Tuesday, February 21, 2012

တစ်အောက်မှာပြားပြားဝပ်နေပါတယ်


တိုင်ရီအလုပ်သမ တဦးရဲ့ လစာဖြတ်ပိုင်း၊ တလမှာ အလုပ်ချိန် နာရီ ၂၇၀ လုပ်တယ်ဆိုတော့ တရက်ကို ၁၀ နာရီ တပတ် ၁ ရက်နား ပြီး လုပ်ရတဲ့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ အဲဒီလိုလုပ်ရတဲ့ အတွက် လက်ဝယ်ရတဲ့ငွေက ၅ သောင်း ၄ ထောင်ပါ။
(ပုံ)Yangon Press International

...................................................

ကနေဒါရဲ့အခြေခံလစာတနာရီ US$၁၀.၅၀..ဆိုတော့တနေ့ နီးပါးလုပ်ခနဲ့တလစာညီတယ်..အဲ့စက်ရုံကထွက်
တဲ့ဖိနပ် Made in China ကပ်ပြီးကနေဒါမှာတရံUS$၁၀၀လောက်နဲ့ရောင်းနေတာ..တနာရီ၈၀၀ပေးလဲ
မရှုံးဖူး..သက်သက်ဂုပ်သွေးစုပ်နေတာ..
US$နဲ့တွက်ရင်၆၇ဒေါ်လာတလကိုအလုပ်သမတဦးရတယ်။။။ကနေဒါမှာအနိမ့်ဆုံးအလုပ်သမတဦးUS$၁၅၀၀အထက်ရတယ်။
လက်ရှိကနေဒါကဆန်ဈေး၊ကြက်သားဈေး၊တက္ကစီခအတော်များများမြန်မာကဈေးနဲ့ တူတာတွေ့ ရတယ်။။တလကို၆၇ဒေါ်လာနဲ့ အသက်ရှင်ရပ်တည်နေရတာဘယ်လောက်ခက်ခဲလိုက်မလဲ။တလွဲဆံပင်ကောင်းနေတာလေးတခုကြုံတုံးလေးပြောပြချင်တယ်..
မြန်မာမှာကားသစ်ရဖို့ ကားဟောင်းဝယ်တဲ့ပေါက်ဈေးသိန်းတရာတောင်ကျော်နေပြီ..ကားသစ်ပေါက်ဈေးကတော့ထားလိုက်ပါတော့၊
သိန်းတရာကျော်ပေးရင်ကနေဒါမှာ၂၀၀၅..၂၀၀၆..၂၀၀၈ ကောင်းကောင်းလေးစီးရတယ်..မြန်မာမှာသိန်းထောင်ချီတဲ့ကားတွေ
ကနေဒါမှာ၅၀၀အောက်နဲ့ ရတယ်..ဒါကားတခုပဲဥပမာရှိသေးတယ်။ချမ်းသာတဲ့နိုင်ငံမှာဈေးနဲပြီးဆင်းရဲတဲ့နိင်ငံမှာဈေးကြီးအောင်
ဘယ်သူလုပ်တာလဲ...ဆန်ရှင်လား...န၀တလက်ဟောင်းတွေလား။ဆန်ရှင်ဘယ်လောက်ရှိရှိမြန်မာကိုကားတွေဝင်နေတာပဲ။
ပါမစ်ပေါ်အခြေခံပြီးကားဈေးအပြောင်းအလဲဘယ်သူလုပ်နေတာလဲ။
ထားပါ။ဒါကိုအခြေခံအလုပ်သမတဦးစိတ်မ၀င်စားပါဖူး။မြန်မာနိုင်ငံမှာအလုပ်သမားခဈေးချိုလို့ အခြားနိုင်ငံကလာရောက်ရင်းနှီးမြှပ်နှံ
တယ်၊အလုပ်အကိုင်အခွင့်အလမ်းတွေရတယ်၊ဒါပေမယ့်ကမ္ဘာကုန်ဈေးနုန်း။ကိုယ့်နိုင်ငံမှာလုပ်ကမ္ဘာမှာတင်ရောင်းပြီးသူတို့ ဘယ်လောက်မြတ်နေတယ်၊ကိုယ့်နိုင်ငံရဲ့ အခြေခံလစာကိုကမ္ဘာကုန်ဈေးနုန်းအခြားနိုင်ငံတွေရဲ့ အခြေခံလစာနဲ့ ယှဉ်ပြီးတစ်ကနေ
တစ်ဆယ်ရေရင်...နှစ်ကနေလေးလောက်ရှိရင်မဆိုးပါဖူး၊အခုဟာကတစ်အောက်မှာပြားပြားဝပ်နေပါတယ် ဦးသိန်းစိန်နဲ့ ဦးအောင်ကြည်....ကြည့်လုပ်ပါအုံးဗျာ။။။။။။။။

ရဲရင့်ငယ်

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ဒေါင်ဒေါင်မြည်ဟု မိသားစု ဆရာဝန်ကပြော

by Yangon Press International on Tuesday, February 21, 2012 at 5:39am ·
ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၂ (YPI)

ဒေါ်အောင်ဆန်းစုကြည်၏ လတ်တလောကျန်းမာရေးမှာ ဒေါင်ဒေါင်မြည် လျှက်ရှိကြောင်း ၎င်း၏ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်း (ခွဲစိတ်အထူးကု) က မီဒီယာအချို့နှင့် ယနေ့ တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်လ က အာရှတော်ဝင် ဆေးရုံတွင် တကြိမ်၊ oိတိုရိယဆေးရုံတွင် တကြိမ် နှစ်ကြိမ်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဆရာဝန်များပင် အံ့သြဖွယ်ကောင်းလောက်အောင် ရလဒ်များကောင်းကြောင်း ၎င်းကပြောသည်။

“ အမအခုအသက် ၆၇ နှစ်ရှိနေပြီး၊ ဒါပေမဲ့ ရိုးရိုးသာမာန်လူအသက် ၆၇ နှစ် ထက်ပိုကျန်းမာတယ် ၊ စစ်ဆေးထားတဲ့ အဖြေတွေကို ကြည့်ပြီး ဆရာတွေတောင် အံ့သြတယ် ” ဟုဒေါက်တာ တင်မျိုးဝင်းက ပြောသည်။

ပြုလုပ်ခဲ့သောကျန်းမာရေးစစ်ဆေးမှုတွေဟာ နှလုံး၊ အဆုပ်၊အသည်း၊ကျောက်ကပ် ၊အစာအိမ်၊ကြွက်သား၊ အာရုံကြော ၊အရိုး သိပ်သည်းဆ စသည်တို့ကို စစ်ဆေးခဲ့ရာ အားလုံးအခြေအနေကောင်းသည်ဟု လည်း၎င်းကပြောသည်။

“အမျိုးသမီးတွေကအသက်ကြီးလာရင် အရိုးပွတာ ၊ အရိုးပါးတာတွေဖြစ်တတ်တယ်လေ၊ သူကလည်းခရီး ခဏခဏသွားရတယ်ဆိုတော့ ဒါကိုအထူးသတိထားစစ်ဆေးပါတယ် ၊ဒါပေမဲ့ အဲဒါနဲ့ပတ်သတ်ပြီးတော့လည်း အရမ်း အခြေအနေကောင်းတယ်၊ အကောင်းဆုံး အခြေအနေမှာရှိတယ်လို့ တောင်ပြောလို့ရတယ်၊ စိုးရိမ်စရာမလိုဘူး”ဟု ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် နှစ်က ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံခရီးစဉ်တွင်  ခလုပ်တိုက်မိသည်များ ၊ သြဂုတ်လ သမ္မတနှင့်တွေ့ ဆုံသည့် နေပြည်တော်ခရီးစဉ်သွားစဉ် ကားမူး သည်များ ဖြစ်ခဲ့သော်လည်း ၎င်းတို့မှာ
ကျန်းမာရေးအခြေအနေကြောင့် မဟုတ်ဘဲသာမာန်ဖြစ်လေ့ ဖြစ်ထရှိသည့် ပြသာနာများပင်ဖြစ်သည်ဟု မိသားစု ဆရာဝန်ကရှင်းပြသည်။

၂၀၀၃ ခုနှစ် နေအိမ်အကျုယ်ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရစဉ်  အာရှတော်ဝင်အထူးကုဆေးခန်းတွင် ခွဲစိတ်မှု တခုခံယူခဲ့ရာ ယခုအခါ အဆိုပါ ခွဲစိတ်မှု နောက်ဆက်တွဲအခြေအနေပါ ကောင်းမွန်လျက်ရှိသည်ဟုဆိုသည်။

သူမသည် နေ့စဉ် တရားထိုင်လျက်ရှိပြီး ခြေလေးချောင်းသားများကိုရှောင်ပြီး ပင်လယ်စာကြိုက်သည်ဟု ဆိုသည်။ အစားအနည်းငယ်သာ စားသောကြောင့် အဟာရမျှတအောင် စီစဉ်ပေးရကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏  ကိုယ်အလေးချိန်မှာ ၁၀၆ ပေါင်ရှိသည်ဟု လည်းပြောဆိုသည်။

စိတ်ဖိစီးမှုတွေကိုကောင်းမွန်စွာကျော်လွှာနိုင်ပြီးတခါတရံတွင် ဆေးကြောင့်ဖြစ်စေ ၊ အစားအသောက်ကြောင့်ဖြစ်စေ ၊အခြားအခြေအနေကြောင့်ဖြစ်စေ ဓာတ်မတည့်သည့် ပြဿနာ အနည်းငယ် ရှိကြောင်းလည်း ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

ယခင် နေအိမ်အကျယ်ချုပ် ကျစဉ်ကလည်းပင်း အရိုးကျီးပေါင်းတက်သည့် ရောဂါကြောင့် နေ့စဉ်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သော်လည်း ယခုအခါ  သူမလုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များ ပိုမိုများပြားလာသောကြောင့် လေ့ကျင့်ခန်းပုံမှန် မပြုလုပ်နိုင်တော့ ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး စောင့်ရှောက်ကုသပေးနေသူ ဒေါက်တာ တင်မျိုးဝင်းနှင့် ဒေါက်တာ ပြုံးအိမွန်

ယခုထက်တိုင်ထိ နုပျိုလှပနေသည့် လျို့ဝှက်ချက်မှာ ထွေထွေထူးထူးမရှိဘဲသူမရဲ့ အကောင်းမြင်စိတ်ထားများကြောင့် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေကို အနီးကပ်စောင့်ကြည့်နေသည့် ဒေါက်တာ ပြုံးအိမွန်ကပြောသည်။

အသားအရည် ထိန်းသိမ်းခြင်းနှင့် ပတ်သတ်ပြီး အလှပြင်ဆိုင်သို့သွား၍  အထူးတလည်ထိန်းသိမ်း ပြုလုပ်ခြင်းမရှိဘဲ သာမာန်မိန်းကလေးများ ပြုလုပ်သည့် အသားအရည်ထိန်းသိမ်းသည့် နည်းလမ်းများသာ အသုံးပြုသည်ဟုဆိုသည်။

သောမတ်စ်အိုဟေး ကွင်တားနား နှင့်တွေ့ဆုံစဉ်က ဒေါ်အောင်ဆန်းစုကြည်

ပုဂံစာပေတိုက်က ထုတ်တဲ့ ၈၈ သတင်းစာရှင်းလင်းပွဲစာအုပ်

Uploaded by BurmaVJMedia on Feb 21, 2012

ပုဂံစာပေတိုက်က ထုတ်ဝေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များရဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲ ဖြစ်တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေကို ကောက်နုတ်ထားတဲ့
ကောက်နုတ်ချက်များ စာအုပ်ရောင်းချပွဲကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့လည် ၂ နာရီက ရန်ကုန်မြို့၊ ရန်ကင်းစင်တာမှာ ပြုလုပ်ခဲ့ပါတယ်။ ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုဂျင်မီ၊ ကိုအံ့ဘွယ်ကျော်နဲ့ ကိုမျိုးအောင်နိုင် စတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ကိုယ်တိုင် စာအုပ် ဝယ်တဲ့သူတွေကို လက်မှတ်တွေအမှတ်တရ ရေးထိုးပေးခဲ့ကြပါတယ်။
အဲ့ဒီ စာအုပ် ရောင်းချပွဲကို နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေ၊ သတင်းထောက်တွေနဲ့ စာအုပ်ဝယ်ယူမယ့် ပရိသတ်တွေ လာရောက် အားပေးခဲ့ကြပါတယ်။

၈၈ မျိုးဆက်တွေ ဇလွန်ပြည်သူတွေနှင့် တွေ့ဆုံ

Uploaded by BurmaVJMedia on Feb 21, 2012

'၂၀၁၂ ဟာ မာယာပြက္ခဒိန်အရတော့ ကမ္ဘာပျက်မယ့်နှစ် ဖြစ်တယ်လို့ ဆိုပါတယ်၊ ကမ္ဘာပျက်မယ့်နှစ်မှာ ကျနော်တို့ပြည်သူတွေ တကယ် ညီညွတ်ရင် ကျနော်တို့ နိုင်ငံသစ် တည်နိုင်ပါတယ်၊ အားလုံး ယုံကြည်ရဲ့လား၊ ကမ္ဘာပျက်မယ့်နှစ်မှာ နိုင်ငံသစ် တည်နိုင်အောင် ကျနော်တို့ ပြည်သူတွေနဲ့ ကျနော်တို့ လက်တွဲပြီးတော့ တကမ္ဘာလုံးက လေးစားရတဲ့ နိုင်ငံသစ်ဖြစ်အောင် စပြီးတော့ တည်ဆောက်ကြပါစို့' လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ဇလွန်မြို့သူမြို့သားတွေကို ပြောဆိုလိုက်ပါတယ်။ ဇလွန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တွေ့ဆုံတဲ့ ဒီအခမ်းအနားမှာ အဖွဲ့ချုပ်အဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက အသီးသီး မိတ်ဆက် စကားပြောခဲ့ကြပါတယ်။ အဲ့ဒီနောက် ကိုမင်းကိုနိုင်ဦးဆောင်တဲ့ အဖွဲ့က ဓနုဖြူမြို့ကို ဆက်လက် ထွက်ခွာသွားခဲ့ကြပါတယ်။



၈၈ မျိုးဆက်တွေရဲ့ ပထမဆုံး ခရီးစဉ်ဖြစ်တဲ့ ဟင်္သာတခရီးစဉ်နှင့်ပတ်သတ်၍ ကိုမင်းကိုနိုင်နှင့် အင်တာဗျူး

ကမ္ဘာကြီးကိုပြောပါရစေ ကော့မှူးသမိုင်းမရိုင်းစေရပါဘူး




ဒီနှစ် ပို့ကုန်ကျဆင်းရတာက ငွေဈေးမတည်ငြိမ်လို




ယခုနှစ်သွင်းကုန် ပမာဏ ယခင်နှစ်ကထက် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံနီးပါး ပိုမိုမြင့်တက်နေ၊ ဘဏ္ဍရေးနှစ် ကုန်ဆုံးရန် ရက် ၅၀ ကျန်ရှိသည့် အချိန်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏ ယခင်နှစ်ပမာဏကို ကျော်တက်ပြီး အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံနီးပါး ရှိလာ

7214
ရန်ကုန်မြို့ရှိ မြန်မာ့စက်မှု ဆိပ်ကမ်း တစ်နေရာ
ယခုဘဏ္ဍာနှစ် ကုန်ဆုံးရန်အတွက် ရက် ၅၀ ကျန်ရှိသည့် အချိန်၌ပင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ မှာ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလျံထိရှိလာပြီး ယခင်နှစ်တစ်နှစ်လုံး ကုန်သွယ်မှုပမာဏကို ကျော်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။
ယခုဘဏ္ဍာနှစ်တွင် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ စာရင်းများအရ ပို့ကုန်ပမာဏထက် သွင်းကုန်ပမာဏက ပိုမိုမြင့်တက်လျက် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

သွင်းကုန် ဒီနှစ်မြင့်တက်ရတဲ့ အနေအထားက စားအုန်းဆီ၊ မော်တော်ယာဉ်၊ စက်သုံးဆီဆိုတဲ့ အရင်တုန်းက လက်ဝါးကြီးအုပ် ကန့်သတ်ကုန်တွေကို ဒီနှစ်မှာအကုန် ခွင့်ပြုလိုက်တဲ့အတွက် သွင်းကုန်ပမာဏ က မြင့်တက်ခဲ့တယ်လို့ မြင်တယ် 
သွင်းကုန်ပမာဏမှာ ဘဏ္ဍာနှစ် ကုန်ဆုံးရန်အတွက် ရက် ၅၀ ကျန် ရှိနေသေးသည့် အချိန်၌ပင် ယခင်နှစ်တစ်နှစ်လုံး တင်သွင်းမှုပြုခဲ့သည့် ပမာဏထက် အမေရိကန်ဒေါ် လာ ၁ ဒမသ ၃ ဘီလျံပိုမိုမြင့်တက် လျက်ရှိကြောင်း၊ ဘဏ္ဍာနှစ်ကုန် အထိဆိုပါက ယခင်တစ်နှစ်လုံး တင်သွင်းမှုပြုခဲ့သည့် ဒေါ်လာ ၆ ဒသမ ၄ ဘီလျံထက် ၂ ဘီလျံဝန်းကျင် ထပ်မံမြင့်တက် သွားနိုင်ကြောင်းလည်း သိရသည်။
ယခုဘဏ္ဍာနှစ်တွင် ပို့ကုန် ပမာဏမှာ ဘဏ္ဍာနှစ် ကုန်ဆုံးရန် ရက် ၅၀ လိုနေသေးသည်ဟု ဆိုသော်လည်း ယခင်နှစ်က တင်ပို့ခဲ့သည့် ပမာဏထက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကျော် လျော့နည်းလျက်ရှိရာ ယခုနှစ်ပို့ကုန်မှာ ကျဆင်းမည့် အနေအထားရှိကြောင်း ထုတ်ပြန်ထားချက် များအရ သိရသည်။
သွင်းကုန်ပမာဏ မြင့်တက်ရသည့် အဓိက အကြောင်းရင်းမှာ ယန္တရား၊ မော်တော်ယာဉ်များ တင်သွင်း ခွင့်ပြုခဲ့ခြင်း၊ စားအုန်းဆီတင်သွင်း ခွင့်အား လွတ်လပ်စွာပြုခဲ့ခြင်း၊ စက်သုံးဆီ တင်သွင်းခွင့်ကန့်သတ်မထား ခြင်းများကြောင့် ဖြစ်ကြောင်း သိရသည်။
“သွင်းကုန်ဒီနှစ် မြင့်တက်ရတဲ့ အနေအထားက စားအုန်းဆီ၊ မော်တော်ယာဉ်၊ စက်သုံးဆီဆိုတဲ့ အရင်တုန်းက လက်ဝါးကြီးအုပ်ကန့်သတ် ကုန်တွေကို ဒီနှစ်မှာ အကုန်ခွင့်ပြုလိုက်တဲ့အတွက် သွင်းကုန်ပမာဏ က မြင့်တက်ခဲ့တယ်လို့မြင်တယ်။ နိုင်ငံတစ်နိုင်ငံမှာ သွင်းကုန်ထက် ပို့ကုန်ပမာဏက ပိုများရမယ်လို့ တစ်ထစ်ချတော့ မှတ်ထားလို့ မရဘူးလေ။ အဓိက အချက်ကတော့ ပို့ကုန်တင် ပို့တဲ့နေရာမှာ ငွေဈေးကြောင့် မတည် မငြိမ်မဖြစ်ဖို့ အဓိကကျတယ်။ ဒီနှစ် ပို့ကုန်ကျဆင်းရတာက ငွေဈေးမတည်ငြိမ်လို့ပဲ”ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။

http://www.weeklyeleven.com

ကြံ့ဖွံ့ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေး အစည်းအဝေး စာတမ်း



Min Kyaw Khine

“ဒီမိုကရေစီ အော်တိုင်းပြေးပေလိမ့်”


by Ko Htoo on Tuesday, February 21, 2012 at 1:55am ·

ရသမျှတွေအကုန်ဘုံး
သုံးလို့ကုန်တော့ လက်ရှောင်
ပြုံးမယောင်ယောင် မျက်နှာပေးနဲ့
ကမ္ဘာကိုလေချိုသွေးတယ်
ဒီမိုကရေစီလူ့ဘောင်ကို သွားကြရအောင် တဲ့…..။

သနပ်ခါးပါးပါး မျက်နှာပေါ်တင်
ပေါင်ကြားမှာ သေးရာမစင်တယ်
ကြံ့ဖွတ်အစိုးရ အပုပ်ကောင်ရယ်
ယုတ်မာပုံ ကျော်မကောင်း။

မဟနကို ခြေတော်တင်
သံဃာကို မြိုင်ရပ်နှင်တဲ့
ရင်နာစရာ ဒီဖြစ်အင်
ဘုရာ့သာသနာ ဆွေးဖို့အရေးမို့
တွေးမိရင် တကယ်ရင်လေး…..။

ထမင်းမ၀လို့ ဆန္ဒပြ
အလုပ်သမားဘ၀လည်း လျစ်လျူရှု၊
လယ်မြေတွေသိမ်းလို့
ယိမ်းယိုင်နေတဲ့ ဘ၀တွေအတွက်
တည့်မတ်ပေးဖို့လည်း မကြိုးစား၊
မလျော်ကန်တဲ့ လုပ်ဇာတ်နဲ့
ဂျပန်အစုတ်အပြတ်ကိုလည်း ဖွက်လိုဖွက်၊
နက်သထက်နက်တဲ့ သူ့ကျွန်တွင်း
ပြည်သူကို ဆွဲသွင်းနေရော့သလား
ဒင်းတို့ ဆောင်းထားတဲ့မင်းသားခေါင်း
တဖြည်းဖြည်းနဲ့ စောင်းလာပြီ။

တိုက်ပွဲသံတွေ တညံညံနဲ့
ငြိမ်းချမ်းရေးကို ဖော်ဆောင်
နင်လားဟဲ့ မခုတ်တတ်တဲ့ကြောင်
လုပ်ရပ်က အထုတ်ဖြည်ပြနေတော့
စင်ပေါ်က ကို့ရိုးကားယားသဏ္ဍာန်
သိုးရေလေး မလုံ့တလုံဖုံးပါလို့
အစွယ်တပြူးပြူးနဲ့ တကယ့်ဝံပုလွေအရူး……။

အာဏာရှင်ထိုင်ခုံလှုပ်မယ့်
ဖွဲ့စည်းပုံအစုတ်ကိုတော့ အထိမခံ
သခင့်သစ္စာစောင့်သိသည့်ဟန်
မြင်မြင်ရာထိုးလို့ဟောင်တယ်
ဗြောင်ကျကျ ခွေးပမာသို့နှယ်……….။

ရှေ့မှာထွက်တော့ အပျိုတော်အက
ဟန်ရေးပြတော့ တကယ်ကောင်း
အောက်စဟောင်းလောင်းနဲ့ ဘီလူးဆိုင်းတီး
ဒီပုံစံ ဒီနည်းလမ်းတွေနဲ့
ဒီမိုကရေစီစခန်း မြန်းကြလျှင်ဖြင့်
ပင်ပန်းကြရုံသာအဖတ်တင်
ရွှေပြည်တော် မျှော်တိုင်းဝေးပေလိမ့်
သြော်………..
ဒီမိုကရေစီ အော်တိုင်းပြေးပေလိမ့်………။

မောင်ပါလ
၂၁.၂.၂၀၁၂