Sunday, February 5, 2012

ရန်ကုန်မှာဂျပန်ကမြန်မာမိန်းမချောလေးကိုပါးရိုက်မှု


ရန်ကုန်မှာဂျပန်ကမြန်မာမိန်းမချောလေးကိုပါးရိုက်မှု
ဒီအဖြစ်အပျက်ကလေးကို သိစေချင်ပါတယ်..ဒို့ရဲ့ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ရဲ့ ဖြစ်ရပ်မှန် လေးပါ။28.1.2012 ရက်နေ့မှာ ကိုယ့် သူငယ်ချင်းတာဝန်ယူနေတဲ့ ဟိုတယ်ရဲ့ လုပ်ငန်းခွင်မှာ တည်းခိုသူဂျပန်တစ်ယောက် ရဲ့ ရိုက်နှက် စော်ကားမှုကို ခံခဲ့ရပါတယ်။ ဟိုတယ်Management မှ အမှုဖွင့် အရေးယူဖို့ ဆောင်ရွက်တဲ့ အခါမှာ ရဲအရာရှိတွေ လာရောက်စစ်ဆေးပြီး နှိုင်ငံခြားသား နဲ့ပတ်သက်တဲ့ အမှုဖြစ်နေတဲ့ အတွက် ကြောင့် ရဲ အရေးမပိုင်တဲ့အမှုလို့ ပြောဆိုခဲ့ကြပါတယ်။ဒီအခါမှာ ကိုယ့်သူငယ်ချင်းရဲ့ တောင်းဆို မှုကြောင့် ဟိုတယ်General Manager မှ ဂျပန် သံရုံးကို အကြောင်းကြားပေးခဲ့တယ်။ ဂျပန် သံရုံးက စကာပြန်တစ်ယောက်နှင့် ရဲ့ အရာရှိတွေ ရောက်
လာပြီး တရားလို ကို တရားခံတစ်ယောက် အဖြစ် ပြန်ဆက်ဆံသွားတယ်လို့ သိခဲ့ရပါတယ်။နှစ်ရက် လောက် ကြာမှာ အမှု လာဖွင့်ရန်အကြောင်းကြားသောကြောင့် ကိုယ့်သူငယ်ချင်း ကို ဟိုတယ် က ဆက်သွယ်ပြီး သွားခဲ့ကြတယ်။ဟိုရောက် တော့ ရဲ့ အရာရှိများကပါးရိုက်ခံရတာ ဒါဏ်ရာ ရှိလား၊ သွေးထွက်လား ဆေးစာ လုပ်ပြီးပြီလားလို့ ဆီးကြိုမေးချင်ခံရတယ်လို့ သိရပါတယ်။မိန်းခလေး တစ်ယောက် ရဲ့ ကာအိနြေင်္အဇော်ကား ခံရတဲ့ ဖြစ်ရပ်ကို ဒီလိုမေးချင်းခံရတာ ကြောင့် သြော်
ငါ့တို့ နိုင်ငံမှာကိုယ့် နိုင်ငံသားတစ်ယောက် စော်ကားခံရတာကိုတောင် ဆေးစာလိုပါသလားလို့ မေးပြီး တိုင်းတပါးသားကို ကာကွယ်ဖို့စဉ်းစားနေသေးတယ်လို့ရင်ထုမနာတွေးမိကြောင်း ပြန်လည်ဖွင့်ပြောခဲ့ပါတယ်။ရှက်ရှက်နဲ့ ဖြစ်ရပ်မှန်ကို ပြောပြီးတော့ လည်း ပါးရိုက်ခံရတဲ့ ဆေးစာပါမှ အမှုဖွင့်လို့ ရတယ်ဆိုသော ကြောင့် ရန်ကုန် ဆေးရုံကြီးမှာ မျက်နှာ ငယ်စွာနဲ့ လူအများကြားမှာဆရာဝန်ထံပြောဆိုပြီး ဆေးစာ ယူခဲ့ပေးရပြန်ပါတယ်။.....................

ခုအဖြစ်အပျက်နဲ့ပါတ်သတ်ပြီး ဒို့အမြင်မှာတော့ ကိုယ့် နိုင်ငံသား တစ်ယောက် ကိုယ်ထိလက်ရောက်စော်ကားခံရတာကို သုံးလေးရက် အချိန်ယူပြီး ရဲအရေးမပိုင်မှုလို့ကိုင်ထားတာကို ကြည့်ချင်းအားဖြင့် ခုလို့ လူတွေပြောနေကြတဲ့ လူ့ အခွင့်အရေးတွေ ပွင့်လာပြီဆို တဲ့ အခွင့်အရေးထဲမှာ တို့ တိုင်းပြည်နဲ့ လူမျိုးကို ဘယ်လို ကာကွယ်ရမယ်ဆိုတဲ့ အခွင့်အလမ်းလည်း ပါဟန်မတူသေးပါဘူး။

ဂျပန် တွေ ကလည်း ဒို့များတိုင်းပြည်မှာဒုတိယကမ္ဘာစစ်က ပြုကျင့်သွားတဲ့ ပါးရိုက်၊မုဒိန်းကျင့်လို့ ရတယ်ဆိုတဲ့အကျင့်
ကို အရိုးထဲထိ စွဲနေလို့များ ခုချိန် ထိ ဒို့ အမျိုးသမီး လေးတွေကို ကိုယ်ထိ လက်ရောက် စော်ကားရဲသေးတာလားရယ်လို့ ရင်နာနာနဲ့ တွေးမိပြန်တယ်။ဒို့ များ သူများ တိုင်းပြည်မှာအလုပ်လုပ်ရတုန်း က ကျွန်သာသာပဲနေခဲ့ရတယ်..ဒို့ များ သူများတိုင်းပြည်မှာ တိုင်းတပါးသားကို လက်နဲ့မပြောနဲ့ စွေကြည့် ရင်တောင် သံတိုင်နောက်မှာ ဘယ်နှစ်ရက်လောက်များ နေရမယ်၊ အသက်နဲ့ ကိုယ် မြဲပါ့မလားရယ်ဆိုတာ အဝေးရောက်နေကြ တဲ့ ဒို့မောင်နှမသားချင်းများ အားလုံး သိပြီးကြမှာပါ။

****အခုဖြစ်ရပ်မှာ တိုင်းတစ်ပါးသားတွေရဲ့ စော်ကားမှု၊အလိုတော်ရိ တွေရဲ့မျိုးချစ် စိတ် မရှိမှု တွေ ကို ဒို့ တွေ ဘယ်လိုဖော်ထုတ်ပြီး၊ပြုပြင် ပြောင်းလည်းသင့်တယ်ဆိုတာကို ၀ိုင်းဝန်းစဉ်းစားကြပါစို့ ......။

အေးမျိုးထွန်း


မှတ်ချက်။
အထက်ပါဖြစ်ရပ်သည် Yangon Orchid Hotel တွင်ဖြစ်ပွားခဲ့ပါသည်။
ကာယကံရှင်သည်လည်းဖေ့စ်ဘွတ်၏တနေရာမှာရှိပါသည်။

ကိုယ်ထိလက်ရောက်အစော်ကားခံခဲ့ရသူ Catherine











ကာယကံရှင်၏ခွင့်ပြုချက်ဖြင့်ဖေါ်ပြသည်။
ရဲရင့်ငယ်...

ဂျပန်နိုင်ငံသားတစ်ဦး ဟိုတယ်ထဲကို ပြည့်တန်ဆာခေါ်မရလို.ဟန်.တားသည့်ဟိုတယ်ဝန်ထမ်းမြန်မာအမျိုးသမီးတစ်ဦးကို ပါးရိုက်မှုဖြစ်ပွား။

ကိုသူရ(ဇာဂနာ)ကနေဒါခရီးစဉ်အချိန်ဇယား



ဖေဖေါ်ဝါရီ ၂၈ တိုရန်တိုမြို့ သို့ ညနေပိုင်းရောက်မည်။
အကျဉ်းရုံးတွေ့ ဆုံပွဲတချို့ပြုလုပ်မည်။

ဖေဖေါ်ဝါရီ ၂၉ - မတ် ၁ မြို့ တော်အော့တာဝါတွင်လူမှုအထောက်အကူပြုအဖွဲ့အစည်းများ
၊အစိုးရအရာရှိများ၊နိုင်ငံရေးသမားများနှင့်တွေ့ ဆုံမည်။
လိုအပ်လျှင်မတ် ၂ အထိ မြို့ တော်အော့တာဝါတွင်ရှိမည်။

မတ် ၂ (သို့ )မတ် ၃ PEN Canada ၏ ဂုဏ်ပြုပွဲ(ကိုသူရသည်၂၀၀၈ခု PEN Canada ၏
လူသားချင်းစာနာထောက်ထားမှုထူးချွန်ဆုရရှိခဲ့သည်။) http://www.pencanada.ca/

မတ် ၃ တိုရန်တိုမြို့ သို့ ပြန်လည်ရောက်ရှိပြီးမြန်မာမိသားစုများနှင့်
တွေ့ ဆုံပွဲပြုလုပ်မည်။

မတ် ၄ မနက်ပိုင်းနယူးယောက်သို့ ခရီးဆက်မည်။နယူးယောက်တွင်
Steven Spielberg, GeorgeClooney. တို့ နှင့်လည်းတွေ့ ဆုံမည်ဟုသိ၇သည်။

ကိုသူရကနေဒါခရီးစဉ်အတွက်ကနေဒါတိုရန်တိုမှမြန်မာ့အေ၇းလှုပ်ရှားသူကိုကျော်ဇောဝေမှစီစဉ်ခဲ့
ကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည် နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်လူငယ်ဝတ်စုံစတိုင်

By: Burma VJ Media Network

ဒေါ်အောင်ဆန်းစုကြည်သတင်းမီဒီယာများမေးမြန်းခြင်းကိုပြန်လည်ဖြေကြား...




Burma VJ Media Network

၃-၂-၂၀၁၂နေ့ ညနေတွငိ Mr. Ojea Quintana နှင့်ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီးနောက် သတင်းမီဒီယာများမှ သိလိုသည်များကိုမေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်မှ ပြန်လည်ဖြေကြားစဉ်.......





လူ့အခွင့်အရေး ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး
2012-02-03

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ဟာ ဒီကနေ့ ညနေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်နာရီကျော်ကြာ တွေ့ဆုံပြီး လူ့အခွင့်အရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး မစ္စတာ ကင်တားနားက သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုလို တွေ့ဆုံခွင့်ရတာ ဝမ်းသာမိကြောင်း၊ မိမိအနေနဲ့ အခုတစ်ကြိမ်ပါဆိုရင် မြန်မာနိုင်ငံကို လာရောက်တာ ငါးကြိမ်ရှိသွားပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ လူ့အခွင့်ရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်စရာတွေ အများကြီး ရှိနေသေးကြောင်း ပြောသွားပါတယ်။ ဒီကနေ့ ညပိုင်းမှာလည်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မစ္စတာကင်တားနားဟာ ဒီကနေ့မနက်ပိုင်းက အင်းစိန် အကျဉ်းထောင်ကို သွားရောက်ပြီး နေ့လယ်ပိုင်းမှာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ညနေပိုင်းမှာ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦးပုကျင်ရှင်းထန်တို့နဲ့ တွေ့ဆုံခဲ့ပြီး တိုင်းရင်းသား ဒေသတွေက ပြည်တွင်းစစ်ကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မနက်ဖြန်မှာတော့ မစ္စတာကင်တားနားဟာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေကို သွားရောက် လေ့လာမယ်လို့ ဆိုပါတယ်။ ခရီးစဉ်နောက်ဆုံး ဖေဖော်ဝါရီလ ၅ ရက်ကျရင် ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ဖို့ရှိပြီး ဒီခရီးစဉ်က တွေ့ရှိချက်တွေကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ မတ်လအတွင်း ကျင်းပမယ့် ၁၉ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံကို အစီရင်ခံစာ တင်သွင်းမှာပါ။
http://www.rfa.org/burmese/news/assk-quintana-02032012095701.html

ဆရာတော် အရှင် ဂမ္ဘီရဆိုတာ..

ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့မှ ဆရာတော်များ၏ ဆုံးဖြတ်ချက်ဖြင့် သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ရောက်ရှိလာပြီး မဂ္ဂင်ကျောင်းကို လာရောက်ချိပ်ပိတ်ခဲ့သည့်အတွက် မဂ္ဂင်ကျောင်းတွင် သီတင်းသုံး နေထိုင်နေသော သံဃာတော်များမှာ ချိပ်ပိတ်ထားသော မဂ္ဂင်ကျောင်းအတွင်းမှ ထွက်ခွာပေးခဲ့ရပြီ ဖြစ်ပါသည်။ Burma VJ Media Network

ဦးတင်ဦး ကိုမင်းကိုနိုင် မိန့် ခွန်းများ နဲ့  သင်္ဃန်းကျွန်းရုံးဖွင့်ပွဲ။

အဲလိုပြောလိုက်ကြစမ်းပါ..( မစုစုနွေးရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးခရီးစဉ်)

Burma VJ Media Network လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူလည်းဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်လည်းဖြစ်တဲ့ မစုစုနွေးဟာ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ကော့မှူးမြို့နယ် အဖျောက်ကျေးရွာက ဒေသခံတွေနဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။ ဒေသခံ ၁၀၀ လောက် လာရောက်တွေ့ဆုံခဲ့ကြတဲ့ ဒီတွေ့ဆုံပွဲမှာ ကော့မှူးမြို့နယ်က ၀င်ရောက် ယှဉ်ပြိုင်အရွေးခံမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံတွေ မဲထည့်ပေးကြဖို့ သူက တိုက်တွန်းခဲ့သလို တက်ရောက်လာကြတဲ့ ဒေသခံတွေကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို မဲထည့်မယ်လို့ တညီတညွတ်တည်း ပြောဆိုသွားခဲ့ကြပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှ မန္တလေးပြည်သူလူထုထံသို့ အသိပေးပြောကြားချက်

Nyo Gyi(facebook) ဒေါ်အောင်ဆန်းစုကြည်နှင့် မန္တလေးသူ၊ မန္တလေးသားများအကြား ကြံ့ဖွတ်စစ်အဆိုးရ သွေးခွဲနေ ဒီနေ့(၄.၂.၂၀၁၂) စနေနေ့ နံနက်ပိုင်းက မန္တလေးမြို့ပေါ်နေရာအချို့တွင် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်လာရောက်မည်ဆိုသော မန္တလေးရှိ ကွင်းအချို့အနီးတွင်လည်းကောင်း ( ဒေါ်အောင်ဆန်းစုကြည်ကို ၄.၂.၂၀၁၂ မန္တလေး မလာနိုင်အောင် ကြံ့ဖွတ်စစ်အဆိုးရက ကလိကမာကျကာ အကွက်ဆင်ထား၍ ) ဒေါ်အောင်ဆန်းစုကြည် မန္တလေးမလာဖြစ်သည်ကို မသိသေးသော စုချစ်သူများလာရောက် စောင့်ဆိုင်းမှုများရှိခဲ့သည်ဟု သိရသည်။ အချို့ စုချစ်သူများဆိုလျှင် နယ်ဝေးများမှ ကားများနှင့် အစောကြီးကတည်းက မန္တလေးမြို့ပေါ် တက်လာကာ မန္တလေးရောက်မှ စုမလာဖြစ်ကြောင်း သိရသည်ဟု ဆို၏။ မန္တလေးမှ နယ်ပြန်စရာ ရှိသူအချို့လည်း စုလာမည်ဆို၍ နယ်မပြန်သေးဘဲ စုကို အားပေးထောက်ခံကြိုဆိုရန် မန္တလေးမှာ နေရစ်ခဲ့သူများလည်း ရှိသည်ဆို၏။ အချို့ဆိုလျှင် စုလာမည့်ရက် (ဖေဖော်ဝါရီ ၄ ရက်၊ ၅ ရက်) မအားမရှိရအောင် အလုပ်များ အားအောင် ရွှေ့ဆိုင်းထား၊ အလုပ်ချိန်များ ရွှေ့ဆိုင်းထားရခြင်းများပင်ရှိသည်ဆို၏။ "ဖေဖော်ဝါရီ ၄ ရက်၊ ၅ ရက် မန္တလေးကို စုမလာဖြစ်တော့ဘူး" ဟု စုမလာဖြစ်သည်ကို မသိသေးသူများအား ပြောလိုက်လျှင် "ဟာ...ကွာ" ဟု စိတ်ပျက်လက်ပျက် ဖြစ်ကာ "ဒါဆို စု က မန္တလေးကို လာဖြစ်ဦးမှာလား။ ဘယ်တော့လာမှာလဲ" ဟုသာ ပြန်မေးတတ်ကြကြောင်းလည်း ကြားသိရပါသည်။

သွေး ဆုတ် လို့ လူ ရုပ် မပေါ် ၊ စိတ် ဆင်း ရဲ ရ ပြီ ပေါ့

Aဇော်ကြီး(မြန်မာကျူ့ ပစ်ဖိုရမ်မှ)

မင်္ဂလာပါခင်ဗျာ၊ ကျွန်တော်လဲ ကျူးပစ်ကြီး နဲ့ ကွဲကွာနေရတာ ကြာပေါ့ဗျာ။ လူ ကိုယ်တိုင် မရောက် နိုင်ပေမဲ့ စိတ်က
တော့ အမြဲရောက် ပ ဗျာ။ ကိုယ်ရောက် နေတဲ့ နေရာ က လဲ အင်တာနက် ဆိုတာ ဝေးလို့ ၊ ဖုန်း ကလေး စကား ပြော
ရတာတောင် အနိုင်နိုင် ပါ ခင်ဗျာ ။ တန်ခိုးရှင် တဦး တယောက် က အင်တာနက် အဆက်အသွယ် လေး ဖန်ဆင်း ပေး
ရင် တောင် လျပ်စစ်မီး က မရနိုင်သေး လို့ ၊ စိတ် ထဲ က ဟင်း ချ ရင်း ၊ ဖ ယောင်း တိုင် လေး နဲ့ ကွန်ပျူတာ သုံး
လို့ ရရင် ၊ လွှတ် အဆင် ပြေ ရ တာ ပေါ့ လို့ ၊ ရသေ့ စိတ်ဖြေ လေး တွေး ခဲ့ ရတာ အကြိမ် ကြိမ်ပါ။

နှစ်ဆန်း အစ ဇန်နဝါရီလ အစ မှာ ၊ ခါတိုင်း လို ကျူးပစ် မန်ဘာကြီး များ ကို နှုတ်ခွန်း ဆက် စကား ဆို ခွင့် မကြုံခဲ့
ပါဗျာ ၊ အခု ကျူးပစ်ကြီး ထဲ ပြန် ရောက် တော့ ကိုယ် သိပြီးသား မန်ဘာကြီး တွေ အပြင် ၊ မန် ဘာ အသစ် တွေ
ရေး ကြ တဲ့ စာ လေး တွေ အစုံစုံ ဖတ် ခွင့် ကြုံ ခဲ့ ရ ပ ဗျာ ၊ လူ ပျို ကြီး ဆရာချော တယောက် လဲ
အကောင်း ဆုံး မန်ဘာ ဆု ထိုက်ထိုက် တန်တန် အရွေး ခံ ရ လို့ ၊ ဝမ်း သာ ဂုဏ်ယူ ရ ပေါ့ ဗျာ။

ကျွန်တော် စာ မရေး ဖြစ် တာ ကြာ နေ လို့ မန် ဘာ အပေါင်း က ကျွန်တော့် ကို ဝိုင်း ပြီး ၊ နိုင် စား နေ ကြ ပါ
တယ်။ သီး ခံ ကြ ပါ ခင် ဗျာ ၊ အခု လဲ ရာ ဇ သံ တွေ ပေး လာ ကြ လို့ မ တတ် သာ တဲ့ အဆုံး ၊
မ ဖြစ် မနေ ၊ တ ပုဒ် တော့ ၊ အခု လက် ငင်း ထိုင် ရေး ခဲ့ ရ ပြီ ပေါ့ ဗျာ ၊
အခြေ အနေ မပေး လို့ ကျွန်တော် က စာ မရေး နိုင် တာ ပါ ဆို တာ က ၊
ကျွန်တော် အလွယ် ပြော လိုက် လို့ ရ တဲ့ စကား ပြေ ဆင် ခြေ ၊ ဆင် လက် ၊ မဟုတ် ရ ပါ ခင် ဗျာ ။

သတင်းစာ တွေ ဂျာနယ် တွေ ထဲ လဲ ပါ နေ ၊ လူ ပြော သူ ပြော များ နေ တာ က ၊ ဒေါ်လာငွေဈေး ကို တရားဝင်
ဗမာငွေ နဲ့ တန်ဘိုး တခု သင့် ကြတော့ မဲ့ အကြောင်း ပါ။ ကောင်း ပါ တယ် ခင် ဗျာ ၊ တည် တည် တန့် တန့်
တရားဝင်ဈေး ဖြစ်သွားရင်စီပွားရေး လုပ် ကြ တဲ့ လူ တွေ အဆင်ပြေတာ ပေါ့ ခင်ဗျာ ၊ အခု လဲ ကဘာ့ ဘဏ်တို့
အိုင်အမ်အက် က လူ တွေ အစည်း ဝေး တွေ အမျိုး မျိုး လုပ် ကြ လို့ ခြေ ရှုပ် နေ ကြ ပေါ့ ဗျာ။ သတင်း ဂျာ နယ်
တွေ ထဲ မှာ လဲ အခု နှစ် ဘတ် ဂျက် အစ မှာ တဒေါ်လာ ၈ဝဝ နှုန်း ပုံသေ ထား ပေးတော့ မယ် လို့ ကောလဟလ
သတင်း မျိုး တွေ လဲ ရေး နေ ကြ ပ ဗျာ။

ကောင်း ပါ တယ် ၊ တည် တည် တန့် တန့် ဖြစ် သွား ရင် တဒေါ်လာ ၂ ကျပ် ဖြစ် ဖြစ် ၊ တဒေါ်လာ ၂ဝဝဝ ဖြစ် ဖြစ်
အရေး မဟုတ် ပါ ခင် ဗျာ ၊ ထင် သာ မြင် သာ ၊ တွက် သာ ချက် သာ ၊ စီး ပွား ရေး သဘော အရ တည် တည် ငြိမ်
ငြိမ် ၊ အေး ရာ အေး ကြောင်း ဖြစ် ဘို့ က သာ လို ရင်း ပါ ခင် ဗျာ။ အခု များ တော့ တရား ဝင် ဈေး က သတ်သတ်
သိမ်ဖြူဈေး က သတ် သတ် ၊ ဘား လမ်း ထဲ က ကို မွတ်တား တို့ ၊ ကို ဟူစိန် တို့ ၊ ဦး လျောင် ကီး တို့ ပြော တဲ့
ဈေး တွေ က တမျိုး ဆို တော့ ၊ အရင် က ဦးသန်းရွှေ လေဖြတ် သွား ပီ ပြော ကြ ရင် ဈေး တမျိုး ၊
ရှစ် လုံး ကြီး ဘောင်း ဘီ ချွတ် တယ် ကြား တာ နဲ့ ဈေး တမျိုး ၊ ဗိုလ်ချုပ် ညွန့်တင် ယောက်ဖ က ဒေါ်လာတွေ မ ပြီး
အပြင် ဘက် ကို ထွက် ပြေး သွားတယ် ကြားရင် ဈေး တမျိုး ၊ သမတကြီ လခ သိန်း ၅ဝ ပြော ကြ ပြန် တော့ ဈေး
တမျိုး ၊ ကိုတေဇ က လေယဉ်ပျံ ဝယ် မယ် ကြား ရရင် ဈေး တမျိုး ၊ ဒေါ်လာဈေး က တနေ့ ရွှေ ၊ တနေ့ ငွေ
ပေါက် ဈေး အမျိုး မျိုး နဲ့ ၊ ခေတ် အဆက် ဆက် ၊ မရိုး နိုင် ခဲ့ ပါ ခင် ဗျာ။

အခု လဲ နိုင်ငံ ခြား ငွေ ဈေး တမျိုး ထဲ တရား ဝင် ထား မယ် ကြား ပြန် တော့ ၊ လက် ထဲ က စီး ပွား ကို ဒေါ်လာ နဲ့
ထား ရ မလား ၊ ရွှေ နဲ့ ထား ရ မလား ၊ မြေ နဲ့ ထား ရ မလား ၊ အတွေး တွေ ပွား နေ ကြ ရ ပါ တယ် ခင် ဗျာ။
စီးပွား ကို ကား နဲ့ ထား ခဲ့ သမျှ ၊ အမှား ကြီး မှား ခဲ့ ကြ ရ သမို့ ၊ ဘဝ အ မော တောင် မပြေ သေး ပါ ခင် ဗျာ ၊
ဘယ် လို ဘဲ ဖြစ် ဖြစ် သတ် သတ် မှတ် မှတ် တရား ဝင် လေး ဖြစ် လာ ရင် တော့ အရင် လို ဗျာ များ ရ မဲ့
ကိန်း က တော့ ၊ နဲ နဲ တော့ ၊ သက် သာ ရာ ၊ ဖြစ် လာ ပါ မှာ ခင် ဗျာ။

အင်း ၊ အခု လို တဒေါ်လာ ၈ဝဝ နှုန်း ပုံသေ ထား ပေးတော့ မယ် လို့ ကောလဟလ သတင်း မျိုး တွေ ကြား ရ တော့
မှ သက်ပြင်း တွေ ၊ တအား ချ လို့ ၊ စိတ် မော နေ ရ တာ က ၊ ဝန် ထမ်း တွေ ပါ ခင် ဗျာ ၊ ဝန်ထမ်း တွေ အား လုံး
တော့ မဟုတ် ရ ပါ။ ဝန်ထမ်း ထဲ မှာ လဲ ၊ အထက် လူ ကြီး က ၊ ရွှေ ဘော တော် အကျ ခံ ရ သူ တွေ ကို
တယ် လီ ဖုန်း ပါ မစ် ပေး တာ တို့ ၊ နိုင်ငံ ရပ်ခြား ကို ပညာတော်သင် တို့ ၊ အစည်း အဝေး တို့ ထည့် ပေး တာ တို့
နဲ့ ၊ အသပြာ ထောင် ထုပ် ကို တောင် စမုဒ် က နေ ၊ ချီး မြင့် စွန့် ကြဲ ချီး မြောက် တာ ၊
ဝန်ထမ်း လော က ရဲ့ ထုံး စံ ကြီး ပါ ခင် ဗျာ။

အခု တော့ တယ် လီဖုန်း ပါ မစ် ပေး မယ် ကြား ရရင် ၊ ငါ နဲ့ နှိုင်း အဆဲ ခံ ရ တာ ထက် ရင် ထဲ နာ သကိုး ဗျ။ ‘
ဒီ လို ဘဲ အခု နှစ် ဘတ် ဂျက် အစ မှာ တဒေါ်လာ ၈ဝဝ နှုန်း ပုံသေ ထား ပေးတော့ မယ် လို့ ကောလဟလ
သတင်း မျိုး တွေ ထွက်လာ တော့ ၊ အခု နေ များ နိုင်ငံ ခြား ပညာ သင် စာရင်း လျာ ထား ခံ လို့ က တော့ ၊
အိမ် ထဲ ဖွတ် ဝင် တာ ထက် ၊ ပို ဆိုး သွား တော့ ပါတယ် ၊ အကြောင်း က တော့ ဒီလိုပါ ခင်ဗျ။

အရင် က ၊ ဘယ် နိုင်ငံ ကို သွား ရ ၊ သွား ရ ၊ ဝတ်စုံ စရိတ် ကို ဌာန က နိုင်ငံတော် စရိတ် နဲ့ ပေး
ပါ တယ်။ အပူပိုင်း နိုင်ငံ သွားရင် ကျပ် ငွေ ၂ဝဝဝ ဘိုး ဒေါ်လာ ၊ အအေး ပိုင်း နိုင်ငံတွေ သွားရရင် ကျပ် ငွေ ၃ဝဝဝ
ဘိုး ဒေါ်လာ ကို အစိုးရ က ကျ ခံပါတယ် ။ ဒီတော့ ဝတ်စုံဘိုး က အရင် နှုန်း ၆ ကျပ် နဲ့ တွက် ရင်
ဘာ အကြောင်း နဲ့ ဘယ် နိုင်ငံခြား ကို သွား သွား ၊ ဝတ်စုံ ဘိုး အနေ နဲ့ အစိုးရ ဆီ က
ဒေါ်လာ ၄ဝဝ ၊ ကျော် ၅ဝဝ ရ ဘို့ လောက် တော့ ပြေး မလွတ် ဘူး ပေါ့ ဗျာ ၊

ဒါတင် ၊ မက ရိုး လား ဗျား ၊ ပေါ့ ကက် မန်း နီး ၊ အသေး သုံး ဖွတ် က လိ ဒင်္ဂါး ဒေါ်လာ ၃ဝဝ ကို လဲ ၊
ဝန်ထမ်း က ကိုယ်ငွေ ကျပ်ငွေ သွင်း ပြီး လဲ လှယ် ခွင့် က လည်း ရ ပါ သေး သဗျို ၊ ရှယ် ပါ တယ် ခင် ဗျာ ။
ကိုယ်ပိုင် ကျပ် မဖြစ် စလောက် ၊ ငွေ ၂ဝဝဝ ကျပ် ပေး လိုက် ရင် လာထား ၊ ဒေါ်လှ ၃ဝဝ ၊ ဆိုတော့ ကာ ၊
ဝန်ထမ်း က ဗမာငွေ ၂ဝဝဝ လောက် စိုက်လိုက် ရင် ဘဲ ၊ နိုင်ငံခြား ငွေ ဒေါ်လာ ၇ဝဝ လောက် က
လေယဉ်ပေါ် မတက်ခင် က တဲ က ၊ အိပ် ကပ် ထဲ မှာ အတော် စို ပြေ ၊ အို ကေ နေ ပီပေါ့ ဗျာ။

ဝန်ထမ်း အများ စု က လဲ အဲဒီ ပိုက် ဆံ ကို နိုင်ငံ ရပ် ခြား ကို ၊ ဘယ် သူ က မှ ယူ မသွား ပါ ဘူး ၊
လက်ငင်း ဒေါ်လာ ၅ဝဝ လောက် ကို ကျပ် ငွေငါးသိန်း ကျော် ရ အောင် ၊ နိုင်ငံ ခြား သွား မဲ့ ရက် မတိုင် ခင်
ဘား လမ်း ထဲ သွား ၊ အရည်ဖျော်ပြီး ၊ ယောက် ခ မ က တပြုံးပြုံး ၊ မိန်း မ က တပြုံး ပြုံး ဖြစ်သွား အောင်
မျက် နှာ လုပ် နိုင် ခဲ့ ပါ တယ် ၊ အိပ် ကပ် ထဲ မှာ ဒေါ်လာ ၂ဝဝ လောက် ထဲ့ သွား ပြီး ၊ ဟို နိုင်ငံ က ပေး တဲ့
ဒေါ်လာ နေ့ တွက် စရိတ် လေး ကို ကျစ်ကျစ် ပါ အောင် ထပ် စု ၊ ဒီ က ထည့် ယူ လာ တဲ့ ယမ်ယမ် ခေါက်ဆွဲ
ခြောက် လေး နဲ့ နေ့စဉ် အသက် ဆက် လိုက် ရင် ၊ ဟဲ ဟဲ ၊ လာ ထား စမ်း ၊ နောက် ထပ် ဒေါ်လာ ၁ဝဝ ကျော်
လောက် က ပြေး မလွတ် ပါ ခင် ဗျာ ။ လက် ထဲမှာ အစိမ်း ၃ဝဝ လောက် ဖြစ် သွား ပါ တယ်။

ဒီ ပိုက် ဆံ အချိုး အစား ၊ အကျန် လေး က တော့ ၊ အတော် ကို အလုပ်ဖြစ်ပါ တယ် ၊ မျက် နှာ မေါ့ ၊ ရင် ကော့ ပြီး
ဟိုင်ပါ မတ်ကက် ပေါ် တက် ၊ ဒစ်စကောင့် ချ တာ တွေ ၊ အထပ် ထပ် အခါ ခါ ၊ ခြေ သလုံး ကြီး လာ အောင်
လေ့ လာ သမှု ပြု လိုက် ရင် ဖြင့် ၊ ဟင်း ဟင်း ၊ ဒါ လေး က တော့ ချစ် သော ခယ်ခယ်လေး အတွက် ၊
ဒါကြီး က တော့ သေချင်းဆိုး ဖဖ အတွက် ၊ ‘ဒါ က တော့ ကျေး ဇူး ရှင် ယောက်ခမ ၂ ပါး အတွက် ၊
ဒါ လေး က တော့ ၊ ဆူပုတ် နေ တဲ့ မျက်နှာ ပိုင်ရှင် ၊ အိမ် က မိန်းမ ကို ပြုံး လာ အောင် မျက်နှာ လုပ်ဘို့ ၊
ဒီ လို ၊ ပေါ ချောင် ကောင်း လေး က တော့ မြင့် မိုရ် တောင် ဦး မက ကျူး တဲ့ ၊ ပါပါ နဲ့ မါမါ အတွက်
xxxxxxxxxxx အင်း ထား လိုက် ပါ တော့ ၊ ဟို ငါ့ ကို အချိန်တိုင်း မှာ အင် မတန် ကူ ညီ ခဲ့ တဲ့
အပေါင်း အသင်း ၊ ရောင်း ရင်း တွေ အတွက် က တော့ ၊ ရန်ကုန် ရောက် မှ စိန်ဂေဟာ ကုန်တိုက် မှာ စဉ်း စား တော့
မယ်လို့ ဘဲ ၊ ကျေးဇူးရှင် အပေါင်း အတွက် ၊ လူ စုံ အောင် ၊ အဆင် ပြေ အောင် စဉ်း စား နိုင် ပါ တယ် ခင် ဗျာ ။

ဟော ၊ တပါတ် ကြာ ၂ ပါတ် ၊ နိုင်ငံခြား လေး များ သွား ခဲ့ ရ လို့ ၊ ပြည် တော် ပြန် ခရီး ၊ လေယဉ် ပေါ် က
အဆင်း ၊ အမိ မြေ ပေါ် ခြေ အချ ၊ ကိုကို ပြန်လာ ပီ ဆို ပြီး ၊ ဆီး လို့ ကြို နေ တဲ့ ခယ်ခယ် လေး ၊
သားလေး ၊ နေ ကောင်း လား ဆို ပြီး ပြုံး ပြုံး လေး ၊ လာ ကြို နေ တဲ့ ၊ ယောက် ခ မ ၂ ပါး ၊
အစ်ကိုကြီး ၊ ကျွန်တော် မှာ လိုက် တာ ပါ လာ တယ် နော် ဆို ပြီး ၊ မျက် နှာ ထား
တင်းတင်း လှမ်း မေး နေ တဲ့ သေချင်းဆိုး ဖဖ ၊
‘ဒါ တွေ အကြား ဗျား များ နေ ရ လို့ ၊ မြင့် မိုရ် တောင် ဦး မက ကျူး တဲ့ မွေးသဖခင် နဲ့ မိခင်ကြီး ၊
ညီ အကို မောင် နှ မ ၊ သူငယ်ချင်း ယောင်းရင်း အပေါင်း ကို ဂရု မပြု အား ခဲ့ ပါ ခင် ဗျာ။

ဘယ် လို ဘဲ တွက် ကိန်း ချ ချ ၊ အဆင် ပြေ ပါ တယ် ။ ကျန်း မာ ခြင်း သည် လာဘ် တပါး ၊ နိုင် ငံ ခြား သွား
ခွင့် ရ ခြင်း က တော့ ၊ ကိုယ် လဲ ကျန်းမာ ၊ စိတ် လဲ ချမ်း သာ ဆို တော့ ကာ ၊ မဟာ လာဘ် ကြီး တပါး ပေါ့
ခင်ဗျာ ၊ ဝန်ထမ်း တိုင်း တောင် တ ကြ တဲ့ ဆု တပါး ထဲ မှာ ၊ နိုင်ငံခြား လွှတ် တဲ့ အထဲ ပါ ဘို့ က တော့
လူကြီး ကို နေ့စဉ် နဲ့ အမျှ မျက် နှာ ချို သွေး ခဲ့ကြ ရ ၊ အလုပ် ကြိုး စား ချင် ယောင် ဆောင် ခဲ့ ရ ပါ ခင် ဗျာ။

တဒေါ်လာ ၆ ကျပ် ခေတ် နဲ့ အတော် အဆင် ပြေ ပါ တယ် ၊ အ စိုး ရ က ပေး တဲ့ ဝတ်စုံစရိတ် ကျပ် ငွေ ၂ ထောင်
သုံး ထောင် လောက် နဲ့ ၊ အသေး သုံး ရ ငွေ ဒေါ်လာလေး နဲ့ တင် ၊ တိုင်းပြည် ချစ် တဲ့ စိတ် ၊ နိုင် ငံတော် ကို
ချစ် တဲ့ စိတ် ၊ နိုင်ငံ ဝန်ထမ်း စိတ် ကလေး နဲ နဲ ပါး ပါး တော့ ၊ ထား နိုင် ပီ ပေါ့ ဗျာ ။

ခု များ တော့ ၊ ‘ဒါ တွေ က ပျက် ပျယ် တော့ မလို ပါ။ အခု နိုင်ငံခြား သွား ဘို့ နော်မနေးရှင်း ကျ ထား တဲ့
ဝန်ထမ်းများ မျက် နှာ သွား ကြည့် စမ်း ပါ ခင် ဗျာ ၊ သွေး ဆုတ် လို့ လူ ရုပ် မပေါ် ၊ စိတ် ဆင်း ရဲ ရ ပြီ ပေါ့ ခင်ဗျာ
ရ တဲ့ ဝတ်စုံ စရိတ် က အပူပိုင်း နိုင်ငံ သွားရင် ကျပ် ငွေ ၂ဝဝဝ ဘိုး ဒေါ်လာ ၊ အအေး ပိုင်း နိုင်ငံတွေ သွားရရင် ကျပ်
ငွေ ၃ဝဝဝ ဘိုး ဒေါ်လာ ကို အစိုးရ က ကျ ခံပါတယ် ။ ဒီတော့ ဝတ်စုံဘိုး က အခုလို နှုန်း ၈ဝဝ ကျပ် နဲ့ တွက် ရင်
အလွန်ဆုံး ရရင် ၊ ဒေါ်လာ ၂ ကျပ် ခွဲ နဲ့ ၄ ကျပ် ကြား ဘဲ ရ တော့ မှာ ပါ ခင်ဗျာ ။

ဒါတင် ၊ က ရိုး လား ဗျား ၊ ပေါ့ ကက် မန်း နီး အသေး သုံး ဖွတ် က လိ ဒင်္ဂါး ဒေါ်လာ ၃ဝဝ ကို လဲ ၊ ဝန်ထမ်း က
ကိုယ်ငွေ ကျပ်ငွေ သွင်း ပြီး လဲ လှယ် ရမှာ ဆို တော့ ၊ ကိုယ်ပိုင် ကျပ် ငွေ နှစ် သိန်း လေးသောင်း ပေး ရ မှာ ပါ။
အဲဒါ ကို ယောက်ခမ ဆီ က ခန ယူ ပြီး ရှင်း ရ မှာ ဆို တော့ ၊ ယောက် ခ မ က လေယဉ် ပေါ် မတက် ခင် က တဲ
က သူ့ အကြွေး ကို တဂျီဂျီ ပြန် တောင်း နေ ပါ ဘီ။ သိမ် ဖြူ မှာ ချက်ချင်း သွား ပြန် ရောင်း တော့ ၊ ဝယ် ဈေး
ရောင်း ဈေး ဟ သွား တာ က ၊ ကိုယ် က ဘဲ အိတ် ထဲ က စိုက် ရ တော့ မှာ ပါ။

လက် ကျန် ဒေါ်လာ ၂ ကျပ် ခွဲ နဲ့ ၊ အရင် လို ဟိုင်ပါ မတ် ကက် ကို ခြေဦး လှည့် ဘို့ မစဉ်းစား နဲ့
သွားစရာ တိုင်စီ ခ တောင် ၊ မ တွေး ဝံ့ တော့ ပါ ခင် ဗျာ ၊ ဒီ ဒေါ်လာ ၂ ကျပ် ခွဲ နဲ့ နိုင်ငံခြား မှာ စား ဘို့ ယူ
သွား ရ မဲ့ ယမ်ယမ် ခေါက်ဆွဲခြောက်ဘိုး လေး တောင် အဆင် မပြေ တော့ ၊ အမယ် မင်း ၊ အခု မှ အခက် ကြီး
ခက် ရ ပီ ပေါ့ ခင် ဗျာ ၊ အဆိုး ဆုံး က အိမ် က မဒမ် ကို ပြေလည် အောင် ဘယ် လို ပြော ရ ပ။
ရှင် က ၊ နေ့ ရော ည ပါ ၊ တကုပ် ကုပ် နဲ့ လုပ် လိုက် ရ တဲ့ အလုပ် ၊ အဲသာ ကြောင့် ရှင့် ကို နိုင် ငံ ခြား လွှတ်
ဘို့ လူ ကြီး က ရွေး တာ ဆို ၊ အခု ပိုက် ဆံ လို ပီ မလား ၊ ကျုပ် က တော့ ၊ မပေး နိုင် ဘူး
ရှင့်  ကို နိုင် ငံ ခြား လွှတ် တဲ့ ၊ ရှင့် အထက် လူ ကြီး ဆီ မှာ သာ ချေး ပြီး ၊ သွား ပေ တော့ တဲ့ ခင် ဗျ။

ဒီ ပိုက် ဆံ အချိုး အစား ၊ ဒေါ်လာ ၂ ကျပ် ခွဲ ၊ အကျန် လေး နဲ့ က တော့ ၊ သေ ပြီ ပေါ့ ဆရာ တို့ ရယ် ၊
မျက် နှာ အောက် ကျ ၊ သက်ပြင်း အ ကြိမ် ကြိမ် ချ ရင်း ၊ အခု တော့ ချစ် သော ခယ်ခယ်လေး က ပြုံး တောင်
မ ပြ တော့ ပါ ၊ သေချင်းဆိုး ဖဖ က ကူညီ ဘို့ ဝေ လာ ဝေးပါ ၊ ကျေး ဇူး ရှင် ယောက်ခမ ၂ ပါး ကတော့ ၊
အသေး သုံး ငွေ လေး လဲ ၊ ဘို့ ပိုက် ဆံ ခန ချေး မိ က တဲ က ၊ စကား တောင် မပြော တော့ ပါ ခင် ဗျာ ၊
သား ရေ ၊ လို့ တောင် ခေါ် သံ မကြား တော့ ပါ ခင် ဗျာ ။

ဆူပုတ် နေ တဲ့ မျက်နှာ ပိုင်ရှင် အိမ် က မိန်းမ ကြီး၊ ပြုံး လာ ဘို့ နေ နေ သာသာ ၊ ပို လို့ တောင် နား ညီး စရာ
ဖြစ် လာ ပါ တယ် ၊ အရေး ရယ် အကြောင်း ရယ် အချိန် မှာ တော့ ၊ မြင့် မိုရ် တောင် ဦး ၊ မက ကျူး တဲ့ ပါပါ နဲ့
မါမါ ရယ် ၊ အချိန် တိုင်း မှာ အင် မတန် ကူ ညီ ခဲ့ တဲ့ အပေါင်း အသင်း ၊ ရောင်း ရင်း တွေ အား ကိုး နဲ့ ဘဲ
နိုင် ငံ ရပ် ခြား ခရီး ၊ သင် တန်း တက် ရ မှာ ကို ၊ လူ လုံး မ လှ ၊အ ပူ လုံး ၊ တ ကြွ ကြွ နဲ့ ဘဲ ၊
သက် စွန့် ဆံ ဖြား ၊ သွား ရ မဲ့ ကိန်း ကို ရောက် ရ တော့ မှာ ပါ။

တဒေါ်လာ ၈ဝဝ ကျပ် တရာဝင် ဖြစ် မဲ့ ခေတ် မှာ တော့ စိတ်ဓါတ် တွေ ပျက် ပြား ရ ပီ ပေါံ ဗျာ ၊
အ စိုး ရ က ပေး တဲ့ ဝတ်စုံစရိတ် ကျပ် ငွေ ၂ ထောင် သုံး ထောင် က ရ မဲ့ ဒေါ်လာ ၂ ကျပ်ခွဲ ဘဲ အသားတင် ရ ပြီး ၊
အသေး သုံး ရ ငွေ လေး ကို ၊ ကိုယ့် ပိုက်ဆံ နဲ့ကိုယ် သွင်း ရ ဘို့ ၂ သိန်း ခွဲ လောက် ယောက်ခမ ဆီ က ချေး နေ
ရ ရင် တော့ ၊ တိုင်းပြည် ချစ် တဲ့ စိတ် ၊ နိုင် ငံတော် ကို ချစ် တဲ့ စိတ် ၊ နိုင်ငံ ဝန်ထမ်း စိတ် ကလေး ၊
ဘယ် လို ထား နိုင် တော့ မ လဲ ဗျာ ၊ ကုန် ခမ်း သွား ပါ ဘီ ။

သူ တည်း တ ယောက် ကောင်း ဘို့ ရောက် မူ ၊ သူ တ ဦး မှာ ပျက် လင့် ကာ သာ ၊ က လ ချာ တည်း ဆိုတဲ့
အ နန် တ ၊ သူရိယ အမတ်မင်း ရဲ့ သံ ဝေ ဂ ၊ လင်္ကာလေး က တော့ ခေါင်း ထဲ အမြဲ ရှိ ပါတယ်၊
နိုင်ငံခြား ပညာ သင် ထီ ပေါက် သလို ဆုထူး ကြီး လက် ထဲ ရောက် ပြီး မှ ၊ ထီ လက်မှတ် ဘိုး ငွေ ပြန် အမ်း ရ မဲ့
သူ တွေ အတွက် အိုင် အမ် အက်ဖ် ရော ၊ သမတကြီး ရော ၊ ဦး တေဇ တို့ က ပါ သင့် တင့် မျှ တ အောင်
ခယ် ခယ် လေး မျက် နှာ မညှိုး ရ အောင် ၊ ဝိုင်း ပြီး စဉ်း စား ပေး ကြ ပါ ပ ဗျား ၊

သေးသိမ်သည့် လုပ်ရပ်များကြောင့် နိုင်ငံနှင့် ပြည်သူ၏ အနာဂတ်ကို မထိခိုက်စေချင်




by Shine Win on Saturday, February 4, 2012 at 8:07am
အောင်မောင်း
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး နယ်လှည့်စည်းရုံးရေး ခရီးစဉ်အဖြစ် ထားဝယ်မြို့သို့ သွားရောက်ခဲ့ရာ ထားဝယ်ဒေသခံ ပြည်သူလူထုကြီးက တစ်ခဲနက် ကြိုဆိုထောက်ခံခဲ့ကြပြီး ကောင်းချီးမင်္ဂလာများ ပေးခဲ့ကြသည်။ လူထုခေါင်းဆောင်အနေဖြင့် ထားဝယ်မြို့သို့ နှစ်ပေါင်း နှစ်ဆယ်အကြာမှ နောက်တစ်ကြိမ် ပြန်ရောက်ခဲ့ရခြင်း ဖြစ်သည်။ ၁၉၈၉ခုနှစ်က လူထုခေါင်းဆောင်၏ ထားဝယ်ခရီးစဉ်တွင် ထားဝယ်လူထုကြီးအနေဖြင့် တစ်ခဲနက် ထောက်ခံ ကြိုဆိုခဲ့ကြသည်။ ထို့နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထိန်းသိမ်းခံရပြီး ထားဝယ်လူထုကြီးသာမက ပြည်သူလူထု တစ်ရပ်လုံး စစ်အာဏာရှင်အောက်တွင် နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့ရသည်။ ဆိုရလျှင် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လအနည်းတွင်မှသာ နိုင်ငံရေး ဆိုသည့် စကားလုံးကို ပြောရဲဆိုရဲသည့် အဆင့်မျှသာရှိလာသည့် အခြေအနေတွင် ထားဝယ်သားတွေမှာ ဖိနှိပ်မှုများစွာ ခံခဲ့ရသည့်တိုင် လက်ရှိအခြေအနေ တွင်လည်း စောင့်ကြည့်မှုများ ရှိနေသည့်တိုင် ၎င်းတို့၏ သတ္တိတွေ တစ်စက်မျှလျော့မသွားကြောင်း လူထုခေါင်းဆောင်ကို လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော်က ကြိုဆိုခဲ့သည်ထက် ပို၍ကြိုဆိုခဲ့ခြင်းဖြင့် သက်သေပြလိုက်ခြင်းဖြစ်သည်။ အချိန်အခါမပေး၍ နိုင်ငံရေးဘက်တွင် အာရုံစူးစိုက်မှု နည်းပါးသော်ငြား ထားဝယ် လူထု၏ နိုင်ငံရေးစိတ်ဓာတ် သေမသွားကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်ပါသည်။
လှံဖျား ပုစဉ်းနား ကျီးကန်းချေးပါ ဆိုသည့် မြန်မာစကားပုံကဲ့သို့ပင် လူထုခေါင်းဆောင်နှင့် ပြည်သူလူထု၏ ချစ်ခင်ရင်းနှီးမှု၊ နှလုံးသားချင်း အပေးအယူမျှမှုတို့ကို ထိတ်လန့်သွားကြသူများမှာ အစိုးရအဖွဲ့နှင့် လွှတ်တော်အတွင်းမှ ပြုပြင်ပြောင်းလဲရေး ဆန့်ကျင်သူများ၊ စိတ်သဘောထား သေးသိမ် ညံ့ဖျင်းသည့် ပြည်ခိုင်ဖြိုးပါတီဝင်များပင် ဖြစ်သည်။ လူထုခေါင်းဆောင် ထားဝယ်ခရီးစဉ်မှ ပြန်ရောက်ပြီး မကြာမီတွင်ပင် မန္တလေးမြို့သို့ ဆက်လက် ထွက်ခွာရန် စီစဉ်ထားမှုကို ရွှေ့ ဆိုင်းလိုက်ရပြီး  ဟောပြောရန် နေရာအခက်အခဲဖြစ်မှုကြောင့်ဟု သတင်းထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မှလည်း ဗထူးကွင်းအား ဒေါ်အောင်ဆန်းစုကြည်ကို ငှားရမ်းမပေးခဲ့မှုသည်  အားကစားကိစ္စရပ်များမှလွဲ၍ အခြားကိစ္စများတွင် အသုံးမပြုရန် အထက် အာဏာပိုင်များမှ ညွှန်ကြားထား၍ ဖြစ်ကြောင်း၊ မီဒီယာများ စွပ်စွဲရေးသားသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ဖြစ်နေ၍ မငှားရမ်းရခြင်း မဟုတ်ပါကြောင်း ဖြေရှင်းချက်ထုတ်ခဲ့သည်။ ထိုသို့ဆိုလျှင် ရွေးကောက်ပွဲမတိုင်မီ ကာလများက  ပြည်ခိုင်ဖြိုးပါတီ လုပ်လေ့လုပ်ထရှိသည့် တစ်အိမ်တစ်ယောက် မလိုက် မနေရ အမိန့်ဖြင့် ဗထူးကွင်းတွင် ဟောပြာပွဲများပြုလုပ်ခြင်း၊ နိုင်ငံရေးအင်အားစုများအား ရှုံ့ချမှုများ ပြုလုပ်ခြင်းများ ပြုလုပ်ခဲ့စဉ်က အထက်အာဏာပိုင်များ အဘယ့်ကြောင့် နှုတ်ဆိတ်နေခဲ့ရသနည်းဟူ၍သာ ဆိုရန်ရှိပါသည်။ ထိုကိစ္စအတွက် ဘောလုံးအဖွဲ့ချုပ်တွင် တာဝန်မရှိဘဲ အာဏာပိုင်များတွင်သာ တာဝန်ရှိပါလိမ့်မည်။ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်မှာ အထင်ကရပုဂ္ဂိုလ်များကို ချဉ်းကပ်တတ်သည့် ဥာဉ်ရှိပေရာ ဒေါ်အောင်ဆန်းစုကြည်ကို ဘောလုံးပွဲကြည့်ရန်ပင် ဖိတ်ခေါ်ခဲ့ဖူးသည်။ ထို့ကြောင့် ယခုကိစ္စတွင် အခန့်မသင့်ပါက ဦးဇော်ဇော်ကိုပင် ၎င်း၏ ကျေးဇူးရှင် အာဏာပိုင်ကြီးအချို့က အမျက်တော်ရှဖွယ် ရှိပေသည်။
လူထုခေါင်းဆောင်အနေဖြင့် ဖေဖော်ဝါရီ ၇ ရက်တွင် ပုသိမ်မြို့သို့ သွားရောက်ဟောပြောရန် စီစဉ်ထားသည်။ သူမအနေဖြင့် ရန်ကုန်လူထုမှအပ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း သူမကို ထောက်ခံသည့် ပြည်သူတွေကို လူကိုယ်တိုင် မတွေ့ရသေးသောကြောင့် ၆၀ကျော်ဆိုသည့် အသက်အရွယ်ကိုမျှ မထောက် မမောမပန်းဆက်တိုက်ဆိုသလို ခရီးတွေထွက်ကာ ပြည်သူတွေနှင့်ထိတွေ့ရန် ကြိုးပမ်းခြင်းလည်း ဖြစ်သည်။ သို့ရာတွင် ဒေါ်အောင်ဆန်း စုကြည် လာရောက်မည်နှင့် တိုက်ဆိုင်စွာပင် ပုသိမ်တက္ကသိုလ်မှ အထူးပြုဘာသာရပ်အားလုံး ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စာမေးပွဲဖြေရမည်ဟု အမိန့်ထွက်လာသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာတွင် အထူးပြုတက္ကသိုလ်များ စတင်ဖွင့်လှစ်ပြီး ဧပြီလ၏ပထမဆုံးအပတ်တွင် နှစ်ဝက် စာမေးပွဲ စစ်ဆေးလေ့ရှိပါသည်။ ယခုစစ်ဆေးမည့် စာမေးပွဲများသည် နှစ်ဝက်စာမေးပွဲမဟုတ်ဘဲ အကြိုစာမေးပွဲဟူ၍လည်း ပုသိမ်တက္ကသိုလ်မှ တာဝန် ရှိသူများက ဆိုပါသည်။ သို့ရာတွင် ကျူတိုရီယယ်နှင့် လက်တွေ့ဘာသာရပ်များသာရှိသော တက္ကသိုလ်တွင် အကြိုစာမေးပွဲဟူသည်မှာ မရှိခဲ့ဘူးပါ။ ပို၍ ဆိုးသည်မှာ စာမေးပွဲကို ရုတ်တရက် စစ်ဆေးလိုက်ခြင်းကြောင့် ကျောင်းသားများအနေဖြင့် စာမေးပွဲဖြေဆိုနိုင်ခြင်း မရှိသော်လည်း စာမေးပွဲခန်း အတွင်း လာရောက်ထိုင်နေပါက စာမေးပွဲအောင်ပေးမည်ဟု ပြောကြားခဲ့ခြင်းပင်ဖြစ်သည်။ထို့ကြောင့် ယခု ပုသိမ်တက္ကသိုလ်၏ အကြိုစာမေးပွဲမှာ ဒေါ်အောင်ဆန်း စုကြည်၏ ခရီးစဉ်အတွင်း ပြည်သူလူထု၏ ကြိုဆိုမှုနည်းပါးစေရန် ရည်ရွယ် ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပေါ်လွင်လျက် ရှိပါသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ကိုယ်တိုင်ရေးသားခဲ့သော “ OH We’re Burma” ဟူသည့် ဆောင်းပါးတစ်ပုဒ်တွင် မြန်မာလူမျိုးတို့၏ မနာလိုဝန်တိုမှုနှင့် ကလေးဆန်မှု၊ အရိုအသေခံချင်မှုတို့ကို လှစ်ဟပြထားသည်။ ဦးသန့်၏ဆောင်းပါးသည် ယခုအချိန်ထိ သွေးထွက်အောင် မှန်ကန်နေသေးကြောင်း ပြသနေသကဲ့သို့လည်း ရှိပါသည်။  မြန်မာကလေးငယ်များသည် အဖေနှင့်အမေ မည်သူ့ကို ပိုချစ်သနည်းဟု မေးလျှင် ဖြေရကျပ်ကြသည်။ ဤသည်မှာ မိသားစုအတွင်းမှာပင် ပို၍ဦးစားပေးခံလိုမှုကို လိုချင်ကြသည့် မြန်မာတို့၏ စိတ်ဓာတ်အခံပင်ဖြစ်သည်။ ယခု ဒေါ်အောင် ဆန်းစုကြည်ခရီးစဉ်များအတွင်း ကမောက်ကမဖြစ်စေရန် လုပ်ဆောင်နေမှုများသည်လည်း ထိုနည်းနှင်နှင်သာ ဖြစ်ပါသည်။ ထိုကဲ့သို့ ပြုမူ ကြသည့်အတွက် အစိုးရအဖွဲ့အတွင်း အပြောင်းအလဲကို လိုလားပြီး ပြည်သူလူထုအတွက် အမှန်တကယ်စေတနာရှိစွာ ကြိုးပမ်းဆောင်ရွက်နေကြသည့် နိုင်ငံတော် သမ္မတကြီးနှင့် ဝန်ကြီးအချို့၏ ဂုဏ်သတင်းနှင့် ပုံရိပ်ကောင်းများကို ထိခိုက်စေရုံမျှမက အချို့နေရာဒေသများတွင် ပြည်သူလူထုအကျိုးကို အမှန်တကယ် သယ်ပိုး နေကြသည့် စိတ်ရင်း စေတနာ မှန်သည့် ပြည်ခိုင်ဖြိုးပါတီဝင်များ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေပါသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထားဝယ်မြို့တွင် ပြောကြားခဲ့သည်မှာ မိမိတို့အနေဖြင့် ပြည်သူလူ ထု၏ စိတ်ထဲက ထောက်ခံမှုနှင့် မေတ္တာကို ရယူလိုခြင်းသာ ဖြစ်ကြောင်း၊ ဆန္ဒမဲရရှိလို၍ မဟုတ်ကြောင်း၊ ပြည်သူလူထု၏ လိုလားချက်များကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ လတ်တလော အခြေအနေတွင် မည်သည့်ကတိကိုမျှ ပေးနိုင်ခြင်းမရှိကြောင်း ရိုးသားစွာ ပြောကြားခဲ့သည်။ ဤသည်ပင်လျှင် နိုင်ငံရေးအရ၊ ဂုဏ်သိက္ခာအရ ရိုးသားမှုရှိသူကို ပြည်သူတို့က ဦးညွတ်ကြခြင်းဖြစ်သည်ကို လက်တွေ့ကျကျ ရှုမြင်နိုင်ပါသည်။ လူထုခေါင်းဆောင်အနေဖြင့် လမ်းဖောက် ပေးမည်ဟုလည်း မဲမဆွယ်ခဲ့သလို လျှပ်စစ်မီးရစေရမည်ဟူ၍လည်း စည်းရုံးခြင်းမပြုခဲ့ပါ။ မြန်မာပြည်သူလူထုသည် ကျွေးတာယူ၊ ပေးတာစား ဆိုသည့် အဆင့်မဟုတ်တော့ပါ။ ပြည်သူလူထု၏ စစ်မှန်သော ထောက်ခံအားပေးမှုကိုလိုလျှင် ပြည်သူလူထုအတွက် ကိုယ်ကျိုးကင်းကင်း ရိုးသားမှုရှိစွာ ပေးဆပ်နိုင်ဖို့ လိုပါသည်။ လူထုခေါင်းဆောင်ရရှိခဲ့သည့် ပေးဆပ်မှုများသည် နှစ်ပေါင်းနှစ်ဆယ်ကြာ ရိုးဂုဏ်အတိဖြင့် တည်ဆောက်ခဲ့ရခြင်းဖြစ်သည်ကို သတိချပ်စေလိုပါသည်။ လူထုခေါင်းဆောင်ကဲ့သို့ ထောက်ခံမှုကို ရရှိလိုလျှင် သူမကဲ့သို့ ကျင့်ကြံနိုင်ရမည်ဖြစ်ပြီး သူမအား ထိခိုက်စေရန် လုပ်ဆောင် ခြင်းသည် ပြည်သူလူထု၏ ရွံရှာမှုကိုသာ ဆက်၍ ခံယူရဖွယ်ရှိနေပါသည်။
ထားဝယ်မြို့မှ ဒေသခံတစ်ဦးကမူ ယခုတစ်ကြိမ်တွင် NLD ပါတီကို မဲပေးမည်ဖြစ်သော်လည်း နောက်တစ်ကြိမ် ရွေးကောက်ပွဲများတွင် အခြားပါတီများမှ ပြည်သူ့ကောင်းကျိုးဆောင်ရွက်သူများကို မဲပေးမည်ဖြစ်ကြောင်း၊ တစ်ပါတီတည်းက စိုးမိုးသွားမည်ကို မလိုလား၍ ဖြစ်ကြောင်း ပြောကြားခဲ့ရာ ပြည်သူလူထု၏ နိုင်ငံရေးရေချိန်မြင့်မားမှုကို အထင်းသား တွေ့မြင်နိုင်ပါသည်။ ပြည်သူလူထုကြီးအနေဖြင့် မရိုင်းပါဟူ၍သာ ဆိုရပါလိမ့်မည်။
ကြားဖြတ်ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာရန် သမ္မတကြီးကိုယ်တိုင်က လမ်းဖွင့်ပေးခဲ့ ခြင်းဖြစ်ပြီး ပြည်သူလူထုနှင့် နိုင်ငံရေး အင်အားစုများကလည်း တစ်ခဲနက် ကြိုဆိုခဲ့ကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း သမ္မတကြီးကို ယုံကြည်၍ ပြည်သူလူထု အကျိုးအတွက် ရှေးရှု၍ ရွေးကောက်ပွဲဝင်ခဲ့ခြင်း ဖြစ်သည်။ ဆိုရလျှင် သမ္မတကြီးရော၊ ဒေါ်အောင်ဆန်းစုကြည်ရော၊ ပြည်သူလူထုကြီးရော ရိုးသားမှုများ အပြည့်ရှိနေကြချိန်တွင် အပြောင်းအလဲ မလိုလားသူများ၏ သေးသိမ်သောလုပ်ရပ်များကသာ ရှက်ဖွယ်လိလိ ဖြစ်နေပြီဆိုသည်ကို မီးမောင်းထိုးပြ လိုခြင်းသာ ဖြစ်ပါသည်။

ပညာရေး မူဝါဒ ချမျတ်နေသူများသို့.....



by မြန်မာ့ အရေး on Saturday, February 4, 2012 at 10:54am

“လောကမှာ ပညာတတ်ဖျက်ဆီးတာနဲ့ ပညာမဲ့ဖျက်ဆီးတာ ဘယ်ဟာပိုကြောက်ရလဲ?

ပညာတတ်ဖျက်ဆီးတာပါ ဘူရား…!!!

အေး……စာသင်ကျောင်းက ကျောင်းဆရာ၊ဆရာမတွေ စည်းမဲ့ကမ်းမဲ့ ဖြစ်သွားတာနဲ့ တိုင်းပြည်တစ်ခုလုံးပရမ်းပတာဖြစ်သွားမယ်..။ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက”….ဆိုပြီးတော့ စပြီးဖျက်ဆီးပလိုက်တာ။

ရှင်းတယ်နော်…။ ဒါ သိပ်ကြောက်စရာကောင်းမကောင်း ..? အလွန်ထိတ်လန့်စရာ ကောင်းတဲ့အလုပ်ကြီးပါ ..၊ ဦးဇင်းတို့ ဘာလို့ ဒါလောက် ပြတ်ပြတ်သားသား မကြောက်မရွံ့ပြောလာသလဲ မေးတယ်….
 အမျိုး၊ ဘာသာ၊ သာသနာ ၃ ရပ်လုံးပျောက်ဆုံးတော့မဲ့အရေးကိုဆိုက်ေ၇ာက်လာလို့ပဲ။ လုပ်ငန်းထဲမှာ၊အသက်မွေးဝမ်းကြောင်းလုပ်ငန်းထဲမှာ အမြင့်မြတ်ဆုံး လုပ်ငန်းနဲ့ အရေးအကြီးဆုံးလုပ်ငန်းဖြစ်တယ်..။
တိုင်းပြည်တစ်ပြည်ရဲ့ အရေးအကြီးဆုံးက ကျောင်းဆရာ ဆရာမတွေပဲ။
ရှင်းတယ်နော်…။
တိုင်းပြည်တစ်ခုလုံး၊လူမျိုးတစ်ခုလုံး၊ဘာသာတစ်ခုလုံးရဲ့ အနာဂါတ်ကိုပုံဖော်နေတာ…. ဒီကျောင်းက ဆရာဆရာမတွေပဲ..။
မူလတန်း၊အလယ်တန်း၊အထက်တန်း အကုန်အရေးကြီးပါတယ်..။အဲ့ဒီကျောင်းက ဆရာဆရာမတွေ စည်းကမ်းဖောက်ဖျက်ချလိုက်တာနဲ့ တိုင်းပြည်တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားတာပဲ။”

ဒါဟာ နိုင်ငံကျော်ဆရာတော် ဦူးသုမင်္ဂလ ဟောကြားတော်မူခဲ့တဲ့ “မင်းကောင်းမင်းမြတ်” တရားထဲက ကောက်နှုတ်ထားတာပါ…။


နိုင်ငံတစ်နိုင်ငံ၏ လက်ရှိကျင့်သုံးနေသော ပညာရေးမူဝါဒသည် ထိုနိုင်ငံ၏ အနာဂါတ်ပင် ဖြစ်ပါသည်..။ ထိုနိုင်ငံ ချမ်းသာကြွယ်ဝမှု ရှိနိုင်၊ မရှိနိုင်သည် ကျင့်သုံးနေသော ပညာရေးမူဝါဒအပေါ်တွင် မူတည်နေပါသည်..။
ပညာရေးမူဝါဒများ ပြုပြင် ပြောင်းလဲမှုများလုပ်ဆောင်နေကြရာတွင် ယင်းမူဝါဒများသည် အောက်ခြေအထိ စီးဆင်းလာခြင်းမရှိသေးပဲ ယခင်စနစ်ဟောင်းအတိုင်းသာ လည်ပတ်နေသေးကြောင်းတွေ့ရှိနေရပါသည်..။

 ကျောင်းနေအရွယ် ကလေးတိုင်း စာတတ်မြောက်စေရေးအတွက် ကျောင်းတွင် ပိုက်ဆံကောက်ခံခြင်း မပြုလုပ်စေပဲ ဆင်းရဲသားကလေးတွေပါမကျန် ပညာသင်ကြားနိုင်အောင်ဖန်တီးနေတယ်ဆိုပေမဲ့…….
စာသင်ခန်းထဲရောက်သွားရင်တော့ ကလေးတွေဟာ ဆရာမတွေပြုသမျှ ခံနေကြရပါသေးတယ်..။


ဒီဆောင်းပါးမှာတော့ လက်ရှိ ပညာရေးလောက ရဲ့ ပုံရိပ်အချို့ကို တင်ပြသွားပါမယ်..။ဆရာမများရဲ့ ကိုယ်ကျိုး စီးပွားရှာနေမှုဟာ ကြေက်ခမန်းလိလိ ဖြစ်နေပါပြီ..။
ဆရာမတွေ ကျောင်းသွားချိန်ဆိုရင် စာသွားသင်မှာမှ ဟုတ်ရဲ့လား…..ဆိုတာသံသယဖြစ်စရာကောင်းလှပါတယ်…။
ကျောင်းယူနီဖောင်း ၀တ်ဆင်ထားတာမဟုတ်ရင် အခမ်းအနားပွဲ သွားတက်သလား ထင်မှတ်ထားရအောင်ကို ပြင်ဆင်ချယ်သ ထားကြပါတယ်..။ လက်ဝတ်ရတနာများကိုလည်း ရှိသမျှအကုန် ထုတ်ဝတ်ပြီး ရှိုးပြကြပါသေးတယ်။

သာမန်အားဖြင့် ဒါဟာပြောစရာမဟုတ်ပါဘူး..။
သူ့မှာရှိလို့ သူဝတ်တာဆိုပြီးသဘောထားလို့ရနေပါသေးတယ်။ဒါပေမဲ့ နောက်ဆက်တွဲ သူတို့လုပ်ရပ်က ပြောစရာဖြစ်လာပါတယ်..။

သူတို့ ဒီလိုဝတ်ဆင်နိုင်ဖို့ မိဘအချို့ ထမင်းဘယ်နှနပ် ငတ်ခဲ့ရလဲ..?

 သူတို့ ဒီလိုဝတ်ဆင်နိုင်ဖို့ ကလေးအချို့ မုန့်မစားပဲ ဘယ်လိုအငတ်ခံနေကြရသလဲ…? အဓိက က…

သူတို့ ဒီလိုဝတ်ဆင်နိုင်ဖို့ ကလေးဘယ်နှယောက်ရဲ့ ဘ၀တွေ စတေးခဲ့ကြရသလဲ …? ဆိုတာပါပဲ..။

နည်းအမျိုးမျိုးနဲ့ ပိုက်ဆံကောက်ခံနေတာက အဓိကပါပဲ..။


ကောက်ခံတာတွေကတော့……
ကျောင်းစအပ်ချိန်မှာ အလှူငွေ စတင်ကောက်ခံပါတယ်..။
ကျောင်းဖွင့်ကာစ အချိန်တွေမှာ စာသင်ခန်းအခန်းသော့ခတ်ရန်အတွက် သော့ခလောက်ကြေး၊ ထိုင်ခုံကြေး၊ တံပျက်စည်းကြေး၊ ရေအိုးကြေး၊ ကျောင်းသန့်ရှင်းရေးကြေး (တချို့ကျောင်းတွေမှာ စာသင်ရန်မြေဖြူကြေး) စတာတွေ ကောက်ခံပါတယ်..။ ဆရာမ အပြောင်းအရွှေ့ ရှိလာရင် ပြောင်းရွှေရမဲ့ ဆရာမကို နှုတ်ဆက်ကြေး၊ အသစ်ရောက်လာတဲ့ ဆရာမကို ကြိုဆိုကြေး စသည်ဖြင့် ကောက်ခံပါသေးတယ်..
နောက်.... ကထိန်ကြေး၊ ကျောင်းသားကဒ်ပြုလုပ်ရန်အတွက်ကြေး  ကောက်ခံပါတယ်..
ကြားကာလထဲမှာပဲ ရေအိုးကြေး တံပျက်စည်းကြေးဆိုတာတွေက ၂ခါ ၃ခါ မက လာတတ်ပါသေးတယ်..။ စာမေးပွဲနီးလာချိန်မှာ မေးခွန်းကြေး ဆိုတာလာပါတယ်။ (တစ်ဘာသာအတွက် မေးခွန်းကြေး ၃၀၀ ကောက်ခံပါတယ်၊ဘာသာစုံဆိုရင်..)
နောက်ဆုံး ကျောင်းပိတ်ကာနီး ကျောင်းသားစုံညီပွဲတော်မှာ ရခိုင်မုန့်တီကျွေးရန်အတွက်ပင် တစ်ဦးလျှင် ၁၀၀၀ ကျပ်နှုန်းကောက်ခံပါတယ်။
ပညာရည်ချွန်ဆုပေးပွဲ အတွက် ရန်ပုံငွေ ကောက်ခံတယ်လို့လဲ ပြောပါတယ်..။ ပညာရည်ချွန်ဆုပေးပွဲအတွက် ကုန်ကျစရိတ် များကို ကျောင်းသားများအား ကုန်ကျခံစေတာဖြစ်ပါတယ်..။ပြောရရင် နောက်ဆုံး ဆုရရှိသူပင် ဆုပေးပွဲတက်ရောက်ရန် သူများထက်ပိုပြီး အလှူငွေထဲ့ဝင်ရပါတယ်..။

နောက်ဆုံး မခံနိုင်တဲ့ မိဘတွေက ကျောင်းသို့သွားရောက်ပြောဆိုတဲ့ အခါမှာ ထိုမိဘများ၏ ကလေးများအား ဆရာမများမှ အငြိုးထားကာ ရိုက်နှက်ခြင်း မတရားဒဏ်ပေးခြင်းများ၊ စာတော်သော်လည်း အဆင့်ချခြင်းများကို ပြုလုပ်ပါတယ်..။

အဆင့် သတ်မှတ်ရာမှာလည်း မကြားဘူးတာတွေကိုပါကြားနေရပါတယ်..။ ငယ်စဉ်က ကြုံခဲ့ရတာကတော့ စာသင်ခန်းတစ်ခန်းမှာ စာအတော်ဆုံး၊ (တူနေလျှင်)လက်ရေးအလှဆုံး၊ (တူနေလျှင်)ကျောင်းစည်းကမ်းအလိုက်နာဆုံး စသည်ဖြင့် အဆင့် ၁ ကို တစ်ဦးတည်းကိုသာ ပေးလေ့ရှိပါတယ်..။ ၁ ပြီးမှ ၂ ၊၃ စသည်ဖြင့် အစဉ်လိုက်သွားပါတယ်..။
ယခုတော့ စာသင်ခန်းတစ်ခန်းအတွင်းမှာပင် အဆင့် ၁ ရရှိသူဦးရေမှာ ၇ယောက် ၈ယောက်အထိရှိနေတတ်ပါတယ်….။
ရရှိသူများမှာလည်း အတန်းပိုင်ဆ၇ာမ၏ အိမ်တွင်သင်သော ကျူရှင်ကို တက်ရောက်နေသူများသာ ဖြစ်ပါတယ်..။
ထိုကျူရှင်ကို မတက်သောကလေးသည် မည်မျှ စာတော်၊ လက်ရေးလှ၊ ကျောင်းစည်းကမ်းလိုက်နာသူဖြစ်နေပါစေ အဆင့် ၁ မရနိုင်ပါ....။
အဆင့် ၁ သမား ၇ ယောက်ရှိလျှင် သူသည် အဆင့် ၈ သာရပါသည်..။ထို အဆင့် ၁ နှင့် ၈၏ကြား ရမှတ်ပေါင်း ကွာခြားချက်သည် ၁မှတ် ၂မှတ်ခန့်သာကွာပါသည်..။
အဆင့် ၁ ရရှိသူများအားလုံး အတူတူစာတော်နေ၍ မဟုတ်ပါ….။
ကျူရှင်တက်သူများ၏ လိုနေသော အမှတ်များအား ဆရာမများက ဖြည့်ပေးထားခြင်းသာဖြစ်ပါသည်…။  
စာမကျက်လို့ အမှန်မဖြေနိုင်သော ကျောင်းသားများအား အမှတ်ပြည့်အောင် ဖြည့်ပေးသော ဆရာမများ၏လုပ်၇ပ်သည် ထိုကျောင်းသားများအနာဂါတ်အတွက် အလွန်ပင် အန္တရာယ်များကြောင်း ကို ထိုဆရာမများ သဘောပေါက်သင့်ပါသည်..။ မိမိ ဖြေနိုင်စွမ်း၊ မိမိ ကြိုးစားနိုင်စွမ်း အမှန်ကို ထိုကလေးမသိရတော့သဖြင့် တရားသဖြင့်ယှဉ်ပြိုင်လိုစိတ်၊ စာကြိုးစားချင်စိတ်များ မရှိတော့ပဲ ရေသာခိုအချောင်လိုချင်စိတ်များသာ ကြီးစိုးလာစေပါတယ်..။

ဒါတွေအပြင် ဆရာမများမှ စာသင်ခန်းအတွင်း မကြားဝံ့မနာသာ မိမိအင်္ဂါအစိတ်အပိုင်းများဖြင့် နှိုင်းယှဉ်ဆဲဆိုခြင်းများ ရှိနေပါတယ်…။ရပ်ကွက်အိမ်နီးနားချင်းမှ ၇ တန်း အရွယ်ကျောင်းသူတစ်ဦး သူငယ်ချင်းများနှင့်စကားပြောဆိုရာတွင် ဆဲဆိုသံများကြားရသဖြင့် ဆုံးမစကားပြောကြားရာမှ အတန်းထဲတွင် ဆရာမပင် ဤကဲ့သို့ ဆဲကြောင်း ကြားသိလိုက်ရပါသည်..။


ဆရာဆိုသည်မှာ စာကိုသာမက စိတ်ကိုပါ သင်ကြားပေးသူများ… ဟု မှတ်သားရဖူးပါသည်..။

ယခုမူ…ဆ၇ာများထံမှ ကလေးများသင်ယူတတ်မြောက်လာကြသည်များမှာ စာရိတ္တပျက်ပြားမှုများပင် ပါဝင်လာပါသည်..။
ဆက်ေ၇းရလျှင် များစွာရှိနေပါသေးသည်..။


ဒါတွေဟာ နေရာအနှံ့မှ ကျွန်တော်ကြားထား၊ လေ့လာစုံစမ်းမေးမြန်းထားတာတွေသာဖြစ်ပါတယ်..။ ဒါ့ထက်ဆိုးဝါးတဲ့ အဖြစ်အပျက်တွေ ရှိနေနိုင်သလို၊ ဒီလောက်မဆိုးဝါးတဲ့ ကျောင်းတွေလဲ ရှိနေနိုင်ပါတယ်..။ မြန်မာတစ်နိုင်ငံလုံးရှိကျောင်းများအားလုံး ဒါမျိုးဖြစ်နေပါတယ်လို့ မဆိုလိုပါဘူး..။
ရခိုင်ပြည်နယ် ပေါက်တော့မြို့နယ်က ကျာင်းလို လုံးဝ ဘာမှ မဖြစ်တဲ့ ကျောင်းလဲရှိနေပါသေးတယ်..။
ဘယ်ဖြစ်မှာလဲ..။ဆရာမတွေက ကျောင်းမှာ စာမှသွားမသင်တာ။ဒါပေမဲ့လည်း လစာတော့ မှန်မှန်ယူတယ် ဆိုပဲ..။
အဲ့ဒီနယ်ပယ်မှ ကလေးတွေ၏ နောင်ရေးမှာ စိုးရိမ်စရာပင်ဖြစ်သည်…။


ဒါတွေဟာ မဖြစ်သင့်တဲ့ ကိစ္စတွေပါ..။သက်ဆိုင်ရာကျောင်းအုပ်၊ ပညာရေးမှူး စသူတွေသည် ဒါတွေကို သေချာစွာ ကြပ်မတ်သင့်ပါသည်….။

 ကျွန်တော်တို့နိုင်ငံက ကျောင်းအတွက်ကုန်ကျစရိတ်တွေဟာ အခြေခံ မူလတန်း ပညာသင်ကြားရေး အဆင့်မှာတင် တခြားမည်သည့်နိုင်ငံနဲ့မှ မယှဉ်နိုင်အောင် မြင့်မားနေပါတယ်..။
မူလတန်း၊ အလယ်တန်း ကျောင်းနေအရွယ် သားသမီး ၂ယောက် ၃ယောက်ရှိတဲ့ မိသားစုတစ်စုဆိုရင် ဘယ်လိုနေမယ်ဆိုတာကို မြန်မာနိုင်ငံရဲ့ ပညာရေးမှူးများ ၊ပညာရေးဝန်ကြီးများ တွေးကြည့်စေချင်ပါတယ်…။

 ဒီလို စရိတ်စကကြီးမားတာတွေကြောင့် အချို့မိဘတွေဟာ ကလေးတွေကို ကျောင်းမထားနိုင်တော့ဘဲ   ရရာအလုပ်ကို ထွက်လုပ်စေကြရပါတယ်….။
မိသားစုအတွင်း စားရိတ်ကာနိုင်ဖို့အတွက် ပလပ်စတစ်လိုက်ကောက်ခြင်း၊  လ္ဘရည်ဆိုင်စားပွဲထိုး ၊ကားဝပ်လျှော့၊အချို့လူငယ်များမှာ ယာဉ်နောက်လိုက် စသည်ဖြင့်ကြုံသလို လုပ်ကိုင်စားသောက်နေကြရပါတယ်.. ။
ဒီလို ကလေးသူငယ်တွေဟာ တနိုင်ငံလုံး အတိုင်းအတာ မဆိုထားနဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာတင် မနည်းလှပါဘူး…။

ဒီလိုစာမတတ်မြောက်တဲ့ ကလေးသူငယ်တွေဟာ လူငယ်အရွယ်ရောက်လာတဲ့အခါမှာ သိသင့်သိထိုက်သည့် ဗဟုသုတရစရာ စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းမပြုနိုင်ကြတော့ဘဲ စကားပြောရိုင်းစိုင်းသူ၊ စာရိတ္တပျက်ပြားသူ ဆိုးသွမ်းလူငယ်တွေအဖြစ်နဲ့သာ ကျင်လည်ရှင်သန် နေကြရပါတော့တယ်…။

ဒါတွေဟာ တိုင်းပြည်အတွက် အကြီးကျယ်ဆုံး ဆုံးရှုံးနစ်နာမှုသာဖြစ်ပါတယ်..။

အချုပ်ဆိုရရင် မြန်မာနိုင်ငံတော်ကြီးရဲ့ အနာဂါတ် လှပရန်အတွက် မူဝါဒများ ချမှတ်ဖော်ဆောင်ရာမှာ ယင်းမူဝဒများသည် စာရွက်များအပေါ်တွင်သာမဟုတ်ပဲ အောက်ခြေအထိစီးဆင်းလာအောင် သေချာကြပ်မတ်၇န် လိုအပ်နေပါသေးကြောင်း တိုင်းပြည်အကျိုး မျှော်ကိုးပြီး နှိုးဆော်လိုက်ရပါတယ်ခင်ဗျား…………။


(အထက်ပါဆောင်းပါးကြောင့် ရိုးသားစွာ သင်ကြားပြသနေသော စေတနာဆရာ/ဆရာမ များအား အနှောက်အယှက် ဖြစ်စေခဲ့ခြင်းများ ရှိခဲ့ပါက  ဆောင်းပါးရှင် မြန်မာ့ အရေး မှ အထူးပင်တောင်းပန်အပ်ပါသည် ခင်ဗျား..။)


(မြန်မာ့ အရေး)

မဂ္ဂင်ကျောင်းကို သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ လာရောက်၍ ပြန်ချိတ်ပိတ်သောကြောင့် သံဃာတော်များ ကျောင်းကို စွန့်ခွာတော်မူရ






















 

မဂ္ဂင်ကျောင်းတိုက်မှ လယ်တီကျောင်းတိုက်သို့ ပြောင်းရွှေ့သီတင်းသုံးရစဉ်...