Tuesday, February 7, 2012

ကိုမင်းကိုနိုင် သန်လျှင် ဂရုဏာလက်နဲ့တွေ့



Burma VJ Media Network
ပညာဒါန သင်တန်းကျောင်း အတွက် ဂရုဏာလက် လူမှုအကျိုးပြု လူငယ်တွေက ရန်ကုန်တိုင်း သံလျှင်မြို့နယ် ကျိုက်ခေါက် ဘုရားပွဲတော် ရက်အတွင်း ရန်ပုံငွေရှာတဲ့ ဈေးရောင်းပွဲကို ကိုမင်းကိုနိုင် နဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တွေ သွားရောက် ပြီး ပညာရေး သင်တန်းကျောင်း အတွက် အလှူငွေ ထည့်ဝင်ခဲ့သလို ဂရုဏာလက် လူမှုအကျိုးပြုလူငယ်တွေ ရောင်းချနေတဲ့ ပိုစတာတွေမှာ အမှတ်တရ လက်မှတ် ထိုးတာတွေ ပြုလုပ်ပေးခဲ့တာပါ။ဒီရန်ပုံငွေ ရှာပွဲမှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ရုပ်ပုံပါ အင်္ကျီတွေ ပိုစတာတွေ အခြား လူသုံးကုန်ပစ္စည်း တွေနဲ့ အစားအသောက်တွေကို ရောင်းချနေကြတာဖြစ်ပါတယ်။ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဟာ ဆံတော်ရှင် ကျိုက်ခေါက် စေတီတော် မြတ်ကြီးကို သွားရောက် ဖူးမျှော်ခဲ့ကြသလို အလှူငွေ များလည်း ထည့်ဝင် ခဲ့ကြပါတယ်။

တိုင်ရီ ဖိနပ်စက်ရုံမှ အလုပ်သမားများ ဆက်လက်ဆန္ဒပြ









Burma VJ Media Network

တိုင်ရီအလုပ်သမားသပိတ်ကြေငြာချက်




ဇေကမ္ဘာကုမ္ပဏီက မင်္ဂလာဒုံမြို့နယ်က လယ်မြေကို သိမ်းယူ

Burma VJ Media Network
ဇေကမ္ဘာဦးခင်ရွှေ ပိုင် ဇေကမ္ဘာကုမ္ပဏီက ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စှမှာရှိတဲ့ လယ်မြေတွေကို
သိမ်းယူနေပြီး မြေတူးစက်ကြီးတွေနဲ့ လယ်ကန်သင်းရိုးတွေကို ဖျက်ဆီးနေပါတယ်။
လယ်ယာမြေ (၈၁၅) ဧက ကို စက်မှုဇုန်အပိုင်း (၄) အကောင်အထည်ဖော်ဖို့ ဆိုပြီး အခုလို့ လယ်ကန်သင်းရိုးတွေကို ဖျက်ဆီး တူးဖော်နေတာပါ၊
ဇေကမ္ဘာကုမ္ပဏီက ဆယ်မြောင်းကြီး(ဂ)ခုနဲ့မြောင်းငယ်တွေကိုလည်း ပိတ်လိုက်တာကြောင့် လယ်ယာမြေတွေထဲကို ရေမေ၇ာက်တော့ပဲ လယ်သမားတွေ
အခက်အခဲတွေနဲ့ကြုံတွေ့နေရပါတယ်
လာမယ့်(မတ်လ)မှာ ပိတ်ထားတဲ့ ဆယ်မြောင်းတွေကို ဖွင့်မပေးရင် မိုးစပါးစိုက်ပျိုးဖို့ အခက်တွေ့နိုင်မှာဖြစ်ပြီး
ချောင်းကိုပိတ်ထားတဲ့အတွက် နွေရာသီမှာ ရေမရရှိပဲ မိုးတွင်းမှာဆိုရင် ရေထွက်ပေါက်မရှိလို့ ရွာတွေ ရေမြုပ်ကုန်တယ်လို့ သိရပါတယ်
လယ်သမားတွေက အခုလို လယ်ကန်သင်းရိုးတွေကို ဖျက်ဆီးနေတာကို ရပ်တန့်စေချင်ပြီး အရင်ကလိုပဲမိမိတို့လယ်မြေတွေကို
ဆက်လက်လုပ်ကိုင်ချင်တယ်လို့ ပြောဆိုနေကြောင်း သိရှိရပါတယ်။


ဒေါ်အောင်ဆန်းစုကြည် မြောင်းမြမြို့သို့ ရောက်ရှိစဉ်.











Burma VJ Media Network

မြန်မာ့မိတ်ဆွေကနေဒါအဖွဲ့ အနှစ်၂၀ပြည့်ဖိတ်ကြား




နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်ဘုရားကြီး) မှ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးတော်ဆောင်ချုပ် ဦးပညာသီဟ (ရွှေညဝါဆရာတော်ကြီး)အား ၁၁.၂.၂၀၁၂နေ့မှစပြီး တရားဟောပြောနိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ




အဲ့ဒီနေ့ ကအယဉ်ကျေးဆုံးကျမဆက်ဆံခဲ့ပါတယ်။

နာမည်ကြီးဟော်တယ်အများစုဟာပြင်ပဧည့်သည်ခေါ်တာလက်မခံပါဖူး။
သူနဲ့ ပါလာတဲ့မိန်းကလေးကိုတိုက်ရိုက်ပြောဆိုဆက်ဆံတာမရှိပါဖူး၊
အဲ့ဒီနေ့ ကဧည့်သည်ဂျပန်လူမျိုးကအရမ်းမူးနေလို့ အခုလိုဖြစ်ရတာပါ။

Catherine...

.........................

Orchid ပိုင်ရှင်ကကုလား၊ စော်ကားတာက ဂျပန်၊ ခံရတာက မြန်မာ အမျိုးသမီးငယ်။
ကဲ.....ဦးသိန်းစိန်ကိုသင်ဘာပြောချင်လဲ...

အကယ်ဒမီစာရင်း

၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုကို အကယ်ဒမီများရှင် ဦးငြိမ်းမင်းက ကြေညာပေးခဲ့ရာ ပင်လယ်ထက်က နေဝန်းနီ ရုပ်ရှင်ဇာတ်ကားဖြင့် ခင်မောင်ဦး၊ စိုးသိမ်းထွဋ်က ဆွတ်ခူး ရရှိသွားသည်။

၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို ဘိုကလေးတင့်အောင်က ကြေညာပေးခဲ့ရာ အငိုမျက်လုံး အပြုံးမျက်နှာ ရုပ်ရှင်ဇာတ်ကားဖြင့် မြန်မာပြည် ကျောက်စိမ်းက ဆွတ်ခူး ရရှိသွားသည်။

အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆု- ဦးမြင့်ခိုင်က ပင်လယ်ထက်ကနေ၀န်းနီ ဇာတ်ကားဖြင့်ရရှိသည်။

၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို အကယ်ဒမီ မေသဉ္ဇာဦးက ကြေညာပေးခဲ့ရာ အမေ့ကျေးဇူး ဆပ်ဖူးချင်တယ် ရုပ်ရှင်ဇာတ်ကားဖြင့် ဝါဝါအောင်က ဆွတ်ခူး ရရှိသွားသည်။

၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို အကယ်ဒမီ ရဲအောင်က ကြေညာပေးခဲ့ရာ ပင်လယ်ထက်က နေဝန်းနီ ရုပ်ရှင်ဇာတ်ကားဖြင့် ဝေဠုကျော်က ဆွတ်ခူး ရရှိသွားသည်။

၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို အကယ်ဒမီများရှင် မို့မို့မြင့်အောင်က ကြေညာပေးခဲ့ရာ အာဒံရယ် ဧဝရယ် ဒဿရယ် ရုပ်ရှင်ဇာတ်ကားဖြင့် သက်မွန်မြင့်က ဆွတ်ခူး ရရှိသွားသည်။

၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး ရုပ်ရှင် ဓာတ်ပုံဆုကို ဦးမြင့်သိန်းဖေက ကြေညာပေးခဲ့ရာ ပင်လယ်ထက်က နေဝန်းနီ ရုပ်ရှင်ဇာတ်ကားဖြင့် ပန်းချီစိုးမိုးက ဆွတ်ခူး ရရှိသွားသည်။

၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို အကယ်ဒမီဆုများရှင် ရန်အောင်က ကြေညာပေးခဲ့ရာ အာဒံရယ် ဧဝရယ် ဒဿရယ် ရုပ်ရှင်ဇာတ်ကားဖြင့် ပြေတီဦးက ဆွတ်ခူး ရရှိသွားသည်။

တိုင်ရီအလုပ်သမားသပိတ်ကြေငြာချက်






ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ခရီးစဉ်( 56 PHOTOS )

ပါးစပ်ပိတ်ကာအလိုမတူပဲအတင်းအဓမ္မ


ဧရာဝတီတိုင်းဒေသကြီးမအူပင်ခရိုင် မအူပင်မြိုနယ် ကျွဲဒုံးကျေးရွာတွင် 2012ခုနှစ် ဇန်န၀ါရီလ (8) ရက်နေ့ည (7) နာရီအချိန်တွင်ဆင်းရဲနွမ်းပါးသည့်မိန်းကလေးတစ်ဦးအားကျေးရွာအုပ်ချုပ်ရေးမှူးဦးမြင့်၏တူဖြစ်သူလှိုင်ဝင်းအောင်မှ-..
နင့်ရည်းစားကပြောစရာရှိလို့ခေါ်ခိုင်းသည်ဟုပြောကာ….ရွာ၏အနောက်ထောင့်တွင်တွန်းလှဲပြီးပါးစပ်ပိတ်ကာအလိုမတူပဲအတင်းအဓမ္မ
သားမယားပြုကျင့်ခဲ့ပါသည်။
ဖြစ်စဉ်အားတိုင်တန်းရာတွင်ကျေးရွာအုပ်ချုပ်ရေးမှူး၏တူဖြစ်နေသော်ကြောင့်ကျွဲဒုံးရဲစခန်းမှစခန်းမှူးရဲအုပ်အောင်မိုးဦးမှအမှု့ဖွင့်မပေးပဲပူဆူ
ဟိန်းဟောက်ပြီး…နင့်တို့နှစ်ဦးအခင်းဖြစ်ပွားပုံကိုပြန်လည်ပြုလုပ်ပြပါရန်နှမခြင်းမစာနာစွာပြောဆိုပြီးအမှု့ကိုထိန်ချိန်ထားပြီးအဒမ္မပြုကျင့်သူကိုဖမ်းဆီးခြင်းမပြုပဲလွတ်ထားသည့်အတွက်နစ်နာသူမှာအရှက်ရနစ်နာခံခဲ့ပါသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီးသန့်ရှင်းသောအစိုးရသစ်ဖော်ထုတ်နေချိန်တွင်ယခုလိုဆိုးဝါးသောအကျင့်ဆိုးလက်မဲကြီးများကျန်ရှိနေသည်ကို
ထုတ်ဖော်တင်ပြအပ်ပါသည်။
မချောစုလှိုင်21နှစ်(ဘ) ဦးအောင်နိုင်14/မအပ(နိုင်)247904

ကျွဲဒုံးကျေးရွာ၊မအူပင်မြို့။