Thursday, February 23, 2012

ကိုဇာဂနာနှင့်ဆန်ဖရန်စစ်စကို(ဘေးဧရိယာ)တွေ့ ဆုံပွဲ

ဂျပန်စကားပြန်နဲ့ တရားရုံးမှာစောင့်ခဲ့သော်လည်း

Undated situation of Myanmar hotel staff Aye Aye Kyi and the Japanese Tourist.
ယနေ. နံနက် ၉ နာရီအရောက် Orchid ဟိုတယ်သို.ကျွန်တော်သွားခဲ.ပါတယ် ။
ကျွန်တော်နဲ.အတူ စေတနာ့ဝန်ထမ်း ဂျပန် ဘာသာကျွမ်းကျင်သူများဖြစ်တဲ.

(က) မဘရဏီ
(ခ) ကို ဖိုးချွန်း
(ဂ) ကို ယဉ်မင်းထွန်း




တို.လိုက်ပါကူညီကြပါတယ် ။ မအေးအေးကြည် နှင်.ဟိုတယ်မန်နေဂျာဦးခင်မောင်လွင်တို.မှ ပုဇွန်တောင်တရားရုံးသို. နံနက် ၀၉ါ်၅၀ တွင်ရောက်သွားသော်လည်း တရားပြိုင် ဂျပန်မှာ ၁၁:၁၅ နာရီထိုးမှရောက်လာပါသည် ။Taxi နှင်.လာခြင်းဖြစ်ပြီး သတင်းထောက်များဓါတ်ပုံ မရိုက်နိုင်စေရန်ကားပေါ်မှ တရားရုံးသို. လျင်မြန်စွာ ပြေးဝင်သွားပါသည် ။ ခနအကြာတွင်
မအေးအေးကြည် ရုံးအပေါ်ထပ်မှဆင်းလာပြီး ဒီ နေ.စာရွက်စာတမ်းများအားလုံးကိုလက်ခံထားလိုက်ပြီး လာမည်. ၂၈.၂.၂၀၁၂ နံနက် ၁၁နာရီမှာနှစ်ဖက်စလုံးကိုစစ်မည်ဟုပြောကြောင်း အသိပေးပါသည် ။

ထိုသို.ဆုံးဖြတ်ပြီးအားလုံး ပြန်ကြသော်လည်း ( တရားခံ ။တရားလို )ဂျပန်မှာ သတင်းထောက်များဓါတ်ပုံရိုက်မှာ ကိုကြောက်ရ်ျ တော် တော်နှင်.ထွက်မလာပဲ တစ်နာရီခန်. ပုန်းခိုနေပါသည် ။သတင်းထောက်များကလည်း
လုံးဝမလျှော့ပဲစောင့်ကြပါသည်။ မတတ်သာရ်ျ နောက်ဆုံး ထွက်လာရသော်လည်းသူ့ မျက်နှာကို လက်ဆွဲအိတ်ဖြင့်ကာထားပါသည် ။ ဆင်ဖြူ့ မျက်နှာဆင်မည်းမကြည့်ဝံ့သည်လားတော.မသိပါ ။
နောက်ထပ်ရုံးချိန်းနေ.တွင် ကျွန်တော် On tourဖြင်.နယ်ရောက်နေမည်ဖြစ်ပါသော်ကြောင့်အားသူများလာရောက်ပေးစေလိုပါသည်
။ယနေ. ရုံးထုတ်သည်.မြင်ကွင်းသို.

Eleven Weekly
The Voice
Street View
News Watch ဂျာနယ်များမှ သတင်းထောက်များလာရောက်သတင်းယူကြပါသည် ။

မအေးအေးကြည်အတွက် တရားရုံးကုန်ကျစားရိတ်ကို Orchid ဟိုတယ် မှ အမှုပြီးသည်အထိကျခံပေးသွားမည်ဟုသိရပါသည် ။ မအေးအေးကြည်မှ ဟိုတယ် ခရီးဝန်ကြီးအားလိပ်မူ ရ်ျ တရားဝင်တိုင်စာကိုလည်း ယနေ.ပို.လိုက်ပြီဖြစ်ပါသည် ။

ကိုညီညီ ( TRW )

ကချင်ရောက်ပုသိမ်ထီး


























ဒေါ်အောင်ဆန်းစုကြည်မနောကွင်း၌ ပြုလုပ်သည့် ညစာစားပွဲသို့ တိုင်းရင်းသား ခေါင်းဆောင်များနှင့်အတူ တက်ရောက်

The Voice Weekly မြစ်ကြီးနား ၊ ဖေဖော်ဝါရီ ၂၃

ကြားဖြတ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများအတွက် စည်းရုံးရေးခရီးများ ထွက်နေသော ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် မြန်မာ့လေကြောင်းဖြင့် မြစ်ကြီးနားလေဆိပ်သို့ ရောက်ရှိလာနေပြီ ဖြစ်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်အား မြစ်ကြီးနား၊ ဖားကန့် ၊ မိုးကောင်းမြို့ များမှ တိုင်းရင်းသား ဒေသခံများ သာမက မြစ်ကြီးနားမြို့  GTC ကျောင်းသား၊ ကျောင်းသူ အများစုပါ လာရောက်ကြိုဆိုကြပြီး လူဦးရေ ၂၀၀၀ ခန့် ရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် မိုးကောင်းမြို့ နမ္မတီးသို့ ထွက်ခွာမည် ဖြစ်ပြီး၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် မြစ်ကြီးနားမြို့  မနောကုန်း ၌ လူထုဟောပြောပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

မိုးကောင်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ကြိုဆိုကြသည့် လူထု ပရိတ်သတ်မှာ နမ္မတီးမြို့ထက်ပင် ပိုမိုများပြားပြီး တိုင်းရင်းသားပေါင်းစုံနှင့် လူမျိုးခြားများပါ လာရောက်ကြိုဆိုကြကြောင်း ၎င်းက ဆက်လက် သတင်းပေးပို့သည်။

" လွှတ်တော် ပြင်ပနိုင်ငံရေးကို NLD က နှစ်နှစ်ဆယ် လုပ်လာတာ မထိရောက်ခဲ့ဘူး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် သမ္မတကြီးကိုယ်တိုင် ပူးပေါင်းလာတဲ့အတွက် အရမ်းကောင်းပါတယ် "

- ဒေါ်အောင်ဆန်းစုကြည် နမ္မတီးတွင် ဟောပြောမှုမှ ကောက်နုတ်ချက်

ဒေါ်အောင်ဆန်းစုကြည်သည် နမ္မတီးမြို့နယ်မှ မိုးကောင်းမြို့နယ်သို့ ဆက်လက်ထွက်ခွာနေပြီ ဖြစ်ကြောင်း The Voice Weekly သတင်းထောက်က ယနေ့မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်တွင် သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၂ နာရီ ၁၅မိနစ်ဝန်းကျင်တွင် မြစ်ကြီးနား လေဆိပ်မှ မိုးကောင်း နမ္မတီးမြို့ သို့ ထွက်ခွာနေပြီ ဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနား လေဆိပ်မှ နမ္မတီးမြို့ သို့ သွားရာခရီးစဉ်တွင် ကားအစီးရေ ၁၀၀ ကျော်ခန့် လိုက်လံ ပို့ဆောင်ခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေ့လည် ၂ နာရီ ၁၅ မိနစ်တွင် နမ္မတီးမြို့ သို့ ရောက်ရှိခဲ့ပြီး နမ္မတီးမြို့ နယ် အားကစားကွင်း၌ ဟောပြောပွဲ ပြုလုပ်နေပြီ ဖြစ်သည်။ ကြိုဆိုကြသူများနှင့် မိန့်ခွန်း လာရောက် နားထောင်သူများတွင် မြို့ ခံလူကြီးများ သာမက မူလတန်း ကျောင်းသား ၊ အလယ်တန်း ကျောင်းသူကျောင်းသားများပါ ပါဝင်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

မြစ်ကြီးနားမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ် မတိုင်မီ နှစ်ရက်ခန့်ကပင် အင်တာနက်လိုင်းများ ကျဆင်းလျက် ရှိပြီး ယခု ခရီးစဉ်အတွင်း လိုက်ပါ သတင်းရယူသော ပြည်တွင်းပြည်ပ သတင်းထောက်များမှာ သက်ဆိုင်ရာ သတင်းဌာနများသို့ သတင်း ပြန်လည်ပေးပို့ရာ၌ များစွာ အခက်အခဲ တွေ့နေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပြည်နယ် ဝန်ကြီးချုပ်ရုံး အပါအဝင် မြစ်ကြီးနားမြို့ရှိ အင်တာနက်ဆိုင်များ အားလုံးတွင် အင်တာနက် အဆက်အသွယ် ပြတ်တောက် နေကြောင်း၊ သတင်းထောက် အများစု အသုံးပြုကြသည့် MacWill ဖုန်း (ကြိုးမဲ့အင်တာနက်ဖုန်း) များမှာလည်း အသုံးပြု၍ မရကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့မွန်းလွဲပိုင်း ၃ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် မိုးကောင်းမြို့သို့ ရောက်ရှိခဲ့ကြောင်း၊ မိုးကောင်းသို့ ခရီးစဉ် တစ်လျှောက်တွင် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် KIA တပ်ဖွဲ့ဝင်များမှ လုံခြုံရေး လိုက်ပါဆောင်ရွက် ပေးခဲ့ကြကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ည (ဖေဖော်ဝါရီလ ၂၃ ရက်နေ့) တွင် မနောကွင်း၌ ပြုလုပ်သည့် ညစာစားပွဲသို့ တိုင်းရင်းသား ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည် ကိုမြစ်ကြီးနားမြို့ လူထုက ကြိုဆို



ဒီဗွီဘီ

ကချင်ကပင်နီတွေ

အဂ္ဂမဟာ ဒီမိုဖက်တီး







ကိုကိုကြီး သရက်ခရီးစဉ်မှာ ရင်ဖွင့်ပြီ

Uploaded by BurmaVJMedia on Feb 23, 2012


ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မိုင်းဆတ်အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက် လာတဲ့ ကျောင်းသား ခေါင်းဆောင်ကိုကိုကြီး ဟာ သရက်မြို့ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့က သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်း ထောင်နဲ့ချီတဲ့ သရက်မြို့ ဒေသခံတွေက ကျောင်းသား ခေါင်းဆောင်ကိုကိုကြီးတို့ကို ကြိုဆိုခဲ့ကြသလို ကိုကိုကြီးကလည်း သရက်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဆိုင်းဘုတ်ဖွင့်ပွဲကို သွားရောက်ပြီး စာပေစီစစ်ရေးက ဖြတ်တောက်ခဲ့တဲ့ သူ့ရဲ့ ထောင်တွင်းအတွေ့အကြုံ ပြောစကားတွကိုလည်း ဒေသခံတွေကို သူကပြန်ပြောပြခဲ့ပါတယ်။ ဒါ့အပြင် လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ်ပေးမယ့် မဲတစ်ပြားအပေါ် အလေးအနက်ထားဖို့ သရက်မြို့ ဒေသခံတွေကို သူကတိုက်တွန်းခဲ့ပါတယ်။


နိုင်ငံရေးအကျဉ်းသားဟောင်းများ တိုင်ရီဆန္ဒပြမှုကိုသွားရောက်လှုဒါန်း














လှိုင်သာယာ စက်မှုဇုံမှ တိုင်ရီဖိနပ်စက်ရုံအလုပ်သမားများဆန္ဒပြနေသည့်နေရာသို့နိုင်ငံရေးအကျဉ်းသားဟောင်းများမှ စာနာစိတ်စာနာအသိဖြင့် ခေါက်ဆွဲထုပ်များ၊ ရေပုလင်းများနှင့် ကြာဇံကြော်သွားရောက်ဝေငှကာ တောင်းဆိုမှုများပြေလည်အောင်ဆောင်ရွက်နိုင်ရန်ဆွေးနွေးပြောဆိုကြသည်။ ယင်းဆန္ဒပြမှုမှာယခုအခါ ညှိနှိုင်းမှုကိုသဘောတူကျေနပ်သည့်သူ၅၀၀ ခန့်ကအလုပ်ပြန်ဆင်းရန်သဘောတူလိုက်ပြီး ကျန်အလုပ်သမား၁၃၀၀ ခန့်က ၀ါဏိစ္စပဋိပက္ခဖြေရှင်းရေးတွင်တရားစွဲကာဖြေရှင်းမည်ဖြစ်သည်။ ယင်ကိစ္စကိုရှေ့နေဖိုးဖြူမှတာဝန်ယူဆောင်ရွက်မည်ဟုကတိပေးပြောကြားသည်။
By: Political Prisoner

(DKBA) ပိုင် လက်နက်များအား သမ္မတဦးသိန်းစိန်အမိန့်ဖြင့် ယနေ့ညနေပိုင်းတွင် ပြန်လည်ရရှိမည်


ပျက်ပြယ်ပြီး ငြိမ်းချမ်းရေး ပိုနေမြဲကျားနေမြဲပြန်ရှိမည်

by Yangon Press International on Thursday, February 23, 2012 at 10:30am ·
ဖေဖော်ဝါရီ(၂၃)၊၂၀၁၂ (YPI)

အစိုးရနယ်ခြားစောင့်တပ် (BGF)က သိမ်းယူထားသော တိုးတက်သောကရင်ဗုဒ္ဒဘာသာတပ်မတော် (DKBA) ပိုင် လက်နက်များအား သမ္မတဦးသိန်းစိန်အမိန့်ဖြင့် ယနေ့ညနေပိုင်းတွင် ပြန်လည်ရရှိမည် ဖြစ်ကြောင်း DKBAက ဗိုလ်မှုးစောလုတ်လုံက ပြောသည်။

“အဓိကဖြစ်ပွားတာက ကျွန်တော်တို့ဆီကလက်နက်ကို သိမ်းသွားလို့ ပြန်တောင်းတယ်။ မရတော့ ငြိမ်းချမ်းရေးပျက်ပြီ သဘောထားတယ်။ အခု သူတို့ပြန်ပေးမယ်ဆိုရင်တော့ ယာယီငြိမ်းချမ်းရေး စာချုပ်ထား တာက ပိုနေမြဲကြားနေမြဲအတိုင်း ပြန်ဖြစ်အုံးမှာပါ”ဟု ၄င်းက ပြောသည်။

DKBA ပိုင်လက်နက်များအား BGFက သိမ်းယူထားမှုကြောင့် အစိုးရနှင့်ငြိမ်းချမ်းရေးရယူထားမှုကို ရပ်စဲလိုက်ပြီဖြစ်ကြောင်း DKBAက ယမန်နေ့က ကြေညာပြီး နာရီပိုင်းအကြာတွင် အစိုးရက ယခုကဲ့သို့ တုံ့ပြန်လာခြင်းဖြစ်သည်။

DKBA သည် ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က အစိုးရနှင့်အပစ်အခတ်ရပ်စဲရေး ပဏာမ သဘော တူညီချက်ကို ရယူခဲ့သော ကရင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

မြိုင်ကြီးငူဧရိယာအတွင်းရှိ DKBA စခန်းခြောက်ခုမှ လက်နက် ၃၀ ကျော်ကို BGF က သိမ်းယူသွားခြင်းကြောင့်  DKBA က ၄င်းတို့ပိုင် လက်နက်များကို ပြန်လည်ရယူလိုကြောင်း တောင်းဆိုသော်လည်းမရသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူးစောလုတ်လုံက ပြောသည်။

“ ကျွန်တော်တို့မူကိုက ကျွန်တော်တို့လက်နက်ဟာ ကျွန်တော်တို့လက်ထဲမှာပဲရှိရမယ်။ ဘယ်အဖွဲ့အစည်း ၊ဘယ်ပုဂိုလ်ကမှ လာရောက်သိမ်းယူတာ မလိုချင်ဘူး။ တကယ်တော့ သူတို့တပ်သားတွေကိုလည်း ကျွန်တော်တို့ဘက်က လက်မခံခဲ့ပါဘူး။”ဟု ၎င်းကပြောသည်။

ယင်းလက်နက်များအား ပြန်လည်ရယူရန် BGF DKBA  နှင့် အစိုးရစစ်တပ်မှ အရာရှိများ ပါဝင်သော ဆွေးနွေးပွဲတစ်ခုကို ယမန်နေ့နံနက်ပိုင်းတွင် ဘားအံမြို့၌ ပြုလုပ်ခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် BGF က ၄င်းတို့သိမ်းယူထားသော လက်နက်များကို ပြန်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း အစိုးရစစ်တပ်က လက်မခံခဲ့မှုကြောင့် DKBAက ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုထားမှုအား ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း ယမန်နေ့ညနေပိုင်းတွင် ကြေငြာခဲ့ခြင်းဖြစ်သည်။

DKBA တပ်ဖွဲ့သည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ခွဲထွက်ပြီး အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ကိစ္စနှင့်ပတ်သတ်၍ သဘောမတူသဖြင့် လက်နက်ကိုင် တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်ခဲ့သည်။  

မြစ်ဆုံ ဒေသခံများပြန်လာနေထိုင်ပြီ




Yangon Press International

မြစ်ဆုံတွင် ကျေးဇူးချီးမွမ်းသည့် ဆုတောင်းပွဲ ပြုလုပ်မည်။

ဖေဖေါ်ဝါရီ ၂၃၊ ၂၀၁၂ YPI

မနက်ဖြန် ဖေဖေါ်ဝါရီ ၂၄ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျေးဇူးချီးမွမ်းပွဲ ဟုအမည်ပေးထားသည့် မြစ်ဆုံ ဒေသခံများပြန်လာနေထိုင်သည့် အထိမ်းအမှတ် ဆုတောင်းပွဲကိုကချင်ပြည်နယ် မြစ်ဆုံ ဒေသ၌ ပြုလုပ်မည်ဖြစ်သည်။

ယင်းဆုတောင်းပွဲတွင် ဒေသခံများက “အမြဲတည်တံ့ခိုင်မြဲပါစေ” ဆိုသည့် ကျောက်တိုင်ထူရန် စီစဉ်ထားရှိပြီး ယင်းပွဲသို့ ရန်ကုန်မြို့မှ ကဗျာဆရာ၊ စာရေးဆရာ၊ ကာတွန်းဆရာများကိုလည်း ဖိတ်ကြားထားသည်ဟု စီစဉ်သူများက ဆိုသည်။

ယခင်လက အကျဉ်းထောင်များမှ လွတ်မြောက်လာကြသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များလည်း ယခုဆုတောင်းပွဲသို့ သွားရောက်ကြမည်ဟု သိရှိရသည်။

မြစ်ဆုံ ဆည်တည်ဆောက်ရေး စီမံကိန်းကြောင့် ယမန်နှစ် မတ်လ ၁ ရက်နေ့က မြစ်ဆုံကျေးရွာနှင့် တန်ဖဲကျေးရွာမှ ကျေးရွာသားများအား အောင်မြင်သာ ကျေးရွာသစ်သို့ မပြောင်းမနေရ ပြောင်းရွှေ့စေခဲ့သည်။ သို့သော် အောင်မြင်သာကျေးရွာသစ်တွင် စိုက်ပျိုးလုပ်ကိုင်၍ မရသည့်အဖြစ်မျိုးနှင့် ကြုံတွေ့ရကာ မြစ်ဆုံစီမံကိန်းကို စက်တင်ဘာလကုန်တွင် သမ္မတအမိန့်ဖြင့် ရပ်ဆိုင်းထားလိုက်ပြီးနောက် ဒေသခံများက ၎င်းတို့၏ နေရပ်သို့ ပြန်လာနေထိုင်ရန် စီစဉ် ခဲ့ကြခြင်းဖြစ်သည်။

မြစ်ဆုံကျေးရွာ နှင့် တန်ဖဲကျေးရွာများရှိ မြေလွတ်များသို့ လာရောက်အခြေချလိုသူများ ရှိပါက စာရင်းပေးသွင်းနိုင်ကြောင်း မြစ်ဆုံကျေးရွာမှ လူကြီးများက စီစဉ်ထားရာ မြစ်ကြီးနားမြို့ခံအချို့နှင့် စစ်ပြေးဒုက္ခသည်များထဲမှ စာရင်းပေးသွင်းသူ ၁၀၀ ကျော်ရှိပြီဟု သိရှိရသည်။

ယင်းကျေးရွာလူကြီးက ယခုကဲ့သို့ အခြေချသူအသစ်လက်ခံရခြင်းမှာ နောက်နောင် မြစ်ဆုံ ပြန်လည်ဆောက်လုပ်မည့် အရေးကိစ္စမျိုးကြုံလာလျှင် ကန့်ကွက်ဖို့ လူအင်အားများစေရန် ရည်ရွယ်သည်ဟု YPI သို့ပြောသည်။

နောက်ထပ် အခြေချသူများအား အနည်းဆုံးတဦးလျင် ပေ ၁၀၀ အကျယ်ပေးမည်ဟုလည်း သိရှိရသည်။ အသစ်ပြောင်းရွှေ့နေထိုင်သည့် အောင်မြင်သာရွာတွင်သာ စာသင်ကျောင်းများရှိခြင်း

လူနေအိမ် သော့ခတ်လျင် မြေသိမ်းမည်ဟု ကျေးရွာအာဏာပိုင်များက ပြောဆိုထားခြင်းကြောင့် လူကြီးမိဘများက မြစ်ဆုံတွင် နေထိုင် လုပ်ကိုင်ကာ ကလေးများက အောင်မြင်သာတွင် ကျောင်းတက်နေထိုင်ကြမည်ဟု မြစ်ဆုံဒေသခံ အမျိုးသမီးကြီးတဦးက ပြောသည်။ ။

ဒေါ်အောင်ဆန်းစုကြည်ကို ကချင်လူထု ထောင်သောင်းများစွာ ကြိုဆို


2012-02-23
ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိလာတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကချင်လူထု ထောင်ပေါင်း များစွာက ကြိုဆိုခဲ့ပါတယ်။


AFP
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ကချင်လူထုက ကြိုဆိုနေစဉ်။

မြစ်ကြီးနားမြို့ကနေ မော်တော်ကားနဲ့ ထွက်ခွာလာပြီး နမ္မတီးမြို့ကိုအရောက် ပြည်သူ့ အားကစားကွင်းမှာ စောင့်ကြိုနေတဲ့ ကချင်ပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆက်မိန့်ခွန်း ပြောခဲ့ပါတယ်။ “နမ္မတီးဟာ ကျွန်မ ရွေးကောက်ပွဲ စည်းရုံးရေး ခရီးတွေမှာ ပထမဦးဆုံး ရောက်လာတဲ့ ပြည်နယ်ခရီးစဉ် ဖြစ်ပါတယ်။ ပြည်နယ်ခရီးစဉ် ဒီမှာဆိုလို့ရှိရင် ရှမ်း၊ ဗမာ၊ ကချင် တိုင်းရင်းသားမျိုးစုံကနေပြီးတော့ အတူနေတဲ့ မြို့နယ်တစ်ခုကို ရောက်လာတဲ့အတွက် ကျွန်မ အင်မတန်မှ ဝမ်းသာတယ်။ ဒီမိုးကောင်းမှာလည်း ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဝင်ပြီးတော့ ယှဉ်ပြိုင်ရတဲ့ အကြောင်းရင်း တစ်ခုကတော့ ပြည်ထောင်စုကို ကျွန်မတို့ ထူထောင်ချင်လို့၊ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ပြန့်ပွားစေချင်လို့ ဖြစ်ပါတယ်” အဲဒီဘောလုံးကွင်းမှာ လူတွေ အပြည့်ပဲလို့ နမ္မတီး အန်အယ်လ်ဒီ တာဝန်ခံ ဦးဝင်းနိုင်က ပြောပါတယ်။ ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ကချင်ပြည်သူတွေက ထောက်ခံကြောင်း ပြသခဲ့တယ်လို့ မိုးကောင်းမြို့ခရီးစဉ်မှာ လိုက်ပါသွားတဲ့ နမ္မတီး အန်အယ်လ်ဒီ ပြန်ကြားရေး တာဝန်ခံ ကိုမောင်ပွားက ပြောပါတယ်။ ဒီကနေ့ ညနေပိုင်းမှာတော့ ကြားဖြတ် ရွေးကောက်ပွဲမှာ မိုးကောင်းမြို့နယ်ကနေ ၀င်ပြိုင်မယ့် အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခင်ကြည်အတွက် မိုးကောင်းမြို့ ဘောလုံးအားကစားကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ် စည်းရုံးဟောပြောခဲ့ပါတယ်။ ဒီကနေ့မနက်ပိုင်း ရန်ကုန်ကနေ မြစ်ကြီးနားမြို့ကို ထွက်ခွာဖို့ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါမယ့် လေယာဉ်ဟာ နှင်းမြူတွေ ဆိုင်းနေတာကြောင့် သတ်မှတ်ချိန်ထက် နောက်ကျပြီးမှ ပျံသန်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒေသခံကချင်လူထုက ဒေါ်အောင်ဆန်းစုကြည် ရောက်လာမယ့်အချိန်ကို စောင့်ပြီး ကြိုဆိုခဲ့ကြတယ်လို့ နမ္မတီး အန်အယ်လ်ဒီ တာဝန်ရှိသူတွေက ပြောပါတယ်။ မနက်ဖြန် ဗန်းမော်မြို့ကို ဒေါ်အောင်ဆန်းစုကြည် ဆက်လက် ထွက်ခွာပါလိမ့်မယ်။ ဒီအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးမြို့လူထု စည်းဝေးပွဲအတွက် နေရာအခက်အခဲ ကြုံတွေ့နေရတဲ့ ပြဿနာနဲ့ပတ်သက်ပြီး မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ခံကို မန္တလေးမြို့တော်ဝန်က ဒီကနေ့ ခေါ်ယူတွေ့ဆုံပြီး ကူညီ ဖြေရှင်းပေးမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ အဲဒီနောက် ဟောပြောပွဲ ကျင်းပနိုင်ရေးအတွက် မန္တလေးမြို့တော်ဝန်ရဲ့ ညွှန်ကြားချက်နဲ့ သင့်တော်တဲ့ နေရာတွေကို မန္တလေး စည်ပင်သာယာ အရာရှိတစ်ဦးက အန်အယ်လ်ဒီ အဖွဲ့ဝင်တွေနဲ့အတူ ဒီကနေ့ လိုက်ပါ ရှာဖွေခဲ့ကြောင်းနဲ့ နေရာအခက်အခဲ ပြေလည်တော့မယ်လို့ ယူဆကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောပါတယ်။
http://www.rfa.org/burmese/news/assk-kachin-campaign-02232012103822.html


ပဒိုမန်းငြိမ်းမောင် အမှုအတွက် သက်သေများဆင့်ခေါ်ပေးရန် တရားရုံးက ငြင်းပယ်


by Yangon Press International on Thursday, February 23, 2012 at 10:40am ·

ဖေဖေါ်ဝါရီ ၂၃၊ ၂၀၁၂ ( YPI )

 နိုင်ငံတော်ပုံကန်မှု၊ မတရားအသင်း ပုဒ်မ စသည်တို့ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ကရင်အမျိုးသားအစည်းအရုံး ( KNU ) ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်၏ အမှုတွင် တရားခံပြ သက်သေအဖြစ် တင်ပြထားသော ရထားပို့ဆောင်ရေး ၀န်ကြီးဦးအောင်မင်း အပါအ၀င် သက်သေ ၆ ဦးကို တရားရုံးမှ ဆင့်ခေါ်ပေးရန် ငြင်းပယ်ခဲ့သည်ဟု ၎င်း၏ ရှေ့နေဦးကြီးမြင့်ကပြောသည်။

တရားခံဘက်မှ တင်ပြသည့် သက်သေ ၈ ဦးအနက်  ၀န်ကြီးဦးအောင်မင်း၊ ဗဟိုထောက်လှမ်းရေးမှူးချုပ်၊ စစ်ဖက်လုံခြုံရေးအဖွဲ့ တပ်မှူး၊ တောင်ကလေးဆရာတော်နှင့် နေပြည်တော်မှ သမ္မတကိုယ်စားလှယ်ဆိုသူနှစ်ဦး တို့ကို တရားရုံးမှ ဆင့်ခေါ်ပေးရန် ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

ရှေ့နေဦးကြီးမြင့်က “ အင်းစိန်ထောင်က ထောင်ပိုင်အရာရှိနှစ်ယောက်ကိုတော့ သက်သေခေါ်ပေးမယ်ပြောတယ်။ ကျွန်တော့်အမြင်တော့ တမင်ကို အပြစ်ပေးချင်လို့ လုပ်နေတာပါ။ ကျွန်တော်တို့ဘက်ကတော့ နိုင်ငံရေးအရ တရားမစွဲသင့်ဘူးလို့ တင်ပြထားပါတယ်။ ” ဟု ၀ိုင်ပီအိုင်သို့ပြောကြားသည်။

ယင်းသက်သေ ခြောက်ဦးအနက် တောင်ကလေးဆရာတော်ကိုမူ တရားခံဘက်မှ သက်သေအဖြစ် မိမိဘာသာ ဆင့်ခေါ်နိုင်ကြောင်း တရားရုံးမှ ပြောကြားသည်ဟု ၎င်းကဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ဦးဆောင်ပြုလုပ်နေသည့် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းသည် ပဒိုမန်းငြိမ်းမောင်အား အင်းစိန်ထောင်တွင်းသို့ လာရောက်တွေဆုံကာ ငြိမ်းချမ်းရေးအတွက် အကြံဥာဏ်များလာရောက်တောင်းခံခဲ့ပြီးနောက် အရေးယူခြင်းမခံရစေရန် ၎င်းအနေဖြင့် အမခံချက်ပေးခဲ့ကြောင်း ဦီးကြီးမြင့်ကဆိုသည်။

၎င်းက “ သူက ပဒိုကိုပြောတုန်းက တရားမစွဲပါဘူးလို့ကတိပေးတယ်။ ခု သက်သေတွေကိုခေါ်တယ်ဆိုတာ အဲဒါတွေ ကိုသက်သေထူနိုင်ဖို့ပါ။ ဒါပေမယ့် တကယ်အရေးကြီးတဲ့သူတွေကို ခေါ်မပေးနိုင်ဘူးလို့တရားရုံးက ငြင်းနေတဲ့အတွက် အခက်တွေ့ရပါတယ်” ဟုပြောကြားသည်။

ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အစဉ်တစိုက် ပြောဆိုလုပ်ဆောင်ခဲ့သော စာရေးဆရာကြီး ဒဂုံတာရာက “ ကျွန်တော်အမြင်တော့ အစိုးရဆိုတာ စကားပြောရင် စဉ်းစားပြီးပြောသင့်သလို ပေးပြီးတဲ့ကတိကိုလည်း တည်သင့်တယ်။ ဒီပုံစံအတိုင်းဆိုရင် အခြား တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ အခက်အခဲဖြစ်နိုင်သလို ရပြီးသားငြိမ်းချမ်းရေးကလည်း ရေရှည်မတည်တံ့နိုင်ဘူး ” ဟု သူ၏ အမြင်ကိုပြောကြားသည်။

ပဒိုမန်းငြိမ်းမောင်သည် လက်ရှိတွင်လည်း လူဝင်မှုကြီးကြပ်ရေးဋ္ဌာန တံဆိပ်တုံးအတုပြုလုပ်မှု ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၁၃/၁ တို့အရ တရားစွဲခံရကာ  ထောင်ဒဏ် ခြောက်လစီ တစ်ပေါင်းတည်း ကျခံလျက်ရှိသည်။


ပဒိုမန်းငြိမ်းမောင်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၁)ဖွဲ့ဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)၏ ကော်မတီဝင် တစ်ဦးဖြစ်သည်။

၎င်း၏ အမှုအား နောက်သီတင်းပတ် ကြာသာပတေးနေ့ (မတ်လ ၁ရက်) တွင်ထပ်မံ ကြားနာစစ်ဆေးရန် ချိန်းဆိုလိုက်သည်။

ဟိုတယ်ဝန်ထမ်းကို ပါးရိုက်ခဲ့သည့် ဂျပန်နိုင်ငံသားက တရားပြန်စွဲ


by Yangon Press International on Thursday, February 23, 2012 at 11:27am ·
ဖေဖေါ်ဝါရီ ၂၃၊ ၂၀၁၂ (YPI)

ပြီးခဲ့သည့် လ ၂၈ ရက်နေ့က ဂျပန်နိုင်ငံ သားက Orchid Hotel မှ အမျိုးသမီးဝန်ထမ်းတဦးကို ပါးရိုက်ခဲ့ပြီးနောက် ၎င်းကပင် ပါးရိုက်ခံရသူဝန်ထမ်းကို တရားပြန်စွဲထားကြောင် ယင်းဟိုတယ်မှ  မန်နေဂျင်း ဒါရိုက်တာဦးဌေးအောင်က YPI သို့ပြောသည်။

"သူပြန်ဆွဲတာက သူ့ကိုအင်အားသုံး တားဆီးမှုရယ် သူ့ပိုင်နက်ထဲကို ၀င်ရောက်ခွင့်မပြုတာနဲ့ပတ်သက်ပြီးစွဲ ထားတာပါ။ တရားစွဲခံရတာက ပါးရိုက်ခံရတဲ့ ဟိုတယ်ဝန်ထမ်းနဲ့ သူ့အတွက်သက်သေခံထွက်ပေးတဲ့ အမျိုးသမီးဝန်ထမ်း နောက်တယောက်ကိုစွဲထားတာပါ"ဟု ၎င်းကဆိုသည်။
ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းထောင့်ရှိ အောကစ် ဟိုတယ်၊

ပြီးခဲ့သည့် ၂၂ ရက်နေ့တွင် စတင်၍တရားရင်ဆိုင်ခဲ့ပြီး လာမည့် ၂၉ ရက်နေ့တွင်  စစ်ဆေးကြားနာရန် ချိန်းဆိုထားသည်ဟု ဆိုသည်။ တရားရင်ဆိုင်ရန်အတွက် အာမခံအနေဖြင့်၎င်းတို့ဟိုတယ် ၀န်ထမ်းနှစ်ဦးအတွက် ပိုင်ဆိုင်မှု ကျပ်သိန်းလေးရာ အာမခံပေးထားရသည်ဟုဆိုသည်။

ပြီးခဲ့သည့် ဇန္န၀ါရီလ ၂၈ ရက်နေ့ညက Business ဗီဇာဖြင့်နေထိုင်သူ ဂျပန်နိုင်ငံသား Mr.Okahashi Takashi က ဟိုတယ်သို့ အထောက်အထား မပြည့်စုံသည့် အမျိုးသမီး တဦးကို ခေါ်လာရာ ဟိုတယ်ဝန်ထမ်း ဒေါ်အေးအေးကြည်က တားဆီးသဖြင့်   Mr Takashi က ကိုယ်ထိလက်ရောက် ပါးရိုက်ခဲ့သည်။

အဆိုပါအမှုကို ပုဇွန်တောင်ရဲစခန်းသို့သွားရောက် တိုင်ကြားရာ ပါးရိုက်ခဲ့သည့် အထောက်အထား ဆေးစာရွက်များ ပြသမှသာလျင် အမှုဖွင့်နိုင်သည်ဟု ဆိုရာမှ နောက်ပိုင်း  သတင်းများပြန့်သွားခဲ့သည့်နောကှ် ပြည်ထဲရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများက ဟိုတယ်သို့လာရောက်စစ်ဆေး အမှုဖွင့်ပေးခဲ့သည်ဟုဆိုသည်။

ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာနမှ အဆိုပါ ဂျပန်နိုင်ငံသားအားနာမည်ပျက်စားရင်းသွင်းကာ မြန်မာနိုင်ငံသို့ မည်သည့် ဗီဇာမှထုတ်မပေးရန်ဆုံးဖြတ် အရေးယူလိုက်သည်ဟု ဖေ့ဘွက် စာမျက်နှာများတွင်  သတင်းများပြန့်လာသော်လည်း ယင်းကဲ့သို့  အရေးယူမယူ အတည်မပြုနိုင်ကြောင်း ဦးဌေးအောင်ကဆိုသည်။

"သူ့ကို အဲလို အရေးယူရင်တောင် အခုအချိန်မှာ အမှုက ရှိနေတော့သူထွက်သွားလို့ မရသေးဘူးလေ၊ လောလောဆယ် အိုလံပစ် ဟိုတယ်မှာတည်းနေတယ်လို့တော့ သတင်းကြားတယ်" ဟုဆိုသည်။

ယင်းကိစ္စနှင့်ပတ်သတ်၍ ဂျပန်သံရုံးသို့ပြီးခဲ့သည့် တပတ်ကျော်မှ စတင် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယနေ့အထိ ဖြေဆိုပေးခြင်းမရှိသေးချေ။

လက်ရှိတွင် ကိုယ်ထိလက်ရောက်စော်ကားခံခဲ့ရသည့် အမျိုးသမီး ဟိုတယ်ဝန်ထမ်းမှာ အလုပ်ပုံမှန်ဆင်းလျက်ရှိပြီး ကိုယ်ထိလက်ရောက် စော်ကား ခံရခြင်းအတွက် သူမဘက်မှလည်း ဂျပန်နိုင်ငံသားအား အမှုဖွင့် တရားစွဲထားသည်။

"အရင်က ကျွှန်တော်တို့ဝန်ထမ်းကသူ့ကို တရားစွဲထားတာကို သူုတောင်းပန်ရင် ကျေအေးပေမယ်လို့ စဉ်းစားထားတာလေ အခုကဒီလိုဖြစ်သွားတော့ ကျွန်တော်တို့ဘက်က ၀န်ထမ်းကလည်း ဂျပန်နိုင်ငံသားကို ထိုက်တန်တဲ့အပြစ်ဒဏ် ရတဲ့အထိ တရားရင်ဆိုင်သွားမယ်လို့ဆုံးဖြတ်ထားတယ်" ဟု ဦးဌေးအောင်ကဆိုသည်။

ဟိုတယ်ဝန်ထမ်းများဘက်မှ ရှေ့နေဦးဝင်းနိုင်နှင့်အဖွဲ့မှ ဆောင်ရွက်ပေးနေပြီး ဂျပန်နိုင်ငံသားဘက်မှလည်း ကူညီပေးနေသည့် ရှေ့နေအဖွဲ့များရှိသည်ဟုဆိုသည်။

Orchid Hotel သည် အဆိုပါပြဿနာ ဖြစ်ပွားသည့်နောက် ဟိုတယ်သို့ ညသန်းခေါင် ဧည့်သည်အသစ်များ လက်မခံခြင်း၊ အမျိုးသမီးဝန်ထမ်းများကို ညဘက် တာဝန်မချထားရန် စသည့် အစီအစဉ်များဆောက်ရွက်ရန် စီစဉ်လျက်ရှိသည်ဟုဆိုသည်။

Orchid Hotelသည် စကာင်္ပူနှင့်မြန်မာ နိုင်ငံသားတို့ ပူးပေါင်းတည်ထောင်ထားသောဟိုတယ်ဖြစ်ပြီး အမှတ် ၉၁၊ အနော်ရထာလမ်း၊ ပုဇွန်တောင်မြို့နယ်တွင်တည်ရှိသည်။        ။

မြန်မာဟိုတယ်ဝန်ထမ်း အရိုက်ခံရမှု ဥပဒေနဲ့အညီ ဆောင်ရွက်စေလို

2012-02-23
ဇန္နဝါရီ ၂၈ ရက်ညက ရန်ကုန် ပုဇွန်တောင် Orchid Hotel မှာ တည်းခိုနေတဲ့ ဂျပန် အမျိုးသားတစ်ဦးက မြန်မာအမျိုးသမီး ဝန်ထမ်းတစ်ဦးကို ပါးရိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ဆောင်ရွက်မှုတွေဟာ ဥပဒေနဲ့ ညီညွတ်ခြင်း ကင်းမဲ့နေတယ်လို့ ဟိုတယ် တာဝန်ရှိသူတွေက ပြောပါတယ်။


Photos courtesy of orchid hotel website
ရန်ကုန်မြို့ ပုဇွန်တောင်ရှိ Orchid Hotel

အခင်းဖြစ်ပွားတဲ့ညက ဧည့်သည် ဂျပန်အမျိုးသားဟာ ပြင်ပက မြန်မာအမျိုးသမီးတစ်ဦးကို ခေါ်ဆောင်လာစဉ်မှာ ဟိုတယ်ဝန်ထမ်းတွေ တားမြစ်ရာက အခုလို ဖြစ်ပွားခဲ့တာပါ ။ အရိုက်ခံရသူ Orchid Hotel ဝန်ထမ်း မအေးအေးကြည်က ပုဇွန်တောင်ရဲစခန်းမှာ စတင် တရားစွဲဆိုခဲ့ပြီး နောက်ပိုင်းမှာ ဂျပန်အမျိုးသား Mr. Okahashi Takashi ကလည်း သူ့ကို ဟိုတယ်ဝန်ထမ်းတွေက အကြမ်းဖက် တားဆီးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြန်လည် တရားစွဲခဲ့ပါတယ်။ လောလောဆယ်မှာ Orchid Hotel ဝန်ထမ်း မအေးအေးကြည်နဲ့ မမေဦးလှိုင်တို့ တစ်ဦးကို ကျပ်သိန်း ၁၀၀ စီ အာမခံ တင်ထားရပြီး ဂျပန်အမျိုးသားကလည်း ကျပ်သိန်း ၁၀၀ အာမခံ တင်ထားရကြောင်း သိရပါတယ်။ ဒီအမှုကို ဖေဖော်ဝါရီ ၂၉ ရက်မှာ ထပ်မံကြားနာမှာ ဖြစ်ပါတယ်။ အမှုရဲ့ နောက်ဆုံး အခြေအနေတွေကို ကိုဥာဏ်ဝင်းအောင်က စုစည်း တင်ဆက်ထားပါတယ် ။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

http://www.rfa.org/burmese/news/hotel-employee-case-02232012110626.html