Monday, February 20, 2012

သံဃာဆိုတာ နိုင်ငံရေး ဝင်မပါရဘူး ဆို..



y: Thet Zaw

အန်အယ်လ်ဒီ လွှတ်​တော်အမတ် ​ဒေါက်တာမြတ်ဉာဏစိုး​နှင့်​ ​မေး​မြန်း​ချက်


Published on February 20, 2012 by ​အေး​နိုင် ·

ရန်ကုန်တိုင်း​က အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ် ​ဒေါက်တာမြတ်ဉာဏစိုး​ရဲ့​ ပါတီဝင်အဖြစ် ​လျှောက်ထား​ချက်ကို လက်ခံလိုက်ပြီ ဖြစ်တဲ့​အတွက် ​ဒေါက်တာ မြတ်ဉာဏစိုး​ဟာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ကိုယ်စား​ပြု လွှတ်​တော်ကိုယ်စား​လှယ်တဦး​ ဖြစ်သွား​ပြီလို့​ အဖွဲ့​ချုပ် အတွင်း​ရေး​မှူး​အဖွဲ့​ဝင် ဦး​ဉာဏ်ဝင်း​က ဒီ​နေ့​ သတင်း​စာ ရှင်း​လင်း​ပွဲမှာ ​ပြောဆိုလိုက်ပါတယ်။


ဒေါက်တာမြတ်ဉာဏစိုး

ဒေါက်တာမြတ်ဉာဏစိုး​ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ အတွင်း​ရေး​မှူး​အဖွဲ့​ဝင် ဦး​ဉာဏ်ဝင်း​က သတင်း​စာရှင်း​လင်း​ပါတယ်။ အဲဒီမှာ ​ဒေါက်တာမြတ်ဉာဏစိုး​က အမျိုး​သား​လွှတ်​တော် ကိုယ်စား​လှယ်တဦး​လို့​ ​ပြောသွား​လို့​လေ။

“ဟုတ်ပါတယ်။ အမျိုး​သား​လွှတ်​တော်ပါခင်ဗျာ။ ပြည်သူ့​ကိုယ်စား​လှယ်လို့​ ​ပြောသွား​တာပါ။ အမျိုး​သား​လွှတ်​တော် ကိုယ်စား​လှယ်ပါ။”

ဒေါက်တာမြတ်ဉာဏစိုး​က​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲချုပ်ကို ဘယ်​နေ့​ကစပြီး​တော့​ စ​လျှောက်လိုက်တာလဲ။

“ကျ​နော်က​တော့​ ဇန်နဝါရီလဆန်း​မှာ ပထမဦး​ဆုံး​ အဖွဲ့​ချုပ်က​နေစပြီး​တော့​ ဒီ ​လျှောက်လွှာ​တွေ ဖြန့်​ဝေတဲ့​အချိန်က ​လျှောက်လိုက်တာပါ။”

မ​လျှောက်ခင်က ဘယ်ပါတီကို ကိုယ်စား​ပြုပြီး​တော့​ ဝင်​ရောက်ယှဉ်ပြိုင် အနိုင်ရတာပါလဲ။

“ဟုတ်ကဲ့​ ကျ​နော်က အမျိုး​သား​ဒီမိုက​ရေစီအင်အား​စု (အန်ဒီအက်ဖ်) ကို ကိုယ်စား​ပြုပြီး​တော့​ ဝင်​ရောက်ခဲ့​တာပါ၊​ ၂၀၁၀ ​ရွေး​ကောက်ပွဲကိုပါ။ အန်ဒီအက်ဖ်က​နေပြီး​တော့​ ကျ​နော် တရား​ဝင် နုတ်ထွက်ခဲ့​တာက​တော့​ ဒီဇင်ဘာလဆန်း​မှာ ဖြစ်ပါတယ်။”

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို ဝင်​ရောက်တယ်ဆို​တော့​ အခု ​လော​လောဆယ် ပါတီက ဘာတာဝန်​တွေ ​ပေး​ထား​ပါသလဲ။

“အခု ​လော​လောဆယ်မှာ​တော့​ ကျ​နော်က နံပါတ် ၁ က​တော့​ အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ်​ပေါ့​နော်၊​ ပါတီ၏ တဦး​တည်း​သော ကိုယ်စား​လှယ်ပါ။ ​နောက်တခုက​တော့​ ​နေပြည်​တော်မှာက နယ်​မြေ ၄ ခု ​ပေါ့​နော်။ ​နေပြည်​တော် မြို့​နယ် ၄ ခုမှာ ကျ​နော်တို့​ ပါတီက​နေပြီး​တော့​ ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ်​တွေ ဝင်​ရောက်ပြီး​တော့​ အ​ရွေး​ချယ်ခံမှာပါ။ အဲဒီ့​ ​ရွေး​ကောက်ပွဲ ​အောင်နိုင်​ရေး​ကိုလည်း​ ​ဆောင်ရွက်ဖို့​ တာဝန်​ပေး​ထား​ပါတယ်။”

ပြည်​ထောင်စုလွှတ်​တော်မှာ အဓိကအား​ဖြင့်​ ဘတ်ဂျက်နဲ့​ ပတ်သက်ပြီး​တော့​ ​ဆွေး​နွေး​တယ်ဆို​တော့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ကိုယ်စား​လှယ် တ​ယောက်အ​နေနဲ့​ ဘာ​တွေများ​ ​ဆွေး​နွေး​နေပါသလဲ။

“ကျ​နော် အခု ​လော​လောဆယ်က​တော့​ အမျိုး​သား​စီမံကိန်း​ ဥပ​ဒေကြမ်း​ပေါ့​။ အဲ့​ဒါကို ​ဆွေး​နွေး​ပြီး​ပါပြီ။ စီမံကိန်း​တွေရဲ့​ မကျနမှုများ​ပေါ့​။ ကျ​နော်တို့​ စီမံကိန်း​ဆိုတာက ပြည်သူ့​အတွက် အကျိုး​ရှိသင့်​တဲ့​ စီမံကိန်း​တွေ ဖြစ်သင့်​ပါတယ်။ ဘာဖြစ်လို့​လဲဆို​တော့​ ပြည်သူ့​ ဘဏ္ဍာ​ငွေ​တွေကို အကျိုး​မဲ့​ ဖြုန်း​တီး​မှု မဖြစ်ဖို့​ လိုပါတယ်။ ဒီအ​ကြောင်း​ ကိစ္စ​တွေကို ပါဝင်​ဆွေး​နွေး​ခဲ့​ပြီး​ ဖြစ်ပါတယ်။ အခု လာမယ့်​ ဘတ်ဂျက်နဲ့​ ပတ်သက်တဲ့​ ​ဆွေး​နွေး​မှု​တွေမှာလည်း​ ပြည်သူ​တွေအတွက် တကယ် ထိထိ​ရောက်​ရောက် လုပ်ကိုင် ​ဆောင်ရွက်​ပေး​ရမယ့်​ အခန်း​ကဏ္ဍ​တွေ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​၊​ လူမှုဝန်ထမ်း​ အစရှိသည်ဖြင့်​ ​ပေါ့​နော်။ အလုပ်သမား​ရေး​ရာ စသည်​တွေမှာ ဘတ်ဂျက်​တွေကို ကျ​နော်တို့​ ဒီထက်မက သုံး​စွဲနိုင်ဖို့​ ဒါ​တွေကို ကျ​နော် ​ဆွေး​နွေး​သွား​မှာပါ။”

ခုနက​မေး​ခွန်း​က ခါး​ပြတ်သွား​လို့​ ​ဒေါက်တာအ​နေနဲ့​ အန်ဒီအက်ဖ် က​နေပြီး​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည် ဦး​ဆောင်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို ဟိုက​နေထွက်ပြီး​တော့​ ဒီမှာ ​ပြောင်း​တာ ဘာဖြစ်လို့​လဲ။ ​ဒေါ်​အောင်ဆန်း​စုကြည်က​နေ လူထု​ထောက်ခံမှု အများ​အပြား​ ရ​နေလို့​လား​။ ဘာ​ကြောင့်​ပါလဲခင်ဗျာ။

“မဟုတ်ပါဘူး​ဗျာ။ ကျ​နော် ဒီ အန်ဒီအက်ဖ် က နုတ်ထွက်ခဲ့​စဉ်အခါတုန်း​ က​ပေါ့​နော်။ အဲဒီတုန်း​ကလည်း​ ကျ​နော် ဘီဘီစီတို့​၊​ ဗွီအို​အေတို့​ကို ကျ​နော် စနစ်တကျ ရှင်း​ပြပြီး​ ဖြစ်ပါတယ်။ ဘာဖြစ်လို့​လဲဆို​တော့​ ကျ​နော်တို့​ အန်ဒီအက်ဖ် ပါတီ ဆိုတာက မိခင် အန်အယ်လ်ဒီ ပါတီက​နေပြီး​တော့​ ဆင့်​ပွား​ ​ပေါ်​ပေါက်လာတဲ့​ ပါတီပါ။ ​နောက်​တော့​ အန်ဒီအက်ဖ် ပါတီ ဥက္ကဋ္ဌ ​ဒေါက်တာသန်း​ငြိမ်း​ကလည်း​ ကျ​နော်တို့​ကို ဖွင့်​ပွဲ အခမ်း​အနား​မှာ သူမိန့်​ကြား​ခဲ့​တဲ့​ စကား​ရှိပါတယ်။ အဲဒါက ဘာလဲဆို​တော့​ အဲဒီ့​ အချိန်တုန်း​က အ​ခြေအ​နေ၊​ အ​ကြောင်း​အရာ၊​ အရပ်ရပ်အရ အန်အယ်လ်ဒီ သည် နိုင်ငံ​ရေး​ပါတီအဖြစ် ပြန်လည် မှတ်ပုံမတင်​သေး​တဲ့​ အချိန် ဖြစ်​နေတယ်​လေ။ အဲဒီ့​တော့​ အန်အယ်လ်ဒီအဖွဲ့​ချုပ် မရှိတဲ့​အချိန်မှာ အသက်ကယ်​လှေ အ​နေနဲ့​ပေါ့​နော်။ အန်ဒီအက်ဖ်ကို ဖွဲ့​စည်း​တည်​ထောင်ခဲ့​တယ်။ အန်အယ်လ်ဒီ ပြန်လည် ​ပေါ်​ပေါက်လာတဲ့​အချိန်ကျရင် ဒီအသက်ကယ်​လှေကို ချက်ချင်း​ ပြန်ကပ်ပါ့​မယ်ဆိုတဲ့​ ကတိစကား​လည်း​ ရှိခဲ့​ပါတယ်။ အဲဒီ​တော့​ ကျ​နော် ဒီ အန်ဒီအက်ဖ် ဗဟိုဦး​စီး​ ​ကော်မတီဝင် ဘဝမှာလည်း​ နိုင်ငံ​ရေး​ပါတီများ​ မှတ်ပုံတင်ခြင်း​ ဥပ​ဒေကို ပြင်ဆင်ပြီး​တော့​ အဖွဲ့​ချုပ်က မှတ်ပုံတင်ပြီး​တဲ့​ အချိန်မှာ ကျ​နော် ချက်ချင်း​ အန်ဒီအက်ဖ်ပါတီကို တင်ပြခဲ့​ပါတယ်။ အဲဒါက​တော့​ အန်ဒီအက်ဖ်သည် မိခင်ပါတီဖြစ်တဲ့​ အန်အယ်လ်ဒီနဲ့​ အမြန်ဆုံး​ ပြန်လည် ပူး​ပေါင်း​ရေး​ပါ။ အဲဒီ​တော့​ ဒီလုပ်ငန်း​စဉ်​တွေ အခုထက်ထိ အ​ကောင်အထည် မ​ဖော်နိုင်ခဲ့​တဲ့​အတွက်​ကြောင့်​မို့​လို့​ ကျ​နော်ဟာ အန်ဒီအက်ဖ်က​နေ နုတ်ထွက်ပြီး​တော့​ မိခင် အန်အယ်လ်ဒီပါတီနဲ့​ ပြည်လည် ပူး​ပေါင်း​ရခြင်း​ ဖြစ်ပါတယ်။”

အခု အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ၈၈ ပြည်သူ့​အ​ရေး​တော်ပုံ ပြီး​ပြီး​ချင်း​မှာ တည်​ထောင်တဲ့​ ပုံစံမျိုး​ မဟုတ်ဘဲနဲ့​ လူငယ်​တွေ၊​ တိုင်း​ရင်း​သား​တွေ၊​ အမျိုး​သမီး​တွေ စသည်ဖြင့်​ အဲဒီလိုမျိုး​ပေါ့​နော် ဦး​ဆောင်မှု အခန်း​ကဏ္ဍ​တွေမှာ ​နေရာ​ပေး​လာတာ ​တွေ့​ရပါတယ်။ ဒီဟာနဲ့​ ပတ်သက်ပြီး​တော့​ အခု ​လော​လောဆယ်မှာ တဦး​တည်း​သော ပြည်သူ့​ကိုယ်စား​လှယ် တ​ယောက်အ​နေနဲ့​ အန်အယ်လ်ဒီရဲ့​ အနာဂတ်ကို ဘယ်လိုမျိုး​ သုံး​သပ်နိုင်ပါသလဲ။

“မှန်ပါတယ်။ အဖွဲ့​ချုပ်ဟာ အခု ​ဒေါ်​အောင်ဆန်း​စုကြည်က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး​တော့​ အဖွဲ့​ချုပ်ကို ပြန်လည် ထူ​ထောင်ခဲ့​တာပါ။ ကျ​နော်တို့​ ​ဒေါ်​အောင်ဆန်း​စုကြည်၊​ ဘဘဦး​တင်ဦး​နဲ့​ ဘဘဦး​ဝင်း​တင်တို့​ အပါအဝင် အား​လုံး​ဟာ ပါတီဝင် အဖြစ်​ပေါ့​နော်။ အသစ်ပြန်လည် ဝင်​ရောက်ပြီး​တော့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို ပြန်လည် ဖွဲ့​စည်း​ခဲ့​တာ ဖြစ်ပါတယ်။ အဲဒီအတွက်​ကြောင့်​မို့​လို့​ ကျ​နော်တို့​ လူငယ်​တွေရဲ့​ အခန်း​ကဏ္ဍ၊​ ​နောက် ပညာရှင်​တွေရဲ့​ အခန်း​ကဏ္ဍ၊​ အမျိုး​သမီး​တွေရဲ့​ အခန်း​ကဏ္ဍဟာ ပိုပြီး​တော့​ မြင့်​မား​လာပါတယ်။ ​နောက်ပြီး​တဲ့​အခါကျ​တော့​ ကျ​နော်တို့​ အဖွဲ့​ချုပ်ရဲ့​ ဖွဲ့​စည်း​ပုံဟာလည်း​ ပိုမိုစနစ်ကျနပြီး​တော့​ ကျ​နော်တို့​ အခု​ပြော​ပြော​နေတဲ့​ ခိုင်မာ​သော အဖွဲ့​အစည်း​ကြီး​ တခုအ​နေနဲ့​ ကျ​နော်တို့​ အနာဂတ် မြန်မာ့​နိုင်ငံ​ရေး​ ခရီး​လမ်း​မှာ ပိုမို ခိုင်မာကျစ်လစ်စွာနဲ့​ ​ပေါ့​နော်။ ထိထိ​ရောက်​ရောက် လွှတ်တော်နိုင်ငံ​ရေး​ကို​ရော၊​ လွှတ်​တော်ပြင်ပ နိုင်ငံ​ရေး​ကို​ရော ​ဆောင်ရွက်သွား​နိုင်မယ့်​ အနေအထား​မျိုး​၊​ အခွင့်​အလမ်း​ကောင်း​တွေ ရှိ​နေပြီလို့​ ​ပြောချင်ပါတယ်။”
http://burmese.dvb.no/archives/21453

ဇေကမ္ဘာကုမ္မဏီ ကို တရားစွဲမယ့် လယ်သမားအကျိုးဆောင် လှုပ်ရှားမှု

တနင်္ဂနွေ, 19 ဖေဖော်ဝါရီ 2012

By ဦးစံမိုးဝေ

ဦးစံမိုးဝေ ။ ။ အမျိုးသားလွှတ်တော်ရဲ့  အမတ်တဦးလည်းဖြစ်၊ ချမ်းသားကြွယ်ဝတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးဖြစ်တဲ့ ဦးခင်ရွှေရဲ့  ဇေကမ္ဘာကုမ္မဏီ က မင်္ဂလာဒုံမြို့ နယ်အတွင်းမှာရှိတဲ့ လယ်ယာမြေ (၈၀၀) ကျော်ကို မတန်တဆဈေးနဲ့ လျော်ကြေးပေး သိမ်းယူခဲ့ပြီးနောက် လယ်သမားတွေကို ခြိမ်းခြောက်မောင်းထုတ်နေတယ်ဆိုတဲ့ သတင်းတွေ ဖြစ်ပေါ်နေပါတယ်။ လယ်ယာမြေ အသိမ်းခံရတဲ့ လယ်သမားအများစုဟာ မွန်တိုင်းရင်းသားတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ အဲဒီကိစ္စကို မကျေနပ်ကြတဲ့အတွက် လယ်သမားတွေက ဦးခင်ရွှေ နဲ့ ဇေကမ္ဘာကုမ္မဏီ ကို တရားစွဲတော့မယ်လို့ သတင်းရပါတယ်။ လျော်ကြေးပေးတုန်းက ယူခဲ့ကြပြီး၊ အခုဘာကြောင့် တရားစွဲကြသလဲလို့ လယ်သမားတွေဘက်ကနေ ကိုယ်စားလှယ်လုပ်ပြီး တရားစွဲဆို ပြင်ဆင်နေတဲ့ မတူကွဲပြားခြင်း နဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ကို ဆက်သွယ်မေးမြန်း ဆွေးနွေးထားပါတယ်။

ဦးနေမျိုးဝေ ။ ။ ဒီလိုဗျာ လျော်ကြေးပဲခေါ်ခေါ်၊ သဒ္ဒါကြေးပဲခေါ်ခေါ်၊ ကရုဏာကြေးပေးခေါ်ခေါ် ကြိုက်သလိုခေါ် သေချာတာက ကျနော် ဒီမှာပြောချင်တာက အဓိကပြောချင်တာက ကျနော်တို့ တောင်သူလယ်သမားတွေ၊ အဲဒီ ရွာသားတွေက ဇေကမ္ဘာကြီးကို ကရုဏာကြေး ပေးပါလို့ သွားတောင်းတာလည်း မဟုတ်ဘူး။ ကျနော်တို့ လယ်မလုပ်ချင်တော့ပါဘူးလို့ သွားပြောတာလည်း မဟုတ်ဘူး။ ရွာထဲမှာ ကိုယ့်ဘာသာ အေးအေးဆေးဆေး နေရင်းထိုင်ရင်းနဲ့ လယ်ယာလုပ်ငန်းကို လုပ်စားနေရင်းနဲ့ အဲဒီတုန်းကတော့ ရဝတ အဖွဲ့ဝင် ဦးဘိုးကြီး က တကြိမ်ခေါ်တယ်။ ဘယ်ကိုခေါ်လဲဆိုတော့ ဓမ္မဝိဟာရ ဓမ္မရုံကို ခေါ်တယ်။ လယ်သမားတွေကို စာရွက်အလွတ်မှာ လက်မှတ်ထိုးခိုင်းတယ်။ အဲဒီတုန်း လယ်သမားတွေက မထိုးကြဘူး။ နောက်တကြိမ်ခေါ်တယ်။ ဘယ်သူမှ မသွားကြတော့ဘူး။ အဲဒီတော့ သူ့ဆီက ကရုဏာကြေးလည်း လိုချင်တယ့် လူတွေ မဟုတ်ဘူး။ လျော်ကြေးလည်း လိုချင်ကြတဲ့လူတွေ မဟုတ်ဘူး။ သူ့ကို မြေရောင်းချင်ကြတဲ့ လူတွေလည်း မဟုတ်ဘူး။ နိုင်ငံတော်က သိမ်းတာလည်း မဟုတ်ဘူး။ မဟုတ်ဘဲနဲ့ သူတို့က ပေးတယ်လို့ပြောတော့ ပေးတယ် ဟုတ်တယ် ယူတယ်။

ဦးစံမိုးဝေ ။ ။ အဲဒီ မြေနေရာတွေက မစိုက်ပျိုးဘဲထားတဲ့ မြေလွတ်မြေရိုင်းတွေ မဟုတ်ဘူးပေါ့။

ဦးနေမျိုးဝေ ။ ။ ဘဏ်စာအုပ်တွေ၊ သီးစားပေးထားတဲ့ ပြေစာ စာရွက်လေးတွေ ရှိတယ်။ အဲဒါတွေ ဘဏ်ချေးငွေစာအုပ်တွေ အကုန်ရှိတော့ ဘယ်လိုလို့ မြေလွတ်မြေရိုင်း ဖြစ်မလဲ။ အဲဒါတွေက လယ်သမားတွေဆီမှာ အဟောင်းတွေ ရှိသေးတယ်။ သီးစားကို ရုတ်ပြစ်လိုက်တာ ၂၀၁၁ ကြမှ ရုတ်ပြစ်လိုက်တာ။ ဒါပေမဲ့ ၂၀၁၀ ဟိုဘက်ကဟာတွေ အကုန်လုံး သူတို့ အဟောင်းအစုတ်တွေ ရှိသေးတယ်။ ဒါက သေချာတာပေါ့။ မြေစာရင်းတို့ဘာတို့လည်း သိတာပေါ့။

ဦးစံမိုးဝေ ။ ။ ဇေကမ္ဘာကုမ္မဏီ က ပေးတဲ့ လျော်ကြေး - တစ်ဧကကို သုံးသိန်းဆိုတာ တန်ရာတန်ကြေး မဖြစ်လို့လားခင်များ။

ဦးနေမျိုးဝေ ။ ။ မဖြစ်ဘူးလေ။ တန်ရာတန်ကြေး ဆိုရင် လယ်သမားတွေက ဘယ်ပြောမလဲ။ အဲဒီနေရာမှာ အဲဒီကာလထဲက - ရန်ကုန် မင်္ဂလာဒုံဆိုတာ ကျနော်နဲ့ နီးနီးလေး။ ကျနော်နေတဲ့ နေရာကနေ မြို့ လယ်ခေါင်ပဲ။ အဲဒီနေရာတွေမှာ လယ်တဧက က သိန်း သုံးဆယ်လောက် အဲဒီကာလလောက်ကတည်းက ရှိတယ်။ အခု ကျနော်တို့နေတဲ့ ဘိုးကလေး၊ နိဒုံ တို့ဆိုရင်တောင် ရှစ်သိန်း လောက်ရှိတယ်။ အဲဒီတော့ ဒီနေရာက ရန်ကုန်တိုင်း၊ ရန်ကုန်မြို့ ပေါ် ကတ္တရာလမ်းတွေနဲ့ သွားလို့ရတဲ့ နေရာတွေမှာ သိန်း သုံးဆယ်လောက် ရှိတာ။ တန်ရာတန်ကြေးဆိုရင် လယ်သမားက ဘာမှကို မပြောတော့ဘူး။ ကျနော်တို့ကိုယ်တိုင်လည်း တန်ရာတန်ကြေးနဲ့ အဲဒီလို တရားမဝင် ရောင်းကြတာတွေကို သိကြတယ်။ တချို့  နေရာတွေမှာ ရှိတယ်။ ဒါပေမဲ့ အဲဒါမျိုးတွေ လာပြောလို့ကတော့ လုံးဝ လုပ်လည်းမလုပ်ပေးဘူး။ ကူလည်းမကူညီဘူး။ သူ့ဘာသာ သူဌေး ဝယ်သွားပါစေ၊ သူတို့ ကျေနပ်လို့ လုပ်သွားခဲ့ပြီး နောက်မှ မကျေနပ်ဘူး၊ ဘာညာဆိုက ကျနော်တို့က ဘာမှ ကူညီမဆောင်ရွက်ပေးဘူး။

ဦးစံမိုးဝေ ။ ။ နေရာတွေကို သိမ်းတဲ့အချိန်တုန်းက စက်မှုဇုံ တည်ဆောက်ဖို့ဆိုပြီး သိမ်းတာလို့ လယ်သမားတွေက သိထားပြီး အခု တိုင်းဒေသကြီး အစိုးရက ထုတ်ပြန်တဲ့ စာနဲ့ ရှေ့ နေတွေ ရထားတဲ့ စာတွေအရ၊ ဇေကမ္ဘာကို စပါးစိုက်ပျိုးဖို့ ခွင့်ပြုထားတာ ဖြစ်တယ်။ မစိုက်ပျိုးရင် လယ်သမားတွေကို ပြန်ပြီးတော့ ပေးရမယ်လို့ ရေးထားတဲ့အကြောင်း ဦးနေမျိုးဝေ က ပြောပါတယ်။

ဦးနေမျိုးဝေ ။ ။ ရန်ကုန်တိုင်း ဒေသကြီးက ထုတ်တဲ့စာမှာ လက်ရှိ စက်မှုအပိုင်း လေး အကောင်အထည်ဖော်ရန် မြေနေရာအား လယ်မြေအနေနဲ့ သီးခြားချထားပေးထားခြင်းသာဖြစ်၍ စပါးကိုသာ စိုက်ပျိုးခွင့်ရှိကြောင်း။ လယ်စိုက်ပျိုးခွင့်မပြုပါက သီးခြားချထားပေးခြင်းကို ပြန်လည်ရုတ်သိမ်းမည် ဖြစ်ကြောင်း။ အဲဒါ တိုင်းဒေသကြီးက ထုတ်တဲ့စာ။ လယ်သမားတွေပြောတာဆို။ မွန်တွေဆို ဘာမှ မပြောတတ်ဘူး။ သူတို့ဟာသူတို့ဆို ဘာမှ လုပ်လို့မရဘူး။ နောက်တခါ သူ့ရှေ့ နေတွေ ထုတ်တဲ့စာ - ဦးကျော်ထွဋ်မြင့် နဲ့ ဦးအောင်မြင့်အေး ရေးတဲ့စာမှာ ထူးခြားတာ ပြပါမယ်။ ဘယ်လိုပါသလဲဆိုရင် - ဇေကမ္ဘာကုမ္မဏီ လီမီတက်မှ စိုက်ပျိုးလုပ်ကိုင်ခြင်း မရှိပါက လယ်သမားများအား ခွင့်ပြုသင့်ပါကြောင်း ပြန်ကြားခဲ့သည်။ သူ့စာထဲမှာပဲ တိုင်းဒေသကြီးက ဇေကမ္ဘာကို command ပေးထားတာ။ ဇေကမ္ဘာကုမ္မဏီ လီမီတက်မှ စိုက်ပျိုးခြင်းမရှိရင် လယ်သမားတွေကို လယ်စိုက်ခွင့် ပြန်ခွင့်ပြုပါ ဆိုတဲ့ စာတွေလည်းရှိတယ်။ ပြီးတော့ သူတို့ကိုလည်း အဆင့်ဆင့် လိမ်လည်ရယူထားတာ နံပတ် တစ် ကိစ္စ။ နံပတ် နှစ် ကိစ္စက သူ့ကို စက်မှုဇုံ လုပ်ခိုင်းထားတာ မဟုတ်ဘူး။ နံပတ် သုံး ကိစ္စက ဇေကမ္ဘာကြီးက တခါမှ အဲဒီမှာ စပါးမစိုက်ဘူး။ မစိုက်ရင် လယ်သမားတွေကို စပါးစိုက်ပျိုးခွင့် ပေးပါဆိုပြီး ညွှန်ကြားခဲ့ပြီသာ။

ဦးစံမိုးဝေ ။ ။ တကယ်တော့ စက်မှုဇုံအတွက် မဟုတ်ဘဲ၊ မြေကွက်ဖော်ပြီးတော့ ရောင်းစားဖို့ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဦးနေမျိုးဝေ ။ ။ စက်မှုဇုံဆိုရင် စက်ရုံအလုပ်ရုံ ပေါ်ရမှာပေါ့။ အခုဟာက အဲဒီမှာ အကွက်ကောက်ရိုက်ပြီး အဲဒီမှာ ဒေါ်နန်လင်းလင်းထွန်း၊ ဒေါ်ကြာမော်၊ ဦးအိုက်မောင်၊ ဦးကျော်စိန်လင်း စသဖြင့် ဦးထွန်းနိုင် အဲဒီလို နံမည် ဆိုင်ဘုတ်တွေ အများကြီးတပ်ထားတယ်။ တပ်ထားတယ်ဆိုတာ လိမ်တာဗျ။ လိမ်တာဆိုတာက မြေယာဥပဒေအဟောင်းကြောင့် ဖြစ်ရတာ။ မြေယာဥပဒေအဟောင်းက ဘာလဲဆိုတော့ လယ်မြေကို လန (၃၉) ဆိုတဲ့ အမိန့်အရ အခြားနည်း သုံးခွင့်ရှိတယ်။ လန (၃၉) ဆိုတဲ့ အမိန့်မရရင် အခြားနည်းတွေ သုံးခွင့်မရဘူး။ အဲဒီတော့ သူတို့က လန (၃၉) မကျဘဲနဲ့ အဲဒီလို မြေကွက်ဖော်ပြီး ရောင်းစားချင်ကြတဲ့အခါကြတော့ လယ်မြေပျက်အောင် သူတို့က အရင်ဖျက်ပြရတယ်။ လယ်မြေပျက်သွားပြီဆိုရင် လန (၃၉) ကို ထုတ်ပေးတဲ့အလေ့အထ ရှိတယ်။ အဲဒီလို ပုံစံမျိုးဖြစ်တယ်။

ဦးစံမိုးဝေ ။ ။ လန (၃၉) ဆိုတာ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေကို ပြောတာ ဖြစ်ပါတယ်။ လယ်ယာမြေကို ဘာကြောင့် ဖျက်ရပါသလဲ။ စိုက်ပျိုးလို့ မဖြစ်တဲ့ မြေဖြစ်တဲ့အကြောင်း ထောက်ခံချက်ရအောင် ဖျက်ရတာလို့ ဆိုပါတယ်။ ဘယ်လို လုပ်ကြသလဲဆိုတာကိုလည်း ဦးနေမျိုးဝေ က အခုလို ရှင်းပြပါတယ်။

ဦးနေမျိုးဝေ ။ ။ အရမ်းချမ်းသာတဲ့ လူတွေက ရင်းတာပေါ့။ ဘယ်လို ရင်းသလဲဆိုရင် အဲဒီနေရာကို လန (၃၉) လျှောက်ဖို့အတွက်ကို ဘာလုပ်လိုက်သလဲဆိုရင် လယ်သမားတွေကို စပါးစိုက်ခိုင်းထားတယ်။ စပါးစိုက်ခွင့်လည်း ပေးထားတယ်။ ပေးထားပြီးတော့ စိုက်တဲ့စပါးကို လျော်သေးတယ်။ လယ်သမားတွေကို သုံးသိန်း သုံးတင်း ပေးတဲ့အပြင် နောက်ထပ် သုံးသိန်း ထပ်ရသေးတယ်။ ဘယ်လိုရသလဲဆိုရင် - ငါ သုံးသိန်းပေးမယ် စပါးစိုက်ထားဆိုပြီး တနှစ်စိုက်ခိုင်းထားတယ်။ စိုက်လည်းစိုက်ကော စပါးလေးတွေက ဖြစ်နေပြီ။ ဖြစ်နေတဲ့အချိန်မှာ ရေမြောင်းတွေကို ပိတ်ပြစ်လိုက်တယ်။ အဲဒီအခါ လယ်သမားတွေက သူဌေး ဘယ်လိုလုပ်တာလဲ။ ကျုပ်တို့ စပါးတွေ ဘာညာပြောရင်။ သူဌေး က မပူနဲ့ ငါက မေတ္တာရှိတဲ့ကောင်။ သိပ်ရက်စက်ကောင်။ အဲဒီစပါး တစ်ဧက စိုက်။ ဘယ်လောက်ထွက်မလဲမေးတာ။ လယ်သမားက နှစ်သိန်းခွဲ၊ သုံးသိန်းရမယ် ပြောရင်။ ငါက လေးသိန်း ပေးမယ်။ စိုက်တဲ့လူစိုက်၊ မစိုက်တဲ့လူစိုက် နဲ့ အကုန်လုံးကို ပျမ်မျှခြင်း သုံးသိန်းနဲ့လျော်တယ်။ တမင် စိုက်ခိုင်းတယ်။ တမင် ပိုက်ဆံပေးတယ်။ တမင် ရေမြောင်းပိတ်တယ်။ အဓိပ္ပါယ်က ဘာလုပ်တာလည်းဆိုရင် စပါးတွေက ရေလည်းပိတ်လိုက်ကော ညှိုးခြောက်သွားတယ်။ အဲဒီအချိန်မှာ စိုက်ပျိုးရေးက လူတွေကို ခေါ်ပြီးတော့ ဒီနေရာတွေရဲ့  မှတ်တမ်းကို တင်စမ်းပါ။ မင်းသဘောထား မှတ်ချက်ပေးဖို့ ဓါတ်ပုံရိုက်ပါ။ ဝန်ထမ်းက အဲဒီမှာ အခိုင်ဖြစ်သွားတယ်။ ဝန်ထမ်းကလည်း သူနဲ့ ပေါင်းထားတာလည်း ဖြစ်ရင်ဖြစ်မယ်။ သူက သင်ပေးတာလည်း ဖြစ်ရင်ဖြစ်မယ်။ စပါးတွေ ညှိုးနွမ်နေတဲ့ပုံ ဓါတ်ပုံရိုက်ပြီး တင်လိုက်တဲ့အခါကြတော့ လန (၃၉) ရဲ့  အထောက်အထားကို ဝန်ထမ်းကလည်း ဥပဒေဘောင်လွတ်လွတ်လေး သဲဆန်သောမြေ၊ ရေမရတဲ့မြေ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ရေးတင်တယ်။ လန (၃၉) ကျမှလာလျှင် သူက အိုးအိမ်လုပ်လို့ရတယ်။ စက်မှုဇုံ လုပ်လို့ရတယ်။ အိမ်ဆောက်ပြီး ရောင်းလို့ရတယ်။ ပေးလို့ရသွားတယ်။ အဲဒီ ပုံစံမျိုးတွေ လုပ်တာ။

ဦးစံမိုးဝေ ။ ။ ဦးနေမျိုးဝေ အနေနဲ့ ဒီကိစ္စမျိုးတွေမှာ ဘာကြောင့် ဝင်ပါလာရသလဲဆိုတာကိုတော့ အခုလို ပြောပြပါတယ်။

ဦးနေမျိုးဝေ ။ ။ ကျနော်တို့ကတော့ လယ်သမားတွေ ပြေလည်ရင် ပြီးတာပဲ။ လယ်သမားတွေ ဘယ်လိုနည်းနဲ့ပဲ ပြေလည်လည် ကျနော်တို့က စွဲစရာလည်း မလိုဘူး။ လယ်သမားနဲ့ ဦးခင်ရွှေ တို့ ချစ်ကြခင်ကြရင် ကျနော်တို့က ပြဿနာ မရှိဘူး။ အခုဟာက အလိုမတူဘဲနဲ့ မဒိမ်းကျင့်တဲ့ သဘောမျိုးပဲ။ ဒါမျိုးဖြစ်သွားတာပေါ့။ အလိုမတူဘဲ လယ်မြေတွေကို ပိုက်ဆံမဟာတရားပေးပြီး ယူတယ်။ ပိုက်ဆံကို မယူလည်းသိမ်းမယ်။ မပေးလည်းသိမ်းမယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်သွားတယ်။ ကျိုက်မရောတို့ ဘက်မှာလည်း အဲဒီလိုမျိုးပဲ။ မွန်ကြီးတွေ ပြောတဲ့အသံ ကျနော်မှာရှိတယ်။ ကျိုက်မရောဘက်ကလည်း မွန်တွေပဲ။ သူတို့ကပြောတယ် - ပိုက်ဆံမပေး … မယူလည်း သိမ်းမယ်၊ မရောင်းလည်း သိမ်းမယ်။ မရောင်းလည်း ဝယ်မယ်။ အဲဒီလိုမျိုးတွေ ပြောတာ။ မွန်တွေက သက်သေခံတာပဲ။ ကျနော်မှာ အသံဖိုင်တွေ ရှိတယ်။

ဦးစံမိုးဝေ ။ ။ ဦးခင်ရွှေ ဟာ ငွေကြေးချမ်းသာရုံတင်မကပါဘူး လွှတ်တော်အမတ်တယောက် ဖြစ်တဲ့အပြင် အစိုးရရဲ့  ထိပ်ပိုင်းပုဂ္ဂိုလ်ကြီးတဦးရဲ့  ဆွေမျိုးအသိုင်းအဝိုင်းထဲမှာ ပါနေသူ ဖြစ်နေတော့ ဦးနေမျိုးဝေ တို့အနေနဲ့ တရားယှဉ်ပြိုင်ရာမှာ အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ပါသလား။

ဦးနေမျိုးဝေ ။ ။ ကျနော် မျှော်လင့်ပါတယ်။ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ အောင်မြင်မယ်လို့ ယုံကြည်တယ်ဆိုတာ ကျနော်တို့က ဒီလို သူကို ကျနော်တို့က အပြစ်ပေးစေချင်တာ မဟုတ်ဘူး။ ကျနော်တို့က တရားစွဲရတယ်ဆိုတာက အမှန်ပေါ်ပေါက်စေချင်တာ။ သူကို အပြစ်ပေးတာ မပေးတာတွေ ကျနော်တို့ စိတ်မဝင်စားဘူး။ နစ်နာတဲ့လူတွေ ပြေပျောက်စေချင်တာ။ ကျနော်တို့ သူကို မုန်းတာတွေ၊ ချစ်တာတွေလည်း မရှိဘူး။ ရှိတာက လယ်သမားတွေ နစ်နာတယ်။ အလိုမတူဘဲနဲ့ ဒီဟာက မတရားအပြုခံရတယ်ဆိုရင် ဒါက နစ်နာတယ်။ နစ်နာတဲ့အတွက် နစ်နာသူကို ကုစားနိုင်ရင် ကျနော်တို့ ကျေနပ်ပြီ။ အဲဒီအတွက်ပဲ ကျနော်တို့က သူ့ကို တရားစွဲတာ။ အစကတော့ သိပ်စိတ်မပါပေမယ့် ဒီအောင်ပွဲက နိုင်ငံရေးအောင်ပွဲတခု ဖြစ်တယ်။ အဲဒီအတွက်ကို ကျနော်က လုပ်တော့တာ။ ဘယ်လို နိုင်ငံရေး အောင်ပွဲလဲဆိုရင် ဒီမိုကရေစီ ကူးပြောင်းလာတဲ့ကာလမှာ ဒီဘက်ကို ကူးပြောင်းသွားပြီဆိုတာကို အစိုးရဘက်ကလည်း အမြဲတမ်း ကြွေးကြော်နေတဲ့အချိန်မှာ ကျနော်တို့က မှန်ကန်မှုတွေကို ဖော်ဆောင်နိုင်ပြီဆိုရင် ပြည်သူလူထုကလည်း ပိုမို ယုံကြည်လာမယ်။ ယုံကြည်လာမယ်ဆိုရင် မှန်တယ့်ဘက်ကနေ တိုက်ပွဲဝင်နိုင်တယ်ဆိုတာကို ယုံကြည်လာမယ်။ အဲဒါကြောင့် ကျနော်တို့က အနိုင်တိုက်မှာပါ။

ဦးစံမိုးဝေ ။ ။ ဒါဆိုရင် တရားစီရင်ရေးကို ယုံကြည်မှု ရှိတယ်ပေါ့။

ဦးနေမျိုးဝေ ။ ။ ကျနော် ယုံကြည်မှု မရှိဘူး။ သံသယရှိတယ်။ ကျနော်ကို အပြစ်တင်ရင်လည်း ခံရမယ်။ ဒါပေမဲ့ သံသယ ရှိတဲ့အတွက် ကျနော်အနေနဲ့ မီဒီယာ အား။ ဒီ မီဒီယာ အားတွေနဲ့ ချုပ်လုပ်ပြီး လုပ်သွားပါမယ်။ အစိုးရကိုလည်း အမြဲတမ်း စာပို့တာတွေ ဘာတွေ ဖြစ်စဉ်အမှန်တွေကို တင်ပြသွားမယ်။ နောက် ဗွီဒီယို မှတ်တမ်းတင်ပြီး နိုင်ငံတော်သမ္မတဆီ ပို့တာတို့ ဘာတို့လည်း လုပ်တာပေါ့။ အဲဒီိလို နည်းမျိုးစုံ လုပ်ပြီးမှ တရားစွဲမှာ။ တရားရေးမဏ္ဍိုင်ကို အရမ်းအကန် ယုံဖို့ ကျနော်မှာ အင်အားမရှိပါဘူး။ ယုံကြည်လောက်တဲ့ အင်အား ကျနော်မှာ မရှိပါဘူး။

ဦးစံမိုးဝေ ။ ။ လယ်ယာမြေ အသိမ်းခံရတဲ့ လယ်သမားတွေ ကိုယ်စားလှယ်အဖြစ်နဲ့ ဇေကမ္ဘာကုမ္မဏီကို တရားစွဲဖို့ ပြင်ဆင်နေတဲ့ မတူကွဲပြားခြင်း နဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/democracy-forum/burma_forum_02-19-2012-139670823.html

ပါတီစည်းရုံးရေးခရီးစဉ် တားမြစ်ချက်တွေ ရုပ်သိမ်းကြောင်း ရွေးကောက်ပွဲ ကော်မရှင် ကြေညာ


2012-02-20
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီစည်းရုံးရေး ခရီးစဉ်တွေနဲ့ပတ်သက်ပြီး ပိတ်ပင် တားမြစ်ချက်တွေကို ရုပ်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်တယ်လို့ အခုညနေပိုင်း နောက်ဆုံးရရှိတဲ့ သတင်းအရ သိရပါတယ်။


NLD website
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ အဖွဲ့ချုပ် နာယက ဦးတင်ဦးက သတင်းထောက်များအား ရှင်းလင်းနေစဉ်။

အဲဒီ ကြေညာချက်အကြောင်း ပါတီရဲ့ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ မန်နေဂျာရှေ့နေ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။ “မြန်မာစံတော်ချိန် သုံးနာရီခွဲလောက်မှာ ပြည်နယ်ကော်မရှင်က ကျွန်တော်တို့ အီးစီတွေကို ခေါ်တွေ့တယ်။ ခေါ်တွေ့ပြီးတော့ အဲဒီ ကန့်သတ်ချက်တွေအားလုံး ဖျက်လိုက်ပါပြီ၊ ခွင့်တောင်းထားတဲ့ဟာတွေ အကုန်လုံး ခွင့်ပြုတယ်။ အဲဒီလို ပြောပါတယ်။ ဒီနေ့တော့ မပြောဘူး။ ကျွန်တော်တို့ အရင် နမ္မတီးမှာ လုံခြုံရေးအရ ခွင့်မပြုဘူးဆိုတာ ဖျက်လိုက်တယ်။ နောက်ပြီးတော့ မြစ်ကြီးနား ဟာကိုလည်း ခွင့်ပြုတယ်။ ဗန်းမော်ကိုလည်း ခွင့်ပြုတယ်” လာမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး လုပ်ငန်းစဉ်တွေကို အာဏာပိုင် တွေက ကန့်သတ် ပိတ်ပင်တားမြစ် နေတာတွေဟာ သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲ တစ်ခုဖြစ်ရေးကို အဟန့်အတား ဖြစ်တယ်လို့ NLD ပါတီက ဒီကနေ့ မွန်းလွဲပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဉာဏ်ဝင်းက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အာဏာပိုင် အဖွဲ့အစည်းတွေအနေနဲ့ အခုလိုသာ ဆက်လက်ပြီး ဟန့်တားနေမယ်ဆိုရင် လာမယ့်ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိနိုင်ပါ့မလားဆိုတာ စိုးရိမ်ကြောင်းလည်း ဦးဥာဏ်ဝင်းက ပြောခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး လုပ်ငန်းစဉ်တွေကို အကြောင်းအမျိုးမျိုးပြ တားမြစ် ပိတ်ပင်နေတာတွေကို အချက်အလက်တွေ စုစည်းပြီး ပြည်ထောင်စု ကော်မရှင်ကို တင်ပြထားကြောင်းနဲ့ ပြည်ထောင်စု ကော်မရှင်အနေနဲ့လည်း တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကြိုးစားဆောင်ရွက်ဖို့ ယုံကြည် မျှော်လင့်တယ်လို့ ဦးဥာဏ်ဝင်းကပြောသွားခဲ့ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီ ပါတီက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး နာရီပိုင်းအတွင်း ကော်မရှင်က အခုလို အလျင်အမြန် တုံ့ပြန် ဆောင်ရွက်တာမျိုးကို မြန်မာပြည်မှာ တွေ့ရခဲတယ်လို့လည်း ရန်ကုန်ကလာတဲ့ သတင်းမှာ ဖော်ပြထားပါတယ်။
 http://www.rfa.org/burmese/news/commission-declare-nld-02202012105546.html


တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ခက်ခဲလာကြောင်း NLD ပြောပြီ

By featured, ဧရာဝတီ on February 20, 2012 3:54 pm


ကြားဖြတ် ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ လွတ်လပ်စွာ မဲဆွယ်စည်းရုံးမှုများကို အာဏာပိုင်များက ကန့်သတ်မှု များပြားလာရာ လွတ်လပ် တရားမျှတသောရွေးကောက်ပွဲ တခုဖြစ်ရန် ခက်ခဲလာကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ မန်နေဂျာ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောဆိုလိုက်သည်။

NLD အထူးသတင်းစာ ရှင်းလင်းပွဲတွင် ရှေ့နေဦးဉာဏ်ဝင်း ရှင်းလင်းပြောဆိုနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ရန်ကုန် ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ယနေ့ ကျင်းပပြုလုပ်သော အထူးသတင်းစာ ရှင်းလင်းပွဲ၌ ဦးဉာဏ်ဝင်းက အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရာ၌ အားကစားကွင်းများအတွင်း လုံးဝ မဲဆွယ်စည်းရုံး ဟောပြောမှုများမပြုလုပ်ရန် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက်တစောင် ထုတ်ပြန်ခဲ့ကြောင်း၊ လှည်းကူးမြို့နယ်ရှိ ဘောလုံးကွင်းတွင် မဲဆွယ်စည်းရုံးမှုများပြုလုပ်ရန် သက်ဆိုင်ရာက ခွင့်ပြုပြီးဖြစ်သော်လည်း ၁၄ ရက်နေ့တွင် အားကစားဝန်ကြီး ဦးတင့်ဆန်းက အားကစားကွင်းတွင် မဲဆွယ်စည်းရုံးခွင့်မပြုဟူသည့် အမိန့်တရပ် ထုတ်ပြန်လိုက်ကြောင်း၊ ထိုအချိန် နေပြည်တော် ရောက်ရှိနေသော ဦးဉာဏ်ဝင်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ယင်းကိစ္စ ချက်ချင်း တိုင်ကြားနိုင်ခဲ့သဖြင့် နဂိုခွင့်ပြုထားသည့်အတိုင်း သုံးစွဲခွင့်ပေးခဲ့ကြောင်း၊ ထို့ကြောင့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ လှည်းကူးခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း၊ သို့ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်ပင် အားကစားကွင်းများအတွင်း မဲဆွယ်ဟောပြောခွင့် မပေးဟူသော ညွှန်ကြားချက် ထုတ်ပြန်လိုက်သောကြောင့် အံ့အားသင့်ခဲ့ ရကြောင်း ၎င်းက ပြောသည်။

“ဖျာပုံမှာ အားကစားကွင်း အသုံးမပြုနိုင်အောင် ၀န်ကြီးဦးတင့်ဆန်းက ဟန့်တားတာက တရားမျှတတဲ့ ရွေးကောက်ပွဲ တခုဖြစ်ဖို့ ထိခိုက်တယ်။ NLD ပါတီစည်းရုံးရေး ထိခိုက်တယ်လို့ ယူဆတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ကချင်ပြည်နယ် ခရီးစဉ်ကို ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၄ ရက်နေ့တွင် စီစဉ်ထားပြီး မိုးကောင်းမြို့နယ်ရှိ နန့်တီးကျေးရွာတွင် ဟောပြောပွဲ ကျင်းပခွင့် တောင်းခံရာ လုံခြုံရေး အကြောင်းပြပြီး ကျင်းပခွင့် ပိတ်ပင်ခံနေရကြောင်းလည်း ၎င်းက ဆက်ပြော သည်။

“လုံခြုံရေးစိုးရိမ်ရရင် ဘာလို့ ရွေးကောက်ပွဲကျင်းပ သလဲ။ လုံခြုံရေးရှိလို့ ရွေးကောက်ပွဲကျင်းပတာ။ ဟောပြောခွင့်ကိုတော့ လုံခြုံရေး စိုးရိမ်မှုရှိလို့ ဆိုပြီး ပိတ်ပင်တယ်။ ဒါက ကျိုးကြောင်းမဆီလျော်ဘူး၊ ရှေ့နောက်မညီဘူး” ဟု သူက ဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က နွားထိုးကြီးရှိ ဘာသာရေးဇရပ်တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို “အဘွားကြီး” ဟု ခေါ်ဝေါ်ခဲ့သည့်အပြင် NLD ပါတီကို ထောင်ထွက်များနှင့် ဖွဲ့စည်းထားသည့် ပါတီဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့က ထောင်ထွက်ဆိုပေမယ့် ခိုး၊ ဆိုး၊ နှိုက်လို့၊ ပြစ်မှုကျူးလွန်ထားလို့ ထောင်ကျတာမဟုတ်ဘူး။ ယုံကြည်ချက် ကြောင့် ထောင်ကျတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို အဘွားကြီးလို့ ခေါ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မပြောဘူး။ ဒါကို သူလက်ခံတယ်” ဟု ဦးဉာဏ်ဝင်းက ရှင်းပြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲတရားမျှတမှုရှိစေရန် ကြိုတင်မဲများ မှန်မှန်ကန်ကန်ဖြစ် စေရမည်ဟု ပြောဆိုထားသည့်အပေါ် လေးစားမိကြောင်း၊ ရွေးကောက်ပွဲကော်မရှင်၏ တားမြစ်ချက်ကို လိုက်နာသွားမည် ဖြစ်သော်လည်း ကော်မရှင်၏ ခွင့်ပြုချက်များအပေါ် ၀န်ကြီးဌာနတခုက ကန့်ကွက်မှုများမှာ မဖြစ်သင့်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် လွတ်လပ်သော ကော်မရှင်တခုဖြစ်ရန် အရေးကြီးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် NLD ကိုယ်စားလှယ်လောင်း ဦးစောလှိုင်ကို ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုချက် မပေးဘဲ မဲဆွယ်စည်းရုံးမှု မလုပ်ရန် အာဏာပိုင်များက ဟန့်တားနေကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပါတီများ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနိုင်ပြီဟု ပြောဆိုထားပြီးဖြစ်သော်လည်း အောက်ခြေ အဖွဲ့အစည်းများက ကော်မရှင်၏ ခွင့်ပြုချက်အပေါ် မလိုက်နာကြဟု ၎င်းက ဆိုသည်။

“ကန့်သတ်မှုတွေ များလာတယ်။ ၀န်ကြီးဦးတင့်ဆန်းရဲ့သားကိုယ်တိုင်က ရွေးကောက်ပွဲဝင်တယ်။ နိုင်ရင် ဆုပေးမယ် ဆိုပြီးပြောတယ်။ ဒါက ဥပဒေနဲ့ငြိတယ်။ မဲဝယ်တာ။ ဆုပေးမယ်ဆိုတာ မဲဝယ်တာပဲ။ ကျနော်တို့ အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ တရားနည်းလမ်း မကျတာတွေကို ရွေးကောက်ပွဲကော်မရှင်ကို အကုန်တိုင်ကြားတယ်။ ဒါပေမဲ့ ခုအချိန်အထိ ရှင်းရှင်းလင်းလင်း အဖြေမရဘူး” ဟု သူက ပြောသည်။

ဆက်လက်၍ ဦးဉာဏ်ဝင်းက လက်ရှိ အခြေအနေအတိုင်း ဆက်သွားမည် ဆိုလျင် လာမည့် ကြားဖြတ်ရွေးကောက်ပွဲသည် တရားမျှတသည်ဟု မပြောနိုင်ကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။

“ကျနော်တို့ တရားရေးလောကမှာ ဆိုရိုးစကားရှိတယ်။ အမှန်ကိုလုပ်နေတယ်၊ တရားမျှတအောင် လုပ်နေတယ်လို့ ပြောရုံနဲ့ မပြီးသေးဘူး။ တရားမျှတမှုနဲ့ အမှန်ကို မြင်အောင်ပြနိုင်မှ ဖြစ်မယ်။ လက်ရှိမှာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ အန္တရာယ်တွေ ရှိပါတယ်” ဟု ၎င်းက သတင်းထောက်များအား ရှင်းပြသည်။

ယခု ရှင်းလင်းပြောဆိုချက်များသည် တရားမျှတမှုရှိရန် ဖြစ်ပြီး အစိုးရအဖွဲ့နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုက်ခိုက်ခြင်း မဟုတ်ဘဲ လက်ရှိဖြစ်ပျက်နေသော အခြေအနေများကို ရှင်းလင်း တင်ပြခြင်းဖြစ်ကြောင်း၊ ၀န်ကြီးဦးတင့်ဆန်း၏ အမည်ကို တပ်၍ ပြောဆိုရခြင်းမှာလည်း အစိုးရအဖွဲ့ကို ဆိုလိုခြင်းမဟုတ်သည်ကို နားလည်စေလိုကြောင်း၊ မိမိအနေနှင့် အစိုးရအဖွဲ့ဟု ပြောဆို သုံးနှုန်းခြင်းမရှိသည်ကို သတိထားစေလိုကြောင်း ဦးဉာဏ်ဝင်းက သတင်းထောက်များ ကိုရှင်းပြသည်။

နိုင်ငံ့ဘဏ္ဍာနှင့် နိုင်ငံပိုင် ပစ္စည်းများသုံးစွဲသော နိုင်ငံရေးပါတီများကိုလည်း သက်ဆိုင်ရာက ပြဋ္ဌာန်းထားသော နိုင်ငံရေး ပါတီများ ဥပဒေ၊ နည်းဥပဒေများအရ အရေးယူရန် တိုင်ကြားသွားမည်ဖြစ်ကြောင်း၊ လတ်တလောတွင် ပါတီတခုက လမ်းခင်း ပေးမည်၊ မီးသွယ်ပေးမည်ဟုဆိုကာ မဲဆွယ်စည်းရုံးမှုများ ရှိနေကြောင်း ၎င်းက ဆိုသည်။

ယခု အခြေအနေအတိုင်း ဆက်လက်ဖြစ်ပျက်နေပါက NLD အနေဖြင့် မည်သို့ ဆုံးဖြတ်မည်ကို လက်ရှိတွင် မပြောနိုင် သေးကြောင်း၊ နိုင်ငံရေးပါတီတရပ် အနေဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း
သူက ပြောသည်။

ယနေ့ NLD ပါတီ၏ သတင်းစာရှင်းလင်းပွဲကို အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးအား NLD ၏ လွှတ်တော်ကိုယ်စားလှယ် အဖြစ် လက်ခံလိုက်ပြီ ဖြစ်ကြောင်းလည်း ဦးဉာဏ်ဝင်းက ဆိုသည်။

ဒေါက်တာမြတ်ဉာဏစိုးကမူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီ၏ လုပ်ဆောင်မှုများကို ကြိုဆို ထောက်ခံသဖြင့် ပါတီကူးပြောင်းရခြင်းဖြစ်ကြောင်း၊ ၎င်းအပေါ် “သာကူး၊ မှန်ပြောင်း” အစရှိသည်ဖြင့် ပြောဆို သုံးနှုန်းမှုများအား တုံ့ပြန်လိမ့်မည်မဟုတ်ကြောင်း သတင်းမီဒီယာများကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းအတွင်း မြို့နယ်များသို့ နေ့ချင်းပြန် စည်းရုံးရေး ခရီးစဉ်များ သွားရောက်မည်ဖြစ်ပြီး ကချင်ပြည်နယ်သို့ ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်၊ မတ်လ ၄ ရက်နှင့် ၅ ရက်နေ့၊ ၎င်းနောက် မန္တလေးခရီးစဉ် သွားရောက်ရန် အကြမ်းဖျဉ်း အစီအစဉ်ဆွဲထားကြောင်း ဦးဉာဏ်ဝင်းက ရှင်းပြသည်။
http://burma.irrawaddy.org/archives/6309



အားကစားဝန်ကြီး တားမြစ်မှု NLD ရှင်း
မျိုးသန့် | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၀ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၃၇ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကြားဖြတ်ရွေးကောက်ပွဲ
အောင်နိုင်ရေး မဲဆွယ်စည်းရုံးရာတွင် အားကစားဝန်ကြီးက ဘောလုံးကွင်းများကို အသုံးပြုခွင့် မပေးခြင်းကြောင့် မဲဆွယ်မှုအတွင်း အနှောက်အယှက်များ ကြုံနေရကြောင်း NLD က တနင်္လာနေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍
ပြောကြားသွားသည်။

“မဲဆွယ်စည်းရုံးရေး လုပ်တဲ့နေရာမှာ အစိုးရအဖွဲ့ထဲက ဝန်ကြီးတယောက်က အစီအစဉ်တွေကို ဝင်ရောက်ပြီးတော့ ဟန့်တားသလို ဖြစ်နေတယ်။ အားကစားဝန်ကြီး ဦးတင့်ဆန်းကနေပြီးတော့ ဘောလုံးကွင်းတွေကို မသုံးရဘူး ဆိုပြီးတော့ လိုက်ပြီးတော့ တားမြစ်နေတယ်” ဟု ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ ဦးဉာဏ်ဝင်း က အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသွားကြောင်း NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲ အောင်နိုင်ရေးကို ဟောပြောမှုကို ဧရာဝတီတိုင်း ဖျာပုံမြို့အားကစားကွင်း အတွင်း ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က ပြုလုပ်လိုသော်လည်း အားကစားဝန်ကြီးဌာနမှ အသုံးပြုခွင့်မပေး၍ ဖျာပုံမြို့ပြင် သဲကွင်းတွင် ပြုလုပ်ရခြင်းကိုလည်း ဦးအုန်းကြိုင်က ထောက်ပြ ပြောဆိုသွားသည်။
UtinOO

ဖေဖေါ်ဝါရီလ ၂၀ ရက် ပါတီရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ NLD ရွေးကောက်ပွဲ ကော်မတီ တာဝန်ခံ ဦးတင်ဦး သတင်းထောက်များအား ရှင်းလင်းပြောကြားနေစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

ထိုသို့ ဟောပြောခွင့် မရခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုအတွက် ဝမ်းနည်းရကြောင်း “ပြည်သူ့ အခွင့်အရေးကို ထိခိုက်ရင် ကျမတို့ တတ်နိုင်သလောက် ဖြေရှင်းပေးမှာ ဖြစ်ပါတယ်” ထိုနေ့ သဲကွင်း
ဟောပြောမှု အတွင်း ထည့်သွင်း ပြောသွားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် စည်းရုံးရေး ခရီးစဉ်တွင်လည်း ဘောလုံးအားကစားကွင်းအတွင်း လူထုသို့ဟောပြောရန် စီစဉ်မှုကိုလည်း အားကစားဝန်ကြီး ဦးတင့်ဆန်းမှပင် ဘောလုံးကွင်းကို အသုံးပြုခွင့် မပေးကြောင်း လှည်းကူး NLD ရွေးကောက်ပွဲ အောင်နိုင်ရေးသို့ အကြောင်းကြားစာ ပို့ခဲ့သည်။

ယင်းကိစ္စကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ဝင်ရောက် ဖြေရှင်းပေးခဲ့သဖြင့် လှည်းကူး အားကစားကွင်း အတွင်း ဒေါ်အောင်ဆန်းစုကြည်ပြန်လည် ဟောပြောခွင့်ရခဲ့သည်။ အဆိုပါ ဖြစ်စဉ်မျိုး ယခုလ ပထမပတ် ဧရာဝတီတိုင်း ပုသိမ်မြို့စည်းရုံးရေး ခရီးစဉ်တွင်လည်း ပေါ်ပေါက်ခဲ့သေးသည်ဟုလည်း ဦးအုန်းကြိုင်က မဇ္ဈိမကို
ပြောသည်။

ဖေဖေါ်ဝါရီလ ၄၊ ၅ ရက်နေ့များအတွင်း မန္တလေးမြို့ ဗထူးအားကစားကွင်းတွင် လူထုဟောပြောပွဲ ပြုလုပ်ရန် စီစဉ်ထားသော်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အဆိုပါကွင်းကို မငှားခြင်းကြောင့် မန္တလေးခရီးစဉ်ကို ခေတ္တ
ရွှေ့ဆိုင်းထားရသည်။
Unyangwin

ဖေဖေါ်ဝါရီလ ၂၀ ရက် ပါတီရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ NLD ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး မန်နေဂျာ ဦးဉာဏ်ဝင်း သတင်းထောက်များအား ရှင်းလင်းပြောကြားနေစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

မန္တလေးတောင်ခြေ အားကစားကွင်းကို အသုံးပြုခွင့်ပေးရန် တိုင်းအားကစားဌာနသို့ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့တွင် တင်ပြတောင်းခံထားသော်လည်း အကြောင်းပြန်ကြားချက် မရရှိသေးဟု NLD ၏ မန္တလေးတိုင်း လူငယ်ကူညီရေး တာဝန်ခံ ကိုမျိုးနိုင်က မဇ္ဈိမကို ပြောသည်။

အထက်ပါ ဖြစ်စဉ်များအားလုံးကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားသော်လည်း “အခုထိ တစုံတရာ အရေးယူတာမရှိသေးဘူး၊ ဖြေရှင်းပေးတာလည်း မရှိသေးဘူး” ဟု NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင် က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲများကို ဘောလုံးအားကစားကွင်းအတွင်း ဟောပြောခွင့် မပြုသူ A.C.E
ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးတင့်ဆန်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မြောင်းမြမြို့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ကြံ့ဖွံ့ပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ၂၀၁၁ ခုနှစ် မတ်လတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာနတို့၏ ဝန်ကြီး ဖြစ်လာခဲ့သည်။

ဧပြီ ၁ ရက်နေ့တွင် ကျင်းပရန်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ဦးတင့်ဆန်း၏ သားဖြစ်သူ ဒေါက်တာ ဖြိုးကိုကိုတင့်ဆန်း က ကြံ့ဖွံ့ပါတီ ကိုယ်စားပြု၍ မြောင်းမြ မြို့နယ်တွင် ယှဉ်ပြိုင်မည်ဟု သိရသည်။ အဆိုပါ လစ်လပ် နယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ၏ ကိုယ်စားလှယ်မှာ မန်းဂျော်နီ ဖြစ်သည်။

တနင်္လာနေ့တွင် ပြုလုပ်သည့် NLD ၏ သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီမှ NLD သို့ ကူးပြောင်းလာသူ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာ မြတ်ဉာဏစိုးကိုလည်း NLD ပါတီဝင်အဖြစ် လက်ခံ လိုက်ပြီ ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသွားခဲ့သည်။
http://www.mizzimaburmese.com/news/inside-burma/9020---nld-.html



တနင်္လာ, 20 ဖေဖော်ဝါရီ 2012
NLD မဲဆွယ်စည်းရုံးရေး ကန့်သတ်မှု ကော်မရှင် ရုပ်သိမ်း

By မသိင်္ဂီထိုက်

ကြားဖြတ် ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမယ့် အလားအလာ နည်းတယ် ဆိုပြီး ဒီကနေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ် ခရီးစဉ်တွေမှာ ကန့်သတ်မှုတွေ ကြုံတွေ့နေရတာ တွေကိုလည်း ပါတီက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ ဒီ သတင်းစာ ရှင်းလင်းပွဲ အပြီးမှာတော့ NLD ဘက်က တင်ပြထားတဲ့ ကန့်သတ်ချက်အားလုံးကို ရုပ်သိမ်းလိုက်ပြီ ဖြစ်တဲ့အကြောင်း ပြောဆိုပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုပါတယ်။ မသိင်္ဂီထိုက်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတ၀န်း ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေ ပါတီ စည်းရုံးရေး ခရီးစဉ်တွေမှာ ကန့်သတ်မှုတွေ၊ အဟန့်အတားတွေ တွေ့ကြုံနေရတယ် ဆိုပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ အန်အယ်လ်ဒီ ပါတီက ပြောဆိုလိုက်ပါတယ်။ ဒါကြောင့် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမယ့် အလားအလာ နည်းတယ် ဆိုပြီး ပါတီရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ ခေါင်းဆောင် ဦးဉာဏ်ဝင်းက ပြောဆိုလိုက်ပြီး နာရီပိုင်း အတွင်းမှာပဲ အရင်က ကန့်သတ်ထားတာတွေကို ရုပ်သိမ်းတဲ့အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အန်အယ်လ်ဒီ ပါတီကို အကြောင်းကြားလာတယ်လို့ ဦးဉာဏ်ဝင်းက တဆက်တည်း အခုလို ပြောပါတယ်။

“ကျနော်တို့ အဲဒီ အခက်အခဲ ကန့်သတ်မှုတွေက လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲကို ထိခိုက်စေတယ်၊ ကျနော်တို့ အများကြီး စိုးရိမ်စေတယ် ဆိုတာကို ပြောတာပါ။ ဒီနေ့ ကျနော်တို့ ပြောလိုက်တဲ့ ကိစ္စတွေ အားလုံးကို ပြည်ထောင်စု ကော်မရှင်အနေနဲ့ လိုအပ်သလို ဆောင်ရွက်နိုင်ဖို့ တင်ပြတယ် ဆိုပြီး ကျနော်တို့ တင်ပြထားပါတယ်။ နောက် တဆက်တည်း ပြောရရင် Press conference လုပ်တာ ၁ နာရီလောက်မှာ ပြီးပါတယ်။ ၃ နာရီခွဲလောက်မှာ ကျနော်တို့ ပြန်ပြီး ဖုန်းရပါတယ်။ ကော်မရှင်က ဒီကန့်သတ်မှုတွေသည် ခွင့်မပြုဘူး ထုတ်ထားတဲ့အမိန့်တွေ အားလုံးကို ပယ်ဖျက်လိုက်ပါတယ်တဲ့။ ကျနော်တို့ နမ်းမတီးက ခွင့်မပြုတဲ့ဟာတွေကို ပယ်ပေးတယ်။ မကျသေးတဲ့ဟာတွေကို ခွင့်ပြုမယ်လို့ ပြောတယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ ကန့်သတ်ချက်တွေ မရှိပါဘူးလို့ ပြောပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျနော်က တယ်လီဖုန်းနဲ့ ဆက်ရတော့ အခုသိတာကို ရှင်းရှင်းလင်းလင်းတော့ ကျနော် မမေးရသေးပါဘူး။ ကျနော် မေးပြီးရင် ပြောပါ့မယ်။ NLD အပေါ်မှာ ကန့်သတ်ထားတာတွေကို လောလောဆယ် ဖယ်ပေးတယ်။ မဲဆွယ်စည်းရုံးရေးက အချက်အလက်တွေ ပါမပါကတော့ ကျနော် နောင်မှသိပါမယ်။ အဆင်ပြေသွားပါပြီလို့ ပြောချင်တာပါ။”

စည်းရုံးရေး ခရီးတွေအတွက် သက်ဆိုင်ရာ အားကစားကွင်းတွေကို လူထု စုရုံးဖို့ ရွေးကောက်ပွဲ ကော်မရှင်က အသုံးပြုခွင့် ပေးထားပေမဲ့ ပြည်ထောင်စု အားကစား ၀န်ကြီး ဦးတင့်ဆန်းက အသုံးပြုခွင့်ကို ပိတ်ပင် နေတယ်လို့လည်း ပါတီရဲ့ ပြောခွင့်ရ ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။

“မန္တလေးမှာ ဗထူးကွင်းမှာလုပ်ဖို့ စီစဉ်ထားတယ်။ ကော်မရှင်က ခွင့်ပြုပေမဲ့လို့ ကွင်းအခက်အခဲကြောင့် ရွှေ့ဆိုင်းခဲ့ရတယ်။ လှည်းကူးကို သက်ဆိုင်ရာ အားကစားမှူးက ပေးထားပါတယ်။ ပေးထားပြီးတော့ အဲဒီနေ့ မနက်ပိုင်းကျတော့မှ အားကစားဝန်ကြီး ဦးတင့်ဆန်းကနေပြီးတော့ အားကစား ဘောလုံးကွင်းကို ဟောပြောပွဲကွင်းအဖြစ်နဲ့ အသုံးပြုခွင့် မပြုဘူးလို့ ပြောလာပါတယ်။ ဦးဉာဏ်ဝင်းကလည်း နေပြည်တော်ကို ရောက်နေတုန်း ဆိုတော့ အဲဒီမှာ ဦးဉာဏ်ဝင်းက နေပြည်တော်ကို ချက်ချင်းတင်ပြပါတယ်။ တင်ပြတော့မှ ကော်မရှင်ဥက္ကဋ္ဌက နေပြီးတော့ မူလအစီအစဉ်အတိုင်း လှည်းကူး ဘောလုံးကွင်းမှာ လုပ်ပါလို့ အမိန့်ပေးပါတယ်။ နောက် ဖျာပုံ ကျတဲ့အခါကျတော့ ကြိုတင် စီစဉ်ထားပြီးခါမှ ဖျာပုံ ဘောလုံးကွင်းကို သုံးခွင့်မရပါဘူး၊ အားကစားဝန်ကြီးက ကန့်သတ်တယ်လို့ ပြောတာနဲ့ပဲ ဖျာပုံမြို့နဲ့ နှစ်မိုင်လောက်ဝေးတဲ့ သဲကွင်းမှာ သွားပြီးတော့ ဟောပြောပွဲကို လုပ်ခဲ့ရပါတယ်။ မြစ်ကြီးနားဘက်ကို သွားဖို့ စီစဉ်ထားတယ်။ မိုးကောင်းမှာ ဒေါ်အောင်ဆန်းစုကြည် စည်းရုံး ဟောပြောဖို့ရှိတယ်။ အဲဒီမှာ နမ်းမတီးကွင်းကို ကျနော်တို့ တောင်းတဲ့အခါမှာ ကော်မရှင်ကနေပြီးတော့ လုံခြုံမှုမရှိလို့ အဲဒီကွင်းကို မပေးနိုင်ပါဘူးလို့ အဲဒီလို ပြောတာမျိုး၊ ၀န်ကြီး ဦးတင့်ဆန်းရဲ့ သားက မြောင်းမြမှာ ၀င်ပြီးတော့ အရွေးခံဖို့ရှိပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဖြစ်နိုင်ပါတယ်။ အဲဒီမှာ သူက သူ အနိုင်ရလို့ရှိရင် ဆုပေးမယ် ဆိုတာမျိုး၊ ဥပမာ လမ်းခင်းပေးမယ်တို့၊ ဘာဆောက်ပေးမယ်တို့၊ ညာဆောက်ပေးမယ်တို့ ပြောတာမျိုးတွေဟာ ဒါဟာ ဥပဒေနဲ့ မညီညွတ်တဲ့အကြောင်း တင်ပြပြီးတော့ ကျနော်တို့ဘက်က အဲဒါတွေကို ပြည်သူသိအောင် တင်ပြတာ။”

ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေတင် မဟုတ်ဘဲ အန်အယ်လ်ဒီ ပါတီရဲ့ ကိုယ်စားလှယ်လောင်း တွေလည်း ခြိမ်းခြောက်ခံရမှုတွေ ကန့်သတ်ခံရမှုတွေ ရှိနေပါတယ်။ အင်းတော် မြို့နယ်ရဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲ မဲဆွယ်မှု ပိတ်ပင်ခံရသလို မိတ္ထီလာက ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဟာလည်း ပစ်စာတွေ ရေးသား ခြိမ်းခြောက် ခံရတယ်လိုလည်း ပါတီက ပြောပါတယ်။

ဒီအခြေအနေတွေကြောင့် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ တရားမျှတမှု အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လို တုံ့ပြန် ပြောကြားသလဲ ဆိုတာကိုလည်း ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။

“ဥက္ကဋ္ဌကတော့ သူ့ဆန္ဒကတော့ ပြည်သူလူထုနဲ့ တွေ့ချင်တယ်။ ပါတီ စည်းရုံးရေးလုပ်ငန်းတွေ ပြောချင်တယ်။ ပြီးတော့ ရွေးကောက်ပွဲ မဲဆွယ်လုပ်ငန်းတွေ ပြောချင်တယ်။ အဲဒါက တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့၊ ဒီမိုကရေစီ သဘောတရားတွေပေါ့ဗျာ၊ ဒီမိုကရေစီ ကျင့်စဉ်တွေ ပိုပြီးတော့ ပျံ့နှံ့ဖို့။ သူက ဖြစ်နိုင်ရင်တော့ ရွေးကောက်ပွဲ လုပ်မယ့် ပြည်နယ်တိုင်း ၁၀ ခုက ရွေးကောက်ပွဲမှာ လစ်လပ်တဲ့နေရာဖြစ်တဲ့ ၄၈ နေရာ၊ အန်အယ်လ်ဒီ ၀င်ပြိုင်မယ့် ၄၈ နေရာ၊ မြို့နယ် ၄၈ မြို့နယ် အကုန်လုံးကို ရအောင် ကြိုးစားချင်ပါတယ်လို့ အဲဒီလိုတောင် ပြောပါတယ်။”

ရွေးကောက်ပွဲ မဲဆွယ်မှု ကန့်သတ်ခံရမှုတွေကို ကော်မရှင်ကို သုံးကြိမ် တင်ပြထားပြီး လူထုကို အခု ရှင်းပြတာ ဖြစ်တဲ့အကြောင်း၊ ဒါပေမဲ့ တရားဥပဒေကြောင်း အရ အမှုဖွင့်ဖို့တော့ အခြေအနေ မရှိသေးဘူးလို့လည်း ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားပါတယ်။ အခု ကန့်သတ်မှုတွေဟာ အစိုးရအဖွဲ့ဝင် ၀န်ကြီး တစ်ဦးက လုပ်ဆောင်နေတာ ဖြစ်ပြီး အစိုးရအဖွဲ့က လုပ်ဆောင်နေတာလို့ မဆိုလိုဘူး လို့လည်း ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ဦးဉာဏ်ဝင်းက ထည့်သွင်း ပြောကြားသွားပါတယ်။

http://www.voanews.com/burmese/news/NLD-restrictions-02-20-12-139686663.html

လှိုင်သာယာမြို့နယ်ကိစ္စ မရမ်းကုန်း မြို့နယ်မှာ ခရိုင်အဆင့် လုပ်ပိုင်ခွင့်မပါသော အရေးယူဆောင်ရွက်မည့်စာ




တိုင်ရီဖိနပ်စက်ရုံ လုပ်သားများအတွက် ရပ်တည်လိုပါက ဖော်ပြပါလိပ်စာမှတစ်ဆင့် ဆက်သွယ်၍ ကူညီ ထောက်ပံ့နိုင်ပါသည်။

ဦးဝင်းချို

မှတ်ပုံတင်အမှတ် – ၁၂ / ရကန(နိုင်) ၀၄၅၁၅၉

နေရပ် – ကံ့ကော်အိမ်ယာ၊ ဗိုလ်ရာညွန့်လမ်း၊ ယောမင်းကြီးရပ်ကွက်၊ ဒဂုံမြို့နယ်။

ဖုန်း – ၀၉ – ၇၃၂၀၆၈၃၈

===================

တိုင်ရီ အလုပ်သမား ကူညီရေး Website ကို လည်ပတ် ဆောင်ရွက်နေသူများနှင့် ဆက်သွယ်လိုပါက optaiyi@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။
http://www.taiyiworkers.co.cc/


(Yangon Press International)
USA မှ facebook User တဦး ၂သိန်းလှု

ကျွန်မတို့ တိုးတောင်းတဲ့ နေ့တွက်ခက ကြက်ဥတလုံးစာပဲရှိတာပါ


by Yangon Press International on Monday, February 20, 2012 at 7:14am ·
ဖေဖေါ်ဝါရီ ၂၀၊ ၂၀၁၂ -ပဲခူးသွန် ရေးသားသည်။

နွေဦးရဲ့ နံနက် ၇ နာရီကျော်ကျော် အချိန်က လင်းလင်းထင်းထင်းရှိနေပေမဲ့ အဝေးကနေလှမ်း ကြည့်ရင်တော့ မြူတွေနည်းနည်းဆိုင်း နေပါသေးတယ်။

ကိုယ့်ကိုကိုယ် စောလှပြီးထင်ထားပေမဲ့ သူတို့ကတော့ ထမင်းချိုင့်လေးတွေတောင်ဖွင့်စားနေကြပြီ။

ကိုယ့်အစုနဲ့ကိုယ် ထိုင်နေကြတဲ့ လူတွေ ရှိသလို ရပ်နေကြတဲ့သူတွေလည်း အများအပြား။ တချို့ ကအရိပ်ကောင်းကောင်းအောက်မှာ စကားလေးတွေထိုင်ပြောကြလို့။

ဝိရိယ ကောင်းလှတဲ့ ကြာဆံကြော် အသည်တွေ ၊ဖရဲသီး၊ ပဲပြား သုပ်အရောင်းသည်တွေကတော့ စောစောစီးစီး ဈေးဦးပေါက်နေကြပြီ။
တချို့က ကာတွန်းစာအုပ်လေးတွေနဲ့ နေရာယူထားကြပြီး၊ တချို့ကျတော့လည်း သိုးမွေးချည် လုံးလေးတွေနဲ့ သိုးမွေး စထိုးဖို့ ပြင်နေကြတယ်။



ဒီနေ့ဟာ လှိုင်သာယာမြို့နယ် တိုင်ရီဖိနပ်ချုပ်စက်ရုံမှ အလုပ်သမားတွေ ဆန္ဒပြတာ ၁၅ ရက်မြောက်နေ့ပါ။

နောက်ဆုံးဆန္ဒပြတဲ့နေ့လို့ သတင်းထွက်နေပါတယ်၊  ဒီနေ့မှာ အလုပ်သမားခေါင်းဆောင်တွေက တာဝန်ရှိသူတွေ နဲ့ သွားရောက်တွေ့ဆုံပြီး တောင်းဆိုချက်တွေရအောင် လုပ်ဆောင်ပေးမယ်ဆိုတဲ့ သတင်းကြောင့် အလုပ်သမလေးတွေက ပိုပြီးတက်ကြွနေကြတယ်။

"ခေါင်းဆောင်တွေက ရအောင်တောင်းဆိုပေးမယ်လို့ ပြောတယ်၊ ဘာပဲပြောပြော သူတို့ကိုယုံတယ်၊ တောင်းဆိုတာတွေရမယ်ထင်တယ်" ဟုအသက် ၁၉ နှစ်အရွယ်အဆောင်နေ အလုပ်သမလေး မသက်သက်အောင်က ပြောတယ်။

သူမက ဧရာဝတီတိုင်း ဂွ၊ ငသိုင်းချောင်းမြို့နယ် ဘက်မှလာပြီး သူမအမနဲ့အတူတူ စက်ရုံမှာ အလုပ်လုပ်နေတယ်လို့ ဆိုပါတယ်။

နှစ်လတခါ မိဘဆီသို့ ပိုက်ဆံပြန်ပို့လေ့ ရှိပြီး စက်ရုံရဲ့အဆောင်မှာ နေတယ်လို့ဆိုပါတယ်။

"လောလောဆယ်တော့ အဆောင်ကထမင်းလည်း မစားရဲဘူး၊သူတို့ကလည်း မချက်ကျွေးတော့ဘူး၊ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်စားနေရတာပေါ့ ၊ပိုက်ဆံကလည်း ကုန်ခါနီးပြီ " လို့သူမကဆိုပါတယ်။

တိုင်ရီစက်ရုံရှေ့မှာ ဆန္ဒပြသူတထောင်ကျော်ကျော် စုနေတဲ့အထဲမှာ အများစုဟာ အလုပ်သမလေးတွေပါ။

အိမ်ထောင်သည်၊ လူလွတ်၊ ရွေတွဲလွဲ ၊ငွေတွဲလွဲလေးတွေပါသလို တချို့တော့လည်း ပျော်ပျော်ပါးပါး၊ တချို့တော့လည်း မျက်နှာမှာသောကတွေနဲ့။

ပြီးခဲ့တဲ့ တရုတ်နှစ်သစ်ကူးကာလက တိုင်ရီဖိနပ်စက်ရုံကို စက်ရုံပိုင်ရှင်က ငါးရက်တာပိတ်ခဲ့ပြီးတဲ့နောက် လုပ်အားခရှင်းတဲ့အခါ အဲဒီပိတ်ရက်အတွက်  လစာဖြတ်တောက်ခဲ့ပါတယ်။ လစာဖြတ်တာကို  မကျေမနပ်ဖြစ်ရာမှ ယခု ဆန္ဒပြမှု စတင်လာတာဖြစ်ပါတယ်။  ၁၅ ရက်ကြာသည် အထိ ဆန္ဒပြမှုဟာ ဆက်လက်အားကောင်းနေဆဲပါ၊

စက်ရုံရှေ့က ဈေးသည်တွေ

အလုပ်သမများတောင်းဆိုကြတဲ့ အချက်ကတော့ နေ့တွက် ၇၅ ကျပ်မှ ၁၅၀ အထိတိုးပေးရန်နဲ့ ရက်မှန်ကြေး တလ ကျပ် ၆၀၀၀ မှ ၈၀၀၀ အထိတိုးပေးရန်တို့ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာတော့ စက်ရုံ တာဝန်ရှိသူတွေက နေ့တွက်ကို ၇၅ ကျပ်မှ ၁၀၀ ထိ တိုးပေးပေမယ့် အလုပ်သမားတွေက လက်မခံခဲ့ပဲ တောင်းဆိုချက် ရဖို့ ဆက်လက်ဆန္ဒပြနေတာပါ ။

"ကျွှန်မတို့ တိုးတောင်းတဲ့ နေ့တွက်ခက ကြက်ဥတလုံးစာတန်ဖိုးလောက်ပဲရှိတာပါ၊ ရတဲ့လစာနဲ့ မလောက်လို့ အိမ်ဆီကနေတောင်ပြန်တောင်းနေရတာပါ၊အခုတိုးတောင်းတဲ့ကြေးကကုန်ဈေးနှုန်းနဲ့ တွက်ရင် ရသင့်ရထိုက်တာပဲ၊ရသင့်တဲ့လုပ်အားခကိုတောင်းတာပါ" ဟု သူ့နာမည် မဖေါ်လိုတဲ့  အလုပ်သမခေါင်းဆောင် တဦးက ပြောပါတယ်။

၎င်းတို့ရဲ့ လုပ်အားခက အခြေခံလစာ၊ အချိန်ပိုကြေး၊ ရက်မှန်ကြေး၊ တာဝန်ကြေကြေး၊လုပ်သက်ကြေး၊ အတတ်ပညာဆုကြေး၊ ကားခ၊ လူမှုဖူလုံရေးကြေး၊ အချိန်ပိုကြေး စသည်တို့ သတ်မှတ်ထားပြီး ရက်ပြည့်ဆင်းမှသာ တလ ၆၀၀၀၀ကျပ် ၀န်းကျင်ပဲရပါတယ်။ ပြီးခဲ့တဲ့လက လစာအဖြတ်ခံရတဲ့ အတွက် အတော်နည်းသွားခဲ့တယ်လို့အလုပ်သမများကဆိုပါတယ်။

အလုပ်ချိန်မှာ နံနက် ၇နာရီကျော်မှ ညနေ၅ နာရီဝန်းကျင် အထိဖြစ်ပါတယ်။ လုပ်ခထက် အချိန်ပိုကြေး နဲ့ ရပ်တည်နေရတယ်လို့တယ်။

တိုင်ရီဖိနပ်စက်ရုံ ဟာ တရုတ်လူမျိုး(ထိုင်ဝမ်) ပိုင်ဆိုင်တဲ့ စက်ရုံဖြစ်ပြီး ပြည်ပသို့ တင်ပို့တဲ့ ဖိနပ်များကို ချုပ်လုပ်တဲ့စက်ရုံဖြစ်တယ်။

"ဆန္ဒ ပြတဲ့အလုပ်သမတွေအခြေအနေတော်တော်ဆိုးနေကြတယ်၊အဆောင်နေတဲ့လူတွေကအဆောင် ထမင်းမစားရတော့ဘူး၊ ကိုယ့်ဘာသာကိုယ်ဝယ်စားနေကြရတယ်၊ကြာရင် မလွယ်ဘူး"ဟု ဆန္ဒပြတဲ့ သူတွေကိုယခုလ ၁၇ ရက်နေ့ကစပြီးစားစရာတွေ ဝေငှပေးနေတဲ့ နိုင်ငံရေး အကျဉ်းသားမိသားစု များ အကျိုးဆောင်ကွန်ယက်မှကိုအောင်ဇော်ထွန်းကပြောတယ်။

အလုပ်သမစုစုပေါင်း ၁၈၀၀ ၀န်းကျင် ထဲမှ နယ်မှလာတဲ့ အဆောင်နေအလုပ်သမတွေ ၈၀၀၀န်းကျင်ရှိ တယ်လို့ ဆိုပါတယ်။

အားလုံးနီးပါးဆန္ဒပြကြပြီး ရာထူးအနည်းငယ် ကြီးတဲ့ အလုပ်သမတချို့ကသာ အလုပ်ဆက်လက် ဆင်းနေကြတယ်လို့ ဆိုတယ်။

အဆောင်နေအလုပ်သမများကို ထမင်း နဲ့အဆောင်စရိတ် တသောင်းခန့်ကို စက်ရုံက လစာထဲက ဖြတ်တယ်လို့ ဆိုပါတယ်။

"အဆောင်နဲ့ထမ်ငးလခပေးထားပေမဲ့ အဆောင်ကကျွေးတဲ့ဟင်းကို ဘယ်တော့မှမစားဘူး၊ သူတို့က ရေလုံပြုတ်၊အသီး အရွက်ကြော်တမျိုးပဲ ကျွှေးတာ စားလို့မရဘူး၊ ဟင်းကအမြဲအပြင်မှထွက်ဝယ် စားရတယ်" လို့ ဟင်္သာတ ဘက်မှ အလုပ်လာလုပ်တဲ့ အဆောင်နေသူ အလုပ်သမတဦးကပြောတယ်။

ဟောခန်းပုံစံ အဆောင်မှာ လူ၈၀၀ ခန့် နေရတာ အဆင်ပြေပေမယ့် ရေအတွက်အခက်အခဲဖြစ် ရတယ်လို့ဆိုပါတယ်။
"တနေ့ရေ ၂နာရီ နှစ်ခါပဲရေမောင်းပေးတယ်၊ ရေချိုးချင်ရင် စောစောထရတယ်၊ လူကအရမ်းများတော့ တခါတခါ ရေကုန်သွားလို့ မချိုးရတဲ့ရက်တွေလည်းရှိတယ်လို့" မသက်သက်အောင်ကပြောပါတယ်။

" ဒီမှာနေတဲ့လူတွေက တော်သေးတယ် ၊အဆောင်နေတဲ့လူတွေကအိမ်ပြန်ပို့တာနဲ့ ဘာနဲ့ဆိုတော့ တခါတခါ မလောက်ဘူး ၂၀ ကျပ်တိုးနဲ့ငွေချေးရတယ်၊ကျွှန်မကတော့ လစာက အိမ်စရိတ်နဲ့ စားစရိတ်တချို့ ကာမိနေလို့ လာလုပ်တာပါ"ဟု အိမ်ထောင်သည်အလုပ်သမတဦးဖြစ်သူမသန်းသန်းညွန့်ကပြောတယ်။

လက်ရှိမှာတော့ အလုပ်မဆင်းဘဲ ဆန္ဒပြနေတဲ့အတွက် ၂၀ တိုးနဲ့တောင် ချေးပေးချင်သူတွေမရှိတော့ဘူးလို့ ကလေးနှစ်ယောက်အမေ အလုပ်သမတဦးကပြောတယ်။

ှလုပ်ခတိုးရေး ဆန္ဒပြ ၁၅ ရက်မြောက်နေ့ နံနက် စောစော အလုပ်သမတွေ ရောက်လာကြပြီ

ဒီနေ့မှာတော့ အလုပ်သမားခေါင်းဆောင် (အီးစီ) ၄၉ ယောက်နဲ့ ရှေ့နေကိုဖိုးဖြူတို့က မရမ်းကုန်းမြို့နယ် ၀ါဏိဇ္ဖပဋိပက္ခမှု ကော်မတီသို့တင်ပြရာ ကော်မတီက ခုံရုံးဖွဲ့ ၍ စစ်ဆေးပေးရန် သဘောတူညီခဲ့ပါတယ်။ အဲဒီလို ၀ါဏိဇ္ဖ ကော်မတီကို တင်ပြမယ်ဆို သဘက်ခါ (ဖေဖေါ်ဝါရီ ၂၂ ရက်) နေ့နံနက်မှာ တောင်းဆိုချင်တဲ့ အချက်အလက်တွေကို လုပ်သားခေါင်းဆောင်တွေ ဆွေးနွေးထားဖို့ ဆော်သြထားပါတယ်။

အလုပ်သမားတွေအဖို့တော့ သူတို့ရဲ့ တောင်းဆိုချက်တွေဟာ မှန်ကန်တယ်လို့ ယုံကြည်ထားတာကြောင့် ရှေ့ဆက်တောင်းဆို ဆန္ဒပြဖို့ အသင့်ရှိနေပေမယ့် အောင်နိုင်မယ် မအောင်နိုင်ဘူးဆိုတာကတော့ နွေဦးရာသီ နံနက်ခင်းလို မြူဆိုင်းနေဆဲပါ။

အလုပ်သမားများအတွက် အမေရိကန်မှ ကူညီလိုက်သည့် ငွေ ၂ သိန်းကို ဦးဝင်းချိုက ယူဆောင်လာပေးသည်။



နှလုံးသားတွေလှူမယ့်ည ဂီတဖျော်ဖြေပွဲမှ ကန့် သတ်ချုပ်ခြယ်မှုများ အပေါ် ဦးကျော်သူ ၏ သဘောထားအမြင်

Burma VJ Media Network

“ကျွန်တော် တို့ လူမှုရေး အသင်းကို ဘာကြောင့် ဒီလို ချုပ်ခြယ် ပြီး ဟန့် တားတာတွေ လုပ်နေလည်း ဆိုတာ ကျွန်တော် နားမလည် နိုင်တော့ဘူး”

ဖေဖေါ်ဝါရီ လ ၁၇ ရက်နေ့ က ပြုလုပ်ခဲ့သည့် ဆောင်းဦးလှိုင်၏ နှလုံးသားတွေလှူမယ့်ည ဂီတဖျော်ဖြေပွဲတွင် သက်ဆိုင်ရာ အာဏာရှိသူများ က လာရောက် ကြည့်ရှုသော နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အသင်းသားများ ကို အသင်း၏ တူညီ ဝတ်စုံများ ဝတ်လာသည့် အတွက် ပွဲအတွင်း ဝင်ခွင့်မပြုပဲ အဝတ်အစားများ ပြန်လဲခိုင်းခြင်း၊ နာရေး ကူညီမှု အသင်းကို စင်ပေါ်၌ အလှူငွေ လက်ခံယူခွင့် မပြုခြင်း စသည့် ကန့်သတ် ချုပ်ခြယ်မှု တွေကို ပြုလုပ်ခဲ့ပါသည်။

လှိုင်သာယာဆန္ဒပြမှု ၀ါဏိဇ္ဖခုံရုံးတက်ရန် အယူအဆ ကွဲလွဲမှုများရှိနေ





by Yangon Press International on Monday, February 20, 2012 at 10:17am ·
ဖေဖေါ်ဝါရီ ၂၀၊ ၂၀၁၂ (YPI)

ညှိနှိုင်းပြေလည်မှု မရရှိသေးပဲ ၁၅ ရက်ရှည်ကြာလာသည့် လှိုင်သာယာ တိုင်ရီ ရှုးဖိနပ်စက်ရုံ အလုပ်သမား ဆန္ဒပြမှုကို လာမည့် ဗုဒ္ဓဟူးနေ့တွင် ၀ါဏိဇ္ဖ ပဋိပက္ခ ခုံရှုံးသို့ တင်၍ အဆုံးအဖြတ်ခံယူမည့် အချက်အပေါ်တွင် အလုပ်သမားများ သဘောထား အမြင်ကွဲလွဲမှုရှိနေကြသည်ဟု အလုပ်သမား ကိုယ်စားလှယ်များ၏ ပြောဆိုချက်အရ သိရသည်။
ခုံရုံးတင်ရန် အလုပ်သမားအရေး ဆောင်ရွက်သူနှင့် အလုပ်သမားကိုယ်စားလှယ်များက သဘောတူခဲ့ကြသော်လည်း အလုပ်သမား အများစုက တောင်းဆိုချက်မရပဲ ဆန္ဒပြခြင်းကို မရပ်ဆိုင်းလိုကြကြောင်း ပြောဆိုသည်။

၁၅ ရက်မြောက် ဆန္ဒပြနေသည့် လှိုင်သာယာ တိုင်ရီ ရှုးဖိနပ်စက်ရုံရှေ့မှ အလုပ်သမားများ

အလုပ်သမား ခေါင်းဆောင်တဦး ဖြစ်သူ ကိုမျိုးမင်းသိန်းက “ ကျွန်တော်တို့မှာ ၂ လမ်းရှိနေပြီ၊ တလမ်းကိုရွေးရမှာပါ၊ ကျွန်တော်တို့က ၀ါဏိဇ္ဖရုံးကို တင်လိုက်မယ်ဆိုရင် အချိန်အကန့်အသတ်မရှိကြာနိုင်မယ်။ အဲဒါကြောင့် ကျွန်တော်တို့ အဲကိစ္စကို စဉ်းစားရမယ် ” ဟု YPI သို့ပြောသည်။

ယနေ့နေ့လည်ပိုင်းက အလုပ်သမား ခေါင်းဆောင် ၄၉ ဦးနှင့် အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေ ဦးဖိုးဖြူတို့ ၀ါဏိဇ္ဖ ပဋိပက္ခ ခုံရုံးသို့ တင်ပြရန် သွားရောက်မေးမြန်းကြသည်။

ယင်းနောက် ခုံရုံးတင်ထားစဉ် လုပ်ဆောင်ခွင့်ရှိသည့် အချက်နှင့် မရှိသည့်အချက်များအား ဆန္ဒပြ လုပ်သားများ၏ ဆန္ဒကိုမေးမြန်းရာတွင် ခုံရုံးတင်သည်နှင့် ဆန္ဒပြမှုရပ်ဆိုင်းရမည် ဖြစ်ကာ အလုပ်ပြန်ဆင်းလိုသူများအား တားဆီးခွင့်မရှိဆိုသည့် အချက်နှင့် ခုံရုံးတင်ထားစဉ် ဆန္ဒဆက်ပြပါက ထောင်ဒဏ်နှင့် ဒဏ်ငွေ အပြစ်ပေးခံရမည့် အချက်တို့ကြောင့် ခုံရုံးတင်ရန် အယူအဆ ကွဲလွဲလျှက်ရှိကြခြင်း ဖြစ်သည်။

ထို့ကြောင့် ၀ါဏိဇ္ဖခုံရုံးတင်မည်မတင်မည်ကို မနက်ဖြန်နှင့် သဘက်ခါ နံနက်ပိုင်းတွင် အလုပ်သမားများ၏ သဘောဆန္ဒကိုယူကာ ဆုံးဖြတ်သွားမည်ဟု အလုပ်သမား ခေါင်းဆောင် အချို့ကပြောသည်။                      

၎င်း ခေါင်းဆောင်က အလုပ်ရှင်ဘက်က ဆွေးနွေးညှိနှိုင်းလာသည်ကို အလုပ်သမားများ အနေဖြင့် လိုလားကြောင်း၊ တောင်းဆိုမှုများအနက် နာရီကြေး တနာရီ ၁၅၀ကျပ် အား အလုပ်ရှင်ဘက်မှ ကျပ် ၁၀၀ ထိသာတိုးပေးသဖြင့် အလုပ်သမားများက ဆက်လက်ဆန္ဒပြနေကြခြင်းလည်း ဖြစ်သည် ဟုပြောပြသည်။

တိုင်ရီ ရှုးဖိနပ်စက်ရုံတွင် အလုပ်သမား ၁၈၀၀ ကျော်ရှိကာ ယခုလက်ရှိ ရာထူးမြင့်သူ အလုပ်သမား အနည်းငယ်မှလွဲ၍ လုပ်သားအားလုံးနီးပါး ဆန္ဒပြလျှက်ရှိကြရာ အလုပ်သမား အရေးဆောင်ရွက်သူများက လာရောက်ကူညီ အကျိုးဆောင်ပေးကြကာ အလုပ်ရှင် သို့မဟုတ် အလုပ်သမားညွှန်ကြားမှု ဦးစီးဋ္ဌာနတို့နှင့် တွေ့ဆုံ ပြောဆိုရန် အလုပ်သမားများဘက်မှ လုပ်သားကိုယ်စားလှယ် ၄၀ ၀န်းကျင်ရွေးချယ်ထားသည်။         ။

အလုပ်သမ တဦးရဲ့ လစာဖြတ်ပိုင်း၊ တလမှာ အလုပ်ချိန် နာရီ ၂၇၀ လုပ်တယ်ဆိုတော့ တရက်ကို ၁၀ နာရီ တပတ် ၁ ရက်နား ပြီး လုပ်ရတဲ့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ အဲဒီလိုလုပ်ရတဲ့ အတွက် လက်ဝယ်ရတဲ့ငွေက ၅ သောင်း ၄ ထောင်ပါ။

အဖွဲ့ချုပ်ရုံးခွဲ ဖွင့်လှစ်ခွင့်မရတဲ့ စံပြ ဖဆပလ ရပ်ကွက်

Uploaded by BurmaVJMedia on Feb 20, 2012

မဖြူဖြူသင်းရဲ့ မင်္ဂလာတောင်ညွန့် မြို့နယ် မဲဆွယ် စည်းရုံးရေး ခရီးစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်တဲ့ မဖြူဖြူသင်းဟာ သူဝင်ရောက်ယှဉ်ပြိုင်အရွေးခံမယ့် မင်္ဂလာတောင်ညွှန့်မြို့နယ်ကို မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက်က သွားရောက်ခဲ့ပါတယ်။ မနက်ပိုင်း ဖို့မြေရပ်ကွက်နဲ့ လွတ်လက်ရေး ရပ်ကွက်တွေမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးခွဲ တွေကို ဖွင့်လှစ်ပေးခဲ့ပြီး ညနေ ၃ နာရီ နောက်ပိုင်းမှာ အဖွဲ့ချုပ်ရုံးခွဲ ဖွင့်လှစ်ခွင့်မရတဲ့ စံပြ ဖဆပလ ရပ်ကွက် ကိုသွားရောက်ပြီး မဲဆွယ် စည်းရုံးရေးဆင်း ခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်း ရာနဲ့ချီတဲ့ ဒေသခံတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ် လောင်း မဖြူဖြူသင်းကို ကြိုဆိုခဲကြပါတယ်။

အခြေခံလစာငွေ တနာရီ ၁၅၀ ကျပ် နဲ့ ရက်မှန်ကြေးရှစ်ထောင်စက်ရုံပိုင်ရှင်ဘက်က မလိုက်လျော

Uploaded by BurmaVJMedia on Feb 18, 2012

တိုင်ရီဖိနပ်စက်ရုံ ဆန္ဒပြအလုပ်သမားတွေက နေ့ကြေးတနာရီကို ၁၅၀ကျပ်နဲ့ ရက်မှန်ကြေး (၈၀၀၀)ကျပ်တိုးပေးဖို့ တောင်းဆိုနေကြတာဖြစ်ပြီး ဒီတောင်းဆိုချက်တွေကို လာမယ့် ဖေဖော်ဝါရီလ (၂၀)ရက်နေ့ အထိ နောက်ဆုံးထားပြီး စက်ရုံပိုင်ရှင်ဘက်က မလိုက်လျောပေးရင် တရားဥပဒေအရ ရင်ဆိုင်သွားမှာဖြစ်ပါတယ်။ တိုင်ရီစက်ရုံဆန္ဒပြပွဲဟာ အလုပ်ရုံတစ်ခုထဲရဲ့ပြဿနာမဟုတ်ပဲ မြန်မာပြည်မှာရှိတဲ့ ဖိနှိပ်ခံအလုပ်သမားထုကြီးတစ်ရပ်လုံးနဲ့ သက်ဆိုင်တယ်လို့ တိုင်ရီဆန္ဒပြအလုပ်သမားတွေကို အစားအသောက်တွေ လာရောက်ဝေငှပေးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်မှ ကိုဟန်ဝင်းအောင်က ပြောဆိုလိုက်ပါတယ်။


Uploaded by BurmaVJMedia on Feb 20, 2012

တိုင်ရီဖိနပ်စက်ရုံမှ ဆန္ဒပြအလုပ်သမားတွေရဲ့ကိုယ်စားလှယ် (၄၅) ဦးတို့က ဦးဆောင်ပြီး လာမည့် ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှာ မရမ်းကုန်းမြို့နယ် မြို့နယ်ဝါဏိဇ္ဇပဋိပက္ခမှု ဖြေရှင်းရေးကော်မတီရဲ့ တရားခုံရုံးမှာ တရားရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။
အခြေခံလစာငွေ တနာရီ ၁၅၀ ကျပ် နဲ့ ရက်မှန်ကြေးရှစ်ထောင်ကျပ်ရရှိဖို့ ဆန္ဒပြနေတဲ့ တိုင်ရီစက်ရုံ အလုပ်သမားတွေဟာ ဒီကနေ့အထိ စက်ရုံပိုင်ရှင်ဘက်က မလိုက်လျောပေးတဲ့ အတွက် အခုလို တရားဥပဒေအရ ရင်ဆိုင်ဖို့ စီစဉ်တာ ဖြစ်ပါတယ်။
ဒီကနေ့ စက်ရုံရှေ့မှာ လာရောက်စုဝေးနေတဲ့ တိုင်ရီစက်ရုံအလုပ်သမားတွေကို တသီးပုဂ္ဂလ အလှူရှင်တွေနဲ့ စေတနာရှင်ပြည်သူတွေက အချိုရည်နဲ့ ကြာဇံကြော်တွေအပြင် ရေသန့်ဗူးတွေကိုလည်း လာရောက် ဝေငှပေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ချုပ်ကလည်း တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားတွေ တောင်းဆိုနေတဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ ရရှိဖို့အတွက် အောင်မြင်မှု ရသည်အထိ ကူညီဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း သဘောထားကြေငြာချက်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
တိုင်ရီစက်ရုံအလုပ်သမားတွေက တရားစွဲဆိုရာမှာ လိုအပ်တဲ့ အချက်အလက်တွေကို ဆွေးနွေးတိုင်ပင်ကြဖို့အတွက် မနက်ဖြန်မှာ ဆန္ဒပြနေတာကို ခေတ္တရပ်နားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈မျိုးဆက်ကျောင်းသူများ တွေ့ဆုံ..


၂၀-၂-၂၀၁၂ နေ့ ညနေ ၄း၀၀ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ၈၈ မျိုးဆက်ကျောင်းသူများအား ဒေါ်အောင်ဆန်းစုကြည်လက်ခံတွေ့ဆုံခဲ့ပါတယ်.....
By: Burma VJ Media Network







လမ်းတွေတော့ စင်္ကာပူမှီမမှီ မသိဘူး လမ်းဘေးဈေးသည်တွေကိုတော့ ပစ္စည်းတွေလိုက်သိမ်းနေပြီ

Soe Zeya Tun
ရန်ကုန်မြို့ကို စင်္ကာပူလို အဆင့်မြင့်အောင်လုပ်မယ်လို့ပြောပါတယ်........ လမ်းတွေတော့ စင်္ကာပူမှီမမှီ မသိဘူး လမ်းဘေးဈေးသည်တွေကိုတော့ ပစ္စည်းတွေလိုက်သိမ်းနေပြီ

ဒီမြင်ကွင်းကတော့ ၂၀ ရက်နေ့ ဖေဖော်ဝါရီ ညကိုးနာရီခွဲခန့်မှာ ဗိုလ်အောင်ကျော်လမ်းနဲ့ ဗန္ဒုလလမ်းဒေါင့်က လမ်းဘေးဈေးသည် ရဲ့ပစည်းတွေကို စည်ပင်က လိုက်သိမ်းနေတဲ့ မြင်ကွင်းပါ...
ဓါတ်ပုံ.. ပုဂံမင်းမင်းဦး