Saturday, February 11, 2012

ဖေဖော်ဝါရီလ (၅) ရက်နေ့က ရန်ကုန်၊ MCC မှာ ကျင်းပခဲ့တဲ့ အနုပညာရှင်များ၏ မိဘမဲ့ကလေးများအတွက် ရန်ပုံငွေ ဈေးရောင်းပွဲ

စာချူပ်ဖြင့်သာရွှေရောင်းဝယ်ရမည်။



The Voice Journal

ဂျိုးဇက်စတစ်ကလစ်နှင့် သမ္မတစီးပွားရေးအကြံပေးဦးမြင့် ၏ဟောပြောပွဲ

Messenger News Journal
ဂျိုးဇက်စတစ်ကလစ်နှင့် သမ္မတစီးပွားရေးအကြံပေးဦးမြင့် ၏ဟောပြောပွဲ တက်ရောက်လာသူများ( ယခုအချိန်တွင် တက်ရောက်သူ ၂၈၀၀ ကျော်သွားပြီဖြစ်ကြောင်း Regristration ကောက်ယူသူများထံမှ သိရသည်)

ဂျိုးဇက်စတစ်ကလစ်နှင့် သမ္မတစီးပွားရေးအကြံပေးဦးမြင့် ၏ဟောပြောပွဲ သို့တက်ရောက်လာသော ကိုကိုကြီး


စီးပွားရေးနိုဘယ်ဆုရ ဂျိုးဇက်စတစ်ကလစ် ကို ယနေ့ နံနက် ၁၀း၃၀ တွင် တွေ့ရစဉ်


ဂျိုးဇက်စတစ်ကလစ်နှင့် သမ္မတစီးပွားရေးအကြံပေးဦးမြင့် ၏ဟောပြောပွဲ သို့တက်ရောက်သူ ၂၅၀၀ ကျော် ရှိဟု UMFCCI ၏အမှုဆောင်တစ်ဦးက ပြောသည်။ UMFCCIတွင် ကျင်းပပြီးစီးခဲ့သော ဟောပြောပွဲ စဉ်များတစ်အနက်တက်ရောက်သူအများဆုံးစံချိန်ချိုး ခဲ့ကြောင်း ယင်းပွဲစီစဉ်ကျင်းပသူ ဒေါက်တာမောင်မောင်လေးက The Messenger ဂျာနယ်သို့ ပြောကြားသည်။

သံတွဲ မြို့ ဈေးကြီး မီးလောင် ပြာကျသွားရပြီ


၁၁-၂-၂၀၁၁ မနက်-၅-နာရီ-၁၅-မိနစ်မှာ ဈေးကြီးမီးလောင်တာ မြန်မာကျပ်ငွေ သိန်းပေါင်းတသောင်းကျော်လောက် လောင်ကျွမ်းဆုံးရုံးခံလိုက်ရတယ်လို့  မြို့ ခံတဦးက ပြောပါတယ် ။ ဈေးသူဈေးသားတွေက ဈေးဖွင့်ဖို့  မနက်ပိုင်းရောက်လာတဲ့ အခါ မီးလောင်နေတာမြင်တော့ လေပြင်းတွေ တိုက်ခတ်နေတာနဲ့  ဘယ်လိုမှ မီးငြိမ်းသတ်လို့  မရလို့ ပြောပါတယ်။ ဆိုင်ခန်းပေါင်း-ရ၀၀- လောက် ရှိရာမှာ အခုလို မီးလောင်ခံလိုက်ရတာဟာ-၆၀၀- ထက်မနည်း လောင်ကျွမ်းကုန်တာလို့  သိရပါတယ်။ သံတွဲမြို့  မီးသတ်ကားနှစ်စီးအပြင် ကမ်းခြေ ဟိုတယ်က ရေဖြည့်ကားတွေအပြင် တောင်ကုတ်မြို့ မှ မီးသတ်ကားတွေကပါ လာရောက် မီးငြိမ်းသတ်လို့  မနက် -၈-နာရီခွဲလောက်မှာ မီးညွန့် ကျိုးသွားတယ်လို့  သိရပါတယ်။ ၀ပ်ရှော့ဆိုင်က စပြီး လောင်ကျွမ်းတယ်လို့  ပြောဆိုနေကြပြီး လူနေအိမ်တွေကို မကူးစက်ခဲ့ ဘူးလို့  သိရပါတယ်။

ဓါတ်ပုံများကြည့်ရန်(Click)

ခိုင်အောင်ကျော် ( နယူးယောက် )

Messenger News Journal facebook သတင်း
ရခိုင်ပြည်နယ်သံတွဲမြို့ရှိ ဒွါရဝတီဈေးကြီး မီးလောင်ခံရပြီး ကျပ်သိန်းပေါင်းများစွာ ဆုံးရှုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁၊ ၂ဝ၁၂
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ရခိုင်ပြည်နယ်သံတွဲမြို့ရှိ ဒွါရာဝတီဈေးကြီး၌မီးလောင်မှုဖြစ်ခဲ့ပြီး ဆိုင်ခန်းပေါင်း ခုနရာကျော်နှင့် ကျပ် သိန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရကြောင်း စစ်တွေ မြို့နယ်မီးသတ်ဦးစီးဌာနကပြောသည်။
''လူအသေအပျောက် မရှိပါ ဘူး။ ၈ နာရီ ၁၅ မိနစ်မှာ မီးငြိမ်း သွားပါတယ်။ စုစုပေါင်း ဆိုင်ခန်း ၇၄ဝ ခန်း မီးလောင်သွားပါတယ်'' ဟု စစ်တွေမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ သံတွဲမြို့ရှိ ဒွါရဝတီ ဈေးကြီးကို ၁၉၅ဝ ခုနှစ်မှ စတင် ဖွင့်လှစ်ခဲ့ကာ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများရွှေငွေလက်ဝတ်ရတနာဆိုင်များအပါအ၀င်ဈေးအတွင်း၌ဆိုင်ခန်းစုစုပေါင်း၈၀၀ ၀န်းကျင်ခန့် ရောင်းချလျက်ရှိ ကြောင်းသိရသည်။ မြို့နယ်ဈေးကြီးတစ်ဈေးဖြစ်ပြီး ဈေးပတ်လမ်းတွင်ဖွင့်လှစ်ထားသောဆိုင်ခန်းများပါထည့်သွင်းရေတွက်ပါကဆိုင်ခန်းစုစုပေါင်း
တစ်ထောင် နီးပါးရှိကြောင်း သံတွဲမြို့ခံတစ်ဦးကပြောသည်။
''အခလိုမီးလောင်မှု ကြီးမားသွားတာဟာ သံတွဲမြို့နယ်မီးသတ်အဖွဲ့ရဲ့အားနည်းချက်နဲ့ ဈေး တာဝန်ခံတေါရဲ့ပေါ့ဆမှု ကအဓိကကျတယ်။ ကျွန်တော်တို့ သိရသလောက် ရှို့မီး လည်း မဟုတ်သလို လျှပ်စစ်ဝါယာရှော့ခ်ကြောင့်လောင်တဲ့မီးလည်း မဟုတ်ပါဘူး။ လူတွေက တော့ လျှပ်စစ်ဝါယာကြိုးပေါက်လို့ မီးလောင်တာလို့ ထင်ကြေးပေးပေမဲ့ လျှပ်စစ်မီးကတစ်ညလုံးပေးထားတာမှမဟုတ်တာ၊မနက် ၆ နာရီလောက်မှမီးစပေးတာလေ။ကျွန်တော်နောက်ပိုင်းသိရတာက မနက် စောစော ဆိုင်ဖွင့်ရင် ဘုရားမီး ဖယောင်းတိုင်နဲ့ ပူဇော်ကြတယ်။ အဲဒီ က စလောင်တယ်လို့ ယူဆရတယ်။ ကျွန်တော်တို့ သိရတော့ နံနက် ၅ နာရီခွဲ ၆ နာရီလောက် မှ သိရတော့ မီးကမနိုင်တော့ဘူး။ ကျွန်တော်က ကွမ်းယာနဲ့ ကွမ်းပစ္စည်းတွေ ဆိုင် ခန်းဖွင့်ထားတာပါ။ အားလုံးလောင် သွားပါတယ်'' ဟု ကျပ်သိန်းရာဂဏန်းခန့်ဆုံးရှုံးသွားသော ဆိုင်ခန်းပိုင် ရှင်တစ်ဦးက ပြောသည်။
မီးလောင်မှုကို သံတွဲမြို့နယ် ရေအားလျှပ်စစ်စီမံကိန်းမှ ရေသယ် ယာဉ် ၂ စီး၊ လေယာဉ်ကွင်းမှ ရေ သယ်ယာဉ် ၃ စီး အမေဇုန်ဟိုတယ် မှ ရေသယ်ယာဉ် ၂ စီး၊ အမရာ ဟိုတယ်မှ ရေသယ်ယာဉ် ၁ စီး၊ တောင်ကုတ်မီးသတ်ဦးစီးဌာနမှမော်တော်ယာဉ် နှင့် သံတွဲ မီးသတ်ဦးစီးဌာနမှမီးသတ်ယာဉ် ၃ စီး စုစုပေါင်း ၁၁ စီးမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာတွင် နံ နက် ၁၁ နာရီကျော်ခန့်တွင် အပြီးသတ် မီးငြှိမ်းနိုင်ခဲ့ကြောင်း သိရသည်။
''စလောင်တဲ့ အချိန်တော့ မ သိပါဘူးကွယ်။ သွားကြည့်တော့ အန်တီ့ဆိုင်ခန်းတင်မကဘဲ တစ်ဈေး လုံး လောင်နေပါပြီ။ အန်တီဆိုင်ခန်း နှစ်ခန်း မီးထဲ ပါသွားပါတယ်။ စု စုပေါင်း သိန်းလေးဆယ် ငါးဆယ် ဖိုးရင်းထားတာပါ။ အခုလို အားလုံး မီးလောင်ဆုံးရှုံးတော့ စိတ်မကောင်း ပါဘူးကွယ်'' ဟု အထည်ဆိုင်ပိုင် ရှင် ဒေါ်ခင်စန်းမြင့်ကလည်း ပြော သည်။
အဆိုပါ ဒွါရဝတီဈေးကြီး မီးလောင်မှုသည် သံတွဲမြို့နယ်တွင် ဆုံးရှုံးမှုအကြီးမားဆုံး မီး လောင်မှုတစ်ခုဖြစ်ပြီး မီးဘေးအန္တရာယ်အတွက်ကြိုတင်ပြင်ဆင်မှုအားနည်းချက်များကြောင့်ယခုကဲ့သို့ဆုံးရှုံးမှုကြီးမားခဲ့ခြင်း
ဖြစ်ကြောင်း သံတွဲမြို့ရှိ ဈေးသူဈေးသား များက သုံးသပ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့  ကော့မှူး ခရီးစဉ်





ညီညွှတ်ရေးနှင့်ငြိမ်းချမ်း ရေးပါတီမှ ဦးတင်ရီမှ ဒေါ်အောင်ဆန်းစု ကြည်ကို ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့်ကိုက်ညီမှုမရှိဟုဆို ကာကန့်ကွက်


ဒေါ်အောင်ဆန်းစု ကြည်ကို ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့်ကိုက်ညီမှုမရှိဟုဆို ကာကန့်ကွက်ခဲ့သည့်ယှဉ်ပြိုင်အရွေး ခံမည့် ဦးတင်ရီ၏ကန့်ကွက်လွှာအား တောင်ပိုင်းခရိုင်ကော်မရှင်ရုံးမှဇန်နဝါရီ(၁၁)ရက်နေ့ကပယ်ချလိုက် ကြောင်း ကန့်ကွက်ခဲ့ သည့် ကိုယ်စားလှယ်လောင်း ဦးတင်ရီထံမှသိရသည်။ထိုသို့ ခရိုင်ကော်မရှင်အ ဖွဲ့ခွဲမှ ကန့်ကွက်လွှာအားပယ်ချ လိုက်သည့်အပေါ် တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲသို့ဇန်နဝါရီလဒုတိ ယပတ်တွင်အယူခံတင်သွားမည်ဖြစ် ကြောင်း ကန့်ကွက်လွှာပယ်ချခြင်း ခံခဲ့ရသည့် ကိုယ်စားလှယ်လောင်း ဦးတင်ရီကဆိုသည်။''ဒီနေ့ခရိုင်ကော်မရှင် အဖွဲ့ခွဲကပယ်လိုက်တယ်။ဒါကြောင့် နောက်တစ်ပတ်ထဲမှာ တိုင်းကော်မ ရှင်ကိုအယူခံဆက်ဝင်မယ်။ တိုင်းကော်မရှင်က ပယ်ရင်၊ဗဟိုကိုတက်မယ်။ ဗဟိုကပယ်ရင် လွှတ်တော်တင် မယ်။ ကျွန်တော့်က အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေအရ ကန့်ကွက်ခဲ့တယ် ။ မကိုက်ညီတာတွေကို တင်ပြကန့်ကွက်ခဲ့တယ်။ ဒေါ်အောင် ဆန်းစုကြည်ဘက်ကလည်း ပြန်ပြီး ဖြေရှင်းတာ ကျွန်တော်တို့ဘက်က မပြည့်စုံဘူးဆိုပြီးလေ။ ခရိုင်ကတော့ ပယ်လိုက်တယ်'' ဟုညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ကော့မှူးမြို့နယ် တွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ် စားလှယ်လောင်းဦးတင်ရီကဆို သည်။''ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအနေနဲ့တော့ ပြည် သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ၊နည်းဥပဒေမှာပါတဲ့အတိုင်းပဲ လွတ် လပ်စွာပဲ ဆုံးဖြတ်ခဲ့တယ်။နောက် တည်ဆဲဥပဒေတွေကိုလည်းကိုးကား ပြီးစိစစ်ပေးခဲ့တယ် လက်ခံသင့်တာ လက်ခံ၊ပယ်သင့်တာပဲခဲ့တယ်။ကျွန် တော်တို့အနေနဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနည်း ဥပဒေအပိုဒ်-၂၈(က)အရ ဆောင်ရွက်ခဲ့ပါတယ်'' ဟုတောင်ပိုင်းခရိုင် ကော်မရှင်အဖွဲ့ ခွဲမှ တာဝန်ရှိသူကဆိုသည်။ကော့မှူးမြို့နယ် မဲဆန0x081ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက0x081ကဌဒေါ် အောင်ဆန်းစုကြည်အား အဆိုပါမဲ ဆန0x081ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေး ပါတီမှ ဦးတင်ရီမှ ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့် ညီညွှတ်မှုမရှိကြောင်း ဇန်နဝါရီ(၆)ရက်နေ့ကတောင်ပိုင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ သို့ကန့်ကွက်လွှာ တင်သွင်းခဲ့ကြောင်း သိရသည်။အဆိုပါကန့်ကွက်လွှာအားတောင်ပိုင်းခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှပြည်သူ့လွှတ်တော်ဥပဒေ၊ နည်းဥပဒေများနှင့်တည်ဆဲဥပဒေ ဖြစ်သော စကားရပ် များအား အစားထိုးခြင်းဥပဒေ (၁၉၇၃)စသည့်ဥပဒေများကိုအခြေခံ ကာစိစစ်သုံးသပ်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ အဆိုပါကန့်ကွက်မှုတွင် ကန့်ကွက်ခြင်းခံခဲ့ရသည့်ကိုယ်စား လှယ်လောင်းကလည်းဇန်နဝါရီ(၉)ရက်နေ့ကချေပလွှာပြန်လည်တင် သွင်းခဲ့ကြောင်း သိရသည်။ ထုကန့်ကွက်လွှာ၊ ချေပလွှာများကို ခရိုင်ကော်မရှင်အဖွဲ့ခွဲမှ သုံးကြိမ်တိုင် စိစစ်သေချာစိစစ်ကာဆုံးဖြတ်ခဲ့ ကြောင်း သိရသည်။အဆိုပါကန့်ကွက်လွှာ တွင်မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ-၁၂၁၊ပုဒ်မခွဲ(င)၊(စ)၊ (ဆ)အရလည်းကောင်း၊ပြည်သူ့လွှတ် တော်ရွေး ကောက်ပွဲ ဥပဒေပုဒ်မ-၁၀၊ပုဒ်မခွဲ(စ)၊(ဆ)၊(ဇ)၊(ဍ)အရလည်း ကောင်း၊၂၀၁ဝပြည့်နှစ်နိုင်ငံရေးပါ တီမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ-၄၊ ပုဒ်ခွဲ(စ)၊ ပုဒ်မ-၁၀၊ပုဒ်ခွဲ(စ)အရ ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်းဦးတင်ရီက ကန့်ကွက်ခဲ့ကြောင်းသိရသည်။ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကမြန်မာတစ် ပြည်လုံးရှိလစ်လပ်(၄၈)နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခြယ်ခံ ကြမည့်ကိုယ်စား လှယ်လောင်းများ ၏အမည် စာရင်းကိုမကြာမီထုတ် ပြန်ကြေညာတော့မည်ဖြစ်သည်။ အဆိုပါကော့မှူးမြို့နယ် တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှဒေါ်အောင်ဆန်းစုကြည်၊ ညီညွှတ်ရေးနှင့်ငြိမ်းချမ်း ရေးပါတီမှ ဦးတင်ရီနှင့်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှဒေါက်တာဦးစိုး မင်းတို့ကဝင်ရောက်ယှဉ် ပြိုင်ကြမည် ဖြစ်သည်။
Source ..ရန်ကုန်တိုင်းမ်
http://www.thithtoolwin.com/2012/02/blog-post_4962.html မှ

ဒေါ်အောင်ဆန်းစုကြည်ကော့မှုးမဲဆွယ်ပွဲပုံများ




















ဒေါ်အောင်ဆန်းစုကြည် နှင့် အိုင်တီပလေယာများ


ဒေါ်အောင်ဆန်းစုကြည် နှင့် အိုင်တီပလေယာများ ရင်းရင်းနှီးနှီး တွေ့ဆုံ ......
BarCamp Yangon (၁၁-၂-၂၀၁၂)



 MCF ဥက္က ဆရာ ဦးသိန်းဦး








ပြည်ခိုင်ဖြိုးပါတီဝင်အချို့ NLDပါတီသို့ ကူးပြောင်းဝင်ရောက်


by Ko Ye on Saturday, February 11, 2012 at 6:59am ·

 ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ်အချို့တွင် နေထိုင်သော  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ပါတီဝင်အချို့ သည် NLD အမျိုးသားဒီမိုကေ၇စီအဖွဲ့ချုပ်ပါတီသို့ ကူးပြောင်းဝင်ရောက်နေကြကြောင်းသိရသည်။

NLD ပါတီ တရားဝင်ပါတီအဖြစ် ပြန်လည် မှတ်ပုံတင်အပြီး ပါတီဝင်အသစ်များ လက္ခံလာချိန်တွင် လူအများအပြား ပါတီဝင်အဖြစ် လျှောက်လွှာတင် ၀င်ရောက်နေကြပြီး ၊ ထိုအထဲတွင် ယခင်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်များသည်လည်း လျှောက်လွှာတင်၍ ၀င်ရောက်နေကြခြင်းဖြစ်သည်။

“ဒီလိုပဲ လျှောက်လွှာတင်ပြီးတော့ ၀င်လိုက်တာပဲ၊ကြံ့ဖွံ့ပါတီကိုတော့ ဘာမှ အကြောင်းမကြားနေတာ့ဘူး၊ဒီပါတီနဲ့ပါတ်သတ်ပြီး ဘယ်အစည်းအဝေးမှလည်းမတက်တော့ဘူး” ဟု NLD သို့ ပါတီဝင်အသစ်အဖြစ်ဝင်ရောက်လိုသူ ကြံ့ဖွံ့ပါတီဝင်ဟောင်းမှပြောကြားသည်။

“ အစကတဲက ၀င်ချင်လို့မှ မဟုတ်ပဲ၊မ၀င်ရင် ရပ်ကွက်ထဲကလမ်းတွေ ကွန်ကရစ်လမ်းမခင်းပေးဘူးဆိုလို့ ၀င်လိုက်တာ၊ပိုက်ဆံကောက်ပြီး လမ်းလည်းမခင်းပေးဘူး၊ဟိုဘက်နှစ် ကတဲက ပိုက်ဆံကောက်ထားတာ၊
နောက် ၄ ၊၅ လလောက်ဆိုရင် မိုးတွင်းပြန်ရောက်လာတော့မယ်။ မိုးတွင်းရောက်ရင် ဟိုးအရင်နှစ်တွေကလိုပဲ ရွှံ့တွေ၊ ဗွက်တွေထဲကနေပဲ ပြန်သွားရဦးမှာပဲ”

ကြံ့ဖွံ့ပါတီဝင်အချို့သည် ပါတီအတွင်း ပါတီဝင် အဆင့်ဆင့်၏ ခေါင်းပုံဖြတ်မှုများကြောင့် ပါတီကို စိတ်ကုန်လျက်ရှိနေကြသည်။
ပါတီမှ အတိုးနည်းချေးငွေများ ချေးပေးနေသော်လည်း ရရှိရမည့် ကိုယ်တာ အပြည့်အ၀ရရှိခြင်း မရှိပဲ ပါတီစည်းရုံးရေးမှူး စသူတို့မှ ခေါင်းပုံဖြတ်မှုများရှိနေကြောင်းသိရသည်။


“၃သောင်းချေးပေးမယ်ပြောတယ်။ချေးငွေ ရတော့ ရုံးအတွက်ငွေ၊ တာဝန်ခံအတွက်ငွေ ဆိုပြီး ၃ထောင် ဖြတ်တယ်။ပြန်ဆပ်တော့ ၃သောင်းစာ အတွက်အတိုးပေးပြီးပြန်ဆပ်ရတယ်” ဟု….ရွှေပြည်သာမြို့နယ်မှ ကြံ့ဖွံ့ပါတီဝင် ဟောင်း ဒေါ်တင်တင်ဝင်း…မှ ပြောကြားပါသည်။

ထိုကဲ့သို့ ပြည်ခိုင်ဖြိုးပါတီဝင်အချို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD ပါတီသို့ ကူးပြောင်းနေကြသော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လာမည့် ဧပြီလ ၁ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ေ၇ွးကောက်ပွဲတွင် လစ်လပ်နေရာ ၄၈ နေရာလုံးဝင်ပြိုင်မည်ဟု သိရသည်။

 “ကျနော်တို့အနေနဲ့ နိုင်မယ်ထင်လို့ ၄၈ နေရာစလုံး ဝင်ပြိုင်တာ။ နိုင်မယ်/ မနိုင်ဘူးဆိုတာ လူထုရဲ့အဆုံးဖြတ်ပါပဲ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရသွားမယ်ဆိုရင်လည်း ပါတီအနေနဲ့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာပါ”ဟု ပြည်ထေင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ပြည်ပအခြေစိုက် သတင်းဌာနသို့ပြောကြားသွားခဲ့သည်။

ယခု NLD ပါတီသို့ ၀င်ရောက်နေကြသူများထဲတွင် ယခင်က အကြောင်းအမျိုးမျိုးကြောင့် NLD ပါတီဝင်အဖြစ်မှ နှုတ်ထွက်သွားကြသူများပင် ပြန်လည်ဝင်ရောက်နေကြကြောင်းသိရသည်။ NLD ပါတီသည် ယခုအခါ အနယ်နယ်အရပ်ရပ်တွင် ပါတီဝင်အသစ်များအားလက္ခံလျက်ရှိပြီး ပါတီဝင်လျှောက်လွှာများအား မြို့နယ် NLD ပါတီရုံးခွဲများတွင် တစ်စောင်လျှင် ၁၀၀ကျပ်ဖြင့်ရောင်းချပေးနေပါသည်။


ကော့မှုး၊ တွံတေးနဲ့လှိုင်သာယာတံတားအထွက်မှဒေါ်အောင်ဆန်းစုကြည်ကိုကြိုမဲ့သူများ










(7 Dayဂျာနယ်မှ )



ပြောရဦးမယ်ဗျာ (၅)





by ဖိုး သိကြား on Saturday, February 11, 2012 at 2:12am ·



ပြောရဦးမယ်ဗျာ.. မပြောရတာတောင် အတော်ကြာသွားပြီ..။ ဖိုးသိကြား အမိမြေပြန်ရောက်ပြီးနောက်
အရင်လို အွန်လိုင်း မတက်နိုင်ခဲ့ဘူး..။ အလုပ်တွေကများ ကျန်းမာရေးကမကောင်း ကျန်းမာရေး ကောင်း
ပြန်တော့လည်း ကော်နက်ရှင်ကမကောင်းနဲ့ လုံးလည်ချာလည်လိုက်လို့လေ..

ခုတော့ ပြောချင်တာတွေများနေလို့ ကော်နက်ရှင်ကို ထိပ်တိုက်ရင်ဆိုင်ပြီး ပြောချလိုက်တော့မယ်ဗျို့
ပထမဆုံးပြောချင်တာက အလယ်ရွာ မီးဘေးသင့်ဒုက္ခသည်တွေကို သွားလှူခဲ့စဉ်က မြင်တွေ့ခဲ့ရတဲ့
ဘ၀င်မကျစရာ ကိစ္စပါ..။ အားလုံးသိတဲ့အတိုင်း အလယ်ရွာမှာ မီးလောင်တော့ မီးဘေးသင့်ပြည်သူ
အပေါင်းကို အလယ်ရွာက အောင်ဇေယျာမင်း ဘုန်းကြီးကျောင်းမှာ ဒုက္ခသည်စခန်း ဖွင့်ပြီး လက်ခံထား
ပါတယ်..။ လာလှူကြတဲ့သူတွေလည်း မနည်းပါဘူး..။ ဖိုးသိကြားတို့လမ်းမှလည်း လူငယ်တွေစုပြီး
လမ်းထဲက လှူဒါန်းကြတဲ့ အ၀တ်အထည် အသုံးအဆောင် နဲ့ စားစရာတွေကို သွားရောက် လှူဒါန်း
ကြပါတယ်..။

မြန်မာလူမျိုးတို့ရဲ့ စေတနာတွေကြောင့် ရရှိတဲ့ အလှူငွေတွေ ပစ္စည်းတွေကလည်း အများကြီးပါ..။
ပထမနေ့ စားစရာတွေသွားလှူတော့ ကြားရတဲ့သတင်းတွေ မြင်တွေ့ရတဲ့ မြင်ကွင်းတွေအရ လှူဒါန်း
ထားတဲ့ ပစ္စည်းတွေဟာ ဒုက္ခသည်တွေလက်ထဲကို ရောက်ရှိတာ ကြန့်ကြာမှုတွေ ရှိနေပါတယ်.။
လူအင်အားပဲ နည်းလို့လား.. အချိန်ပဲမရလို့လားမသိ ပစ္စည်းတွေဟာ ဂိုထောင်ထဲမှာပဲ တောင်လိုပုံ
နေတာကို တွေ့ရတယ်..။

ဒါနဲ့ပဲ ဖိုးသိကြားတို့ နောက်နေ့မှာ ဒုက္ခသည်တွေလက်ထဲကို မြန်မြန်ဆန်ဆန် ရောက်ဖို့ဆိုပြီး လမ်းထဲ
က အမတွေကိုပါ ခေါ်ပြီး သွားရောက် ဝေငှလှူဒါန်းကြတာပေါ့..။ အရင်ဆုံး ဆရာတော်ကို ၀င်ဖူး သြ၀ါဒ
ခံယူပြီး ဆရာတော်ရဲ့ သြ၀ါဒ အတိုင်း အရနည်းတဲ့ သူတွေကို ဦးစားပေးလှူဒါန်းကြတယ်.။

(ဒီနေရာမှာ ကြားဖြတ်ပြောလိုတာက ကယ်ဆယ်ရေး စခန်းဖွင့်ထားတဲ့ အောင်ဇေယျာမင်း ဘုန်းကြီး
ကျောင်းနဲ့ ကျောင်းထိုင် ဆရာတော် အကြောင်းပါ.။ အောင်ဇေယျာမင်း ဘုန်းကြီးကျောင်းဟာ နွမ်းပါးတဲ့
ခလေးတွေကို အခမဲ့ စာသင်ပေးနေတဲ့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတကျောင်းပါ..။ ဒါ့အပြင်
ဆရာတော်ဟာ မိဘမဲ့ ကလေးတွေကိုလည်း ကျွေးမွေးပြီး ထိမ်းသိမ်းစောင့်ရှောက်ပေးနေပါတယ်..။
ဆရာတော်ဆီမှာ ၂လသား အရွယ်ကနေ အရွယ်စုံ မိဘမဲ့နေတဲ့ ကလေးတွေ မှီခိုနေရပါတယ်..။ ဖိုးသိ
ကြားတို့က အခု မီးဘေးသင့် ပြည်သူတွေကို မလှူခင်ကတည်းက သွားရောက်လှူဒါန်းဖူးပါတယ်..။
ပြည့်သျှံနေတဲ့နရာတွေမှာ ဂုဏ် ပကာသနအတွက် လှူဒါန်းမယ့်အစား ခုလို လိုအပ်နေတဲ့ နေရာ တွေမှာ
သွားရောက်လှူဒါန်းတာဟာ ပိုပြီး အကျိုးရှိပါတယ်..။ နေ့စဉ် မိဘမဲ့ကလေးတွေကို ကျွေးမွေးရတဲ့
ကုန်ကျစရိတ်ဟာ တနေ့တနေ့ မနည်းပါဘူး..။ အလှူရှင်တွေ လိုအပ်ပါတယ်.။ ဒါ့ကြောင့် တကယ့်
စေတနာမှန်နဲ့ ကုသိုလ်ယူလိုသူများကို အောင်ဇေယျာမင်း ဘုန်းကြီးကျောင်းကို ကိုယ်တိုင်သွားရောက်
လေ့လာပြီး သွားရောက် လှူဒါန်းကြဖို့ တိုက်တွန်းလိုပါတယ်.. ဒါကတော့ ကြားဖြတ် နိဗ္ဗာန်ဆော် လုပ်
ပေးတာပါ..)

ပြန်ဆက်ပါဦးမယ်.။ အဲလိုနဲ့ ဆရာတော်ကို ၀င်တွေ့ပြီး ပထမဆုံး ကျောင်းအတွက် ဆန်အိတ်တွေဆီနဲ့
စားစရာတွေ ကျောင်းစိမ်း အ၀တ်အစားနဲ့ အသုံးအဆောင်တွေကို လှူးဒါန်းပါတယ်..။ ပြီးတော့ မီးဘေး
သင့်ပြည်သူတွေအတွက် အ၀တ်အထည်နဲ့ အသုံးအဆောင်တွေကို အဆောင်တွေကိုသွားပြီး ကိုယ်တိုင်
လှူဒါန်းကြတာပေါ့..။ အဲဒီမှာစတွေ့ပြီပေါ့...။

အဲဒီအဆောင်မှာ ကူညီဖို့လား ဘာဖို့လည်းတော့မသိ ရောက်ရှိနေကြတဲ့ မိခင်နဲ့ကလေး စောင့်ရှောက်ရေး
က အန်တီကြီးတွေခင်ဗျ.. ကျနော်တို့ကို ကူညီပြီး အ၀တ်အစားအိတ်တွေ  လှူဒါန်းပေးကြတယ်..။
ဒါကတော့ ကောင်းပါတယ်..။ ဒါပေမယ့် မကောင်းတာကတော့ အဆိုပါ အန်တီကြီးတွေက အထုတ်ဖွင့်ပြီး
ကာင်းတဲ့ထမီတွေ အ၀တ်အစား အသစ်တွေကိုဆိုရင် နောက်မှာသွားထားကြတယ်.။ သူတို့အတွက်ပေါ့ဗျာ..
ဒီကြားထဲ ဟိုဟာလေးပေးပါလား ဒီဟာလေး ပေးပါလားဆိုပြီး တောင်းကြသေးတယ်..။ ဒါကတော့ ဘယ်လို
မှ မဖြစ်သင့်တဲ့ ကိစ္စဗျာ.. ဘယ့်နှယ် မီးဘေးသင့် ပြည်သူတွေ ဒုက္ခသည်တွေအတွက် လှူဒါန်းတာကို ဒုက္ခ
သည်မဟုတ်တဲ့ သူတို့ကပါ ရောယောင်ပြီး အလှူခံကြသတဲ့ ကိုယ်တိုင်ယူကြသတဲ့.. ဒါမျိုးဟာ မဖြစ်သင့်တဲ့
ကိစ္စတွေပါ..။

ဒီလို ဆွမ်းဆန်ထဲ ကြွက်ချေးရောတာကိုတော့ လက်မခံနိုင်ပါဘူး..။ ဒါနဲ့ပဲ အ၀တ်တွေကို ပြန်ထည့်ပြီး
ကိုယ့်ဖာသာကိုယ်ပဲ ဝေခဲ့ပါတယ်..။ ဒီလိုမျိုး အကျင့်တွေကို ပြင်သင့်ကြပါပြီ..။ ကူညီမယ်ဆိုရင်လည်း
စေတနာသက်သက်နဲ့ပဲ ကူညီကြဖို့ အဲဒီ့ စိတ်ဓါတ်တွေကို ပြုပြင်ကြဖို့ အပြုသဘောနဲ့ ပြောလိုက်ရပါတယ်။

ဝန်ထမ်းတွေ လစာတိုးပေးဖို့ လွှတ်တော်က အတည်ပြုလိုက်ပါပြီ..။ ၀မ်းသာပါတယ်..။ ကြိုဆိုပါတယ်..။
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက " လက်ရှိဝန်ထမ်းတွေဟာ လစာနည်းပါးတဲ့အတွက် အဂတိ
လိုက်စားနေကြကြောင်း လာဒ်ပေးလာဒ်ယူ နေကြကြောင်း  ဆရာ၊ဆရာမတွေဆိုလည်း အပြင်ကျူရှင်တွေ
နဲ့ ငွေရှာနေကြရတဲ့ အတွက် လစာတွေတိုးပေးမည် ဖြစ်ပါကြောင်း "ပြောကြားသွားတယ်..။

မှန်သင့်သလောက်မှန်ပါတယ်..။ ဒါပေမယ့် လစာတိုးပြီးသွားတဲ့တိုင်အောင် လာဒ်ပေးလာဒ်ယူ နဲ့ ကျူရှင်
တွေ ရှိနေဦးမယ် ဆိုရင်တော့ ရည်မှန်းချက် ပြည့်မြောက်မှာ မဟုတ်ပါဘူး..။ ငွေကြေးဖောင်းပွပြီး ကုန်
ဈေးနှုန်းတိုး လာမှာပဲ ဖြစ်လိမ့်မယ်..။ ဒီတော့ လစာတိုးပြီးသွားရင်တော့ အကျင့်ပျက်ဝန်ထမ်းတွေကို
ထိထိရောက်ရောက် နှိမ်နှင်းပေးပါဦး..။ လစာကလည်း အတော်အတန် လောက်ငအောင်တော့ တိုးပေး
ပေါ့နော့..။ နောက်ပြီး ကုန်ဈေးနှုန်းတွေကိုလည်း တည်ငြိမ်အောင် ထန်းသိမ်းပေးကြပါဦးလို့ အားလုံး
ကိုယ်စား ပြောလိုက်ပြန်ပြီဗျာ..။

မနေ့က အရှင်ဂမ္ဘီရကို ဘုန်းကြီးကျောင်း ဖွင့်လှစ် ၀င်ရောက်မှုကြောင့် သက်ဆိုင်ရာက ခေါ်ဆောင်သွား
သတဲ့..။ ဘုန်းကြီးကျောင်းဆိုတာ ဘုန်းကြီးတွေ ကိုရင်တွေရှိရမယ့် နေရာပါ..။ ဒါကြောင့် ပိတ်ထားတဲ့ ဘုန်းကြီးကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ပြီး သာသနာ့ ၀န်ထမ်း သံဃာတော်တွေကို သာသနာ့တာဝန်
တွေ ပြန်လည် ထမ်းဆောင်ခွင့်ပေးပါ..။ ဖမ်းဆီးထားတဲ့ သံဃာတော်တွေကို အပြစ်မရှိဘူးလို့ ယူဆပြီး
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပြီးမှ ဘာကြောင့် ကျောင်းတိုက်တွေကို ဆက်ပြီး အကျဉ်းချထားဦး
မှာလဲ??? လူကြီးမင်းတို့ ပြောတဲ့ ပွင့်လင်း မြင်သာတဲ့ခေတ်ကို ရောက်နေပြီဆိုရင် အလကားနေ သံသယ
တွေ မပွားသင့်တော့ပါဘူး..။ခုချိန်မှာ အားလုံးပူးပေါင်းပြီး တိုင်းပြည်အကျိုး ပြည်သူ့အကျိုး ဖော်ဆောင်
နေတဲ့ အချိန်မှာ ယုံကြည်မှု ပျက်ပြားစေမယ့် ကိစ္စတွေ မလုပ်သင့်တော့ပါဘူး လို့ မြင်မိတာကို ပြောချ
လိုက်ပြန်ပြီဗျို့..။

အမေစုရဲ့ စည်းရုံးရေး ခရီးစဉ်ကတော့ နောနော် သီချင်းခေါင်းစဉ်အတိုင်းပေါ့.. "အတိုင်းထက်အလွန်ပဲ"
အောင်မြင်ခဲ့တယ်..။ မေတ္တာတွေ ရရှိခဲ့တယ်.။ ယုံကြည်မှုတွေ တည်ဆောက်နိုင်ခဲ့ကြတယ်..။ ဒေသတချို့
မှာ စီစဉ်သလို မဖြစ်တာကလွဲလို့ပေါ့..။ တကယ်တော့လည်း ပြောဟောဖို့ နေရာဒေသက အဓိကမကျပါဘူး..
အမေ့ရဲ့ မေတ္တာ စေတနာတွေကို ပြည်သူတွေ ခံစားသိရှိနေတာ ကြာခဲ့ပြီမို့ ဘာမှပြောခွင့်မရဘဲ ပြန်သွားရင်
တောင် ပြည်သူတွေက အမေ့အကြည့်တချက်နဲ့ လုံလောက်နေပါပြီ..။ စိတ်ချပါ..အမေ.. အမေ စိတ်မပျက်
စေရပါဘူး.. အမေ့ရဲ့ နောက်မှာ ပြည်သူတွေက တာဝန်ကျေဖို့ စောင့်နေကြပါပြီ..လို့ အမေ့ကို ရဲရဲကြီး ပြော
ချလိုက်ပြီနော်..။

ဒီတခါတော့ ယဉ်ကျေးမှုအကြောင်းပါ..။ အခု 5Movies တို့ Skynet တို့မှာ နိုင်ငံခြားရုပ်ရှင်တွေ ပြသကြ
တယ်။ အဲဒီမှာ မပေါ့်တပေါ် တွေဆိုရင် ဆင်ဆာဖြတ်ပါတယ်..။ ဒါပေမယ့် အပြင်မှာ လူတကောင်လုံး
မျက်မြင် ကိုယ်တွေ့ မြင်နိုင်တဲ့ ကုန်စည်ပြပွဲတွေ၊ ကားပြပွဲတွေ ကုန်ပစ္စည်း ပရိုမိုးရှင်းပွဲတွေမှာကျတော့
မလုံ့တလုံတွေကို ၀တ်ဆင်ခွင့် ပေးထားကြတယ်..။ တမျိုးတော့ တမျိုးပဲ.. ဘယ်လိုတမျိုးလဲ ဆိုတာကို
တော့ ဖိုးသိကြား ဥာဏ်မမှီပါကြောင်း .. ကြံဖန်ပြီး တွေးမိတာတော့ သူတို့က မပေါ်တပေါ်ပဲ ဆင်ဆာဖြတ်
တာ..။ မလုံ့တလုံဆိုရင် ပွင့်လင်း မြင်သာခွင့် ပေးတယ် ထင်ပါရဲ့..

ဖေဖော်ဝါရီ ၁၄ ရက်တဲ့.. ချစ်သူများနေ့တဲ့.. ချောကလက်တွေ ပေးကြ လက်ဆောင်တွေပေးကြ တည်း
ခိုခန်းတွေ သွားကြ.. ဟော်တယ် တွေတက်ကြသတဲ့.. ခရစ်ယာန် ဘုန်းကြီးတပါး သေဆုံးတဲ့နေ့ကိုအမျိုး
မျိုး အဓိပ္ပါယ် ဖွင့်ဆိုပြီး အလေးအမြတ် ပြုကြသတဲ့..။ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ နေ့ထူးနေ့မြတ်တွေ
ဖြစ်တဲ့ ဖဖော်ဝါရီ ၁၂ (ပြည်ထောင်စုနေ့) နဲ့ ဖေဖော်ဝါရီ ၁၃ (ဗိုလ်ချုပ်မွေးနေ့) တို့ကျတော့ သာမန်ပဲသ
ဘောထား မေ့ထားကြတယ်..။ ဂီတဖျော်ဖြေပွဲတွေကလည်း ချစ်သူများနေ့ကို ဂုဏ်ပြုပြီး စီစဉ်တင်ဆက်
ကြသတဲ့..။ တကယ်ဆိုရင် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုပြီး တိုင်းရင်းသား ချစ်ကြည်ရင်းနီးရေး အတွက်
လုပ်ကြပါလား.. တလွဲဆံပင်ကောင်းနေကြတယ်..။ ဖိုးသိကြားတို့ကတော့ ရည်းစားရှိခဲ့စဉ်ကရော မရှိစဉ်
ရော ချစ်သူများနေ့ဆိုတာကို ပြည်ထောင်စုနေ့နဲ့ ဗိုလ်ချုပ်မွေးနေ့တို့လို အလေးအမြတ် မထားခဲ့ဘူး..။
တကယ်တော့ ချစ်တတ်သူများအတွက် နေ့ရက်တိုင်းဟာ ချစ်သူများနေ့ပါပဲ...



ကဲ.. ပြောချင်တာတွေလည်း ပြောချပြီးသွားပြီ။ ရင်ထဲလည်း နည်းနည်း ပေါ့သွားပြီ..။ သဘောထား တိုက်
ဆိုင်တာတွေ ရှိသလို မတိုက်ဆိုင်တာတွေ ရှိရင်လည်း သည်းခံကြပေတော့..။ ဖိုးသိကြားရဲ့ စေတနာ ဝေဒနာ
ဖြစ်ခဲ့ရင်တော့ စိတ်မကောင်းရုံမှတပါး..

အားလုံးကို ချစ်ခင်လေးစားသော...ဖိုးသိကြား(11/02/2012)

နိုင်ငံတော်အကြီးအကဲတွေ စစ်ကိုင်းကိုလည်း မလာကြဘူးဆိုလို့ .....

အခု ၈ နာရီ သတင်းလာနေတယ် ...

နိုင်ငံတော် သမ္မတကြီး၊ ဒုသမ္မတ ( ဒေါက်တာ စိုင်းမောက်ခမ်း ) နဲ့ ဝန်ကြီး၊ လုပ်ငန်းရှင်ကြီးတွေ စစ်ကိုင်းမြို့ရောက်တာ ပြနေတယ် ... ထူးခြားတာ တွေတွေ့ရတယ် ...


၁။ ။ လမ်းတလျှောက်ကြိုတဲ့သူတွေအများကြီးတွေ့ရတယ် ... ဒါပေမယ့် လူပင်လယ်တော့မဟုတ်ဘူး

၂။ ။ လူတယောက်ယောက်က အော်လံ သို့ မိုက် နဲ့အော်နေတယ် .. နိုင်ငံတော်သမ္မတကြီး ..... နိုင်ငံတော်သမ္မတကြီးနဲ့ အဖွဲ့၊ နိုင်ငံတော်သမ္မတကြီး နဲ့ ဒုသမ္မတ ... စသဖြင့်ပေါ့ ... လူတွေက အော်ပေးကြတယ် ... ကျန်းမာပါစေ .....

၃။ ။ နိုင်ငံတော်သမ္မတကြီး နဲ့ ဒုသမ္မတ က လူထုနဲ့စကားပြောတာကို မူရင်းအသံတွေ လွှင့်ပေးတယ် ...

ဒေါက်တာစိုင်းမောက်ခမ်း ပြောသွားတာ တခုရှိတယ် ... နိုင်ငံတော်အကြီးအကဲတွေ စစ်ကိုင်းကိုလည်း မလာကြဘူးလို့ ပြည်သူတွေပြောတာမို့ ကျနော်တို့ လာကြတာတဲ့လေ

တီဗွီရှေ့ရှိရင် ကြည့်လိုက်ကြဦး


k-pooh
မြန်မာကျူ့ ပစ်ဖိုရမ်မှ...

နိုင်ငံရေးအကျဉ်းသားဟောင်းများကမဲပေးဖို့ ဒီလိုထောက်ခံတယ်။




ကျနော် သက်ဦးပါ



















ကျနော် ကိုညီညီလေးပါ



















ကျနော် ကိုရဲဇင်ပါ




















ကျမ အေးသီတာပါ

















ကျနော် ကိုမျိုးအောင်နိုင်ပါ



















ကျနော် ကိုကျော်ဝဏ္ဏပါ


















ကျနော် ကိုဗသက်အောင်ပါ



















ကျနော် ကိုဇော်ရဲဝင်းပါ။