Wednesday, February 22, 2012

မြစ်ကြီးနားခရီးစဉ်ကို စတင်ဖို့ အမေစု ရန်ကုန်လေဆိပ်သို့ရောက်ရှိ

Bagan Minmin Oo

ဒီနေ့ ရန်ကုန်လေယာဉ်ကွင်းမှာ နှင်းတွေ အရမ်းကြနေပါတယ်။ အမေစု၏ မြစ်ကြီးနားခရီးစဉ်ကို စတင်ဖို့ ၂၃-၂-၂၀၁၂နေ့ နံက် ၆း၂၈ မှာဘဲ အမေစု ရန်ကုန်လေဆိပ်သို့ရောက်ရှိလာပါပြီ။







Yangon Press International

ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေး ခရီးစဉ်အား ကြိုဆိုရန် မြစ်ကြီးနားမြို့ အန်အယ်လ်ဒီရုံး တွင်ပြင်ဆင်ထားသည်ကို ဖေဖေါ်ဝါရီ ၂၂ ရက်နေ့က ယခုကဲ့သို့ တွေ့မြင်ရသည်။



Yangon Press International
ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားခရီးစဉ် အသေးစိတ်

ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၂ (YPI)

မနက်ဖြန်တွင် စတင်မည့် ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် ခရီးစဉ် အချိန်ဇယား
၁ ၊ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ မြစ်ကြီးနားမြို့ရောက်ရှိမည်၊ မိုးကောင်းသို့ သွားရာတွင် နမ္မတီး ကျေးရွာတွင် ၄၅ မိနစ်ခန့် နားမည်ဖြစ်သည်။

၂။ ထို့နောက် မိုးကောင်းသို့ ထွက်ခွာမည်ဖြစ်ကာ အိုးတန်း ဘောလုံးကွင်တွင် ဟောပြောကာ နေ့လည်စာစားမည်ဖြစ်သည်။

၃။ ယင်းနေ့ည ၇ နာရီတွင် မနောကွင်း မဂျွယ် ခန်းမတွင် တိုင်းရင်းသားခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ နှင့် ညစာစားမည်ဖြစ်သည်။

၎။ ၂၄ ရက်နေ့ နံနက် ၉ နာရီတွင် မနောကွင်း၌ လူထုဟောပြောပွဲ ဟောပြောမည်ဖြစ်ကာ ယင်းနေ့ညနေတွင် ဗန်းမော်သို့ ထွက်ခွာမည်ဖြစ်သည်။

အစီအစဉ်ထဲတွင် အချိန်မရေးသားထားသော်လည်း မြစ်ကြီးနားတွင် ရှိစဉ် အကျဉ်းထောင်တွင်းရှိ အမျိုးသမီး နှင့် ကလေးများအား လက်ဆောင်ပေးရန် ရှိသည်ဟု မြစ်ကြီးနား အန်အယ်လဒီရုံးမှ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ ယခု မြစ်ကြီးနား ခရီးစဉ်သည် ၁၉၈၈ နောက်ပိုင်း တတိယမြောက် ခရီးစဉ်ဖြစ်သည်။ ဒုတိယခရီးစဉ်မှာ ၂၀၀၃ ခုနှစ်က သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ဘယ်တော့မှနောက်ပြန်မလှည့်ဘူး

ကာတွန်းအောင်မော် facebook



ဒေါ်အောင်ဆန်းစုကြည် ၏ မိသားစုဝင် အမိုး ဒေါ်သန်းသန်းလေးရဲ့ ဝမ်းသာပီတိသံ

By Popular Myanmar News Journal
အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့ နယ်၊ ၀ါးသင်္ခ ကျေးရွာ မှာ ဒေါ်သန်းသန်းလေး အိမ်တွင် အိမ်ထောင်စု သန်းခေါင်စာရင်းဝင်ခဲ့သည်။ အခုလို သန်း ခေါင်စာရင်း ၀င်ခဲ့တဲ့ အတွက် မိသားစုဝင်ဖြစ်ကြတဲ့ အမိုး ဒေါ်သန်းသန်းလေး ရဲ့ ဝမ်းသာ ပီတိသံကို မေးကြည့်ရာ " " ဒီအိမ်မှာက မိသားစုဝင် စုစုပေါင်း ( ၉ ) ယောက်ရှိပါတယ်။ အကြီးဆုံးက ရီရီလွင်၊ ကျော်ဦးလွင်၊ နော်ကူးမ၊ ကျော်စွာမင်း၊ နော်ဖောလ၊ မယ်ပွား၊ မီးမီးပွား တို့ ဖြစ်ပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် တိုးလာပြီ။ အဲဒီအပေါ်မှာလည်း အရမ်းဝမ်းသာသလိုကျေးဇူးလည်းတင်တယ်၊ ၀ါသင်္ခရွာအနေနဲ့လည်း ဂုဏ်ယူတယ်၊ ၀မ်းလည်းသာသလို အားလည်းပေးကြတယ်၊ ကရင်တွေပီပီ တစ်ဦးချင်းမဟုတ်ပဲ အားလုံးတစ်ညီတစ်ညွတ်တည်း အားပေးကြတယ်၊ ဒီအိမ်ကို ဒေါ်အောင်ဆန်းစုကြည် တစ်ကြိမ်ပဲရောက်ဖူးသေးတယ်၊ သူ့ ကိုတွေ့ တွေ့ ချင်းအရမ်းဝမ်းသာတယ်၊ သူကလည်း ဒီအိမ်မှာ မိသားစုဝင်ဖြစ်တဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ အဲဒီနေ့ က သူအများကြီးပြောတယ်” လို့ ပြောပါတယ်။ ဆက်လက်ပြီး ဒေါ်သန်းသန်းလေးက ပိုးကရင်ဘာသာစကားဖြင့် “ဆခုတ်ဆတား” (ကျေးဇူးတင်ပါတယ်) လို့  ပေါ်ပြူလာဂျာနယ်ကို ပြောကြားခဲ့ပါတယ်။





"ဒေါ်နေရီဗဆွေ ဒီချုပ်သို့ ဝင်ပြီ"

Popular Myanmar News Journal


ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၏သမီး ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ အတွင်းရေးမှူး
ဒေါ်နေရီဗဆွေအား ပါတီသို့ လာရောက် လျှောက်လွှာတင်စဉ်ကတည်းက ပါတီဝင်အဖြစ် လက်ခံထားပြီးဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ဝ ရက် ဒီချုပ်ရုံး၌ ပြုလုပ်သော သတင်း စာရှင်းလင်း ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ပြောသည်။ ''သူ့ကို လက်ခံပြီးပြီ။ သူ ပါတီဝင် မလျှောက်ခင်ကတည်း က ကျွန်တော်တို့နဲ့ တွေ့ပါတယ်။ ကျွန်တော် တို့က သူ့ကို လျှောက်လွှာတင်တာနဲ့ တစ်ခါတည်း လက်ခံလိုက် တယ်'' ဟု ဦးဥာဏ်ဝင်းက ပြောသည်။ လက်ရှိ၌ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်သည် လျှောက် လွှာတင်ထားသူများအား ပါတီဝင်အဖြစ် တစ်နေ့လျှင် ဦးရေ တစ်ရာခန့် ထုတ်ပြန်ပေးနေ ကြောင်း သိရသည်။ ''ကျွန်တော်တို့က လျှောက် လွှာတင်တဲ့ဟာ အားလုံးလက်ခံ တယ်။ တချို့တွေ စိစစ်မယ်ဆို တာက NLD ပါတီမှာ လုပ်ဖူး တယ်။ ပြန်ထွက်သွားတယ်။ ဒါမျိုးရှိတဲ့ သူတွေ သူ့အခြေအနေ နဲ့ စိစစ်မယ်။ ကျန်တဲ့ သာမန် ကိစ္စ ဘယ်သူ့ကိုမှ မစိစစ်ဘူး'' ဟု ဦးဥာဏ်ဝင်းကရှင်းပြသည်။ ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ ၏သမီး ဒေါ်နေရီဗဆွေသည် ၂ဝ၁ဝရွေးကောက်ပွဲ မတိုင်မီက ဦးသုဝေ ဦးစီးတည်ထောင်သော ဒီမိုကရက် တစ်ပါတီ(မြန်မာ)တွင် ပါဝင်ခဲ့ပြီး ၄င်းနှင့်အတူ ဝန်ကြီးချုပ်ဟောင်း ဦးနု၏သမီး ဒေါ်သန်းသန်းနု၊ ဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏သမီး ဒေါ်ချိုချိုကျော်ငြိမ်းတို့ ပါဝင်ခဲ့သည်။ ယင်းနောက် ဒေါ်နေရီဗဆွေသည် ၂ဝ၁ဝ နိုဝင်ဘာ ၇ ရက်ရွေး ကောက်ပွဲ၌ စမ်းချောင်းမြို့နယ် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်၌ ဝင်ရာက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သို့ ဒေါ်နေရီဗဆွေဝင်ရောက်ခြင်းနှင့် ပတ်သက် ၍ ဖေဖော်ဝါရီ ၁၉ ရက် က ၄င်းအား ပေါ်ပြူလာ နယူးစ် မှမေးမြန်းရာ ပါတီဝင် ဖြစ် မဖြစ် မည်သို့မျှ မပြောနိုင်သေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်သည်၎င်းတို့ ပါတီမှ နုတ်ထွက် ၍ အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီအမည်ဖြင့် ၂ဝ၁ဝရွေးကောက်ပွဲ ဝင်ခဲ့သူ လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ မြတ်ဥာဏစိုး အား ပါတီဝင်အဖြစ် ပြန်လည် လက်ခံကာ ၄င်းတို့ပါတီ၏ ပထမဆုံး လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဖေဖော်ဝါရီ ၂ဝ ရက် နေ့က ကြေညာခဲ့သည်။''ကျွန်တော် ပြည်သူကို မလိမ်ချင်ပါဘူး။ခမောက်ဆိုတာ NLD ရဲ့ကိုယ်ပွားတစ်ခုပါ။ ဒါကြောင့် ဒီပါတီကို ဝင်ခွင့်ပြန် လျှောက်တာ'' ဟု ဒေါက်တာမြတ်ဥာဏ စိုးက ၄င်းအား အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ ပထမဆုံး လွှတ်တော် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုကြေညာ ချက်နှင့် NDF ပါတီမှ နုတ်ထွက် ခဲ့ရခြင်းအပေါ် မှတ်ချက်ပြုပြောကြားခဲ့သည်။ ဦးခင်မောင်ဆွေနှင့် ဒေါက်တာ သန်းငြိမ်း ဦးဆောင်သော NDF ပါတီသည် ၂ဝ၁ဝ ရွေး ကောက်ပွဲ၌ လွှတ်တော်ကိုယ် စားလှယ် ၁၆ ဦး ရွေးချယ်ခံခဲ့ ရသော်လည်းလွှတ်တော်ကိုယ် စားလှယ်အချို့မှာ ယခုအခါပါတီ မှ နုတ်ထွက်သွားပြီ ဖြစ်သည်။


ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေနှင့် ဒေါ်သန်းသန်းနု....

BANGKOK...ကဆေးရုံတစ်ရုံကဆေးခန်းလာပြမဲ့လူတွေအဆင်ပြေအောင်.....ရန်ကုန်လေဆိပ်မှာထဲကလူတစ်ယောက်ကို'SIM CARD'တစ်ကဒ်စီအလကားပေးလိုက်တယ်

Yan Yan Chan


တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားအများစု၏ ဥပဒေကြောင်းအရ ဆောင်ရွက်ရသည့်ကိစ္စ နှင့် အလုပ်သမား သမဂ္ဂ ဖွဲ့စည်းရေးကိစ္စ သတင်းစာရှင်းလင်းပွဲဖိတ်ကြားလွှာ




နှလုံးသားတွေလှူတဲ့နေ့အလှူငွေပေးအပ်မှု

၁၇.၂.၂၀၁၂ (သောကြာနေ့) ည (၇း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံ၌ ကျင်းပခဲ့သော ဆောင်းဦးလှိုင်(တစ်ကိုယ်တော်) ဖျော်ဖြေမှု “နှလုံးသားတွေလှူမယ့်ည” တေးဂီတ ဖျော်ဖြေ ပွဲတွင် ရရှိသမျှ ဝင်ငွေအားလုံး (၁၂၆) သိန်းတိတိအား သုံးပုံခွဲ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ ၈၈ ကျောင်းသားများအဖွဲ့တို့အား လှူဒါန်းပြုလုပ်မည် ဖြစ်သော်ငြားလည်း ယင်းည ဖျော်ဖြေပွဲ၌ စင်မြင့်ပေါ်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌနှင့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့အား တက်ခွင့် မပြုခြင်း၊ အသင်း၏ ယူနီဖောင်းဖြစ်သော အဖြူအနက် ဝတ်စုံတို့အား လဲလှယ်ခိုင်းခြင်း၊ နာရေးကူညီမှု အသင်း(ရန်ကုန်) မော်တော်ယာဉ်များအား အမျိုးသားကဇာတ်ရုံ ဝင်းအတွင်းသို့ ဝင်ရောက်ခွင့် မပြုခြင်း စသည့် အခက်အခဲ အပိတ်အပင်များကြောင့် စင်မြင့်ထက်ပေါ်တွင် အလှူရှင် ပွဲကြည့်ပရိသတ်များ ရှေ့မှောက်၌ အလှူငွေပေးအပ်မှုကို မပြုလုပ်နိုင်ခဲ့ချေ။ ထို့ကြောင့် အလှူရှင် ပွဲကြည့်ပရိသတ်များ အနေဖြင့်လည်း မုဒိတာပွား၍ သာဓု မခေါ်ဆိုနိုင်ခဲ့ချေ။ သို့သော် နှလုံးသားတွေလှူမယ့်ညသည် မထင်မှတ်ဘဲ အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။ “နှလုံးသားတွေလှူမယ့်ည” အလှူပွဲအား ညအချိန်တွင် လှူဒါန်းမှုမပြုလုပ်နိုင်ခဲ့သော်လည်း ယနေ့ ၂၂.၂.၂၀၁၂ (ဗုဒ္ဓဟူးနေ့) နေ့လည် (၂း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာ မြောက်ဒဂုံမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအလှူပွဲအား နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်း သူ/သားများ၊ ကိုဆောင်းဦးလှိုင်၏ ဂီတသမားများ၊ အမာခံပရိသတ်များ၊ အလှူရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ၈၈ ကျောင်းသားများဖြင့် စုံညီစွာကျင်းပခဲ့သည်။ အခမ်းအနားတွင် ဒုဥက္ကဋ္ဌ ဒေါ်သန်း မြင့်အောင်မှ အဖွင့်အမှာ စကားပြောကြားရာတွင် “ယနေ့ပွဲသည် ငြိမ်းချမ်းရေး အစစ်အမှန် မရရှိသေးသော မိမိတို့နိုင်ငံတွင် မိမိတို့ သက်ဆိုင်ရာနယ်ပယ်များမှ နည်းမျိုးစုံဖြင့် ဖော်ဆောင်နေသူများစုံစည်း ရာပွဲ ငြိမ်းချမ်းရေးလူသားများတွေ့ဆုံသည့်ပွဲ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကိုဆောင်းဦးလှိုင်မှ လှူဒါန်းရခြင်း ရည်ရွယ်ချက်များနှင့် ဂီတဖျော်ဖြေပွဲ၏ အခက်အခဲများကို တင်ပြသွားခဲ့သည်။ ထို့နောက် ၈၈ ကျောင်းသား အဖွဲ့ကိုယ်စား ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်အား အလှူငွေ ၄၂၀၀၀၀၀ိ/- (လေးဆယ့် နှစ်သိန်း) ကျပ်တိတိကို ပေးအပ်လှူဒါန်းခဲ့ပြီး ကိုမင်းကိုနိုင်မှ ကျေးဇူးတင်စကားအား ကြေကွဲစွာဖြင့် ပြောကြားခဲ့ကာ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူထံသို့ ကိုဆောင်းဦးလှိုင်မှ အလှူငွေ ၄၂၀၀၀၀၀ိ/- (လေးဆယ့်နှစ်သိန်း)ကျပ် တိတိအား လှူဒါန်းခဲ့သည်။ ဥက္ကဋ္ဌ ဦးကျော်သူမှ ကျေးဇူးတင်စကား ပြောကြား ရာတွင် “ကျွန်တော်တို့သည် ရေကန်ထဲမှ ငါးများဖြစ်ခဲ့ပါက …. အချို့သည် ပိုက်ကွန်ဖြင့် အုပ်ခံကာ ဖမ်းဆီးခံရသည်။ အချို့သည် ယမ်းပျော့ဖြစ် ဖောက်ခွဲ၍ သေကြေခဲ့ရသည်။ အချို့သည် ငါးမျှားချိတ်တွင် ငါးစာချိတ်၍ ဖြားယောင်းကာ အဖမ်းခံခဲ့ရသည်။ ထိုအထဲတွင် ကျွန်တော်တို့သည် အရှင်လတ်လတ် ကုန်းမြေပေါ်သို့ ပစ်တင်ခံခဲ့ရသည်” ဟု တင်စားပြောကြားခဲ့သည်။ ယင်းနောက် ကိုဆောင်းဦးလှိုင်မှ လှူဒါန်းရန် ကျန်ရှိသော ၄၂၀၀၀၀၀ိ/- (လေးဆယ့်နှစ်သိန်း)ကျပ်တိတိအား အများဆန္ဒဖြင့် မျိုးဆက်သစ်ဂီတဖျော်ဖြေပွဲတစ်ပွဲ ထပ်မံ၍ အလှူဒါန မတည်ငွေအဖြစ် အသုံးပြုရန် ဆုံးဖြတ်မှုကို ပြုလုပ်ခဲ့သည်။ ထို့နောက် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် ကိုဆောင်းဦးလှိုင်၏ “နှလုံးသားတွေလှူမယ့်ည” ဂီတဖျော်ဖြေပွဲ ကျင်းပနေချိန်တွင် အပိတ်အပင် အတားအဆီးများကြောင့် လူကိုယ်တိုင် ဂီတဖျော်ဖြေပွဲသို့ မတက်ရောက်နိုင်ဘဲ မိမိ၏ နေအိမ်တွင် သူ၏နှလုံးသားဖြင့် ကြေကွဲစွာရေးဆွဲခဲ့သော ကိုဆောင်းဦးလှိုင်၏ ပုံတူပန်းချီကားအား အမှတ်တရအဖြစ် လက်ဆောင် ပေးအပ်ခဲ့သည်။ စာနယ်ဇင်းများကိုယ်စား နာရေးကူညီမှုအသင်း(ရန်ကုန်) ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း၌ လုပ်အားပေးဆရာဝန်အဖြစ် တာဝန်ယူနေသော စာရေးဆရာမ ဒေါက်တာ မသီတာ(စမ်းချောင်း)မှ ကျေးဇူးတင်စကားပြောကြားရာတွင် အစဉ်အလာဟောင်းများကို ဆွဲကိုင်ရင်း အစဉ်အလာသစ်သို့ ဖောက်ထွက်ခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ၈၈ ကျောင်းသားအဖွဲ့ နှစ်ခုတို့၏ ထူးခြားသော ဝိသေသများကို ဂုဏ်ပြုပြောကြားခဲ့ကာ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှ နှလုံးသားတွေ လှူသည့်ပွဲ အခမ်းအနား မပြီးဆုံးခင် အပိတ်စကား ကျေးဇူးတင်စကားပြောကြားရာတွင် “ကျွန်မသည် မနေ့ညတွင် အင်တာနက်ကြည့်မိရာမှ ၂၃.၂.၂၀၁၂ ရက်နေ့တွင် ၈၈ ကျောင်းသားခေါင်းဆောင်များအဖွဲ့သည် ကချင်ပြည်နယ်ရှိ စစ်ဘေး ဒုက္ခသည်များထံ သွားရောက်၍ အားပေးစကားနှင့် အင်အားများ တိုးပွားစေရန် သွားရောက်တွေ့ဆုံကြမည် ကို သိရှိရပါ၍ ယနေ့နံနက် အသင်းသို့ရောက်လျှင်ရောက်ခြင်း စစ်ဘေးဒဏ်ခံနေရသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် ယခင်ကလည်း မိမိတို့ကိုယ်တိုင် မြစ်ကြီးနားနှင့် ဗန်းမော်မြို့တို့တွင် အလှူငွေ လေးရာသုံးဆယ်ကျပ်နှင့် အဝတ်အထည်များ စုစုပေါင်း တန်ဖိုးကျပ် သိန်းငါးရာကျော် လှူဒါန်းခဲ့ပြီး သော်လည်း ယခုထပ်မံ၍ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် အလှူငွေများ လိုအပ် နေသည်ကို သိရှိရပါ၍ ၈၈ ကျောင်းသားခေါင်းဆောင်အဖွဲ့နှင့် တစ်ဆင့်လှူဒါန်းမှုကို ပြုလုပ်ချင် ကြောင်း ဆွေးနွေးတိုင်ပင်ခဲ့ကာ အလှူငွေကျပ် သိန်းတစ်ရာတိတိအား ဒီအခမ်းအနားတွင် တစ်လက်စ တည်း ၈၈ ကျောင်းသား ခေါင်းဆောင်အဖွဲ့အား လှူဒါန်းမည်ဖြစ်ကြောင်း” ပြောကြားခဲ့ကာ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် တတိယအကြိမ်အဖြစ် အလှူငွေကျပ် သိန်းတစ်ရာတိတိအား ၈၈ ကျောင်းသား ခေါင်းဆောင်များထံ ပေးအပ်လှူဒါန်းခဲ့သည်။ ယင်းကဲ့သို့ နှလုံးသားများလှူတဲ့နေ့တွင် လှူဒါန်းမှုများ အသီးသီးပြုလုပ်နိုင်ခဲ့ခြင်းသည် ကိုဆောင်း ဦးလှိုင်အား လာရောက်အားပေးကြသော အများပြည်သူများနှင့် လူမှုရေးလုပ်ငန်းများအား နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်ရှာဖွေရေးနှင့် သဘာဝဘေးဒဏ်များအပြင် စစ်ဘေးဒုက္ခသည်များ အတွက် ကူညီဖေးမ ထောက်ပံ့မှုများကို တတ်စွမ်းသရွေ့ ပေးဆပ်နေသော နာရေးကူညီမှုအသင်း (ရန်ကုန်)အား လာရောက်လှူဒါန်းမှုများကို ပြုလုပ်ကြသော အများပြည်သူ အလှူရှင်များ၏ ကောင်းမှု တို့ပင်ဖြစ်ပါသည်။ ထို့ကြောင့် ယနေ့ ၂၂.၂.၂၀၁၂ ရက်နေ့တွင် ကျင်းပခဲ့သော နှလုံးသားတွေလှူသောနေ့ အလှူပွဲကြီးအား အများပြည်သူ နတ်လူသာဓု ခေါ်ဆိုနိုင်ရန်အတွက် တင်ပြလိုက်ရပါသည်။
By: Kyaw Thu









"၈၈ မျိုးဆက်ကျောင်းသား များမှ ကချင်ပြည်နယ် စစ်ဘေးသင့် တိုင်းရင်းသား များထံ အလှူငွေများ သွားရောက်လှူဒါန်းမည်။"

၈၈ မျိုးဆက် ကျောင်းသား များက ဖေဖော်ဝါရီ ၂၃ ရက်နေ့ မှာ ကချင်ပြည်နယ်ကို သွားရောက်ပြီး စစ်ဘေးသင့် တိုင်းရင်းသားများ အတွက် အလှူငွေများ သွားရောက် လှူဒါန်းဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ အဆိုပါ ၈၈ မျိုးဆက် ကျောင်းသားများ သွားရောက် လှူဒါန်းရာတွင် နာရေး ကူညီမှု အသင်း(ရန်ကုန်) ကလည်း အလှူငွေ ကျပ်သိန်း ၁၀၀ ထည့်ဝင်ခဲ့ပါတယ်။
Popular Myanmar News Journal


ဇေယျာသော်ဝင်ပြိုင်မည့်ပုဗ္ဗသီရိမြို့အိမ်စုများ

Hawdeka Aethae facebook













အမေစုကိုနုတ်ဆက်ခွင့်ပေးမယ်ဝါးလုံးမြေပေါ်မကျစေနဲ့




BurmaVJMedia
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တတိယအကြိမ်မြောက် ကော့မှူးမဲဆွယ်ခရီးစဉ်

စိတ်တည်ငြိမ်မှု အားကောင်းတဲ့ အပြင် ကျန်းမာရေးလဲ ကောင်းဆဲ ဒေါ်အောင်ဆန်းစုကြည်

Uploaded by BurmaVJMedia on Feb 22, 2012

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ကရုဏာလရိပ် လူမှုရေးကူညီမှုရုံးခန်းမှာ သတင်းထောက်တွေကို ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံအနှံ့ နယ်မြို့အသီးသီးကို ရွေးကောက်ပွဲ အောင်နိုင်ရေးခရီးစဉ်တွေ ဆက်တိုက် ထွက်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သတ်ပြီး ပြည်သူတွေကို မစိုးရိမ်ဖို့နဲ့ ကျန်းမာရေး ကောင်းမွန်တဲ့အကြောင်း မိသားစုဆရာဝန်ဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်းက ပြောဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန်အဖြစ် ဒေါက်တာတင်မျိုးဝင်းအပြင် ဒေါက်တာပြုံးမိုအိကလဲ ကူညီစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တတိယအကြိမ်မြောက် ကော့မှူး မဲဆွယ်ခရီးစဉ်

Burma VJ Media Network

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ဧပြီလ ၁ ရက်နေ့ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရေးအတွက် သူဝင်ရောက်ယှဉ်ပြိုင်အရွေးခံမယ့် ကော့မှူးမြို့နယ်မှာ မဲဆွယ်စည်းရုံးရေးလုပ်ဖို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက် ၇ နာရီက သွားရောက်ခဲ့ပါတယ်။ ကော့မှူးမြို့နယ်ကို သွားရာလမ်းတစ်လျှောက် ကျေးရွာတွေက ဒေသခံပြည်သူတွေနဲ့ ကျောင်းသူကျောင်းသားတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အဖျောက်ကျေးရွာနဲ့ ၀ါးဘလောက်ကျေးရွာတွေမှာ မိန့်ခွန်းပြောသွားခဲ့သလို ဆင်ခြံကျေးရွာမှာရှိတဲ့ အောင်ဇမ္ဗူ ပရဟိတ လူငယ်သင်တန်းကျောင်းအတွက် ဗလာစာအုပ်တွေ ၊ ဆေးဝါးတွေ နဲ့ အောင်ဇမ္ဗူပရိယတ္တိ ဘုန်းတော်ကြီးကျောင်းက ဆရာတော်တွေကိုလည်း သင်္ကန်းကပ် လှူခဲ့ပါတယ်။