Wednesday, February 8, 2012

မလေးရှားမှငွေလွှဲသူများအတွက်ကြော်ငြာတခု


AYA Q-REMIT MONEY TRANSFER
by Ayeyarwady Bank on Tuesday, February 7, 2012 at 12:19am ·

AYA Q-REMIT MONEY TRANSFER  
A.     SEND and RECEIVE INSTRUCTIONS
Send Instruction:
1. Go to AYA QUICK Remit location in Malaysia (Kuala Lumpur, Melaka).
2. Fill in the “Send Application Form” including full name, Passport Number, Work Permit/VISA/Immigration Card and Contact Information.
3. Give the agent the completed form along with the money you wish to send, the sending fees and identification documents.
4. Receive the customer’s copy of send form, note the authorized signature and money transfer transaction number.
5. Contact the beneficiary and relay the information (amount received in Kyats, prefer collection branches and transaction number) required to collect money.

Receive Instruction:
1. Go to prefer collection branches of AYA branches and other banks’ braches that link with AYA Bank.
2. Provide the information of the transaction number and amount to receive.
3. Hand in the National Identification Card Number and receive cash.

B. SERVICE LOCATIONS
Send Locations
Kuala Lumpur
No. 25, Jalan Medan Pasar,
 50050, Kuala Lumpur, Malaysia
Telephone: (+60) 3 20721405

MELAKA        
NO.60 JALAN MUNSHI ABDULLAH,
71000 Melaka, Malaysia
Telephone: (+60) 5 0003488 

Receive Locations
Branches
1. NAYPYITAW
2. YANGON
3. MANDALAY
4. MEIKHTILA
5. MONYWA
6. TAUNGGYI
7. MOGOK
8. MUSE
9. MAWLAMYAING
10. SITTWE
11. BAGO
12. PYI
13. PAKOKKU
14. TACHILEIK
15. MYEIK
16. LASHIO
17. MYAUNGMYA
18. BOGALAY
19. PHU
20. MYINGYAN
21. MYINTGYINAR
22. PYINMANAR
23. PYAWBWE
24. AUNGBAN
25. TAUNGOO
26. NYAUNGLAYPIN
27. SHWEBO
28. PHAAN
29. HINTHADA
30. KYAINGTON
31. LOIKAW
32. KAWTHAUNG
33. PHARKANT
34. MAUNGDAW
35. BAMAW
36. MAGWE
37. PATHEIN
38. PYINOOLWIN
39. DAWEI
40. KALAY
41. KYAUKSE
42. KYAUKPADAUNG
43. MYAWADDY

  C.      DOCUMENTS REQUIRED
Sender        
Full Name
Passport Number
Work Permit/VISA/Immigration Card Number and Expiry Date
Contact Information

Receiver

Full Name
National Identification Card Number
Contact Information
Indicate preferred collection branch of Ayeyarwady Bank in Myanmar (refer to preferred collection branch list as provided by Send Agent



D. FEE

Sending Fees

Range (MYR) Service charge Per Transaction (MYR)















Receiving Fees



For payout at AYA branches – No additional charges

For payout at AYA’s Domestic Agent Bank – Based on remittance charges in Kyats



Refund Charge



Flat fee of MYR10 to be deducted by RBHQ



Win Naung
၁။ AYA QUICK Remit ဌာန ရှိသော နေရာသို့သွားပါ ( KL နှင့် မလက္ကာ တွင် ရုံးခွဲများရှိပါသည်)
၂။ Send Application Form ကို တောင်းပြီး ဖြည့်ရပါ။ (အမည် အပြည့်အစုံ၊ ပတ်စ်ပို့နံပါတ်၊ အလုပ်သမားမှတ်ပုံတင်အမှတ်၊ အခြား လူဝန်မှုကြီးကြပ်ရေးဆိုင်ရာ စာရွက်စာတမ်းများ နှင့် လိပ်စာ)။
၃။ ဘယ်လောက် လွှဲမယ်ဆိုတာကို ထည့်ပြီး အဲဒီ လျှောက်လွှာကို အေးဂျင့်သို့ပေးပါ။
၎။ သတိပြုရန်။ ပြန်ပေးသော လက်ခံကို သိမ်းထားပါ။ ထိုအထဲတွင် လက်ခံသူ လက်မှတ် နှင့် ဘယ်လောက် လွှဲထားတယ်ဆိုတဲ့ ပမာဏကို သေချာစစ်ပါ။
၅။ မြန်မာငွေကျပ် လက်ခံမည့် သူကို အကြောင်းကြားပါ။

မလေးရှား ရင်းဂစ်
၁ မှ ၁၅၀၀ အတွင်း ကို ၁၂ ရင်းဂစ်
၁၅၀၁ မှ ၃၀၀၀ အတွင်းကို ၁၅ ရင်းဂစ်
၃၀၀၁ မှ ၆၀၀၀ အတွင်းကို ၂၀ ရင်းဂစ်
လက်ခံမည့်သူသည် ထပ်ဆောင်းပေးစရာ မလိုပါ။
ပြန်အမ်းငွေအတွက် မလေးရှား ၁၀ ရင်းဂစ် နှစ်ပါမည်..



ပြည်သူတွေလိုလားနေတဲ့ ထာဝရငြိမ်းချမ်းရေး


ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကိုလေ့လာ ကြည့်လိုက်ရင် အစိုးရအဖွဲ့သက်တမ်း (၁၀)လအတွင်း ထင်သာမြင်သာရှိတဲ့ အဓိကအချက်(၃)ချက် ရှိနေပါတယ်။ ဒီ(၃)ချက်ကတော့ ဒေါ်စုကြည်နဲ့ သမ္မတကြီးတို့ တွေ့ဆုံပြီး ပါတီနိုင်ငံရေးလှုပ်ရှားမှုများ ပွင့်လင်းမှုရှိလာခြင်း၊ ယခင်ထောက်လှမ်းရေးဟောင်းများအပါအ၀င် အကျဉ်းသားများလွှတ်ပေးခြင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင် များနှင့် ငြိမ်းချမ်းရေးဆွေးနွေပွဲများ ပြုလုပ်နေခြင်းတို့ဖြစ်ပါတယ်။
အထက်ပါ(၃)ချက်အနက် ပါတီနိုင်ငံရေး လှုပ်ရှားမှုများ ပွင့်လင်းမှုရှိလာခြင်းနဲ့ အကျဉ်းသားများ လွှတ်ပေး ခြင်းဟာဆက်စပ်နေပြီး တိုးတက်ဖြစ်ပေါ်မှုတွေကို အမေရိကန်အပါအ၀င် နိုင်ငံတကာကအသိအမှတ်ပြုနေကြပါ တယ်။ ယခင်ကစစ်အစိုးရကိုဆန့်ကျင်ခဲ့ကြတဲ့ ပြည်တွင်း/ပြည်ပ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအသီးသီးကဒီမိုကရေစီရေး လှုပ်ရှားမှုမှာ အဓိကတောင်းဆိုခဲ့တဲ့အချက်များဖြစ်ပါတယ်။ ဒီ အချက်(၂)ချက်ကို မထင်မှတ်လောက်အောင် ဦးသိန်းစိန်က လိုက်ရောမှုပြုခဲ့ပြီးနောက်မှာ ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ဦးဆောင်နေပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီး/ ငယ်၊ အဖွဲ့အစည်းပေါင်းစုံရဲ့ တောင်းဆိုချက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များအောင်မြင်ပြီး တစ်ပြည်လုံးအတိုင်းအတာဖြင့် ထာဝရငြိမ်းချမ်းရေးပဲဖြစ်လာပါတယ်။
ဒီအချက်ကတော့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် လိုအပ်နေသလို ပြည်သူအားလုံးက လိုလားတောင့်တနေတဲ့ ဆန္ဒအမှန်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် နှစ်ပေါင်းများစွာ စစ်ဘေးစစ်ဒဏ် သင့်နေတဲ့ နယ်စွန်နယ်ဖျားက တိုင်းရင်းသားတွေနဲ့ ဒီစစ်ပွဲတွေမှာ ရင်ဆိုင်တိုက်ခိုက်နေရတဲ့ ဘက်နှစ်ဖက် စလုံးက စစ်သားတွေရဲ့ အလိုချင်ဆုံး၊ အဖြစ်ချင်ဆုံး အရာပဲဖြစ်မယ်လို့ ထင်ပါတယ်။
ဒါကြောင့်လည်း သမ္မတကြီးက သူ့ရဲဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ ပြည်တွင်း/ ပြည်ပက အာရုံစိုက်လာနေတဲ့ ထာဝရငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လိုက်လျောမှုများစွာနဲ့ အကောင် အထည်ဖော်လျက်ရှိပါတယ်။ ညင်သာပျော့ပြောင်းစွာနဲ့ နိုင်ငံရေးဖြေလျော့မှုများ လုပ်နေသလို သဘောထား ကြီးကြီးနဲ့ စစ်ရေးအရှိန်မမြင့်တက်အောင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ထိတွေ့ဆက်ဆံနေတာ မြင်တွေ့ နေရပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ ဒီမိုကရေစီနိုင်ငံတော်ဖြစ်ဖို့ နိုင်ငံရေးနဲ့ စစ်ရေးဆက်စပ်နေတာကြောင့် စစ်ရေး အရှိန်လျော့ပြီး နိုင်ငံရေးအရ တည်ငြိမ်မှုရှိဖို့အတွက် တပ်မတော်ရဲ့အခန်းကဏ္ဍက အလွန်အရေးကြီးလာပါတယ်။
မြန်မာနိုင်ငံရဲ့ ပကတိလိုအပ်ချက်အရ တပ်မတော်ဟာ အနာဂတ်နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်ရမယ် ဆိုတဲ့အချက်ဟာလက်ရှိကာလမှာမှန်ကန်နေဆဲဖြစ်တယ်လို့ နိုင်ငံတကာနိုင်ငံရေးလေ့လာသူများက ထောက်ပြပြောဆိုလျှက်ရှိပါ တယ်။ နိုင်ငံရေးကဏ္ဍမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ခွင့်ပြုချက်အရ တပ်မတော်သား ကိုယ်စားလှယ်တွေဟာလွှတ်တော်မှာ(၂၅)%ပါဝင်ရခြင်းအကြောင်းအရင်းကဒီမိုကရေစီနိုင်ငံတော်သစ်မှာပြည်သူ များတည်ငြိမ်အေးချမ်းရေး အတွက်ဖြစ်တယ်လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
အလားတူပဲ စစ်ရေးကဏ္ဍမှာလည်း နိုင်ငံတော်အေးချမ်းသာယာရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းရေးလုပ်တဲ့နေရာမှာ ပြည်နယ်အဆင့် သဘောတူညီချက်ရယူပြီး ပြည်ထောင်စုအဆင့် သဘောတူလက်မှတ်ရေးထိုးထားတဲ့ဒေသတွေမှာ တပ်မတော်စစ်ကြောင်းတွေက နှစ်ဘက်ငြိမ်းချမ်းရေးအဖွဲ့များရဲ့ သဘောတူညီချက်အတိုင်း အပစ်အခတ်များရပ်ဆဲထားပြီး တည်ငြိမ်အေးချမ်းရေးကိုဆောင်ရွက်ပေးတယ်လို့ ဆိုပါ တယ်။
ဒါ့အပြင်သမ္မတကြီးက ခုခံတိုက်ခိုက်ခြင်းကလွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမလုပ်ဖို့ အမိန့်ပေးထား လို့ တပ်မတော်အနေဖြင့် “တစ်နိုင်ငံလုံးအတွင်းတွင် ပစ်ခတ်တိုက်ခိုက်မှုရှောင်ရှားပြီး လုံခြုံရေးနှင့်ကာကွယ် ရေးအတွက် ပုံမှန်တပ်လဲလှယ်ခြင်း၊ အဆိုပါလှုပ်ရှားဆောင်ရွက်ရာမှာ အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ခြင်း၊ မိမိကိုယ်ကို ကာကွယ်ရန်အတွက်သာ လုပ်ဆောင်နေခြင်းမျိုးသာ ဆောင်ရွက်လျှက်ရှိကြောင်း” ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် က ဇန်န၀ါရီလ(၃၀) ရက်နေ့က တောင်ငူမြို့မှာ ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။
ဒီလိုပြောကြားချက်ကိုကြည့်ခြင်းအားဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က သမ္မတကြီး ဦးသိန်းစိန်ရဲ့ အမိန့်ကို လိုက်နာကြောင်းနဲ့ တပ်မတော်ဟာလည်း ကြံ့ဖွံ့အစိုးရ အပေါ်သစ္စာစောင့်သိနေတယ်ဆိုတာ နိုင်ငံတကာကို အချက်ပြ လိုက်တာ ဖြစ်နိုင်ပါတယ်။
ဒါအပြင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ ဇန်န၀ါရီလ ဆန်းက ထိုင်းနိုင်ငံချစ်ကြည်ရေး ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နဲ့ တွေဆုံစဉ်မှာ “မြန်မာအစိုးရသစ်အနေဖြင့် ဖြေလျော့မှုများစွာဖြင့် ဒီမိုကရေစီစနစ် အောင်မြင်အောင် ဖော်ဆောင်လျှက်ရှိကြောင်း၊ နောက်ကြောင်း ပြန်လှည့်ရန် မရှိပါကြောင်း” ပြောဆိုပြီး တပ်မတော်ရဲ့ နိုင်ငံရေးရပ်တည်ချက်ကို အတိအလင်း ထုတ်ဖော်ပြသခဲ့ပါတယ်။
စောင့်ကြည့်လေ့လာသူများရဲ့အဆိုအရ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ ပြောရင်ပြောတဲ့အတိုင်း လုပ်တတ်သူဖြစ်ပြီး ငယ်စဉ်က ရုံး ၊ ဌာနကြီးများမှာ တာဝန်ထမ်းဆောင်ခဲ့ခြင်းမရှိပေမယ့် တပ်မမှူး၊ တိုင်းမှူး၊ ကစထမှူး တာဝန်ယူ ချိန်မှာ သူကိုယ်တိုင် စစ်စည်းကမ်းကို တိကျစွာလိုက်နာပြီး လက်အောက်ကိုလည်း တင်းတင်းကြပ်ကြပ်၊ ပြတ်ပြတ် သားသား အရေးယူကြောင်း၊ နောက်လိုက်ကောင်းဖြစ်မှ ခေါင်းဆောင်ကောင်းဖြစ်မယ် ဆိုတဲ့ခံယူချက်နဲ့ အမိန့်နာခံ တတ်မှုကြောင့် ဦးသန်းရွှေ စိတ်ကြိုက်ရွေးချယ် တာဝန်ပေးအပ်ခံရသူဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လဲ ဦးသန်းရွှေရဲ့ လောင်းရိပ်အောက်မှာမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးရပြီး မကြာမီမှာ ထိပ်တန်း ဗိုလ်ချုပ်(၂)ဦးနဲ့ တိုင်းမှူး(၁)ဦးတို့ကို စစ်စည်းကမ်းမလိုက်နာမှုဖြင့် အရေးယူခဲ့တာကိုလည်း တွေ့ရှိရပါတယ်။
နေပြည်တော်စစ်ရုံး အသိုင်းအ၀န်းကလာတဲ့ သတင်းများအရ ပြီးခဲ့တဲ့လေးလပတ်အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က တိုင်းမှူး၊ တပ်မမှူးတွေကို အလုပ်တာဝန်ကျေပွှန်မှုကို သစ္စာရှိမှုနဲ့ သက်သေပြဖို့ လိုကြောင်း၊ အမျိုးသားရေးတာဝန်ကို တပ်မတော်မှထမ်းဆောင်ရာမှာ နိုင်ငံတော်အစိုးရရဲ့ မူဝါဒအတိုင်းလုပ်ရမှာ ဖြစ်ကြောင်းနဲ့ ထာဝရငြိမ်းချမ်းရေးရဖို့ အပစ်ရပ်စဲရေးကိစ္စများမှာ အထက်ကအမိန့်ကို တိကျစွာလိုက်နာရန် လိုကြောင်း သတိပေးမှာကြားခဲ့တယ်လို့သိရပါတယ်။
ဒီလိုမှာကြားချက်ကို ကြည့်ခြင်းအားဖြင့် တပ်ချုပ်ကြီးရဲ့ ပင်ကိုယ်သဘောသဘာဝအရ သစ္စာရှိရှိ အမိန့် နာခံတတ်သူဖြစ်လို့ လက်တလောကာလမှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အနေနဲ့ တပ်မတော်အပေါ် သြဇာ သက်ရောက်မှုရှိနေဦးမှာ ဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ယူဆကြပါတယ်။
ဒါ့အပြင်ကြံ့ဖွံ့အစိုးရအဖွဲ့အတွင်း သဘောထားတင်းမာသူအုပ်စု (Hard Liner)နဲ့ သဘောထား ပျော့ပြောင်းသူ အုပ်စု (Solf Liner) ဆိုပြီး အကွဲအပြဲဇာတ်လမ်းမှာ တပ်မတော်အနေနဲ့ ဘယ်ဖက်မှာရှိလဲဆိုတာ အကဲဖြတ်ရခက် နေတယ်လို့လည်းဆိုပါတယ်။ ဒါပေမဲ့လည်း အချို့မီဒီယာများကတော့ သမ္မတကြီး ဦးသိန်းစိန်နဲ့ တပ်ချုပ်ကြီး ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့ကို ပါဝါတွေနှိုင်းယှဉ်ပြပြီး တပ်မတော်နှင့် အစိုးရအဖွဲ့အကြား သဘောထားကွဲလွဲမှုတွေဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ နှောင့်နှေးကြန့်ကြာအောင် ရေးသားဖော်ပြနေတာလဲ တွေ့ရှိရပါတယ်။
ယနေ့အထိလဲ ကချင်ပြည်နယ်အတွင်းမှာ နေ့စဉ်တိုက်ပွဲများဖြစ်နေဆဲမို့ သမ္မတကြီးရဲ့အမိန့်ကို တပ်မတော်ကမလိုက်နာဘူးလား၊ ဘက်နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့အဖွဲ့တွေရဲ့ တာဝန်ခံမှု အပိုင်းက ဘယ်လောက်ထိမြေပြင်ကို သြဇာသက်ရောက်မှုရှိလဲဆိုတာမေးစရာဖြစ်လာပါတယ်။
စစ်ရေးအကဲခတ်များရဲ အဆိုအရ တပ်မတော်က သမ္မတအမိန့်ကိုလိုက်နာရန် ပျက်ကွက်တာမဟုတ်ဘဲ သမ္မတထုတ်ပြန်တဲ့ အမိန့်မှာကိုက ခုခံတိုက်ခိုက်ခြင်း မှအပထိုးစစ်ဆင် တိုက်ခိုက်ခြင်းရပ်စဲရန်လို့ ဖော်ပြထား ကြောင်း၊ ကချင်ဒေသက မြင်တွေ့ကြားသိချက်များအရ သမ္မတရဲ့အမိန့်ထုတ်ပြန်ပြီးနောက်မှာ အစိုးရစစ်တပ်က စခန်းသိမ်းတိုက်ပွဲတွေ ပြုလုပ်ခြင်းမရှိပဲ သူတို့ရဲ့ အဓိက မဟာဗျူဟာ လမ်းကြောင်းတွေ အပေါ်မှာသာ လမ်းကြောင်းရှင်း တိုက်ပွဲတွေဖြစ်နေကြောင်းနဲ့ ဒီနေ့အထိ တိုက်ပွဲများဖြစ်နေရတဲ့ အကြောင်းအရင်းက နှစ်ဖက် တွေ့ဆုံဆွေးနွေးပွဲတွေမှာ အပြန်အလှန်ယုံကြည်မှုမရ သေးလို့ဖြစ်ကြောင်း၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးချိန်မှာ ပမာဏငြိမ်းချမ်းရေး၊ ထာဝရငြိမ်းချမ်းရေး၊ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး မည်သို့ပင်စကားလုံးတွေ သုံးနှုန်းစေကာမူ နောက်ကွယ်မှာ ညှိနှိုင်းလို့မရတဲ့ နိုင်ငံရေး အယူအဆနဲ့ ရယူလိုတဲ့ အခွင့်အရေးများရှိနေရင် စစ်ရေးအရှိန် လျော့ကျနိုင်ဖွယ်မရှိဘူးလို့ ဝေဖန်ပြောကြားလျက် ရှိပါတယ်။
ပြည်သူတွေလိုလားတဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့ နိုင်ငံရေးသမားတွေရဲ့ စကားလုံးလှပဖို့ထက် စစ်ရေး သမားတွေရဲ့ လက်နက်များက ယမ်းခိုး၊ ယမ်းငွေ့များမထွက်ဖို့လိုပါတယ်။ ဒါကြောင့် အပြန်အလှန်ယုံကြည်မှုရှိပြီး နှစ်ဘက်စလုံးက ရိုးသားပွင့်လင်းစွာ စဉ်ဆက်မပြတ်ဆွေးနွေးပွဲများလုပ်ဆောင်သင့်ပါကြောင်း အကြံပြုပါရစေ။

ဆောင်းပါးရှင်
တိမ်လွှာ

ရခိုင်ပြည်နယ်ရေးရာကို ၀န်ကြီးချုပ် လက်မှတ် ရေးထိုးခွင့်ရသူက ချယ်လှယ်ထား

News Date:2/7/2012


ရခိုင်ပြည်နယ်ရေးရာ ကိစ္စ အရပ်ရပ်ကို ရခိုင်ဝန်ကြီးချုပ် ဦးလှမောင်တင်၏ ကိုယ်စား လက်မှတ်ရေးထိုးခွင့်ရထားသူ အငြိမ်းစား ဗိုလ်မှူးကြီး အဆင့်ရှိသူ တစ်ဦးက ချယ်လှယ်ထားကြာင်း သတင်း ရရှိသည်။

အဆိုပါ ပုဂ္ဂိုလ်မှာ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူး အငြိမ်းစား ဗိုလ်မှူးကြီး ဦးဇော်သိန်း ဖြစ်သည်။

" သူက ရခိုင်ပြည်နယ် အစိုးရထဲမှာ စစ်အစိုးရ လက်ကျန် အဆင့်မြင့် စစ်အရာရှိကြီး ဖြစ်ပြီး ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ကိုယ်စား လက်မှတ်ရေးထိုးခွင့် ရထားသူဖြစ်တယ်။ သူက အရင်က ဗိုလ်မှူးကြီး အဆင့်ရှိသူ ဖြစ်ပါတယ်။ အခုတော့ အငြိမ်းစား ယူထားပြီး ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးတာဝန်ကို ယူထားတဲ့ သူ ဖြစ်ပါတယ်။ သူက ၀န်ကြီးချုပ် လှမောင်တင်ရဲ့ လက်မှတ်ကိုလည်း ထိုးခွင့်ရထားတော့ ရခိုင်ပြည်နယ်ရေးရာ ဟူသမျှ သူက ၀န်ကြီးချုပ် အထက်ကနေပြီး ချယ်လှယ်နေပါတယ်" ဟု အမည်မဖေါ်လိုသူ အစိုးရ အရာရှိကြီး တစ်ဦးက ပြောသည်။

ဦးဇော်သိန်းသည် ရခိုင်ပြည်နယ်၏ ကိစ္စ အရပ်ရပ်တွင် ၀င်ရောက်စွက်ဖက်ပြီး သူ၏ သဘောတူညီချက် မရလျှင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့အနေဖြင့် လုပ်ငန်းများကို အကောင်အထည်ဖေါ် ဆောင်ရွက်၍ မရကြောင်း အစိုးရအဖွဲ့ ကလာသော အတွင်း သတင်းများအရ သိရသည်။ ၀န်ကြီးချုပ် ဦးလှမောင်တင်ကပင် ဦးဇော်သိန်းကို ကြောက်နေရကြောင်း အမည် မဖေါ်လိုသူ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ၀န်ကြီး တစ်ဦးကလည်း ပြောသည်။

" သူက စစ်အစိုးရ လက်ထက် ကတည်းက ကျန်နေခဲ့တဲ့ လက်ကျန် ပုဂ္ဂိုလ် ဖြစ်တော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တစ်ခုလုံးကို မှောက်ချင်မှောက်၊ လှန်ချင်လှန် လုပ်လိုရနေတယ်။ သာမန် ၀န်ကြီးတွေကိုထား ၀န်ကြီးချုပ်ကိုယ်တိုင် တစ်ခါ တစ်လေ တစ်ချို့ကိစ္စတွေမှာ သူ့ကို မလွန်ဆန်နိုင်ဘူး။ ပီးရင် ဦးဇော်သိန်းက ရခိုင်ပြည်နယ်ရဲ့ အကြောင်းတွေ၊ မကောင်းတာကိုရော ကောင်းတာကိုရော သိထားတော့ ဦးလှမောင်တင်က သူ့ကို လွန်ဆန်လို့ မရဘဲ ဖြစ်နေပါတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ပြည်နယ်မှူး ဦးဇော်သိန်းသည် သူ၏ ပါဝါကို အလွဲသုံးစား လုပ်ပြီး စစ်တွေမြို့ပေါ်က ပြည်သူပိုင် မြေကွက်တစ်ခုကို သူ့ဇနီးနာမည် ဖေါက်ကာ စီးပွားရေး သမား တစ်ဦးကို ရောင်းချ ထားကြောင်း သည်။

" ဦးဇော်သိန်းကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်တောင် ပြန်မပြောရဲဘူး ဆိုတော့ တော်တော့ကို သြဇာ အာဏာကြီးနေပါတယ်။ လာဒ်ပေး လာဒ်ယူမူတွေ အများအပြားမှာလည်း ပါဝင်ပတ်သက်နေတယ်။။ စစ်တွေမြို့ပေါ်က ပြည်သူပိုင် မြေကွက် တစ်ခုကို သူ့ဇနီး နာမည် ဖေါက်ပြီး ရောင်းစားလိုက်တယ်။ ဘယ်သူမှ သူ့ကို မပြောရဲကြဘူး။ ခုလို ပြည်သူပိုင် အိမ်ကွက်ကို ရောင်းစားတာကို အစိုးရ အဖွဲ့ဝင် လူကြီးတွေ သိပေမယ့် မပြောရဲကြဘူး" ဟု အစိုးရ အရာရှိကြီးက ပြောသည်။

ဦးဇော်သိန်းမှ ဇနီး နာမည် ဖေါက်ပြီး ရောင်းစားလိုက်သော မြေကွက်မှာ အမှတ်(၁၅)၊ ကျေးပင်တန်း အကွက်၊ အုပ်စု (၄၂) ၊ မြို့မ မြောက် အုပ်စု၊ စစ်တွေမြို့ ဖြစ်သည်။

"အခု အဲဒီမြေအကွက်မှာ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပိုင်သွားပြီ ဖြစ်တယ်။ သူ့ကို ဦးဇော်သိန်းက ဘယ်လောက်နဲ့ ရောင်းတယ်ဆိုတာတော့ စုံစမ်းလို့ မရသေးဘူး။ ပြောနေကြတာက ကျပ်သိန်း ၂၀၀ ၀န်းကျင်နဲ့ ရောင်းတယ်လို့ သိရပါတယ်။ ဦးဇော်သိန်းရဲ့ ဇနီးအမည်နဲ့ မြေကွက်ကို ရောင်းလိုက်တယ်လို့ သိရပါတယ်" ဟု သူက ဆက် ပြောသည်။

ဦးဇော်သိန်းသည် ရခိုင်ပြည်နယ် အတွင်းရှိ စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်သော ပါမစ်များ အားလုံးကို သူတစ်ယောက်တည်းက ချုပ်ကိုင်ထားပြီး ရခိုင် ပြည်နယ် ၀န်ကြီးချုပ်ကိုယ်စား လက်မှတ် ရေးထိုးကာ ပါမစ်များကို ခွင့်ပြုနေကြောင်း သိရသည်။

ဦးဇော်သိန်းသည် သစ်ပါမစ်၊ သယ်ယူပို့ဆောင်ရေး ပါမစ်က အစ နွားပါမစ်ထိ ကိုင်ထားပြီး စစ်တွေမှ နွားသတ် လိုင်စင်များကို တာဝန်ယူ လိုင်စင်ချပေးရသူ ဖြစ်သဖြင့် နွားလိုင်စင် ရသူများနှင့် အထူး ရင်းနှီးသူ ဖြစ်ကာ ရခိုင်ပြည်နယ်တွင် အထူးသောင်းကျန်းနေသော နွားခိုးဂိုဏ်းများမှလည်း ဆက်စပ်မူ ရှိကာ ချယ်ယာများ ရယူနေသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။
http://www.narinjara.com/detailsbur.asp?id=3783

၈၈ မျိုးဆက်ခေါင်းဆောင်တွေရဲ့  အနာဂတ် နိုင်ငံရေးခြေလှမ်း



တနင်္ဂနွေ, 05 ဖေဖော်ဝါရီ 2012
By ဦးစံမိုးဝေ


ဓာတ်ပုံ ASSOCIATED PRESS

ဓါတ်ပုံမှတ်တမ်း ။ ။ ၈၈ မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်များ - ကိုကိုကြီး၊ မင်းကိုနိုင်၊ ဌေးကြွယ် တို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှု။ မေ ၂၇၊ ၂၀၀၇ (AP Photo/File)

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့  ရှေ့ ဆက်မယ့် နိုင်ငံရေးခရီးစဉ်နဲ့ ပတ်သက်ပြီး ဦးစံမိုးဝေ က ဇန်နဝါရီ ၁၃ ရက်နေ့ကမှ ဘူးသီးတောင် အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် နဲ့ မေးမြန်းဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ဦးစံမိုးဝေ ။ ။ တချို့ က အသက်အရွယ်နဲ့ အတွေ့အကြုံ ရင့်ကျက်လာပြီဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေကို ပါတီနိုင်ငံရေးလောကထဲကို ဝင်ရောက်ပြီးတော့ မြန်မာ့အရေးကို ထဲထဲဝင်ဝင် ပါဝင်လုပ်ကိုင်စေချင်ကြပါတယ်။ တချို့ ကြတော့လည်း activist အနေနဲ့ နေထိုင်ပြီးတော့ အပြင်ဘက်ကနေ ရံပေးတာကို သဘောကျတယ်၊ ပိုပြီးတော့ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရတယ်ဆိုတဲ့ အမြင်နှစ်ခု ဖြစ်ပေါ်နေပါတယ်။ ကာယကံရှင်တွေရဲ့  သဘောထားကို သိရအောင် မကြာခင်ကပဲ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရကနေ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ရှစ်ဆယ့်ရှစ် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်ကို မေးမြန်းကြည့်ခဲ့ပါတယ်။
ကိုဌေးကြွယ် ။ ။ ကျနော်တို့ နိုင်ငံမှက သမိုင်းကြောင်း တောက်လျှောက်ကိုက နိုင်ငံရေးသမားဆိုတာကို ပုံစံဖျက်ခဲ့တော့ နိုင်ငံရေးသမားဆိုတာက မသန့်စင်သလိုလို၊ နိုင်ငံရေးလုပ်လို့ရှိရင်လျှင် ပုံသဏ္ဍာန်တမျိုး။ နှစ်ပေါင်းများစွာ နိုင်ငံရေးသမားတွေဆိုရင် ကွဲမယ်ပြဲမယ် ညစ်ပတ်မယ်ဆိုတဲ့ ပုံသဏ္ဍာန်မျိုးတွေနဲ့ လူထုမီဒီယာတွေကတဆင့် နှစ်ပေါင်းများစွာ ဝါဒဖြန့်ခြင်းကို ခံခဲ့ရတော့ နိုင်ငံရေးထဲမှာ တကယ့် လူတွေ ပါမလာတော့ဘူး။ ဗိုလ်ချုပ်တို့ခေတ်တုန်းမှာက တကယ့် ပညာတတ်လူငယ်တွေ နိုင်ငံရေးထဲမှာ ပါလာခဲ့သေးတယ်။ အခုနောက်ပိုင်းမှာ နိုင်ငံရေးဆိုတာကို ကိုယ့်နဲ့မဆိုင်သလိုလို၊ နိုင်ငံရေး လုပ်လို့ရှိရင်ပဲ သန့်စင်မှု လျော့ကျသွားသလိုလို စသဖြင့် တန်ဖိုးထားမှုတွေ ပြောင်းလဲလာခဲ့တယ်။ ကျနော်တို့ လူ့အဖွဲ့အစည်းက ဒီမိုကရေစီကို တည်ဆောက်မယ်ဆိုလို့ရှိရင် နိုင်ငံရေးသမားကောင်းတွေကို တန်းဖိုးထားတတ်တဲ့ တန်းဖိုးတခုကို ပြန်လည်တည်ဆောက်ရပါမယ်။ အခု ကျနော်တို့ ၈၈ ကို ကျနော်တို့တတွေက ၁၉၈၈ ကတည်းက မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုမှာ အားလုံး ဝိုင်းဝန်ပြီးတော့ ပါလာခဲ့ကြတယ်။ အာဏာအတွက် ကျနော်တို့ ရည်ရွယ်ကြခြင်း မဟုတ်ဘူး။ အာဏာကို မရည်ရွယ်ဘဲနဲ့ တိုင်းပြည်ရဲ့  ပြုပြင်ပြောင်းလဲရေးကိုပဲ ရပ်တည်စေချင်တယ့် လူထုရဲ့  ချစ်ခင်မှု၊ ဒါကိုလည်း ကျနော်တို့ နားလည်းပါတယ်။ ကျနော်တို့သိတယ်။ အဲဒီတော့ ၈၈ ကို ဘယ်လိုမျှော်လင့်သလဲ။ မျှော်လင့်ချက် နှစ်မျိုးစလုံး ဖြစ်နိုင်ပါတယ်။ ဒုတိယ မျှော်လင့်ချက်ဖြစ်တဲ့ နိုင်ငံရေးပါတီအဖြစ် ရပ်တည်မှုကို တချို့ ရဲ့  မျှော်လင့်ချက်ကိုလည်း ကျနော်တို့ သိပါတယ်။ အဲဒီတော့ ကျနော်တို့က နိုင်ငံရေးကို အဓိပ္ပါယ်ပြန်ဖွဲ့ချင်တယ်။ အဲဒါကတော့ ကျနော်တို့ ဖြစ်စေချင်တဲ့ နိုင်ငံရေးဆိုတာ မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ဒီမိုကရေစီကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်တခုတည်း။  ဒီ ရည်မှန်းချက်တခုတည်းနဲ့ ကျနော်တို့ လုပ်ဆောင်နေကြခြင်း ဖြစ်တဲ့အတွက် ၈၈ မျိုးဆက်တွေဟာ ကဏ္ဍအသီးသီး၊ နေရာအသီးသီးကနေ တာဝန်ယူပါလိမ့်မယ်။ ပြီးတော့ ကျနော်တို့ တိုင်းပြည်အတွက် ကိုယ့်ရဲ့  လူမျိုးအတွက် အစွမ်းကုန် ကြိုးစားသွားကြလိမ့်မယ်ဆိုတာတော့ သေချာပါတယ်။
ဦးစံမိုးဝေ ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေကြားထဲမှာ အတွေးအခေါ်၊ အယူအဆ နှစ်မျိုး ကွဲနေတယ်လို့ သိရတယ်။ အဲဒါ ဟုတ်ပါသလား။
ကိုဌေးကြွယ် ။ ။ ကွဲနေတဲ့ သဘောတော့ မဟုတ်ပါဘူး။ ကျနော်တို့ အားသာချက်၊ အားသာရာ ကိုယ့်ရဲ့  စိတ်အားထက်သန်ရာ ရည်မှန်းချက်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဒါဟာ ကွဲပြားခြင်း မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့  နိုင်ငံရေးဆိုတဲ့ဟာက မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီ ဖော်ဆောင်ရေးပါ။ ဒါဟာ နိုင်ငံရေး၊ စီးပွားရေး၊ လှုမှုရေး ကဏ္ဍအသီးသီးကနေ ဝိုင်းဝန်ဖော်ဆောင်ရမယ့် ကိစ္စပါ။
ဦးစံမိုးဝေ ။ ။ တိုင်းပြည်အတွက် နိုင်ငံရေးလုပ်တယ်ဆိုတဲ့နေရာမှာ အာဏာကို ရယူနိုင်အောင် ကြိုးပမ်းပြီးတော့ အာဏာရတဲ့အခါမှာ ကိုယ်ယုံကြည်သလို ကိုယ်ဖြစ်ချင်သလို ဆန္ဒအတိုင်း နိုင်ငံကို ပုံဖော်ယူခြင်းဖြစ်တယ်ဆိုတဲ့ အယူအဆပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ကိုဌေးကြွယ် ။ ။ လူထုရဲ့  ထောက်ခံမှုနဲ့ ရယူတဲ့ အာဏာဆိုတဲ့ဟာက တာဝန်ပါ။ ဒီ တာဝန်ကို လူထုက ပေးအပ်တယ်ဆိုလို့ရှိရင် ဒီ တာဝန်ကို ကျေပြွန်အောင် ထမ်းဆောင်ခဲ့တဲ့ အစိုးရကောင်းတွေ မြန်မာနိုင်ငံမှာ ပေါ်ထွန်းဖို့ လိုအပ်ပါတယ်။ ကျနော်တို့တတွေဟာ တချိန်တုန်းက ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလိုပဲ မာတိကာဆယ်ပြီးတော့ ကြည့်လိုက်ပါ။ ရာဇဝင်မှာ အဆဲခံမယ့် လူတွေမဟုတ်ဘူးဆိုတဲ့ ပုံစံမျိုးကို ကျနော်တို့ ပိုပြီး သဘောကျပါတယ်။ အဲဒီတော့ အာဏာရရေး၊ မရရေးထက် ကျနော်တို့ ဘယ်တာဝန်မှာ ဘယ်လောက် အကောင်းဆုံး လုပ်နိုင်မလဲ။ တိုင်းပြည်မှာ နေရာကဏ္ဍ ပေါင်းစုံကနေ လိုအပ်နေပါတယ်။ အဲဒီ လိုအပ်တဲ့ ကဏ္ဍအသီးသီးကို ဒီဘက်မျိုးဆက်ကြီး တခုလုံးကနေ ဖြည့်စည်းဆောင်ရွက်သွားနိုင်ဖို့ကိုပဲ ကျနော်တို့ ပြင်ဆင်ဖို့ စိတ်ကူးရှိပါတယ်။
ဦးစံမိုးဝေ ။ ။ ၈၈ ကျောင်းသားတွေရဲ့  သဘောထား ထုတ်ပြန်ချက်ထဲမှာ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ တပ်မတော် အပါအဝင် အင်အားစုတွေနဲ့ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ ပူးပေါင်းဆောင်ရွက်မယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒီနေရာမှာ မေးချင်တာက လက်ရှိ အစိုးရခေါင်းဆောင်တွေနဲ့ တပ်မတော်ဆိုတာ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ ခင်များတို့ရဲ့  လုပ်ဖော်ကိုင်ဖက်တွေ၊ လူမှုရေးလုပ်သူတွေ၊ သံဃာတော်တွေကို နှစ်ရှည်အကျဉ်းချတာကအစ အမျိုးမျိုး ဒုက္ခပေးခဲ့ဘူးတဲ့ ရာဇဝင်က ရှိနေတော့ အဲဒီလူတွေ၊ အဲဒီ အဖွဲ့အစည်းတွေနဲ့ တကယ်တမ်း လက်တွဲပူးပေါင်း ဆောင်ရွက်လို့ ဖြစ်နိုင်ပါ့မလား။
ကိုဌေးကြွယ် ။ ။ အထူးသဖြင့် ကျနော်တို့ လူ့အဖွဲ့အစည်းအတွင်းမှာ ပျောက်ဆုံးနေတာကတော့ ယုံကြည်မှုပေါ့။ ဒီ ယုံကြည်မှု ပျောက်ဆုံးပြီဆိုရင် ကျနော်တို့ ဘာမှလုပ်ကိုင်လို့ မရတော့ပါဘူး။ အဲဒီတော့ ယုံကြည်မှုတွေကို ကျနော်တို့ ပြန်လည်တည်ဆောက်ရမယ်။ တန်းဖိုးတွေ ဒီ ယုံကြည်မှု တန်းဖိုးတွေ။ ပြီးတော့ ကျနော်တို့ လူ့အဖွဲ့အစည်းအတွင်းမှာ လူမျိုးထဲမှာ မြန်မာနိုင်ငံသားတွေအတွင်းမှာ အပိုင်းပိုင်း ကွဲပြားနေတဲ့ သမိုင်းဆိုင်ရာ သွေးကွဲမှုတွေ။ ဒီ သွေးကွဲမှုတွေကို ကျနော်တို့ ပြန်လည်စုစည်းဖို့ လိုအပ်ပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုပြီး ကျနော်တို့ ပြောနေတာ စကားလုံး မဟုတ်ပါဘူး။ မြန်မာနိုင်ငံ သမိုင်းတောက်လျှောက်လုံးမှာ ကွဲပြားခဲ့တဲ့ တိုင်းရင်းသားတွေကြား၊ အစိုးရနဲ့ ပြည်သူတွေကြား ယုံကြည်မှုတွေ ပျောက်ဆုံးသွားခဲ့တဲ့ တန်းဖိုးတွေကို ကျနော်တို့ ပြန်လည်တည်ဆောက်ဖို့ လိုပါတယ်။ ဒါဟာ ကဏ္ဍပေါင်းစုံ အသီးသီးကနေ ဝိုင်းဝန်ပြီးတော့ ဖြည့်စည်းပေးရမယ့်ကိစ္စပါ။ ကျနော်တို့ပဲ လုပ်လို့မရဘူး။ လက်ရှိ အာဏာကို စွဲကိုင်ကျင့်သုံးနေကြတဲ့ အစိုးရလည်း ပါဝင်ရမယ်။ ပြီးတော့ တပ်မတော်လည်း ပါဝင်ရပါမယ်။ တိုင်းရင်းသားတွေလည်း ပါဝင်ရပါမယ်။ ဒီလိုပဲ လူ့အဖွဲ့အစည်းတရပ်လုံးက ပါဝင်ရပါလိမ့်မယ်။ အဲဒါဟာ အမျိုးသားပြန်လည် သင့်မြတ်ရေး။ ကျနော်တို့ တမျိုးသားလုံး သွေးစည်းတဲ့ ညီညွှတ်တဲ့ မြန်မာနိုင်ငံသစ်တခုကို တည်ထောင်ဖို့ ကြိုးစားခြင်းပါ။ ဒီတော့ ကျနော်တို့ သမိုင်းမှာ မှားယွင်းတဲ့ စနစ်တခု တည်လာခဲ့ပြီဆိုရင် ဒီ မှားယွင်းတဲ့ ဒဏ်ကို ဓားစာခံအဖြစ် ခံယူကြရစမြဲပါ။ ကျနော်တို့ရဲ့  ညီအကိုတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ သေဆုံးကုန်ခဲ့တာတွေ၊ ဘဝတွေ အပိုင်းပိုင်း ကျိုးကြဲခဲ့တာတွေ ကျနော်တို့ မျက်စိရှေ့ မှာပဲ တွေ့ခဲ့ရတယ်။ ကျနော်တို့ကိုယ်တိုင်လည်း ခံစားခဲ့ရတယ်။ ဒါပေမဲ့လို့ ဒီလို ရန်ညိုးတွေ၊ ဂလဲ့စားချေခြင်းတွေ၊ လက်စားချေခြင်းတွေ ဆိုတာတွေက ကျနော်တို့ နိုင်ငံအတွက် ထောင်ချက်တခုပဲလို့ မြင်ပါတယ်။ ဒီလို လက်စားချေပြီးတော့ သွားလို့မရတော့ပါဘူး။ ဒါပေမဲ့လို့ အနာဂတ်ကို မျက်နှာမူပြီးတော့ သွားမယ်။ ဒီ အမှောင်ခေတ်တခေတ်မှာ မြန်မာတနိုင်ငံလုံး ကြုံခဲ့ရတဲ့ အမှောင်ခေတ်ကို သမိုင်းက အမှတ်ရနေမယ်လို့ ပြောချင်ပါတယ်။
ဦးစံမိုးဝေ ။ ။ လက်ရှိ မြန်မာနိုင်ငံအတွင်းက ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ကို နိုင်ငံတကာဘက်က အကောင်းမြင်တာက လိုတာထက် ပိုနေတယ်လို့ သုံးသပ်တာတွေ ကြားနေရပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
ကိုဌေးကြွယ် ။ ။ နိုင်ငံတကာနဲ့ ကျနော်တို့ ပိုပြီးတော့ ရင်းရင်းနှီးနှီး ဆက်ဆံဖို့ လိုအပ်နေပါပြီ။ ဒီအချိန်မှာ မြန်မာနိုင်ငံရဲ့  ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာကနေ အကောင်းမြင် ပုံစံနဲ့ ချဉ်းကပ်တယ်ဆိုတာကိုလည်း ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမဲ့လို့ အဲဒီ ကြိုဆိုမှုက မြန်မာနိုင်ငံသားအားလုံးအတွက်ပဲ ဖြစ်စေချင်ပါတယ်။ မြန်မာနိုင်ငံသားအားလုံးအတွက် မဟုတ်ဘဲနဲ့ အာဏာကို စွဲကိုင်ထားတဲ့ လူတစုအတွက်ဆိုလို့ရှိရင်တော့ ဒါဟာ မြန်မာနိုင်ငံကို ချစ်ကြည်ရင်းနှီရာ ကောင်းကျိုးကို ဖော်ဆောင်ရာ မရောက်ဘဲနဲ့ သမိုင်းကို တဖန်ပြန်သွားနိုင်စရာအကြောင်းတွေ ရှိပါတယ်။ အဲဒီကြတော့ ကျနော်တို့ဟာ နိုင်ငံတကာရဲ့  ချစ်ကြည်ရင်းနှီမှုကို လိုချင်တယ်။ ယုံကြည်မှုကိုလည်း လိုချင်တယ်။ အဲဒါမျိုးတွေ ရရှိအောင်လည်း ကျနော်တို့ဘက်က ဖြည့်စည်းဆောင်ရွက်ရမယ့် အချက်အလက်တွေလည်း ရှိပါတယ်။ ဒါဟာ အခု အုပ်ချုပ်ရေးတာဝန် ရှိတဲ့လူတွေဟာ အထူးကျင့်သုံးရမယ့်ကိစ္စလို့ ကျနော်တို့မြင်ပါတယ်။ အဲဒီကြတော့ နိုင်ငံတကာနဲ့ ကျနော်တို့ဟာ ကောင်းတဲ့ဘက်ကို အားလုံး ဝိုင်းဝန်ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားနိုင်ဖို့၊ ကောင်းတဲ့ဘက်ကို အမြန်ဆုံး ရောက်နိုင်ဖို့ နိုင်ငံတကာရဲ့  အကူအညီလည်း လိုအပ်သလို။ ပြည်တွင်းက တကယ် ပြုပြင်ပြောင်းလဲနိုင်ဖို့ ထင်သာမြင်သာရှိဖို့ ဒါတွေဟာ မရှိမဖြစ် လိုအပ်ပါတယ်။
ဦးစံမိုးဝေ ။ ။ မြန်မာနိုင်ငံမှာ ကျောင်းသားတွေရဲ့  လှုပ်ရှားမှု၊ တိုင်းပြည်အတွက် အနှစ်နာခံမှု၊ ကိုယ်ကျိုးစွန့်မှု စတဲ့အခန်းကဏ္ဍတွေဟာ အစဉ်အလာ ကြီးမားခဲ့ပါတယ်။ လက်ရှိ အခြေအနေအပေါ် ကျောင်းသားခေါင်းဆောင် တယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ကိုဌေးကြွယ် ။ ။ မြန်မာနိုင်ငံရဲ့  သမိုင်းကို ပြောလို့ရှိရင် ကျောင်းသားတွေရဲ့  သမိုင်းလို့တောင် ပြောလို့ရပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့  သမိုင်းမှာ မြန်မာနိုင်ငံရဲ့  အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ။ အဲဒီနောက်ပိုင်းမှာ ပေါ်ထွန်းလာခဲ့တဲ့ တပ်မတော်။ အားလုံးဟာ ကျောင်းသားတွေကပဲ လာခဲ့ကြတာပါ။ ဒီလိုပဲ ကျနော်တို့တတွေဟာ သမိုင်းမှာ ကြုံခဲ့ရတဲ့ မဆလ တပါတီစနစ်ကိုလည်း ဖျက်ခဲ့တာ၊ ကျော်ဖြတ်နိုင်ခဲ့တာလည်း ကျောင်းသားတွေ ပါဝင်မှုပါပဲ။ အဲဒီကြတော့ ကျောင်းသားတွေဆိုတာထက် မြန်မာနိုင်ငံမှာ အမှန်တရားကို လိုလားတဲ့။ အမှန်တရားကို မြတ်နိုးတဲ့ လူငယ်မျိုးဆက်တွေ၊ ကျောင်းသားမျိုးဆက်တွေဟာ ဘယ်တော့မှ ဆုံးမယ့်ကိစ္စလည်း မဟုတ်ပါဘူး။ အမြဲတမ်း လှိုင်းတွေလိုမျိုး အသစ်သစ် ပြန်လည်ပြီးတော့ မွေးဖွါးနေမယ့် မျိုးဆက်တွေပါ။
ဦးစံမိုးဝေ ။ ။ နောက်ထပ် သိချင်တာက ဒီကနေ့ လက်ရှိ လူငယ်ကျောင်းသားတွေရဲ့  နိုင်ငံရေး နိုးကြားမှုအပေါ် မြင်တဲ့အမြင်ပါ။
ကိုဌေးကြွယ် ။ ။ ယနေ့ခေတ် ကျောင်းသားလူငယ်တွေဟာ သူတို့ခေတ်ကြီးဟာ သူတို့ ပြန်ဖြတ်သန်းနေတဲ့ ခေတ်ကြီးက အင်မတန် မြန်ဆန်လွန်ပါတယ်။ ကျနော်တို့တုန်းက လူထုဆက်ဆံရေး မီဒီယာဆိုတဲ့ဟာကလည်း ဒီလောက်ကြီး အားမကောင်းသေးပါဘူး။ အခု ဒီကနေ့ ခေတ်မှာဆိုလို့ရှိရင် Facebook, Twitter လိုမျိုး အင်တာနက် လူထုဆက်သွယ်ရေး မီဒိယာတွေ အရမ်းမြန်ဆန်နေတဲ့ ကာလပါ။ ကျနော်တို့ လူငယ်တွေကို ကျနော်တို့ အထင်မသေးပါဘူး။ ကျနော်တို့ အများကြီး ပိုပြီးမျှော်လင့်ပါတယ်။ ကျနော်တို့ ခေတ်ထက်ကို ပိုပြီးတော့ ထက်မြက်တဲ့ စွမ်းဆောင်ရည်မျိုး မြင့်မားတဲ့ လူငယ်တွေ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ ဖြတ်သန်းနေတဲ့ ခေတ်က သူတို့ကို ပြဌာန်းပေးထားတဲ့ ပြဌာန်းချက်က အရည်အချင်းတွေနဲ့ ဖြတ်သန်းဖို့ပါ။ အဲဒီတော့ တခုပဲ ကျနော်တို့ ပြောချင်ပါတယ်။ ဒီကနေ့ခေတ် လူငယ်တွေဟာ အနာဂတ်ကို ကိုယ်တယောက်တည်းသွားလို့ မရဘူးဆိုတဲ့ စိတ်ကို ထားကြည့်ဖို့ပါ။ ကိုယ်တယောက်တည်းနဲ့ အနာဂတ်ကို တည်ဆောက်လို့ မရပါဘူး။ ကျနော်တို့ အနာဂတ်ကို တည်ဆောက်မယ်။ ဝိုင်းဝန်ပြီးတော့ တည်ဆောက်မယ်။ ကိုယ့်အတွက်ကြီးပဲ တည်ဆောက်ထားတဲ့ အနာဂတ်ဟာလည်း မခိုင်မြဲနိုင်ပါဘူး။ ကျနော်တို့ တတိုင်းငံသား နိုင်ငံသားအားလုံး ဒီကနေ့ လူငယ်တွေရဲ့  အနာဂတ်ကို ဒီကနေ့ လူငယ်တွေကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ပြီးတော့ ဆောင်ရွက်ရမှာပါ။ တခွန်းတည်းပြောရရင်တော့ ကျနော် ယုံကြည်ပါတယ်။ ကနေ့ခေတ် ကျောင်းသားတွေ၊ လူငယ်တွေဟာ အမှန်တရားကို မြတ်နိုးတဲ့ နေရာမှာ၊ စွမ်းဆောင်ရည် ထက်မြက်တဲ့နေရာမှာ ကျနော်တို့ထက် သာရင်လည်းသာပါမယ်။ မညံ့ဘူးလို့ပဲ ယုံကြည်ပါတယ်။
ဦးစံမိုးဝေ ။ ။ မကြာခင်ကပဲ ဘူးသီးတောင် အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် နဲ့ မေးမြန်းဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
 http://www.voanews.com/burmese/news/democracy-forum/burma_forum_02-05-2012-138750134.html

ရင်းနှီးမြုပ်နှံမှု ဥပဒေအရ အကာအကွယ်ပေးမှု မြန်မာ အားနည်းလွန်း

ဗုဒ္ဓဟူး, 08 ဖေဖော်ဝါရီ 2012
By သားညွန့်ဦး | ၀ါရှင်တန် ဒီစီ

မြန်မာနိုင်ငံဟာ ရင်းနှီးမြုပ်နှံမှုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ဥပဒေအရ အကာအကွယ်ပေးမှု အနည်းဆုံး နိုင်ငံတနိုင်ငံဖြစ်တယ်လို့ အင်္ဂလန်အခြေစိုက် Maplecroft စီးပွားရေးလုပ်ငန်းများဆိုင်ရာ သုတေသနအဖွဲ့တခုရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ ရှိပြီးသားဖြစ်ပြီး၊ ဒီ ဥပဒေတွေကို လက်တွေ့အကောင်အထည်ဖော်မှုပိုင်း အားနည်းချက်သာ ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တဦးကတော့ သုံးသပ်ပြပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

ကမ္ဘာနိုင်ငံပေါင်း ၁၉၇ ခုနှစ်ကို လေ့လာထားတဲ့ Maplecroft သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာထဲ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေအပေါ် အကာအကွယ်ပေးမှု အား အနည်းဆုံး နိုင်ငံတွေထဲမှာ ရေနံနဲ့သဘာဝဓါတ်ငွေပေါကြွယ်တဲ့ မြန်မာ၊ တောင်ဆူဒန်၊ Turkmenistan လစ်ဗျား၊ အင်ဂိုလာနဲ့ အီရတ်နိုင်ငံတို့ စာရင်းထဲ ပါဝင်နေတာတွေ့ရပါတယ်။

စီးပွားရေးလုပ်ငန်းတွေအတွက် အန္တရာယ်များတဲ့ ဥပဒေစိုးမိုးမှုအားနည်းတဲ့အခြေအနေကို အဓိကဇောင်းပေး ဖော်ပြတဲ့ အစီရင်ခံစာဖြစ်ပါတယ်။ မြန်မာအပါအ၀င် အဲဒီလို ဥပဒေစိုးမိုးမှုအားနည်းတဲ့ နိုင်ငံတွေမှာ ရင်းနှီးမြုပ်နှံကြမယ့် အဖွဲ့အစည်းတွေ လုပ်ငန်းတွေအဖို့ အတော်လေး သတိထားရမယ့် အခြေအနေဖြစ်တယ်လို့ အစီရင်ခံစာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံတွင်းမှာ ရင်းနှီးမြုပ်နှံမှုဥပဒေရှိပြီးသားဖြစ်ပြီး၊ အဲဒီအပေါ်မှာ ဥပဒေစိုးမိုးမှု ကင်းမဲ့နေတာဟာ အဓိကပြဿနာဖြစ်တယ်လို့ စီးပွားရေးစီမံခန့်ခွဲပညာရပ်ဆိုင်ရာ မဟာဘွဲရ၊ လက်ရှိလည်း လုပ်ငန်းရှင်တဦးဖြစ်သူ ဦးမင်းခင်က ပြောပါတယ်။ လက်ရှိ နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းအများစုကို တရားဝင်ဘောင်အတွင်း လုပ်နိုင်ကိုင်နိုင်ခွင့် ယှဉ်ပြိုင်နိုင်ခွင့် ရှိဖို့ အခြေအနေလိုမယ်လို့ သူက ထောက်ပြပါတယ်။

“ရှိထားတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေနဲ့ တည်ဆဲဥပဒေအရတော့ အထိုက်အလျောက်ကာကွယ်မှုက နဂိုလ်ကတည်းက ရှိပြီးသားပဲ။ အဲဒါတွေကို လက်တွေ့ကျင့်သုံးပြီး အကာအကွယ်မပေးနိုင်တာက တကယ့်ပြဿနာလို့ ထင်တယ်။ တတိုင်းပြည်လုံးမှာလည်း ယေဘူယျ ဥပဒေစိုးမိုးမှု အားနည်းလာတာ တောက်လျှောက်ဖြစ်လာခဲ့တယ်လေ။ အဲဒါတွေရဲ့ သက်ရောက်မှုရှိတယ်။ နောက်တခု လက်တွေ့စီးပွားရေးလုပ်တဲ့အခါမှာ စီးပွားရေးလုပ်ရခက်တဲ့ ကိစ္စတွေပေါ့၊ မလိုလားအပ်တဲ့ စရိတ်စကတွေ အရမ်းများပြီးတော့ လုပ်ငန်းတွေ လုပ်ရကိုင်ရ ခက်လာတာ၊ legally သွားလို့ မရတာတွေ၊ ပိုပြီး များလာတာပေါ့။ အဲဒါတွေက အခက်အခဲတွေဖြစ်လာတယ်။ အဲလိုဖြစ်လာတော့ ဒါတွေကို ရှောင်နိုင်တဲ့ နည်းလမ်းတွေ ရှာလာကြာတာတွေလည်းရှိတယ်။ ပိုပြီးတော့ legally ဥပဒေကြောင်းအရ အကာအကွယ်ပေးဖို့ ခက်လာတဲ့ အကြောင်းရပ်တွေလည်း ရှိလာပါတယ်။”

စီးပွားရေးဆောင်းပါးရှင် ခင်မောင်ညို(ဘောဂဗေဒ)ကတော့ စီးပွားရေးလုပ်ငန်းတွေကို အကာအကွယ်ပေးနိုင်တဲ ဥပဒေပြောရင် အခြေခံကအစ ပြောင်းလဲစရာတွေ အတော်များများရှိနေသေးတယ်လို့ မြင်ပါတယ်။

“အခြေခံကစပြောရမှာပဲ။ တကယ်တမ်း ဒီမှာက ပုဂ္ဂလိကပိုင်ဆိုင်မှုဆိုတာလည်း ပြောရမှာခက်တယ်။ အချို့နေရာတွေမှာ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ကိုက မရှိဘူး။ ဥပမာပြောရရင် စိုက်ပျိုးရေးဆိုရင် ကိုယ်စိုက်ချင်ရာစိုက်မယ် ကိုယ်ရောင်းချင်တဲ့သူကို ရောင်းမယ် ၀ယ်ချင်တဲ့သူ ၀ယ်မယ်ပေါ့ ဒါမျိုးလေးတွေကအစ ဒီမှာတော့မရှိဘူး။ အခြေခံမှာကိုက အတော်လေး လိုသေးတာပေါ့။ လယ်ယာမြေ ပိုင်ဆိုင်ခွင့်တောင် ရှိသေးတာမဟုတ်ဘူးလေ။”

မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူတာတွေ ဖယ်ရှားပြီး၊ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေ ၀င်ရောက်ခွင့်ရဖို့အတွက် လက်ရှိ အစိုးရသစ်နဲ့ ပြုပြင်ပြောင်းလဲလိုသူတွေက လိုလားနေတာပါ။ မြန်မာအာဏာပိုင်တွေအနေနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေကို အခွင့်အရေးတွေ မက်လုံးတွေပေးပြီး စည်းရုံးတာမျိုးရှိပေမယ့်၊ တကယ်တမ်း ကိုယ့်အတွင်းက ပြင်ဆင်စရာတွေကို ဦးစွာဆောင်ရွက်ဖို့လိုမယ်လို့ ဦးမင်းခင်ကတော့ မြင်ပါတယ်။

“ဒီနေ့အထိက ဥပဒေစိုးမိုးရေး ဥပဒေအရ တရားဝင် လုပ်တဲ့ကိုင်တဲ့သူတွေကို အကာအကွယ်ပေးရေး တရားသဖြင့် ယှဉ်ပြိုင်ပြီး လုပ်နိုင်ရေးပေါ့ဗျာ၊ အဲဒါတွေ တဖက်က ရှိဖို့လိုတယ်။ ပြီးတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံတဲ့သူတွေတင် မကဘူးပေါ့၊ စီးပွားရေးကို တရားသဖြင့် မှန်မှန်ကန်ကန် လုပ်တဲ့သူတွေကို သက်ဆိုင်ရာဌာနတွေက တာဝန်ခံနိုင်တဲ့ responsiblity accountability ရှိရှိ ဆောင်ရွက်ပေးနိုင်ဖို့လိုတယ်။ အဲဒါတွေ မရှိပဲ အခုနကလို အခွင့်အရေးတွေ ပေးလည်းပဲ၊ တကယ့် စီးပွားရေးလုပ်ငန်းကြီးတွေ အားကိုးလောက်တဲ့ ရင်းနှီးမြုပ်နှံမှုတွေ လာဖို့ သိပ်မလွယ်သေးဘူး။ အဲဒီအပိုင်းကိုလည်း အခုအထိ ထင်ထင်ရှားရှား မြင်ပုံမရသေးဘူးဗျ။”

Maplecroft အဖွဲ့ရဲ့ နှစ်စဉ်အစီရင်ခံစာ ငါးနှစ်တလျှောက်လုံးမှာ မြန်မာနိုင်ငံဟာ စီးပွားရေးလုပ်ငန်းတွေအတွက် စိတ်မချရတဲ့ ဥပဒေစိုမိုးမှုအနည်းဆုံး နိုင်ငံစာရင်းထိပ်ဆုံးမှာ ရှိနေခဲ့တာပါ။ မြန်မာအစိုးရဟာ မူဝါဒပိုင်းဆိုင်ရာကို ချုပ်ကိုင်ထားပြီး တရားရေးဆိုင်ရာကိစ္စရပ်တွေမှာ ၀င်ရောက်စွတ်ဖက်မှုရှိတယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။

ဒါကြောင့် စီးပွားရေးလုပ်ငန်းအခြေအနေတွေ ရေရှည်တည်တံပြီး အားကောင်းလာဖို့ဆိုရင်တော့ တရားရေးဆိုင်ရာလွတ်လပ်ခွင့်ရှိဖို့၊ လုပ်ငန်းလုပ်ကိုင်ခွင့်ဆိုင်ရာ လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ ပိုပြီး ပွင့်လင်းမြင်သာဖို့အပါအ၀င် ဥပဒေစိုးမိုးမှုကိစ္စရပ်တွေမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေရှိလာဖို့ လိုမယ်လို့ အစီရင်ခံစာမှာ ထောက်ပြအကြံပေးထားပါတယ်။
http://www.voanews.com/burmese/news/02-08-2012-maplecroft-138935459.html

လှိုင်သာယာ ဆန္ဒပြအလုပ်သမား​များ​ကို အလုပ်ဖြုတ်မည်ဟု သတိ​ပေး


Published on February 8, 2012 by နေသွင်

လစာတိုး​ပေး​ရေး​ ​တောင်း​ဆိုဆန္ဒပြ​နေတဲ့​ အလုပ်သမား​တွေကို ဆက်ပြီး​ ဆန္ဒပြမယ်ဆိုရင် အလုပ်က ဖြုတ်ပစ်မယ်လို့​ အလုပ်ရှင်က သတိ​ပေး​လိုက်တဲ့​အတွက် မ​ကျေမနပ်ဖြစ်​နေကြပါတယ်။

ရန်ကုန်၊​ လှိုင်သာယာစက်မှုဇုန်ထဲက တရုတ်လူမျိုး​တဦး​ပိုင်တဲ့​ တိုင်ရီ ဖိနပ်စက်ရုံက အလုပ်သမား​ ၂ ​ထောင်​ကျော်ဟာ လစာတိုး​ပေး​ဖို့​အပါအဝင်၊​ သူတို့​ရဲ့​ နစ်နာချက်​တွေရရှိ​ရေး​အတွက် ​ဖေ​ဖော်ဝါရီ ၆ ရက်​နေ့​ကစလို့​ သုံး​ရက်ဆက်တိုက် ဆန္ဒပြု​နေကြတာပါ။

ဒီ​နေ့​မှာ အလုပ်ရှင်ရဲ့​ ကိုယ်စား​လှယ်​ရောက်လာပြီး​ အလုပ်သမား​တွေရဲ့​ ​တောင်း​ဆိုချက်ကို မလိုက်​လျောနိုင်တဲ့​အ​ကြောင်း​၊​ ​နောက်ထပ် ၃ ရက် အလုပ်မရှင်း​ဘဲ ဆက်ဆန္ဒပြမယ်ဆိုရင် အလုပ်ဖြုတ်မယ်လို့​ သတိ​ပေး​သွား​တဲ့​အတွက် မ​ကျေမနပ်ဖြစ်​နေကြတာပါ။

ဆန္ဒပြပွဲကို သွား​ကြည့်​ခဲ့​တဲ့​ လူ့​အခွင့်​အ​ရေး​လှုပ်ရှား​သူ မစုစု​နွေး​က “အလုပ်ရှင်က ​နောက်ထပ် ၃ ရက်ထက်ပိုပြီး​ အလုပ်မဆင်း​ရင် အလုပ်ကထုတ်ခံရမယ်။ ​ကျွေး​တဲ့​လက်ကို ပြန်ကိုက်တယ်ဆိုပြီး​ ​ခွေး​နဲ့​နှိုင်း​ပြီး​ ​ပြောတယ်။ အလုပ်ရှင်က ခြိမ်း​ခြောက်တယ်ဆိုပြီး​တော့​ မခံမရပ်နိုင်ဖြစ်ပြီး​ အလုပ်ရှင်နဲ့​ အလုပ်သမား​ဦး​စီး​တွေ ရှင်း​ပေး​တာကို လက်မခံဘူး​ဆိုပြီး​ ​ဝေး​ဆိုပြီး​ ​အော်ပြီး​ အလုပ်ရုံအပြင်ကို ထွက်သွား​ကြတယ်။ အပြင်မှာ ဝိုင်း​အော်ကြပြီး​ အလုပ်ရှင်ကို ​ရေသန့်​ဘူး​တွေနဲ့​ ​ပေါက်တယ်။ အလုပ်ရုံကို ပိတ်​ပေး​ဖို့​၊​ မပိတ်​ပေး​ခဲ့​ရင် သူတို့​တောင်း​ဆိုတာ ​ပေး​ဖို့​ဆိုပြီး​ အလုပ်ရုံထဲမှာ စီတန်း​ပြီး​အော်​နေကြတယ်” လို့​ ​ပြောပါတယ်။

အလုပ်သမား​တွေက လခတိုး​ပေး​ရေး​နဲ့​ အလုပ်ချိန်​လျှော့​ပေး​ဖို့​၊​ အလုပ်သမား​တွေအချင်း​ချင်း​ကြား​မှာ အခွင့်​အ​ရေး​ တန်း​တူမ​ပေး​ဘဲ ခွဲခြား​ဆက်ဆံတာ၊​ အလုပ်စည်း​ကမ်း​တွေ တင်း​ကျပ် လွန်း​တာ​တွေကို ​လျှော့​ပေး​ဖို့​အပါအဝင် အချက် ၁၁ ချက်ကို ​တောင်း​ဆိုခဲ့​ကြပါတယ်။

မ​နေ့​ကစလို့​ စက်ရုံအဝင်အထွက် လမ်း​မ​တွေကို ရဲ​တွေက ပိတ်ထား​လိုက်ပါတယ်။ အလုပ်သမား​တွေက​တော့​ ​တောင်း​ဆိုချက်​တွေရတဲ့​အထိ ဆန္ဒပြသွား​မယ်လို့​ ​ပြောပါတယ်။

ဆန္ဒပြအလုပ်သမတဦး​က “ပုံမှန်လစာ ဆု​ကြေး​ပါတယ်။ အချိန်ပို​ကြေး​ပါတယ်။ တာဝန်​ကျေ​ကြေး​၊​ ရက်မှန်​ကြေး​၊​ အား​လုံး​ပေါင်း​မှ ​ခြောက်​သောင်း​ခွဲ​လောက် ရတယ်။ ပြီး​ခဲ့​တဲ့​ ဇန်နဝါရီလက ပိတ်ရက်က အမျိုး​မျိုး​ ၈- ၉ – ၁၀ ရက်ရှိတယ်။ အဲဒီပိတ်ရက်​တွေကို ဖြတ်ချလိုက်တယ်။ အဲဒါ​ကြောင့်​ အများ​ကြီး​ကွာသွား​တာ။ ၈ ​ထောင်၊​ ၉ ​ထောင်၊​ ၁ ​သောင်း​ အဲဒါမျိုး​ ဖြတ်ချသွား​တယ်” လို့​ ​ပြောပါတယ်။

ဒီစက်ရုံမှာ တ​နေ့​ အလုပ်ချိန် ၈ နာရီထက်ပိုခိုင်း​ရုံသာမက၊​ တနင်္ဂ​နွေနဲ့​ အစိုး​ရ ရုံး​ပိတ်ရက်​တွေအတွက်ပါ လခထဲက ဖြတ်တဲ့​အ​ပေါ်မှာ အလုပ်သမား​တွေက မ​ကျေမနပ်ဖြစ်​နေကြတာပါ။

ဆန္ဒပြ​ခေါင်း​ဆောင်တဦး​ကလည်း​ စက်ရုံထဲက အလုပ်သမား​တွေဟာ နှစ်​ပေါင်း​များ​စွာ ဥပ​ဒေချိုး​ဖောက်တာကို ခံ​နေရတယ်လို့​ ​ပြောပါတယ်။

“အဓိကကျတဲ့​ သူတို့​ရဲ့​ချိုး​ဖောက်မှုက ဒီစက်ရုံက ၁၅ နှစ်နီး​ပါး​ရှိပြီ။ ၁၅ နှစ်လုံး​မှာ ပိတ်ရက်​တွေကို အလုပ်သမား​ကို လုပ်ခလုံး​ဝမ​ပေး​bဲနဲ့​ ပစ်ထား​တယ်။ ၆ ရက်လုပ်မယ်၊​ တပတ်တရက် ပိတ်တယ်။. အဲဒီတရက်က အလုပ်လုပ်တယ်လို့​ သတ်မှတ်တယ်။ ဥပ​ဒေအရ၊​ ဒါ​ပေမယ့်​ အဲဒါကို မ​ပေး​ဘူး​၊​ နာရီ​ကြေး​နဲ့​ပေး​တယ်။ တနာရီ​ကြေး​နဲ့​ပဲ ​ပေး​သွား​တယ်။ တပတ်မှာ ၄၈ နာရီဆိုရင် ၄၈ နာရီခပဲ​ပေး​တယ်။ တနင်္ဂ​နွေခ လုံး​ဝမ​ပေး​ဘူး​။”

စက်ရုံမှာ မနှစ်တုန်း​ကလည်း​ အလား​တူ ဆန္ဒပြမှုဖြစ်ခဲ့​ပြီး​ သက်ဆိုင်ရာက ဝင်​ရောက် ​ဖြေရှင်း​ပေး​ခဲ့​ဖူး​ပါတယ်။

လူ့​အခွင့်​အ​ရေး​လှုပ်ရှား​သူ မစုစု​နွေး​က​တော့​ အလုပ်သမား​တွေရဲ့​ အခွင့်​အ​ရေး​တွေကို အကာအကာ​ပေး​နိုင်တဲ့​ အဖွဲ့​အစည်း​လိုအပ်​နေတဲ့​အ​ကြောင်း​ ​ပြောသွား​ပါတယ်။

“အစိုး​ရက မြို့​နယ်တိုင်း​ကို အလုပ်သမား​အဖွဲ့​တွေ ဖွဲ့​ထား​ပေး​တာ အလကား​ဖွဲ့​ပေး​ထား​တာ မဟုတ်ဘူး​။ အလုပ်သမား​တွေရဲ့​ အခွင့်​အ​ရေး​တွေကို ချိုး​ဖောက်ခံရတာကို ကာကွယ်​ပေး​ဖို့​ ဖွဲ့​စည်း​ပေး​ထား​တာ။ အခုလိုမျိုး​ စက်ရုံအလုပ်ရုံမှာ ဖြစ်ပျက်​နေတဲ့​ ပြဿနာအရပ်ရပ်ကို သူတို့​က စုံစမ်း​ရမယ်။ လဘ်​ပေး​လဘ်ယူ လုပ်ပြီး​ အလုပ်ရှင်​တွေဘက်က ကာကွယ်တာမျိုး​ မလုပ်ရဘူး​။ အလုပ်သမား​တွေအတွက်ကို တကယ့်​ သား​သမီး​အရင်း​လို၊​ မိသား​စု အရင်း​အချာလို သ​ဘောထား​ပြီး​တော့​ ကာကွယ်​ပေး​ဖို့​ လိုအပ်ပါတယ်။ အလုပ်သမား​တွေက သူတို့​မှာ မချိမဆံ့​ခံစား​ရလို့​ ရင်ထဲက​နေ ​ပေါက်ကွဲပြီး​ထွက်လာတာပါ။ အလုပ်ပြုတ်မှာတို့​၊​ ဒုက္ခ​ရောက်မှာတို့​ကို တအား​စိုး​ရိမ်ပါတယ်။ အခုလို ဆန္ဒပြ​တောင်း​ဆိုတာကလည်း​ သူတို့​ရင်ထဲမှာ နှစ်နဲ့​ချီပြီး​ ခံစား​ရတာ​တွေ ရင်ထဲမှာ မဆန့်​တော့​လို့​ ​ပေါက်ကွဲတာမျိုး​ ​ပေါ်လွင်​နေတယ်။”
http://burmese.dvb.no/archives/21013

Myanmar Movie Academy Award For 2010

CIA ညွှန်ကြားရေးမှူး မြန်မာနိုင်ငံ သွားရောက်ဖွယ်ရှိ

2012-02-07

အမေရိကန် ဗဟို စုံစမ်း ထောက်လှမ်းရေးအဖွဲ့ CIA ညွှန်ကြားရေးမှူး မစ္စတာ David Petraeus ဟာ ဒီနှစ်အတွင်း မြန်မာနိုင်ငံကို သွားရောက်ဖွယ် ရှိတယ်လို့ စီအိုင်အေ အရာရှိပိုင်းက ပြောဆိုကြောင်း နယူးယောက် တိုင်း သတင်းစာက ဖော်ပြလိုက်ပါတယ်။

မစ္စတာ Petraeus ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆူရာပေါင်နဲ့ တွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံကို သွားရောက်ရေး ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

ထိုင်း နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေကို ပြောဆိုရာမှာ စီအိုင်အေ ညွှန်ကြားရေးမှူး မစ္စတာ Petraeus ဟာ မြန်မာနိုင်ငံကို ကျိန်းသေ သွားရောက်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါ့ပြင် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မိမိကို ဒီနှစ်ကုန်ပိုင်းလောက်မှာ မြန်မာနိုင်ငံကို သွားရောက်ခိုင်းထားတယ်လို့ မစ္စတာ Petraeus က ထိုင်းအရာရှိတွေကို ပြောခဲ့ကြောင်း ဘန်ကောက်မြို့က အမည်မဖော်လိုသူ အမေရိကန် အရာရှိတစ်ဦးက နယူးယောက်တိုင်းကို အတည်ပြု ပြောဆိုပါတယ်။

ဘန်ကောက်မြို့ ချူလာလောင်ကွန် တက္ကသိုလ် အမေရိကန် လေ့လာရေး အစီအစဉ် ညွှန်ကြားရေးမှူး မစ္စတာ Robert Fitts ကတော့ စီအိုင်အေ ညွှန်ကြားရေးမှူး မစ္စတာ Petraeus ရဲ့ မြန်မာပြည် ခရီးဟာ နှစ်နိုင်ငံကြား ပိုပြီး အသေးစိတ် ကျကျ ဆွေးနွေး ညှိနှိုင်းမှုတွေနဲ့ ပိုပြီး အတွင်းကျကျ ပူးပေါင်း ဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာစေနိုင်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်အနေနဲ့ ဆောင်ရွက်ဖို့ မဖြစ်နိုင်တဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ထူထောင် လာနိုင်စရာရှိကြောင်း သုံးသပ် ပြောဆိုပါတယ်။
http://www.rfa.org/burmese/news/cia-burma-02072012203946.html

တရားဥပဒေ စိုးမိုးမှု အနည်းဆုံး ၁ဝ နိုင်ငံစာရင်းမှာ မြန်မာ ထိပ်ဆုံးကပါနေ



2012-02-08
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲ နေပြီဆိုပေမယ့် စီးပွားရေး ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြား ကုမ္ပဏီတွေကို ဥပဒေကြောင်းအရ ကာကွယ် စောင့်ရှောက်မှု အနည်းဆုံး နိုင်ငံအဖြစ် စီးပွားရေးရာ အစီရင်ခံစာ တစ်စောင်က ဖော်ပြလိုက်ပါတယ်။


RFA
ဗြိတိန်အခြေစိုက် Maplecroft အဖွဲ့ ၏ "၂ဝ၁၂ ခုနှစ် ဥပဒေ စိုးမိုးမှုညွှန်းကိန်း” အနည်းပါးဆုံး ၁ဝ နိုင်ငံစာရင်း ဖော်ပြချက်

ဗြိတိန်အခြေစိုက် Maplecroft အမည်ရှိ စစ်တမ်း ကောက်ယူတဲ့အဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ “၂ဝ၁၂ ခုနှစ် ဥပဒေစိုးမိုးမှုညွှန်းကိန်း” အရ စီးပွားရေး ရင်းနှီးမြှုပ်နှံဖို့ တရားဥပဒေ စိုးမိုးမှု အနည်းပါးဆုံး ၁ဝ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံကို ထိပ်ဆုံးက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားကို ဒုတိယ နေရာမှာ ဖော်ပြထားပြီး၊ ဆိုမာလီယာက တတိယနဲ့ အာဖဂန်နစ္စတန်၊ ဆီးရီးယားနဲ့ လစ်ဗျားနိုင်ငံတို့က အဆင့် ရှစ်၊ ကိုး၊ တစ်ဆယ်မှာ အသီးသီး ရှိနေကြပါတယ်။ မြန်မာနိုင်ငံမှာ မကြာသေးခင်က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ မြန်မာအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်သိမ်း ပေးတော့မယ့် အရိပ်အယောင်တွေဟာ ကမ္ဘာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီတွေအတွက် ကြီးမားတဲ့ အလားအလာကောင်းတွေ ဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ဒါ့ပြင် စွမ်းအင်ကြွယ်ဝတဲ့ အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိကတိုက် မြောက်ပိုင်းဒေသတွေက မတည်ငြိမ်မှုတွေကြောင့် မြန်မာ့ရေနံနဲ့ ဓာတ်ငွေ့ အရင်းအမြစ်တွေကို နိုင်ငံတကာက ပိုပြီး မျက်စိကျလာနေတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ရေရှည် စီးပွားရေး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် လွတ်လပ်တဲ့ တရားစီရင်မှု၊ ထင်သာမြင်သာရှိတဲ့ အာဏာ ကျင့်သုံးမှုစနစ် အပါအဝင် ဥပေဒ စိုးမိုးမှုအပိုင်းမှာ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ တိုးတက်မှုတွေ ရှိဖို့လိုအပ်တယ်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။ လောလောဆယ် မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အအုံမှာ ပြဿနာတွေ ရှိနေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လက်တွေ့ ကျင့်သုံးနိုင်တဲ့ ဥပဒေ မရှိသေးသလို ဘဏ်စနစ်ဟာလည်း အများကြီး ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတယ်လို့ လေ့လာသူတွေက သုံးသပ် ပြောဆိုနေကြပါတယ်။
 http://www.rfa.org/burmese/news/law-order-lack-02082012104931.html

ဆန္ဒ ထုတ်ဖော်ခွင့် လျှောက်ထားချက် အငြင်းပယ်ခံရ

2012-02-08

ရန်ကုန်တိုင်း ဒေသကြီး ခရမ်းမြို့နယ်မှာ စပါးဈေးနဲ့ ပဲဈေးတွေကျလို့ စိုက်ပျိုးစရိတ်ကြွေးတွေ ပြန်မဆပ်နိုင်ဘဲ အကျပ်အတည်း တွေ့နေတဲ့အတွက် လယ်သမားတွေက ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖေါ်တောင်းဆိုခွင့် ဒီကနေ့ လျှောက်ထားခဲ့ရာမှာ မြို့နယ် ရဲတပ်ဖွဲ့မှူးက ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

(Photo: AFP)

လယ်ကွင်းထဲတွင် ကောက်လှိုင်းများ သယ်ဆောင် အလုပ်လုပ်နေသော တောင်သူလယ်သမားများ ဖြစ်ပါသည်။ (Photo: AFP)

ဒေသခံ လယ်သမားကြီးတစ်ဦးလည်းဖြစ်၊ လယ်သမား အရေး ဆောင်ရွက်နေသူ တစ်ဦးလည်းဖြစ်သူ ဦးသန်းဆွေက ခုလို ပြောပြပါတယ်။

“ငြိမ်းချမ်းစွာ စုဝေး တောင်းဆိုပါမှသာ ကျွန်တော်တို့ရဲ့အခက်အခဲ အဆင်ပြေနိုင်မယ့် အခြေအနေ ဖြစ်နေတယ်။ ဒါကြောင့် စုဝေးဟောပြော ကြွေးကြော်ခွင့် ပြုဖို့ ကျွန်တော်က နေရာကိုလည်း သတ်မှတ် ပေးထားပါတယ်။ ရက်ကိုလည်း ၁၄ ရက် ၂ လ ၂၀၁၂ ရက်နေ့ သတ်မှတ် ပေးထားပါတယ်။ စုဝေးမယ့်အချိန်ကလည်း ကိုးနာရီခွဲကနေ ဆယ့်တစ်နာရီအထိ ဖြစ်ပါတယ်။

နောက် ကြွေးကြော်သံများကလည်း “စပါးဈေး ပဲဈေး မြင့်တက်ရေး ဒို့အရေး”၊ “လယ်ယာ ထွက်ကုန်ဈေးနှုန်း တည်ငြိမ်ရေး ဒို့အရေး” ကြွေးကြော်သံတွေနဲ့ ကျွန်တော်တို့ ခုနစ်ဦး ဟောပြောပြီးတော့ လုပ်မယ်ဆိုတဲ့အကြောင်း၊ စီတန်းလှည့်လည်မှာ မဟုတ်တဲ့အကြောင်း၊ အဖွဲ့အစည်းနဲ့ လုပ်ဆောင်ခြင်း မဟုတ်တဲ့အကြောင်း၊ အသံချဲ့စက် မသုံးစွဲမယ့်အကြောင်း၊ နောက်ပြီးတော့ သူတို့ သတ်မှတ်တဲ့ စည်းကမ်းတွေ ဝန်ခံချက်ကိုလည်း ပူးတွဲထားတဲ့အကြောင်း ဖော်ပြပြီး ကျွန်တော် ဒီနေ့ လျှောက်ထားလိုက်တယ်။

မနက် ဆယ်နာရီ ဆယ့်ငါးမှာ၊ မြိုနယ်ရဲတပ်ဖွဲ့မှူး၊ ခရမ်းမြို့။ ဆယ်နာရီခွဲမှာ ကျွန်တော့်ဆီကို ရဲတပ်ဖွဲ့မှူးက အကြောင်းပြန်လာတယ်။ လိုအပ်တဲ့ နည်းဥပဒေ ပြဋ္ဌာန်းရမယ့်ကိစ္စ မပြဋ္ဌာန်း ရသေးလို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်တော့်ကို ငြင်းလိုက်တာ ဖြစ်ပါတယ်”

ခရမ်းမြို့နယ်မှာ စပါးဈေးတစ်တင်းကို လေးထောင်ကနေ သုံးထောင်ကျပ်ထိ ကျဆင်းတဲ့ ပြင် ပဲတီစိမ်းဈေး ထက်ဝက်ခန့် ကျဆင်းတဲ့အတွက် လယ်သမားတွေ တော်တော်လေး စီးပွားရေးအခက်အခဲ တွေ့နေရတယ်လို့ သိရပါတယ်။

၂၀၀၈ ခု ဖွဲ့ စည်းပုံ အခြေခံဥပဒေ၊ အခန်း (၁) အခြေခံမူ ပုဒ်မ ၂၃ (ခ) မှာ စိုက်ပျိုးထုတ်လုပ်တဲ့ ကောက်ပဲသီးနှံတွေ သင့်တင့် မျှတတဲ့တန်ဖိုး ရရှိရန် ကူညီ ဆောင်ရွက်မည်လို့ ပါရှိပေမယ့် နိုင်ငံတော်က ဘာမှမကူညီတဲ့အတွက် ခုလို ဆန္ဒ ထုတ်ဖော်ပြသဖို့ စီစဉ်ရကြောင်းကိုလည်း လယ်သမားကြီး ဦးသန်းဆွေက ပြောဆိုပါတယ်။

နည်းဥပဒေ မထွက်သေးလို့ ခွင့်မပြုဘူးဆိုတာ ခိုင်လုံမှုမရှိတဲ့ အကြောင်းပြချက်ဖြစ်တယ်လို့လည်း ဦးသန်းဆွေက ပြောဆိုပါတယ်၊ ဥပမာအနေနဲ့ ၁၉၆၂ တော်လှန်ရေးကောင်စီက ထုတ်ပြန်တဲ့ ငွေတိုးချစားသူများဥပဒေဟာ ဦးနေဝင်းသက်တမ်း ၂၆ နှစ်လုံးလုံး နည်းဥပဒေ မထုတ်ပြန်ခဲ့တဲ့အကြောင်း ဦးသန်းဆွေက ပြောပြသွားပါတယ်။
http://www.rfa.org/burmese/news/farmer-describe-reject-02082012110520.html

မြန်မာ့ လေကြောင်းကို ဗုံးဖောက်ခွဲမယ်လို့ ခြိမ်းခြောက်ခံရ


2012-02-08

အခုလ ၈ ရက်နဲ့ ၉ ရက်အတွင်း မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်း MAI ကို ဗုံးဖောက်ခွဲမယ်လို့ ခြိမ်းခြောက် ရေးသားထားတဲ့စာကို ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကတစ်ဆင့် လက်ခံရရှိခဲ့တယ်လို့ MAI ပြောခွင့်ရအမျိုးသမီးက အာအက်ဖ်အေကို ပြောပါတယ်။

MAI အနေနဲ့ ခရီးသွား ပြည်သူတွေ လုံခြုံရေးအတွက် သက်ဆိုင်ရာတွေကို သတိပေး အကြောင်းကြား ထားတယ်လို့ ပြောပေမယ့် ခြိမ်းခြောက်စာမှာ ပါတဲ့အကြောင်းအရာ အသေးစိတ်ကိုတော့ ထုတ်ဖော် ပြောဆိုသွားခြင်း မရှိပါဘူး။ ဒါပေမယ့် ခြိမ်းခြောက်စာထဲမှာ "Son of Allah" အလ္လာရဲ့သားလို့ အမည်ပေးထားတဲ့ အဖွဲ့တစ်ခုက ပေးပို့တဲ့စာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ နိုင်ငံတကာ သံရုံးတွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ၀န်ထမ်းတွေကို သတိပေး အကြောင်းကြား ထားပါတယ်။
http://www.rfa.org/burmese/news/mai-bomb-threat-02082012111255.html

ရန်ကုန်လေဆိပ် လုံခြုံရေးအဆင့် မြှင့်ထား
မျိုးသိဏ်း | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၈ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၂၂ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာ့လေကြောင်း (Myanma Airway) ပိုင် လေယာဉ်များကို ဗုံးခွဲတိုက်ခိုက်နိုင်ကြောင်း သတင်းရရှိထား၍ ရန်ကုန် မင်္ဂလာဒုံလေဆိပ် လုံခြုံရေးကို ဖေဖော်ဝါရီလ ၃ ရက် သောကြာနေ့မှ စ၍ လုံခြုံရေးအဆင့် ၁ သို့ တိုးမြှင့် သတ်မှတ်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ ရောက်ရှိလာသည့် မြန်မာ့လေကြောင်းပိုင် လေယာဉ်များကို ဗုံးခွဲ တိုက်ခိုက်မည် ဟူသော ခြိမ်းခြောက်စာကြောင့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအောက်ရှိ
လေကြောင်း ထိန်းသိမ်းရေးဌာန (DCA- Department of Civil Aviation) က မင်္ဂလာဒုံလေဆိပ်ကို လုံခြုံရေး အဆင့် တိုးမြှင့်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ သောကြာနေ့က MAI လေယာဉ်တွေကို ဗုံးခွဲတိုက်ခိုက်ဖို့ ရှိတယ်ဆိုပြီး DCA က လေဆိပ်လုံခြုံရေး အဆင့် ၁ တိုးမြင့်ထားတယ်။ သူတို့ဝန်ထမ်းတွေကို လုံခြုံရေး သတိရှိဖို့အတွက် ညွှန်ကြားထားတယ်” ဟု ရန်ကုန်လေဆိပ်မှ အဆင့်မြင့် အရာရှိတဦးက ပြောသည်။

မွတ်ဆလင် အမျိုးသားတဦးက ဗုံးခွဲတိုက်ခိုက်မည်ဟု သတင်းရရှိထားသဖြင့် လုံခြုံရေး အထူးသတိပြုရန် လိုကြောင်း ရန်ကုန်ုလေဆိပ်ရှိ MCS (Myanmar Cargo Services) ဂိုဒေါင်များတွင် သတိပေးစာများ ကပ်ထားကြောင်း မျက်မြင် သက်သေများက ပြောသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ယင်းသို့ သတိပေးချက် ထုတ်ပြန်ထားသော်လည်း သာမန် ခရီးသွားလာသူများကမူ ရန်ကုန်လေဆိပ်အတွင်း ထူးခြားလုံခြုံရေး အစီအစဉ်များ မတွေ့ရကြောင်း ပြောသည်။

ရန်ကုန်မင်္ဂလာဒုံလေဆိပ် လုံခြုံရေးတာဝန်ယူထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနက်မှ တပ်မတော်(လေ) နှင့် စရဖ (လေ) စသည့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များကို မတ်လ ၁ ရက်နေ့ နောက်ဆုံးထား ရုတ်သိမ်းမည်ဖြစ်ပြီး
ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ လုံခြုံရေး တပ်ဖွဲ့များနှင့် DCA တို့ကသာ တာဝန်ယူသွားမည် ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ လကုန်ပိုင်းက ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကို ရန်ကုန် မင်္ဂလာဒုံလေဆိပ်သို့ လာရောက် ပြီး DCA ၊ စီအိုင်ဒီ၊ ရဲသတင်းတပ်ဖွဲ့များမှ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး စသည့် တာဝန်သူများနှင့် တွေ့ဆုံပြီး
ဖေဖော်ဝါရီ လလယ်ပိုင်းမှစ၍ လုံခြုံရေးတာဝန်များ လွှဲပြောင်းရယူရန် ညှိနှိုင်းခဲ့ကြောင်း သိရသည်။
http://www.mizzimaburmese.com/news/inside-burma/8981-2012-02-08-12-01-10.html


ဗုဒ္ဓဟူး, 08 ဖေဖော်ဝါရီ 2012
ရန်ကုန်လေဆိပ်ခြိမ်းခြောက်စာ ဘန်ကောက်သံရုံးရရှိ

By မစုမြတ်မွန်
ဒီနေ့ ဖေဖော်ဝါရီလ ၈ ရက်နဲ့ မနက်ဖြန် ၉ ရက်နေ့တွေမှာ ရန်ကုန်လေဆိပ်ကို တိုက်ခိုက်မှုလုပ်မယ် ဆိုတဲ့ ခြိမ်းခြောက်စာတစောင်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်မှု တန်ပြန်ရေး ကျွမ်းကျင်သူတွေက အလာရဲ့သားတော်များလို့ဆိုတဲ့ဆီက စာဟာ ခြိမ်းခြောက်စာ အစစ်အမှန်မဟုတ်ဘူးလို့ ပြောပါတယ်။ အကြောင်းစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က စုံစမ်းတင်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၈ ရက် ဗုဒ္ဓဟူးနေ့နဲ့ ၉ ရက် ကြာသာပတေးနေ့တွေမှာ ရန်ကုန်လေဆိပ်ကို ဆိုက်ကပ်မယ့် မြန်မာ့လေကြောင်းလိုင်းကိုအသုံးပြုပြီး တိုက်ခိုက်မှုလုပ်မယ်ဆိုတဲ့ စာကို ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက လွန်ခဲ့တဲ့ တပတ်လောက်က ရရှိခဲ့တာပါ။

ပေးပို့သူတွေက သူတို့ကိုယ် သူတို့ Sons of Allah အလာရဲ့ သားတော်များလို့ ဆိုထားပါတယ်။ ဒီစာကို သက်ဆိုင်ရာနဲ့ နိုင်ငံတကာက အကြမ်းဖက်မှုတန်ပြန်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေက စုံစမ်း စစ်ဆေးခဲ့ပြီးနောက်မှာ ဒီစာဟာ တကယ့်အကြမ်းဖက်သမားတွေဆီက ပေးပို့တဲ့စာ အစစ်အမှန် မဟုတ်ဘူးလို့ အသိပေးခဲ့တဲ့အကြောင်း အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း MAI ဘန်ကောက်ရုံး အကြီးအကဲက VOA မြန်မာပိုင်းကို ပြောပြပါတယ်။

“သံရုံးကနေ ကျနော်တို့ကို Report လုပ်ထားတာကတော့ ဒါက သက်ဆိုင်ရာ အာဏာပိုင်နဲ့ US ambassary နဲ့ အစ္စရေး Ambassary က သူတို့ကို- သံရုံးကို အကြောင်းကြားထားတယ်၊ အဲဒီစာဟာ တကယ်တော့ မဟုတ်ဘူးဆိုတာ US ambassary နဲ့ အစ္စရေး Ambassary က အတည်ပြုပေးထားပါတယ်”

ဘန်ကောက်မြန်မာသံရုံးမှာ ခြိမ်းခြောက်စာ ရရှိခဲ့ပြီးတဲ့နောက်မှာ ဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကြောင့် အဲဒီရက်တွေမှာ MAI လေကြောင်းလိုင်းက လေယဉ်တွေမစီးဖို့ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေက ဝန်ထမ်းတွေကို ကုလသမဂ္ဂက ရုံးတွင်းအကြောင်းကြားစာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ MAI ဘန်ကောက်ရုံး အကြီးအကဲကတော့ လုပ်ကြံခြိမ်းခြောက်စာထဲမှာ အဓိက ရန်ကုန်လေဆိပ်ကို တိုက်ခိုက်မယ်လို့ ပြောထားတာလို့ ခုလို ရှင်းပါတယ်။

“ကျနော်ပြောနိုင်တာ အဲဒီစာထဲမှာ ရေးထားတဲ့ဟာကတော့ ရန်ကုန်လေဆိပ်ကို attack လုပ်မယ် (တိုက်ခိုက်မယ်) ဆိုပြီးတော့ပဲ ပြောတာပါ။ Myanmar Airway International လို့ မပါဘူး။ ဒါပါပဲ။ အဲဒီဟာကို မြန်မာ အဲယားဝေး ကော်မာရှယ် ဖလိုက် (Myanmar Airway Commercial Flight) နဲ့ သယ်သွားမယ် ဆိုပြီး ရေးထားတယ်။ ဘယ်ကသယ်မယ်လို့လည်း မရေးထားဘူး၊ ဘယ်က လာမယ်လို့လည်း မရေးထားဘူး။ ဘာမှလည်း မပါတဲ့ဟာ တခုပေါ့နော်- ရက်ကတော့ ၈ ရက်နဲ့ ၉ ရက်လို့ ပြောထားတယ်”

မြန်မာသံရုံးကရရှိတဲ့ ခြိမ်းခြောက်စာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ထိုင်းစီအိုင်ဒီ (CID) ရဲဌာနကို သံရုံးက အကြောင်းကြားထားတယ်လို့ သံရုံးနဲ့ နီးစပ်တဲ့သတင်းရပ်ကွက်ကနေ သိရပါတယ်။ ဒီစာဟာ အစစ်အမှန်မဟုတ်တဲ့အတွက် စိုးရိမ်စရာမဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက အခုနောက်ဆုံး အသိပေးထားတယ်ဆိုပေမယ့် မြန်မာနိုင်ငံမှာ တိုက်ခိုက်မှုလုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်စာ ရရှိတာဟာ ဦးသိန်းစိန် အစိုးရလက်ထက်မှာ သိရသလောက် ပထမဆုံးဖြစ်ပါတယ်။

ခေတ်အဆက်ဆက် ကျောင်းသား ခေါင်းဆောင်တွေ တွေ့ဆုံ




2012-02-08
လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်ကစပြီး ခေတ်အဆက်ဆက် ကျောင်းသား လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ကျောင်းသား ခေါင်းဆောင်တွေ တွေ့ဆုံပွဲကို ဒီကနေ့ ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။


RFA
ခေတ်အဆက်ဆက် ကျောင်းသား လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ကျောင်းသား ခေါင်းဆောင်တွေ့ဆုံပွဲ ဖိတ်ကြားလွှာ

ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်တဲ့ ထူးခြားချက်ကတော့ လွတ်လပ်ရေး တိုက်ပွဲဝင် ခွပ်ဒေါင်းအလံကို ကျောင်းသားမျိုးဆက် အသီးသီးက လက်ဆင့်ကမ်း သယ်ဆောင်ခဲ့တာဟာ သမိုင်းပြရုပ်တစ်ခုပဲလို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။ “အစိုးရ အဆက်ဆက်က ကျွန်တော်တို့ကို နာလန်မထူအောင်၊ ဒေါင်းအလံတွေ မထူနိုင်အောင် ကြိုးစားခဲ့တာပဲ။ ဒါပေမယ့် ကျွန်တော်တို့ဘက်ကလည်း ဒေါင်းအလံကို လက်ဆင့်ကမ်းနိုင်ခဲ့တာ မှန်တယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်းသားမှာ ကျောင်းသားသွေး ရှိတယ်ဗျ။ အဲဒီသွေးက ဘယ်တော့မှ မခန်းသွားဘူး။ ကျောင်းသားတွေ ခေတ်အဆက်ဆက် စီးဆင်းခဲ့တဲ့ သွေးတွေဟာ ကျွန်တော်တို့ လက်ထက်ကနေတစ်ဆင့် အခု နောက်ဆုံး မျိုးဆက်အထိပေါ့ဗျာ၊ အဲဒါ ဆက်ပြီးတော့ စီးဆင်းနေဆဲပဲ။ ကျွန်တော်တို့က မြစ်ကြီးတစ်စင်းနဲ့တူတယ်လေ။ ဒါကြောင့် ဒီမြစ်ရေဟာ ဘယ်တော့မှ မခန်းသွားဘူး။ ရှေ့က မြစ်ရေတွေ ပင်လယ်ထဲ ရောက်သွားပေမယ့် နောက်က မြစ်က ဆက်စီးနေဆဲပဲဆိုတာ ကျွန်တော်တို့ သက်သေ ပြနိုင်ခဲ့တာပါ” ဒီတွေ့ဆုံပွဲကို ၁၉၆၂ ဆဲဗင်း ဂျူလိုင်လှုပ်ရှားမှု၊ ၁၉၇၄ ဦးသန့် အရေးအခင်းအပြင် ၁၉၈၈၊ ၁၉၉၆၊ ၁၉၉၈ နဲ့ ၂၀၀၇ ကျောင်းသား လှုပ်ရှားမှုတွေက ခေါင်းဆောင် အများအပြား တက်ရောက်ခဲ့ကြပါတယ်။ အဲဒီထဲမှာ ၁၉၆၂ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ဦးလှရွှေနဲ့ ၁၉၇၄ ကျောင်းသား ခေါင်းဆောင် ဦးလှစောတို့လည်း ပါဝင်ကြပါတယ်။ ဒီပွဲကို တက်ရောက်လာတဲ့ ကျောင်းသား ခေါင်းဆောင်အားလုံးဟာ စစ်အစိုးရ အဆက်ဆက်မှာ နှစ်ရှည်ထောင်ဒဏ် အသီးသီး ချမှတ်ခံခဲ့ရသူတွေ ဖြစ်ကြပါတယ်။ ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ဒေါ်ခင်ခင်အိက စုစည်းတင်ပြပါမယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/student-leaders-02082012102029.html

တိုင်ရီဖိနပ်စက်ရုံက အလုပ်သမား ၂၅၀၀ ကျော်ဟာ ဒီကနေ့ သုံးရက်မြောက်နေ့မှာ သူတို့ရဲ့ ဆန္ဒပြတောင်းဆိုမှုကို အရှိန်မြှင့်တောင်းဆို

အခြေခံလူတန်းစားတို့ကြားမှ ဒေါင်းအလံ

(ဓာတ်ပုံ-ဥက္ကာကိုကို)



ဒေါ်အောင်ဆန်းစုကြည်မြောင်းမြမိန့်ခွန်း

အမြန်ဆုံး သတင်းပို့ပါ ဥပဒေကြောင်းအရ အခမဲ့ အကူအညီပေးပါသည်



Aung Hlaing


Legal Aid Project ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း အသက်(၁၈)နှစ်အောက်ရှိ ပြစ်မူကျူးလွန်စော်ကားခံရသော ကလေးသူငယ်များ ၊ လူငယ်များနှင့် သက်သေများ ၊ ပြစ်မူကျူးလွန်သည်ဟု စွပ်စွဲခံရသော ကလေးသူငယ်များ နှင့် လူငယ်များ၊ အသက်(၁၈)နှစ် ကျော်သော်လည်း အမျိုးသမီးဖြစ်သည့်အတွက် ပြစ်မူကျူးလွန်စော်ကားခံရသော(female survivos of gender based violence) အမျိုးသမီးများအတွက် အမူလိုက်ပါဆောင်ရွက်ခ (ရှေ့နေခ) တစ်စုံတစ်ရာမယူဘဲ ဥပဒေကြောင်းအရ အခမဲ့ ကူညီပေးသည့် စီမံချက်ဖြစ်ပါသည်

ရည်ရွယ်ချက်
-မသိနားမလည်၍ သော်လည်းကောင်း၊ တရားရုံးစရိတ် မတတ်နိုင်၍သော်လည်းကောင်း၊ ရှေ့နေငှားရမ်းခ မတတ်နိုင်၍သော်လည်းကောင်း၊ မိမိနစ်နာသောအမူကိုတိုင်တန်းရန် (သို့) စွပ်စွဲခံရသောအမူကို ရင်ဆိုင်ဖြေရှင်းရန် အခက်အခဲ ရှိသူများအတွက် ဥပဒေကြောင်းအရ အခမဲ့ လိုက်ပါဆောင်ရွက်ပေးရန်
-ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) အသက်(၁၈)နှစ်အောက် ကလေးသူငယ်၊ လူငယ်များအား ကျောင်းစရိတ်အခက်အခဲရှိပါက ကျောင်းစရိတ်ထောက်ပံ့ကူညီရန်
-ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) များအား ဆေးကုသစရိတ် နှင့် တရားရုံးသို့သွားလာစရိတ် အခက်အခဲရှိပါက လူမူရေးစရိတ် ထောက်ပံ့ကူညီရန်
-ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) အား အသက်မွေးဝမ်းကျောင်းနိုင်ရန်အတွက် အခက်အခဲရှိပါက အသက်မွေးဝမ်းကျောင်းနိုင်ရန်အတွက် အခက်အခဲ ရှိပါက အသက်မွေးဝမ်းကျောင်း သင်တန်းတစ်ခုခုတက်ရောက်နိုင်ရေးအတွက် ထောက်ပံ့သကူညီရန်

xxx အသက်(၁၈)နှစ်အောက် ကလေးများ၊လူငယ်များ ပြစ်မူကျူးလွန်စော်ကားခံရလျှင်
xxx အသက်(၁၈)နှစ်အောက် ကလေးများ၊လူငယ်များ ပြစ်မူကျူးလွန်ကြောင်းစွပ်စွဲခံရ၍ တရားရုံးတွင် အမူရင်ဆိုင်ရလျှင်
xxx အသက်(၁၈)နှစ်ကျော်သော်လည်း အမျိုးသမီးဖြစ်သည်အတွက် ပြစ်မူကျူးလွန်စော်ကားခံရလျှင်

" အမြန်ဆုံး သတင်းပို့ပါ ဥပဒေကြောင်းအရ အခမဲ့ အကူအညီ ပေးပါသည် "

Legal Aid Project အောက်တွင် အမူလိုက်ပါဆောင်ရွက်သော ရှေ့နေများအား ရှေ့နေခ၊ ခရီးစရိတ်၊ စားစရိတ်၊ စာရွက်စာတမ်းခ များကို အမူသည်များက လုံးဝ မပေးရပါ၊
ရှေု့နေများမှ ငွေကြေးတစ်စုံတစ်ရာတောင်းခံလာပါက စီမံကိန်းမန်နေဂျာထံတွင် တိုင်တန်းနိုင်ပါသည်။

ဦးငိုင်ဆာခ့်
(စီမံကိန်း မန်နေဂျာ)
၀၉-၈၆၁၈၁၉၆၊ ၀၁-၃၉၈၃၉၇
၀၉-၅၁၆၀၇၈၄၊ ၀၁-၃၉၈၂၁၅

"ရုံးခန်း"
အမှတ်(၃၈၅/၃၈၉)၊ (၆)ထပ်၊ အခန်း(ခ)၊ ဂလိုဘယ်တာဝါ ၊ မဟာဗန္ဒုလလမ်း နှင့် ပန်းဆိုးတန်းလမ်းဒေါင့်၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

အကူအညီတောင်းခံနိုင်သောနေရာနှင့်ဖုန်းနံပါတ်များ

ဥပဒေကြောင်းအရ အကူအညီလိုအပ်သူများအနေဖြင့် အောက်တွင်ဖော်ပြထားသော လိပ်စာနှင့် ဖုန်းနံပါတ်များသို့ ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ အချိန်မရွေးအကူအညီ တောင်းခံနိုင်ပါသည်။

ရန်ကုန်ရုံးချုပ်
အမှတ်(၃၈၅/၃၈၉)၊ (၆)ထပ်၊ အခန်း(ခ)၊ ဂလိုဘယ်တာဝါ ၊ မဟာဗန္ဒုလလမ်း နှင့် ပန်းဆိုးတန်းလမ်းဒေါင့်၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။၀၉-၂၀၅၄၇၈၂၊ ၀၁-၃၉၈၂၁၅

မန္တလေးရုံး
၂၆(ဘီ)လမ်း၊၆၂x ၆၃ လမ်းကြား၊
မဟာဇေယျာဘုံရပ်၊အောင်မြေသာစံမြို့နယ်၊
မန္တလေးမြို့၊၀၉-၄၉၂၄၀၈၇၃

ပုသိမ်ရုံး
အမှတ်(၅၆) ၊ ပုသိမ်-မုံရွာ-ရေဦးလမ်း၊
(၁၅)နယ်မြေ ၊ မြတ်တိုရပ်ကွက် ၊ပုသိမ်မြို့။
၀၉-၈၅၅၃၄၃၀၊ ၀၉-၇၃၁၃၀၅၂၁

ပြည်ရုံး
အခန်းအမှတ်(၁၅)၊မီးသတ်တိုက်ခန်း၊
ကန်လမ်း၊ကျောင်းကြီးအိုးတန်းရပ်ကွက်၊ပြည်မြို့။
၀၉-၇၃၁၃၀၅၂၃

ပဲခူးရုံး
အမှတ်(၂၂၄/ခ)၊ (၃)ထပ် ၊မင်းလမ်း၊ရုံးကြီးရပ်ကွက်၊
ပဲခူးမြို့။၀၉-၇၃၁၂၆၄၂၅

တောင်ကြီးရုံး
အမှတ်(၁၁၂)၊ မြေညီထပ်၊ဇောတိကလမ်း၊သစ်တောရပ်ကွက်
တောင်ကြီးမြို့။၀၉-၄၉၃၁၉၉၄၈

မြစ်ကြီးနားရုံး
အမှတ်(၆၂)၊ စီတာပူရပ်ကွက်
မြစ်ကြီးနားမြို့။၀၉-၆၄၁၂၁၇၉

ပခုက္ကူရုံး
အမှတ်(၃၅)၊တပ်မလမ်း၊ (၇)ရပ်ကွက်
ပခုက္ကူမြို့။၀၉-၄၉၃၂၁၁၈၁

ကလေးရုံး
အမှတ်(၄/၇)၊ပင်လုံလမ်းမတော်လမ်း၊
ပင်လုံရပ်ကွက်၊ကလေးမြို့။
၀၉-၄၉၃၃၀၇၁၅

လားရိုးရုံး
ဆိုင်ခန်းအမှတ်(၁၁)၊စစ်သားစုဆောင်းရေးတိုက်တန်း၊ကံ့ကော်လမ်းနှင့် ဘူတာလမ်းထောင့်၊
ရပ်ကွက်(၁)လားရိုးမြို့။၀၉-၇၃၁၃၆၃၂၆၊၀၈၂-၃၀၅၃၅

မော်လမြိုင်ရုံး
အမှတ်(၃၃/ဘီ) သိပွံလမ်း၊အန်းဘဲတန်း ရပ်ကွက်၊
မော်လမြိုင်မြို့။၀၉-၄၉၃၂၅၉၀၂

မုံရွာရုံး
မုံရွာတက္ကသိုလ်ဘုရားအနီး၊ကျောက်ကာလမ်း၊
မုံရွာမြို့။၀၉-၄၇၀၅၈၂၅၅

မကွေးရုံး
အမှတ်(၈၀)၊ကမ်းနားလမ်း၊အလယ်ရပ်၊
မကွေးမြို့။၀၉၄၉၃၂၂၁၁၇၈

ကျိုင်းတုံရုံး
နောင်နွန်ကျေးရွာ၊မိုင်းဇိုင်း၊ကျိုင်းတုံမြို့။
၀၉၅၂၅၂၀၈၆

သံတွဲရုံး
အမှတ်(၁၂၃)၊ဇီဇဝါလမ်း၊(၆)ရပ်ကွက်၊သံတွဲမြို့။
၀၉-၈၅၁၆၆၄၈

ဘားအံရုံး
အမှတ်(၆/၄၃၂)မြို့တော်ဦးလမ်း၊(၆)ရပ်ကွက်။
ဘားအံမြို့။၀၉-၇၃၁၄၀၂၃

တောင်ကုတ်ရုံး
ပြည်-တောင်ကုတ်လမ်း၊ ကန်ပိုင်ရပ်ကွက်၊တောင်ကုတ်မြို့။
၀၉-၄၉၆၆၈၁၃၉

မြိတ်ရုံး
အမှတ်(၃၅)၊ သိန်းညီနောင်လမ်း၊ကံဖျားရပ်ကွက်။မြိတ်မြို့။
၀၉-၄၉၈၇၂၄၃၀

ထားဝယ်ရုံး
အမှတ်(၄၃၀)၊ရေးလမ်း၊ဆင်ဆိမ့်ရပ်ကွက်၊ထားဝယ်မြို့။၀၉-၄၉၈၅၀၈၂၆

ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မိန့်ခွန်း

အဟောင်း၊အစစ်...ဒီမှာခြစ်




ပွင့်လင်းပြီးထင်သာမြင်သာ၇ှိပါစေ