိမ့်ဆုံး ထောင်ဒဏ် ၁ နှစ်မှ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်ထိ အပြစ်ဒဏ် ချမှတ်လို့ရပါတယ်။

တရားခံ၏ အကျိုးဆောင် ရှေ့နေဦးမြင့်အေးမှ အပြီးသတ် လျှောက်လဲချက်



 
Generation Wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး)

ဒဂုံတက္ကသိုလ်ရှိ သိင်္ဂီရွှေရည် ဓါတ်ပုံဆိုင်မှ ကင်မရာခွန်များကို အဆမတန် ကောက်ခံနေခြင်း


by Burma VJ Media Network on Wednesday, February 1, 2012 at 2:23am
ဒဂုံ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ

“သိင်္ဂီရွှေရည် ဓါတ်ပုံဆိုင်မှ ကင်မရာခွန်များကို အဆမတန်ကောက်ခံနေခြင်းလော၊ (သို့) ဒဂုံတက္ကသိုလ်မှ တာဝန်ရှိသူများမှ အဆမတန်ငွေကြေးဖြင့် ကန်ထရိုက်ပေးထား၍ သိင်္ဂီရွှေရည် ဓါတ်ပုံဆိုင်မှ ကင်မရာခွန်ကို တိုးမြှင့်ကောက်ခံနေခြင်းလော"


ဒဂုံတက္ကသိုလ်တွင် (၂၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပရာ ဓါတ်ပုံနှင့် ဗွီဒီယို ရိုက်ကူးရေးကို ကန်ထရိုက်ယူထားသော သိင်္ဂီရွှေရည် ဓါတ်ပုံဆိုင်မှ ဒဂုံတက္ကသိုလ်ဝင်း အတွင်း၌ ဘွဲ့ယူရန် လာရောက်သော ကျောင်းသား/သူများ၏ မိသားစုများမှ ကိုယ်ပိုင်ကင်မရာများဖြင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးရာတွင် ကင်မရာခွန်အနေဖြင့် (၄၅၀၀) ကျပ် ဖြင့် အဆမတန် ကောက်ခံခဲ့ပါသည်။

ဘွဲ့ယူရန် လာရောက်သော ကျောင်းသား/သူ မိသားစုများသည် မိမိတို့၏ ကိုယ်ပိုင်ကင်မရာများဖြင့် အမှတ်တရ (အပျော်တမ်း) ဓါတ်ပုံရိုက်ကူးရာတွင် ထိုသို့ အဆမတန် ကင်မရာခွန်ကို ကောက်ယူသဖြင့် မကျေနပ်ကြပါ။

ဘုရားစေတီ များပေါ်တွင် ဓါတ်ပုံရိုက်ကူးခွင့် ကင်မရာအခွန်ပေးဆောင်ရာတွင် အများဆုံးရှိ (၁၀၀၀) ကျပ်မှ (၁၅၀၀) ကျပ်လောက်အထိသာ အများဆုံး ကောက်ခံသည်ကို တွေ့ရှိရပြီး၊ ဒဂုံတက္ကသိုလ်ထဲတွင် စီးပွားဖြစ်အနေဖြင့် ကန်ထရိုက်ယူပြီး အဆမတန် အခွန် ကောက်ခံ နေခြင်းသည်  သိင်္ဂီရွှေရည် ဓါတ်ပုံဆိုင်မှ အဆမတန် ကောက်ခံနေခြင်း၊ (သို့မဟုတ်) ဒဂုံတက္ကသိုလ်ထဲမှ တာဝန်ရှိသူများမှ အဆမတန်ငွေကြေးဖြင့် ကန်ထရိုက် ပေးထား၍ သိင်္ဂီရွှေရည် ဓါတ်ပုံဆိုင်မှ ကင်မရာခွန်ကို တိုးမြင့် ကောက်ခံနေရခြင်း ကိုတော့ ဘွဲ့ယူရန် လာရောက်သော ကျောင်းသား/သူ မိသားစုများ၏ စိတ်ထဲတွင် မကျေမနပ်ဖြင့် ပေးနေရပါသည်။

ထိုသို့ ကင်မရာခွန်ကောက်ခံနေရာတွင် ဘွဲ့ယူရန်လာသည့် ကျောင်းသား မိသားစုဝင် ကိုယ်ပိုင်ကင်မရာကိုင်ရိုက်နေရာမှ အခွန် (၄၅၀၀) ကျပ် ပေးဆောင်ရန် လာရောက် တောင်းခံသော သိင်္ဂီရွှေရည် ဓါတ်ပုံဆိုင်မှ လူတစ်ဦးနှင့် အခြေအတင် စကားများ နေကြသည့် အဖြစ်အပျက်များ ရှိခဲ့ပါသည်။ ဘွဲ့ယူလာသော မိသားစုများမှလည်း “မိမိတို့၏ ကင်မရာဖြင့် မိသားစု အမှတ်တရ ဓါတ်ပုံရိုက်ကူးတာ စီးပွါးဖြင့် လာရောက် ရိုက်ကူးခြင်းမဟုတ်၊ မင်းတို့ ကင်မရာခွန် ကောက်ခံတာကလည်း အဆမတန် များလှချည်လား၊ ဘုရားမှာတောင် အခွန်ကောက်ရင် (၁၀၀၀) ကျပ်မှ (၁၅၀၀) ကျပ် လောက် အထိသာ ရှိကြောင်း" ပြောကြားသလို၊ သိင်္ဂီရွှေရည် ဓါတ်ပုံဆိုင်မှ အခွန် ကောက်ခံသူမှ လည်း "ကျွန်တော်တို့က ဒီအထဲမှာ ကန်ထရိုက်ယူထားရတာ ခင်ဗျားတို့ ကိုယ်ပိုင်ကင်မရာဖြင့် လာရိုက်ကူးနေတော့ ကျွန်တော်တို့ ကန်ထရိုက်ယူထားတာ ရှုံးပြီပေါ့”  ဆိုပြီး အပြန်အလှန် ပြောဆိုပြီး စကားများနေခဲ့ပါသည်။

ထို့ကြောင့် ကင်မရာအခွန် ကောက်ခံရာတွင် ဘယ်အတွက်ကြောင့် သိင်္ဂီရွှေရည် ဓါတ်ပုံဆိုင်မှ ကင်မရာခွန်များကို အဆမတန်ကောက်ခံနေခြင်းလား၊ (သို့မဟုတ်) ဒဂုံတက္ကသိုလ်မှ တာဝန်ရှိသူများမှ အဆမတန် ငွေကြေးဖြင့် ကန်ထရိုက်ပေးထား၍ သိင်္ဂီ ရွှေရည် ဓါတ်ပုံဆိုင်မှ ကင်မရာခွန်ကို တိုးမြှင့် ကောက်ခံနေခြင်းလား ဆိုတာ ကာယကံရှင်များဖြစ်ကြသော သိင်္ဂီရွှေရည် ဓါတ်ပုံဆိုင်နှင့် ဒဂုံတက္ကသိုလ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များပင် အသိဆုံးပင်ဖြစ်ပါပေမည်။

ထိုသို့ ဒဂုံတက္ကသိုလ်ထဲတွင် ဘွဲ့ယူရန်လာရောက်သော မိသားစုများ ကိုယ်ပိုင် ကင်မရာဖြင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးရာတွင်  ကင်မရာအခွန်ကို အဆမတန် တောင်းခံသည့်အတွက် မိသားစုများမှ မကျေနပ်ချက်များကို ပညာရေးဝန်ကြီးဌာနမှ ယခုအဖြစ်အပျက်လေးများကို သိရှိရလေအောင် ဖော်ပြပေးလိုက်ရပါသည်ခင်ဗျား...။

မြန်မာအိုက်ဒိုမှတမိနစ်စာအလွဲများ




Spy Man Lay facebook

Game ဆိုင်မှအပြန်ပျောက်ဆုံးသောကလေးစုဆောင်းတာများခံရသလား။


ငယ်စဉ်ကပင်အတူနေ၊ အတူအိပ်သည့် မြေးကလေး မောင်ဝေယံထွဋ်၊ အသက် (၁၃) နှစ်သည်
အလက(၁)တာမွေ၊ ရန်ကုန်တိုင်းဒေသကြီးတွင်သတ္တမတန်း(က) တွင်ပညာသင်ကြားနေပါသည်။
၃.၁၂.၂ဝ၁၁ နေ့(စနေနေ့) နံနက် (၄) နာရီခွဲတွင်လူထုလမ်းလျှောက်ပွဲသို့''ဖိုးဖိုးလမ်းလျှောက်
လိုက်ခဲ့ပါ'' ''စောသေးတယ်မလိုက်သေးဘူး'' ဟုမြေးနှင့် အဖိုးစကားအပြန်အလှန်ပြောပြီးအတန်း
ပိုင်ဆရာမနှင့် အတူလိုက်ပါသွားခဲ့ပါသည်။

လူထုလမ်းလျှောက်ပွဲမှ ကျောင်းသို့ရောက်ရှိခဲ့ပါသည်။ ကျောင်းအနီးTV Game ဆိုင်တွင်
သူငယ်ချင်းများနှင့် အတူကစားကြသည်။ ယင်းနောက်ပြန်မည်ပြောပြီး၊ နေ့လည် (၁) နာရီခန့်
တွင်အိမ်သို့ပြန်သွားကြောင်းသိရပါသည်။ ယင်းအချိန်မှစပြီးအိမ်သို့ပြန်မလာပျောက်နေပါသည်။
အိမ်နှင့် ကျောင်းသို့ဆိုက္ကားနှင့် သွားပါသည်။ မည်သည့်ဆွေမျိုး၊ သူငယ်ချင်းများဆီသို့
လည်းမသွားဘူးပါ။ ဘယ်မှလည်းမသွားတက်မလာတတ်ပါ၊

မြန်မာ့အလင်းသတင်းစာတွင် ၁၂.၁၂.၂ဝ၁၁ ရက်၊ ၁၉.၁၂.၂ဝ၁၁ ရက်နှင့် ကြေးမုံသတင်းစာတွင်
၁၃.၁၂.၂ဝ၁၁ရက်၊ The hot Newes Weekly တွင် ၃ဝ.၁၂.၂ဝ၁၁ နေ့များတွင်ဖော်ပြပြီး
အကူအညီ တောင်းခဲ့ပါသည်။ မြေးကလေးမရှိသည်မှာအချိန်ကာလအား ဖြင့်နှစ်လကျော်နေပါပြီ၊
အဖိုး၊ အဖွားနှင့် အဖေ၊ အမေတို့ပူဆွေး၊ သောကရောက်နေကြပါသည်။ ဗြဟ္မစိုရ်တရားရှေးရှု၍ကူညီ
ပေးကြပါရန်အထူးမေတ္တာရပ်ခံအပ်ပါသည်။




ဆက်သွယ်ရန်
မောင်ဝေယံထွဋ်၏အဘိုး ဦးကျော်ဟိုး
(အိမ်) ဝ၁-၅၅၃၆၉၂
ဝ၉-၅ဝ၃ဝ၁၉၃

အမေစု ရဲ့ သားကြီးမြင့်ဆန်းအောင် ( Alex Aris )




အဂ္ဂမဟာ ဒီမိုဖက်တီးဖေ့ဘွတ်

ညီတစ်ဝမ်းကွဲကိုအောင်နိုင်..ချစ်တူမ ပိုးကျူ နဲ့ အမ မငယ် ကိုမင်းကိုနိုင်နှင့် ညီမ မလေး (ပိုးကျူ့ အမေ)..

Popular Myanmar News Journal
စိမ်းလမ်းစိုပြေ ပန်းဥယျာဉ် ၌ လွတ်မြောက် အကျဉ်းသား ကြိုဆိုပွဲ တစ်ရပ်တွင်တွေ့ ရသော ကိုမင်းကိုနိုင် နှင့် မိသားစုဝင်များ


နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသောဦးခင်ညွန့်၏သားငယ်ရဲနိုင်ဝင်း




မင်္ဂလာတောင်ညွန့် မြို့နယ်တွင် နှစ်ထပ်တိုက် ပြိုကျ၊ ထိခိုက် သေဆုံးမှု မရှိ

Popular Myanmar News Journal



မင်္ဂလာတောင်ညွန့် မြို့နယ် အတွင်း ဇန်နဝါရီ ၃၁ ရက် ညနေ ၄ နာရီ ၅ မိနစ်တွင် နှစ်ထပ်အိမ် တစ်လုံး ပြိုကျခဲ့ကြောင်း မီးသတ် ဦးစီးမှ သိရသည်။
မင်္ဂလာတောင်ညွန့်၊ သပြေ ကုန်းရပ်ကွက် ၁၁၉ လမ်း၊ အိမ် အမှတ်(၁၃)၊ ဦးကာစင်ဘိုင်(ခ) ဦးသန်းဝင်း၏ နေအိမ်ဖြစ်ပြီး မိသားစု ငါးဦးနေထိုင်ကြောင်း၊ အဆိုပါ အိမ် သည် ရှေးဟောင်း အိမ်တစ်လုံးဖြစ် သော်လည်း အန္တရာယ်ရှိ အဆောက် အအုံ အဖြစ် သတ်မှတ်ထားခြင်း မရှိသေး ဟု ၁၁၉ လမ်းရှိ မျက်မြင် သက်သေတို့က ပြောသည်။
”လူသေဆုံး မှုတော့ မရှိဘူး။ မိသားစုဝင်တွေ အားလုံး အပြင်သွား နေချိန်မှာ ပြိုကျတာ။ အိမ်ရှင် လင်မယားက ဈေးထဲမှာ ကြက်သား ရောင်းတယ်” ဟု မျက်မြင် သက်သေ တစ်ဦးက ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနမှ အရာရှိတစ်ဦးက ”ဒီတိုက်တွေက အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် သတ်မှတ်ခြင်း မခံရအောင် တိုက်အဟောင်းတွေ ကို ပြန်လည် ပြုပြင်မှု မရှိဘဲ အပြင်ပိုင်း ဆေးသုတ်ပြီး ကြံ့ခိုင်မှု ရှိတဲ့ပုံစံမျိုး လုပ်ထားတယ်။ ဒီတိုက်လို ရှေး ဟောင်းတိုက်တွေကို အရည်အ သွေး စစ်ဆေးဖို့ လိုအပ်နေပြီ” ဟု ပြောသည်။
လတ်တလောတွင် အဆိုပါ အဆောက်အအုံအား အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် သတ်မှတ် ပြီး လူနေထိုင် ခွင့်မပြုတော့ကြောင်း သက်ဆိုင်ရာမှ သိရသည်။
မင်္ဂလာတောင်ညွန့် ကူးတို့ဆိပ် ရပ်ကွက် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယခုတိုက် ပြိုကျ မှုသည် ဒုတိယ အကြိမ်မြောက် ဖြစ်ပြီး ဇန်နဝါရီလ ၄ ရက်နေ့က အဆိုပါ ရပ်ကွက်ရှိ ၁၂၄ လမ်း အတွင်းမှ တိုက်တစ်လုံးမှာ အလား တူ ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း မီးသတ် ဦးစီးဌာနမှ သိရသည်။
By: Popular Myanmar News Journal

ဒေါ်ယဉ်လှThe Lady ရုပ်ရှင် ဖွင့်ပွဲကို တက်ရောက် .







ဒေါ်ယဉ်လှဖေ့ဘွတ်မှ


ခဏတဖြုတ်တော့ ရပ်လို့ ရပါပြီဆိုတဲ့ အမှုနိုင်လာတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ။

Ah Bayah face book

ကြာကြာတော့ မရပ်နိုင်သေးဘူးဗျ ။ ကြာကြာရပ်ရင် ထိုးပြီးနာလာတယ် ။


ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ အကျီင်္ င်္များ ( တရားဝင် ) ဖြစ်ပြီ ။
ဗိုလ်ချုပ်ပုံပါသော အင်္ကျီ များ အကျဉ်းထောင်တွင်း ယူဆောင်မှုကို တရားမ၀င်ဟုဆိုကာ ဆွဲဆိုထားသော အမှုများဆက်လက်ရင်ဆိုင်နေရပြီး ယနေ့ ( ၁-၂-၂၀၁၂) နေ့တွင် တရားရုံးမှ ဥပဒေနှင့်အညီ အနိုင်ရရှိခဲ့ပြီး ဗိုလ်ချုပ်ပုံပါသော အ၀တ်အစားများ တရားဝင် ဖြစ်ခဲ့ပါပြီ ။
ဥပဒေအရ အနိုင်ရရှိခဲ့သော ဗိုလ်ကြီးဟောင်း နေမျိုးဇင်က အောင်ပွဲ အထိမ်းအမှတ် အဖြစ် ယနေ့ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အဆိုပြုလွှာကို ချက်ချင်း တင်သွင်းလိုက်ပါပြီ ။




ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (အထက်ဗမာပြည်) တရားဝင် ဖြစ်ထွန်းပေါ်ပေါက်လာရေး ကော်မတီ သဘောထားထုတ်ပြန်ကြေညာခြင်းနှင့် မီဒီယာတွေ့ဆုံပွဲ

၁.၂.၂၀၁၂၊ နေ့လည် ၁ နာရီ ခွဲ
မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၊ မန္တလေး။







တက္ကသိုလ်အသီးသီးမှ သဘောထားသ၀ဏ်လွှာများ ဖတ်ကြားခဲ့ရာတွင်
မန္တလေး၊ ဆေးတက္ကသိုလ်မှ နောက်ဆုံးနှစ်အပိုင်း(ခ)ကျောင်းသား ကိုတေဇာစန်း ကလည်း ဆေးတက္ကသိုလ်(မန္တလေး)ကျောင်းသားများ ကိုယ်စား သဘောထားကို ဖတ်ကြားခဲ့ပြီး ကျောင်းသားသမဂ္ဂများ ပြန်လည် ပေါ်ထွန်းလာရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု ဆိုခဲ့ပါသည်။


Nyo Gyi( face book )


ဆရာတော် အရှင်ဆန္ဒာဓိကဗိုလ်ချုပ်ဇာတ်ကား အတွက် ငွေကျပ်(၁၂၈)သိန်း လှူဒါန်းမည်။

Minhein Kyaw (facebook)

ဗိုလ်ချုပ်အောင်ဆန်း လူ့ဘဝမှာ ၃၂နှစ် ပတ်လုံးမွေးဖွားသည်မှ သေဆုံးသည်အထိကို ပရဟိတစိတ်ဓာတ်နဲ့ပဲ လောကကြီးကို ပေးဆပ်ဖို့ လောကသား တွေရဲ့ ကောင်းကျိုး အတွက်ပဲ အသက်ရှင်သန်သွားခဲ့တာ။ ဒါ ကြောင့် ဗိုလ်ချုပ်ရဲ့ ဘဝတစ်သက်တာ ကာလကို ဂုဏ်ပြုတဲ့အနေနဲ့ပါ။ ဗိုလ်ချုပ် အောင်ဆန်းရဲ့ စိတ်ဓာတ် နဲ့လုပ်ရပ်တွေက စကားလုံးမြင့်မြင့်နဲ့ပြောမယ်ဆိုရင် ပူဇော် ထိုက်တဲ့စိတ်ဓာတ်၊ပူဇော်ထိုက်တဲ့ လုပ်ရပ်တွေ ပါပဲ။ (အရှင်ဆန္ဒာဓိက)


ဗိုလ်ချုပ်အောင်ဆန်းကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ဗိုလ်ချုပ်ဇာတ်ကား အတွက် ငွေကျပ်(၁၂၈)သိန်း လှူဒါန်းမယ့် ဆရာတော် အရှင်ဆန္ဒာဓိက