Sunday, February 12, 2012

ရွေည၀ါဆရာတော် နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ လှိုင်သာယာမီးဘေးအလှူ








ဂရမ်မီအကြို ညစာစားပွဲအချိန်မတိုင်မီ ပေါ့ပ်အဆိုတော် Whitney Houston သေဆုံး



ဂရမ်မီအကြို ညစာစားပွဲအချိန်မတိုင်မီ နာရီအနည်းငယ်အလိုတွင် ပေါ့ပ်အဆိုတော် Whitney Houston အသက်(၄၈)နှစ်ဟာ ဖေဖော်ဝါရီ(၁၁)ရက် စနေနေ့က Beverly Hilton Hotel မှာ သေဆုံးနေခဲ့တာဖြစ်ကြောင်း သိရပါတယ်။
LOS ANGELES (AFP) - Stars and music industry leaders paid tribute on Saturday to singer Whitney Houston, who died aged 48 on the eve of the annual Grammys show.
Grammys organising chief Neil Portnow called Houston 'one of the world's greatest pop singers of all time who leaves behind a robust musical soundtrack spanning the past three decades.

'A light has been dimmed in our music community today, and we extend our deepest condolences to her family, friends, fans and all who have been touched by her beautiful voice,' said the head of the Recording Academy.

Many stars took to Twitter to voice shock after Houston was found dead in the Beverly Hilton Hotel, hours before a traditional pre-Grammys dinner which she was due to attend .

http://www.straitstimes.com

Foreigner ကတုံးကလဲ တိုက်ပုံနဲ့

The Voice Weekly




ရှေ့ ဆုံးတန်းယာအစွန်မှ(ကိုပြုံးချိုနှင်ကိုကိုကြီး)
ဒုတိယအတန်းဝဲအစွန်မှ တိုက်ပုံနဲ့ Foreigner ကတုံး

KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောဌေးမောင်ကလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ

Burma VJ Media Network

Feb 11, 2012

KNU/KNLA မြန်မာပြည်ရဲ့ ရှေ့အနာဂတ် တိုးတက်ရေးအတွက် အန်အယ်ဒီ နဲ့ ပူးပေါင်းမည်
မြန်မာပြည်ရဲ့ ရှေ့အနာဂတ် တိုးတက်ရေးအတွက် အန်အယ်ဒီ ပါတီနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောဌေးမောင်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၃:၃၀ နာရီ က လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံအပြီးမှာ သတင်းထောက်တွေကို ပြောဆိုလိုက်ပါတယ်။ အဲဒီလိုတွေ့ဆုံရာမှာ မြန်မာအစိုးရနဲ့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အကြား ပဏာမ သဘောတူလက်မှတ်ထိုးခဲ့ကြတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြခဲ့ သလို ဒေသဖွံ့ဖြိုးရေးကိစ္စရပ်တွေကိုလည်း ဆွေးနွေးသွားခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကရင်တိုင်းရင်းသားဒေသကို လာရောက် လည်ပတ်ဖို့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဥက္ကဌ ဗှိုလ်ချုပ်ကြီး စောဌေးမောင်က ဖိတ်ခေါ်ခဲ့ပါတယ်။

Barcamp ရန်ကုန်ပွဲ ၂၀၁၂ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်းမှ ကောက်နှုတ်ချက်




by The Voice Weekly on Saturday, February 11, 2012 at 4:09am ·
အခုကိစ္စတွေက နည်းပညာခေတ် မရောက်ခင်တုန်းက မရှိတဲ့ အခွင့်ရေးတွေကို ကျမတို့ ရထားတာပါ။ ရတဲ့ အခွင်ရေးကို မှန်မှန်ကန်ကန် သုံးဖို့ လိုပါတယ်။ တန်ဖိုးရှိအောင် သုံးပါ။ အများတွက် သုံးပါ။ အဲ့လို သုံးလိုရှိရင်  အင်မတန် ကျေနပ်မှု ရှိနိုင်ပါမယ်။ အဲ့ဒါကို လုပ်ကြည့်မှ သိနိုင်ပါမယ်။ မျှဝေပေးလို့ရတဲ့ ကျေနပ်မှုကို လုပ်ကြည့်မှ သိမှာပါ။
------------------
ပညာကို မျှဝေပေးတယ် ဆိုတာ လူတိုင်း လုပ်နိုင်တဲ့ ကိစ္စပါ။ တစ်တိုင်းပြည်လုံး တစ်ကမ္ဘာလုံးအတွက် အကျိုးရှိအောင်လို့ ဝေမျှပေးတဲ့ အလေ့အကျင့်ကို အခုတည်းက စပြီးတော့ လေ့ကျင့်စေချင်ပါတယ်။
-----------------
အနာဂတ် ရှေ့ ပြေးဖြစ်နေတဲ့ နည်းပညာကို သင်ယူနေတဲ့ လူငယ်တွေဟာ အတိတ်ကိုလည်း မမေ့ပါနဲ့ ။ ကျမပြောချင်တာ သမိုင်းကို လည်း သိဖို့လိုပါတယ်။ သမိုင်းနောက်ခံရှိမှ နောင်အနာဂတ်အတွက် မှန်ကန်တဲ့အလုပ်တွေကို လုပ်နိုင်မှာ ဖြစ်ပါတယ်။
----------------
လူငယ်တွေဟာ အတိတ်နဲ့ အနာဂတ်ကို ဆက်ပေးတဲ့ တက်ကြွတဲ့အင်အား ဖြစ်ပါစေလို့ ကျမဒီစင်ပေါ်ကနေ ပြောရင်းနိဂုံးချုပ်ပါတယ်။





နှင်းကကြိုး(၂)

Burma VJ Media Network

ဖေဖေါ်ဝါရီလ ၁ဝ ရက်နေ့တွင် ဗဟန်းမြို့နယ် ရွှေဂုံတိုင် လမ်းတွင်ရှိသည့် အဓိပတိ ထမင်းဆိုင်တွင် နှင်းကကြိုး(၂) အမည်ရှိသော အနုပညာ ဖျော်ဖြေမှုပွဲ တစ်ခုကို ပြုလုပ်ကျင်းပခဲ့ပါသည်။
ကဗျာဆရာ ကိုစောဝေ ၊ စိတ်ကူးချိုချို စာပေတိုက် တည်ထောင်သူ ကိုစန်းဦး နဲ့ အင်္ဂလန်နိုင်ငံ က ခေတ္တ ခဏ ပြန်လာတဲ့ ပန်းချီဆရာ ကိုထိန်လင်း တို့ က ထူးခြားတဲ့ Performance ပြကွက်တွေကို ပြသခဲ့ကြပြီး အနုပညာရှင်များနှင့် အခြား စိတ်ဝင်စားသူများက တက်ရောက် အားပေးခဲ့ကြပါသည်။

ညီနောင်တိုင်းရင်းသားပါတီများ စုပေါင်းကျင်းပသည့် (၆၅) နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်

Burma VJ Media Network

၁၂-၂-၂၀၁၂ နေ့ ညနေ ၄း၀၀နာရီတွင် M3 စားသောက်ဆိုင်တွင်ကျင်းပပြုလုပ်သော ညီနောင်တိုင်းရင်းသားပါတီများ စုပေါင်းကျင်းပသည့် (၆၅) နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ပါတယ်


ဒေါ်အောင်ဆန်းစုကြည် ၀ါးသင်္ခရွာမှာ မဲဆွယ်တဲ့ မိန့်ခွန်း

Uploaded by BurmaVJMedia on Feb 12, 2012