Thursday, February 16, 2012

ရေခရီးက လှေစီးပြီး လာခဲ့တော့မယ် ဧရာဝတီရေ ...(ဖျာပုံမြို့သို့ ပါတီစည်းရုံးရေးခရီး)








ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၆ နာရီ ၅၅ မိနစ်တွင် လှည်းတန်း ဆိပ်ခံဘောတံတားမှ ကျိုက်ထော်ရွာသို့ ရှပ်ပြေးရေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သတင်းရှိသည်။ ထို့နောက် ဖျာပုံမြို့သို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။


(၁၇.၂.၂၀၁၂) ရက် ၊ သောကြာနေ့ ဖျာပုံမြို့သို့ ပါတီစည်းရုံးရေးခရီးလာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွက် ဖျာပုံမြို့သူမြို့သားများ၏ ညပိုင်းအချိန်အထိ ပြင်ဆင်ကြိုးပမ်းမှုများ
Bryan Adams







ဆက်လက်တိုက်ပွဲဝင်နေဆဲ တိုင်ရီဆန္ဒပြ အလုပ်သမားများ

Burma VJ Media Network

တနာရီကို အရင်က ၇၅ ကျပ် ရရှိရာကနေ လုပ်ခ ကျပ် ၁၀၀၊ အချိန်ပို တနာရီ ၁၆၄ ကျပ်နဲ့ တလအတွင်း ရက်မှန်ကြေး အရင်အတိုင်း ကျပ် ၆၀၀၀ နဲ့ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမား တချို့တဝက်က အလုပ်ရှင်နဲ့ သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလုပ်ခလစာ တိုးပေးမှုကို လက်မခံတဲ့ ကျန်တဲ့ ဆန္ဒပြအလုပ်သမားထက်ဝက်က လုပ်ခလစာ တစ်ရက်ကို ၁၅၀ ကျပ်နဲ့ ရက်မှန်ကြေး ၈၀၀၀ ကျပ် ရရှိဖို့အတွက် ဒီကနေ့ ဖေဖော်ဝါရီလ (၁၆) နေ့မှာ ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။ သဘောတူလိုက်တဲ့ ဆန္ဒပြ အလုပ်သမား ထက်ဝက်ဟာ သူတို့ရဲ့ စားဝတ်နေရေး အခက်အခဲတွေကြောင့် လက်ခံသဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ ဆက်လက်ဆန္ဒပြနေတဲ့ အလုပ်သမားတွေရဲ့ တောင်းဆိုမှုတွေ ရရှိဖို့အတွက် အလုပ်သမားရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေကိုဖိုးဖြူက ဦးဆောင်ပြီး တရားစွဲဆိုဖို့ စီစဉ်သွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်ခလစာပေးရေး အက်ဥပဒေတွေကို တိတိကျကျ မပြဌာန်းနိုင်သေးသ၍တော့ အခုလို အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား ပြဿနာတွေဟာ ဆက်လက် ဖြစ်ပွားနေဦးမှာဖြစ်တယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။



ကျောင်း​က​နေခွာရမည့်​ ​ရွှေညဝါဆရာ​တော် သစ်ပင်​အောက် သီတင်း​သုံး​မည်

Published on February 16, 2012 by ​အေး​နိုင်

ရွှေညဝါဆရာ​တော် ဘဒ္ဒန္တ ဦး​ပညာသီဟဟာ လာမယ့်​ ၁၉ ရက်​နေ့​ကျရင် လက်ရှိ သီတင်း​သုံး​နေထိုင်တဲ့​ ရန်ကုန်တိုင်း​ဒေသကြီး​ ကြည့်​မြင်တိုင်မြို့​နယ်တွင်း​က သာဓု ပရိယတ္တိစာသင်တိုက်က​နေ ထွက်ခွာမှာဖြစ်ပြီး​ ​မှော်ဘီမြို့​နယ်က ခြံတခြံရဲ့​ သစ်ပင်​အောက် သီတင်း​သုံး​မှာ ဖြစ်ပါတယ်။

ဒီအ​ကြောင်း​ကို ဆရာ​တော်က “​မှော်ဘီကို ကျုပ် ဒကာ၊​ ဒကာမ​တွေက လှူထား​တဲ့​ခြံရှိတယ်။ ​လော​လောဆယ် ​ကျောင်း​လည်း​ မ​ဆောက်ရ​သေး​ဘူး​။ ​ဆောက်ဖို့​လည်း​ မရှိ​သေး​ဘူး​။ အဲဒါအတွက် သစ်ပင်​အောက်မှာပဲ ​နေမယ် ​လော​လောဆယ်” လို့​ မိန့်​ပါတယ်။

ဒီပြုကျင့်​မှုဟာ ဘုရား​ဟောအတိုင်း​ဖြစ်ပြီး​ ​ကျောင်း​ရှိရင်ရှိ၊​ မရှိရင် သစ်တပင်​အောက်မှာ ​နေရမယ်လို့​ ဘုရား​ဟောအတိုင်း​ ကျင့်​ကြံတာပါလို့​ ဆရာ​တော်က မိန့်​ပါတယ်။

ဆရာ​တော်ကို ​ကျောင်း​တိုက်က​နေ ထွက်ခွာ​ပေး​ဖို့​ နိုင်ငံ​တော် သံဃမဟာနာယက အဖွဲ့​ရဲ့​ ဆုံး​ဖြတ်ချက်ကို လိုက်နာတဲ့​အ​နေနဲ့​ ထွက်ခွာတာ ဖြစ်ပါတယ်။

ဆရာ​တော် သွား​ရောက်သီတင်း​သုံး​ဖို့​ စီစဉ်ထား​တဲ့​ခြံဟာ ရန်ကုန်မြို့​ အထွက်က သဲအင်း​ဂူ ဝိပသာနာရိပ်သာ ​ကျောင်း​တိုက်ကြီး​ဆိုတဲ့​ ဆိုင်း​ဘုတ် ​ရောက်တဲ့​အခါ အဲဒီဆိုင်း​ဘုတ်​အောက်က​နေ ၄ မိနစ်ခန့်​ ကား​မောင်း​ဝင်ရပြီး​ ၄ ဧကခွဲခန့်​ ကျယ်ဝန်း​တယ်လို့​ ဆိုပါတယ်။

ဆရာ​တော် ​နေရာသစ်ကို ကြွသွား​တဲ့​အခါ ​ကျောင်း​တိုက်မှာ လက်ရှိ ပညာသင်ကြား​နေတဲ့​ ဦး​ဇင်း​၊​ ကိုရင်၊​ ​ကျောင်း​သား​ စုစု​ပေါင်း​ ၁၀၀ ​ကျော်ကို တပါတည်း​ ​ခေါ်​ဆောင်သွား​မှာလို့​ မိန့်​ပါတယ်။

“အကုန်လုံး​ ကျုပ်​ခေါ်သွား​မှာ။ ဟ မလိုက်လို့​ သူတို့​က စာသင်သား​ ဘယ်မှာ ​နေရမှာတုန်း​။ တပါး​တည်း​ ကြွခိုင်း​ပေမယ့်​ ကျုပ်ကို မှီခို​နေတဲ့​သံဃာ​တွေ ရှိတယ်။ သူတို့​အတွက်လည်း​ ​နေစရာထိုင်စရာ ကျုပ်မှာကလည်း​ အခက်အခဲ ရှိ​နေတယ်။ တရုတ်နည်း​ပညာနဲ့​ ကျုပ်တို့​နိုင်ငံထဲမှာ အ​ဆောက်အဦကို ချက်ချင်း​ဆောက် ချက်ချင်း​နေလို့​ရတဲ့​ နည်း​ပညာ​တွေ ရှိပြီ​လေ။ ပိုက်ဆံ​ပေး​ပြီး​ လုပ်ခိုင်း​မှာ​ပေါ့​။”

နိုင်ငံ​တော် သံဃမဟာနာယကအဖွဲ့​က ဆရာ​တော်ကို မနှစ် ​ဖေ​ဖော်ဝါရီ လဆန်း​ပိုင်း​မှာ တရား​ဟောခွင့်​ တနှစ်ပိတ်ပင်ခဲ့​ပါတယ်။ အဲဒီ​နောက် တနှစ်မပြည့်​ခင်မှာ စည်း​ကမ်း​ချိုး​ဖောက်တယ်ဆိုပြီး​ ​ကျောင်း​တိုက်က​နေ ဒီလ ၁၉ ရက်​နေ့​မှာ ထွက်ခွာဖို့​ နိုင်ငံ​တော်သံဃမဟာနာယကအဖွဲ့​က ဆုံး​ဖြတ်ခဲ့​ပါတယ်။

ဒီလဆန်း​မှာ​တော့​ တနှစ်ပိတ်တာပြည့်​ပြီ ဖြစ်​ပေမယ့်​ ​နောက်တနှစ်​ဟောခွင့်​ ပိတ်ခဲ့​ပါတယ်။
http://burmese.dvb.no/archives/21287




ပြည်သူတွေ မျက်ရည်ဖြိုင်ဖြိုင် ကျနေခဲ့ရတဲ့ ရွှေညဝါဆရာတော်ကြီးရဲ့ ဒုတိယနေ့မြောက် ဆွမ်းအလှူခံကြွရောက် ချီးမြှင့်ပွဲ

Friday, February 17, 2012  ဒီမိုဝေယံ



ဆရာတော်ကြိးကို ကြည်ညိုတဲ့ ကျွန်တော်တို့ပြည်သူတွေ မတရားလုပ်ရပ်အတွက် မချိတင်ကဲ မျက်ရည်ကျခဲ့ကြရတယ်ဗျာ..


 ဒီကနေ့ ၁၆ရက်နေ့ မနက်ပိုင်းက ရွှေညဝါဆရာတော်ကြီးနဲ့ နောက်ပါ တပည့်သံဃာတော်များမှ ကျေးဇူးရှင် ဒါယကာ၊ ဒါယိကာမများအား ဆွမ်းခံကြွရောက် ချီးမြှင့်ခဲ့ပါတယ်..။


ဆရာတော်ကို ကြည်ညိုကြတဲ့ တပည့်ဒါယိကာများ၊ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ မျိုးဆက်သစ် လူငယ်များအစည်းအရုံး၊ ဗကသများအဖွဲ့ချုပ်နဲ့ အခြားလူမှုရေး အဖွဲ့ဝင်များ လိုက်ပါ ကုသိုလ်ယူခဲ့ကြပါတယ်..။ ရရှိတဲ့လှူဖွယ် ပစ္စည်းများနဲ့ အလှူငွေများအား လှိုင်သာယာမီးဘေး ဒုက္ခသည်များအား ဆက်လက် သွားရောက် ပေးအပ်လှူဒါန်းခဲ့ပါတယ်..။">

ဆရာတော်ကို ကြည်ညိုတဲ့ ဒကာမတဦးရဲ့ ငိုကြွေးနေတဲ့ စိတ်မကောင်းဖွယ် မြင်ကွင်းပါ...
အမှန်တရားဘက်က ထောက်ခံကြတဲ့ အမှန်တရားဘက်က ရပ်တည်ကြတဲ့ ပြည်သူအများစုပါ။ အနည်းစုရဲ့ အဓမ္မ ဆုံးဖြတ်ချက်ကို လက်ခံရတော့မယ့် အနေအထားကို ရောက်နေရတာပါ။


 အမှန်တရားအတွက် ကျခဲ့ရတဲ့ ပြည်သူတွေရဲ့ မျက်ရည် သစ္စာဖြစ်ပြီး အဓမ္မဝါဒီများအပေါ် သစ္စာဖြင့် အောင်နိုင်ပါစေ..









 ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် မနီလာသိန်း၊ မမီးမီး
သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ
http://www.demowaiyan.co.cc/2012/02/blog-post_464.html

ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယားတို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ တွင်တွေ့ဆုံ


The Voice Weekly





ဂျပန်လူမျိုးမှကိုယ်ထိလက်ရောက်မှုတွင်ဂျပန်ဖက်မှတရားစွဲမအေးအေးကြည်အားအာမခံဖြင့်လွှတ်

နိုင်ငံတော်အကြီးအကဲများရှင့်

တရားရုံးမှဂျပန်နိုင်ငံသားနှင့်ဖြစ်သည့် အမှုကိစ္စ အတွက်ကြေအေးပေးရန်တရားရုံးသို့
လာရောက်ရန် အကြောင်းကြားပါသဖြင့် 15.2.2012 တွင်သွားရောက် ခဲ့ပါသည်။
တရားသူကြီးမှ ဂျပန်ဘက်မှ ကျွန်မ ကို အကြမ်းဖက်တားဆီးမှု နှင့် တရားစွဲဆို ထားကြောင်း ထို့ကြောင့် အာမခံပါသလား
ဟုမေးပါသည်။ ကျွန်မ မှ အံအားသင့်လျှက် ကျွန်မ ဂျပန် ကို ဘာမှ အကြမ်းဖက်မှု လည်း မလုပ်ခဲ့ပါသဖြင့် ဘာကြောင့် တရားစွဲခံရပါလည်းဟု ပြန်လည် လျှောက်ထားခဲ့ပါသည်။ ထိုအခါတရားသူကြီးအမျိုးသမီးမှဆရာမလည်းမသိပါ သူတို့တရားစွဲဆို ထားပါသည်။ ထို့ကြောင့် အာမခံပါသလားဟုပြောသည်။ ကျွန်မက မပါပါ ဟုပြန်လည်ဖြေကြားခဲ့ပါသည်။
ထို့နောက် တရားသူကြီးမှ ညနေလေးနာရီတွင် ရုံးပြန်ချိန်း မည်။ ထိုအတောအတွင်း သိန်းတရာတန် အာမခံပေးနိုင်မည့် အာမခံနှစ်ဦး ရှာထားပါ၊ မရှာ နိုင်လျှင် အချုပ်ခံရမည်ဟုပြောပြီး ရုံးဆင်းလိုက်သည်။ကျွန်မ သည် သာမာန် ၀န်ထမ်း တစ်ဦး သာဖြစ်ပါသည်။သိန်တစ်ရာတန်အာမခံနှစ်ဦးရှာ ဖို့ဆိုတာ မလွယ်ကူပါ။ဟိုတယ်မှ တာဝန်ရှိသူများက ကျွန်မအတွက် အာမခံလုပ်ပေးခဲ့ပါသည်။
အကယ်ရွေ့ ကျွန်မအတွက် ဟိုတယ်မှ အာမခံမလုပ်ပေးခဲ့ပါက ကျွန်မဘာများဆက်ဖြစ်မည်လည်းဆိုတာ တော်တော်
ကြောက်ရွံ့နေခဲ့ရပါသည်။အမှန် စင်စစ် ကျွန်မက အရိုက်ခံရသူပါ။တိုင်းတပါးသူ လီဆယ်တိုင်ကြားတာကို သိလျှက်နဲ့ အာမခံနှင့် ထွက်ဆိုပါဟုပြန်လည်တရားစွဲဆိုခံခဲ့ရပါတယ်။
ကျွန်မဟာ အခုဆိုရင် ဟိုတယ်က လူကြီးမင်းများရဲ့ အာမခံမှုနှင့် အပြင်တွင်နေထိုင်နေရခြင်းဖြစ်ပါတယ်။
ယခုမတရားမှု အတွက်မည်သူကို တင်ပြရမည်ကိုမသိတဲ့အတွက် လူကြီးမင်းများမှ ကူညီပေးပါရန် ပန်ကြားအပ်ပါသည်။







ဘုရားစူးမြန်မာနိုင်ငံရဲ့ တရားစီရင်ရေးပါဗျာ။။။။။