Monday, February 6, 2012

ယနေ့ နံနက်၁၀း၀၀ နာရီက ဒေါ်အောင်ဆန်းစုကြည်သည် သံလျှင်မြို့ရှိ တောင်ပိုင်းခရိုင်ကော်မရှင်ရုံးသို့ အဆိုပြုလွှာစိစစ်ရန် သွားရောက်

Burma VJ Media Network

ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈မျိုးဆက် ကျောင်းသားမိသားစုတွေ တွေ့ဆုံ.












Burma VJ Media Network

တိုင်ရီ (Tai Yi) ဖိနပ်စက်ရုံမှ အလုပ်သမားများ ဆန္ဒပြ


Burma VJ Media Network

ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက် (၇)နာရီအချိန်က လှိုင်သာယာစက်မှုဇုံ(၃)မှာရှိတဲ့ တရုတ်လူမျိုးပိုင် တိုင်ရီ ဖိနပ်စက်ရုံက အလုပ်သမား၂၅၀၀ကျော်ဟာ ဇန်န၀ါရီလအတွက်ပေးရမယ့်လုပ်ခလစာတွေ ဖြတ်တောက်ခံရတာကြောင့် မကျေမနပ်ဖြစ်ကာ အလုပ်ခွင်မဝင်ပဲ ဆန္ဒပြခဲ့ကြပါတယ်။
စက်ရုံပိုင်ရှင်မှ ဇန်နဝါရီလကအလုပ်ပိတ်ရက်တွေများတယ်လို့အကြောင်းပြပြီးလုပ်ခလစာငွေတွေကို ဖြတ်တောက်လိုက်တာကြောင့် စက်ရုံအလုပ်သမားတွေကသူတို့ရဲ့လစာငွေတွေ အပြည့်ပြန်ရဖို့ အတွက် ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။
အစိုးရအာဏာပိုင်တွေဘက်က အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို စာရွက်တွေမှာ ချရေးခိုင်းပြီး ယူသွားကြတယ်လို့ သိရပြီး တစ်စုံတစ်ရာဖြေရှင်းပေးခြင်းမျိုးတော့မရှိသေးပါဘူး
နိုင်ငံတကာအလုပ်သမားဥပဒေအရ တရက်ကို အလုပ်ချိန် (၈)နာရီသက်မှတ်ထားပေးမယ်လည်း တိုင်ရီစက်ရုံက အလုပ်သမားတွေဟာ တရက်ကို (၉)နာရီထိ အလုပ်လုပ်ကြရပြီး အချိန်ပိုလစာငွေ ကိုလည်း မရရှိကြပါဘူး။
ဆန္ဒပြအလုပ်သမားတွေက သူတို့ရဲ့ တောင်းဆိုချက်တွေမရမချင်း ဆက်လက်ဆန္ဒပြသွားမယ်လို့ သိရှိရပြီး တိုင်ရီစက်ရုံးမှာပဲ အလားတူဆန္ဒပြမှုမျိုးကို၂၀၁၁ခုနှစ် ဖေဖော်ရီလကလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

ကော့မှူးမြို့နယ် ၀ါးသိင်္ခရွာကကရင်မိသားစုတစ်စု နှင့် ဒေါ်အောင်ဆန်းစုကြည်နေထိုင်မည်။


ဗမာ၊ မြန်မာ နှင့် ဗကသ

by Ye Thurein Min on Monday, February 6, 2012 at 6:58pm

မြန်မာဆိုတဲ့ အခေါ်ဟာ နိုင်ငံရေး ပရောဂကြောင့် ကဗြောင်းကပြန် ဖြစ်ခဲ့ရပြီး လူမျိုးရေး ခွဲခြားရာတွင် လည်းကောင်း ၊ နိုင်ငံရေး အရ ပုတ်ခတ် ပြောဆိုရာတွင် လည်းကောင်း ရည်ရည်ချက်ရှိရှိ ဖန်တီးခဲ့ခြင်းသာ ဖြစ်ပါတယ် ။ဒို့ဗမာ အသင်းကြီးရဲ့ နာမည်ပေးခဲ့မှုအပေါ်မှာ ယနေ့ခေတ် တိုင်းရင်းသားတွေ မြန်မာတွေကြား အငြင်းပွား အမုန်းထားပြီး လူမျိုးရေး ခွဲခြားမှုပုံစံတွေ ဖြစ်လာအောင် မဆလ ဦးနေ၀င်း နဲ့ သူ့တပည့်ကျော် ဦးခင်ညွန့်တို့ ဖန်တီးခဲ့ကြပါတယ် ။ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးတွေ ဟာ ရန်ကုန် တက္ကသိုလ်ကနေ စတင်ခဲ့ကြတာများပြီး အဆုံးသတ်အောင်ပွဲပေါင်း မြောက်များစွာ ရယူကာ သမိုင်း မှတ်တမ်းများလည်း တင်နိုင်ခဲ့ပါတယ် ။ ဒီလို တော်လှန်ရေးတွေ စတင်ရာ ရန်ကုန်တက္ကသိုလ် မြေရဲ့ အဓိက ဇာတ်ကောင်များကို မွေးထုတ်ပေးရာ အဖွဲ.အစည်းကတော့ ဗကသ လို့ အများသိတဲ့ ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ပါပဲ။ မြန်မာ့ သမိုင်းစဉ်တလျှောက်လုံး နယ်ချဲ.ကို တော်လှန် တပါတီ စံနစ် ဖြုတ်ချ ၊ စစ်အာဏာရှင်ကို အမြဲခြိမ်းချောက်နိုင်ခဲ့တာ ဗကသ ပါပဲ ။ ကိုကြီးနု ၊ ကိုအောင်ဆန်း မှသည် မင်းကိုနိုင် ၊ မိုးသီးဇွန် အတွဲထိ ဗကသ ကျောင်းသားများသည် အောင်ပွဲများ အလီလီ နွှဲခဲ့ကြပါတယ် ။ဒီလို သမိုင်းအစဉ် အဆက်ကြီးမားသလို ၊ တော်လှန်ရေး သူရဲကောင်းများ မွေးထုတ်ပေးရာ ဗကသ ဆိုသော အဖွဲ.သည် စစ်အာဏာရှင်များ အတွက်တော့ စေတန် နတ်ဆိုးတပါးလိုပါပဲ ။စစ်အာဏာမြဲရေးအတွက် အနှောင့် အယှက်ဖြစ်စေသော ဗကသ များဟာ ရှင်းထုတ်ရမဲ့ အမှိုက်တစ ဖြစ်နေပါတယ် ။ ဒါကို ဦးနေ၀င်းလက်ထက် ၁၉၆၂ မှာ ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဒိုင်းနမိုက်နဲ့ ခွဲပြီး ခြေရာလက်ရာ အစ မကျန်ရလေအောင် ဖျောက်ဖျက်ခဲ့ပါတယ် ။ ကျောင်းသားအမြောက်အများ အဆောက်အဦးထဲမှာ သေဆုံးခဲ့ကြရပြီး အသက်ရှင် ကျန်ရှိနေသေးတဲ့ ဗကသတွေဟာလည်း မြေအောက်အနေအထားရောက်ခဲ့ရပြီး ဦးနေ၀င်းခေတ် တလျှောက်လုံး ဗကသရဲ့ အခန်းကဏ္ဍဟာ ပျောက်ကွယ်လု ဖြစ်ခဲ့ရပေမဲ့ ၁၉၈၇ ၊ ၈၈ မှာတော့ ဗကသတွေဟာ မြေအောက် သင်တန်းတွေပေးရင်း တက္ကသိုလ် ကျောင်းသား ဖုန်းမော် သေဆုံးမှုနဲ့ အတူ ပြန်လည် နိုးထလာခဲ့ကြပါတယ်။ တပါတီ စံနစ်နဲ့ အာဏာရှင် ဦးနေ၀င်းကို ပြတ်ပြတ်သားသား အမြစ်ဖြတ်နိုင်ခဲ့ကြပါတယ်။ စစ်အာဏာ ပြန်သိမ်းခံပြီးတဲ့နောက် ဗကသတွေအားလုံး ထောင်ထဲထည့် ၊ တချို.ကတော့ ထွက်ပြေးလွတ်မြောက်ပြီး ပြည်ပတိုင်းပြည်တွေကို ရောက်ကုန်ပါတယ်။ ဒါပေမဲ့ ဗကသ မျိုးဆက်ဟောင်းတွေကိုသာ သုတ်သင်ရှင်းလင်းနိုင်ပေမဲ့ ဗကသ ရဲ့ သမိုင်းနဲ့ ဗကသ မျိုးဆက်သစ်ကိုတော့ ဘယ်လိုမှ မရှင်းနိုင်ခဲ့ကြပါဘူး။ အကြိမ်ကြိမ် ခေါင်းထောင် အသက်ပြန်ဝင်လေ့ရှိတဲ့ ဗကသကို စစ်အာဏာရှင်များ အနေနဲ့ အပြီးသတ် ချေမှုန်းချင်ကြပါတယ် ။ အသေးစိတ် အစီအစဉ်များနဲ့ ဖြိုခွဲပါတော့တယ်။


၁။ ရန်ကုန်တက္ကသိုလ်ကိုပိတ်ပြီး တက္ကသိုလ်များအား မြို.ပြင် ထုတ်ပြစ်ရေး
၂။ ကျောင်းသား အများအပြား မစုစည်းနိုင်ရန် တက္ကသိုလ် အရေအတွက် များများ ဖွင့်လှစ်ရေး
၃။ ကျောင်းသားများ တက္ကသိုလ်၌ ကြာကြာ မနေနိုင်ရန် စာသင်နှစ် လျှော့ချရေး


ဗကသ သမိုင်းကြောင်းကို ဦးနေ၀င်းလက်ထက်က ဗကသ အဆောက်အဦးကို ဒိုင်နမိုက်ခွဲ ဖြိုခွင်း လက်စ ဖျောက်ခဲ့ပေမဲ့ ၁၉၈၈ မှာ တဖန် ခေါင်းထောင်ထလာခဲ့တာကြောင့် ဗကသ သမိုင်းစတင်ရာ ရန်ကုန် တက္ကသိုလ်ကိုပါ ပိတ်ပြစ်သည် အထိ စစ်အာဏာရှင်တို့ ဗကသကို လက်စဖျောက်ပါတယ်။ ပြီးတော့ ဗကသ ဆိုတဲ့ အခေါ်အဝေါ်ကို လူတွေ မုန်းတီးလာအောင် ဗမာ ၊ မြန်မာ ဆိုတဲ့ ရှုပ်ထွေးစေမဲ့ အခေါ်အဝေါ်တွေကို ဖန်တီးပြီး လူမျိုးရေး ခွဲခြားမှု မုန်းတီးမှု များ ဖြစ်ပေါ်လာအောင် ဖန်တီးလိုက်ပါတယ် ။ ဗကသ ဆိုတဲ့ အခေါ်ကို သေးသိမ် သွားအောင် ဗမာ ဆိုတာ လူမျိုးတမျိုးထဲကိုသာ ကိုယ်သာပြုတဲ့ ပုံစံ ဖြစ်သွားအောင် ဖန်တီးလိုက်ကြပါတယ် ။ဒီတော့ ဗမာ ၊ မြန်မာ ဆိုတဲ့ အခေါ်အဝေါ်ကို ရှင်းလင်းအောင် လုပ်ဖို့လိုလာပါပြီ ။


ဒိုဗမာအစည်းအရုံးသမိုင်း စာမျက်နှာ ၂၁၅ မှာ ----- ဒို့မြန်မာ အစည်းအရုံးလို့ မခေါ်ပဲ ဘာကြောင့် ဒို့ဗမာ အစည်းအရုံးလို့ ခေါ်သလည်းဆိုတာ ဖွင့် ဆိုထားပါတယ် ။
"မြန်မာဆိုတာဟာ ပြည်မ မြေပြန့်မှာ နေထိုင်တဲ့သူတွေကို ခေါ်တာသာဖြစ်တယ် ၊ မြန်မာ ပဒေသရာဇ်တွေ ပေးထားတဲ့ နာမည်သာဖြစ်တယ် ။ လူမျိုးကြီးဝါဒ သဘောပါဝင်တယ်။ ဒါကြောင့်လူမျီုးအားလုံး ၊ တိုင်းရင်းသားအားလုံးပါဝင်တဲ့ နိုင်ငံကို မြန်မာတမျိုးတည်း အပိုင်အဖြစ် သုံးနှုံး တာဟာ မမှန်ကန်ဘူး။ လူမျိုးအားလုံးအကျုံးဝင်တဲ့နိုင်ငံကို ဗမာ နိုင်ငံလို့ ခေါ်မှသာ ညီညွတ်မှန်ကန်မယ်" လို့ အတိအလင်းဖွင့်ဆိုထားခဲ့ပါတယ် ။


ဘာသာဗေဒ ပညာရှင် ဆရာမောင်သာနိုးရဲ့ အမြင်ကတော့ ------ဗမာက မူလဗျ ၊ ဗမာဆိုတာ ဗြဟမာ (ဗရမာ)ကလာတာကိုး ။ဗရမာက နေ ဗမာဖြစ်သွားတာ အဲ့ဒီကမှ တဆင့် ဗရမာကို 'ဗ' နဲ့ 'မ' နဲ့ ပြောင်းပြီး မြန်မာဖြစ်သွားတာ။ ဗရမာလို့ ခေါ်တဲ့ ဗမာ စကားလုံးက ပထမ မြန်မာဆိုတဲ့ စကားလုံးက ဒုတိရ လို့ ပညာရှိတွေက ယူဆကြပါတယ် ။ အိန္ဒိယမှာ အခုအချိန်ထိ မြန်မာနိုင်ငံကို ဗရမာ ခေါ်နေဆဲပါ ။ မြန်မာစာကို ဗာရမီလို့ခေါ်တယ်။ ဗမာကသာလျှင် တပြည်လုံးကို ခြုံတဲ့ အမည်ဖြစ်တယ် ။ မြန်မာဆိုတာက တိုင်းရင်းသားတွေမပါတဲ့ ရန်ကုန် ၊ မန္တလေးက လူတွေကိုခေါ်တာ ။


အီလီနွိက် တက္ကသိုလ်က အငြိမ်းစား မြန်မာစာ ပါမောက္ခ ဦးစောထွန်းက------ပါလိအဘိဓာန်ထဲမှာ ဗရမ ဒေသ ၊ ဗရမ လို့ ပဲ ပြထားတာရှိတယ် နောက် ရှေး ဆရာတော်ကြီးတွေက ဗရမာ လို့ ရေးကြတာရှိတယ် ။ အဲ့ဒီကနေ အသံပြောင်းပြီးတော့ ဗရမာကနေ ဗမာ ဖြစ်တယ်ဆိုတဲ့ အယူအဆဟာ ဖြစ်နိုင်ပါတယ် ။ ပုဂံ ခေတ် ကျန်စစ်သားလက်ထက် ကျောက်စာတွေမှာ လူတွေ အကြောင်းပြောတော့ မြေပြန်နေသူတွေကို မရမာ လို့ သုံးခဲ့ပါတယ် ။ သမိုင်းကြောင်း အရကတော့ ဗမာ=မြန်မာ မြေပြန့်နေသူတွေကို ခေါ်ကြပေမဲ့ တိုင်းရင်းသားအားလုံးကို ခြုံပြီး မြန်မာလို့ ခေါ်တာ မရှိခဲ့ပါဘူး ။ ထိုင်းလူမျိုးတွေ ယနေ့ထိ ခေါ်နေဆဲ ဖြစ်တဲ့ ဖမ (ဗမာ)ဆိုတဲ့ အခေါ်ဟာလည်း နိုင်ငံတခုလုံး တိုင်းရင်းသားအားလုံးကို ခေါ်တာဖြစ်တယ် ။


ရေနံချောင်း သခင်ခင်ညွန်.------- အင်္ဂလိပ်ခေတ်က (Burma ၊ Burman)ဗမာဆိုတာကို တိုင်းရင်းသား အားလုံးကို သတ်မှတ်ပြီး မြန်မာကိုတော့ အလည်ပိုင်းနေ မြန်မာလူမျိုး တမျိုးတည်းကိုပဲ ခေါ်ခဲ့တယ်။ ဒီခေတ်ရောက်မှ ၀ံသာနုခေတ်က အသုံးတွေကို ပြောင်းပြန်လှန်ပြစ်တယ် လို့ ပြောပါတယ်။


ဒီလို ဗမာနဲ့ မြန်မာကို ပြောင်းပြန်လှန်ပြစ်ခဲ့သူကတော့ မဆလ ဦးနေ၀င်းပဲ ဖြစ်ပါတယ် ။ မြန်မာစာပေကို ၀င်ရောက် စွက်ဖက်ခဲ့တဲ့ သူ့ရဲ့ ရည်ရွယ်ချက်ရှိရှိ မိုက်မဲစွာ ရှုပ်ထွေးအောင် လုပ်ပြစ်ခဲ့တာပါ ။ ထိုစဉ်က ကျောင်းသုံး စာအုပ်တွေမှာ ဥပမာ (တကောင်=တစ်ကောင်) (ဗမာ ၊ မြန်မာ) စသဖြင့် ပြင်ဆင်စေခဲ့တာဟာ ဗမာနဲ့ မြန်မာ ရှုပ်ထွေးမှုရဲ့ အစပါပဲ ။ ဦးနေ၀င်းရဲ့ အမွေကို သူရဲ့ လက်ရင်းတပည့်ဖြစ်တဲ့ ဦးခင်ညွန့်က နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ၁၉၈၉ မှာ ဗကသ ကိုဖျောက်ဖျက်လိုခြင်း တော်လှန်ရေး စိတ်ဓာတ်မွေးဖွားရာ ကိုလိုနီ အမွေအနှစ် ဖြစ်တဲ့ အမည်များအား ပြောင်းလဲခြင်းများ ပြုလုပ်ခဲ့ပါတယ် ။
 ဥပမာ
Burma=Myanmar
 Irrawaddy = Ayeyarwady
 Akyab = Sittwe
 Amherst = Kyaikkami
 Bassein = Pathein
 Henzada = Hinthada
Maymyo=Pyin U Lwin
 Moulmein=Mawlamyaing
 Myohaung=Mrauk U
 Pagan=Bagan
Pegu=Bago
Prome=Pyae
 Dagon or Ragoon=Yangon
 Sandoway=Thandwe
 Syriam=Thanlyin
Tavoy=Dawei
 Yaunghwe=Nyaung Shwe။ ဒီလို ပြောင်းလဲခဲ့တာတွေဟာ ဘာသာဗေဒ တခုကို အဆင့်မြှင့်လိုခြင်းထက် ၊ နိုင်ငံရေး ရည်ရွယ်ချက်သက်သက်သာ ဖြစ်ပါတယ် ။ နိုင်ငံကို မြန်မာလို့ ခေါ်ရန် နှင့် လူမျိုးကို ဗမာလို့ ခေါ်ဆိုရန် အမိန့် ထုတ်ခဲ့ခြင်းဟာ ဗကသ (ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ) ဟာ တိုင်းရင်းသားအားလုံးကို ကိုစားမပြုပဲ ၊ လူမျိုးစုတစုထဲကို ကိုယ်စားပြုတဲ့ အဖွဲ.အဖြစ် သေးသိမ်အောင် ရည်ရွယ်ချက်ရှိရှိ နိပ်ကွက်ခဲ့တဲ့ သွေးခွဲတဲ့လုပ်ရပ်အဖြစ် အဲ့ဒီအချိန်က လူသိများခဲ့ပါတယ် ။


ရှေးဟောင်း ကျမ်းများ ကျောက်စာ အထောက်အထားများ အရ အမည်မှန် ခေါ်ဆိုမှုသည် အောက်ပါအတိုင်းဖြစ်ပါတယ်။
ဗမာ ပြည် (ဗမာနိုင်ငံ)
မြန်မာလူမျီုး

ရဲသူရိန်မင်း
06.02.2012
GMT:11.50
Rangoon University Students' Union Committee (1936?)

Ref: BBC , Wikipedia.


အောင်အတိတ် အောင်နိမိတ် ဆောင်လေသောအခါ...

Demo Waiyen facebook

သန်လျင်မြို့ရှိ တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ရုံးမှာ ကော်မရှင် ဥက္ကဋ္ဌရှေ့မှာ ထိုင်နေတာ အမေစုပါ.. ဒါပေမယ့် ဓာတ်ပုံဆရာ ဒီဘက်ပြန်ရိုက်တော့ ဥက္ကဋ္ဌက ကျွန်တော်တို့ အမေစုဖြစ်နေတာကို မြင်ရတဲ့ မြင်ကွင်းကို ဓာတ်ပုံ ဆရာက ကြံကြံဖန်ဖန် စိတ်ကူးကောင်းကောင်းနဲ့ မှတ်တမ်းတင်ထားတာပါ...။


ဂျပန်နိုင်ငံသားတစ်ဦး ဟိုတယ်ထဲကို ပြည့်တန်ဆာခေါ်မရလို.ဟန်.တားသည့်ဟိုတယ်ဝန်ထမ်းမြန်မာအမျိုးသမီးတစ်ဦးကို ပါးရိုက်မှုဖြစ်ပွား။


ရန်ကုန်မြို.၊ အမှတ်(၉)၊ အနော်ရထာလမ်း၊ ပုဇွန်တောင်မြို.နယ်တွင် ဖွင့်လှစ်ထားသည့်Orchid ဟိုတယ်တွင် လာရောက်တည်းခိုနေသူ ဂျပန်နိုင်ငံသား MR.OKAHASHI( Passport No: TH 119820 ) ကိုင်ဆောင်သူသည်၊ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ (၂၈)ရက်ည(၁၁)နာရီခန်.က ပြည့်တန်ဆာတစ်ဦးကိုခေါ်ဆောင်လာသဖြင့် စစ်ဆေးမေးမြန်းသည့်ဟိုတယ်ဝန်ထမ်းမြန်မာအမျိုးသမီးတစ်ဦးဖြစ်သူ မအေးအေးကြည်(Front Office Supervisor and Guest Rellation Officer at Orchid Hotel Yangon )(managent of SG)အား၊ ရိုင်းစိုင်းစွာပြုမှြုေ့ပာဆိုပြီး လူအများရှေ.တွင်ပါးရိုက်ကိုယ်ထိလက်ရောက်ကျူးလွန်စော်ကားသဖြင့်ကာယကံရှင်မှထိရောက်စွာအရေးယူပေးပါရန် သက်ဆိုင်ရာသို.တိုင်ကြားရာဗီဇာဖြင့်ဝင်ရောက်လာသောနိုင်ငံခြားသားဖြစ်ခြင်းကြောင့်အမှုဖွင့်မရပါဆိုသဖြင့်……….
ရန်ကုန်တိုင်းဒေသကြီးရဲမှူးကြီး၊ရန်ကုန်တိုင်းဒေသကြီးအရှေ.ပိုင်းခရိုင်ရဲဒေသမှူး၊မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ.တို.ထံ အဆိုပါဟိုတယ် လုံခြုံရေးတာဝန်ခံဦးကျော်သမြင့်မှထပ်ဆင့်တိုင်ကြားခဲ့ရာ ( ၃၀-၁-၂၀၁၂) နေ.တွင် ၂၉၄/၃၅၄/၃၂၃ဖြင့်အမှုဖွင့်ထားကြောင်းသိရပါသည်။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်လို. မျက်မြင်သက်သေတစ်ဦးက ပြောကြားရာတွင်" အဲဒီနိုင်ငံခြားသားက ဟိုတယ်ကိုသူပိုက်ဆံပေးနေတာဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်းပြောတဲ့အပြင်အခန်းသော့ကိုဆွဲလုတာမျိုးတွေလည်း လုပ်ခဲ့တယ်၊ ကျွန်တော်တို.၀န်ထမ်းကိုလည်းကိုယ်ထိလက်ရောက်စော်ကားတာကို CCTV ကင်မရာနဲ.မှတ်တမ်းတင်ထားတဲ့ အထောက်အထားလည်းရှိပါတယ်။ မြန်မာလူမျိုးတစ်ယောက်ကို နိုင်ငံခြားသားတစ်ယောက်ကိုယ်ထိလက်ရောက်စော်ကားတာမျိုးကတော့ကျွန်တော်တို.အနေနဲ.ဘယ်လိုမှလက်ခံနိုင်စရာအကြောင်းမရှိပါဘူး။ဧည့်သည်ကိုအိမ်ရှင်က စော်ကားခွင့်မရှိသလိုအိမ်ရှင်ကိုလည်းဧည့်သည်ကစော်ကားခွင့်မရှိပါဘူး။
by.. ဧဒင်ဥယာဉ်ဖိုရမ်
Facebook တွင် share ပေးသောThan Than Htike အားကျေးဇူးပါ။






















ဝဲအစွန်မှ..Catherine(Front Office Supervisor and Guest Relation Officer at Orchid Hotel Yangon )



Orchid Hotel
91, Anawrahta Street, Pazundaung Township
Yangon, Myanmar. Telephone : 399930,704740

ယခင်ပိုစ့်အားဖတ်ရန်

အတိတ်က ဖြစ်ရပ်တွေကို ၀န်ခံမှ မြန်မာပြည် ရှေ့ကို တိုးနိုင်မည်


2012-02-06

မြန်မာနိုင်ငံ ရှေ့ဆက်သွားနိုင်ဖို့ အတိတ်က လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအပေါ် ၀န်ခံသင့်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနား က တိုက်တွန်းခဲ့ပါတယ်။

(၆) ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ရန်ကုန်လေဆိပ်မှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ တိုးတက်လာတဲ့ အပြောင်းအလဲတချို့ တွေ့ရပါတယ်၊ ဒါပေမဲ့ ရှေ့ကို တက်လှမ်းတာဟာ နောက်မှာ ဘာတွေဖြစ်ခဲ့တယ် ဆိုတာတွေကို ဖျောက်ဖျက်ပစ်တာ မဟုတ်ဘူးဆိုတာကို မိမိအနေနဲ့ အလေးအနက် ပြောရမှာပါ၊ လက်ရှိသမိုင်းကို ရဲရဲရင်ဆိုင်ပြီး၊ ပြည်သူတွေ ကြုံတွေ့ခံစားခဲ့ကြရတဲ့ ကျူးလွန်မှုတွေကို အသိအမှတ် ပြုရပါလိမ့်မယ်၊ ဒါမှသာ အမျိုးသား ရင်ကြားစေ့ရေး အတွက် စိတ်ချရပြီး၊ နောင်မှာ အလားတူ ကျူးလွန်မှုတွေ မဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်လို့ မစ္စတာ ကင်တားနား က ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ လက်ရှိ တိုးတက် ပြောင်းလဲနေတဲ့ ဖြစ်စဉ်ကနေ နောက်ပြန်ဆုတ်သွားနိုင်တဲ့ အန္တရာယ်လည်း ရှိနေကြောင်း ခရီးစဉ်အပြီး ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။
http://www.rfa.org/burmese/news/quintana-humasn-right-02062012094038.html

လှိုင်သာယာ အလုပ်သမား ၂၀၀၀ ဆန္ဒပြ


2012-02-06
ရသင့်တဲ့ လစာငွေတွေ မရလို့ ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ စက်မှုဇုန် ၃ မှာရှိတဲ့ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမား ၂၀၀၀ ကျော်ဟာ ဒီကနေ့ မနက်ပိုင်း အလုပ်ဆင်းချိန်ကစပြီး အလုပ်မဆင်းဘဲ စက်ရုံရှေ့မှာ ဆန္ဒပြတယ်လို့ သိရပါတယ်။


(Photo: freeforcountry.blogspot.com)
လှိုင်သာယာ စက်မှုဇုံရှိ စက်ရုံတခုတွင် ဖေဖော်ဝါရီ ၉ ရက်နေ့က ဆန္ဒပြနေသော အလုပ်သမားများ ဖြစ်ပါသည်။ (Photo: freeforcountry.blogspot.com)

ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွက် လုပ်ခလစာတွေ အလုပ်ရှင်က ဖြတ်တောက်တဲ့အတွက် ဆန္ဒပြတာလို့ ဆန္ဒပြ အလုပ်သမားတွေအရေး ကူညီပေးနေသူ ကိုသန်းက ဆိုပါတယ်။ “ဇန်န၀ါရီလမှာ ပေးရမယ့် လုပ်ခတွေထဲက လုပ်ခ တစ်သောင်းကျော်ကျော်လောက် အဖြတ်ခံရတယ်။ အဲဒါကို မကျေနပ်ပြီး ပြသာနာတက်တာ။ အခုလုပ်ခလစာ ပြန်ရအောင် ပြန်တောင်းကြတာပဲ အဓိကက။ အခုပြတာတော့ ဒီမှာ နှစ်ထောင်သုံးရာ နှစ်ထောင့်လေးရာလောက် ပါလိမ့်မယ်” ဇန်န၀ါရီလမှာ လွတ်လပ်ရေးနေ့ အပါအ၀င် အစိုးရ တရားဝင် အလုပ်ပိတ်ရက် ၅ ရက်ရှိပြီး အလုပ်ရှင်ဖက်က တရုတ် နှစ်သစ်ကူးရက်လည်း ပိတ်ခဲ့ပါတယ်။ အဲဒီလို ပိတ်ရက်တွေများလို့ဆိုပြီး အလုပ်ရှင်က အလုပ်သမားတွေရဲ့လုပ်ခကို ဖြတ်တောက်ခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။ ဆန္ဒပြ အလုပ်သမား တွေဟာ မနက် ၁၀ နာရီခန့်မှာ လူစု ခွဲလိုက်ပေမယ့် မနက်ဖြန်ဆက်ပြီး ဆန္ဒပြဖို့ရှိတယ်လို့ ဆိုပါတယ်။ လတ်တလောအနေနဲ့ တာဝန်ရှိသူတွေလည်း လာရောက်ခြင်း မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ အခုလို အလုပ်သမားတွေ ဆန္ဒပြတဲ့ကိစ္စနဲ့ ပတ်သက်လို့ အာအက်ဖ်အေက တိုင်ရီဖိနပ်စက်ရုံကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားတွေဟာ မနှစ်က ဖေဖေါ်ဝါရီလအတွင်းမှာလည်း အချိန်ပိုလုပ်ခ တိုးမြှင့်ပေးရေး အပါအ၀င် အလုပ်သမား အခွင့်အရေးတွေအတွက် ၃ ရက်ကြာ ဆန္ဒပြ တိုက်ပွဲဝင်ခဲ့ဖူးပါတယ်။
http://www.rfa.org/burmese/news/hlaing-tharyar-worker-strike-02062012110706.html

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုပြုလွှာ ကော်မရှင်ရုံးစစ်ဆေး


2012-02-06
ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ ဒီကနေ့ မေးခွန်းတွေ ဖြေကြားပြီးတဲ့နောက် ဧပြီလ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင် ယှဉ်ပြိုင်ခွင့်အတွက် ကော်မရှင်က လူတွေ့ စစ်ဆေး တယ်လို့ သိရပါတယ်။


RFA
ဧပြီလ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရေး မှတ်ပုံတင်ရန် အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သံလျင်မြို့ တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ဖေဖော်ဝါရီလ ၆ ရက်နေ့က လူတွေ့မေးမြန်းနေစဉ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းအဖြစ် ခွင့်ပြုဖို့ ဒီကနေ့ သံလျင်မြို့ တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်က လူ့တွေ့ မေးမြန်းတာနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ဝင်ရောက်နိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံခြင်း ရှိမရှိ ခရိုင်ကော်မရှင် ဥက္ကဋ္ဌက တစ်ချက်ချင်း မေးမြန်းပြီး အချက်အလက် အားလုံးကို စိစစ်ပြီးသွားကြောင်း၊ စိစစ်တဲ့ကိစ္စက ကော်မရှင်က ကြေညာမှ အတည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး အကြီးအကဲ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ကော့မှူးမြို့နယ် မဲဆန္ဒနယ်မြေကနေ ၀င်ရောက် ယှဉ်ပြိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် ၀ါးသိင်္ခရွာက မိသားစုတစ်စု အိမ်ထောင်စု စာရင်းဝင်အဖြစ် စာရင်းသွင်းထားပါတယ်။ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၄၈ နေရာ ရှိပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နေရာအားလုံးမှာ ၀င်ပြိုင်ပါမယ်။
http://www.rfa.org/burmese/news/assk-election-nominate-02062012100553.html