Thursday, February 9, 2012

လှိုင်သာယာ တိုင်ရီစက်ရုံ ဆန္ဒပြမှု အခြားစက်ရုံသို့ ကူးစက်


ကျော်ခ | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၀၉ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၂၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံတွင် လေးရက်ဆက်တိုက် ဆန္ဒပြမှု
ဖြစ်ပွားနေစဉ် ယင်းစက်ရုံအနီးရှိ New Way ဖိနပ်စက်ရုံတွင်လည်း အလုပ်သမား တထောင်ကျော်က လုပ်အားခ တိုးမြှင့်ပေးရေးအတွက် ကြာသာပတေးနေ့က ထိုင်သပိတ်ဆန္ဒပြ တောင်းဆိုလျက် ရှိသည်။

လုပ်ခလစာ တိုးမြှင့်ရန်နှင့် တင်းကြပ်ထားသည့် စည်းကမ်းချက်တချို့ ပြုပြင်ပေးရန်အတွက် တိုင်ရီစက်ရုံမှ အလုပ်သမား ၁,၈ဝဝ ကျော်က တနင်္လာနေ့ကစပြီး ဆန္ဒထုတ်ဖေါ်နေမှု လေးရက်မြောက်နေ့တွင် ယင်းစက်ရုံနှင့် မီတာ ၅ဝဝ ခန့်အကွာတွင် ရှိသော New Way ဖိနပ်ချုပ်စက်ရုံမှ အလုပ်သမား ၁,၆ဝဝ ကျော်က တိုင်ရီ အလုပ်သမားများ
တောင်းဆိုသည့် အချက်များ နည်းတူ တောင်းဆိုကာ ထိုင်သပိတ် ဆန္ဒထုတ်ဖေါ် တောင်းဆိုကြသည်။

“New Way က ဒီမနက်မှ ပြကြတာ။ တာဝန်ရှိတဲ့လူတွေ လာညှိတာ ဘာမှ ထူးခြားမှု မရှိသေးဘူး။ မနက်ဖြန် သူတို့ ဆက်ပြီး တောင်းဆိုကြဦးမယ် ပြောတယ်။ တိုင်ရီကလည်း မပြီးသေးဘူး။ မနက်ဖြန် ဆက်လုပ်ကြဦးမယ်တဲ့။ လူတွေကတော့ တော်တော်များတယ်” ဟု အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေ ကိုဖိုးဖြူ က မဇ္ဈိမကို ပြောသည်။

New Way စက်ရုံအလုပ်သမားများက အခြေခံလစာ နှင့် အချိန်ပိုကြေး၊ ရက်မှန်ကြေးများ တိုးမြှင့်ပေးရန်၊ အလုပ်ပျက် ရက် တရက်ကို ၄,ဝဝဝ ကျပ် ဖြတ်တောက်ခြင်းအား ရုပ်သိမ်းပေးရန်နှင့် ကျန်းမာရေးအရ ရှောင်တခင် ဆေးခွင့်ပေးဖို့ အပါအဝင် စုစုပေါင်း အချက် ၁ဝ ချက် တင်ပြတောင်းဆိုခဲ့ကြသည်။

မနက် ၇ နာရီမှ မွန်းလွဲပိုင်း ၂ နာရီခွဲထိ ဆန္ဒထုတ်ဖေါ်နေကြသည့် စက်ရုံအလုပ်သမားများကို စက်ရုံ တာဝန် ရှိသူများနှင့် ရန်ကုန်တိုင်းနှင့် လှိုင်သာယာမြို့နယ် အလုပ်သမား ညွှန်ကြားရေးမှူး ဦးစီးဌာန တာဝန်ရှိသူများ လာရောက်ဖြေရှင်းပေးသော်လည်း ကြေလည်မှုမရရှိသေးဘဲ ဆန္ဒပြပွဲ ရက်ဆက်ဦးမည့် အနေအထားသို့ ရောက်ရှိ သွားသည်။

တနင်္လာနေ့က စတင်ဆန္ဒပြခဲ့သည့် တိုင်ရီစက်ရုံအလုပ်သမားများကို စက်ရုံတာဝန်ရှိသူများက တနာရီကို ကျပ်တဆယ် တိုးမြှင့်ပေးထားသလို အချိန်ပိုကြေးကိုလည်း ၂၁ ကျပ် တိုးမြှင့်ပေးကြောင်း၊ ထိုနှုန်းဖြင့် လုပ်ကိုင်နိုင်သူများ ၁၁၊ ၂၊ ၂ဝ၁၂ ရက်နေ့တွင် အလုပ်ပြန်ဆင်းနိုင်ပြီး မလုပ်နိုင်သူများကို ယင်းနေ့မှစ၍ မိမိသဘောဖြင့် အလုပ်ထွက်သည်ဟု စက်ရုံက သတ်မှတ်သွားမည် ဖြစ်ကြောင်း စာထုတ်ပြန်ခဲ့သည်။

တိုင်ရီစက်ရုံ အလုပ်သမားများကို မူလက ၁ နာရီလျင် ၇၅ ကျပ်၊ အချိန်ပိုကြေးကို တနာရီလျင် ၁၆၂ ကျပ်နှုန်းဖြင့်
ပေးချေပြီး အလုပ်တရက်ပျက်လျှင် ကျပ် ၄,ဝဝဝ နှုန်း ဖြတ်ကြောင်း သိရသည်။

တိုင်ရီစက်ရုံ တာဝန်ရှိသူ တဦးက “ဒီဘက်က တိုးပေးနိုင်သလောက်ထိ လုပ်ပေးပြီးပါပြီ။ မလုပ်နိုင်တဲ့ လူတွေ အတွက်တော့ သူတို့လစာ လာထုတ်သွားရုံပဲ ရှိတော့တယ်။ သူတို့ တောင်းဆိုပုံအတိုင်းဆို ကျနော်တို့က တယောက် ကို အသားတင် ၄ သောင်းလောက်ထိ တိုးပေးရမှာ။ လူက နှစ်ထောင်ကျော်တောင်။ မတက်နိုင်ဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

စက်ရုံအလုပ်သမားများက အခြေခံ လစာ ၅ သောင်းမှ စပေးရန်၊ ရက်ပျက်ကြေး မဖြတ်တောက်ရန်၊ လုပ်ငန်းခွင် အတွင်း ဖိနပ်များ မတော်တဆ ပျက်စီးပါက လစာငွေ ဖြတ်တောက်ခြင်းမပြုရန်၊ သောက်ရေ လုံလောက်စွာ ပေးရန်၊ အိမ်သာ လွတ်လပ်စွာ တက်ခွင့်ရရန်၊ အလုပ်သမား အယောက် ၅ဝ ကို အိမ်သာတလုံး ထားပေးရန်၊ သဘာဝ
ဘေးအန္တရာယ် ကျရောက်ခြင်းနှင့် မိသားစု အရေးကိစ္စများတွင် ခွင့်ပေးရန်များကို တောင်းဆိုထားကြသည်။

တိုင်ရီစက်ရုံမှ အလုပ်သမတဦးဖြစ်သူ မဝင်းမာ က “ကျမတို့ ရတဲ့ လစာနဲ့က ကျမတို့က ဒီမှာ အဒေါ်အိမ်မှာ အလကား ကပ်နေတာတောင် မလောက်ဘူး။ ခရီးစရိတ်လည်း ရှိသေးတယ်။ တချို့ဆိုရင် နယ်က တက်လာပြီး အိမ်ငှားနေတဲ့ လူတွေက များတယ်။ သူတို့ဆို ဘာမှမကျန်ဘူး အကြွေးတောင် တင်သေးတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

တိုင်ရီစက်ရုံသည် တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး အခြေခံလစာနှင့် အချိန်ပိုကြေးများနှင့် အခြား တင်ကြပ်သည့် စည်းမျဉ်းများကြောင့် ၂ဝ၁ဝ ခုနှစ်မှ စတင်ကာ ၃ နှစ်ဆက်တိုက် အလုပ်သမားများ၏ ဆန္ဒပြတောင်းဆိုမှုများဖြင့် ကြုံတွေ့ခဲ့ရကြောင်း လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က မဇ္ဈိမကို ပြောသည်။

ဆန္ဒပြအလုပ်သမားများအပေါ် တင်းကြပ်ထားသည့် မလိုအပ်သည့် စည်းကမ်းများ၊ အလုပ်သမားများ၏ ထိုက်တန် သည့် ရပိုင်ခွင့်များကို ရရှိစေရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ တောင်သူလယ်သမားအရေး၊ အလုပ်သမားအရေးနှင့် ကလေးအခွင့်အရေး ဆောင်ရွက်နေသူ မစုစုနွေးနှင့် ဥပဒေရေးရာ ရှေ့နေ ကိုဖိုးဖြူတို့က
သောကြာနေ့တွင် အလုပ်သမား ရေးရာဌာန၊ စက်ရုံတာဝန်ရှိသူများနှင့် ဆွေးနွေးသွားမည်ဖြစ်သည်။

ပြေလည်မှု မရရှိပါက ဥပဒေလမ်းကြောင်းအတိုင်း ဖြေရှင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကာယကံရှင်များက
ပြောသည်။ တရာဥပဒေအရ ရှေ့နေများနှင့်လည်း စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။
http://www.mizzimaburmese.com/news/inside-burma/8986-2012-02-09-13-54-55.html

ကျန်နိုင်ငံရေး အကျဉ်းသားတွေ မလွှတ်ရင် ပိတ်ဆို့မှု ရုပ်မှာမဟုတ်


2012-02-09
မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ မလွှတ်မချင်း အမေရိကန်ရဲ့ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရုပ်သိမ်းသွားမှာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က မနေ့က ပြောကြားလိုက်ပါတယ်။


Photo credit: State Department
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသားဟောင်း လူရွှင်တော် ကိုဇာဂနာနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton တို့ တွေ့ဆုံစဉ်။

အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေကြတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း လူရွှင်တော် ကိုဇာဂနာ၊ NLDပါတီက ဒေါ်ခင်သန်းမြင့်နဲ့ NDFပါတီက ကချင်လူ့အခွင့်အရေး ဆောင်ရွက်နေသူ ဒေါ်ဘောက်ဂျာတို့ဟာ ဖေဖော်ဝါရီ ၈ ရက်က Mrs. Clinton နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့စဉ် ခုလို ပြောလိုက်တယ်လို့ ကိုဇာဂနာက အာအက်ဖ်အေကို ပြောပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေကို ပြစ်ဒဏ် အကြွေးမချန်ပဲ ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေးတွက် အမေရိကန်အနေနဲ့ ဘယ်လို ကြားဝင် ဆောင်ရွက်နိုင်မလဲဆိုတဲ့ကိစ္စ၊ အမျိုးသမီး အခွင့်အရေးနဲ့ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းပိုင်ခွင့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ကချင်ဒေသက စစ်ပြေးဒုက္ခသည်တွေကို အမေရိကန်အနေနဲ့ ဘယ်လိုအကူညီ ပေးနိုင်မလဲ ဆိုတာကိုပါ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ကိုဇာဂနာတို့ သုံးဦးဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton အပြင် အာရှပိစိဖိတ်ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Kurt Campbell၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Michael Posner တို့နဲ့လည်း သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ကိုဇာဂနာကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

http://www.rfa.org/burmese/news/zargana-sanction-clinton-02092012102700.html

လစာ တိုးပေးသလို လာဘ်ပေး လာဘ်ယူသူများ အရေးယူဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော


2012-02-09
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝန်ထမ်းတွေကို လစာနဲ့ အခြားအခွင့်အရေးတွေ အလျင်အမြန် တိုးပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့တာကို ကြိုဆိုလိုက်ပြီး တစ်ပြိုင်တည်းမှာပဲ အကျင့်ပျက် လာဘ်စားပြီး ချမ်းသာ ကြွယ်ဝနေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့လည်း လိုအပ်ကြောင်း ဝေဖန် ပြောဆိုလိုက်ပါတယ်။


RFA
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းပုံ

“ဒီလို ပြည်သူတွေရဲ့အသံကို နားထောင်တယ်ဆိုတာ အင်မတန်မှ ကောင်းပါတယ်။ လုံလုံလောက်လောက် လခပေးရမယ်ဆိုတာ၊ ဒါတော့ လိုအပ်ပါတယ်။ နောက်ပြီးတော့ စည်းမျဉ်း စည်းကမ်းအရ မလုပ်ဘဲနဲ့ လာဘ်ပေးလာဘ်ယူ လုပ်တဲ့ ဝန်ထမ်းတွေကို တိတိကျကျ ဥပဒေအရ အရေးယူရမယ်။ နောက် တတိယ တစ်ခုကတော့ ဒီဟာတွေကို စိတ်ဓာတ်ရေးရာ အရလည်း ပြန်ပြင်ဖို့ လိုတယ်” အာအက်ဖ်အေက ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မေးမြန်းခဲ့ရာမှာ ဖေဖေါ်ဝါရီ ၇ ရက်က သူရဦးရွှေမန်းရဲ့ပြောကြားချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ခုလို မှတ်ချက်ချ ပြောဆိုလိုက်တာပါ။ တစ်ဆက်တည်းမှာပဲ ဖေဖော်ဝါရီ ၇ ရက်က သွားရောက်ခဲ့တဲ့ ပုသိမ် စည်းရုံးရေးခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုသိမ်တက္ကသိုလ် ကျောင်းသားတွေ လာရောက် ကြိုဆိုနိုင်ခြင်း မရှိအောင် အဲဒီနေ့မှာ နည်းပြ စာမေးပွဲတွေ စစ်ဆေးခဲ့ပြီိး စာမေးပွဲ မဖြေသူတွေကို နောက်ဆုံးစာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် ပိတ်ပင်မယ်လို့ အမိန့်ထုတ်ခဲ့တာနဲ့ ပတ်သက်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်ကို မိမိတို့ အန်အယ်လ်ဒီက တိုင်ကြားထားပြီး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေကို ပြောဆိုပါတယ်။ “ကောလိပ်မှာလည်း ဒီစာမေးပွဲမဖြေရင် ဖိုင်နယ်မဖြေရဘူး စသည်ဖြင့် လုပ်ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့လည်း အဖွဲ့ချုပ်ကနေပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်ထားပါတယ်။ ဒါတွေဟာ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ခုရဲ့လက္ခဏာတွေနဲ့ မကိုက်ညီဘူးဆိုတဲ့ အကြောင်းကို တင်ပြထားပါတယ်”
http://www.rfa.org/burmese/news/assk-corruption-action-02092012100411.html

Asean Business Council (ABC) အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ ဆုံ




ဒေါ်အောင်ဆန်းစုကြည်နှင့် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံ

The Voice Weekly [ဖေဖော်ဝါရီ ၉]








လူသေဆုံးသည်အထိ ဖြစ်ပွားအောင် အာဏာပြတဲ့ သုဝဏ္ဏမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး


by Burma VJ Media Network on Wednesday, February 8, 2012 at 11:57pm ·
By ဇာဏီ ၊ ဖေဖော်ဝါရီလ ၉ ၊ ၂၀၁၂။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် (သုဝဏ္ဏ)၊ ရန်ကုန်သစ်ရပ်ကွက်တွင် အသက် (၅၈) နှစ်အရွယ်ရှိ ဒေါ်လှယဉ် ဆိုသော အမျိုးသမီးကြီးတစ်ဦးသည် အုပ်ချုပ်ရေးမှူး၏အာဏာပြမှုကြောင့် မူလနှလုံးရောဂါ ဖြစ်ပေါ်လာပြီး သွေးလန့်သေဆုံးသွားသော ဖြစ်ရပ်တစ်ခု ဖေဖော်ဝါရီလ ၅ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်၍ ယခု သေဆုံးသူ ဒေါ်လှယဉ်၏ နေအိမ်အနီးတွင် နေထိုင်သော ဘုရင့်နောင် (၁၄) လမ်းနေ ၄င်း၏သမီးဖြစ်သူ မဝင်းဝင်းခိုင်၏ နေအိမ်ကို ခြံစည်းရိုးခတ်ခြင်းမှ စတင်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ အိမ်ခြံစည်းရိုးခတ်ခြင်းနှင့် ပတ်သတ်၍ ယင်းလမ်းအတွင်းပင် နေထိုင်သော ရာအိမ်မှုးဖြစ်သူ မြင့်ဦးမှ အုပ်ချုပ်ရေးမှူးရုံးသို့ အသိပေးရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူးထံသို့ အလှူငွေ ပေးသွင်းရန်လည်း လိုအပ်ကြောင်း၊ ယင်းကဲ့သို့ မလုပ်ဆောင်ပါက ခြံစည်းရိုးကို ပြီးဆုံးအောင် ခတ်ရမည် မဟုတ်ကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့က ကြိမ်းမောင်း ပြောဆိုမှုများ ပြုလုပ်ပြီး ယင်း (၄) ရက်နေ့ညတွင် အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်ရန် ထပ်ပြောသွားခဲ့သည်။

သေဆုံးသူ၏ သားမက်ဖြစ်သူ ကိုစိုးနိုင်မှ ထိုနေ့ညက မသွားရောက်ခဲ့သောကြောင့် ရာအိမ်မှုးဖြစ်သူ မြင့်ဦးမှ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးသိန်းဟန်ကိုပါ ခေါ်လာပြီး ၅ ရက်နေ့မနက် (၉)နာရီလောက်က နေအိမ်ကို လာရောက် ကြိမ်းမောင်းမှုများ ပြုလုပ်ခဲ့ပြီး သူ့ကိုယ်သူ ပြည်သူက ကြည်ညို၍ တင်မြှောက်ထားသော အုပ်ချုပ်ရေးမှူးဖြစ်ကြောင်း၊ ရပ်ကွက်တွင် ၄င်းက မြို့နယ် အုပ်ချုပ်ရေးထက် စည်ပင်သာယာထက် အရေးပိုရောက်သူ ဖြစ်ကြောင်း၊ သူ့ခွင့်ပြုချက် မရဘဲ ခြံစည်းရိုးကို ခတ်ပါက အကြောင်းသိသွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့ပါသည်။

သေဆုံးသူ၏ သားမက်ဖြစ်သူ ကိုစိုးနိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးသိန်းဟန်တို့ အခြေအတင် စကားများနေတာကို ကြားသောအခါ ကိုစိုးနိုင်၏ ယောက္ခမဖြစ်သော ဒေါ်လှယဉ် (သေဆုံးသူ) မှ ကြောက်လန့်တကြား တောင်းပန်မှု ပြုလုပ်ခဲ့ကြောင်း ၎င်းမှာ ကြောက်သောကြောင့် ဆက်မပြောရန် တောင်းပန်ခဲ့သော်လည်း ဦးသိန်းဟန်မှာ အာဏာပြ ခြိမ်းခြောက်မှုများ ဆက်တိုက် ပြုလုပ်ကာ ပြန်သွားခဲ့သည်။ နေ့လည် ၁၂ နာရီလောက်တွင် နှလုံးရောဂါအခံ ရှိသော ဒေါ်လှယဉ်မှာ သားမက်ဖြစ်သူ ကိုစိုးနိုင်ကို သွားရောက် တောင်းပန်ရန် ပြောဆိုရင်း အထိတ်တလန့်ဖြစ်ပြီး မေ့လဲသွားခဲ့သည်။ ထို့နောက် မိသားစုမှ စံပြဆေးရုံသို့ ပို့ရာ လမ်းတွင် သေဆုံးသွားခဲ့ရသည်။ ဆေးရုံ ဆေးစစ်ချက်များအရ သေဆုံးသူ ဒေါ်လှရီမှာ နှလုံးရောဂါကြောင့် လန့်၍ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

"သူက ဘာရောဂါမှ ဖြစ်ပြီး လဲနေတာမဟုတ်ဘူး။ေိုဖြစ်သွားတော့မှ ကျနော်လဲ ပြန်စဉ်းစားကြည့်တယ်။ ငါ သူ(အုပ်ချုပ်ရေးမှုး ဦးသိန်းဟန်)ပြောသမျှငြိမ်ခံပြီးတော့ ဆက်မပြောပဲ နေလိုက်ရင် အကောင်းသားလို့။ အဘွားက နယ်ကနေ ငါ ချဲလိုက်လို့ ပြဿနာတွေ အလျှိုလျှိုတက်ပြီးတော့ ယောက္ခမ တယောက်လုံး အသက်ဆုံးရှုံးသွားပြီ။ သူ့သားသမီး၊မြေးတွေနဲ့ အတူတူနေဖို့ ရွာကနေပြောင်းလာတာ ၇လ၊၈ လပဲ ရှိသေးတယ်။ ကျနော်လဲ တော်တော်လေး စိတ်မကောင်းဖြစ်တယ်။" လို့ သေဆုံးသူ၏ သားမက်ဖြစ်သူ ကိုစိုးနိုင်က ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။


" ဆယ်အိမ်မှူးက ဥက္ကဌတွေ ခေါ်လာတယ်။ ဒီအကိုကြီး ရှင်းပြတယ်။ အဲတာကို နားထောင်တယ်။ ပြီးတော့မှ အော်ဟစ်ပြီးတော့ ပြောတယ်။ သမီးတို့ကတော့ နားမလည်ဘူး။ သမီးတို့ အမြင်ကတော့ ဥက္ကဌက ပြဿနာဖြစ်ရင် သူက ဖြေရှင်းပေးရမှာလေ။ အဲတာကို အော်ဟစ်ပြီးတော့မှ ကြိမ်းမောင်းသွားတယ်။ ဒီရပ်ကွက်ကလူတွေက သူ့ကို ကြည်ညိုပြီး ခန့်ထားတာပေါ့။အဲလို မဆိုင်တာတွေပါ ပြောတာပေါ့။ ဘေးက ကြားရတဲ့လူတွေတောင် မခံနိုင်ဘူး။ သူတို့အိမ်က ပြောင်းလာတာ သိပ်မကြာသေးဘူး။ နေတာထိုင်တာလဲ အေးတယ်လေ။ အဲတာကို အုပ်ချုပ်ရေးမှူးက လုပ်လို့ရတဲ့လူကို လုပ်တယ်ဆိုတဲ့ ပုံစံမျိုးဆိုတော့ သမီးတို့လဲ လက်သင့်မခံဘူး။" လို့ ရန်ကုန်သစ်ရပ်ကွက်မှ အိမ်နီးနားချင်းတွေက ဘားမားဗီဂျေကို ပြောပါသည်။


အဆိုပါ အုပ်ချုပ်ရေးမှုး ဦးသိန်းဟန်သည် ယခင် ကြံ့ဖွံ့စည်းရုံးရေးမှူး တစ်ယောက်ဖြစ်ပြီး ပြည်တွင်း သတင်းဂျာနယ်တချို့၌ပင် လိမ်လည် လာဘ်စားမှုများကြောင့် နာမည်ဆိုးများ အလွန်ထွက်ခဲ့သူ တစ်ယောက် ဖြစ်သည်။ ရန်ကုန်သစ်ရပ်ကွက်၌ ၄င်းအုပ်ချုပ်ရေးမှူး ဖြစ်သောအခါ ဝိုင်းဝန်း လက်မှတ်ထိုး ကန့်ကွက်ခြင်း၊ မြို့နယ်ရုံးမှလည်း လာဘ်စားမှုများအတွက် ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ပြီးသည့်တိုင် ဆက်လက် ရှိနေသည်မှာ အလွန် အံ့အားသင့်စရာ ကောင်းပြီး အော့နှလုံးနာစရာ ဖြစ်ကြောင်း ရပ်ကွက်သားအချို့မှ သိရသည်။

 

သေဆုံးသူ ဒေါ်လှယဉ်၏ သမီးဖြစ်သူ မဝင်းဝင်းခိုင်နှင့် သားမက် ကိုစိုးနိုင်

ကြမ္မာငင်တဲ့ မဂ္ဂင်

Uploaded by BurmaVJMedia on Feb 8, 2012

ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားတဲ့ မြန်မာနိုင်ငံမှာ သံဃာတော်တွေဟာ ကိုယ့်ကျောင်းတိုက် အတွင်းမှာ တရားဝင် နေထိုင်ခွင့်ရဖို့အတွက် အစိုးရ အာဏာ သက်ရောက်တဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကို နာခံနေကြရတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်မျိုးဆက်တွေ တွေ့ဆုံပွဲ အခမ်းအနား

Uploaded by BurmaVJMedia on Feb 9, 2012

ဒီကနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်မျိုးဆက်တွေ တွေ့ဆုံပွဲ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ နံနက် ၁၁း၃၀ နာရီခွဲကနေ စတင်ကျင်းပခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားအတွင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း အမှာစကား ပြောကြားခဲ့ပြီး လူငယ်အင်အားစုတွေ အများအပြား တက်ရောက်ခဲ့ကြပါတယ်။ အဲ့ဒီအခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင် တည်ထောင်စဉ်ကတည်းက ပါဝင်ခဲ့တဲ့ လူငယ်တွေလဲ တက်ရောက်လာခဲ့တာ ပါတယ်။
<iframe width="480" height="360" src="http://www.youtube.com/embed/A08tXogXLjY" frameborder="0" allowfullscreen></iframe>

တိုင်ရီ ဖိနပ်စက်ရုံ စတုတ္ထမြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြ



Burma VJ Media Network

တစ်နာရီ တစ်ဆယ်ကျပ်သာတိုးရသေးတဲ့ တိုင်ရီဆန္ဒပြပွဲ


လှိုင်သာယာ စက်မှုဇုံ (၃) မှာ ရှိတဲ့ တိုင်ရီဖိနပ်စက်ရုံမှာ ဆန္ဒပြနေကြတဲ့ စက်ရုံအလုပ်သမားတွေကို ဒီကနေ့မှာတော့ အခြေခံလစာငွေ ၇၅ ကျပ်မှ ၈၅ ကျပ်တိုးပေးပြီး ရက်မှန်ကြေး ၁၀၀၀ ကျပ် တိုးပေးတဲ့ အမိန့်ကြေညာစာကို တိုင်ရီရုံးချုပ်မှ မန်နေဂျာ ဦးထွန်းအောင်ကျော်မှ ထုတ်ပြန်လိုက်ပါတယ်။ တိုင်ရီစက်ရုံမန်နေဂျာ ဒေါ်အေးမိလှိုင်မှလည်း လာမယ့် ဖေဖော်ဝါရီလ (၁၁) ရက်နေ့အထိ အလုပ်မဆင်းရင် မိမိသဘောဆန္ဒအလျောက် အလုပ်မှ နှုတ်ထွက်သည်ဆိုတဲ့ အမိန့်ကြော်ငြာစာကိုလည်း ပူးတွဲ ထုတ်ပြန်ထားပါတယ်။ အလုပ်သမားရေးရာဝန်ကြီးဌာနမှ ဒီဆန္ဒပြမှုတွေကို လာရောက်ဖြေရှင်းပေးခဲ့ပေမယ့်လည်း အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကိုတော့ ထိရောက်တဲ့ ဖြေရှင်းမှုမျိုး မပေးနိုင်ခဲ့ပါဘူး။

တိုင်ရီစက်ရုံမှာ လုပ်သက်ကြာလာပြီဖြစ်တဲ့ အလုပ်သမားတွေက လျော်ကြေးတစုံတရာမရဘဲ အလုပ်က ထွက်ရမယ်ဆိုရင် စားဝတ်နေရေးအတွက် အခက်အခဲရှိနိုင်တယ်လို့ သိရပါတယ်။ တိုင်ရီဖိနပ်စက်ရုံအလုပ်သမားတွေက လစာငွေ မညီမျှမှုပြဿနာတွေကို အလုပ်သမားတွေ ကိုယ်စား ဖြေရှင်းဆောင်ရွက်ပေးဖို့အတွက် အထက်တန်းရှေ့နေ ဒေါ်တင်ဇာလွင်ကို လက်မှတ်ရေးထိုးထားတဲ့ စာရွက်တွေ ပေးအပ်ခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲဟာ ဇန်န၀ါရီလအတွက် ပေးရမယ့် လုပ်ခလစာတွေ ဖြတ်တောက်ခံရတာကြောင့် မကျေမနပ်ဖြစ်ကာ အလုပ်သမားတွေ၂၅၀၀ခန့်က အလုပ်ခွင်မဝင်ဘဲ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဒီကနေ့ ဖေဖော်ရီလ (၉) ရက်နေ့မှာတော့ လေးရက်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။












>




U.S. Secretary of State Hillary Rodham Clinton greets Burmese comedian Zaganar


U.S. Secretary of State Hillary Rodham Clinton greets Burmese comedian and recently-released former political prisoner Zaganar at the U.S. Department of State in Washington, D.C., on February 8, 2011. [State Department photo/ Public Domain]
— at U.S. Department of State.