Wednesday, February 15, 2012

ကနေဒါမှကချင်စစ်ဘေးသင့်ပြည်သူများအားကူညီရန်ရန်ပုံငွေရှာပွဲ




ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး ရုံးခန်း ဖွှင့်လှစ်ပွဲ

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး ရုံးခန်း အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အထ္တုပ္ပတ္တိ ကို ရုပ်ရှင်ရိုက်ကူးဖို့ ဖွဲ့စည်းထားတဲ့ ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ ရုံးခန်း ဖွှင့်လှစ်ပွဲ အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာပဲ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လာရောက် ဖွင့်လှစ် ပေးခဲ့ပါတယ်။ ဒီအခမ်းအနားကို ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူကြီးတွေ ရုပ်ရှင်သရုပ်ဆောင်တွေ စာပေအနုပညာရှင်တွေ နဲ့ အလှူရှင်တွေက တက်ရောက်လာခဲ့ကြပါတယ်။ ရုံးခန်း စတင် ဖွင့် လှစ်တဲ့နေ့မှာပဲ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဇာတ်ကား ဖြစ်မြောက်ရေး အတွက် ဆရာတော် ဦးဆန္ဒာဓိက ၊ ဇာတ်မင်းသား ဖိုးချစ် ရုပ်ရှင် သရုပ်ဆောင် တွေကလည်း ရန်ပုံငွေထည့် ၀င်ခဲ့ကြပါတယ်။ အဲဒီလိုပဲ ဦးကျော်သူရဲ့ ဖခင် ဦးစိန်တင်ကလည်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေးနဲ့ ထုတ်လုပ်ရေးအတွက် မိသားစုပိုင် ဖြစ်တဲ့ အမျိုးသား ရုပ်ရှင်ထုတ်လုပ်ရေးကို ဒေါ်အောင်ဆန်းစုကြည်ကို လှူဒါန်းသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လှည်းကူးမြို့နယ်ခရီးစဉ်.








အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မရမ်းကုန်းမြို့နယ် မိန့်ခွန်း

ဟိုတယ်ဝန်ထမ်းအမျိုးသမီးအားဂျပန်ဧည့်သည်မှကိုထိလက်ရောက်စော်ကားသည့်ရုပ်သံ





ညီစေကွယ့် ညီစေ



ညီစေကွယ့် ညီစေ
by ဖိုး သိကြား on Wednesday, February 15, 2012 at 12:32am ·

ချီလေတဲ့ ချီလေ..

တို့တတွေ ဒီခရီး

လျှောက်ခဲ့ပြီး မနီးပါ

ပန်းတိုင်ဝေးခဲ့တာ..။


ဒီရေနဲ့ဒီလေ

တိုတွေကို တိုက်ကာစား

ဒိုက်တွေကြား မြုပ်ခဲ့ကြ

လှုပ်ခွင့်ဝေးခဲ့ရ...။


ကြည်စေခဲ့ကြည်စေ

နောက်လေတဲ့ ထိုဒိုက်ဖတ်

အမေ့လက်နဲ့ ဖယ်ကာရှား

လွတ်ခဲ့ရပြီဗျား..။


ညီစေကွယ့် ညီစေ...

တို့တိုင်းပြေ တိုးတက်ရန်

အမေ့ထံ ၀န်းရံလို့

ညီညွတ်ကြပါစို့..။


 (လာမည့် ဧပြီတရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲမှာ အမေစုရဲ့ NLD ပါတီကို မဲပေးကြပါစို့)

အားလုံးကို ချစ်ခင်လေးစားသော...ဖိုးသိကြား (15/02/2012)