Saturday, February 18, 2012

ဇေယျာသော်ရှုံးပြီ တဲ့

By Hawdeka Aethae

မေးထဲကို ရောက်လာပါတယ် ကြားရတာကတော့ စိတ်မချမ်းသာစရာပါပဲ ဇေယျာသော်ရှုံးပြီ တဲ့ နေပြည်တော်က လာတဲ့ သတင်းပါ ကြိုတင်မဲ စာရင်းတွေအရ ဇေယျာသော် ဘယ်လိုမှ မနိုင် နိုင်တော့ဘူးတဲ့ နေပြည်တော် ပုဗ္ဗသီရိမြို့ နယ်မှာ ကျေးရွာတချို့ နဲ့ ၀န်ထမ်းအိမ်ရာတွေပဲရှိတယ် ရွာကြီးဆိုလို့ ကျည်တောင်ကန်ရွာလားပဲရှိတာတဲ့ စစ်မှုထမ်းဟောင်းတွေကို မြေကွက်ပေး အိမ်ဆောက်ပေးထားတဲ့ ရပ်ကွက်ကြီးတွေက နဲတဲ့အရေအတွက်မဟုတ်ဘူးတဲ့ အိမ်ထောင်စု စာရင်းအရ ရွာတွေအားလုံးပေါင်းထားတာထက် ၃ ဆလောက်ရှိမယ်တဲ့ အဲဒီရပ်ကွက်တွေမှာ လူမနေသေးဘူးတဲ့ ၊ အိမ်တွေ အားလုံးနီးပါးက တံခါးတွေပိတ်ထားကြတာတဲ့ ဆေးရုံလမ်းဆုံနားက လူနေတဲ့အိမ်တွေကျတော့လည်း အိမ်ငှားတွေချည်းပဲတဲ့ လူလာမနေတဲ့ အိမ်တွေအများကြီးကို ကြိုတင်မဲ အတင်းပေးခိုင်းထားတယ်တဲ့ အဲဒီစာရင်းနဲ့တင် ရွာတွေဘက်ကမဲတွေ ဇေယျာသော် ဘယ်လောက်ရရ ရှုံးပြီတဲ့ စိတ်မကောင်းပါဘူး မေးထဲက ပုဗ္ဗသီရိ မြေပုံတွေကို တင်ပေးလိုက်ပါတယ် ဓါတ်ပုံ ရရင် ထပ်ပို့ပေးပါလို့ တောင်းထားတယ် ဒီသတင်းကို ကွန်ဖန်း လုပ်ပေးကြပါအုံး နေပြည်တော်ရောက်မယ့်သူတွေ အဲဒီ ပုဗ္ဗသီရိ ကို သွားကြည့်ပေးကြပါအုံး ဒီလို လူတွေကို အနိုင်ကျင့် အတင်းမဲထည့်ခိုင်းတာတွေ မပျောက်ကြသေးဘူးလား




ကိုဇေယျာသော် ရှုံးသွားတဲ့ ပုဗ္ဗသီရိမြို့နယ် အကြောင်း

ကိုဇေယျာသော် ရှုံးသွားတယ်ဆိုတဲ့ ပုဗ္ဗသီရိ မြေပုံတွေပါ ဂူဂယ်က ယူထားတာပါ တချို့ပုံတွေက ၂၀၁၀ ကပါ အဲဒီကတည်းက အိမ်တွေ ဘယ်လောက်များသလဲ ကြည့်တာနဲ့တင်သိနိုင်ပါတယ် ခုလည်း အဲဒီအိမ်တွေမှာ ဘယ်သူမှ မနေသေးဘူးတဲ့ ညဘက်ဆို အဲဒီလူမနေသေးတဲ့ ရပ်ကွက်ကြီးတွေမှာ လမ်းမီးတွေက ထိန်ထိန်လင်းလို့ ဆိုပဲ ဂူဂယ်ကို အားလုံးဝိုင်းပြီးပြောကြရအောင် အဲဒီနေပြည်တော်ကို ကောင်းကင်ဓါတ်ပုံ အသစ်ရိုက်ပေးပါလို့ ဒါမှ နောက်ဆုံးအခြေအနေပုံစံတွေကို အွန်လိုင်းက ကြည့်လိုရမှာ










(၁၂) ရက်မြောက်နေ့တိုင် တိုင်ရီ စက်ရုံလုပ်သားတွေ ဆက်လက်ဆန္ဒပြ.












ဒေါ်အောင်ဆန်းစုကြည်သွားရာ တွံတေးတူးမြောင်း ကမ်းနံဘေးမှာ ၀ိုင်းဝန်းကြိုဆို

Uploaded by BurmaVJMedia on Feb 18, 2012

ဒေါ်အောင်ဆန်းစုကြည် ဖျာပုံမြို့နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်း ဖျာပုံမြို့နယ် ကို မဲဆွယ်စည်းရုံး ရေး ခရီးစဉ် အဖြစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရှပ်ပြေးရေယာဉ်နဲ့ သွားတဲ့လမ်းတစ်လျှောက်မှာ မြို့ရွာတွေက ကျောင်းသားကျောင်းသူတွေနဲ့ ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်သွားရာ တွံတေးတူးမြောင်း ကမ်းနံဘေးမှာ ၀ိုင်းဝန်းကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျိုက်ထော် အားကစားကွင်းနဲ့ ဖျာပုံမြို့နယ် သဲကွင်းမှာ လာရောက်ကြိုဆိုကြတဲ့ သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေကို မိန့်ခွန်းပြောသွား ခဲ့ပါတယ်။ တဆက်ထဲမှာပဲ သူ့အနေနဲ့ နိုင်ငံရေးဘာကြောင့်လုပ်ရတယ်ဆိုတာကိုလည်း ပြည်သူတွေကို ပြောဆိုသွားခဲ့ပါတယ်။

တေးသံရှင်ဆောင်းဦးလှိုင်ရဲ့ နှလုံးသားတွေလှူမယ့်ည.



ဖေဖော်ဝါရီလ ၁၇ရက်နေ့ ည ၇း၃၀ မှ ၁၁း၀၀ အချိန်အထိ တေးသံရှင်ဆောင်းဦးလှိုင်ရဲ့ နှလုံးသားတွေလှူမယ့်ည ဆိုတဲ့ ONE MAN SHOW ကို ရန်ကုန်မြို့၊မြို့မကျောင်း လမ်းမှာရှိတဲ့ အမျိုးသားဇာတ်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ဥက္ကာဦးသာဦးစီးတဲ့ Plus Three Band ကတီးခပ်ပေးပါတယ်။ ဥက္ကာဦးသာဆိုတာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ထင်ရှားခဲ့တဲ့(ရွှေသံစဉ်)အဖွဲ့မှာ Keyboard တီးခဲ့ဖူးသူပါ။ဆောင်းဦးလှိုင်ရဲ့ show မှာ ရမယ့်အနုပညာကြေးတွေအပြင် လာရောက်လှူဒါန်းကြ တဲ့ငွေတွေကို နာရေးကူညီမှုအသင်း၊ ၈၈မျိုးဆက်ကျောင်းသားများ၊ မိဘမဲ့ကလေးများ စသည်တို့ကို ပြန်လည်လှူဒါန်းသွားမှာဖြစ်ပါတယ်။ သူ့ရဲ့ပွဲကို ရွှေသစဉ်တေးဂီတအဖွဲ့မှ ဂီတမှူးကိုဝင်းမော်လည်း တက်ရောက်အားပေးခဲ့ပါတယ်။ သူ့ရဲ့ပွဲမကျင်းပမီ ညနေပိုင်းက သူဖိတ်ကြားထားခဲ့တဲ့ သူ့ရဲ့သူငယ်ချင်း တွေဖြစ်တဲ့ ၈၈မျိုးဆက်ကျောင်းသားတွေလာမယ်ဆိုရင် ပွဲလုပ်ခွင့်မပြုဘူးလို့ သက်ဆိုင်ရာဒေသအာဏာပိုင်တွေက လာရောက်ပြောကြားခဲ့တဲ့အတွက် သူဟာ အကျပ်အတည်းတွေ့ခဲ့ရတယ်၊ ဒါပေမယ့် သူ့သူငယ်ချင်းတွေက နားလည်မှုရှိစွာ မလာတော့ပါဘူး-ဆိုလို့ သူစိတ်မကောင်းစွာနဲ့ ဒီပွဲကို တင်ဆက်ခဲ့ရပါတယ်၊ နာရေးကူညီမှုအသင်းဝင်တစ်ဦးဖြစ်တဲ့ ဆောင်းဦးလှိုင်ရဲ့ပွဲကို ဦးကျော်သူ၊ မရွှေဇီးကွက်တို့ အပါအဝင် အသင်းသားတွေလည်း လာရောက်ကြရာမှာ အသင်းသားတွေရဲ့ကားကို ပေးမဝင်တာ၊အသင်းဝတ်စုံနဲ့ ပေးမ၀င်တာတွေလည်းပြုလုပ်ခံခဲ့ရပါတယ်၊ ၈၈ က မနီလာသိန်းတို့အဖွဲ့ရောက်လာချိန်မှာလည်းတူညီ ၀တ်စုံနဲ့မ၀င်ဖို့ဟန့်တားခံခဲ့ရပါတယ်၊ ဒီလိုအခက်အခဲ စိတ်အနှောက်အယှက်ဖြစ်စရာတွေကြားကနေဘဲ ဆောင်းဦးလှိုင်ဟာ ဒီပွဲကို အောင်မြင်စွာတင်ဆက်ခဲ့ပါတယ်၊ နောက်ဆုံး (ကျောင်း )သီချင်းကို ပရိတ်သတ်နဲ့ သံပြိုင်မတ်တတ်ရပ်သီဆိုကြရင်း ပွဲကိုလှပစွာသိမ်းခဲ့ပါတယ်။















By Burma VJ Media Network

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်း ဝန်ကြီးချုပ်ဟောင်း အဘီဆစ်တို့ တွေ့ဆုံ

The Voice Weekly



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်း ဝန်ကြီးချုပ်ဟောင်း အဘီဆစ်တို့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံစဉ်


Burma VJ Media Network






ဒေါက်တာတင်မျိုးဝင်း နှင့် ဒေါက်တာပြုံးမိုအိတို့ မင်္ဂလာဦးဆွမ်းကျွေး-

၁၈-၀၂-၂၀၁၂- Dolphin Restaurant
By: Po Naing Lin


facebook