Thursday, February 2, 2012

မသန္တာ ရဲ့ အိမ်အပြန်လမ်း …

မသန္တာ(ပုဒ်မ ၁၇/၁ ။ ၁၃/၁ ၁၂၄) တို့နဲ့ မတရားတရားစွဲဆိုခံရပြီး ၂၀၀၇ ခုနှစ်မှာ ထောင်ဒဏ် ၂၉ နှစ် အပြစ်ပေးခံခဲ့ရ တယ်။ အင်းစိန်ထောင်မှာ ၅ နှစ် နေခဲ့ရပြီး ၂၀၁၂ ဇန်န၀ါရီလ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင်နဲ့ ပြန်လွတ်လာခဲ့ပါ တယ်။ ပြန်လွတ်လာချိန်ကို မျှော်တလင့်လင့်စောင်နေခဲ့တဲ့ သူမဖခင်က တကယ်တန်း သူမပြန်လွတ်လာချိန်မှာ ကျန်းမာ ရေး ချို့တဲ့နေမှုကြောင့် စကားတောင် မပြောနိုင်ပါ။

http://www.naytthit.net/?p=23750

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ လူငယ်အဖွဲ့တွေနဲ့ တွေ့ဆုံ

စစ်တပ်သို့ စပါး မပေးလိုသည့် ရွာသားများ ဖမ်းဆီးခံရနိုင်ဖွယ်ရှိ

News Date:2/2/2012

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပုလဲ (ဗလိ) ပေါက် ကျေးရွာမှ စစ်တပ်သို့ စပါး မပေးလိုသည့် ရွာသားများကို စစ်တပ်က ဖမ်းဆီးနိုင်ဖွယ် အခြေအနေ ရှိနေကြောင်း ကျေးရွာသားများက ပြောသည်။

Farming Myanmar
ကျောက်တော် အခြေစိုက် စကခ (၉) မှ စပါးကောက်ရန် လာစဉ် ရွာသားများက စပါး မပေးလို၍ ရှောင်တိမ်း နေကြသဖြင့် စစ်တပ်သို့ စပါးမပေးလျှင် ဖမ်းဆီးမည် ဖြစ်ကြောင်း ခြိမ်းခြောက်ထားကြောင်း ကျေးရွာသား တစ်ဦးက ယခုလို ပြောသည်။

" ဇန္န၀ါရီလ ၃၁ ရက်နေ့က ကျောက်တော် အခြေစိုက် စကခ (၉)မှ ဗိုလ်မှူးနေ၀င်းနှင့် ဒုတပ်ကြပ် အာဂျွန်းတို့ စပါးကောက်ဖို့ ကျွန်တော်တို့ရွာကို ရောက်လာပါတယ်။ ရွာသားတွေက အကုန်လုံး ရှောင်နေကြပါတယ်။ သူတို့( စစ်တပ်) က ဘုန်းကြီးကျောင်းကို ရောက်လာပြီး ဆရာတော်ကို ရွာသားတွေ စပါး မပေးရင် အရေးယူမယ်ဆိုပြီး ပြောသွားတယ်လို့သိရပါတယ်" ဟု ဒေသခံ ရွာသား တစ်ဦးက ပြောသည်။

ပုလဲပေါက်ကျေးရွာသည် မင်းပြားမြို့နယ်နှင့် ပေါက်တောမြို့နယ် အစပ်တွင် တည်ရှိပြီး အဆိုပါကျေးရွာမှ လယ်ဧက ၃၀၀ ကျော်ကို ကျောက်တော် အခြေစိုက် စကခ (၉) မှ သိမ်းယူပြီး ကျေးရွာသားများကို တဧက ၂၅ တောင်းနူန်းဖြင့် သီးစား ပြန်ချထားကြောင်း ကျေးရွာသားများက ပြောသည်။

" စစ်သားတွေက ဘုန်းတော်ကြီးကိုတောင် ရန်ရှာသွားတယ်လို့ သိရပ့ါတယ်။ ဆရာတော်က ဒီနှစ်ရွာမှာ ဘုန်းကြီး ကျောင်းလည်း ဆောက်နေတော့ တနှစ်လောက် တကာတို့ သည်းခံကြပါ။ ရွာသားတွေမှာ စပါးလည်း ဒီနှစ် သိပ်မရဘူးဆိုတော့ နောက်နှစ်မှ လာကောက်ပါလို့ ပြောတာကို သူတို့ တပ်မကနေ အစိုးရကို စပါးတင်း (၂) သောင်းသွင်းရမယ်။ ဒီစပါးတွေကို ဘုန်းကြီးက ပေးမှာလားလို့တောင် မေးသွားပါသေးတယ်" ဟု သူက ဆက်ပြောသည်။

ပုလဲပေါက်ကျေးရွာသားများနှင့် အနေဖြင့် နှစ်စဉ် စစ်တပ်သို့ စပါးတောင်း (၉၀၀၀) ပေးသွင်းနေကြရသဖြင့် ဆင်းရဲသော ရွာသားများအတွက် ၀န်ထုတ် ၀န်ပိုး ဖြစ်နေ၍ စစ်တပ်မှ စပါးကောက်ခံမူကို သက်ညှာပေးပါရန် နိုင်ငံတော် သမ္မတကြီးဆီကို ရွာသားများက စာရေး အသနားခံထားကြောင်းလည်း သိရသည်။

" ပုလဲပေါက် အုပ်စုကနေ စုစုပေါင်း စပါးတောင်း ၁၅၀၀၀ ပေးရမယ်။ ပုလဲပေါက် အုပ်စုမှာက ပုလဲပေါက်နဲ့ တုတ်ကံလယ် ရွာ နှစ်ရွာဘဲ ရှိတယ်။ ပုလဲပေါက်က စပါး တောင်း ၉၀၀၀ နဲ့ တုတ်ကံလယ်က ၆၀၀၀ သွင်းရပါမယ်။ ကျွန်တော်တို့မှာ နစ်နာမူတွေ ရှိနေတဲ့ အတွက် ဒီကိစ္စကို သက်ညှာပေးဖို့ ရွာသားတွေက နိုင်ငံတော် သမ္မတကြီးဆီကိုလည်း စာရေးပြီး အသနားခံထားပါတယ်" ဟု ရွာသားက ဆက်ပြောသည်။

စပါးလာကောက်စဉ် ရွာသားများက ရှောင်ပုန်းနေသဖြင့် စစ်တပ်က တပ်ရင်းသို့ ပြန်သွားပြီး ဖေဖေါ်ဝါရီလ ၃ ရက်နေ့တွင် ပြန်လည် လာရောက်မည် ဖြစ်ကြောင်း၊ စပါး မပေးပါက တစ်ရွာလုံးကို အရေးယူမည်ဟု ခြိမ်းခြောက် ပြောဆိုထားကြောင်း၊ ရွာသားများ အနေဖြင့် သူတို့ လုံခြုံရေးကို စိုးရိမ်နေကြကြောင်း သိရှိရသည်။
http://www.narinjara.com/detailsbur.asp?id=3770

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေး ကော်မတီက ဥက္ကဋ္ဌ ကိုကျော်ကိုကိုနှင့်အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်မေးမြန်းချက်

ဗကသများအဖွဲ့ချုပ် စတင်ပေါ်ပေါက်ကတည်းက ကိုင်စွဲလာခဲ့တဲ့ ဗကသရဲ့ မူ ၅ ချက်က ခေတ်နောက်ကျနေတယ်လို့တော့ မမြင်ဘူး
by FNG on February 2, 2012

အခု ဒီည ဆွေးနွေးမယ့် အဓိကအကြောင်းအရာကတော့ လက်ရှိ ဒီပွင့်လင်းမှုအချို့ မြင်လာရတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေအောက်မှာ ကျောင်းသားသမဂ္ဂရဲ့ လှုပ်ရှားမှုတွေကို ကျနော်တို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။

အသင်းအပင်း သမဂ္ဂ လွတ်လပ်စွာဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ရပ်တည်လှုပ်ရှားခွင့်ဆိုတာ ဒီမိုကရေစီစနစ်ရဲ့ စံနှုန်းစံထားတခု ဖြစ်ပါတယ်။ အဲဒီတော့ အခု ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်နေပြီဆိုတဲ့ အခြေအနေမှာ ဘာပဲပြောပြော တနေ့နေ့ တချိန်ချိန်မှာ ဒီ သမဂ္ဂတွေ တရားဝင် ရပ်တည်ခွင့် ရပ်တည်လှုပ်ရှားနိုင်တဲ့ အခြေအနေ ဝန်းကျင်တွေ ရှိလာရမှာ ဖြစ်ပါတယ်။ အဲဒီတော့ အခုလက်ရှိအခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျောင်းသားသမဂ္ဂတွေ ဘယ်လောက်အထိ လှုပ်ရှားနိုင်မလဲ၊ ရပ်တည်နိုင်မလဲ၊ ကျောင်းသားအင်အားစုတွေရဲ့ သဘောထား ဘယ်လိုရှိလဲ၊ ဒါတွေကို ကျနော်တို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ အဓိက ပါဝင်ဆွေးနွေးပေးဖို့ ကျနော် နှစ်ဦးကို ဖိတ်ခေါ်ထားပါတယ်။

မကြာခင်က ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေး ကော်မတီက ဥက္ကဋ္ဌ ကိုကျော်ကိုကို ရှိပါတယ်။ နောက်တဦးကတော့ ဒီ ဗဟိုစည်းရုံးရေးကော်မတီရဲ့ အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင် ရှိပါတယ်ခင်ဗျ။

VOA ။ ။ ကိုကျော်ကိုကိုတို့ မကြာခင်ကပဲ ဗကသများအဖွဲ့ချုပ်ကို ပြန်ဖွဲ့လိုက်တယ်ဆိုတော့ ကျနော်သိချင်တာက ၂၀၀၇ ခုနှစ်က စပြီးတော့ ဒီရွှေဝါရောင်လှုပ်ရှားမှုကာလမှာ ဗကသ ကို မြေပေါ်ပြန်ပြီးတော့ ပြန်လည်ဖွဲ့စည်းခဲ့တာ ကိုကျော်ကိုကိုတို့ ဦးဆောင်ပြီးတော့ ဖွဲ့စည်းခဲ့တာပေါ့နော်။ အခုက ပြန်ဖွဲ့စည်းတယ်ဆိုတော့ ဒီအခြေအနေ နှစ်ရပ်က ဘာများကွာလဲခင်ဗျာ့။

ကိုကျော်ကိုကို ။ ။ ဒီအခြေအနေက ဘာကွာလဲဆိုတော့ ကျနော်တို့က ၂၀၀၇ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ အခြေအနေမှာ ကျနော်တို့ ဖြိုခွဲခံရတယ်။ ကျနော်တို့ ကျောင်းသား တော်တော်များများကို အကျဉ်းချခံခဲ့ရတယ်။ အဲဒီ အကျဉ်းချခံရစဉ် ကာလမှာ ကျန်ရှိနေတဲ့ ကျောင်းသားတွေက မြေအောက်အသွင် ပြန်ရောက်သွားပြီးတော့ ဆက်လက်လုပ်ဆောင်နေတယ်။ ဆက်လက် ကျနော်တို့ရဲ့ တာဝန်တွေကို ထမ်းဆောင်နေတယ်။ အခု ကျနော်တို့ ပြန်လွတ်လာပြီဆိုတဲ့အချိန်မှာ ယခင် အကျဉ်းကျခံခဲ့ရတဲ့ ပြန်လွတ်လာတဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ အခု ဆက်လက် တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ ပြန်လည်ပူးပေါင်းပြီးမှ ဖွဲ့စည်းပုံကို ပြင်ဆင်ပြောင်းလဲဖွဲ့စည်းတာ ဖြစ်တယ်။ သမဂ္ဂကို ပြန်လည် reform လုပ်တယ်လို့ ကျနော် မြင်ပါတယ်။ ဒါ့ကြောင့်မို့လို့ ယခင် အခြေအနေနဲ့ အခု အခြေအနေက ပိုမို အားကောင်းလာတဲ့ အနေအထားရောက်ပြီလို့ ကျနော် ပြောလို့ရပါတယ်။

VOA ။ ။ ကိုကျော်ကိုကိုတို့ ကြေညာချက်ထဲမှာလည်း ကျနော် သတိထားမိပါတယ်။ တရားဝင် ကျောင်းသားသမဂ္ဂတရပ် ပေါ်ပေါက်ရေးဆိုတာ ပါပါတယ်။ လက်ရှိ ဗဟိုစည်းရုံးရေးကော်မတီအနေနဲ့ လုပ်သွားမယ်ဆိုတော့။ တရားဝင် ကျောင်းသားသမဂ္ဂတရပ် ပေါ်ပေါက်ရေးဆိုတာ ဘယ်လိုပုံစံမျိုး တရားဝင်ပေါ်ပေါက်ရေးကို ပြောတာလဲခင်ဗျာ့။

ကိုကျော်ကိုကို ။ ။ သမဂ္ဂဆိုတဲ့သဘောမှာကတော့ လူ့အဖွဲ့အစည်းမှာ လူတွေ စုပေါင်းနေထိုင်တဲ့သဘောကို သမဂ္ဂလို့ခေါ်တယ်ဆိုရင် တူရာ တူရာ ဘဝတွေ ပေါင်းစည်းတာ မှန်သမျှကို သမဂ္ဂလို့ သတ်မှတ်လို့ရတယ်ဗျ။ ကျောင်းသားမှ မဟုတ်ပါဘူး အလုပ်သမား၊ လယ်သမား၊ ဈေးသူ၊ ဈေးသား၊ ခေါင်းရွက်ဗျက်ထိုး၊ ရှေ့နေ အစရှိတဲ့ လူတန်းစားတွေ လူ တူရာ တူရာ ဘဝတွေ ပေါင်းစည်းတာ သမဂ္ဂ၊ ကျနော်တို့ ကျောင်းသားတွေကိုလည်း လူ့အဖွဲ့အစည်းစတင်ပေါ်ပေါက်ကတည်းက လူတွေ ဒီလို တူရာ တူရာ ဖွဲ့စည်းလာသလို ကျောင်းသားတွေကလည်း အရင်ကတည်းကကို ကျောင်းသားသမဂ္ဂအဖြစ်နဲ့ သမိုင်းအစဉ်အဆက်က ဘယ်သူ့မှ တိုက်တွန်းစရာမလိုဘဲနဲ့ ဘယ်အဖွဲ့အစည်းမှ တိုက်တွန်းလို့ ဖြစ်ပေါ်လာတာမျိုးမဟုတ်ဘဲနဲ့ ကျောင်းသားသမဂ္ဂအဖြစ် ဖွဲ့စည်း တည်ထောင်လာခဲ့တယ်။ သမဂ္ဂတရားဝင် ရပ်တည်ခွင့် ရှိခဲ့တယ်။ နောက်ပိုင်း အဆက်ဆက် အစိုးရတွေက နှိပ်ကွပ်လို့ပဲ ဖြစ်စေ၊ အမျိုးမျိုး အဖုံဖုံ ဒုက္ခပေးလို့ပဲ ဖြစ်စေ၊ တရားမဝင်သတ်မှတ်ပြီးတော့ ကျနော်တို့ကို အသိအမှတ် မပြုခဲ့ဘူး။ ဒါပေမယ့် ဥပဒေတစ်ခုရဲ့အောက်မှာတည်ရှိမှ သမဂ္ဂတရပ် တည်ခွင့်ရတာ မဟုတ်ဘူးဗျ။ လူ့အဖွဲ့အစည်း အကျိုးစီးပွားရှိဖို့လုပ်နေတဲ့ အလုပ်မှန်သမျှဟာ တရားဝင်တဲ့အလုပ်လို့ သတ်မှတ်မယ်ဆိုရင် ကျနော်တို့ ကျောင်းသားသမဂ္ဂရဲ့ ရပ်တည်မှုဟာ ဒီနေ့လည်း တရားဝင်တယ်၊ နောက်နေ့လည်း တရားဝင်တယ်၊ နောင်တချိန် နောင်တခေတ် အနာဂတ်မှာလည်း တရားဝင်တယ်။ ကျနော်တို့ဆိုနေကျစကားအတိုင်းပဲ ကျောင်းသားသမဂ္ဂတွေ ခေတ်အဆက်ဆက် ကျောင်းသားထုရဲ့ကြားမှာ တရားဝင်နေတယ်ဆိုတဲ့ အနေအထားမျိုးလည်း ကျနော်တို့ ဆက်လက် ရပ်တည်သွားမှာပါ။ အခုအချိန်မှာ ရပ်တည်ရေးအတွက် ဖွဲ့စည်းတယ်ဆိုတာဟာ သဘောတရားအားဖြင့်တော့ ပိုမိုကျယ်ပြန့်စွာ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ဖို့အတွက် ဖွဲ့စည်းတယ်လို့ဆိုမှ မှန်မယ်ထင်ပါတယ်။

VOA ။ ။ အခု ကိုကျော်ကိုကိုတို့အနေနဲ့ ဗဟိုစည်းရုံးရေးကော်မတီ ဖွဲ့လိုက်ပြီဆိုတော့ တခြား ကျောင်းသားအင်အားစုတွေ အရင် ဒီ ၂၀၀၇ ခုနှစ်မှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသားတွေလည်း ရှိပါလိမ့်မယ်။ ဒီကျောင်းသားတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းနိုင်ဖို့ စုစည်းနိုင်ဖို့ ရော ဘယ်လောက် စဉ်းစားချက်ရှိပါလဲ။ ဘယ်လိုရည်မှန်းထားတာ ရှိပါသလဲ။

ကိုကျော်ကိုကို ။ ။ ရှိပါတယ်။ ကျနော်တို့က အခုအချိန်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်း စုစည်းနိုင်ဖို့အတွက်ကို လက်ငင်း တာဝန်တွေကိုလည်း ထမ်းဆောင်ရမှာ ဖြစ်တယ်၊ ရေရှည်တာဝန်တွေကိုလည်း ထမ်းဆောင်ရမှာဖြစ်တယ်။ လက်ငင်း တာဝန်အနေနဲ့က သမဂ္ဂရဲ့လှုပ်ရှားမှုကို အခုလို ပိုမို ကျယ်ကျယ်ပြန့်ပြန့် လွတ်လွတ်လပ်လပ်ဖြစ်စေဖို့အတွက် နည်းလမ်းမျိုးစုံ ရှာဖွေစဉ်းစားပြီးတော့ ကျနော်တို့ စည်းရုံးရေးလုပ်ငန်းတွေ ဆက်လုပ်ရမှာ ဖြစ်ပါတယ်။ ကျန်ရှိနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက်လည်း တောင်းဆိုရင်းနဲ့ ကျနော်တို့ စည်းရုံးရေးတွေကို စတင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရေရှည်တာဝန်တွေအနေနဲ့ကတော့ နယ်အသီးသီးမှာ သမဂ္ဂတွေ ဖွဲ့စည်းနိုင်ဖို့ ဒေသခံ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းနိုင်ဖို့ တိုင်းရင်းသား ကျောင်းသားသမဂ္ဂတွေ ပေါ်ပေါက်နိုင်ဖို့အတွက် လှုံ့ဆော် ဆောင်ရွက်ကြမှာ ဖြစ်တယ်။ ကျောင်းသားအားလုံးပါဝင်နိုင်တဲ့ ကျောင်းသားညီလာခံကြီး ပေါ်ပေါက်လာပြီး မဲဆန္ဒနဲ့ ရွေးကောက်တင်မြှောက်တဲ့ ကျောင်းသားသမဂ္ဂ ပေါ်ပေါက်လာဖို့လည်း ကျနော်တို့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါကတော့ ရေရှည်တာဝန် သဘောပါ။

VOA ။ ။ ကျနော် မဖြိုးဖြိုးအောင်ကိုလည်း မေးချင်ပါတယ်။ မဖြိုးဖြိုးအောင်က ဗဟိုစည်းရုံးရေးကော်မတီရဲ့ အတွင်းရေးမှူးဆိုတော့ မဖြိုးဖြိုးအောင် အရင်ဆုံး ကျောင်းသားသမဂ္ဂ အခုလို ဗဟိုစည်းရုံးရေးကော်မတီမှာ စပြီးတော့ ဖွဲ့စည်းပြီးတော့ ပါလာတယ်။ ဘယ်လို စိတ်ကူးစိတ်သန်းမျိုးတွေ ရှိပါသလဲ။

မဖြိုးဖြိုးအောင် ။ ။ ကျမတို့ ကျောင်းသားသမဂ္ဂကို ခုန ကိုကျော်ကိုကို ပြောသွားသလို ကျောင်းသားရှိရင် သမဂ္ဂရှိရမယ်၊ ပါလီမန်ရှိရင် သမဂ္ဂရှိရမယ်။ ကျောင်းသားသမဂ္ဂက ခေတ်အဆက်ဆက် ကျောင်းသားထုကြားမှာ ပြည်သူကြားမှာ တရားဝင်တယ်။ ကျမတို့ အခု တရားဝင်ရပ်တည်နိုင်ရေးဆိုတာက အာဏာပိုင်တွေဆီမှာ မှတ်ပုံတင်ရမယ့်ကိစ္စမျိုးကို ဆိုလိုတာမျိုး မဟုတ်ပါဘူး။ ကျမတို့ သမိုင်းအစဉ်အလာအတိုင်း ဆက်လက်ပြီးတော့လည်း ရပ်တည်သွားမှာပါ။ လက်ရှိ ဗဟိုစည်းရုံးရေးကော်မတီအနေနဲ့ မှတ်ပုံတင်ဖို့ မဆုံးဖြတ် ထားရသေးပါဘူး။ နောက် ကျောင်းသားညီလာခံ ခေါ်ယူပြီးတော့ ရွေးကောက်တင်မြှောက်တဲ့ ကျောင်းသားသမဂ္ဂမှသာလျှင် သူက ဆုံးဖြတ်ရမှာပါ။

VOA ။ ။ လေလှိုင်းပေါ်မှာ နောက်တစ်ဦးလည်း ရှိပါတယ်။ ကိုရဲမော်ထူး အမေရိကန် ပြည်ထောင်စုကပါ။ ကိုရဲမော်ထူးဟာလည်း အရင်တုန်းက ကျောင်းသားသမဂ္ဂလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူဆိုတော့ ကိုရဲမော်ထူး ကြားရမယ် ထင်ပါတယ်။ ကိုရဲမော်ထူး အခု ဗကသ ဗဟိုစည်းရုံးရေးကော်မတီ သူတို့ ပြန်ဖွဲ့တယ်၊ ကျောင်းသားလှုပ်ရှားမှုတွေ ဘာပဲပြောပြော ဗကသ မြေပေါ်မှာ ပြန်ပြီးတွေ့လာရပြီ။ ဒီအခြေအနေပတ်သက်လို့ ဘယ်လောက်အထိ လုပ်လာနိုင်မလဲ။ ဒီအခြေအနေ အပေါ်မှာ ကိုရဲမော်ထူး ဘယ်လိုမြင်လဲခင်ဗျ။

ကိုရဲမော်ထူး ။ ။ ကျောင်းသားသမဂ္ဂ ဒီ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့ အခု ရောက်ရှိနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ခုန ကိုကျော်ကိုကို ပြောသလို စိတ်တိုင်းကျမှု မဖြစ်သေးဘူး။ စိတ်တိုင်းကျ ဒီ ကျောင်းသားတွေရဲ့ အလွတ်လပ်ဆုံး လွတ်လပ်တဲ့ အခြေအနေမျိုးအထိကိုတော့ မရောက်သေးဘူးပေါ့။ ဗမာပြည်မှာ ဒီ ခေတ်နှစ်ခေတ်လို့ ပြောလို့ရတဲ့ ဖဆပလ ခေတ်၊ နောက်ပြီးတော့ ဒီဘက်က စစ်အာဏာစနစ်ခေတ်လို ခေတ်နှစ်ခေတ်မှာ ရှိခဲ့တယ်။ ဒီခေတ်နှစ်ခေတ်မှာ ဟို ဖဆပလ ခေတ်မှာတော့ ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုတွေက အတော်ကို ကျယ်ကျယ်ပြန့်ပြန့် နိုင်တယ်။ ဒီဘက် မဆလခေတ် ဒီ စစ်အာဏာရှင်စနစ် ဒီဘက်နောက်ပိုင်းထိကာလပေါ့။ အခု ဦးသိန်းစိန်အစိုးရ လက်ထက် အထိပေါ့။ ဒီကာလအထိမှာတော့ ဒီကျောင်းသားသမဂ္ဂလှုပ်ရှားမှုတွေက အင်မတန် ပျောက်ကွယ်လုနီးနီး ဖြစ်သွားပြီးတော့ မြေအောက်လှုပ်ရှားမှု နိုင်ငံရေးပုံသဏ္ဌာန်နဲ့ ဖြစ်လာခဲ့တယ်။ အဲဒီတော့ ဦးသိန်းစိန်အစိုးရရဲ့ နိုင်ငံရေး ရပ်တည်ချက်ဆိုတာ ခုနပြောတဲ့ ကိုကျော်ကိုကို ပြောသလိုမျိုး ဒီ တရားဝင်ခြင်း မဝင်ခြင်းဆိုတာ သူတို့ဆီကနေပြီး ကျနော်တို့က ပြောစရာမလိုဘူးပေါ့နော်၊ ကျနော်တို့ကသာလျှင် ကျောင်းသားသမဂ္ဂကသာလျှင် သူတို့ရဲ့ အသိအမှတ်ပြုမှု သူတို့ကို ဒီ တရားဝင်ခြင်း မဝင်ခြင်းဆိုတာကို ကျောင်းသားသမဂ္ဂကသာလျှင် ဆုံးဖြတ်ရလိမ့်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးသိန်းစိန် အစိုးရရဲ့ ဒီမိုကရေစီ ရေခံမြေခံ ဘယ်လောက်ကောင်းသလဲ မကောင်းသလဲ ဆိုတာကို ကျနော်တို့ ကျောင်းသားသမဂ္ဂ ရှိခြင်း မရှိခြင်း၊ ကျောင်းသားသမဂ္ဂရဲ့ ဘယ်လောက် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်မလဲ ဆိုတဲ့ အခြေခံအပေါ်မှာ မူတည်ပြီးတော့ ဒီအစိုးရဟာ ဒီမိုကရေစီကို ဖော်ဆောင်သလား မဖော်ဆောင်ဘူးလား ဒါ တိုင်းတာရမှာဖြစ်တဲ့အတွက် ကျနော်ကသာလျှင် သူတို့ဟာ အသိအမှတ်ပြုခြင်း ခံရ မခံရဆိုတာ ကျနော်တို့ ဆုံးဖြတ်ရမှာ ကျောင်းသားသမဂ္ဂက ဆုံးဖြတ်ရမှာပါ။

VOA ။ ။ ကျနော် ဒါနဲ့ တဆက်တည်း မဖြိုးဖြိုးအောင်ကို မေးချင်ပါတယ်။ မဖြိုးဖြိုးအောင် ခုနက ပြောသွားတဲ့ လက်ရှိတော့ မှတ်ပုံတင်မှာ မဟုတ်ဘူး။ ကျောင်းသားသမဂ္ဂဆိုတာ တရားဝင် ရပ်တည်ခွင့်ရှိတယ်။ ရပ်တည်သွားမှာပဲ။ အဲဒီတော့ လက်ရှိ ဗကသ ဗဟိုစည်းရုံးရေးကော်မတီဖွဲ့ကြောင်း ကြေညာပြီးတဲ့ နောက်ပိုင်းမှာ ကျောင်းသားတွေရဲ့ တုံ့ပြန်ချက်၊ အာဏာပိုင်တွေရဲ့ တုံ့ပြန်ချက် ဘယ်လိုရှိသလဲ ခင်ဗျာ့။

မဖြိုးဖြိုးအောင် ။ ။ လက်ရှိတော့ အာဏာပိုင်တွေရဲ့ တုံ့ပြန်ချက်ကိုတော့ ဘာမှ ကျမတို့ မသိရသေးပါဘူး။ ကျောင်းသားတွေကတော့ လက်ရှိကျောင်းသားတွေကတော့ ဒီ ကျောင်းသားတော်တော်များ ပြန်ပြီးတော့ ပူးပေါင်းပါဝင်လာကြတာ သူတို့ ပြန်ပြီးတော့ လုပ်ရဲကိုင်ရဲ ဖြစ်လာကြတာလေးတွေ တွေ့လာရပါတယ်။

VOA ။ ။ ကျနော်တို့ ဒီမတိုင်ခင်မှာ ၂၀၀၇ ခုနှစ်တုန်းကတော့ ကျောင်းသားလူငယ်တွေ တော်တော်များများ ထွက်ပါတယ်။ ဒါပေမယ့် ဒီကြားကာလမှာ သတိထားမိတာက ကျောင်းသားလူငယ်တွေ တော်တော်များများက နိုင်ငံရေးနဲ့ပတ်သက်လို့က ခြိမ်းခြောက်ခံရတယ်။ နောက် ကျောင်းတွေကို ခွဲထုတ်နေတဲ့အခါကျတော့ နိုင်ငံရေးနဲ့စာရင် တခြားဟာတွေကို စိတ်ဝင်စားနေတဲ့အခါကျတော့ အခုအချိန်မှာရော ဘယ်လောက်အထိ နိုင်ငံရေး၊ အထူးသဖြင့် ကျောင်းသားသမဂ္ဂအရေးကို စိတ်ဝင်စားမှု ရှိနိုင်ပါ့မလဲ။

မဖြိုးဖြိုးအောင် ။ ။ အခုအချိန်မှာတော့ ကျမတို့ အနီးစပ်ဆုံးဆိုရင် ဒီ ကျောင်းသားသမဂ္ဂအလံကို ရင်ထိုးပုံစံတွေ လုပ်တဲ့ဟာကို ကျောင်းသားတော်တော်များများက ဒီအလံလေးတွေကို စိတ်ဝင်စားကြတယ်။ သူတို့ရင်ဘတ်မှာ တပ်ဆင်ဖို့ကို သူတို့ အရမ်းလိုလားကြတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် ကျောင်းသားတွေရဲ့ ရင်ထဲမှာ ကျောင်းသားသမဂ္ဂက ရှိနေတယ်၊ ရှိနေတုန်းပဲ၊ ရှိနေဆဲ နောင်လည်း ရှိဦးမယ်ဆိုတာကို ကျမတို့ ဒါက မြင်သာထင်သာတာပဲပေါ့။ ဒီကျောင်းသားသမဂ္ဂကို သူတို့အနေနဲ့ လိုလိုလားလားကို ပါဝင်ချင်ကြတယ်ဆိုတာ ကျမတို့ တွေ့နေရပါတယ်။

VOA ။ ။ ကျနော်တို့ လေလှိုင်းပေါ်မှာ နောက်တစ်ဦးရှိပါတယ်၊ ကိုမောင်မောင်လွင်။ ကိုမောင်မောင်လွင်က အမေရိကန်ပြည်ထောင်စုကပါ။ ကိုမောင်မောင်လွင် ဆွေးနွေးပေးလို့ရပါတယ်ခင်ဗျာ့။

ကိုမောင်မောင်လွင် ။ ။ ကျနော့်အနေနဲ့ ဗကသ ဖွဲ့စည်းတဲ့ကိစ္စကို ကျနော်ကလည်း သဘောတူတယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ တက္ကသိုလ်ကျောင်းသားဘ၀ ၁၉၈၀ ခုနှစ် ပတ်ဝန်းကျင်တွေ ၈၅၊ ၈၆ ကာလတွေတုန်းကတော့ ကျနော်တို့ ဗကသ ဆိုတာတွေကတော့ ကျနော်တို့ ရှေးတုန်းကပြောတဲ့ဟာတွေကိုပဲ သမိုင်းအထောက်အထားတွေနဲ့ကျနော်တို့က သိခဲ့ရပြီးတော့ နောက် ဗကသတွေရဲ့ ကျနော်နားလည်သလောက်ကတော့ ဗကသ အဓိက စပြီးမြစ်ဖျားခံလာတာ ကိုလိုနီခေတ် ဗမာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလကနေ စတာကိုး။ အဲဒီတော့ ကျောင်းသားအစဉ်အဆက်တွေကလည်း ဗကသတွေကနေတဆင့် ကျောင်းသားထုကိစ္စတွေကနေတဆင့် နိုင်ငံရေးတွေမှာ အများဆုံးဆက်နွယ်သွားကြတာ။ ကျနော်ကတော့ အခုလက်ရှိ ဗကသ ဖွဲ့တဲ့ ကျနော်တို့ ညီလေးတွေ ညီမလေး တွေပေါ့နော် သူတို့ကို ကျနော်ကတော့ မေတ္တာရပ်ခံချင်တာ လောလောဆယ်မှာ သူတို့လုပ်တာကို ကျနော် အားပေးတယ်။ သို့သော်လည်း ဒါနဲ့ပတ်သက်လို့ အခုလက်ရှိမှာ အုပ်ချုပ်နေတဲ့ အာဏာပိုင်တွေကို တရားဝင်သဘောမျိုး ခွင့်တောင်းသင့်တယ်ပေါ့။ ဆိုလိုတာက အသင်းအပင်းဆိုင်ရာ ဒီကျနော်တို့ မြန်မာပြည်မှာက တော်တော်ဆိုးတဲ့ပြဿနာက အသင်းအပင်းဆိုင်ရာ မှတ်ပုံတင်ရေး ဆိုတဲ့ဟာက သူတို့က မလိုရင် မလိုသလို ဒါတွေက သူတို့အရေးယူလို့ရတယ်။ ကျနော်တို့ အစဉ်အဆက်ကလည်း ဒီ ဗကသ ဖွဲ့စည်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ စတေးခံခဲ့ရတဲ့ပုဂ္ဂိုလ်တွေကလည်း ဒီ ၆၂ ခုနှစ်ကနေပြီးတော့ ဒီနေ့ထက်ထိဆိုရင် မရေမတွက်နိုင်အောင် အသက် သွေးချွေးတွေ အများကြီး ပေးခဲ့ကြရတာပေါ့။ ကျနော်တို့က ရှေ့လျှောက်ကိုလည်း မလိုလားအပ်တဲ့ ထိပ်တိုက်တွေ့မှုတွေ မဖြစ်စေချင်ဘူး။ ဗကသနဲ့ပတ်သက်လို့ ကျနော်တို့ကတော့ ရှိနေတဲ့ ကျနော်တို့က လူကြီးပိုင်းတွေရောက်နေပေမယ့်လည်း ဒီဟာ ဖွဲ့စည်းတာအတွက်ကို ကျနော်တို့ အပြည့်အဝ ထောက်ခံပါတယ်။ ဒီဟာနဲ့ပတ်သက်လို့ ကျနော်တို့လည်း တတ်နိုင်သမျှ ပံ့ပိုးကူညီချင်တယ်။ ဆိုလိုချင်တာက အခု လက်ရှိလုပ်နေတဲ့ ပြည်တွင်းက ကျောင်းသားတွေ လူငယ်ပိုင်းတွေအနေနဲ့လည်း ကျနော်တို့ ပြည်ပမှာရှိနေတဲ့ ကျနော့်လို စိတ်ဝင်စားတဲ့လူတွေနဲ့လည်း တတ်နိုင်သမျှ ဆက်သွယ်စေချင်သလို၊ နောက်ခုနပြောသလို လုပ်နိုင်သမျှ နည်းလမ်းပေါ့၊ အခု လက်ရှိမှာတော့ ကျနော်နားလည်သလောက်ဆိုရင်တော့ သူတို့ လက်ရှိဖွဲ့စည်းထားတဲ့ဟာက ခွင့်မတောင်းဘဲ ကိုယ့်ဟာကိုယ် လုပ်ထားတာ။ ဒါပေမယ့်လည်း ဒီဟာနဲ့ဆက်နွယ်ပြီးတော့ ခုနပြောသလို တရားဝင်အဖွဲ့အစည်းဖြစ်အောင် ကြိုးစားသင့်တယ်လို့ ကျနော်ကတော့ အကြံပြုချင်ပါတယ်ခင်ဗျာ့။

VOA ။ ။ ဒါနဲ့ပတ်သက်လို့ ကိုကျော်ကိုကို တုံ့ပြန်စရာ ရှိပါသလားခင်ဗျာ့။

ကိုကျော်ကိုကို ။ ။ ကျောင်းသားအားလုံးပါဝင်တဲ့ ညီလာခံမှသာလျှင် ကျနော်တို့ရဲ့ Tempo တွေကို ဆုံးဖြတ်ချက် ချပိုင်ခွင့် ရှိပါတယ်ဗျာ့။ ကျနော်တို့ လက်ရှိ ဗဟိုစည်းရုံးရေးကော်မတီအနေနဲ့က မှတ်ပုံတင်ဖို့ ဘယ်လိုမှ စိတ်ကူးမရှိပါဘူး။ ကျောင်းသား အားလုံးက ဆုံးဖြတ်ချက်ချမှသာလျှင် ဒီအခြေအနေတွေ ဖြစ်မှာပါ။ ဒါပေမယ့် ကျနော့်ကိုယ်ပိုင်စိတ်ကူးကိုပဲ ပြောမယ်ဗျာ ဒီနေရာမှာ။ ကျနော်တို့ ကိုယ်ပိုင်စိတ်ကူးအရဆိုလျှင် မှတ်ပုံတင်ခြင်း မတင်ခြင်းဟာ ခုန ကျနော်ပြောခဲ့သလိုပဲ မလိုအပ်ဘူးလို့ ထင်တယ်ဗျ။ မလိုအပ်ဘူး ဆိုတာက ကျနော်တို့ ကျောင်းသားသမဂ္ဂရဲ့ လုပ်ကိုင်ဆောင်ရွက်မှုကို မူတည်ပြီးတော့သာလျှင် အစိုးရရဲ့ ဒီမိုကရေစီစံနှုန်းကို တိုင်းတာမယ်လို့ ကိုရဲမော်ထူး ပြောခဲ့တဲ့အတိုင်း ကျနော် အဲဒါမျိုးကို သဘောပိုကျတယ်။ ကျနော်တို့လုပ်နေတဲ့ကိစ္စက လူ့အဖွဲ့အစည်း အကျိုးစီးပွားကို ယုတ်လျော့ဖို့လုပ်နေတာလည်း မဟုတ်ဘူးဗျ။ အကျိုးစီးပွားရှိဖို့လုပ်နေတာ။ အဲဒါကြောင့်မို့လို့ ကျနော်တို့ကျောင်းသားသမဂ္ဂက ဘယ်သူ့ကိုမှ အကျိုးစီးပွား ပျက်ယွင်းအောင် မလုပ်ဘူး။ ထိခိုက်အောင် မလုပ်ဘူး။ ဒါကြောင့် ကျောင်းသားသမဂ္ဂကို အစိုးရအဆက်ဆက်က သဘောထားကြီးကြီးထားပြီးတော့ ဆက်ဆံသင့်တယ်။ သဘောထားကြီးကြီးထားပြီးတော့ ကျောင်းသားသမဂ္ဂ တည်ရှိရေးကို သူတို့ဘက်က အားပေးသင့်တယ်လို့ ထင်တယ်ဗျ။ ကျောင်းသားသမဂ္ဂဆိုတာ ကျောင်းသားလွှတ်တော် တစ်ခုဖြစ်တယ်ဗျာ။ ကျောင်းသားတွေက ဒီ သမဂ္ဂကွင်းပြင်ထဲနေ နိုင်ငံရေးဘဝ အစပျိုးခဲ့ကြတယ်ဗျ။ နိုင်ငံတကာမှာ ဒါမျိုးက ရှိနေပြီးသား အသွင်သဏ္ဌာန်တရပ်ပဲ။ ဒါကြောင့်မို့လို့ သမဂ္ဂဟာ ရှိသင့်တယ်။ ရှိသင့်တဲ့ အပြင်ကို အစိုးရအနေနဲ့ မည်သည့် အချုပ်အချယ် အကန့်အသတ်မှမရှိဘဲနဲ့ လှုပ်ရှားခွင့်ပေးသင့်တယ်လို့ ထင်ပါတယ်။

VOA ။ ။ ဟုတ်ကဲ့ ကိုကျော်ကိုကို ကျေးဇူးပါ။ ကျနော်တို့ ဒီဆွေးနွေးပွဲအတွက်ဆိုပြီးတော့ ဦးဖိုးသာအောင် နော်ဝေကနေပြီးတော့ စာရေးဆွေးနွေးထားတာရှိပါတယ်။ ကျနော်ဒီမှာပဲ ဖတ်ပြပါမယ်။ “ဒီမိုကရေစီရဲ့အခြေခံမှာ လွတ်လပ်စွာ အသင်းပင်းထူထောင်ခွင့်ဆိုတာ ပါပါတယ်။ အဲဒါ လူထုက ဒီမိုကရေစီနည်းကျ တရားမျှတစွာ တင်မြှောက်ထားတဲ့ အစိုးရမျိုးဖြစ်ပြီးတော့ လူထုဆန္ဒနဲ့မှန်ကန်စွာ အတည်ပြုထားတဲ့ အခြေခံဖွဲ့စည်းပုံဥပဒေလည်း ရှိပြီးဖြစ်ရပါမယ်။ လက်ရှိ မြန်မာအစိုးရသစ်ဟာ လူထုတင်မြှောက်တဲ့အစိုးရသစ်မျိုး မဟုတ်သလို ဖွဲ့စည်းပုံဥပဒေကလည်း လူထုဆန္ဒနဲ့ အတည်ပြုထားတာ မဟုတ်သေးပါဘူး။ စစ်မှန်တဲ့ဒီမိုကရေစီအစိုးရ၊ မှန်ကန်တဲ့ အခြေခံဖွဲ့စည်းပုံဖြစ်ဖို့ အစိုးရတွင်းကပုဂ္ဂိုလ်တွေရော အတိုက်ပါတီတွေနဲ့ လူတွေကပါ ဝိုင်းဝန်းကြိုးပမ်းနေတဲ့အချိန်ဆိုတာကို သတိပြု ကြရပါမယ်တဲ့။ နိုင်ငံတကာနဲ့ပြည်သူကလည်း အပြုသဘောဆောင်တဲ့ဘက်ကို ရောက်လာပြီဆိုတာကို လက်ခံနေကြပါပြီ။ ဒီအချိန်မှာ ဗကသလိုမျိုး အရေးကြီးတဲ့အဖွဲ့အစည်းကို အသစ်ဖွဲ့ဖို့ဆိုတာ၊ ဘယ်လောက်အထိ လိုအပ်နေတယ်ဆိုတာ ဘယ်သူတွေက ဆုံးဖြတ်လုပ်ဆောင်တာလဲ” ဆိုပြီးတော့ မေးခွန်းထုတ်လိုက်ပါတယ်တဲ့။ “နိုင်ငံရေး နှေးကွေးနေမှုအပေါ် တွန်းအားပေးတဲ့သဘောနဲ့ ကိုမင်းကိုနိုင် အပါအဝင် ဗကသ အမှုဆောင်တွေ စုံညီစည်းဝေးပြီးတော့ ဆုံးဖြတ်ချက်ချပြီးတော့ လုပ်ကြတာလား။ ဒါမှမဟုတ် ၈၈ ကစပြီးတော့ ယနေ့အထိ ကျောင်းသားအားလုံးရဲ့ဆန္ဒလား။ ဒါမှမဟုတ် နိုင်ငံရေးလက်ဦးမှုယူပြီးတော့ လက်ရှိနိုင်ငံရေးလမ်းကြောင်းကို ကပျက် ယပျက်လုပ်တာလားဆိုတာ သေသေချာချာ ရှင်းဖို့လိုပါတယ်။” တဲ့။ ဒါ ဦးဖိုးသာအောင် နော်ဝေရဲ့မေးမြန်းချက်ဖြစ်ပါတယ်။ ကိုကျော်ကိုကို ဒါနဲ့ပတ်သက်လို့ တစုံတရာ တုံ့ပြန်ဖြေရှင်းနိုင်ပါတယ်။

ကိုကျော်ကိုကို ။ ။ ကျနော်ပြောချင်တာက ကျနော်တို့ရဲ့ ရှေ့မျိုးဆက်တွေက ကျနော်တို့ကို သမိုင်းတာဝန် လွှဲအပ်ပေးလိုက်ပြီဗျ။ အခုခေတ်ကျောင်းသားတွေကလည်း မညံ့ကြတော့ဘူးဆိုတာ သက်သေပြချင်ကြတယ်။ အဲဒီ စိတ်ဓာတ် အခြေခံတယ်ဗျ။ အဲဒီစိတ်ဓာတ် အခြေခံပြီးတော့ ကျနော်တို့ ဒီ ခွပ်ဒေါင်းအလံကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ခဲ့ကြတယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်းကစပြီးတော့ ဒီနေ့ဒီအချိန်အထိ ကျနော်တို့ နိုင်ငံရေး လက်ဦးမှုရယူပြီးတော့ လုပ်ဆောင်ခဲ့တာ တစ်ခုမှမပါဘူး။ တကယ့် အမျိုးသားရေးအသိ စိတ်စစ်စစ်နဲ့ ကျနော်တို့ လုပ်ဆောင်ခဲ့တာပါ။

VOA ။ ။ ဟုတ်ကဲ့ခင်ဗျ။ ကျနော် မဖြိုးဖြိုးအောင်ကိုလည်း မေးချင်ပါတယ်။ ခုနက ဦးဖိုးသာအောင်မေးသွားတဲ့အထဲမှာ ပါပါတယ်။ အခု ဗကသဖွဲ့လိုက်တာက ရှေ့က ကိုမင်းကိုနိုင်တို့ ပါဝင်ပြီးတော့ဆုံးဖြတ်လို့လား။ တခြား နိုင်ငံရေးပယောဂပါလား။ ဒါမှမဟုတ် ကိုယ့်ဘာကိုယ်ပဲ စဉ်းစားပြီးလုပ်တာလား။ ဘယ်လို စဉ်းစားချက်ရှိပါသလဲ။ မဖြိုးဖြိုးအောင် ဖြေပေးပါလား။

မဖြိုးဖြိုးအောင် ။ ။ ဟုတ်ကဲ့ရှင့်။ ကျမတို့ ဒီ ၁၉၈၈ မတိုင်ခင် ရှေ့ရှေ့မှာ ကျောင်းသားသမဂ္ဂတွေဟာ ဒီ ကျောင်းသားတွေကနေပြီး တော့ ဖွဲ့စည်းထားတဲ့ ကျောင်းသားသမဂ္ဂတွေပါပဲ။ ကျမတို့လည်း ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ ဗကသများအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းလိုက်တယ်။ (ကျမတို့ ကျောင်းသားဘဝတုန်းက ဒီ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ အားပေးကူညီမှုတွေလည်း အများကြီးပါပါတယ်ရှင့်။) ဖွဲ့စည်းလိုက်ပြီးတော့ အခု ၂၀၁၂ ခုနှစ် အထိပေါ့နော် ကျမတို့ ဒီ ဗကသများအဖွဲ့ချုပ်ဟာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ ကျမတို့ နိုင်ငံရေးအရ အမြတ်ထုတ်မှုလည်း မရှိပါဘူးရှင့်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ဒီ တလျှောက်လုံးက အကျဉ်းထောင်အသီးသီးမှာလည်း ကျမတို့ ကျောင်းသား ရဲဘော်တော်တော်များများ ဖမ်းဆီးထိန်းသိမ်းခံရတယ်။ ကျမတို့ အထဲဝင်သွားတဲ့အခါမှာ ၂၀၀၇ မှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့သူတွေ ရှိတယ်။ ကျမတို့ ပုန်းကွယ်နေရတဲ့သူတွေ ရှိတယ်။ နောက် ၂၀၀၈ ခုနှစ်မှာ ဆက်ပြီးတော့ ကျမတို့ ကျောင်းသားသမဂ္ဂတရပ် မျိုးဆက်တစ်ဆက် လက်ဆင့်ကမ်းတယ်။ ကျမတို့အကုန်လုံး အထဲဝင်သွားတဲ့အခါမှာ ဆက်လက်ပြီးတော့ အပြင်မှာဆက်လုပ်နေတဲ့ ကျောင်းသားသမဂ္ဂတွေရှိတယ်။ အခု ၂၀၁၂ ကျမတို့ ပြန်ထွက်လာတဲ့အခါမှာ ကျမတို့နဲ့အတူ လက်တွဲလုပ်နေတဲ့ ကျောင်းသားတွေရှိတယ်။ ဒါတွေအားလုံးက ကျမတို့ မျိုးဆက် အလိုက်ပေါ့နော်။ သူတို့အားလုံး ပူးပေါင်းပါဝင်တယ်။ ကျောင်းသားမျိုးဆက်တောက်လျှောက် ၂၀၀၇ ကနေစပြီးတော့ ပူးပေါင်းပါဝင်တဲ့ ကျောင်းသားတွေကနေပြီး ဖွဲ့စည်းလိုက်တာပါ။ ဗဟိုစည်းရုံးရေးကော်မတီကို ဖွဲ့စည်းလိုက်တာပါ။ အဲဒီ ဗဟိုစည်းရုံးရေးကော်မတီမှာ ၂၀၀၃ က ကျောင်းသားသမဂ္ဂ ကျောင်းသားတစ်ယောက်ပါတယ်။ နောက် ၂၀၀၇ မျိုးဆက် ကျမတို့ ကျောင်းသားတွေ အပါအဝင်ကို လက်ရှိ ဗကသ တာဝန်ကိုထမ်းဆောင်နေတဲ့ ကျောင်းသား အားလုံး ပါဝင်ပါတယ်ရှင့်။

VOA ။ ။ ဟုတ်ကဲ့ပါ။ ဒါ မဖြိုးဖြိုးအောင် ဖြစ်ပါတယ်။ ကျနော်တို့ လေလှိုင်းပေါ်မှာ နောက်တစ်ဦးလည်း ရှိပါတယ်။ ကိုမင်းနိုင်။ ကိုမင်းနိုင်ကတော့ ဗကသများအဖွဲ့ချုပ် နိုင်ငံခြားရေးရာကော်မတီ။ လက်ရှိ နယ်စပ်မှာအခြေစိုက်နေတာပါ။ ကိုမင်းနိုင် ခုနကဆွေးနွေးသွားတဲ့အထဲမှာ ဦးဖိုးသာအောင် ဆွေးနွေးသွားတဲ့ကိစ္စပါပါတယ်။ ကျနော် အဲဒီမှာ နည်းနည်း မေးချင်တာက ဗကသများအဖွဲ့ချုပ်ကို ဖွဲ့စည်းတိုင်း ဟိုတုန်းကလည်း ၈၈၊ နောက် ဒီမတိုင်ခင်ကာလတွေမှာလည်း တခြား နိုင်ငံရေးပယောဂပါတယ်ဆိုပြီးတော့ အစိုးရအပါအဝင် အချို့အင်အားစုတွေက ပြောကြဆိုကြတာတွေ ရှိပါတယ်ခင်ဗျ။ ဒီအခြေအနေနဲ့ပတ်သက်လို့ ကိုမင်းနိုင် ဘာများပြောချင်လဲ။

ကိုမင်းနိုင် ။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲဒီအပေါ်မှာ ကျနော်လည်း ဆွေးနွေးချင်ပါတယ်။ ဆွေးနွေးချင်တဲ့ကိစ္စက ကျနော်တို့ ဗကသ စပြီးတော့ဖွဲ့စည်းခဲ့တယ်ဆိုတာ။ ဗိုလ်ချုပ်အောင်ဆန်းတို့လက်ထက်ပေါ့နော်။ ဒီကာလက ကိုအောင်ဆန်း လက်ထက်မှာ ၁၉၃၆ ကတည်းက စဖွဲ့စည်းကတည်းက ဘယ်ပယောဂမှ မပါခဲ့ဘူးဗျ။ အဓိကက သူတို့ကာလမှာ အမျိုးသားရေး၊ နောက် နိုင်ငံလွတ်လပ်ရေး စတဲ့ ဒီအခြေခံစိတ်ဓာတ်တွေအပေါ်မှာပဲ ဒီကျောင်းသားလူငယ်တွေရဲ့ လွတ်လပ်တဲ့စိတ်ဓာတ်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒီ အစဉ်အလာက တစ်လျှောက်လုံးရှိခဲ့တယ်လို့ ကျနော်ကတော့ ယူဆပါတယ်။ ပြောမယ်ဆိုရင် ဒီ လွတ်လပ်ရေးရပြီးကာလမှာလည်း ကျောင်းသားသမဂ္ဂတွေ ပေါ်တဲ့အခါမှာလည်း အားလုံးက လွတ်လွတ်လပ်လပ်နဲ့ သူတို့ရဲ့ နိုင်ငံချစ်စိတ် တိုင်းပြည်ချစ်စိတ်နဲ့ သူတို့ဟာ တစ်လျှောက်လုံး ဒီ စိတ်ဓာတ်တွေနဲ့ပဲ ဖွဲ့စည်းပါဝင်ခဲ့ကြတာဖြစ်တယ်။ ၁၉၆၂ စစ်အာဏာသိမ်းပြီးကာလမှာလည်း မြေအောက်ရောက်ရတဲ့အခါမှာလည်း ဒီ ကျောင်းသားတွေအကုန်လုံးက စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတွေအတွက်ကိုပဲ စုစည်းမှုတွေနဲ့ သူတို့ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်။ ဥပမာ ၁၉၈၈ ကိုမင်းကိုနိုင်တို့ကာလမှာလည်း ဒီဦးတည်ချက်တွေနဲ့ပဲ ဖွဲ့စည်းခဲ့ကြတာဖြစ်တယ်။ ဘာ အမှောက်ပယောဂမှ ပါခဲ့တာ မရှိဘူး။ ဒီနောက်ပိုင်းမှာလည်း တစ်လျှောက်လုံးကြည့်မယ်ဆိုရင် မြေအောက်လှုပ်ရှားမှုတွေ၊ ဗကသ နာမည်ခံပြီးတော့မှ စုစည်းမှုတွေ အမြောက်အများပေါ်ခဲ့တယ်။ ဒီလိုစုစည်းမှုတွေအားလုံးဟာလည်း ဘာအနှောင်အဖွဲ့မှ မပါပါဘူး။ နောက်ဆုံးဆိုလို့ရှိရင် ဒီ ၂၀၀၇ မှာ ကိုကျော်ကိုကိုတို့ပေါ့ သူတို့ဖွဲ့စည်းမှုက သူတို့ပြန်လည်လွတ်မြောက်လာတဲ့အခါ ဗဟိုစည်းရုံးရေး ကော်မတီဖွဲ့စည်းတဲ့အခါမှာလည်း ကျနော်ကတော့ ယုံကြည်တယ်ဗျ။ သူတို့ရဲ့ နိုင်ငံချစ်စိတ်၊ တိုင်းပြည် ငြိမ်းချမ်းလိုစိတ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးစိတ်၊ နောက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို ငါတို့ကျောင်းသားလူငယ်တွေက လွတ်လွတ်လပ်လပ်နဲ့ လှုပ်ရှားဆောင်ရွက်ရမယ်ဆိုတဲ့အသိနဲ့ ပေါ်ပေါက်လာတယ် ဆိုတာကို လုံးဝ ယုံကြည်ပါတယ်။

VOA ။ ။ ကျနော် ကိုမင်းနိုင်ကို တစ်ခု မေးချင်ပါတယ်။ အဓိကက ဗကသများအဖွဲ့ချုပ် နိုင်ငံခြားရေးရာကော်မတီနဲ့ ဗဟိုစည်းရုံးရေး ကော်မတီဆိုတာပေါ်လာပြီဆိုတော့ ဗဟိုစည်းရုံးရေးကော်မတီက ကိုကျော်ကိုကိုတို့ကို မမေးချင်ပါဘူး။ ဖြေရတာ အခက်အခဲရှိမှာမို့ပါ။ ဒါပေမယ့် ကိုမင်းနိုင်ကိုမေးချင်တာက လက်ရှိ ဗဟိုစည်းရုံးရေးကော်မတီ ဗမာပြည်ထဲမှာ ဖွဲ့လိုက်ပြီ။ အခု ကိုမင်းနိုင်တို့ နိုင်ငံခြားရေးရာ ကော်မတီဆိုတာ ရှိတယ်။ ဒါနဲ့ပတ်သက်လို့ ဘယ်လိုသဘောထားရှိပါသလဲ။

ကိုမင်းနိုင် ။ ။ အဲဒါကတော့။ တကယ်တမ်း ကျနော်တို့ကျတော့ ဗကသများအဖွဲ့ချုပ် နိုင်ငံခြားရေးရာကော်မတီဆိုတာ ပြည်တွင်းထဲမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်မရှိတဲ့အပေါ်မှာ လုပ်နိုင်ကိုင်နိုင်မယ့်ကိစ္စများပေါ့။ ကျောင်းသားထုအတွက်နဲ့ပတ်သက်ပြီးတော့၊ အမျိုးသားနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ ရနိုင်သမျှထမ်းမယ်ဆိုပြီးတော့ ရောက်တဲ့နေရာကနေပြီးတော့ ထမ်းဆောင်ရတာဖြစ်တယ်။ အခု ဗဟိုစည်းရုံးရေးကော်မတီပေါ်လာတယ်ဆိုတဲ့ အခါကျတော့ ကျနော်တို့ အရမ်းကို ဝမ်းမြောက်တယ်။ ဒါက တကယ့်တကယ်က ဗကသများအဖွဲ့ချုပ်ရဲ့အလံက ပြည်တွင်းမှာပဲ ရှိရမယ်။ ပြည်တွင်းကျောင်းသားထုရဲ့ လက်ထဲမှာပဲရှိရမယ်။ အဲဒီလိုမြင်ပါတယ် ခင်ဗျ။

VOA ။ ။ ဟုတ်ကဲ့ခင်ဗျ။ ကျနော် ကိုရဲမော်ထူးကို ဒီမှာ တဆက်တည်းမေးချင်ပါတယ်။ ဒီ ဗကသ လှုပ်ရှားမှုအပါအဝင် ကျောင်းသား လှုပ်ရှားမှုတွေဟာ မြန်မာနိုင်ငံ နိုင်ငံရေးမှာကြည့်လိုက်လို့ရှိရင် ပိုပြီးတော့ နိုင်ငံရေးဘက်ကိုသန်တာ သတိထားမိပါတယ်။ အထူးသဖြင့် ဒီ အစိုးရနဲ့ပတ်သက်လို့ အတိုက်အခံလုပ်တာတွေရှိတယ်။ အဲဒါကြောင့်မို့လို့ သူပုန်လှုပ်ရှားမှုဆိုပြီးတော့ အစိုးရတွေက သတ်မှတ်တာတွေ ရှိပါတယ်။ ဒီတော့ နောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုတွေကရော ဒီ Platform အရရော အခုထက်ထိရော အခြေအနေတွေက ဘယ်လောက်အထိ ဖြစ်မလဲ။ နောက်ပိုင်းလှုပ်ရှားမှုက ဘယ်လိုဖြစ်သင့်လဲ။ ကိုရဲမော်ထူးရဲ့အမြင် သိချင်ပါတယ်။

ကိုရဲမော်ထူး ။ ။ ကျနော့်အမြင်ကတော့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂရဲ့ နိုင်ငံရေးလှုပ်ရှားမှုပေါ့နော်၊ အဲဒီ ဗကသ အဖွဲ့ချုပ်ရဲ့ အခြေခံမူတွေထဲမှာပါတဲ့ အမျိုးသားနိုင်ငံရေးပေါ့နော် ထင်ရှားတဲ့ အမျိုးသားနိုင်ငံရေး။ ဒီ အမျိုးသားနိုင်ငံရေးဆိုတဲ့ ဝေါဟာရပေါ့နော် Political Category က ခေတ်ကာလအခြေအနေပေါ်မူတည်ပြီးတော့ ရွေ့လျားတယ်ပေါ့နော်။ အဓိကပြောချင်တာကတော့ နယ်ချဲ့ခေတ် အင်္ဂလိပ်လက်ထက်မှာဆိုလို့ရှိရင် ဒီ အင်္ဂလိပ်ခေတ်မှာရှိတဲ့ ဗမာပြည်သူလူထုရဲ့ အမျိုးသားနိုင်ငံရေးက နယ်ချဲ့ဆန့်ကျင်ရေးဖြစ်တယ်ဗျ။ အဲဒီတော့ ဒီဘက်ကိုပြန်ပြောမယ်ဆိုရင် ၁၉၆၂ ခုနှစ်နောက်ပိုင်း ဒီဘက် ဦးသိန်းစိန်အစိုးရလက်ထက်အထိ ကျနော်တို့ရဲ့ ဗကသရဲ့ အမျိုးသားနိုင်ငံရေးဆိုတာက ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဖြစ်တယ်။ ဒီ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကျောင်းသားလှုပ်ရှားမှုဆိုတာက ကျောင်းသားလှုပ်ရှားမှုရဲ့သမိုင်း ဖြစ်တယ်။ အဲဒီတော့ ဒီအခြေခံပေါ်မှာ ဒီ အမျိုးသားနိုင်ငံရေးဆိုတဲ့ အခြေခံရပ်တည်ချက်အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ဆက်လက်လှုပ်ရှားနေမယ်ဆိုလို့ရှိရင် ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လိုနာမည်မျိုးပဲတပ်တပ် ဒီ အမျိုးသားနိုင်ငံရေးဆိုတဲ့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည် တွင်းငြိမ်းချမ်းရေးနဲ့၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆိုတဲ့ အခြေခံမူကနေပြီးတော့ လှုပ်ရှားနိုင်မယ်၊ လှုပ်ရှားနေရမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ဒီအတွက်ကြောင့်မို့လို့ ဘယ်လိုအခြေအနေမျိုးပဲဖြစ်နေဖြစ်နေ ဒီ အမျိုးသားနိုင်ငံရေးရဲ့ အခြေခံအပေါ်မှာ ရပ်တည်သင့်တယ်လို့ ကျနော်ကတော့ အဲဒီလိုမြင်ပါတယ်။

VOA ။ ။ ကိုကျော်ကိုကို တလှည့်ပြန်မေးချင်ပါတယ်။ ကိုကျော်ကိုကိုရေ ခုနက ပြောသွားကြတဲ့အထဲမှာ လက်ရှိ ဗကသအဖွဲ့ချုပ် ကျောင်းသားသမဂ္ဂသမိုင်းတွေ ပြောသွားပါတယ်။ ကိုကျော်ကိုကိုတို့ အခုပြန်ဖွဲ့ကြတဲ့၊ ဗဟိုစည်းရုံးရေးကော်မတီလုပ်ကြတဲ့၊ ဗကသများ အဖွဲ့ချုပ်လုပ်ကြတဲ့အခါကျတော့ အရင်တုန်းကရှိခဲ့တဲ့ မူတွေ စံတွေ နောက်တစ်ခုက ရည်ရွယ်ချက်တွေ ဒါနဲ့ပတ်သက်လို့ တချို့ဟာက အခုထက်ထိ ဆက်ပြီးကျင့်သုံးဖို့လိုလား၊ ခေတ်နောက်ကျနေတယ်လို့မြင်လား၊ ဘယ်လိုဆက်ပြီးတော့ သဘောထားရှိပါသလဲခင်ဗျ။

ကိုကျော်ကိုကို ။ ။ ကျနော့်သဘောထားကတော့ ဗကသများအဖွဲ့ချုပ် စတင်ပေါ်ပေါက်ကတည်းက ကိုင်စွဲလာခဲ့တဲ့ ဗကသရဲ့ မူ ၅ ချက်က ခေတ်နောက်ကျနေတယ်လို့တော့ မမြင်ဘူးဗျ။ ခေတ်ကိုလျော်ညီစွာပေါ့။ ဒီ မူ ၅ ချက်ကို ကိုင်စွဲပြီးတော့ပဲ ခေတ်နဲ့လျော်ညီစွာ သုံးစွဲသွားရမယ်လို့ ထင်ပါတယ်ခင်ဗျ။ ဒီ ၅ ချက်ဆိုတာကလည်း အမျိုးသားနိုင်ငံရေး ပါတယ်ဗျ။ အမျိုးနိုင်ငံရေးဆိုတာက အမှန်တကယ်အားဖြင့်လည်း အမျိုးသားထုကြီးတစ်ခုလုံး တိုးတက်ရေးပဲ။ အမျိုးသားထုတစ်ခုလုံး ချစ်ခင်ရင်းနှီးမှုရရှိရေး၊ ဒီထက်မက တိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးမှုရရှိရေး ထိုမှတဆင့် ကျနော်တို့ဆက်သွားရမယ့်ကိစ္စက ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်တွင်းစစ်ရပ်စဲရေး။ ဒါတွေက ခေတ်အဆက်ဆက် ရှိနေဆဲပဲဗျ။ အထူးသဖြင့် ဗမာနိုင်ငံ အခုလိုအခြေအနေမျိုးမှာ ပိုပြီးတော့တောင် လိုအပ်သေးတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ဒီ မူ ၅ ချက်ကို ဆက်လက်ကိုင်စွဲသွားဖို့ လိုအပ်ပါတယ်။

VOA ။ ။ ဟုတ်ကဲ့။ လက်ရှိအနေအထားအရဆိုရင် ကျောင်းသားသမဂ္ဂလှုပ်ရှားခွင့်၊ လှုပ်ရှားနိုင်တဲ့ အတိုင်းအတာရော ကျယ်ကျယ် ပြန့်ပြန့် ဘယ်လောက်အထိ ရှိလာနိုင်မလဲ။ အဓိက အနိမ့်ဆုံးအားဖြင့် ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေးကို ကိုကျော်ကိုကိုတို့ ဘယ်လောက်အထိ လုပ်နိုင်မယ်ထင်လဲ။

ကိုကျော်ကိုကို ။ ။ ဒီ ကျောင်းသားထုအခွင့်အရေးကလည်း ဒီ မူ ၅ ချက်ထဲမှာ ပါတယ်။ အဲဒီအချက်ကိုပဲ ကျနော်တို့က ရှေ့တန်းတင်ပြီးတော့ ကျောင်းသားထုစည်းရုံးရေးကိစ္စများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ဖို့ စဉ်းစားထားတယ်။ စဉ်းစားထားတဲ့အတိုင်း လုပ်မယ့်အခါမှာတော့ အခက်အခဲတွေ ရှိလာနိုင်တယ်။ ရှိလာနိုင်တဲ့ အခက်အခဲတွေအတွက်လည်း ကျနော်တို့ အသင့်ပြင်ထားတယ်။ ဒါကလည်း ကျနော်တို့ ၂၀၀၇ ခုနှစ်ကတည်းက ရင်ဆိုင်ကြုံတွေ့လာရတဲ့ အခြေအနေတွေဗျ။ ကျောင်းသားတွေမှာ မလုံလောက်မှုတွေ အများကြီးကြုံရတယ်။ အစစအရာရာပေါ့နော်။ ဘယ်အရာမဆို။ ပညာရေးစနစ် အားနည်းမှုရှိတယ်။ အဲဒီပညာရေးစနစ်အားနည်းမှုရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ရှိတယ်။ ကျောင်းသားထုတွေကြားထဲမှာ ချို့တဲ့မှုတွေ မလုံလောက်မှုတွေ ဖြစ်တယ်။ စီးပွားရေး အခြေအနေတွေကလည်း မကောင်းတဲ့အခါကျတော့ ဒီခေတ် ဒီကာလမှာ ကျောင်းသားထုဟာ ရှေ့ဆက်တိုးလို့မရအောင် ဘေးကြပ်နံကြပ်ထဲကို ရောက်သွားတဲ့ အနေအထားမျိုးဖြစ်တယ်။ စာလည်းဆက်သင်လို့မရ၊ ကျောင်းထွက်ပြီးတော့လည်း အပြင်မှာအလုပ်အကိုင် မရှိ ဒါမျိုးအခြေအနေတွေကို ကျနော်တို့ မဖြစ်စေရအောင်လို့ ပြုပြင်ပြောင်းလဲသွားဖို့ ကျနော်တို့က တောက်လျှောက် Pressure ပေးရမှာဗျ။ အဲဒီလိုလုပ်တဲ့အခါမှာ အခြေအနေအရပေါ့ မူတည်ပြီးတော့ တစ်စချင်းစီ တစ်လှမ်းချင်းစီ ရှေ့ဆက်သွားမယ်။ အဲဒီတော့ အင်အားရှိနေဖို့တော့လိုပါတယ်။ ကျနော်တို့ အင်အားရှိမှ အလုပ်တွေလုပ်နိုင်မှာပါ။

VOA ။ ။ ဟုတ်ကဲ့ အချိန်ကလည်းစေ့တော့မှာပါ။ ဒီမတိုင်ခင်ကပဲ ကိုလှမောင်ဆိုတာက ပေးစာတစ်စောင် ပေးထားပါတယ်။ စာကလည်းရှည်တော့ အချိန်အကန့်အသတ်ကြောင့် စာကို အကုန်မဖတ်ပြတော့ပါဘူး။ ဒီမှာ အနှစ်ချုပ်ပြီးတော့ ကျနော်ပြောချင်ပါတယ်။ ကိုလှမောင် ရေးထားတဲ့အထဲမှာတော့ လက်ရှိ ဒီ ဗကသများအဖွဲ့ချုပ်နဲ့ပတ်သက်လို့ သူပြောထားတာက ၁၉၈၈၊ ကိုမင်းကိုနိုင်တို့ ဖွဲ့တုန်းကအခြေအနေကို သူ ပြန်ထောက်ပြထားပါတယ်။ အဲဒီတုန်းက ကျောင်းသားအစုအဖွဲ့တွေ အများကြီးရှိတယ်။ ကိုမင်းကိုနိုင်တို့ ဖွဲ့တယ်ဆိုပေမယ့် ပြဿနာ တစုံတရာရှိခဲ့တယ်ဆိုပြီးတော့ သူ့ရဲ့အမြင်ကို ရေးပါတယ်။ ဒါကြောင့်မို့လို့ တရားဝင်ညီလာခံပေါ်မှပဲ ဗကသလို့ သုံးသင့်ပါတယ်တဲ့။ လက်ရှိအနေအထားမှာ (ယာယီ) လို့ ခံပြီးသုံးသင့်ပါတယ်တဲ့။ သူက စေတနာနဲ့ သတိပေးတာပါဆိုပြီး ကိုလှမောင်က ရေးသားထားပါတယ်။ အဲဒီတော့ ကိုကျော်ကိုကိုက အခုကိစ္စနဲ့ပတ်သက်လို့ ဘာများတုံ့ပြန်ချင်ပါသလဲ ခင်ဗျ။ အထူးသဖြင့် ဗဟိုစည်းရုံးရေးကော်မတီဖွဲ့တဲ့အခါမှာ ဘယ်လောက်အထိ ကျောင်းသားထုကို ကိုယ်စားပြုမလဲ၊ တခြားကျောင်းသားအစုအဖွဲ့တွေကို ဘယ်လောက်အထိ စဉ်းစားထားပါသလဲ။

ကိုကျော်ကိုကို ။ ။ ကိုလှမောင်ပေးတဲ့ စေတနာကိုတော့ လေးစားပါတယ်။ ကျနော်တို့က လက်ခံတယ်။ ဒါတွေကလည်း စိုးရိမ်မယ်ဆို စိုးရိမ်စရာပေါ့။ ဒါပေမယ့် ဒီခေတ် ဒီအချိန်ကာလမှာ ကျနော်မြင်သလောက်ကတော့ သိပ်ပြီး ပြဿနာ ကြီးကြီးမားမား မရှိတော့လောက်ဘူးဗျ။ ကျောင်းသားထုအားလုံးကို စည်းရုံးဖို့က ကျနော်တို့က အခုစနေပြီ၊ ပျိုးနေပြီ၊ ခြေလှမ်းစနေပြီ။ ကျောင်းသားထု အကုန်လုံးကို ကျနော်တို့ လက်ကမ်းကြိုဆိုထားတယ်။ အချင်းချင်း ညီအစ်ကိုတွေပဲ။ ဒီခေတ်မှာ ဘုံတူညီချက်ကိုရှာပြီး ကျောင်းသားထုတွေက အထိုင်တစ်ခုအပေါ်ကနေ အခြေခံစဉ်းစားသွားရမှာ။ အဓိက အထိုင်ကတော့ အမျိုးသားနိုင်ငံရေးပဲ။ အဲဒီတော့ ကျောင်းသားထုမှာ ကွဲစရာအကြောင်း မရှိဘူး။ ကျနော်တို့အချင်းချင်းလည်း ညီညွတ်တယ်။ ကျနော်တို့ ရှေ့ဆက်ပြီးတော့လည်း ညီညွတ်သွားမယ်။ ကျောင်းသားထုညီလာခံ ပေါ်ပေါက်တဲ့အခါကျရင်လည်း တူညီတဲ့ အဖြေတစ်ခုထွက်လာမယ် ထင်ပါတယ်။

VOA ။ ။ ဟုတ်ကဲ့ အချိန်လည်းစေ့သွားပြီဖြစ်တဲ့အတွက် တိုက်ရိုက်လေလှိုင်းအစီအစဉ်ကို အဆုံးသတ်ပါရစေ။ ကိုကျော်ကိုကို အပါအဝင် ပါဝင်ဆွေးနွေးပေးခဲ့ကြသူတွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

(၂၁-၁-၂၀၁၂ (VOA) ညပိုင်း တိုက်ရိုက်လေလှိုင်း အစီအစဉ် မှဖြစ်ပါသည်။)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (အမေရိကန်ဌာနခွဲ) အင်တာနက် စာမျက် နှာ မှ တစ် ဆင့် ကူးယူ ဖော်ပြ ပါသည်။
http://freedomnewsgroup.com/2012/02/02/ba-ka-tha/


သမဂ္ဂ အဆောက်အအုံ ပြန်ဆောက်ပေး ဖို့ ကျောင်းသား တွေ တောင်း ဆိုပြီ
by FNG on February 2, 2012
387256_328739653812967_158797964140471_1169628_2124339389_n

၁၉၆၂ ခုနှစ် တွင် ဗိုလ်ချုပ်ကြီး နေ၀င်း ၏ တော်လှန်ရေးကောင်စီ အစိုးရ က မိုင်းထောင် ဖြိုခွဲ
လိုက် သည့် ကျောင်းသား သမဂ္ဂ အဆောက် အဦ တရား ၀င် ပြန်လည် တည်ဆောက်ပေးရန်
ဗမာ နိုင်ငံ လုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ များ အဖွဲ့  ချုပ် မှ ယနေ့  တောင်း ဆိုလိုက် သည်။
မြန်မာ့ လွတ်လပ် ရေး ကြိုပမ်း မှု သမိုင်း တွင် အစဉ် အလာ ကြီး မား ခဲ့ ပြီး အင်္ဂလိပ် နယ်ချဲ့ အစိုး
ရ အား ဆန့် ကျင် ခဲ့ ကြသည့် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု ခေါင်းဆောင် များ သည် ကျောင်း
သား သမဂ္ဂ မှ ပေါ် ထွက် လာခြင်း ဖြစ်သည်။
၂၀၀၇ ခုနှစ် တွင် ပြန်လည် ဖွဲ့ စည်း ခဲ့ သည့် ဗကသ သည် ယခင် ဗကသ အခြေခံ မူများ ဖြစ်သည့်
အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ ဒီမိုကရေစီပညာရေး၊ ငြိမ်းချမ်းရေးနှင့် ကျောင်းသား ထု အခွင့်အ
ရေး ကာကွယ်ရေး စသည့် အခြေခံ မူများ ကို ကိုင်စွဲ ကာ ဆက်လက် ရပ် တည် လျှက် ရှိသည်။
မန္တလေးမြို့ ဓမ္မသဟာယကျောင်းတိုက်ဝင်းအတွင်း ပြုလုပ်ခဲ့သော အဆိုပါတွေ့ဆုံပွဲသို့ တက္က
သိုလ်အသီးသီးမှ ကျောင်းသားကျောင်းသူသစ် ၂၀၀ နီးပါးအပါအ၀င် ယခင် ဗကသတွင် တာဝန်
ထမ်းဆောင်ခဲ့ဖူးသော ကျောင်းသားဟောင်းများ ၊ ဗဟိုစည်းရုံးရေးကော်မတီဝင်များနှင့် ဗကသ
(အထက်မြန်မာပြည် ) တရားဝင် ဖြစ်ထွန်း ပေါ်ပေါက်လာရေးကော်မတီတို့မှ ကျောင်းသားကျောင်းသူ
တစ်ထောင် နီးပါး တက်ရောက်ခဲ့သည်။ (YPI မှာ ကောက်နှုတ် ဖော်ပြသည်)
လက်ရှိ ဗကသ ဥက္ကဌ ဖြစ်သူ ကို ကျော်ကျော် ကို က ကျောင်းသား သမဂ္ဂ အဆောက် အဦ ကို အရင်
မိုင်းခွဲ ဖျက်ဆီး ခဲ့ ခဲ့ ရတဲ့ နေရာ မှာ ပဲ ပြန် ဆောက် ပေး စေ ချင် တယ် ဟု FNG သို့  ပြောသည်။
ဗိုလ်ချုပ်ကြီး နေ၀င်း အာဏာ ရရှိ ချိန် ဉ် ကျောင်းသား သမဂ္ဂ အဆောက် အဦ ကို မိုင်း ခွဲ ဖျက်ဆီး ခဲ့
ရာ သမဂ္ဂ အဆောက် အဦး လည်း ပျက်စီး ၊ ဗကသ လည်း မတရား အသင်း ကြေငြာ ခံ ရကာ
ကျောင်းသား ၊ ကျောင်းသူ ရာ ပေါင်း များ စွာ လည်း သေ ဆုံး ခဲ့ ကြ သည်။
http://freedomnewsgroup.com/2012/02/02/ba-ka-tha-2/

ဒေါ်စု မန္တလေးခရီးစဉ် ရွှေ့ဆိုင်း

ကြာသပတေး, 02 ဖေဖော်ဝါရီ 2012

By သားညွန့်ဦး | ၀ါရှင်တန် ဒီစီ
ဖေဖ၀ါရီလ ၂၊ ၂၀၁၂။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လာမယ့် ဖေဖ၀ါရီလ ၄ရက်နဲ့ ၅ ရက်မှာ မန္တလေးကို သွားရောက်ပြီး၊ မန္တလေး ပြည်သူလူထုနဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ တွေ့ဆုံဖို့နေရာတွေ ကြိုတင်စီစဉ်ရာမှာ အခက်အခဲမျိုးစုံတွေ ကြုံတွေ့ရပြီးတဲ့နောက်၊ လူထုစုဝေးပွဲလုပ်ဖို့နေရာ မရတာကြောင့် အခုလို ခရီးစဉ်ဖျက်သိမ်းလိုက်ရတာလို့ သိရပါတယ်။ ကိုသားညွန့်ဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

“ဟုတ်ပါတယ်ခင်ဗျ။ ကျနော်တို့ အခု စီစဉ်ထားတဲ့ ခရီးစဉ်ကို ဖျက်လိုက်ပါတယ်။ ရက်ရွှေ့တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ၄ ရက်နေ့ သွားမယ်ဆိုတဲ့ ခရီးစဉ်ကတော့ မသွားဖြစ်တော့ဘူး။”

ဘာကြောင့် လဲခင်ဗျား အခြားအကြောင်းအရာတွေများ ရှိပါသလား အခက်အခဲ တစုံတရာ

“ကျနော်တို့က ကော်မရှင်ကို ၁၀ ရက်ကြိုပြီးတော့ စည်းမျဉ်းအတိုင်း တင်ပါတယ်။ ပြီးတော့ ကျနော်တို့ကလည်း လူထုပရိသတ်ကို လမ်းပိတ်ဆို့မှုတွေ ဘာတွေ မဖြစ်စေချင်တဲ့အတွက်ကြောင့်၊ မန္တလေး လူထုပရိသတ်အကြောင်းလည်း ကျနော်တို့သိတယ်လေ။ ဒေါ်စုကလည်း မရောက်တာကြာတော့ တခဲနက် ကြိုကြမှာ။ လမ်းတွေ ပိတ် ဘာပိတ်ဆိုတော့ သူတို့လည်းပဲ မကောင်းဘူး အခက်အခဲဖြစ်ကုန်မယ်ဆိုပြီးတော့၊ ကျနော်တို့ က ဗထူးကွင်းကို တောင်းပါတယ်။ ပထမ ရမလိုလို ဘာလိုလို ပြောတော့ ကျနော်တို့က ရန်ကုန်က Football အဖွဲ့ချုပ်ပေါ့ဗျာ၊ ကိုဇော်ဇော်တို့ကို ကျနော်ကိုယ်တိုင် လျှောက်လွှာတွေဘာတွေ တင်ထားပါတယ်။ ရက်နီးတော့မှ ကော်မရှင်က ကျနော်တို့ကို ခေါ်ပြီးတော့ ခင်ဗျားတို့ ကွင်းရရင် ပေးမယ်တဲ့ အဆင်သင့်ပဲတဲ့။ ကွင်းသွားပြောတဲ့အခါကျတော့လည်း ကော်မရှင်က ခွင့်ပြုချက်ယူသာလာခဲ့ ကျနော်တို့က အဆင်သင့်ပဲ ဆိုတဲ့အခါကျတော့ အဲလိုနဲ့ပဲ ရက်တွေက တနေ့ထက်တနေ့ သူ့လွှဲသလို ငါလွှဲသလိုလိုနဲ့ အဆင်မပြေဘူးဗျ အဲလိုဖြစ်တယ်။”

“မနေ့က ကျတော့ ကျနော်တို့ ရက်လည်း မရှိတော့ပါဘူး။ ပြင်ဆင်ချိန်နဲ့ဘာနဲ့ ကျနော်တို့လည်းပဲ စီစဉ်ပါရစေလို့ ပြောတဲ့အခါကျတော့ ဗထူးကွင်းက သူတို့လူကြီးတွေလာပြီး ကွင်းစစ်ဖို့ အစီအစဉ်ရှိလို့ ဆိုပြီး ကျနော်တို့ကို မပေးတော့ဘူး ပြောတယ်။ ပြောတဲ့အခါကျတော့ ကျနော်တို့က ဒါဖြစ်ရင် မန္တလေးတောင်ခြေက မန္တလေး အားကစားကွင်းပေါ့ဗျာ သွားရတာ လှမ်းပေမယ့်လို့ လုပ်ပါ့မယ် ကျနော်တို့ အဲဒီမှာပဲ မန္တလေးအားကစားကွင်းပေါ့။ အဲဒါ ချပေးပါပြောတော့ တိုင်းအားကာ လက်အောက်မှာရှိတယ်တဲ့။ အဲတော့ တိုင်းအားကာကို လျှောက်လွှာသွားတင်တယ်။ ၀န်ကြီးချုပ်ဆီ တင်မယ် ဘာမယ်ဆို ယူသွားပြီးတော့ တကယ့်တကယ်ကျတော့ မယ်မယ်ရရ အဖြေထွက်မလာဘူးဗျ။”

“ကော်မရှင်ကလည်း ခွင့်ပြုချက်က ၄၈နာရီ ကြိုပြီး ပေးရမှာဆိုတော့ အဆင်မပြေဘူးဖြစ်တော့ ကျနော်တို့က အခြား အဆင်ပြေတဲ့ ကွင်း တကွင်းကွင်း လုပ်ရမယ်ဖြစ်တော့ ရတနာပုံကွင်းကို ရဖို့ ကြိုးစားတော့လည်း၊ မန္တလေး FC က ကျနော်တို့ကို မပေးနိုင်ဘူးလို့ အကြောင်းပြန်တယ်ဗျ။ ကွင်းစီစဉ်ရတာ အခက်အခဲဖြစ်နေတယ် ကျနော်တို့မှာ။ ဒါဖြစ်ရင် ဖြစ်တဲ့ပုံစံပေါ့ ရှမ်းအသင်းကပိုင်တဲ့ကွင်းကတော့ ကျနော်တို့ကို ပိုက်ဆံနဲ့ ငှားတယ်ဗျ။ ကွင်းကဗျာ ဘောလုံးကွင်း တ၀က်စာလောက်ပဲ ရှိတော့ လူထုပရိသတ်လည်း အားနာရတယ်ဗျာ။ ဒါက သိပ်ပြီးတော့ အကျိတ်အနယ်တွေ ဖြစ်ကုန်ရင် မကောင်းဘူးပေါ့။ အဲဒါနဲ့ပဲ ဥက္ကဌက ကျနော်တို့ကို ရက်ရွှေ့မယ် နောက် ပြောင်းပြီး စီစဉ်မယ်ပေါ့ အဲလို ပြောင်းလိုက်တာပဲ။”

အဓိကကတော့ နေရာအခက်အခဲကြောင့် ရွှေ့ရတဲ့သဘောပေါ့။

“ဟုတ်ပါတယ်။ နေရာအခက်အခဲဖြစ်လို့ ရွှေ့ရတာပါ။”

သက်ဆိုင်ရာအာဏာပိုင်တွေဖက်က ဒီလိုနေရာအခက်အခဲဖြစ်အောင် ဖိအားတွေ ဘာတွေ ပေးတာမျိုးရော ကြားမိလား။

“ကျနော်ကိုယ်တိုင်တော့မဟုတ်ဘူးပေါ့။ မန္တလေးတိုင်းက တာဝန်ရှိသူတွေ ကိုယ်တိုင်သွားရတာပေါ့။ သူတို့ပြောတတွေ တယ်လီဖုန်းနဲပေါ့။ မနေ့ကဆိုရင် တနေကုန် စောင့်ပါဦးဆိုပြီး အစည်းအဝေးခန်းထဲမှာ ထိုင်စောင့်ခိုင်းတယ်ဗျာ။ လာမှာပါ ပေါ့လေ အထက်တင်ထားပါတယ်ဆိုပြီးတော့။ ညနေအထိ ဘာမှ အဖြေ မယ်မယ်ရရ မရတာမျိုးပေါ့။ ဒါကတော့ အဓိပ္ပါယ်က တမျိုးပေါ့၊ နဲနဲ အခက်အခဲတခုတော့ ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ထွက်တယ်ဗျ။”

ဘယ်တော့လောက် ပြန်သွားဖြစ်မလဲ၊ ပြန်သွားဖြစ်ဖို့ ကြိုးစားဖို့ ရှိပါလား။

“အဲဒါ ဥက္ကဌကတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းမှာ စဉ်းစား ဆုံးဖြတ်ပြီးတော့မှ စီစဉ်မယ်လို့ ပြောပါတယ်။ ရက်က အတိအကျ မပြောနိုင်သေးပါဘူး”

ဗထူးအားကစားကွင်း မရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ကို ဗွီအိုအေက ဆက်သွယ်ပေမယ့်၊ ဖုန်းဖြေကြားချက် မရခဲ့ပါဘူး။
http://www.voanews.com/burmese/news/02-02-2012-mandalaysuu-138569609.html






Popular Myanmar News Journal
ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် ရွေ့ ပြောင်းရက် ပြန်လည်သတ်မှတ်ရခြင်းမရှိသေး

ဒေါ်အောင်ဆန်းစုကြည် ၏ မန္တလေးရွေးကောက်ပွဲ အောင်နိုင်ရေးခရီးစဉ်နှင့် ဟောပြောပွဲ အစီအစဉ်များအတွက် စီစဉ်မှု အခက်အခဲများပေါ်ပေါက်ခဲ့၍ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ရက်ရွေ့ လိုက်စေကြောင်းနှင့် ယင်းသို့ ရက်ရွေ့ ရခြင်းအတွက် မန္တလေးလူထု နားလည်ပေးနိုင်ရန် မီဒီယာများမှတဆင့် အသိပေးပြောကြားစေလိုက်
ကြောင်းသိရပါသည်။ မန္တလေးခရီးစဉ် ၏ မူလ ရက် မှ ရွေ့ ပြောင်းမှုရှိသော်လည်း အခြား အောင်နိုင်ရေးခရီးစဉ်များမှာ အပြောင်းအလဲမှုမရှိသည့်အတွက်၊ မန္တလေးခရီးစဉ်ကို မည်သည့်ရက်သို့ ရွေ့ ပြောင်းကြောင်း သတ်မှတ်ရခြင်းမရှိသေးကြောင်းနှင့် NLD ဥက္ကဌ၏ ခရီးစဉ် အတွက် မန္တလေးသို့  ရှေ့ ပြေးရောက်ရှိနေသူများလည်း ရန်ကုန်သို့ ပြန်လာကြမည်
ဖြစ်ကြောင်းသိရသည်။

ဦး​ခင်​ရွှေ၏ စက်မှုဇုန် အ​ကောင်အထည်​ဖော်မှု ရပ်ဆိုင်း​ရန် ညွှန်ကြား

Published on February 2, 2012 by ​အေး​နိုင်

ရန်ကုန်တိုင်း​ မင်္ဂလာဒုံမြို့​နယ် ​ရွှေနံ့​သာ ​ကျေး​ရွာအုပ်စုမှာ အ​ကောင်အထည်​ဖော်​နေတဲ့​ ​ဇေကမ္ဘာစက်မှုဇုန် အပိုင်း​ ၄ ကို ရပ်ဆိုင်း​ထား​ဖို့​ ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရက ညွှန်ကြား​လိုက်ပါတယ်။

ဦး​ခင်​ရွှေပိုင် ​ဇေကမ္ဘာကုမ္ပဏီက မင်္ဂလာဒုံမြို့​နယ် ​ရွှေနံ့​သာ​ကျေး​ရွာအုပ်စုမှာ လွန်ခဲ့​တဲ့​ ၂၀၁၀ ဧပြီလက လယ်သမား​တွေလုပ်​နေတဲ့​ လယ်​မြေ ၈၁၅ ဧကကို တဧက ကျပ် ၃ သိန်း​နှုန်း​နဲ့​ ကရုဏာ​ကြေး​အဖြစ် ​ပေး​ပြီး​ စက်မှုဇုန် အ​ကောင်အထည်​ဖော်​နေတာ ဖြစ်ပါတယ်။

ဒီစက်မှုဇုန် စီမံကိန်း​နဲ့​ ပတ်သက်လို့​ လယ်သိမ်း​ခံရတဲ့​ လယ်သမား​တွေက တိုင်ကြား​ခဲ့​ပြီး​တဲ့​နောက် အဲဒီစီမံကိန်း​ကို ရပ်နား​ထား​ဖို့​ ရန်ကုန်တိုင်း​ဒေသကြီး​ ဝန်ကြီး​ချုပ်ရဲ့​ ညွှန်ကြား​ချက်ကို ​ဇေကမ္ဘာ ကုမ္ပဏီမန်​နေဂျာ ဦး​မြင့်​ဇော်ကိုဆင့်ခေါ်ပြီး မနှစ် ဒီဇင်ဘာလ ၂၃ ရက်​နေ့​မှာ ဖတ်ပြပါတယ်။

ရန်ကုန်တိုင်း​ ​ဒေသကြီး​အစိုး​ရရဲ့​ ညွှန်ကြား​ချက်မှာ စက်မှုဇုန်​ဖော်​ဆောင်ခွင့်​ ပြသဖို့​ လယ်​မြေ​ပေါ်မှာ စက်မှုဇုန် လုပ်ခွင့်​ မရှိတာ​ကြောင့်​ သီး​စား​ချထား​ပေး​တာကို ပြန်လည်ရုပ်သိမ်း​မှာ ဖြစ်တဲ့​အ​ကြောင်း​ ပါရှိပါတယ်။

တကယ်လို့​ မလိုက်နာရင် အ​ရေး​ယူခံရမယ် ဆိုတဲ့​စာသား​ကို စာလက်ဝယ်ရထား​သူ လယ်သိမ်း​ခံရတဲ့​ ဆရာမ ​ဒေါ်အုန်း​မြင့်​က ခုလို ဖတ်ပြပါတယ်။

“ခွင့်​ပြုချက် တစုံတရာ မရှိဘဲ စက်မှုဇုန်အဖြစ် ဆက်လက် အ​ကောင်အထည်​ဖော် ​ဆောင်ရွက်​နေပါက လယ်​မြေကို ဖျက်ဆီး​ခြင်း​ဟု သတ်မှတ်၍ အ​ရေး​ယူ​ဆောင်ရွက်သွား​မှာ ဖြစ်တယ်တဲ့​။”

ရန်ကုန်တိုင်း​ဒေသကြီး​အစိုး​ရက ​ဇေကမ္ဘာကုမ္ပဏီ မန်​နေဂျာကို မ​ခေါ်ခင်မှာ ​ဇေကမ္ဘာဥက္ကဋ္ဌ ဦး​ခင်​ရွှေနဲ့​ ဒုတိယဥက္ကဋ္ဌ ဦး​ရွှေသီဟတို့​ကို ဆင့်​ခေါ်​ပေမယ့်​ မွန်ပြည်နယ် ဘီး​လင်း​မြို့​ ကျိုက်ထီး​ဆောင်း​စေတီမှာ မနှစ် ဒီဇင်ဘာ ၁၉ ရက်က​နေ ၂၇ အထိ ပဉ္စင်း​ဝတ်​နေတာ​ကြောင့်​ မလာ​ရောက်နိုင်ခဲ့​တာလို့​ ဆိုပါတယ်။

ဒီသတင်း​နဲ့​ ပတ်သက်လို့​ ​ဇေကမ္ဘာကုမ္ပဏီ တာဝန်ရှိသူ​တွေကို ဆက်သွယ်လို့​ မရ​သေး​ပါဘူး​။ လွန်ခဲ့​တဲ့​ရက်ပိုင်း​အထိ လယ်သမား​တွေရဲ့​ လယ်ကန်သင်း​တွေကို ဘူဒိုဇာနဲ့​ ထိုး​ဖျက်​နေရာက​နေ အခုရက်ပိုင်း​မှာ​တော့​ ရပ်နား​ထား​တယ်လို့​ လယ်ဧက ၅၀ ပါသွား​တဲ့​ ဦး​ကျော်စိန်က ​ပြောပါတယ်၊​။

“သူတို့​ နှစ်တိုင်း​ တာဝန်​ကျေစပါး​တွေ၊​ ကျ​နော်တို့​ သီး​ထပ်တင်တဲ့​အချိန် သီး​ထပ်တင်တယ်။ စိုက်ဘဏ်တို့​ ရိတ်ဘဏ်တို့​ အကုန်လုံး​ထုတ်​နေကြ။ နှစ်တိုင်း​ထုတ်​နေကြ။ အခု သူဝင်လာ​နှောင့်​ယှက်မှ ဦး​တို့​ လယ်သမား​တွေ ဘာမှ မဖြစ်​တော့​ဘူး​။ တကယ့်​လယ်သမား​အစစ်ဆိုတာ ဦး​တို့​ လယ်သမား​ပါ။”

အဲဒီအချိန်က စစ်​ကောင်စီ​ခေတ်ဖြစ်ပြီး​ လယ်​မြေ​တွေကို နိုင်ငံ​တော်ပိုင်​မြေအဖြစ် သိမ်း​မယ်လို့​ သတင်း​ ကျယ်ကျယ်ပြန့်​ပြန့်​ ထွက်တာ​ကြောင့်​ လယ်သမား​တွေက ဆုံး​မယ့်​အတူတူ ကျပ် ​ငွေ ၃ သိန်း​ ရတာကိုပဲ ​ကျေး​ဇူး​တင်ခဲ့​ကြတယ်လို့​ ဆိုပါတယ်။

ဒါ့​အပြင် ဦး​ခင်​ရွှေကိုယ်တိုင် စင်​ပေါ်တက်ပြီး​ ဒီ​မြေ​တွေမှာ ဆက်လက်လုပ်ကိုင်ခွင့်​ ရှိတယ်လို့​ လယ်သမား​တွေကို ကတိပြုပြီး​ မကြာခင်မှာ လုပ်ခွင့်​မ​ပေး​တော့​ဘူး​လို့​ ၁၄ ဧက ဆုံး​ရှုံး​ခဲ့​တဲ့​ ဆရာမ ​ဒေါ်အုန်း​မြင့်​က ​ပြောပါတယ်။

“ပိုက်ဆံ​ပေး​တာက ကရုဏာ​ကြေး​ပေး​တာတဲ့​၊​ လယ်ဝယ်တာမဟုတ်ဘူး​တဲ့​။ ဦး​ခင်​ရွှေကိုယ်တိုင် ​ပြောသွား​တာပဲ။ လယ်သမား​တွေ ဘာမှ စိတ်မပျက်နဲ့​ ဒီတိုင်း​ပဲလုပ်စား​တဲ့​။ ကျမတို့​လည်း​ ဝမ်း​သာအား​ရ​ပေါ့​။ ယူပြီး​ တနှစ်​တောင် မရှိ​သေး​ခင် တခါတည်း​ တံစဉ်း​တွေ အကုန်ဖျက်ပြီး​ လယ်မလုပ်ခိုင်း​ဘူး​လေ။”

သူတို့​လယ်​မြေ​တွေဟာ တဧကကို ကျပ်​ငွေ သိန်း​ ၃၀ က​နေ သိန်း​ ၅၀ အထိ ​ပေါက်​နေတာ​ကြောင့်​ အစိုး​ရသစ်လက်ထက်မှာ သူတို့​လယ်​တွေမှာ ပြန်လုပ်ခွင့်​ပေး​ဖို့​ အကြိမ်ကြိမ်တိုင်တန်း​ခဲ့​တယ်လို့​ ဦး​ကျော်စိန်က ​ပြောပါတယ်။

တား​မြစ်ခံရတဲ့​ ​ဇေကမ္ဘာဦး​ခင်​ရွှေရဲ့​ စက်မှုဇုန်ဟာ ​ဒေသခံလယ်သမား​တွေ နှစ် ၂၀ ခန့်​ လုပ်ကိုင်စား​သောက်တဲ့​ ​မြေဖြစ်တယ်လို့​ လယ်ဆုံး​ရှုံး​ခံရတဲ့​ လယ်သမား​တွေက ​ပြောပါတယ်။
http://burmese.dvb.no/archives/20713

၁၉၈၈ ခုနှစ်နောက်ပိုင်းတရုတ်နိုင်ငံမှဒေါ်လာ သန်းပေါင်း ၂၁၃၁.၇၄၄ချေးယူ



မြန်မာနိုင်ငံ၏ စုစုပေါင်းချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၁၀၀၀ ကျော်ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အမေရိကန်ဒေါ်လာသန်းပေါင်း ၂၀၀၀ ကျော် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း သိရ

Wednesday, 01 February 2012 15:46

မြန်မာနိုင်ငံ၏ ပြည်ပနိုင်ငံများသို့ ပြန်လည်ပေးဆပ်ရမည့် စုစုပေါင်း ချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၀၂၃. ၂၉၈ ရှိပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အများဆုံးချေးယူခဲ့သည့် နိုင်ငံမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဖြစ်ပြီး အမေ ရိကန်ဒေါ်လာ သန်းပေါင်း ၂၁၃၁.၇၄၄ကို ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၃၁ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ အစီအစဉ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားခဲ့သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက'' နိုင်ငံတော်မှရယူခဲ့တဲ့ ပြည်ပချေးငွေများကို ကြည့်မယ်ဆိုရင် ၁၉၈၈ခုနှစ် မတိုင်မီ ချေးငွေများနဲ့ ၁၉၈၈ခုနှစ် နောက်ပိုင်းချေးငွေများအဖြစ် နှစ်ပိုင်းခွဲပြီး တင်ပြပါမယ်။၁၉၈၈ ခုနှစ်မတိုင်မီ ရယူခဲ့တဲ့ ပြည်ပချေးငွေအများစုကတော့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ချေးငွေများနဲ့ နှစ်နိုင်ငံအစိုးရများအကြား ချေးငွေများဖြစ်ပြီး ပေးဆပ်ရန်ကျန်ငွေကတော့ အမေရိကန်ဒေါ်လာ ၈၄၀၈.၃၄၈သန်း ဖြစ်ပါတယ်။ ချေးငွေများ ပေးဆပ်ရန် ကျန်ရှိနေခြင်းမှာ အဆိုပါနိုင်ငံနှင့် အဖွဲ့အစည်းများမှ မြန်မာနိုင်ငံသို့ ချေးငွေနှင့်အကူအညီပေးမှုများရပ် ဆိုင်းခဲ့ခြင်း၊ မြန်မာနိုင်ငံအနေဖြင့် တိုင်းပြည်ဖွံဖြိုးရေး လုပ်ငန်း များကို ဆောင်ရွက်နေရခြင်းကြောင့် ဖြစ်ပါတယ်။ ယခု အစိုးရအဖွဲ့သစ်အနေဖြင့် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး နိုင်ငံတကာဆက်ဆံရေးများ တိုးချဲ့ဆောင်ရွက်လျက်ရှိသဖြင့် မြီရှင်နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် ကြွေးမြီပြသနာများဖြေရှင်း ရေးကို ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ ယခုဆိုလျှင် ဂျပန်နိုင်ငံ အီတလီနိုင်ငံတို့နှင့် ကြွေးမြီကိစ္စကို စတင် ညှိနှိုင်းနေပြီဖြစ်ပါတယ်၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း ရယူခဲ့ သော ချေးငွေအများစုမှာ နှစ်နိုင်ငံအစိုးရအကြား နိုင်ငံတော်စီမံကိန်းများအတွက် ချေးယူခဲ့တဲ့ ဘဏ်ချေးငွေများဖြစ်ပြီး ပေးဆပ်ရန် ကျန်ငွေကတော့ အမေရိကန် ဒေါ်လာ ၂၆၁၄.၉၅၀ သန်း ဖြစ်ပါတယ်။သို့ဖြစ်ပါ၍ ၁၉၈၈ခုနှစ် မတိုင်မီ ချေးငွေများနှင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း ချေးငွေနှစ်ရပ်ပေါင်းအတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၁၀၂၃.၂၉၈ ပေးဆပ်ရန် ရှိပါတယ်။ နိုင်ငံတော်၏ နိုင်ငံခြားရန်ပုံငွေ အခြေအနေမှာ ယနေ့အချိန်တွင် အမေရိကန်ဒေါ်လာ ၇၁၉၆.၄၅၄ သန်း ရှိပါကြောင်း တင်ပြအပ်ပါတယ်''ဟု ပြောကြားခဲ့သည်။
၁၉၈၈ခုနှစ်မတိုင်မီ ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများမှ ချေးယူခဲ့သည့် ချေးငွေများအတွက် ပေးဆပ်ရန် အများဆုံးကျန်ရှိသောနိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၃၈၈.၃၂၀ ဖြစ်ကြောင်း သိရှိရသည်။

၁၉၈၈ခုနှစ်နောက်ပိုင်းတွင် ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများမှ ချေးယူခဲ့သည့် ချေးငွေများအတွက် ပေးဆပ်ရန် အများဆုံးကျန်ရှိသောနိုင်ငံမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာသန်း ပေါင်း ၂၁၃၁.၇၄၄ ဖြစ်ကြောင်း သိရသည်။


http://www.weeklyeleven.com/index.php?option=com_content&view=article&id=12187:2012-02-01-10-07-09&catid=42:2009-11-10-07-36-59&Itemid=112

မဂ္ဂဇင်းထွက်ရင် ငါ့ဆီအရင်ပို့ပေး








On 30 January, 2012, The Straits Times interviewed Myanmar President Thein Sein, at the Shangri-la Hotel in Singapore.
Besides taking shots during the interview, Straits Times photojournalist Desmond Lim also wanted to make a portrait of Thein Sein.
With the help of photojournalists Samuel He and Lim Wui Liang, he set up a backdrop and three lights, an hour before the interview began.
The Myanmese officials did not agree to the shoot initially, but agreed after some negotiations.
The aim was to photograph Thein Sein after the interview and make two different portraits - as quickly as possible. Samuel will hold up the beauty dish in front of the president, while Wui Liang would shift the light for the second portrait.
This video shows the what happened the moment Thein Sein emerged from the interview session, and the photographs that were made during those 90 seconds.
http://www.straitstimes.com/

ကိုမင်းကိုနိုင်အမှာစကားSKY NET ရုပ်သံအရှက်မရှိစွာ ဆင်ဆာ ဖြတ်

Burma Thwe
မင်္ဂလာပါ မိတ်ဆွေတို့ရေ

ဒီနေ့ မျှော်စင်ကျွန်းမှာ HIV / AIDS ရန်ပုံငွေ ရှာဖွေရေး အတွက် လုပ်တဲ့ ဂီတဖျော်ဖြေပွဲကိုSKY NET ရုပ်သံက တိုက်ရိုက် ထုတ်လွှင့်ပြသလို့ ၀မ်းသာအားရ ထိုင်ကြည့်နေမိတယ် ။

တိုက်ဆိုင်စွာနဲ့ဘဲ ကျနော် ကြည့်နေတဲ့ အချိန်မှာ အခမ်းအနား တင်ဆက်သူက ကျနော်တို့ရဲ့ သူရဲကောင်း ကိုမင်းကိုနိုင်ကို အမှာစကား ပြောကြားဖို့ စင်ပေါ်ကို ဖိတ်ခေါ်တဲ့ အခါ အေးချမ်းတဲ့ အသွင် အပြင်နဲ့ ခန့်ငြားစွာ တက်လာတဲ့ ကိုမင်းကိုနိုင် စင်ပေါ်ကို အရောက် SKY NET ရုပ်သံကလည်း အရှက်မရှိစွာ ဆင်ဆာ ဖြတ်ချလိုက်တဲ့ အခါ အရမ်းကို အံ့အားသင့်မိသလို အလွန်အင်မတန်မှလည်း စိတ်ပျက်မိပါတယ် ခင်ဗျာ ။

စက်ချို့ယွင်းမှုကြောင့် ဆိုတဲ့ စကားလုံးလေး သုံးစွဲပြီး လိမ်ညာဖို့တော့ မကြိုးစားပါနဲ့လို့ အသိပေးချင်ပါတယ် SKY NET ရုပ်သံမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ခင်ဗျာ ။

ပြည်သူလူထု အတွက် မီဒီယာပါလို့ ကြွေးကြော်ထားတဲ့ SKY NET ရုပ်သံကြီးက ကိုမင်းကိုနိုင်စကားပြောတာကို ဆင်ဆာဖြတ်တာကို ကြည့်ခြင်း အားဖြင့်ထိုလုပ်ငန်းပိုင်ရှင်ရဲ့ စိတ်နေသဘောထားကို ခန့်မှန်းလို့ ရမှာ အသေအချာပါဘဲ ။

ဘာကြောင့် ဒီလို လုပ်ရတာလည်း..။ဒီလုပ်ငန်းကို ဘယ်သူတွေ ချုပ်ကိုင်ထားကြလည်း ဆိုတာ ပြည်တွင်းက သတင်းသမားများ အနေဖြင့် ဆက်လက် စုံစမ်းဖော်ထုတ်ပေးချင်ပါတယ် ခင်ဗျာ ။

ကိုမင်းကိုနိုင် စကားကို ပြည်သူလူုထု မကြားစေချင်တဲ့ မီဒီယာကြီးက ပြည်သူ့အတွက်မီဒီယာ ဆိုတဲ့ စကားကို ကြားမိတိုင်း ယခင်အစိုးရရဲ့ စနစ်ဟောင်းကို နှစ်ခြိုက်စွာ လုပ်ဆောင်နေကြဆဲ လူတွေ ရှိနေသေးပါလားလို့ တွေးမိရင်း သက်ပြင်းတွေသာ အကြိမ်ကြိမ်ချနေမိတယ်ဗျာ……။

ဓါတ်ပုံ-အဘယ










ကိုဝင်းမော်ဖေ့စ်ဘွတ်မှ



ဒေါင်းအလံများ ပြန်လွင့်ပြီ…။


ဒေါင်းအလံများ ပြန်လွင့်ပြီ…။ အပိုင်း(၁)

by Yeyint Kyaw on Thursday, February 2, 2012 at 7:49am
ဒေါင်းအလံများ ပြန်လွင့်ပြီ…။

အပိုင်း(၁)

၂၀၁၂ ခု၊ ဖေဖော်ဝါရီလ (၁)ရက်နေ့။

ဒီနေ့မတိုင်မီကတည်းက ပြင်ဆင်မှုများစွာ အတွက် စိန်ခေါ်သံတွေက ကျွန်တော်တို့ကို ရိုက်ခတ်မှု ရှိနေ ခဲ့ပါတယ်။

ဆယ်စုနှစ်ပေါင်း(၅)ကြိမ်မြောက်တိုင်အောင် ဖိနှိပ်မှုအမျိုးမျိုးအောက်ဝယ်ပျောက်ကွယ်လုနီးပါး ဖြစ်နေသော အခြေအနေများ ၊ တဖန် သမိုင်းအစဉ်အလာကြီးမားလျက် သမိုင်းထဲကနေ မောင်းထုတ်ဖို့ ကြိုးစားခံနေရတဲ့ အန္တရာယ်များကြားထဲမှာ ၊ တဖန် ဖြစ်ပေါ်ခဲ့သော တော်လှန်ရေးအများစုတွင် စတင်ပေးဆပ်သူဖြစ်ခဲ့ပြီး ကိုလိုနီဆန့်ကျင်ရေး နှင့် လွတ်လပ်ရေးကြိုးပမ်းမှုတွင် စွမ်းဆောင်ခဲ့သော ၊ တဖန် ကမ္ဘာကပင် အလေးထား တဲ့ ဗိုလ်ချုပ်အောင်ဆန်း ကဲ့သို့သော ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးခေါင်းဆောင်များ ၊ တပ်မတော် ခေါင်းဆောင်များ၊ မျိုးချစ်သူရဲကောင်းများပေါ်ထွန်းခဲ့တဲ့ ကျောင်းသားများသမဂ္ဂကြီးဟာ ဒေါင်းအလံ စိုက်ထူ ခွင့် မရတာ ကြာခဲ့ပါပြီ။

၈-၈-၈၈ မှ ၈၉-၉၀-၉၁ ခုနှစ်ကာလများမှာ ကိုယ်တိုင်ကိုယ်ကျဆုပ်ကိုင်ပြီး ချီတက်ခွင့်ရခဲ့ပေမယ့် ၊ ခွပ်ဒေါင်း အလံတော်ဟာကျွန်တော်တို့ကိုနရသိန်ထဲရောက်ဘဝများလိုပါပဲ ပြည်သူ့ မြင်ကွင်းထဲက ပျောက်ကွယ် နေခဲ့ပါ
တယ်။
၂၀၀၇ ခု ရောက်တဲ့ အချိန်မှာ တစ်ကျော့ပြန်ဒေါင်းအလံစိုက်ဖို့ ကျော်ကိုကို တို့ ကြိုးစား ခဲ့ကြပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ ခေတ်ထက် ပြင်းထန်တဲ့ နှိပ်ကွပ်မှုများနဲ့ အတူ ဒေါင်းအလံဟာ ခေါက်သိမ်းခံ ရပြန်ပါတယ်။

မန္တလေးမှာရှိတဲ့ ခေတ်အဆက်ဆက်ကတာဝန်ကျေပွန်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ နောင်တော်
ကျောင်းသားတွေ အနေနဲ့ သမိုင်းမှာ မည်သို့မှချန်ထား၍မရ၊ ပျောက်ကွယ်၍မသင့် ၊ ကျောင်းသားထု ရှေ့ ရပ်ပြီး သမိုင်းလိုအပ်ချက်ရှိရင် ပြည်သူအတွက်ပါ စွန့်လွတ်ပေးဆပ်ဝံ့တဲ့ အာဇာနည်သွေး ရဲရဲမွေးထားသူ တွေ ကွန်းခို စံပျော်ရာ ၊ လက်ခြင်းချိတ်၊ လက်ခြင်းတွဲရာ ဒီ ကျောင်းသားသမဂ္ဂ တွေကို မဖြစ် ဖြစ်အောင် ပြန်လည် ဖြစ်ထွန်းပေါ်ပေါက်လာဖို့ ၊ မျိုးဆက်သစ်တို့ လက်ထဲ လက်ဆင့် ကမ်းခဲ့ဖို့၊ သမိုင်းရဲ့ အစဉ်အလာ ဂုဏ်ကို အမွေဆက်ခံစေဖို့ တာဝန်ရှိတယ်လို့ ယုံကြည်တဲ့အတွက် ကျောင်းသားသမဂ္ဂများ တရားဝင် ဖြစ်ထွန်း ပေါ်ပေါက်ရေး ကော်မတီ အတွက် ဆောင်ရွက်မယ့် သမဂ္ဂဝင်ဟောင်းတွေကို (၈-၁-၁၂)နေ့မှာ ပဏာမ ရွေးချယ်ခဲ့ပြီး (၁၀-၁-၁၂)နေ့မှာ (၉)ဦးပါဝင်တဲ့ ကော်မတီကို ညှိနှိုင်းဖွဲ့စည်းခဲ့ပါတယ်။

ဒိနောက်မှာ ညှိနှိုင်းမှု ပြင်ဆင်မှုများ ဆောင်ရွက်လျက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (အထက်ဗမာပြည်) တရားဝင်ဖြစ်ထွန်းပေါ်ပေါက်ရေးကော်မတီ ဟု ပြောင်းလဲ ခေါ်ဆိုလျက် (၁-၂-၁၂ )နေ့၊ နေ့လည်(၁း၂၀)နာရီမှာ သဘောထားထုတ်ပြန်ခြင်းနှင့် မီဒီယာတွေ့ဆုံပွဲကို ကျင်းပရန် ဆုံးဖြတ်ခဲ့ပါတယ်။

ကျင်းပရတဲ့ အကြောင်းများစွာထဲမှာ အရေးကြီးဆုံး အချက်ကတော့ မျိုးဆက်လူငယ်ကျောင်းသားထုထဲမှာ သမိုင်းကြောင်းကိုပင် မသိတော့တဲ့သူ၊ သမဂ္ဂ ဆိုတာ ဘာလဲ မသိတော့တဲ့သူ တွေ များနေပြီး တဖန် ပြည်သူ့ အကျိုး၊ ကျောင်းသားအကျိုး သယ်ပိုးလိုပါလျက် သမဂ္ဂ ဆိုတာ မသိလို့ဖြစ်စေ၊ မရှိလို့ဟု ဖြစ်စေ တွေးမြင်ပြီး ကိုယ့်နည်း ကိုယ့်ဟန်နှင့် ဆောင်ရွက်၍ ရအောင် ကွန်ယက်ဆိုတဲ့ အဖွဲ့လေးတွေ ဖွဲ့လျက် ကြံဖန် ရပ်တည်နေရတဲ့ အခြေအနေတွေ မြင်တွေ့နေရပါတယ်။ လက်ရှိ ပရဟိတစစ်စစ် လုပ်လိုသူတွေ ဆက်လုပ်ပါစေ …။ ထို့အတူ ကျောင်းသားသမဂ္ဂကနေ ရပ်တည်ပါဝင်လိုတဲ့သူတွေကိုလည်း ဆက်သွယ် ဆောင်ရွက်နိုင်အောင် နိုးဆော်တဲ့ပွဲ၊ အသိ ပေးတဲ့ ပွဲပါ။

ဒီပွဲဖြစ်ပေါ်လာဖို့ ရင်ထဲမြတ်နိုးစွာနှင့်ရှိရင်းစွဲကျောင်းသားသမဂ္ဂစိတ်ဓါတ်ကို ခိုင်မာယုံကြည်တဲ့ ကျောင်းသား ဟောင်းတွေက သမဂ္ဂချစ်စိတ်နဲ့ စီစဉ်ခဲ့တာပါ။ ဒါပေမယ့် ငွေကြေးပြေလည်သလား ဆိုတော့ ရံပုံငွေလည်း မရှိပါဘူး။ စိတ်တူကိုယ်တူတွေ စုပြီး ချွေးနည်းစာတွေ ၊ ညီတွေ မောင်တွေ နိပ်ဆက်သမျှ အပြုံးမပျက်ပဲ ပံ့ပိုးပေးတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ကျောင်းသားဟောင်းကြီးတွေ ဖြစ်တဲ့ အကိုတွေ၊ အမတွေ ရဲ့ အားပေးမှုနဲ့ စီစဉ်ခဲ့တာပါ။

သတင်းဌာနတစ်ခုက မေးသလို ပါတီတစ်ခုက စီစဉ်ဆောင်ရွက်တာလား ဆိုတာ ဖြေခဲ့ပါမယ်။ ဗကသများအဖွဲ့ချုပ် ဆိုတာ မည်သည့်ပါတီ ၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ရဲ့ လောင်းရိပ်သြဇာအောက်မှာ ရှင်သန်ရပ်တည်မှာ မဟုတ်ပါဘူး ဆိုတာ အတိအလင်း ပြောလိုပါတယ်။ ၁၉၂၀ ခုနှစ် ပထမကျောင်းသားသပိတ်မှသည် ယနေ့ထက်တိုင်  အနှောင်အဖွဲ့ ကင်းလွတ် စွာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ခဲ့တာပါ…။ ဒီဂုဏ်သိက္ခာကို ကျွန်တော်တို့ ကော်မတီဝင်တွေ မြတ်နိုးဂုဏ်ယူစွာ ကာကွယ်သွားမှပါလို့ အတိအလင်းပြောလိုပါတယ်။


ဤကော်မတီ၏ ဤပွဲကို မစိုးရိမ်တိုက်သစ်၊ဓမ္မသဟာယကျောင်းမှာ ကျင်းပခွင့်ရခဲ့တဲ့ အတွက် ခွင့်ပြုပေးတဲ့ ကျောင်းနာယကဖြစ်တဲ့ ဆရာတော်ဦးဝစိတ္တာဘိဝံသ(ဝီရသူ) နှင့် မျက်စိနောက်လောက်အောင် ဝင်ထွက် အလုပ်ရှုပ်စေတဲ့ ကျောင်းသားသစ်တွေ၊ကျောင်းသားဟောင်းတွေ ကို အငြိုအငြင် မရှိပဲ ဝိုင်းဝန်း၍ ကူညီ ပေးကြသော ကျောင်းတိုက်ကြီး အတွင်းရှိ စာသင်သံဃာ အပါး(၃၀၀၀) ကျော်ကိုလည်း အထူးကျေးဇူး တင်ပါတယ်။

ကျောင်းနရံ တဝိုက်မှာ ဒေါင်းအလံတွေ တလူလူ လွင့်နိုင်ဖို့ ပြန်လည်စတင်ရတဲ့ နေ့တစ်နေ့ ဖြစ်တာနှင့် အညီ ကျွန်တော်တို့ အခမ်းအနား ကျင်းပရာ ကျောင်းရှေ့မှာ ၊ ကျင်းပရာ ကျောင်းအတွင်း က အခမ်းအနား နေရာမှာ ဒေါင်းအလံတွေ စိုက်ထူလိုက်ပါတယ်။ အားလုံးရဲ့ ပီတိစကားတွေ ထဲမှာ အနှောက်အယှက် မရှိ တည်တည်ငြိမ်ငြိမ်နှင့် ဒေါင်းအလံတွေ မြိုင်မြိုင်ကြီး စိုက်ထူလိုက်ရတာကို (သို့) မြင်တွေ့လိုက်ရတာ ဝမ်းမြောက်ဆုံးလို့ တစ်သံတည်းထွက်၍ ညီခဲ့ကြပါတယ်…။

ဒါ… ခြေလှမ်း… ပြန်၍...အစပဲ.. မဟုတ်ပါလော….။။



လေးစားလျှက်-

ကိုဝိုင်ဝိုင်ကေ
2.2.12


 
အသက် ၉၂ နှစ်အရွယ်ရှိနေသောလည်း နာမည်နှင့် လိုက်ဖက်ဆဲ သံမဏိ ဦးမောင်မောင် တက်ရောက်ခဲ့သည်။


 
၉၀-၉၁ ဗကသ(အထက်ဗမာပြည်)ညီလာခံမှ တင်မြောက်ခံ အတွင်းရေးမှူးဟောင်း ကိုမောင်မောင်ဦး မှ ဖြတ်သန်းမှုနှင့်သမိုင်း ပြောပြစဉ်။
 
ဗကသ များအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ (ရန်ကုန်)မှ အတွင်းရေးမှူး မဖြိုးဖြိုးအောင်မှ သဝဏ်လွှာ ဖတ်ကြားစဉ်။

နိုင်ငံရေး အကျဉ်းသားစာရင်း ထုတ်ပြန်ပေးရန် အစိုးရကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

2012-02-02

မြန်မာအစိုးရက ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်း လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသား ၂၉၉ ဦးရှိပြီး အကျဉ်းထောင် အသီးအသီးမှာ ဆက်လက် ချုပ်နှောင်ခံထားရဆဲ နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၇၀၀ လောက်ရှိတယ်လို့ AI ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့က ဒီကနေ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။

ဇန်န၀ါရီ ၁၃ ရက်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၁၃၀ ပါဝင်ပြီး အခုသီတင်းပတ် အတန်ကြာ စာရင်း အသေးစိတ် ကောက်ယူ ပြုစုပြီးတဲ့နောက် လွတ်မြောက်သူ နိုင်ငံရေး အကျဉ်းသား ၂၉၉ ဦးရှိခဲ့ကြောင်း စာရင်း ထုတ်ပြန်နိုင်ခဲ့တာ ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ထိုင်းနိုင်ငံ ဘန်ကောက်ရုံး အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သုတေသီ Benjamin Zawacki က ပြောပါတယ်။

မြန်မာအစိုးရ အနေနဲ့ ကုလသမဂ္ဂရဲ့အကူအညီယူပြီး နိုင်ငံရေး အကျဉ်းသားစာရင်း ပြုစုရေးနဲ့ နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆို သတ်မှတ်ရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို ခေါ်ယူ ကျင်းပသင့်ကြောင်း၊ လွတ်မြောက်ပြီး နိုင်ငံရေး အကျဉ်းသားစာရင်းနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားစာရင်းတွေကို အများပြည်သူ သိအောင် ရှင်းရှင်းလင်းလင်း ထုတ်ပြန် ကြေညာသင့်ကြောင်း Mr. Zawacki ပြောသွားပါတယ်။
http://www.rfa.org/burmese/news/political-prisoner-amnesty-02022012104347.html

မန္တလေးမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဖို့ နေရာအခက်အခဲတွေ့နေ

2012-02-02

အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် မန္တလေးတိုင်းကို ဖေဖော်ဝါရီ ၄ ရက်နဲ့ ၅ ရက်မှာ သွားရောက်တဲ့အခါ မန္တလေးမြို့လူထုကို မိန့်ခွန်းပြောဖို့ နေရာအခက်အခဲ ကြုံနေရကြောင်း အန်အယ်လ်ဒီ တာဝန်ရှိသူတွေက ပြောပါတယ်။

ဗထူးဘောလုံးကွင်းကို အစိုးရရဲ့သတ်မှတ်ချက်အတိုင်း ၁၀ ရက် ကြိုတင် ငှားရမ်းခဲ့ပေမယ့် အငြင်းပယ်ခံရသလို မန္တလေးတိုင်း အားကစားကွင်းကို ထပ်မံငှားရမ်းရာမှာလည်း အဆင်မပြေကြောင်း အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောပါတယ်။

မန္တလေးလူထုကို ဒေါ်အောင်ဆန်းစုကြည် တရားဟောတဲ့အခါ လမ်းပိတ်ဆို့မှု မဖြစ်ရအောင် အခုလို သက်ဆိုင်ရာကို အကူညီ တောင်းပေမယ့် အဆင်မပြေတဲ့အတွက် နောက်ဆုံးမှာတော့ ရှမ်းကွင်းလို့ခေါ်တဲ့ မန္တလေး ၃၅ လမ်းက ရှမ်းတိုင်းရင်းသားများ သာရေး နာရေးကွင်းကို အသုံးပြုသွားမှာ ဖြစ်ကြောင်း ဦးအုန်းကြိုင်က ပြောပါတယ်။

ဗထူး ဘောလုံးကွင်းကို အစောပိုင်း သွားရောက် ငှားရမ်းချိန်က ဖေဖေါ်ဝါရီ ၄ ရက်မှာ သုံးခွင့်ရနိုင်ကြောင်း၊ ကွင်း ငှားရမ်းခ ကျပ် ၇ သိန်း ပေးသွင်းရမှာဖြစ်ကြောင်း အာဏာပိုင်တွေက ပြောခဲ့ပြီးမှ အဆင်မပြေ ဖြစ်သွားရတယ်လို့ သိရပါတယ်။ http://www.rfa.org/burmese/news/assk-election-02022012103711.html

၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်စရာသိပ်မရှိလို့ ဦးဌေးဦးပြော


2012-02-02
နှစ်ပေါင်းများစွာ ဆွေးနွေး ပြုစုထားတဲ့ ဥပဒေ ဖြစ်တဲ့အတွက်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက်အလက်တွေထဲမှာ လောလောဆယ် ပြင်ဆင်စရာ သိပ်မပါဝင်ကြောင်း အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတစ်ဦး ဒီကနေ့ ပြောဆိုလိုက်ပါတယ်။


Photo: AFP)
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အောက်တိုဘာ ၂၇ ရက်က ကျင်းပသော ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲတွင် ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး ရှင်းလင်းပြောကြားနေပုံ ဖြစ်ပါသည်။ ဗိုလ်ချုပ်ဟောင်း ဦးဌေးဦးသည် စစ်အစိုးရ၏ လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးလည်း ဖြစ်သည်။ (Photo: AFP)
လာမယ့် ဧပြီ ၁ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အလားအလာတွေကို အာအက်ဖ်အေက သီးသန့် ဆက်သွယ် မေးမြန်းစဉ်မှာ ပါတီအထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ခုလိုပြောတာပါ။ ကြားဖြတ် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လစ်လပ်နေတဲ့ အမတ် ၄၈ နေရာမှာ ၀င်ပြိုင်ဖို့ မနေ့က စာရင်း ထုတ်ပြန်ခဲ့ပါတယ်။ ကြံ့ခိုင်ဖွံဖြိုးရေးပါတီ ကိုယ်စားလှယ်တွေ ဒေသတွင်း မဲဆွယ်ရာမှာ လျှပ်စစ်မီး ရရှိရေးအပြင် လမ်းပြင်ပေးမယ် တံတား ဆောက်ပေးမယ် စတဲ့ မက်လုံး တွေပေးပြီး မဲဆွယ်နေတာနဲ့ ပတ်သက်လို့ အစိုးရနဲ့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ကွဲကွဲပြားပြား ရှိပါသလားလို့ အာအက်ဖ်အေက မေးမြန်းရာမှာ ဦးဌေးဦးက“အစိုးရ မဟုတ်ပါဘူး။ အစိုးရ မပါပါဘူး။ တချို့ကိစ္စတွေကျတော့ ဥပမာအားဖြင့် လမ်းမီးတွေ ဘာတွေဆွဲတာ လိုင်းတွေ ဘာတွေ ပြင်ကြတော့လည်း ကျွန်တော်တို့ တိုက်တွန်းပေးတာပေါ့။ အစိုးရသိအောင် တင်ပြတဲ့ အချိန်ကျတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် သူတို့ ဆောင်ရွက်တဲ့ အချိန်ကျတော့ ဒီအချက်ကလေးတွေ သိတယ်ဆိုရင် သူတို့လည်း စဉ်းစားပြီး လုပ်ပေးတာတွေ ရှိတာပေါ့”။ ဦးဌေးဦးက ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာ လူထု သဘောကျမယ့်သူတွေကို ရွေးချယ်ထားပြီး ပြည်သူနဲ့ ဒေသအပေါ် စေတနာကောင်းနဲ့ ဆောင်ရွက်သူတွေကို အဓိကထားကြောင်း ပြောဆိုပါတယ်။ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကို ကိုဉာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/usdp-election-02022012100955.html