Sunday, February 26, 2012

အမျိုးသမီးများ ကမ္ဘာကြီးကိုဦးဆောင်တဲ့အခါ


by Maung Maung Wann on Sunday, February 26, 2012 at 7:33pm ·
( မောင်မောင်ဝမ်း )

( Joseph S. Nye, Jr ,  a professor at Harvard and author of The Future of Power. ၏ when  women lead the world ကိုဆီလျှော်အောင် ဘာသာပြန်ဆိုပါသည်။)
အမျိုးသမီးတွေ သာ ခေါင်းဆောင် ဖြစ်လာမယ်ဆိုရင်.. ကမ္ဘာကြီးဟာ ပိုမိုလို့ငြိမ်းချမ်း လာ မလား ဆိုတဲ့ မေးခွန်းကို…ဟားဗတ် တက္ကသိုလ် က စိတ်ပညာရှင် တဦး ဖြစ်တဲ့.. စတီဗင်ပင်ကာ(Steven Pinker) ဖြေကြားခဲ့တာ ကတော့.. မှန်ပါ တယ်တဲ့…။
ပင်ကာ….  ရေးသားခဲ့တဲ့ (In The Better Angels of Nature)  ဆိုတဲ့ စာအုပ်မှာ… လူသား အကြမ်းဖက် မှု့ တွေဟာ ( ဒီကနေ့ အများကြီးရှိနေသေးပေမဲ့ ) တဖြေးဖြေးနဲ့ ကျဆင်း နေပြီဆိုတာ ကို အချက်လက် အကိုးအကား များနဲ့ တင်ပြထားပါတယ်။ အမျိုးသမီးတွေ ဟာ အကြမ်းဖက် မှု့ကိုမလိုလား တဲ့အင်အား စုတွေဖြစ်နေတယ် ဆိုတာကိုလည်း ပြောဆို ခဲ့ပါတယ်။ အစဉ်လာ စစ်ပွဲတွေ ဟာ.. အမျိုးသားများ ဖန်တီးခဲ့တဲ့ စစ်ပွဲများသာ ဖြစ်ပြီး… လူမျိုးနွယ်စုအမျိုးသမီးများဟာ ဘယ်တော့မှ ပတ်ဝန်းကျင်ဒေသ တွေကို.. ၀င်ရောက် စီးနင်း တိုက်ခိုက် သိမ်းပိုက်ဖို့ကို မလုပ်ဆောင်ခဲ့ပါဘူး။ မိခင်များအဖြစ်….. သူတို့ရဲ့ရင်သွေးငယ် တွေကို ထိန်းသိမ်း စောင့်ရှောက်ရမယ် ၊မျိုးဆက်များကို လက်ဆင့်ကမ်း ရမယ်ဆိုတဲ့ သဘာဝအသိတွေဟာ… ငြိမ်းချမ်းတဲ့ အခြေနေအရပ်ရပ် ကို စောင့်ရှောက်သလို ဖြစ်နေပါတယ်။
ပင်ကာရဲ့အဆိုကို လက်မခံသူများကတော့ ချက်ခြင်းဆိုသလို တုန့်ပြန်ခဲ့ကြပါတယ်… ဘာ့ကြောင့်လည်း ဆိုတော့သာမာန်အားဖြင့်… အမျိုးသမီးများဟာ စစ်ပွဲတွေ ကို…. မဖန်တီးခဲ့ပါဘူး… ဒါကလည်း သူတို့မှာအာဏာ ဆိုတာ.. မရသလောက်နီးပါးရှိ နေတာမို့ပါ။ တကယ်လို့များ သူတို့သာ အာဏာ အပြည့်အ၀ရှိတဲ့ ခေါင်းဆောင်တွေ သာဖြစ်မယ်ဆိုရင် ယောကျာင်္းတွေပြုမူဆောင်ရွက်ခဲ့ကြ တဲ့ အခြေနေအရပ်ရပ်လိုပဲ… သူတို့.. လုပ်ခဲ့မှာ မလွဲပါဘူး မာဂရက်သက်ချာ ၊ ဂိုဒါ မီယာ ၊ အင်ဒီယာ ဂန္ဒီ တို့ဆိုတာ အာဏာ အပြည့်အ၀ ရခဲ့ဘူးတဲ့ အမျိုးသမီးခေါင်းဆောင် တွေပါ။ သူတို့ ခေါင်းဆောင် ဘ၀မှာ သူတို့နိုင်ငံက စစ်ပွဲတွေကို ဦးဆောင်ခဲ့ပါတယ် တဲ့။
အမျိုးသားတွေနဲ့ ယှဉ်ပြိုင် ကစားနေရတဲ့..နိုင်ငံရေးဇာတ်ခုံပေါ်မှာ… အဆိုပါ ပြောဆိုချက်များ ဟာ လည်း မှန်ပါတယ်…။ ဒီလို စွမ်းဆောင်ချက် တွေကပဲ…အမျိုးသမီးတွေ ဟာ..အမျိုးသားများ နဲ့ နည်းတူ ခေါင်းဆောင် ဘ၀ မှာ နေရာရနိုင်ဘို့ အရည်အသွေး တွေ မဟုတ်ပါလား။ ခေါင်းဆောင် နေရာမှာ အမျိုးသမီးများ ဟာ အမျိုးသားများ နဲ့ ဒွန်တွဲ တာဝန်ယူဆောင်ရမယ်ဆိုရင်တောင်မှ သူတို့ရဲ့ဆောင်ရွက်ချက်များဟာ ခြားနားနေပါလိမ့်မယ်။
                     ဒီကိစ္စဟာ ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းအဖြစ် ရှိနေဆဲပါ… ခေါင်းဆောင်မှု့ အခန်းကဏ္ဍ မှာ အမျိုးသား ၊ အမျိုးသမီးဆိုတဲ့ အရာဟာ တကယ့်ကို ကိစ္စတခုအဖြစ်တည်ရှိ နေဆဲပဲလား ..?  သမရိုးကျ အခြေအနေ မှာ အမျိုးမျိုးသော စိတ်ပိုင်းဆိုင်ရာလေ့လာတွေ့ရှိချက်များက ပြသနေတာကတော့..အမျိုးသားတွေဟာ…အာဏာကို ခပ်ထန်ထန် ကိုင်တွယ် တတ်တဲ့သဘောရှိပြီး… အမျိုးသမီးများကတော့… စည်းရုံးဆွဲဆောင်မယ်၊ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နားလည်မှု့ရအောင် ကြိုးစားဆောင်ရွက်မယ်၊ ပျော့ပျော့ပြောင်းပြောင်း ကိုင်တွယ်မယ်ဆိုတဲ့… သဘောသဘာဝတွေ ရှိနေပါတယ်။ အမေရိကန်တွေဟာ ခပ်ထန်တတ်တဲ့ အမျိုးသားစရိုက်လက္ခဏာ ခေါင်းဆောင်မှု့ကို ဦးညွတ်တတ်ပါတယ် သို့သော်မကြာခင်က…ခေါင်းဆောင်မှု့နဲ့ ပတ်သက်ပြီး လေ့လာတွေ့ရှိချက်များက .ပြသနေတာကတော့… တခါက စဉ်းစားခဲ့ဘူးကြတဲ့ အမျိုးသမီး တို့ရဲ့သဘာဝ ပုံစံ စဉ်းစားတွေးခေါ် လုပ်ဆောင်ချက် များဟာ များပြားအောင်မြင် နေတယ်ဆိုတာပါပဲ။
 
 ယောကျာင်္းဆန်ဆန်

လူ့အဖွဲ့အစည်းအတွင်းက သတင်းအချက်လက်များကို အခြေခံကြည့်တဲ့အခါ…. အချင်းချင်း လက်တွဲလုပ်ဆောင်နေမှု့များဟာ ၀ါစဉ်ကြီးငယ်လိုက် အစားထိုး လုပ်ကိုင်တတ်ကြတယ် ၊ပညာလုပ်သားများဟာ.. အမိန့်နာခံမှု့နည်းတယ်၊ အဖွဲ့အစည်းများရဲ့ကျယ်ပြန့်တဲ့ စီမံခန့်ခွဲမှု့များဟာ ခွဲဝေကျင့်သုံးနေရတဲ့ ခေါင်းဆောင်မှု့အခန်း ကဏ္ဍများကြောင့် ပိရမစ်ပုံစံခေါင်းဆောင်မှု့ထက် အပြောင်းအလည်း တွေဖြစ်နေရ တယ်၊ Google CEO Eric Schmidt ကဆို ဘယ်လိုပြောသလို ဆိုတော့… သူရဲ့အလုပ်သမား တွေကို ဖူးဖူးမှုတ်နေရပါတယ်တဲ့….။
စစ်တပ်တောင်မှ ဒီလိုအပြောင်း အလည်းတွေနဲ့ ရင်ဆိုင်နေ ရပါတယ်။ အမေရိကန်ပြည်ထောင်စု ပင်တဂွန် စစ်ဌာနချုပ် ကပြောတာ ကတော့ စစ်တပ်ခေါင်းဆောင်များ တောင်မှ အော်ဟစ်ပြောဆိုခြင်းများကို အနည်းဆုံးလုပ်ဆောင် နေရပါတယ်တဲ့….. ဘာလို့လည်းဆိုတော့…. ဒီနေ့မျိုးဆက်သစ်များဟာ အရည်သွေးပြည့်မှီပါတယ် ဆိုတဲ့ သင်တန်း ဆရာများထက် ပိုမို ကောင်းမွန်တဲ့ အရာတွေ တုန့်ပြန်နိုင်ကြလို့ပဲ ဖြစ်ပါတယ်။
အမေရိကန် သမ္မတဟောင်း ဂျော့ ဒဗလျှူ ဘွတ်ရှ် တခါက… ဆုံးဖြတ်ချက် ချရတဲ့သူတစ်ယောက် ဖြစ်တဲ့ သူ့ရဲ့ အခန်းကဏ္ဍ ကိုရှင်းပြခဲ့ဘူး ပါတယ်။ ခေတ်မှီတဲ့ ခေါင်းဆောင် တစ်ယောက် ဆိုတာ… ကွန်ယက် တွေကို အသုံးပြုနိုင်ရမယ်၊ ပူးပေါင်း ဆောင်ရွက် နိုင်ရမယ်၊ ပူးပေါင်း ပါဝင်သူများကို အားပေးနိုင် ရမယ်လို့ ပြောပါတယ်။  ၀ါစဉ်ကြီးငယ်လိုက် ဆက်ခံရမယ်ဆိုတဲ့ အစဉ်လာ သမားများ မဟုတ်တဲ့ အမျိုးသမီးများရဲ့ စတိုင်များနဲ့ ဆက်ဆံရေး ကျွှမ်းကျင်မှု့များဟာ ပညာကို အခြေခံတဲ့ အဖွဲ့အစည်းများ က ခေါင်းဆောင်များ အတွက် လိုအပ်နေတဲ့ လိုအပ်ချက်များနဲ့ အံဝင်ဂွင်ကျ ဖြစ်နေတာ ကို တွေ့နေရပါတယ်။
အတိတ်ကာလက… အမျိုးသမီးများဟာ..အဖွဲ့အစည်းဦးဆောင်မှု့ အခန်းကဏ္ဍကိုတိုက်ခိုက်ပြီဆိုရင်… အမျိုးသားများဟာ… ယောကျာင်္းဆန်တယ် ဆိုတဲ့စကားနဲ့တုန့်ပြန်လေ့ရှိပါတယ်…. (ဒါဟာ..လူမှု့ဆောင်ရွက်ချက် များကို လုပ်ဆောင်နေတဲ့ အမျိုးသမီး သီလရှင်များကို ဆော်ကား လိုက်သလိုလည်း ဖြစ်ပါတယ် )။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ်…. အောင်မြင်စွာ ခေါင်းဆောင်နိုင် ဘို့ဆိုတာ…. အမျိုးသားများဟာ… အမျိုးသမီးများရဲ့ပြုမှု့ ဆောင်ရွက်လေ့ရှိတဲ့ သဘော သဘာဝများကို တန်ဘိုးထားတတ် ယုံမက…အဲဒီ့အရည်အသွေး တွေ အတွက် ကျွှမ်းကျင်အောင် လုပ်ယူ ဘို့ပဲ ဖြစ်ပါတယ်။
            ဒါဟာ… အချက်အလက် မဟုတ်ပါ…ဦးတည်ရမဲ့လမ်းကြောင်းဖြစ်ပါတယ်။အမျိုးသမီးများဟာ ခေါင်းဆောင်မှု့အခန်းကဏ္ဍ မှာ နောက်ကျကျန်ရစ်နေဆဲပဲ ဖြစ်တယ်။.. အားလုံးကို လွှမ်းခြုံကြည့်မယ် ဆိုရင် ပျမ်းမျှအားဖြင့် အမျိုးသမီးထုရဲ့ ငါးရာခိုင်နှုံးလောက်သာ… ခေါင်းဆောင်ပိုင်းနေရာ ကိုရောက်ရှိခဲ့ပါ တယ် ( အမေရိကန်ပြည်ထောင်စုမှာဆိုရင် ၁၆ ရာနှုံးသာ အမျိုးသမီး ဦးဆောင်မှု့ရှိ ပါတယ်….၄၅ ရာနှုံးလောက်ရှိတဲ့ ဆွီဒင်နဲ့နှိုင်းယှဉ်ကြည့်ပါ) ၊ ၂၀ ရာစု လွတ်လပ်တဲ့နိုင်ငံများရဲ့ အုပ်ချုပ်သူ ၁၉၄၁ ဦးကို လေ့လာကြည့်တဲ့အခါ အမျိုးသမီး…၂၇ဦး…ပဲတွေ့ရပါတယ်။ အကြမ်းဖျင်း အားဖြင့် အဲဒီ့ထဲကတ၀က်ဟာ….အုပ်ချုပ်သူအမျိုးသားများရဲ့အမျိုးသမီး ( မုဆိုးမ ) ၊ နဲ့ သမီးတွေ သာ ဖြစ်ပါတယ်။

အမျိုးသမီး ကမ္ဘာကြီး

သတင်းခေတ်ကြီးမှာ အမျိုးသမီးများရဲ့ကဏ္ဍဟာ တဖြေးဖြေးနဲ့ကြီးမားလာပါပြီ။ ဘာလို့များ အမျိုးသမီးတွေဟာ ပိုမိုကောင်းမွန်အောင်မလုပ်နိုင်ရမှာလည်း?......... အတွေ့အကြုံအားနည်းမှု့၊ အခြေခံတာဝန်ယူ စောင့်ရှောက်တတ်မှု့၊ ခွဲခြားဆက်ဆံတတ်မှု့များ မှတဆင့် ကျားမ ကွာဟချက်များကို ရှင်းပြ အကူညီပေးဘို့ဖြစ်လာပါတယ်။ အစဉ်လာ လမ်းကြောင်းများ၊ ယဉ်ကျေးမှု့များနဲ့ သူတို့ကို တွန်းအားပေးဘို့ တည်ဆောက် ဖန်တီးမှု့ များဟာ အဖွဲ့အစည်းများမှာ.. အမျိုးသမီးများ ရဲ့ ကဏ္ဍခေါင်းဆောင်ပိုင်းနေရာမှာရှိနေနိုင်ဘို့… (သူတို့ရဲ့ကျွှမ်းကျင်ပိုင်နိုင်မှု့များကို သာမာန် အားဖြင့်  မစွမ်းဆောင်နိုင်သလိုဖြစ်သွားပါလိမ့်မယ် ) ။
            ဒီမိုကရက်စီ လူ့အဖွဲ့အစည်းများမှာတောင်မှ အမျိုးသမီးများဟာ အမျိုးသားများထက် လူမှု့စွန့်စားခန်း များနဲ့ကြုံတွေ့ရတတ်တယ် လို့သုတေသနတွေကဖော်ပြနေပါတယ်။ ဘာလို့လည်း ဆိုတော့….အမျိုးသားများဟာ အစဉ်လာအားဖြင့်ကို… အမျိုးသမီးများအပေါ် လွှမ်းမိုးချုပ်ကိုင် လိုတဲ့ သွင်ပြင်များက…. အရှိန်အဖြစ်ကျန်ရစ်နေဆဲမို့ပါ။ ဒီအတားအဆီးများ ကိုတော့ ကျော်ဖြတ်ရပါလိမ့်မယ်။ အမျိုးသားများ သာလျှင် အရာရာကို ဦးဆောင်ရမယ်ဆိုတဲ့… အစဉ်အလာ အတားအဆီးကြီးက သတင်းခေတ်ကြီးမှာ ပုတ်သိုးဆွေးမြေ့နေပါပြီ။ ခေါင်းဆောင်များဟာ…. ပူးပေါင်း ပါဝင်ဆောင်ရွက် အားပေးရမဲ့အစား အမိန့်ဆန်ဆန်…လုပ်ဆောင်မှု့များ ရှုမြင်သုံးသပ်ချက်များကို နည်းအောင် သုံးသပ်သင့်ပါတယ်။ အမာနဲ့ အပျော့ ကျွှမ်းကျွှမ်းကျင်ကျင် ကိုင်တွယ် အသုံးပြုခြင်းဟာ အမျိုးသားများ ရော အမျိုးသမီးများအတွက်ပါ အဆင်ပြေချောမွေ့စေပါတယ်။ အစဉ်အလာ လိင်ခွဲခြားခြင်းတွေနဲ့ အရာရာကို ဖုံးအုပ်မထားသင့်တော့ပါဘူး။ တချို့ပတ်ဝန်းကျင် အခြေနေတွေမှာ… အမျိုးသားများဟာ အမျိုးသမီးများရဲ့ စိတ်နေသဘာဝ ဆုံးဖြတ်ချက်များကဲ့သို့ပြုမူဆောင်ရွက် လုပ်ဆောင် သင့်ပါတယ်။ အမျိုးသမီးများ အတွက်ကလည်း ထိုနည်းတူစွာပါပဲ…လိုအပ်လာလျှင် အမျိုးသားများ ကဲ့သို့ပြုမူ ဆောင်ရွက်ဘို့လိုအပ်ပါလိမ့်မယ်။
              ကျနော်တို့ အနာဂါတ် ငြိမ်းချမ်းရေးနဲ့စစ်ပွဲတွေကို ရွေးချယ်ဘို့ အဓိကသော့ချက်ကတော့ လိင်ကွဲပြားမူ့ပေါ်မှာ အခြေမခံ တော့ပဲ…အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ခေါင်းဆောင်များဟာ လုပ်ပိုင်နိုင်ခွင့်အင်အား အပျော့ အမာများကို ဟန်ချက်ညီညီ ကိုင်တွယ် အသုံးချခြင်းဖြင့်… အကောင်းဆုံးနည်းဗျူဟာ များကို ချမှတ်သွားနိုင် ဘို့ပဲဖြစ်တယ်။ ပင်ကာ ပြောဆိုချက်တွေဟာ မှန်ပါတယ်။ ကမ္ဘာကြီးမှာ အကြမ်းဖျင်းအားဖြင့် အကြမ်းဖက်မူ့များ ကျဆင်းလာတယ် ဆိုတာဟာ…. တကယ်တော့  အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို မြှင့်တင်အားပေးခဲ့လို့ပဲဖြစ်ပါတယ်။

                                                                   အားလုံးကိုလေးစားစွာဖြင့်
                                                                     ( မောင်မောင်ဝမ်း )




22nd March 1982: British Conservative Prime Minister Margaret Thatcher with Indian premier Indira Gandhi (1917 - 1984), outside 10 Downing Street. (Photo by Central Press/Getty Images) Getty Images

ဧည့်စာရင်း တိုင်ကြားရာတွင် ငွေကြေးကောက်ခံခြင်း မပြုရသော ဥပဒေကို နိုင်ငံတော်သမ္မတအတည်ပြု

ဧည့်စာရင်း တိုင်ကြားရာတွင် ငွေကြေးကောက်ခံခြင်း မပြုရသော ဥပဒေကို နိုင်ငံတော်သမ္မတ သည် ဖေဖော်ဝါရီ ၂၄ရက်က လက်မှတ် ရေးထိုးအတည်ပြု ပြဌာန်းလိုက်ပြီဖြစ် ကြောင်း သိရသည်။

အဆိုပါဥပဒေကို ဖေဖော်ဝါရီ ၂၄ရက်က ထုတ်ပြန်လိုက်ပြီး ဥပဒေတွင် ပါသည့်အခန်း ၁၅ အထွေထွေပုဒ်မ ၃၃ တွင် ရပ်ကွက် ကျေးရွာများ၌ ဧည့်စာရင်းတိုင်ကြားရာတွင် ငွေကြေးတစ်စုံတစ် ရာကောက်ခံခြင်း မပြုရကြောင်း ယင်းဥပဒေပြဌာန်းချက်အရ သိရသည်။ ယခင်က ဧည့်စာရင်းတိုင်ကြား ရာတွင် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ ရန်ပုံငွေ အဖြစ်သော်လည်းကောင်း၊ စာရွက်စာ တမ်းကြေးအဖြစ်သော်လည်းကောင်း ငွေကြေးကောက်ခံမှုများရှိခဲ့ကြောင်းသိရသည်။

ယခင်က မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် ဧည့်စာရင်းတိုင် ကြားခဲ့ရာတွင် ကောက်ခံမှု ငွေကြေးမှာ ကွဲ ပြားကြပြီး နေရာဒေသအပေါ် မူတည်၍ ဧည့်စာရင်းတစ်ခါ တိုင်ကြားလျှင် ကျပ် ၂၀ဝမှ ၅၀ဝအကြား ကောက်ခံနေမှုများ ရှိကြောင်း စုံစမ်းသိရသည်။ ''အခုအချိန်ထိ ဧည့်စာရင်းတိုင် ရင် စာရွက်စာတမ်းကြေး၊ ရန်ပုံငွေဆိုပြီး တောင်ပြောပြီးမတောင်းတော့ဘူး။ စာရင်းသွင်းပြီးတာနဲ့ ၅၀၀ ကျတယ်ဆိုပြီး တော့ စာရေးတွေက တောင်းတော့တာပဲ'' ဟု တောင်ဥက္ကလာပ နေ ဦးမျိုးဟိန်းက သူ အမြဲကြုံတွေ့နေရသည်ကိုေ ပြာသည်။

ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများအတွက် ရုံးအသုံးစရိတ် များ သုံးစွဲနိုင်ရန် နှစ်စဉ်ရသုံးမှန်းခြေငွေ စာရင်း၌ မြို့နယ်အလိုက် သင့်လျော်သည့် ရန်ပုံငွေပမာဏကို ခွဲဝေသတ်မှတ်လျာထား ရမည်ဖြစ်ကာ ရန်ပုံငွေကို ရပ်ကွက် သို့မ ဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ညွှန်ကြားချက်များနှင့်အညီ မြို့နယ်အုပ် ချုပ်ရေးမှူးထံသို့ တင်ပြတောင်းခံပြီး စနစ် တကျသုံးစွဲရမည်ဟု အခန်း ၁၃ ပုဒ်မ ၂၉၊ ၃ဝတွင် ဖော်ပြပါရှိသည်။
http://www.theyangontimes.com/

သန်လျင်တံတား အနီးရှိ လူပေါင်း ၂၅၀၀၀ ခန့် နေထိုင်နိုင်မည့် ကြယ်စင်မြို့တော် အိမ်ရာစီမံကိန်းတွင် စင်ကာပူနိုင်ငံမှ YOMA ကုမ္ပဏီ က စင်ကာပူဒေါ်လာ ၉၁ သန်း မြုပ်နှံမည်


Sunday, 26 February 2012 15:51
7223a ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သန်လျင်တံတားအနီး ရန်ကုန်မြစ်ကမ်းပေါ်တွင် SPA /FMI Group of Companies ကုမ္ပဏီက တည်ဆောက်လျက်ရှိသည့် လူပေါင်း ၂၅၀၀၀ ခန့်နေထိုင် နိုင်မည့် ကြယ်စင်မြို့တော် အိမ်ရာ စီမံကိန်းတွင် စင်ကာပူနိုင်ငံရှိ YOMA Strategic Holding Ltd. က စင်ကာပူဒေါ်လာ ၉၁ သန်းမြှုပ်နှံခဲ့ကြောင်း ကြယ်စင်မြို့တော် အိမ်ရာ စီမံကိန်းမှ ဒါရိုက်တာဖြစ်သူ ကိုစိုးသီဟလှိုင်၏ ပြောကြားချက်အရ သိရှိရသည်။
ကြယ်စင်မြို့တော်အိမ်ရာ စီမံကိန်းမှာ သံလျင်တံတားအနီး ရန်ကုန်မြစ်ကမ်းပေါ်ရှိ မြေအကျယ်အ၀န်း ဧက ၄၂၀ ပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်နေခြင်း ဖြစ်ပြီး ယင်းစီမံကိန်းတွင် စင်ကာပူ နိုင်ငံရှိ့  YOMA Strategic Holding Ltd. က ရင်းနှီးမြှပ်နှံမှု ၇၀ ရာခိုင်နှုန်းပြုလုပ်မည်ဖြစ်ပြီး FMI ကုမ္ပဏီ က ၃၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်မည်ဖြစ်ကြောင်း သိရှိရသည်။ စီမံကိန်းအား ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး အခန်းပေါင်း ၈၀၀၀ မှ ၉၀၀၀ အကြား ပါဝင်မည်ဖြစ်ကာ လူပေါင်း ၂၅၀၀၀ ခန့် နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းအား လာ မည့် ၂၀၂၀ ခုနှစ်တွင် အပြီးသတ် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

7223
ကြယ်စင်မြို့တော် အိမ်ရာစီမံကိန်း တည်ဆောက်နေမှုအား တွေ့ရစဉ်

ယင်းစီမံကိန်းတွင် လူနေအိမ် ဧရိယာ (Residential  Area) နှင့် စီး ပွားရေးလုပ်ငန်းဧရိယာ (Commercial Area) များပါဝင်မည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်း ဧရိယာတွင် ဘဏ်၊ ကျောင်း၊ ရုပ်ရှင်ရုံ၊ Gym နှင့် Spa များ ပါဝင်မည်ဖြစ်ပြီး ဂေါက်ကွင်းနှင့် ရေကူးကန်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
“ FMI ကုမ္ပဏီက အကောင်အထည်ဖော်နေတဲ့ ကြယ်စင်မြို့တော် အိမ်ရာစီမံကိန်းမှာ စင်ကာပူနိုင်ငံက (SGX) Stock Exchange မှာ ဈေးကွက်ကစားနေတဲ့ YOMA Strategic Holding Ltd.က ရင်းနှီးမြှုပ်နှံဖို့ သဘောတူညီခဲ့ပြီး စင်ကာပူဒေါ်လာ ၉၁ သန်း မြှုပ်နှံလိုက်ပါတယ်။ ဒီရင်းနှီးမြှပ်နှံမှုဟာ အိမ်ခြံမြေဈေးကွက် ဖွံ့ဖြိုးတိုးတက်မှု အတွက် ထူးခြားအရေးပါတဲ့ သတင်းကောင်း တစ်ခု ဖြစ်ပါတယ်။ ဈေးကွက်တစ်ခု စဖွင့်လိုက်သလိုပါပဲ။ နောက်ပိုင်း တိုးတက်ဖို့ အလားအလာတွေ အများကြီး ရှိလာပါပြီ။ ပြီးတော့ သန်လျင်လိုနေရာမျိုးက ရန်ကုန်မြိုနဲ့ တံတားကူးရင် ရောက်တဲ့ အနေအထားမို့လို့ ကျွန်တော်တို့ ဒီလိုရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖြစ်ကြတာပါ”ဟု ကိုစိုးသီဟလှိုင် က ပြောပြခဲ့သည်။
ကြယ်စင်မြို့တော် အိမ်ရာစီမံကိန်းရှိ အဆောက်အဦ အမှတ် ၁ နှင့် အမှတ် ၂တို့အား ဆောက်လုပ်လျက် ရှိပြီး အဆောက်အဦ ၁ တွင် အခန်းပေါင်း ၁၅၀ ပါဝင်ကာ ၁၅၀ စလုံး ရောင်းချပြီးပြီ ဖြစ်ကြောင်း၊ အဆောက် အဦ ၂ တွင် အခန်းပေါင်း ၁၅၀ မှ ၁၂၀ ကို ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ကြယ်စင်မြို့တော် အိမ်ရာစီမံကိန်းက လူလတ်တန်းစားနဲ့ အပေါ်အဆင့်တွေကို ဦးတည်ထားတာ ဖြစ်ပါတယ်။ အခန်းဈေးနှုန်းတွေက ကျပ်သိန်း ၄၈၀  ကနေ ၁၄၀၀ ပတ်ဝန်းကျင်အထိ ရှိပြီး အဆင့်မြှင့်အိမ်ရာနဲ့ နေချင်သူတွေ အတွက် ရည်ရွယ်ပါတယ်။ ဒီမှာ နေထိုင်မယ့်လူတွေ အတွက် ရေ၊ မီး၊ လုံခြုံရေး ၀န်ဆောင်မှုအပြင် မြို့ထဲဧရိယာနဲ့ ဒီနေရာကို Boat  Ferry သဘောမျိုး လုပ်ပေးဖို့အတွက် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးနဲ့ ဆွေးနွေးနေပါတယ်”ဟု ကိုစိုးသီဟလှိုင်က ဆိုပါသည်။
www.news-eleven.com

အာစီယံအတွင်းရေးမှုးချုပ် နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံ.....


Uploaded by BurmaVJMedia on Feb 25, 2012

မလေးရှားမှမြန်မာအလုပ်သမားများ ဧရာဝတီဘဏ်မှတစ်ဆင့် ငွေလွှဲနိုင်

စိုးစန္ဒာဦး
အတွဲ ၂၈ ၊ အမှတ် ၅၅၈ ( ၂၄ ၊ ၂ - ၁ ၊ ၃၊ ၂၀၁၂)

မလေးရှားမှ မြန်မာအလုပ်သမားများ အနေဖြင့် ယခုလ ၁၀ ရက်နေ့မှ စတင်၍ ၎င်းတို့ဘဏ်မှတစ်ဆင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ နေရာရှိ မိသားစုများထံသို့ တိုက်ရိုက် တရားဝင်ငွေလွှဲနိုင်ပြီဖြစ်ကြောင်း ဧရာဝတီဘဏ်မှ မန်နေးဂျင်း ဒါရိုက်တာ ဦးသန်းဇော်က ပြောသည်။

"အရင်ဆုံး မလေးရှားက ငွေလွှဲ လိုင်စင်ရထားတဲ့ Q-remit ဆိုတဲ့ ကုမ္ပဏီနဲ့ချိတ်ဆတ်ပြီး ဒီလုပ်ငန်းကို လုပ်တာပါ။ ကွာလာလမ်ပူနဲ့ မလက္ကာမှာရှိတဲ့ ကုမ္ပဏီတွေမှာ ကောင်တာဖွင့်ပြီး ဆောင်ရွက်နေပါတယ်။ မြန်မာလိုကော၊ အင်္ဂလိပ်လိုပါ ဖြည့်တတ်တဲ့ ၀န်ထမ်း ထားပေးထားတယ်။ ငွေလွှဲချင်တဲ့သူက ကောင်တာသွားတဲ့အခါ အဲဒီဝန်ထမ်းက ဖောင်ဖြည့်ပေးမယ်"ဟု ၎င်းက ပြော ကြားသည်။

ငွေလွှဲခနှုန်းများမှာ မလေးရှားငွေ ရင်းဂစ် ၁,၅၀၀ ကို ၁၂ ရင်းဂစ် ၊ ရင်းဂစ် ၁,၅၀၀ မှ ၃,၀၀၀ ကို ၁၅ ရင်းဂစ်နှင့် ရင်းဂစ် ၃,၀၀၀ မှ ၆,၀၀၀ ကို ရင်းဂစ်၂၀ နှုန်းပေးရကြောင်း ပြောသည်။

ငွေလွှဲခြင်းကို စတင် လက်ခံဆောင် ရွက်ချိန်မှစ၍ ယခုအချိန်ထိ စုစုပေါင်း ငွေလွှဲသူ ၁၁ ဦးရှိပြီး တစ်ဦးမှာ ရင်းဂစ် ၆,၀၀၀ ထိ ငွေလွှဲခဲ့ပြီး ကျန်အလုပ်သမား အများစုမှာ ရင်းဂစ် ၂,၀၀၀ ကျော်နှင့် ၁,၀၀၀ ကျော် လွှဲခဲ့သည်ဟု ဆိုသည်။

မလေးရှားရှိ မေဘဏ်က ရင်းဂစ်၊ ဒေါ်လာပေါက်ဈေး ငွေလဲနှုန်း ထုတ်ပြန်ချက်နှင့် မြန်မာနိုင်ငံရှိ သိမ်ဖြူဈေးမှာ ဒေါ်လာ၊ မြန်မာငွေ လဲနှုန်း ထုတ်ပြန်ချက်အတိုင်း ရင်းဂစ်မှာ မြန်မာငွေ တွက်ချက် ခြင်းဖြစ်ကြောင်း ပြောသည်။

"ငွေလွှဲတဲ့သူက သူတို့ပို့တဲ့ ရင်းဂစ် ဘယ်လောက်က မြန်မာငွေဘယ်လောက် ရောက်မယ်ဆိုတာ ပြေစာ တစ်ခါတည်း တွက်ပြီးသား ပါတော့ တန်းပြီးသိနိုင်တယ်"ဟု ပြောသည်။

အေးဂျင့်များမှာ ငွေလွှဲခမယူသော်လည်း ပေါက်ဈေးကို လျှော့ပေးသောကြောင့် တွက်ချက်ကြည့်ပါက ရင်းဂစ် ၁,၀၀၀ အထက် ငွေလွှဲသူများမှာ ဘဏ်မှ လွှဲပါက မြန်မာငွေပိုရနိုင်သည့် အားသာချက်ရှိကြောင်း မလေးရှားရှိ မြန်မာ အလုပ်သမားတစ်ဦးက ပြောသည်။

"ရင်းဂစ် ၁,၀၀၀ ကို ငွေလဲနှုန်းက ၁၂ ရင်းဂစ်ဆိုတော့ ၁,၀၀၀ အောက် လဲရင်တော့ အေးဂျင့်ကလွှဲရင် မြန်မာငွေ ပိုရနိုင်တာပေါ့။ ၁,၀၀၀ အထက်ဆိုရင် တော့ ဘဏ်ကလွှဲတာပိုရတယ်"ဟု ၎င်းက ပြောသည်။

ဗဟိုဘဏ်မှ ငွေလွှဲအေးဂျင့်များကို လိုင်စင်မရှိဘဲ လုပ်ဆောင်ပါက ရင်းဂစ် တစ်သန်းထိ ဒဏ်ရိုက်ပြီး ထောင်ဒဏ်နှင့် ပစ္စည်းသိမ်း မည်ဟု ဥပဒေထုတ်ပြန်ထားကြောင်း သိရသည်။

"ဒါပေမယ့်လည်း အရင်ကငွေလွှဲဖို့ ဒီလို ငွေလွှဲတဲ့နည်းလမ်းတွေမှ မရှိခဲ့တော့ ဘာမှ အရေးယူတာတော့ မရှိခဲ့ဘူး။ ငွေ လွှဲဖို့ ဒီလို နည်းလမ်းတွေကလည်း ရှိကို ရှိမှ ရမှာပါ။ အလုပ်သမားတွေကတော့ ရှိတဲ့နည်းလမ်းနဲ့ လွှဲခဲ့ရမှာပဲ"ဟု ပြောသည်။

လက်ရှိအချိန်ထိ စုစုပေါင်းရင်းဂစ် တစ်သောင်းကျော် လက်ခံငွေ လွှဲပေးထားရာ ကလေးမြို့သို့ အများဆုံး ငွေလွှဲပြီး၊ မိုးကုတ်မြို့ သို့လည်း ငွေလဲမှုများ ရှိကြောင်း သိရသည်။

"အလုပ်သမားတွေက လစာထုတ်ရက်ရဲ့ အနီးဆုံး တနင်္ဂနွေမှာ လာလွှဲကြ တာများတယ်။ ကွာလာလမ်ပူကတော့ မြန်မာအလုပ် သမားတွေ အများဆုံးရှိတဲ့ နေရာပါ။ ပိတ်ရက်ဆို သူတို့ တွေ့ဆုံကြတဲ့ အပမ်းဖြေနေရာလည်းဖြစ်တော့ ငွေလွှဲကောင်တာဖွင့် ပေးထားတော့ အဆင်ပြေတာပေါ့"ဟု ဦးသန်းဇော်က ပြောသည်။

ဧရာဝတီဘဏ်က ချိတ်ဆတ်ထားသော အခြားဘဏ်များသို့ ဆက်လက် ငွေလွှဲပါက မြန်မာငွေကျပ် ၁၀၀ ကို ငွေ လွှဲနှုန်း ၁၅ ပြား ပေးရခြင်းဖြစ်ကြောင်း ပြောသည်။

အလုပ်သမားမှာ ငွေပို့ခြင်း အဆင်ပြေ စေရန်အတွက်သာ ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သောကြောင့် ကုန်သွယ်ငွေလွှဲခြင်းနှင့် ရင်းဂစ် ၆,၀၀၀ အထက် ငွေလွှဲ ခြင်းကို လက်ခံဆောင်ရွက်မပေးဟု ဆိုသည်။

"တရားဝင်အလုပ်သမားတွေကိုပဲ ငွေလွှဲတာဆောင်ရွက်ပေးပါတယ်။ နိုင်ငံ ကူးလတ်မှတ်၊ မလေးရှားက ၀ပ်ခ်ပါမစ် ပါမှ လက်ခံ ပါတယ်။ ဘဏ်တွေတိုင်းမှာ မိမိငွေအပ်သူကို သိရမယ်ဆိုတဲ့ စည်းမျဉ်းရှိထားလို့ပါ"ဟု ဦးသန်းဇော် က ပြောသည်။

မလေးရှားရှိ မြန်မာသံရုံးကလည်း မလေးရှားရှိ မြန်မာအလုပ်သမားများကို မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ရဲစခန်း ထောက်ခံစာနှင့် ရပ်ကွက်ထောက်ခံစာ ပါရှိပါက နိုင်ငံကူးလတ်မှတ် ထုတ်ပေးလျက်ရှိကြောင်း ၎င်းက ပြောသည်။

"မြန်မာသံရုံးက နယ်ဘက်တွေကိုပါ ဆင်းပြီး နိုင်ငံကူးလက်မှတ်တွေ လိုက်လုပ်ပေးနေတာဆိုတော့ နောက်ပိုင်းမှာ ငွေလည်း ပိုပြီး လွှဲနိုင်မယ်ထင်ပါတယ်" ဟု ဆိုသည်။

ငွေလွှဲသည်ကို ၁၀ ရက်အတွင်း လာရောက်ထုတ်ယူသူမရှိပါက ငွေလွှဲသူ ထံသို့ ပြန်လည်ပေးပို့ အကြောင်းကြားကြောင်း၊ တစ်ကြိမ် အချက်အလက် ပြင်ဆင်ခွင့်ပေးပြီး ဒုတိယအကြိမ် ဆိုပါက ငွေလဲခနှုန်း ပြန်လည် ပေးဆောင်ရကြောင်း၊ အလုပ်သမားများအနေဖြင့် ငွေစာရင်း ဖွင့်လှစ်ထားရှိနိုင်ကြောင်းပြောသည်။

Q-remit ကုမ္ပဏီသည် နီပေါ၊ ပါကစ္စတန်၊ သီရိလင်္ကာနှင့် ဘင်္ဂလား ဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများနှင့်လည်း ချိတ်ဆက်ပြီး ငွေလွှဲ ကောင်တာများ ထားရှိပြီး၊ မြန်မာမှ ကောင်တာနှစ်ခုအပြင် ပီနန်မြို့ နှင့် အီပို၊ ဂျိုဟိုး ကာရိုးတို့တွင်လည်း ကောင်တာများ ချိတ်ဆတ် ထားရှိရန် ညှိနှိုင်းဆောင်ရွက်နေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇန်န၀ါရီ ၁ ရက်နေ့မှစတင်ခါ ပြည်တွင်းဘဏ် လေးဘဏ်ဖြစ်သော ကမ္ဗောဇ၊ သမ၀ါယမ(စီဘီ)၊ ဧရာဝတီနှင့် အာရှစိမ်းလန်း ဖွံ့ဖြိုးရေးတို့ကို စင်ကာပူ၊ ထိုင်းနှင့် မလေးရှားနိုင်ငံများတွင် ငွေလွှဲဝန်ဆောင်မှုအတွက် ခွင့်ပြုပေးခဲ့သည်။
www.myanmar.mmtimes.com

ဒေါ်အောင်ဆန်းစုကြည်သုံးခွမြို့မှာလည်းထုံးစံအတိုင်းပဲစိုက်ခင်းတွေထဲ စင်ထိုးပြီး လူထုဟောပြောပွဲကို ကျင်းပ

Yangon Press International
သုံးခွမြို့မှာလည်း ထုံးစံအတိုင်း ဘုရင့်နောင် ဘောလုံးကွင်း အသုံးပြုခွင့်မရတာကြောင့် ဘောလုံးကွင်း တဘက်ကမ်းက ပဲစိုက်ခင်းတွေထဲ စင်ထိုးပြီး လူထုဟောပြောပွဲကို ကျင်းပခဲ့ပါတယ်။ ပဲစိုက်ခင်းတွေဖြစ်လို့ ဖုံထူထူထဲမှာ လူထုပရိသတ်က ဟောပြောတာကို နားထောင်ခဲ့ကြပါတယ်။
သုံးခွမြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့်သူက ယခင် အန်အယ်လ်ဒီ ပါတီ အတွင်းရေးမှူး ဦးလွင်ရဲ့ သမီးဖြစ်သူ ဒေါ်စုစုလွင်ပါ။
ဒေါ်စုစုလွင်ကို မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဟောပြောချက်ထဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်။
ညနေ ၆ နာရီဝန်းကျင်တွင် လူထုဟောပြောပွဲ ပြီးဆုံးခဲ့သည်။








 သုံးခွမြို့နယ် NLD ကိုယ်စားလှယ်လောင်း ဒေါ်စုစုလွင် (ယခင်အန်အယ်လ်ဒီ အတွင်းရေးမှူး ဦးလွင်၏ သမီး)





သုံးခွမြို့အောင်နိုင်ရေး ခရီးလမ်းတွင် ပြည်သူများအား နှုတ်ဆက်နေသော အန်တီစု
Ah Ba Yah-photo



ပြည်သူတွေ လိုတာကို အားလုံးလုပ်ပေးမယ်ဆိုတဲ့ သူကို ဘယ်တော့မှမယုံနဲ့ အဲဒါ အာဏာရှင်ပေါက်စပဲ

Uploaded by BurmaVJMedia on Feb 25, 2012
ပြည်သူတွေ လိုတာကို အားလုံးလုပ်ပေးမယ်ဆိုတဲ့ သူကို ဘယ်တော့မှမယုံနဲ့
အဲဒါ အာဏာရှင်ပေါက်စပဲ လို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့  မနောကွင်းမှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ပြုလုပ်တဲ့ လူထုနဲ့ တွေ့ ဆုံပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးမှ ရွှေခွပ်ဒေါင်းဖြင့် ကြိုမည်

The Voice Weekly


မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံး မြို့တော် မန္တလေးသို့ မတ်လ ၃ ရက်နေ့တွင် လာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် မန္တလေးတိုင်း ဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေးအဖွဲ့က အရှည် ရှစ်ပေကျော်ရှိ ရွှေခွပ်ဒေါင်းရုပ်ဖြင့် ကြိုဆိုမည် ဖြစ်ကြောင်း တိုင်းပြန်ကြားရေး တာဝန်ခံ ဦးမျိုးနိုင်က ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲ အတွက် နိုင်ငံအနှံ့ စည်းရုံးရေးခရီး လှည့်လည်နေသော ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ် ခရီးစဉ် အပြီး တစ်ပတ်ကျော် အကြာတွင် မန္တလေးတိုင်း ဒေသကြီးသို့ လာရောက်မည် ဖြစ်ပြီး ထိုမှတဆင့် မိတ္ထီလာ၊ ပဲခူးမြို့များသို့ ခရီးလှည့်လည်မည် ဖြစ်သည်။

................

၅၀×၅၁လမ်းနဲ့အောင်ဇေယျာလမ်း×အောင်ဆန်းလမ်းကြား ဆဆ/၉ အောင်ပင်လယ်
ဓါတ်ပုံ-ကာတွန်းအောင်မော်

သိပ္ပံလမ်းအတိုင်း တည့်တည့်သွား၊၄၈လမ်းကျမှ တောင်ဖက်ကိုချိုး...... အဲဒီကနေ အောင်ဇေယျလမ်းရောက်ရင် အနောက်ဖက် ၅၁လမ်းကို ၂ပြပဲပြန်ဆင်းရင် ကွင်းကိုရောက်ပါတယ်။ NLD ကလဲ အဲဒီ လမ်းကသွားမယ်။
(စွာလေး)