Sunday, February 19, 2012

လျှပ်တပျက်ပါးရိုက်ဂျပန်ကိုမိ

click on picture


http://www.snapshot-news.com/

ကိုဆောင်းဦးလှိုင်ရဲ့ ပွဲမှ ဖြစ်ရပ်မှန်ကိစ္စ


by Myat Thi Ha on Saturday, February 18, 2012 at 4:17pm ·
တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီလ ၁၉၊ ၂၀၁၂


Photo..shwethanzin

ကျွန်တော့် နံမည် ဖြိုးကိုကိုပါ. ကျွန်တော်က နာရေးကူညီမှုအသင်းက အသင်းသားတစ်ယောက်ပါ. ကျွန်တော်တို့ အသင်းသား ကိုဆောင်းဦးလှိုင်ရဲ့ ပွဲကိုသွားရောက်ကူညီဖို့ အမျိုးသားကဇာတ်ရုံကိုေ စာစောသွားခဲ့ပါတယ်.
ကျွန်တော်တို့အသင်းသားစုစုပေါင်း(၅)ယောက် နာရေးကူညီမှုအသင်းပိုင် ဆန်နီပစ်ကပ်ကားလေးနဲ့ ရုံရဲ့ အနောက်ဖက်ကဆိုင်လေးမှာ အသင်းယူနီဖောင်းကိုယ်စီနဲ့ ထမင်းသုပ်စားရင်း ကိုဆောင်းဦးလှိုင်ကို ထိုင်စောင့်နေခဲ့ကြပါတယ်. အဲဒီအချိန်မှာ ကိုဆောင်းဦးလှိုင်ဆီက ဖုန်းဝင်လာခဲ့ပါတယ်.

(ကိုဖြိုးတို့ရောက်နေကြပြီလား. အသင်းယူနီဖောင်းနဲ့လား. ကားရောပါလားလို့မေးပါတယ်. ကျွန်တော်တို့ကလည်းအမှန်အတိုင်းပဲပြန်ဖြေခဲ့ကြပါတယ်.အဲဒီမှာ ပြဿနာကစတက်တော့တာပါပဲ.

အဲဒီကဇာတ်ရုံက တာဝန်ခံ S.B က ကိုဆောင်းဦးဆီကိုဖုန်းဆက်ပါတယ်. အဲဒီယူနီဖောင်းတွေချွတ်ပေးပါ. အဲဒီကားကိုအပြင်ထုတ်ပေးပါလို့ ပြောတယ်ဆိုပြီး ကိုဆောင်းဦးဆီက ဖုန်းဝင်လာပါတယ်. ဒီထက်ပိုဆိုးလာတဲ့ ခြိမ်းခြောက်မှုကတော့ သီချင်းအပုဒ်ပေါင်းများစွာကိုသီဆိုဖျော်ဖြေမဲ့ အနုပညာရှင်တစ်ယောက်ကို ပွဲစဖို့နာရီပိုင်းအလိုမှာ ဒီပွဲကိုတာဝန်ယူမလား. အခုချက်ခြင်း ဒီပွဲကိုဖျက်ပစ်မလား ဆိုပြီးခြိမ်းခြောက်ခံရပါတယ်.)

ကျွန်တော်တို့ကြောင့်တော့ ပွဲပျက်မှာဆိုးလို့ ရတယ် ကိုဆောင်းဦး ကျွန်တော်တို့လဲပေးခဲ့ပါတယ် ကားကိုလည်းအပြင်မှာရပ်ပေးခဲ့ပါတယ်.

ကျွန်တော်တို့သိချင်တာက ဒီလိုအာဏာရှင်ဆန်တဲ့ ခြိမ်းခြောက်မှုတွေကို ဘယ်သူတွေက အမိန့်ပေးခိုင်းထားတာလဲ. ကျွန်တော်တို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေလား. ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုလား. နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်စွာ ၀တ်စားဆင်ယင်ပိုင်ခွင့်ကို ခြိမ်းခြောက်နေပါတယ်. ကျွန်တော်တို့က သရုပ်ပျက်ဝတ်စားထားတာလည်းမဟုတ်ပါဘူး.

ကျွန်တော်တို့အသင်းကယူနီဖောင်းကိုဝတ်ထားတာပါ. ဒီယူနီဖောင်းကိုချွတ်ခိုင်းတယ် လဲခိုင်းတယ်ဆိုတော့ ကျွန်တော်တို့သိချင်တာ ဒီယူနီဖောင်းကဘာများမှားနေလို့လဲ ဒီယူနီဖောင်းက ဘာများခြိမ်းခြောက်နေလို့လဲ သိချင်ပါတယ်. ပြီးတော့ ပြည်ထောင်စုအစိုးရက ပြောပြောနေတယ့် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်နေတဲ့ အချိန်မှာ ဒီလိုအာဏာရှင်ဆန်တဲ့ခြိမ်းခြောက်မှုတွေ ရှိသင့်သေးပါသလား ပြည်သူတွေက အားကိုးချင်တဲ့ ယုံကြည်ချင်တဲ့ အရပ်သားအစိုးရကို အထူးသတင်းတပ်ဖွဲ့လိုမျိုး အာဏာပိုင်အဖွဲ့အစည်း တစ်ရပ်က ယုံကြည်မှုပျက်ပြားအောင်လုပ်မှာလား ယုံကြည်မှုတည်ဆောက်ပေးမှာလား ဆိုတာကို နိုင်ငံသားတစ်ယောက်အနေနဲ့သိချင်ပါတယ်

ဖြိုးကိုကို
နာရေးကူညီမှုအသင်း(ရန်ကုန်)

လွှတ်တော်အမတ်များအတွက် သတိသံဝေဂ

by Naymin Alinyoung on Wednesday, February 8, 2012 at 9:57pm ·

အမတ်ကြီး ဦးပေါ်ဦး ကွယ်လွန်တဲ့အခါ သူ့အခေါင်းတလားကို အပေါက်ဖေါက်ပြီး လက်တစ်ဖက် အပြင်ကို ထုတ်ပြထားခဲ့ပါတယ်။အမျိုးမျိုးအဓိပ္ပါယ်ကောက်ခဲ့ကြပေမဲ့ သူ့လက်ထည်းမှာတော့ ဘာမှပါမသွားတော့ပါဘူး။

စစ်ကိုင်းတိုင်းကြံ့ဖွံ့လွှတ်တော်အမတ် ဦးဘိုကြီး ကွယ်လွန်သွားပါပြီ။မိသားစုနဲ့အတူ ဝမ်းနည်းရပါတယ်။ရွှေဘိုနယ်သားတွေအတွက်လည်း ဆုံးရှုံးမှုတစ်ရပ်ပါ။ကောင်းရာလားပါစေ။

ဦးဘိုကြီး(ရုပ်ပျို) နဲ့ ရင်းနှီးပါတယ်။လူကောင်းလူတော်တစ်ယောက်ပါ။တော်တော်ကြီးကို ကောင်းပါတယ်။ဒါပေမဲ့သူမကွယ်လွန်ခင်လေးမှာ လူချော်ဖြစ်သွားရပါတယ်။သူကွယ်လွန်တဲ့အခါ သူ့ရဲ့ လက်ရှိအနေအထားက တစ်သက်လုံးကောင်းလာခဲ့သမျှကို ဖျက်ဆီးလိုက်တော့တာပါပဲ။ကိုဘိုကြီး(ရုပ်ပျို)ဟာ သူ့ရဲ့ ရွှေဘိုနယ်အတွက် အကောင်းဆုံးလုပ်နိုင်ဖို့ကြိုးစားခဲ့တယ်။ဒါကို ရွှေဘိုသားတွေ အားလုံးသိပါတယ်။တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနဲ့ ချမ်းသာလာတဲ့အခါ ရွှေဘိုအတွက် အများကြီးကးညီထောက်ပံ့ပေးခဲ့တယ်။ရွှေဘိုလူထုက ကိုဘိုကြီးကို ချစ်ခင်လေးစားလာပါတော့တယ်။ဒီက စ တော့တာပါပဲ။

စောင့်ကြည့်နေတဲ့ ကြံ့ဖွံ့ စစ်ကိုင်းတိုင်းခေါင်းဆောင် သူရအေးမြင့် က ကိုဘိုကြီး ကို ခေါ်တော့တာပါပဲ။ကိုဘိုကြီးရဲ့ အဓိက စီးပွါးရေးလုပ်ငန်းက ရုပ်ပျို တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးပါ။နိုင်ငံတော်က မဟုတ်မဟတ်လူတွေနဲ့ပေါင်းပြီး မဟုတ်တာလုပ် ချမ်းသာလာတဲ့ ခါတော်မီ ခေတ်ပျက်သူဌေးမဟုတ်ပါဘူး။ဒီတော့ သူ့ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးဆိုတာ အာဏာပိုင်တွေနဲ့အဆင်မပြေရင် နိုင်ငံခြားဆေးဝါးတွေနဲ့ ရောစပ်ထားတယ်။ကျန်းမာရေးဌာနရဲ့ ထောက်ခံချက်မရှိဘူးဆိုတာနဲ့ ရပ်ဆိုင်းလိုက်ရတော့မှာကိုး။ကိုယ့်လူ ကိုဘိုကြီး ယောင်ပေယောင်ပေနဲ့ ညောင်နှစ်ပင် ရောက်သွားရပြီ။ထုံးစံအတိုင်းပေါ့။ကြံ့ဖွံပ်ါတီကနေ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိအားပေးလာတယ်။ရုပ်ပျိုကိုဘိုကြီးကို လွယ်လွယ်နဲ့မရနိုင်မှန်းသိတော့ ထူးခြားတာလေးလုပ်လာတယ်။ခင်ဗျားသာကြံ့ဖွံ့ကနေ ရွေးကောက်ပွဲ အောင်နိုင်ခဲ့ရင် ရွှေဘိုနဲ့နယ်တွေတိုးတက်ဖို့အတွက် စိတ်တိုင်းကျ ဆောင်ရွက်ခွင့်ပေးမယ် ဆိုတော့ ကြိုက်ပြီပေါ့။အရင်ကထည်းကမှ မြို့အတွက် အကောင်းဆုံးလုပ်ပေးနေချင်တဲ့သူဆိုတော့...လျှပ်စစ်မီး(၂၄)နာရီ လင်းအောင်လုပ်မယ်၊မြို့ သောက်သုံးရေ သန့်ရှင်းဖူလုံအောင်လုပ်မယ်၊လမ်းတွေပြင်မယ်၊ပညာရေး ကျန်းမာရေး ထောက်ပံ့မှုတွေပေးမယ်၊လူမှုရေးအကူအညီတွေစောင့်ရှောက်မယ် ဆိုပြီးခေါင်းငြိမ့်ဆောင်ရွက်လိုက်တာ လွှတ်တော်ကိုယ်စားလှယ် အမတ်ဖြစ်လာပါပြီ။ကြံ့ဖွံ့ပါတီက အမတ်နေရာအများဆုံးရသွားပါတော့တယ်။ဒီတော့ ကိုဘိုကြီးက ပေးထားတဲ့ ဂတိအတိုင်း တိုးတက်အောင် ဆောင်ရွက်ခွင့်တောင်းတဲ့အခါ မင်း ရူးနေသလား လို့ မေးခံရပ်ါတယ်။နောက် လွှတ်တော်အစည်းအဝေးတွေမှာ ချောင်ထိုးထားလိုက်ပါတော့တယ်။ ကိုဘိုကြီးဒုက္ခရောက်ပြီ။အကြီးအကျယ် အရှက်ရပြီ။နောင်တ အများကြီးရပြီ။မြို့မှာလဲ ထင်ထင်ပေါ်ပေါ် မျက်နှာမပြရဲတော့ဘူး။အရမ်းစိတ်ဆင်းရဲသွားရာကနေ ရောဂါဝင်လာတော့တာပါပဲ။မသေခင်အထိ စိတ်ဆင်းဆင်းရဲရဲ နဲ့ပဲ နောင်တ တရားကို ရင်ဝယ်ပိုက်ပြီး အခု ကွယ်လွန်သွားရှာပါပြီ။သူ ကွယ်လွန်တော့ ကြံ့ဖွံ့ ကိုယ်စားလှယ်အဖြစ်နဲ့ပါ။

ကိုဘိုကြီးကောင်းတာ ရွှေဘိုတစ်နယ်လုံးသိပါတယ်။မြန်မာတစ်နိုင်ငံလုံး လူဦးရေး(၆၀)သန်းကျော်မှာ ရွှေဘိုက လူ(၆) သိန်းလောက်ပဲရှိပါတယ်။ဒီတော့ လူ(၁၀၀၀)မှာ (၁) ယောက်လောက်ကပဲ ကိုဘိုကြီးအကြောင်း သိနိုင်တယ်။ကျန်တဲ့ (၉၉၉ )ယောက်က ကိုဘိုကြီးဟာ ပြည်သူ့ဆန္ဒအစစ်အမှန်မဟုတ်ပဲ လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာကို ကြံ့ဖွံ့ပါတီကနေ မတရားညစ်ပတ်အနိုင်ကျင့်ရယူထားတဲ့အတွက် သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များနဲ့ လောကပါလ နတ်မင်းများက အသက်ဝိဥာဏ်နှုတ်ပြီး NLD ပါတီအတွက်ဖယ်ရှားပေးလိုက်တယ်လို့ပဲ သိကြမှာပါ။

အခု ကြံ့ဖွံ့ပါတီကနေ အကြောင်းအမျိုးမျိုးကြောင့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေကြသူအပေါင်းတို့။သင်တို့ ယခုလွှတ်တော်မှာ ဘာများအရေးပါအရာရောက်ပါသလဲ။ပြင်ပက သင့်မိသားစုကရော ပတ်ဝန်းကျင်မှာ သင့်အတွက် ဂုဏ်ယူဝင့်ကြွားနိုင်ပါသလား။ကြံ့ဖွံ့ဆိုရင် အားလုံးနှာခေါင်းရှံ့တာ သင် ခံစားနေရပါပြီလား။ကိုဘိုကြီးလို သေသာသေသွားတယ်။လူကောင်းလူတော်ဟာ လူချော်အဖြစ်ခံနိုင်ပါမလား။ကိုယ့် သမိုင်းကြောင်းလေးကောင်းချင်ရင် NLDပါတီအတွက် သင်တို့ နှုတ်ထွက်ပေးလိုက်ကြပါတော့လို့ စေတနာထားတိုက်တွန်းလိုက်ပါတယ်။



ဒီပဲယင်းအရေးအခင်း တရားခံများ

by Naymin Alinyoung on Monday, January 16, 2012 at 8:33pm ·

၁။ခင်ညွန့် -နအဖ အတွင်းရေးမှူး(၁)၊ ဒေါ်စုအား လုပ်ကြံရန် အဓိကအမိန့် ပေးသူ၊ ၄င်းနောက် ဝန်ကြီးချုပ်ဖြစ်လာ၊ ပြီး စစ်အာဏာနေရာလုရန်ကြိုးပန်း၍ ဖမ်းဆီးထား၊ ယခု ပြန်လွတ်။

၂။စိုးဝင်း-နမခ စစ်တိုင်းမှူး၊ဒီပဲယင်းအရေးအခင်းတွင် အနီးဆုံးကြီးကြပ်ကွပ်ကဲသူ၊ ၄င်းနောက် အတွင်းရေးမှူး(၁)၊ ပြီး ဝန်ကြီးချုပ်၊ယခု သေဆုံးပြီး။

၃။သန်းဟန်-ဒု ဗိုလ်မှူးကြီး၊ရွှေဘို ခယက ဥက္ကဌ၊ဒီပဲယင်းသို့ ကိုယ်တိုင်သွားရောက် ဆောင်ရွက်ခဲ့သူ၊၄င်း အရေးအခင်းအပြီး ရဲမှူးချုပ်အဖြစ် ပြောင်းရွေ့ ခြေရာဖျောက်ထား။

၎။တင်မြင့်-ရွှေဘိုခရိုင် ကြံ့ဖွံ့ အတွင်းရေးမှူး၊ဒေါ်စုအရေးအခင်းအတွက် ရွှေဘိုမှ ချောကားများ၊လက်နက်များ၊လူတစ်ယောက်လျှင် ထမင်းတစ်ထုပ်နှင့် ငွေ(၃၀၀၀)ကျပ်ပေးကာ အင်အားစုစည်းပေးသူ၊ အရေးအခင်းပြီးသောအခါ တိုင်းကြံ့ဖွံ့ အမှူဆောင်အဖြစ် ခြေရာဖျောက်ထားပြီး အခြေအနေငြိမ်သက်သောအခါ ရွှေဘို ခယက အတွင်းရေးမှူး အဖြစ် ချီးမြှောက်ခဲ့။

၅။စိုးမြင့်-ရွှေဘိုခရိုင် ကြံ့ဖွံ့ အမှူဆောင်၊ဒေါ်စုအရေးအခင်းတွင် အတက်ကြွဆုံး စိတ်ပါလက်ပါ ဆောင်ရွက်ခဲ့သူ၊ဒီပဲယင်းသို့ ကိုယ်တိုင်လိုက်ပါ၍ ရိုက်နှက်ခဲ့သူ၊အရေးအခင်းပြီး၍ ဆောင်ရွက်ခဲ့မှူအား စစ်ကိုင်းတိုင်းကြံ့ဖွံ့ ခေါင်းဆောင် သူရအေးမြင့်ထံ ရှင်းလင်းတင်ပြရာတွင် တင်မြင့်ကိုပင် သွေးကြောင်သည်ဟုစွပ်စွဲခဲ့သည်။

၆။ထွန်းကိုကို-ခရိုင်ကြံ့ဖွံ့ အမှုဆောင်၊၄င်းပိုင် သံဆိုင်မှ သံဒုတ်များယူကာ ရပ်ကွက်အရက်ဆိုင်များ၊ဆိုက်ကားသမားအချို့ နှင့်ကားဂိတ်ကြိုများအားပေး၍၄င်းမိသားစုပိုင် ဒိုင်နာကားဖြင့် ဒီပဲယင်းသို့ သွားရောက်ဆောင်ရွက်ပြီး အရေးအခင်းအပြီးတွင် ခရိုင်အတွင်းရေးမှုးဖြစ်လာကာ ကြံ့ခိုင်ရေးထောက်ပံ့ငွေများဖြင့် ယခု ကောင်းမြတ်ထက် အမည်ဖြင့် ဘုရားမြေအားကျူးကျော်ကာ သံဆိုင်ဖွင့်လျှက်ရှိ။

၇။သန်းထွန်း-ခရိုင်အမှူဆောင်၊၄င်းဇာတိ ရွှေခြင်္သေ့ကားသင်းမှ ဒိုင်နာကားတစ်စင်းအပြည့်လူခေါ်ကာ ဒီပဲယင်းသို့ သွားရောက်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ယခုအခါ ဒီပဲယင်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်။

၈။ဇော်ဇော်-မြို့ နယ်ကြံ့ဖွံ့ အတွင်းရေးမှူး၊ရွှေဘိုမြို့ အနီးကျေးရွာများမှ ရပ်/ကျေးအမှူဆောင်များအား စခန်းချလေ့ကျင့်ရေးဟုလိမ်ညာကာ ဒီပဲယင်းသို့ ခေါ်သွားရာ အချို့ ကအဖြစ်မှန်သိ၍ ပြန်သွားခဲ့၊ယခု ဘက်စုံခြံအား အပိုင်စီးကာ စီးပွါးရေးလုပ်ကိုင်လျှက်ရှိ။

၈။သန်းထွန်း-ခရိုင် ပို့ ဆက်ဦးစီး၊ရွှေဘိုမှဒီပဲယင်းအတွက် ကားများချောဆွဲပေးခဲ့သူ၊အရေးအခင်းအပြီး မူဆယ်သို့ ပြောင်းရွေ့ ၍ ချေရာဖျောက် ချီးမြှင့်ပေးခဲ့သည်။

၉။သောင်းဝင်း-ဒုရဲမှူး၊ဒီပဲယင်းမြို့ နယ်မှူး၊အထူးရေးရန်မလိုပါ၊ရဲက အထက်အမိန့် နာခံ၍ ရဲအလုပ် ရဲလုပ်သွားခဲ့သည်၊အရေးအခင်းအပြီး ကျောက်ပန်းတောင်းသို့ ပြောင်းပေးထားခဲ့သည်။

၁၀။ဝင်းသိန်း-ဒီပဲယင်းမြို့ နယ် ကြွံဖွံ့ အတွင်းရေးမှူး၊အရေးအခင်းတွင် ဒီပဲယင်းမှလူများ၊ရွှေဘိုမှလူများအားရွာသစ်ကျေးရွာနှင့် သမိုင်းဝင် ကြည်ရွာကားလမ်းဘေး ဝဲယာတွင်နေရာချထားကာ ဒေါ်စုယာဉ်တန်းလာပါကဝိုင်းဝန်းရိုက်နှက်ရန် စီစဉ်ခဲ့သူ။

ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်ယာဉ်တန်းအား တားဆီးပိတ်ဆို့ ရိုက်နှက်ရန်အတွက် ဒီပဲယင်းမှလူအချို့ နှင့် ရွှေဘိုမှ အင်အားအများဆုံးခေါ်ယူရခြင်းမှာ ဒေါ်စုခရီးစဉ်အား ထောက်ခံကြိုဆိုသည့် ဒီပဲယင်းနယ်သားများအား တစ်နယ်ထည်းသားချင်းဆိုလျှင် ရိုက်နှက်မည်မဟုတ်သောကြောင့် ရွှေဘိုမှ လူမိုက်များအားခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယခု ယင်းကိစ္စအဓိကတရားခံခေါင်းဆောင်ကြီး လွတ်လာပြီ။ကျန်လူများကလည်း အဆင်သင့်။တော်လှန်ရေးအသိ၊တော်လှန်ရေးသတိ အမြဲရှိပါ။လက်ရှိအောင်မြင်မှုလေးအပေါ်သာယာနေရုံနှင့် မပြီးသေးပါ။နောက်မှ နောင်တရ ကြေကွဲစရာဖြစ်လာမယ်။၁၉ ဇူလိုင် ပြီး နောက်ထပ် အာဇာနည်နေ့  မလိုချင်ပါ။အားလုံးဟာ ကိုယ့်အင်အားအစစ်အမှန် မဟုတ်သေးဘူး။နအဖရဲ့ ပြည်သူ့ သဘောထားဆိုတဲ့ပွဲမှာ `စုကြည် အလိုမရှိ` `ကုလားအုပ်မ ပြန်သွား` လို့ အားပါးတရ ဆဲဆိုခဲ့တဲ့သူတွေ ယခုရှိနေဆဲပါ။အဲဒီတုံးက အသည်းနှလုံးဆတ်ဆတ်ခါအောင် နာခဲ့ရသူတွေက နောက်ထပ်ဝမ်းနည်းကြေကွဲမှုမလိုချင်တော့တဲ့အတွက် ဒီပဲယင်းအရေးအခင်းတရားခံတွေကို အမြန်ဆု့းအရေးယူပေးပါ။အမှုမှန်ပေါ်ပေါက်ရေးအတွက်ထပ်မံသိရှိသူများ ပူးပေါင်းဖေါ်ထုတ်ပေးကြပါ။နိုင်ငံတော်ကလည်းစစ်မှန်တဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ့ မျက်နှာကိုပဲ ကြည့်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

သံဃာတစ်မျိုး အသစ်တိုး နိုင်ငံတော်မျိုး ဖြစ်တော့သကိုး

Ramanya Ravika
သာသနာတော်ရဲ့ ထုံးတမ်းစဉ်လာမှာ အရိယာသံဃာ၊ သမ္မုတိသံဃာဆိုပြီး နှစ်မျိုးရှိတယ်။ အခု နိုင်ငံတော်သံဃာပါ ရှိနေပြီ။ အရှင်သာရိပုတြာမှာ အရိယာသံဃာပင် ဖြစ်သော်ငြားလည်း သာမဏေငယ်တစ်ပါးရဲ့ ဝေဖန်မှုကို ခံယူတော်မူတယ်။ သမ္မုတိသံဃာပင် ဖြစ်သော်ငြားလည်း သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် အခံအားနည်းလို့ အဓိကရဏသမထနဲ့ ငြိမ်းအေးအောင် ဆောင်ရွက်တော်မူတယ်။ နိုင်ငံတော်သံဃာကို ဝေဖန်မိယင် ဘာဖြစ်မယ်ထင်ပါသလဲ။


အဂ္ဂမဟာ ဒီမိုဖက်တီး
နာယက ဂုဏ်ဆိုတာ ကြီးသောအမှုကို သေးစေရမည်။ သေးသောအမှုကို ပပျောက်စေရမည်လို့ ဆိုထားပါတယ် .......
အရှင်ဂမ္ဘီရ ကို ရန်ကုန်တိုင်း သံဃမဟာနာယက က ဆုံးမပြုပြင်ချင်တယ်ဆိုရင် သူတို့ပိုင် ကျောင်းတိုက်ကို ခေါ်ထားပါလား ..... ရုံးခန်းကို ခေါ်ပြီး ဘာလို့ ခံဝန် ကတိထိုးခိုင်းလဲ။ ဗုဒ္ဓ ရဲ့ နည်းနဲ့ ဆုံးမပါလား။ တရားပြ တရားဟော ပါလား။ ဒါမှသာ ဓမ္မစက်လို့ ပြောလို့ရမယ်။
ဒါပေမယ့် တိုင်း သံဃမဟာနာယက ဘက်က ဖြူစင်တဲ့ ဆုံးမမှု ၊ ကြိုးပမ်းမှု မရှိပဲလောကီနည်းအရ ထောင်သွင်းပြီး ဆုံးမမယ် ဆိုတာမျိုးကတော့ သံဃမဟာနာယကအရမ်းကို ဂွမ်း သွားပြီ ......

သံဃမဟာနာယက လုပ်ရပ်တွေကိုလည်း မပြောချင်တော့ဘူး။
မဆလ ခေတ်ထဲက သံဃာထုအတွက် မဟုတ်ပဲ ခရိုနီသာသာ အဖွဲ့ပါပဲ ....
သိန်းစိန်နဲ့ သူငယ်ချင်းများ ကုမ္ပဏီရဲ့ အာဏာစက်ကိုလည်း ဘာမှ မပြောချင်တော့ဘူး ....
အရှင်ဂမ္ဘီရ ရဲ့ သူရဲကောင်း ဖန်တီးခြင်း သာသနာရေးကိုလည်း မဝေဖန်ချင်တော့ပါဘူး ....





တိုင်ရီပြဿနာအားဝါဏိဇ္ဇပဋိပက္ခမှုကော်မတီမှာ ဖြေရှင်းမည်။

Burma VJ Media Network
တိုင်ရီဖိနပ်စက်ရုံက အလုပ်ရှင်နဲ့ အလုပ်သမားပြဿနာအား ဖြေရှင်းရန်ကိစ္စကို လှိုင်သာယာမြို့နယ် အလုပ်သမားရုံးက ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ လက်ခံတင်သွင်းခွင့်ပြုတော့မှာဖြစ်ပါတယ်။
ဒီတင်သွင်းခွင့်ကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ မရမ်းကုန်းမြို့နယ် မြို့နယ်ဝါဏိဇ္ဇပဋိပက္ခမှုကော်မတီမှ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားတွေဟာ ရတဲ့ လစာနဲ့ အသုံးစရိတ် ညီမျှမှု မ၇ှိတာကြောင့် နေ့ကြေး ၁၅၀ ကျပ်နဲ့ ရက်မှန်ကြေး ၈၀၀၀ ကျပ် ရရှိဖို့အတွက် ဆန္ဒပြနေခဲ့တာ အခုဆိုရင် ၁၂ ရက်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ တိုင်ရီဆန္ဒပြအလုပ်သမားတွေကို လူမှုရေးအဖွဲ့အစည်းတွေနဲ့ စေတနာရှင် ပြည်သူတွေကလည်း အစားအသောက်တွေနဲ့ သောက်ရေသန့်တွေ လာရောက် လှူဒါန်းခဲ့ပါတယ်။
မနက်ဖြန် တနင်္ဂနွေနေ့မှာတော့ ဆန္ဒပြနေမှုကို ခေတ္တရပ်နားမှာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာတော့ တရားဥပေဒေ အရ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခုအခါမှာတော့ ဆန္ဒပြ အဆောင်နေ အလုပ်သမားတွေကို တိုင်ရီဖိနပ်စက်ရုံက အ၇င်က ည ၆ နာရီကနေ ၁၀ နာရီအထိ ၅နာရီ ရေလွတ်ပေးရာကနေ အခုအခါ ည၇နာရီကနေ ၉နာ၇ီအထိ ၂နာရီသာ ရေပေဝေတော့တယ်လို့ သိရှိရပါတယ်။

မှော်ဘီ ၀ါးကျောင်း ရောက် ရွှေည၀ါဆရာတော်.

Uploaded by BurmaVJMedia on Feb 19, 2012

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ (မဟန) ရဲ့ ဆုံးဖြတ်ချက်ကြောင့် ကျောင်းတိုက်ကနေ ထွက်ခွာပေးရမယ့် ရွှေည၀ါ ဆရာတော်ဦးပညာသီဟ ရဲ့ နောက်ဆုံးနှုတ်ဆက်တရားပွဲ နဲ့  ပူဇော်ပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ တနင်္ဂနွေ နေ့ မနက် ၉ နာရီကနေ ၁၀ နာရီခွဲ အထိ ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့ နယ်ရှိ သာဓုကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။ ဒီနှုတ်ဆက်ပူဇော်ပွဲကို ဆရာတော်ကို လေးစားကြည်ညိုတဲ့ ဒကာ၊ဒကာမတွေ၊ စာသင်သားရဟန်းတော်တွေ၊မယ်သီလရှင်တွေ၊နိုင်ငံရေး အကျဉ်းသားဟောင်းရဟန်းတွေ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ မျိုးဆက်သစ် လူငယ်ကျောင်းသား ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးနဲ့ ဘာသာရေးအသိုင်းအ၀ိုင်းမှ ပရိတ်သတ်ထောင်ချီ တက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားအတွင်းမှာ ရွှေည၀ါဆရာတော်က တရားချီးမြင့်ခဲ့ပြီး၊ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုမင်းဇေယျ တို့ မှ နှုတ်ဆက်ဝမ်းနည်းစကားပြောကြားခဲ့ပါတယ်။ ရွှေည၀ါဆရာတော်က အခုလို ကျောင်းတိုက်ကနေ ထွက်ခွာပေးဖို့ လိုက်လျောခဲ့ရတာဟာ လက်ရှိစာသင်သား သံဃာတော်တွေရဲ့ ပညာရေးကို မထိခိုက်စေလိုတာနဲ့ ၊လက်ရှိသွားနေတဲ့ နိုင်ငံရေး ဖြစ်စဉ်အပေါ်မှာထိပ်တိုက်တွေ့ ဆုံမှုတွေ မဖြစ်စေလိုတာ တွေကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ဆရာသံဃာကို တပည့်ဒကာဒကာမတွေကသာ ပိုင်ဆိုင်ပြီး ဖိတ်ကြားသည့်သူ ရှိသည့်နေရာသို့ သွားရောက်ခဲ့ရသည့် အပေါ်တွင် မဟန အဖွဲ့ ၏ ဆုံးဖြတ်ချက် မှာ တရားမျှတမှုမရှိကြောင်း ဆရာတော်က ပြောကြားခဲ့ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကလည်း ဆရာတော်မှာထောင်သွင်း အကျဉ်းကျ ခံရဖူးပြီး မိမိတို့ လို နိုင်ငံရေးအကျဉ်းသားဟောင်း ဘ၀တူပင် ဖြစ်ကြောင်း၊ယခုလို အဖြစ်မျိုးထပ်မံကြုံတွေ့ ရသည့် အပေါ်တွင် ၀မ်းနည်းမိရကြောင်း ပြောကြားခဲ့ပါတယ်။ သာဓုကျောင်းတိုက်ကနေ ယနေ့ တနင်္ဂနွေ နေ့ မှာ ထွက်ခွာပေးရမယ့် ရွှေည၀ါ ဆရာတော်ဟာ မှော်ဘီ ရှိ ခြံဝန်းတခုမှာ ခေတ္တယာယီသွားရောက် သွားရောက် သီတင်းသုံးနေထိုင်မယ်လို့ သိရပါတယ်။


Burma VJ Media Network










အမေသိပါစေ




by Ko Htoo on Saturday, February 18, 2012 at 12:31pm ·

ဆင်းရဲမှု မဖူလုံမှုတွေနဲ့
နေသားကျနေကြပေမယ့်
တခါတလေတော့လည်း
ထကြွမိကြတယ်အမေ….။

အမေရဲ့ ဒီမိုကရေစီခရီးကို
အနှောင့်အယှက်ပြုမိရင်တော့
ဆောရီးပါအမေ……။

အမေ စဉ်းစားကြည့်ပါ
တနာရီ တရာကျပ်တဲ့
အဲဒီဝင်ငွေက
ငွေတိုးချေးစားနေသူတွေနဲ့နပန်းလုံး
ကိုယ့်ပြည်တွင်းမှာပဲ
သူ့ကျွန်လုံးလုံးပေါ့အမေ။

တနေ့ ထမင်းနှစ်နပ်
အဲဒီတနာရီတရာကျပ်နဲ့
ဘယ်လိုစားလောက်မတုန်း
အနောက်ကမိသားစုအတွက်
သမီးတို့ရဲ့လုပ်အားခရှယ်ယာ
စိတ်ကူးထဲတောင် ရှာမရဘူးအမေ။

တက်တက်ကြွကြွနဲ့
အားရပါးရပြောနေကြတဲ့စကား
နားမဆံ့အောင်ကြားမိပါရဲ့
ဒီမိုကရေစီခရီးတဲ့လား
သမီးတို့အဖို့တော့…..
ယီးလေးလေး…ယီးလေးယိုပါပဲအမေ။

သမီးတို့အတွက်ကတော့
ဒီမိုကရေစီဆိုတာအပထား
မ၀ရေစာထမင်းနပ်တွေကြား
ကိုယ့်တိုင်းပြည်အရိပ်အောက်မှာ
တပါးကျွန်ဘ၀နဲ့ ပြားပြားမှောက်
ဖာမဖြစ်ရုံလောက်သာသာပါအမေရယ်….။

သမီးတို့ သမီးတို့နဲ့……….
သမီးတို့အတွက်တင်ပဲလား
တတိုင်းပြည်လုံးငတ်ပြတ်
ဒီအခြေထိဆိုက်နေခဲ့တာ
ကြာပေါ့အမေရယ်….။

ဆယ်နှစ်ရက်ဆန္ဒပြပြီး
လုပ်အားခတိုးတောင်းတော့
သမီးတို့က သူရဲကောင်းပေါ့။
တနေ့လုပ်မှတနေ့စား
ဗျာများနေရတဲ့ခေတ်မှာ
ဆယ်နှစ်ရက်အလုပ်ပျောက်လို့
ပါးစပ်ဘယ်နှပေါက် ဆန်ပြုတ်သောက်နေရတယ်ဆိုတာ
မျက်ရည်ခံထိုး ငိုပြောရမှာလားအမေရယ်…။

သမီးတို့တွေ မာန်တင်း
အင်အားရှိသလောက်တော့
တင်းခံကြည့်ရုံပေါ့အမေ….။
မခံနိုင်လို့ အလုပ်ပြုတ်လည်း
အနှိပ်သည် လုပ်ကြရုံပေါ့
တတိုင်းပြည်လုံးအတွက်မဟုတ်လို့
သိပ်တော့ စိတ်ဝင်စားကြမှာမဟုတ်ပါဘူး။
သမီးတို့ ကုသိုလ်ပေါ့အမေရယ်…။

သြော်……….. မေ့လို့အမေ….
သမီးတို့ ဘယ်ဘ၀ရောက်ရောက်
အမေ့နောက်မှာ မြဲမြဲရပ်
မဲတပြားကတော့
အမေ့အတွက် ဆက်ဆက်ပါ။
သမီးတို့ဘ၀ နာလန်မထနိုင်လည်း
နောင်မျိုးဆက်သစ်
သမီးတို့လို ရေတိမ်မနစ်ရအောင်
စွမ်းဆောင်ပေးပါ အမေရယ်….။

မောင်ပါလ
၁၉.၂.၂၀၁၂
(၁၂-ရက်ကြာ ဆန္ဒပြနေသော တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမလေးများကိုယ်စား ခံစားရေးဖွဲ့သည်)

ထင်သလို စိတ်ကြိုက်သုံးဖြုန်းခဲ့သည့် တင်နေတဲ့အကြွေးများ ပြန်ဆပ်ကြမည်.....လော။



by Ko Baloi on Saturday, February 18, 2012 at 10:38am ·

၁၉၆၂ ခုနှစ်မှစ၍  ဗိုလ်နေဝင်း ဦးဆောင်သည့် စစ်တပ်မှ နိုင်ငံတော်အာဏာအား  မတရားသိမ်းပိုက်ပြီးသည့်နောက်   ဦးနေဝင်း၏
(မဆလ) အမည်ခံအစိုးရမှသည် ( န ဝ တ ) စစ်အစိုးရ ( န ဝ တ ) မှသည်  ( န အ ဖ ) စစ်ခေါင်းဆောင်ကြီးများသည် နိုင်ငံတော်
အာဏာအား    မတရားသိမ်းပိုက်ရယူခဲ့သည်ကို   နိုင်ငံတကာမှ ကမ္ဘာ့ခေါင်းဆောင်ကြီးများနှင့် ကမ္ဘာ့အသိုင်းဝိုင်းက အဖွဲ့အစည်း
ကြီးများ  သိခဲ့ကြပါသည်။ နိုင်ငံတော်၏ အာဏာအားမတရားရယူသိမ်းပိုက်ထားမှန်း နိုင်ငံတကာနှင့် အခြားသောအဖွဲ့အစည်းများ သိသော်ငြားလည်း တရားမဝင် မြန်မာစစ်အစိုးရအား ငွေထုတ်ချေးခြင်းသည်....တရားမဝင်အစိုးရများကို တရားဝင်အောင် အသိ
အမှတ်ပြုလိုက်ခြင်း ဖြစ်သလို.... အာဏာရှင်စနစ်ဆိုးကြီး သက်ဆိုးရှည်စေရန် အားပေးရာသက်ရောက်သည့်အပြင်....အဆိပ့်ပင်
ကိုရေလောင်းခြင်းသာဖြစ်သည်ကို နိုင်ငံတကာအား သိစေလိုပါသည်။

ဦးနေဝင်းလက်ထက်မှ အစပြု၍ မြန်မာနိုင်ငံသည် အကြွေးမှီများရှိခဲ့သည်ကို သိခဲ့သော်ငြားလည်း....ထိုအချိန်က တခါးပိတ်ဝါဒကို
ကျင့်သုံးထားသည့် တပါတီ အာဏာရှင် နေဝင်းမှ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်သူတွေကို အဖက်ဖက်မှ ဖိနှိပ့်မင်းမူနေသော
ကြောင့်ကြွေးမှီပြဿများကို ပြည်သူလူထုအများမှ    မကြေနပ်သော်ငြားလည်း စိတ်ထဲတွင်    တအုံနွေးနွေးနဲ့ ကြွေးမှီကိစ္စနဲ့ပတ်
သက်ပြီး လူတိုင်းလိုလို ခံစားနေခဲ့ကြရပါသည်။ အမှန်မှာ တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် အသုံးမပြုထားသည့် ချေးငွေများသည်  ချေးယူထားသူတွေနဲ့သာ တိုက်ရိုက်သက်ဆိုင်မည်။ ပြည်ကျိုးအတွက် အသုံးမပြုမှန်းသိလျှက်နှင့် (သို့) ပြည်သူတွေကို ဖိနှိပ့်- ညှင်းပမ်း သတ်ဖြတ်ရန်အတွက် ချေးယူထားသည့် ချေးငွေမှားများကို ပြည်သူတွေက ပြန်လည်ပေးဆပ်ရမည်ဆိုလျှင်...မိမိအား မတရားညှင်းပမ်း- နှိပ့်စက်- သတ်ဖြတ်ရန်အတွက် စစ်အစိုးရမှ ချေးယူထားသည့် ချေးငွေမှားများကို  ပြန်လည်ပေးဆပ်ရသလိုမျိုး  သက်ရောက်နေသည်။ မည်သူကမှ    မိမိအား   မတရား ဖမ်းဆီး- ညှင်းပမ်း- နှိပ့်စက်- သတ်ဖြတ်ရန်အတွက်     ချေးယူထားသည့်ချေးငွေများ    ပြန်ဆပ်ဟု ပြောလျှင်... ပြန်ဆပ်ကြမည်မဟုတ်ပါ။   ဒါကြောင့်...ချေးယူထားချေးငွေမှားများကို   ပြည်သူတွေအနေဖြင့် ကျိုးကြောင်းခိုင်လုံစွာနဲ့ သေသေချာချာရှင်းလင်းတင်ပြတတ်လျှင်....ပြန်လည်ပေးဆပ်စရာ လိုမည်မထင်။ ၎င်း-  ကြွေးမှီများကို     ကျိုးကြောင်းခိုင်လုံစွာဖြင့်
 ချေးယူထားသည့်   သက်ဆိုင်ရာနိုင်ငံများနှင့် အဖွဲ့အစည်းတွေကို   လက်ရှိ- နိုင်ငံခေါင်းဆောင်ကြီးများမှ အသေချာရှင်းလင်းတင်ပြပြီး
ရှင်းပြဆွေးနွေးနိုင်လျှင်....၎င်း- ကြွေးမှီများကို သက်ဆိုင်ရာနိုင်ငံများနှင့် အဖွဲ့အစည်းများမှ လျှော်ပစ်ပေးရမည်ဖြစ်သည် (သို့မဟုတ်) အတိုးနှုန်းများကို လျှော့ပစ်ပေးကြရမည်။ ဒါမှသာ....တရာနည်းလမ်းကျမည်ဟု ကျနော့်အနေဖြင့် သုံးသပ်ခံယူထားပါသည်။

အကယ်၍  ချေးယူထားသည့် ငွေများကို    အတိုးနှုန်းရော- အရင်းပါ ပြန်လည်ပေးဆပ်ရမည်ဆိုလျှင်....တရားနည်းလမ်းကျမည်
မဟုတ်ချေ။ ဒီနေရာမှာ ဥပမာအနေဖြင့် ကျနော်အနည်းငယ် ပြောပြလိုပါသည်၊  ကျနော်တို့ ထိုင်းနိုင်ငံတွင်ရှိစဉ်....ထိုင်းအာဏာပိုင်
များမှ ( SDC ) ဟုခေါ်တွင်သော် Special Detention Center တွင် နိုင်ငံရေးလှုပ်ရှားသူ ပြည်ပရောက်အမျိုးသားကျောင်းသားများ
အဖွဲ့မှ ဗဟိုကော်မီတီဝင်များနှင့် အဖွဲ့ဝင်များအား ချုပ်ရက်အကန့်အသတ်မရှိ ဖမ်းဆီးထိမ်းသိမ်းထားစဉ်....ထိုင်းနိုင်ငံတွင် World
Bank မှ နိုင်ငံတကာအား ငွေထုတ်ချေးရန် အစည်းဝေးကြီးတခု ပြုလုပ်ခဲ့ပါသည်။ အဲဒီတုန်းက ထိုင်းနိုင်ငံတွင် စစ်တပ်မှ ဗိုလ်ချုပ်ကြီး
ဆူချင်ဒါ မှ အာဏာသိမ်းထားသောကာလဖြစ်သည်။ World Bank    ထိပ့်သီးအစည်းဝေးအား   ဆန္ဒပြလျှင်    ပြင်းပြင်းထန်ထန်
နှိမ်နင်းမည်ဟု ဗိုလ်ချုပ်ကြီးဆူချင်ဒါမှ တရားဝင်ထုတ်ဖော်ပြောကြားထားပြီးဖြစ်သည်။ (( မှတ်ချက်။  ။ ဗိုလ်ချုပ်ကြီး ဆူချင်ဒါသည်
မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အပြီး- ထိုင်းနိုင်ငံသို့ ပြန်ရောက်သည်နှင့် ထိုင်းနိင်ငံ၏ နိုင်ငံတော်အာဏာကို သိမ်း ပိုက်လိုက်
သည့် အာဏာရှင်ဖြစ်သည်။ ထိုအချိန်က ထိုင်းနိုင်ငံတွင်လည်း အာဏာသိမ်းအစိုးရ- မြန်မာနိုင်ငံတွင်လည်းအာဏာသိမ်းအစိုးရဖြစ်ပြီး...
တစ်နိုင်ငံနှင့်တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အားကောင်းနေဆဲ ကာလဆိုးကြီးဟု သတ်မှတ်လို့ရသည့်အပြင်....ထိုင်းအစိုးရနှင့် ထိုင်း-
အာဏာပိုင်များက မြန်မာကျောင်းသားများကို နှိပ့်ကွပ်နေသော ကာလဆိုးကြီးလည်းဖြစ်သည်။ ထိုအချိန်က ( SDC ) အကျဉ်းထောင်
တွင် ဘိတ်လေကြောင်းခရီးစဉ်ကို ဟိုက်ဂျက် လုပ်ခဲ့သည့် ရဲရင့်နှင့် ရဲသီဟ တို့ နှစ်ဦးလည်းရှိပါသည်....သူတို့ နှစ်ဦးကိုတော့ သီသန့်
ချုပ်နှောင်ထားပြီး နေ့ဘက်ဆို အချုပ်တခါးဖွင့်ပေးထားပြီး အချုပ်ထောင်ထဲတွင် လွတ်လပ်စွာ သွားလာခွင့်လည်း ရထားပါသည်။ သူတို့နှစ်ဦးရဲ့ အကူညီတွေလည်း ကျနော်တို့ အများကြီးရသည်ကို မှတ်ချက်အနေနဲ့ အနည်းငယ်ဖော်ပြလိုက်ပါသည်။ ))
ထို- World Bank ထိပ့်သီးအစည်းဝေးတွင်တရးမဝင် မြန်မာစစ်အစိုးရ ( SLOC ) ကိုလည်းဖိတ်ကြားထားပြီး  မြန်မာစစ်အစိုးရ ( SLOC )
 ဘည်း လာတက်ရောက်ပြီး ငွေချေးယူမည်ဟု ကျနော်တို့မှ သတင်းရရှိထားသည်။ ထို့ကြောင့်...( SDC ) ရောက်   အထိမ်းသိမ်းခံ
ကျောင်းသား- လူငယ်များမှမြန်မာစစ်အစိုးရအား ငွေမထုတ်ချေးရန် အစာငတ်ဆန္ဒပြကြရန် World Bank    ထိပ်သီးအစည်းအဝေး
မတိုင်မှီ  ကြိုတင်ညှိ့နှိုင်းဆွေးနွေးပွဲများပြုလုပ်ကြပါသည်။ ထိုအချိန်တွင် ( SDC ) တွင် အထိမ်းသိမ်းခံ မြန်မာကျောင်းသား လူငယ်
၁၀၀ ကျော်နှင့် ကျောင်းသူ ၃ ဦးရှိပါသည်။  ထိုသို့- ဆန္ဒပြရန် အစည်းဝေးများပြုလုပ်ရင်း....(SDC) ရောက် အထိမ်းသိမ်းခံကျောင်း
သားများမှ အစာငတ်ခံဆန္ဒပြခြင်းနှင့်ပတ်သက်ပြီး....နှစ်ဖွဲ့ကွဲသွားပါသည်။ ထို- ကွဲသွားသောနှစ်ဖွဲ့မှ တစ်ဖွဲ့မှာ လွတ်မြောက်ရေး
အတွက် အစာငတ်ခံ ဆန္ဒပြမည်ဖြစ်ပြီး...ကျန်တစ်ဖွဲ့မှာ မြန်မာစစ်အစိုးရအား World Bank မှငွေထုတ်မချေးရန် အစာငတ်ခံဆန္ဒပြ မည်ဖြစ်သည်။  အကယ်၍ ကျနော်တို့ တောင်းဆိုချက်အား World Bank ထိပ်သီးအစည်းဝေမှ   မလိုက်လျှောလျှင်....Blood Strike
 ပြုလုပ်၍ ပြင်းပြင်းထန်ထန် တောင်းဆိုဆန္ဒပြမည်ဟု Statement ထဲတွင်ဖော်ပြ ရေးသားထားပါသည်။  ကျနော်တို့၏ Statement
ထဲတွင် ရေးသားထားသာတွေက  လက်ရှိ- မြန်မာနိုင်ငံတွင် အုပ်ချုပ်နေသောအစိုးရသည်....၈၈၈၈ လေးလုံး ဒီမိုကရေစီ ပြည်သူ့
အရေးတော်ပုံအား ရက်ရက်စက်စက်ဖြိုခွင်းပြီး နိုင်ငံတော်အာဏာအား မတရား ရယူသိမ်းပိုက်ထားသည့် အာဏာရှင် စစ်အစိုးရ
ဖြစ်ကြောင်း....၎င်း- အာဏာရှင်စစ်အစိုးရအား World Bank မှ ငွေထုတ်ချေးလျှင်....၎င်း- ချေးယူရရှိသည့်ငွေများဖြင့်  စစ်လက်နက်
ပစ္စည်းများ ဝယ်ယူပြီး တိုင်းရင်းသားဒေသများကို ထိုးစစ်ဆင်ပြီး-  ပြည်သူလူထုတစ်ရပ်လုံးကို ဖိနှိပ့်ညှင်းပမ်း- သတ်ဖြတ်မည်ဖြစ်
ကြောင်းကို တိကျခိုင်လုံစွာ ရေးသားဖော်ပြထားသည်။ ကျနော်တို့ အစာငတ်ခံဆန္ဒပြမည်ဖြစ်သော်လည်း ကျနော်တို့၏ Statement ကို
အဲဒီအချိန်တွင် ပြင်ပသို့ မထုတ်နိုင်သေး၊ ထိုအချိန်တွင် ကံအားလျှော်စွာပဲ UNHCR မှ ဆေးခန်း ကျနော်တို့တတွေရဲ့ ကျမ္မာရေးကို စစ်ဆေးကြည့်ရှုရန်ရောက်ရှိလာသည်....UNHCR ဆေးခန်းနဲ့အတူ ONSOB ဥက္ကဌ ဒေါက်တာသီဟလည်း မထင်ထားပဲလိုက်ပါ
လာသည်။ အဲဒီအချိန်က လူနာတွေကို ကြည့်ရှုစစ်ဆေးတဲ့ ဒေါက်တာမေကျော့ခိုင်ရဲ့ အကူညီကိုလည်း ရယူခဲ့ရပါသည်။ ကိုသီဟမှ ကျနော်တို့ရဲ့ Statement ကို World bank ထိပ့်သီးအစည်းဝေးထိရောက်အောင် ကူညီပေးမည်ဟု ဂတိပေးပြီး....Statement ကို မေကျော့ခိုင်ရဲ့ ဆေးမှတ်တမ်းတွေကြားရောထဲ့ထားကာ ပြင်ပသို့ ထုတ်ခဲ့ရပါသည်။ အဲဒီအချိန်က....( SDC ) တွင် ရဲအစစ်ဆေး
ထူပြောသော အချိန်ဖြစ်သည်။ ကျနော်တို့ Hunger Strike နဲ့ blood Strike နှစ်ခုစလုံးကို ပြုလုပ်ခဲ့ပါသည်။ ကျနော်တို့ရဲ့ တောင်းဆို
ချက်ကို World bank မှ လိုက်လျှောလိုက်ကြောင်း ထိုင်းနိုင်ငံတွင် ထုတ်လုပ်သေါ သတင်းစာဖြစ်သည့် Bangkok Post နှင့် The
 Nation တွင် ဖော်ပြထားသည်ကို တဖက်ခန်းမှ အီရန် နိုင်ငံရေးအကျဉ်းသားဆီမှ ဖတ်လိုက်ရ၍ ဆန္ဒပြခဲ့ကြသည့်  ကျနော်တို့တတွေ အတိုင်းဆမသိ    ဝမ်းသာကြည်နှူးမှုတွေ      ဖြစ်ခဲ့ကြရပါသည်။ ကျနော်ဆိုလိုတာက....တရားမဝင်အစိုးရမှန်းသိလျှင်....နိုင်ငံတကာ အနေနဲ့သော်လည်းကောင်း- အခြားငွေထုတ်ချေးသည့် အဖွဲ့အစည်းအနေဖြင့်သော် လည်းကောင်း....ငွေထုတ်ချေးဌါးခြင်းမပြုလုပ်
သင့်ပေ။ ငွေထုတ်ချေးလိုလျှင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ     ရေရှည်အကျိုးစီးပွါးရေးကိုကြည့်ပြီး...ထုတ်ချေးယူသည့်ငွေများသည် အဲဒီ
နိုင်ငံမှာရှိသည့်     ပြည်သူများ၏      အကျိုးစီးပွါးအတွက် အစိုးရက သုံးမသုံးကိုလည်း     ထည့်သွင်းစဉ်းစားရပါလိမ့်မည်။   ထိုသို့  စဉ်းစားပြီးမှသာငွေအလုံးအရင်းထုတ်ချေးသင့်/မသင့်  ဆုံးရပါလိမ့်မည်။  ထိုသို့မဟုတ်ပဲ...သူခိုးမှန်မသိ-      ဓါးမြမှန်မသိပဲ  ထုတ်
ချေးလျှင်....ထုတ်ချေးသူနှင့်ချေးဌါးသူတို့သာလျှင်     တိုက်ရိုက်သက်ဆိုင်ပါမည်။   ထိုသို့မဟုတ်ပဲ    အာဏာရှင်တို့၏     သုံးခဲ့သမျှ  
 ချေးငွေများကို    တိုင်းသူပြည်သားလူအများမှ အရင်းကော- အတိုးပါ   ပြန်လည်ဖြေရှင်းရမည်ဆိုလျှင်....တရားရေးဆိုင်ရာ နည်းလမ်း
အရသော်လည်းကောင်း- နိုင်ငံရေးရှုထောင့်ကနေသော်လည်းကောင်း-  လူ့အခွင့်အရေးရှုထောင့်ကသော်လည်းကောင်း    မည်သည့်
ရှုထောင့်ပင်ကြည့်ကြည့် တရားနည်းလမ်း မျှတမှုရှိမည်မဟုတ်ပေ။
ဥပမာ တစ်ခုအား     ဒီနေရာတွင်    အနည်းငယ်ဖော်ပြလိုပါသေးသည်။ ဥပမာ။  ။ ကျနော်သည်   ဘဏ်တခုခုက ငွေချေးလိုလျှင်...ချေးငွေများမည်ဆိုပါက  သက်ဆိုင် ရာဘဏ်မှ ...ဘာအတွက်ထုတ်ချေးဖို့အကြောင်းကို မေးးမြန်းပြီး....ကျနော့်တို့ရဲ့     အလုပ်အကိုင်
တွေကိုမေးမြန်းပြီး  ကာမှ- ပြန်ဆပ်နိုင်- မနိုင် အလုပ်အကိုင်အပေါ် မူတည်ပြီးချေးငွေထုတ်ချေးခြင်း-   မထုတ်ချေးခြင်းကို   ပြုလုပ် ပါသည်။    ထို့နည်းလည်းကောင်း   ရပ်ကွက်ထဲတွင်    အသိမတ်ဆွေကသော်လည်းကောင်း-  ဆိုင်တစ်ဆိုင်ကသော်လည်းကောင်း-
အကြွေးယူခြင်း (သို့) ငွေချေးလိုလျှင်... ထိုသူမှ ပြန်မပေးဆပ်နိုင်ဘူးဟု ငွေချေးဌါး သူကို ယူဆထားလျှင်....ဘယ်သူမှ ငွေမထုတ် ချေးသလို- ဘယ်ဆိုင်ကမှ အကြွေးပေးမည်မဟုတ်ပါ။ အထူးသဖြင့် သူခိုး- ဓါးမြတွေကို ဘယ်သူမှ ငွေထုချေးမည်မဟုတ်ပါ..။  အခုဟာက...တရားမဝင်အစိုးရမှန်းသိလျှက်နဲ့      ငွေထုတ်ချေးဌါးခြင်း  ပြုခဲ့ခြင်း၊ ထို့အပြင်...တိုင်းသူပြည်သား     လူအများစုအပေါ်
ရက်ရက်စက်စက် လူ့အခွင့် အရေးများချိုးဖောက်နေတဲ့ ကမ္ဘာ့အဆိုးဆုံး စစ်အာဏာရှင်စာရင်းဝင်   မြန်မာစစ်အာဏာရှင် အစိုးရကိုမှ
ကမ္ဘာ့ နိုင်ငံအချို့တွေနှင့် အခြားသောအဖွဲ့အစည်းများမှ  ငွေထုတ်ချေးဌါးခြင်းပြုခဲ့ခြင်းသည်....မည်သည့်ရှူထောင့်ကပင်ကြည့်ကြည့် မဆီလျှော်-  မမှန်ကန်သလို....တရားနည်းလမ်း မျှတမှုလည်းမရှိပေ..။
ငွေချေးဌါးသူများသည် ချေးဌါးသူထံမှ အကျိုးတခုတခုကို မျှော်ကိုးပြီး ချေးငွေများကို ထုတ်ချေးတတ်ကြပါသည်။ အထူးသဖြင့် တရား
မဝင်  မြန်မာစစ်အစိုးကို ငွေထုတ်ချေးဌါးခြင်းသည် အကျိုးလို၍   ညောင်ရေသွန်းခြင်းသာဖြစ်သည်။ သူတို့အထင်....မြန်မာစစ်အစိုးရမှ
သူတို့ရဲ့ သက်တမ်းမကုန်ဆုံးခင်   ငါတို့ချေးဌါးထားသည့်ငွေများကို အတိုးကောအရင်းကော...ပြန်ဆပ်နိုင်လိမ့်မည်ဟု    ယုံကြည်ထားပုံ
လည်းရကောင်းသည် ( ဒါမှမဟုတ်) မြန်မာနိုင်ငံတွင် သူတို့အကျိုးစီပွါးရေးအတွက် ရင်းနှီးမြှပ်နှံမှု ကောင်းကောင်နဲ့ လုပ်ပိုင်ခွင့်များ    တခုတခု ရလေကောင်းတန်လို့   ယူဆထားပုံလည်းရှိပါသည်။ ဘာပဲဖြစ်ဖြစ်....အခုလို   ငွေအမြောက်အများချေးယူထားပြီး....တိုင်းပြု ပြည်ပြု လုပ်ငန်းတွေမှာအသုံးမပြုပဲ....လက်နက်ခဲယမ်း-  မီးကျောက်များဝယ်ယူပြီး တိုင်းရင်းသားဒေသများကို ထိုးစစ်ဆင်ကာ ရက်ရက်
စက်စက် မျိုးဖြုတ်သုတ်သင်ရန်အတွက်လည်းကောင်း၊  တိုင်းသူပြည်    သားများအပေါ်    မတရားဖိနှိပ်- ညှင်းပမ်း- သတ်ဖြတ်မှုလုပ်ရန်
အတွက်လည်းကောင်း ....ချေးယူထားသည့်   ငွေများကို ပြည်သူများက  ပြန်လည်ပေး  ဆပ်ရမည်ဆိုလျှင်...  ( သို့မဟုတ် )  ငမိုက်
သားများ  စိတ်ကြိုက်     ထင်သလိုသုံးဖြုန်းခဲ့သည့်  ကြွေးမှီများကို  ပြန်ဆပ်ရမည်ဆိုလျှင်...ပြန်လည်ပေးဆပ်ကြမည်လော..။
ထို့ကြောင့်- တင်ရှိနေသော အကြွေးမှီများကို အကျိုးကြောင်းခိုင်လုံစွာဖြင့်- တင်ပြဖြေရှင်းတတ်လျှင်....အကြွေးများလျှော်ပစ်ပေးနိုင်
သလို...ဆပ်ရသည့်တိုင်အတိုးနှုန်းတွေကို လျှော့ပစ်ပေးနိုင်သည်ဟု စာရေးသူအနေနဲ့ ထင်မြင်သုံးသပ်မိပါသည်။
( ကိုဗလိုင် ) ဒိန်းမတ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အကြွေးစုစုပေါင်း....ဒေါ်လာသန်ပေါင်း=======၁၁၀၂၃. ၂၉၈ သန်း
နေဝင်းခေတ်အကြွေး.....ဒေါ်လာသန်းပေါင်း==== ၈၄၀၈. ၃၄၈ သန်း
၈၈ နောက်ပိုင်း.......ဒေါ်လာသန်ပေါင်း======= ၂၆၁၄. ၉၅၀ သန်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ခံစားနိုင်သူတွေ အတွက်သာ .... ။

Ko Htike



တိုင်ရီစက်ရုံ ဆန္ဒပြပွဲဆွီဒင်နိုင်ငံမှ ဆိုရှယ်ဒီမိုကရက် ကျောင်းသား လူငယ်များ၏ ထောက်ခံ အားပေး

Ko Htike
20 hours ago
တိုင်ရီစက်ရုံ ဆန္ဒပြပွဲတွင် ဆန္ဒပြနေသော ညီအစ်ကို မောင်နှမတွေအတွက် ခွန်းအားအဖြစ်
ဆွီဒင်နိုင်ငံမှ ဆိုရှယ်ဒီမိုကရက် ကျောင်းသား လူငယ်များ၏ ထောက်ခံ အားပေးကြောင်း ကြေငြာချက် ထုတ်ပြန် လိုက်သည်။ ကိုယ်ရဲ့ ရပိုင်ခွင့်အတွက် မှန်ကန်တဲ့ နည်းလမ်းနဲ့ ဆန္ဒပြနေတာတွေကို သေးငယ်တယ်လို့ထင်ပြီး အားမလျော့ပါနဲ့။ အခုဆို အားလုံးရဲ့ စုပေါင်းတဲ့ အသံတွေဟာ မိုင်ပေါင်း ထောင်ချီဝေးတဲ့ နေရာအထိ ပဲ့တင်ထိပ်နေပြီဆိုတာ သက်သေပါပဲ။ (ရန်ကုန်ရှိ မိတ်ဆွေများမှ ယခုစာကို ပရင့်ထုတ်ပြီး ဆန္ဒပြနေသူများထံ သွားရောက်ဖတ်ကြားပြီး အားပေးစေလိုပါတယ်။ လုပ်ပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။)




သို့

Worker's Solidarity League of Burma

(အဖွဲ့အမည်ကို မြန်မာလို အတိအကျ မသိ၍ အင်္ဂလိပ်လိုပဲ ချန်ထားခဲ့ပါသည်။)

စတော့ဟုမ်း၊ ဆွီဒင်၊ ဖေဖော်ဝါရီလ ၁၄ ရက်

သင်တို့၏ ဆန္ဒပြနေမှုအား ထောက်ခံအပ်ပါသည်။

လေးစားအပ်သော ညီအကိုမောင်နှမများ ခင်ဗျား-

ကျွန်တော်တို့ အဖွဲ့အစည်းများနှင့် တကြိမ်တခါမျှ မတွေ့ဆုံဘူးသော်လည်း လက်ရှိ ဆန္ဒပြ တောင်းဆို နေမှုများအား ကျွန်ုပ်တို့၏ အရေးကိစ္စများနှင့် ထပ်တူထပ်မျှ ဖြစ်သည်။ တရားမျှတမှုနှင့် ဂုဏ်သိက္ခာရှိစွာ ရပ်တည်ခွင့်ရရေးတို့ အတွက် တိုက်ပွဲဝင်နေကြသော ကမ္ဘာနိုင်ငံအသီးသီးနှင့် ဆွီဒင်နိုင်ငံမှ လုပ်သားထုများနှင့် သင်တို့ အခွင့်အရေး အတွက် တောင်းဆို တိုက်ပွဲဝင်နေမှုသည် တသဘောတည်းပင် ဖြစ်သည်။ ကျွန်တော်တို့ အားလုံး ဂုဏ်သိက္ခာ၊ တရားမျှတမှုနှင့် လွတ်လပ်ခွင့် အတွက် လိုလားတောင်းတသည်။ လုပ်သားထု အားလုံး ပူးပေါင်းလက်တွဲ လုပ်ဆောင်မှသာ တကယ့် အပြောင်းအလဲကို ဦးတည်နိုင်မယ် ဆိုတာ ကျွန်တော်တို့ အတွေ့အကြုံများမှ သင်ခန်းစာ ရရှိခဲ့သည်။ သင်တို့ရဲ့ စည်းလုံးညီညွတ်မှု၊ ရဲရင့်တဲ့ တောင်းဆို ဆန္ဒဖော်ထုတ်မှု တွေဟာ ကျွန်ုပ်တို့အားလုံး အတွက် အလွန်ပင် အရေးကြီးလှသည်။
မမျှတတဲ့ လစာနှုန်းထားနှင့် မလျော်ကန်တဲ့ လုပ်ငန်းခွင် အခြေအနေတွေ အတွက် သင်တို့ရဲ့ တုန့်ပြန် တောင်းဆိုနေမှု အပေါ် အရေးကြီးသော ကိစ္စရပ်ဖြစ်ကြောင်း အလေးဂရုပြုအပ်ပါသည်။ မညာမတာ ခေါင်းပုံဖြတ်ခံ လုပ်သားထု အတွက် တိုက်ပွဲဝင်ကြရာမှာ နယ်မြေအပိုင်းအခြား မရှိ အားလုံး ပူးပေါင်းဆောင်ရွက်ရပါမည်။
ပြည်သူတို့၏ လွတ်မြောက်ရေး သဘောထားကို ဘယ်သောအခါမှ ချေဖျက်နိုင်မည် မဟုတ်။

သင်တို့နှင့်အတူ-

မဂ္ဂနပ်စ် နီလ်ဆွန်
ဥက္ကဌ - ဆွီဒင် ဆိုရှယ်ဒီမိုရက်တစ်ကျောင်းသား

အီလင်နာ အဲရစ်ဆွန်
အထွေထွေအတွင်းရေးမှူး - ဆွီဒင် ဆိုရှယ်ဒီမိုကရက်တစ်လူငယ်

(အထက်ပါ ထုတ်ပြန်ချက်ကို မြန်မာလို ဖတ်ရှုနိုင်ရန် ဘာသာပြန်ထားခြင်း ဖြစ်ပြီး၊ ယင်းအဖွဲ့၏ မြန်မာလို တရားဝင် ထုတ်ပြန်ချက် မဟုတ်ပါ။)