Monday, February 27, 2012

မန္တလေးမှာ ကြံ့ဖွံ့ပါတီက၀န်ထမ်းများအား အသုံးချ၍ မဲဆွယ်ခိုင်း

27 February 2012

မန္တလေးမှာ ကြံ့ဖွံ့ပါတီက စည်ပင်လုပ်သားများအား အသုံးချ၍ ၄င်းတို့ပါတီအတွက် မဲဆွယ်ခိုင်း - Dirty Methods of USDP

From Dirty Methods and USDP


From Dirty Methods and USDP


From Dirty Methods and USDP


From Dirty Methods and USDP





စတုတ္ထမဏ္ဍိုင် များသို့-


ဒီနေ့ မနက် ၈ နာရီက မန္တလေးမြို့၊ ၈၂လမ်း- ၃၈လမ်းထောင့်မှာ
မန္တလေးစည်ပင်သာယာရေးကော်မတီမှ အရာရှိကြီးများနဲ့
ပြည်သူ့ရဲတပ်ဖွဲ့မှအရာရှိများပါဝင်တဲ့ ဌာနပိုင်ကားများကို တွေ့ရပါတယ်။


၎င်းယူနီဖောင်းဝတ်အရာရှိများဟာ စည်ပင်ဌာနရဲ့ သန့်ရှင်းရေးဝန်ထမ်း ၅၀ ခန့် ရဲ့
ရေစီးမြောင်းများသန့်ရှင်းခြင်း၊ လမ်းဘေးဝဲယာရှိအမှိုက်များကိုသန့်ရှင်းခြင်း၊ စည်ပင်အမှိုက်သိမ်းဌာနရဲ့
ကားများပေါ်တင်ကြခြင်းတို့ ဆောင်ရွက်တာဝန်ထမ်းဆောင်ခြင်းတို့ကို ကြည့်ရှုကြတာ တွေ့ရပါတယ်။


ဒါပေမယ့်-
သူတို့အမှိုက်သိမ်းဝန်ထမ်းများဟာ ယူနီဖောင်းအစား ကြံ့ခိုင်ရေးပါတီရဲ့
တံဆိပ်များပါဝင်သောတီရှပ်များကိုဝတ်ဆင်ကြပြီး အပေါ်ဝေ့ကုတ်စည်ပင်ဝတ်စုံများဝတ်ထားခြင်း၊ ကြံခိုင်ရေးပါတီအမှတ်တံဆိပ်ပါ ဦးထုပ်အစိမ်းရောင်များ ဆောင်းထားခြင်း၊ စည်ပင်အမှိုက်သိမ်းကားယာဉ်မောင်းဟာ စည်ပင်ဝတ်စုံဖြစ်တဲ့ နက်ပြာဝတ်စုံဝတ်ဆင်ပြီး ယင်းပါတီဦးထုပ်များ ဆောင်းထားခြင်းတို့ကို တွေ့ခဲ့ရပါတယ်။


မနေ့ကမှဖတ်ခဲ့ရတဲ့ ပြည်သူ့ခေတ်ဂျာနယ်၊ စာမျက်နှာ၃၀ မှာ ဆောင်းပါးရှင်
ဝင်းထွဋ်ဇော်ရဲ့ ((ဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှုတည်ဆောက်ဖို့))
ဆောင်းပါးမှာရေးသားထားချက်နဲ့ဆိုရင်
ဒီလှုပ်ရှားမှုဟာ တရားမျှတမှုမရှိဘူးလို့ ထင်ပါတယ်။


စတုတ္ထမဏ္ဍိုင်များ သိစေရန်တင်ပြအပ်ပါတယ်။


ကိုဝင်းဇော်ဦး
မန္တလေး


-----------------------------------------------------
(ဓာတ်ပုံများနှင့်တကွ သတင်းပေးပို့သော မန္တလေးမှ ကိုဝင်းဇော်ဦး အား ညိုကြီး က ကျေးဇူးအထူးတင်ပါကြောင်း)
http://bigbbrown.blogspot.com/

ဒေါက်တာတင်မျိုးဝင်း၏အဖေနေရာအမေစုကွက်လပ်ဖြည့်

ဒေါက်တာတင်မျိုးဝင်း+ဒေါက်တာပြုံးမိုအိ...မင်္ဂလာဧည်ခံပွဲ
By: Tin Tin Oo






မျိုးဆက် ကျောင်းသားများအား နာမည်ကျော် ဟာသပညာရှင် ဦးပါပါလေးနှင့် အဖွဲ့က ကြိုဆို

The Voice Weekly







ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်၆ဒေါ်လာခန့် ရက်ရောစွာလှုဒါန်း

Burma VJ Media Network




မီးရထားဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဌ နိုင်ရောစ ဦးဆောင်တဲ့အဖွဲ့သဘောတူညီချက် ၄ ချက်ကို လက်မှတ်ရေးထိုး

Uploaded by BurmaVJMedia on Feb 27, 2012

ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ Strand ဟိုတယ်မှာ မီးရထားဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဌ နိုင်ရောစ ဦးဆောင်တဲ့အဖွဲ့တို့ က အပစ်အခတ်ရပ်စဲရေးအပါအ၀င် သဘောတူညီချက် ၄ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ဒီအချက် ၄ ချက်ထဲမှာ အပစ်အခတ်ရပ်စဲပြီး ၄၅ ရက် အတွင်း နိုင်ငံရေးဆွေးနွေးဖို့ ၊ တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲဖို့ ၊ အဖမ်းခံထားရတဲ့ မွန်ပြည်သစ်ပါတီက ရဲဘော်တွေအပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးကိုလွှတ်ပေးဖို့ ဒေသဖွံ့ဖြိုးရေးတွေ မှာပူးပေါင်းဆောင်ရွက်ဖို့ ပြည်တွင်းက နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံနိုင်ဖို့ အချက်တွေလည်းပါဝင်ပါတယ်။

အားကစားကွင်းမရလို့ လယ်ကွင်းထဲမဲဆွယ်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သုံးခွမိန့်ခွန်း

Uploaded by BurmaVJMedia on Feb 27, 2012

ဖေဖော်ဝါရီလ ၂၆ နေ့ ညနေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်း သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ၀င်ပြိုင်မယ့် ဒေါ်စုစုလွင် နဲ့ အတူ သုံးခွမြို့နယ်ကိုသွားရောက်ခဲ့ပြီး လာရောက်ကြိုဆိုကြတဲ့ သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေကို မိန့်ခွန်းပြောသွားခဲ့ပါတယ်။ သုံးခွမြို့က အားကစားကွင်းတွေမှာ မဲဆွယ်ခွင့်မရပဲ လယ်ကွင်းမှာပဲ လူထုနဲ့တွေ့ဆုံခဲ့ရပါတယ်။

မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ

Uploaded by BurmaVJMedia on Feb 27, 2012

အမျိုးသားညီညွတ်ရေးကို ပြဆိုခဲ့တဲ့ မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ ဆုတောင်းပွဲအခမ်းအနားကို ဒေသခံကချင်လူမျိုးများ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက်နေသူများ၊ ဧရာဝတီအရေးနဲ့ ပတ်သတ်ပြီး မြစ်ဆုံဆည် ရပ်ဆိုင်းထားသည်အထိ မီဒီယာစာမျက်နှာတွေပေါ်ကနေ တိုက်ပွဲဝင်ခဲ့ကြတဲ့ အနုပညာရှင်များနဲ့ သတင်းထောက်များ တက်ရောက်ခဲ့ကြပါတယ်။ အဲ့ဒီ ဆုတောင်းပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တန်ဖဲမြစ်ဆုံရွာမှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။


ထားဝယ်တွင် ပိုင်ရှင်များကို ကြိုတင်အသိမပေးပဲ ဥယျာဉ်လယ်မြေများအား ကုမ္ပဏီမှ ၀င်ရောက်ကျူးကျော်



by Yangon Press International on Monday, February 27, 2012 at 1:24am ·
ဖေဖေါ်ဝါရီ  ၂၇ ၂၀၁၂ (YPI)

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဧရိယာအတွင်း ကျရောက်နေသည့် လယ်မြေများ နှင့် ခြံမြေများအား ကြိုတင်အသိပေး ညှိုနှိုင်းထားခြင်းမရှိဘဲ အီတာလျံထိုင်းကုမ္ပဏီမှ စက်ယန္တယားများဖြင့် ၀င်ရောက် ကျူးကျော်ရှင်းလင်းနေသည်ဟု နစ်နာသူဒေသခံ ခြံပိုင်ရှင်များကဆိုသည်။

 “တန်ရာတန်ကြေးပေးပြီး ၀ယ်ယူမယ်ဆိုရင်တော့ လက်ခံနိုင်တာပေါ့။ အခုက ဘာမှမညှိုနှိုင်းပဲ ကျွန်တော့်လယ်ကို ဘူဒိုဇာနဲ့ လာထိုးတော့မယ်လုပ်လို့ တားထားရတယ်” ဟု စီမံကိန်း၏မြောက်ဘက် ၁၀ မိုင်အကွာရှိ ဘ၀ါကျေးရွာမှ လယ်ပိုင်ရှင်တစ်ဦးက ပြောကြား သည်။



ယခုလ ၂၁ ရက်က ၎င်းပိုင်ခြံကွက်ဘေးရှိမြေကို ဘူဒိုဇာများဖြင့်ဝင်ရောက်ရှင်းလင်းခဲ့ပြီး ၎င်းပိုက်မြေကွက်ကိုပါရှင်းလင်းရန် ယန္တရားများဝင်လာသည်ကိုမြင်သဖြင့်သွားရောက်တားဆီးခဲ့ရသည်ဟု ဆိုသည်။

စီမံကိန်းစတင်ကာစက ကြိုတင်အသိမပေးပဲ ညဘက်တွင် ယန္တယားများဖြင့် ခြံများထဲဖြတ်၍ လမ်းဖောက်ခြင်း များရှိခဲ့ပြီး သိမ်းဆည်းထားသော မြေနေရာများအား နှစ်နှင့်ချီကြာမှ လျော်ကြေးပေးခြင်း၊ ပေးသော လျော်ကြေးမှာ နည်းလွန်းသဖြင့် ညှိုနှိုင်းမရသေးခင် ကျုးကျော်ရန်ကြိုးစားခြင်းများ ဖြစ်ပွားလျှက်ရှိကြောင်း ဒေသခံများက ပြောသည်။

ဥယျာဉ်ခြံများ၊ လယ်မြေများရောင်းချစေရန်အတွက် အာဏာပိုင်များဘက်မှလည်း ဖိအားပေးမှုများရှိကြောင်း၊ ယခုပေးသော ပမာဏကို လက်မခံလျှင် နောက်ထပ် ထိုမျှရမည်မဟုတ်ကြောင်းပြောဆိုကာ မြေရောင်းချရန် အဓမ္မလက်မှတ် ရေးထိုးစေခြင်းမျိုးရှိကြောင်း ၄င်းကဆိုသည်။

 “ သူတို့ပေးတဲ့ လျှော်ကြေးဆိုတာက တန်ရာတန်ကြေးမဟုတ်ဘူး၊ ဒေသပေါက်ဈေးထက်ကို နည်းတယ်။ ဒီလောက်နဲ့တော့ ကျွန်တော့်မြေကို မရောင်းချင်ဘူးပေါ့ဗျာ” ဟု ဘ၀ါကျေးရွာသား တစ်ဦးက ဆိုသည်။

ကျေးရွာများပြောင်းရွှေ့နေရာချထားမည့် မြို့သစ်နေရာအပါအ၀င် စီမံကိန်းဧရိယာ အနီးတစ်ဝိုက်နေရာများရှိ မြေကွက်များအား စီးပွားရေးသမားများမှ လိုက်လံဝယ်ယူနေသဖြင့် မြေဈေးမှာ မူလထက် အဆမတန် တက်နေပြီဖြစ်သောကြောင့် လျော်ကြေးရပြီးပါက အခြားနေရာတွင် မူလမြေဧရိယာအတိုင်း ပြန်ဝယ်နိုင်ရန်မလွယ်ကူကြောင်း ဒေသခံခြံပိုင်ရှင်တစ်ဦးက  သုံးသပ်သည်။

“ ၂၀၁၁ ဇန်န၀ါရီလထဲမှာ ကျနော်တို့ရွာပိုင် သီဟိုဠ်ခြံတွေထဲကနေ လမ်းဖောက်တော့ အပင်တွေပါ သွားတယ်။ ပိုင်ရှင် ၁၂ယောက် ရှိတယ်။ ဘာမှ ကြိုတင် အသိပေးတာမျိုးမရှိဘူး။ လျှော်ကြေးပေးဖို့လဲလာ ညှိုနှိုင်းတာမျိုး မရှိဘူး” ဟု သီးပင်များဆုံးရှုံးသွားသူ မယင်းကြီးရွာသားတစ်ဦးက ပြောကြားသည်။

ယခင်အစိုးရလက်ထက် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလတွင် ထုတ်ပြန်ခဲ့သော ထားဝယ်အထူးစီးပွားရေးဇုန်ဥပဒေ အခန်း(၇) ပုဒ်မ (၃၄)တွင် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ မြေနေရာ ပေါ်တွင် လူနေအိမ်နှင့် ဥယျဉ်ခြံမြေများအား ဖယ်ရှား ရှင်းလင်းရန်ရှိပါ က ပြောင်းရွှေ့နေရာချထားခြင်းနှင့် လျှော်ကြေးများကို ရင်းနှီးမြုပ်နှံသူက ကုန်ကျခံရမည်ဖြစ်ကာ ပြောင်းရွေ့ခံရမည့်သူများအား မူလအဆင့်အတန်းထက် နိမ့်မကျစေရန်နှင့် အခြေခံလိုအပ်ချက်များပြည့်စုံစေရန် ဆောင်ရွက်ပေးရမည်ဟု ဖော်ပြပါရှိသည်။


ယနေ့ကျင်းပသည့် တိုင်ရီ စက်ရုံ အလုပ်သမား ဆန္ဒပြမှုနှင့် ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲမှ အလုပ်သမားများ

Yangon Press International









ရှေ့နေ ကိုဖိုးဖြူ

အလုပ်သမား အရေးကူညီသူ ရှေ့နေ ဦးသိန်းထွန်းအောင် (မြို့မ)

အလုပ်သမား အမှုဆောင် ၁၁ ဦး

တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား ခေါင်းဆောင် ဒေါ်လွင်မော်ဦး

လှိုင်သာယာ တိုင်ရီ ဖိနပ်စက်ရုံမှ ဆန္ဒပြ အလုပ်သမား ကိုယ်စားလှယ်များ

ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ် စည်းရုံးရေးခရီးစဉ်တွင် ဟောပြောမည့်နေရာ သတ်မှတ်




by Yangon Press International on Monday, February 27, 2012 at 11:34am ·
ဖေဖေါ်ဝါရီ ၂၇၊ ၂၀၁၂ (YPI)

လာမည့် မတ်လ ၁၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ် မဲဆွယ်စည်းရုံးရေး ဟောပြောပွဲကို မော်လမြိုင်မြို့ပေါ် ရှိသံလွင် ဥယျာဉ်တွင် ကျင်းပမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မော်လမြိုင် အောင်နိုင်ရေး ရုံးမှ တာဝန်ရှိသူ ဦးကိုကိုဇော် ကပြောသည်။

“ ဒီနေ့လုပ်တဲ့ အစည်းအဝေးမှာ သံလွင်ဥယျာဉ်မှာလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်၊ မနက်ဖြန်ကျရင် သက်ဆိုင်ရာ ကော်မတီကို ခွင့်ပြုချက်ရဖို့ တင်မယ်၊ မော်လမြိုင်မြို့ပေါ်ပဲ စည်းရုံးရေးဆင်းမှာပါ နယ်ဘက်တော့သွားဖြစ်မှာမဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

သံလွင်ဥယျာဉ်ကွင်းမှာ မော်လမြိုင်မြို့ ဘိုကုန်းရပ်တွင် တည်ရှိပြီး အနည်းဆုံး လူဦးရေနှစ်သောင်း၊ သုံးသောင်း ဆန့်သည်ဟုဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ မတ်လ ၁၀ ရက်နေ့ညနေပိုင်းတွင် မော်လမြိုင်မြို့သို့ ဆင်းလာမည်ဖြစ်ပြီး မတ်လ ၁၁ ရက်နေ့မနက်ပိုင်းတွင် လူထု စည်းရုံးရေး ဟောပြောပွဲပြုလုပ်မည်ဖြစ်ကာ  ညနေပိုင်းတွင် ရန်ကုန်သို့ ပြန်လာမည်ဟု ဆိုသည်။

“ မော်လမြိုင်က လေယာဉ်ခရီးစဉ်အဆင်မပြေဘူး ၊ကျွှန်တော်တို့ ကားနဲ့ပဲသွားမှာပါ “ ဟု အဖွဲ့ချုပ်မှ အောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ ဦးညဏ်ဝင်းကပြောသည်။

မွန်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် သိပံနှင့် နည်းပညာဝန်ကြီး ဦးအေးမြင့် နေရာ၊ပြည်သူ့လွှတ်တော်ကိုယ်စားလောင်း အတွက် လစ်လပ်သည့်နေရာ ၁ နေရာသာရှိသည်။

ဝက်ရောက်ယှဉ်ပြိုင်ကြမည့်ပါတီများမှာ NLD ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တို့ဖြစ်ကြသည်။

၎င်းတို့ထဲမှ NLD နှင့်မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မှဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းနှစ်ဦးစလုံး မှာ အမျိုးသမီးရှေ့နေများ ဖြစ်ကြသည်။

NLD ပါတီဘက်မှ ဒေါ်ခင်ဌေးကြွယ်ဖြစ်ပြီး ၊မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီမှ ၀င်ရောက်ယှဉ်ပြိုင်မည့်သူမှာ ဒေါ်မြင့်မြင့်ဝေဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD မှ အောင်နိုင်ရေး ရုံးများတိုးချဲ့ဖွင့်လှစ်မှုများ ပြုလုပ်လာသကဲ့သို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှလည်း ယခုအချိန်တွင် စည်းရုံးရေး စတင်လုပ်ဆောင်နေပြီးဟု ပါတီဥက္ကဋ္ဌ နိုင်ငွေသိန်းကပြောသည်။

“ ကျွှန်တော်တို့ကတော့ လမ်းပေါ်မှာတို့ ကွင်းတွေမှာလိုမျိုးတော့ စည်းရုံးရေး မလုပ်ဘူးပေါ့၊ အခုတော့ မွန်ရွာလေးတွေ အချို့ ကိုအိမ်တိုင်ရာရောက် စည်းရုံးရေးဆင်းနေတာ တ၀က်နီးပါးတော့ပြီးနေပြီး၊ အနိုင်အရှုံးကတော့ ပြောရခက်တယ် မွန်ရွာတွေမှာ မွန်ပါတီတွေကို အနိုင်ပေးဖို့ သေချာပေမဲ့ မြို့ပေါ်မှာတော့ သေချာတွက်လို့ မရဘူး” ဟု၎င်းကဆိုသည်။
သုံးခွခရီးစဉ်တွင်မြင်တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကိုယ်ကျ မဲဆွယ်စည်းရုံးရေးလာသည့်အတွက် မွန်ပါတီမှ မဲရရှိဖို့ အဟန့်အတားဖြစ်နိုင်သော်လည်း မိမိတို့ မွန်လူမျိုးကို မိမိတို့ ယုံကြည်ကြောင်း ယခုကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီတွေအနေဖြင့်တပါတီနှင့်တပါတီ အပြတ်အသတ်ဖြင့် အနိုင်ရရှိရန် အခက်အခဲရှိကြောင်း ၎င်းကဆက်ပြောသည်။

မော်လမြိုင်မြို့ပေါ် ဒိုင်းဝန်းကွင်းအနီးမှာ နေထိုင်သည့်မွန်ဒေသခံတဦးဖြစ်သူ ဒေါ်လှသောင်းကမူ “ဒေါ်စုကိုလာစေချင်တယ်၊ဒီတခါတော့ NLD ကိုပဲမဲထည့်ဖြစ်မယ် ၊သူတို့က ပိုလုပ်နိုင်မယ်လို့ထင်တယ်” ဟု YPI သို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုလတွင် ကော့မှူးခရီးစဉ်၊လှည်းကူးခရီးစဉ် ၊ကချင်ပြည်နယ်ခရီးစဉ် အစရှိသည်တို့ မဲဆွယ်စည်းရုံးရေး အတွက် သွားရောက်ခဲ့ပြီး လာမည့်မတ်လတွင် မော်လမြိုင် ၊မန္တလေး ၊နေပြည်တော်၊ ကလော အစရှိသည့် ခရီစဉ်များသွားရောက်ရန် စီစဉ်ထားရှိသည်။

လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၄၈ နေရာရှိပြီး NLD မှအားလုံး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။       ။

ဝါဏိဇ္ဖတရားရုံး၏ အဆုံးအဖြတ် တရားမျှတရန်မသေချာဟု ဦးဖိုးဖြူဆို


by Yangon Press International on Monday, February 27, 2012 at 11:53am ·

ဖေဖေါ်ဝါရီ ၂၇၊ ၂၀၁၂ ၊ (YPI)

တိုင်ရီဖိနပ်စက်ရုံမှ ဆန္ဒပြအလုပ်သမားများ၏ လိုလားချက်များကို ၀ါဏိဇ္ဖတရားရုံးသို့ တိုင်ကြားထားသော်လည်း ယင်းတရားရုံးမှ ချမှတ်မည့်ဆုံးဖြတ်ချက်မှာ တရားမျှတမှုရှိရန် မသေချာကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အလုပ်သမားများအရေးကို လိုက်ပါဆောင်ရွက်ပေးလျက်ရှိသည့် ရှေ့နေဦးဖိုးဖြူက  ပြောသည်။

“ အရင်အတွေ့အကြုံတွေအရပြောရရင် ၀ါဏိဇ္ဖရုံးက အလုပ်သမားတွေဘက်ကို အများကြီးလိုက်လျောတာမရှိဘူး။ သိပ်မျှော်လင့်ထားလို့မရဘူးဆိုတာ ထင်ရှားတယ်” ဟု ၎င်းကဆိုသည်။

ထိုသို့တရားမျှတရန်မသေချာသော်လည်း ၀ါဏိဇ္ဖရုံးသို့ တိုင်ကြားရခြင်းမှာ အလုပ်သမားများ၏ ဆန္ဒပြတောင်ဆိုမှုကို  ဥပဒေကြောင်းအရ ရှင်သန်စေလို၍ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ယနေ့ကျင်းပသည့် တိုင်ရီ စက်ရုံ အလုပ်သမား ဆန္ဒပြမှုနှင့် ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲမှ အလုပ်သမားများ

ဦးဖိုးဖြူက “ ဆန္ဒဆက်ပြလို့ အလုပ်သမားတွေထဲက တစ်ယောက်ယောက်ကို အာဏာပိုင်က ဖိအားပေးမယ်ဆိုရင် ကျန်တဲ့သူတွေက ကြောက်လန့်ပြီး သပိတ်ပြိုကွဲသွားလိမ့်မယ်။ ဒါကြောင့် ၀ါဏိဇ္ဖကိုတင်ဖို့ ရွေးရတာပါ” ဟု ပြောသည်။

ယခုကဲ့သို့ ၀ါဏိဇ္ဖတရားရုံးသို့ တိုင်ကြားထားသော်လည်း မည်သည့်အချိန်တွင် ဆုံးဖြတ်ချက်ချမည်ကိုလည်း မိမိတို့အနေဖြင့် မသိရကြောင်း၊  ထို့ကြောင့် တိုင်ကြားစာတွင်  တရားရုံးမှ ဆုံးဖြတ်ချက်ချသည့် အချိန်အထိ အလုပ်သမားများအား  လစာပေးထားရန်ကိုလည်း ထည့်သွင်းတောင်းဆိုထားကြောင်း အလုပ်သမားခေါင်း ဆောင်တစ်ဦးက ဆိုသည်။

ဆန္ဒပြအလုပ်သမားခေါင်းဆောင်တစ်ဦးကလည်း ၀ါဏိဇ္ဖတရားရုံး၏ ဆုံးဖြတ်ချက် တရားမျှတခြင်းမရှိပါက ဆက်လက်ဆန္ဒပြသွားမည် ဖြစ်ကြောင်းပြောသည်။
“ ကျွန်မတို့ လိုလားချက်တွေ မရမခြင်း တောင်းဆိုသွားမှာပါ” ဟု ၎င်းကပြောသည်။

တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများအနေဖြင့် နေ့စဉ်ကြေး တစ်နာရီလျှင် ၇၅ ကျပ်မှ ၁၅၀ သို့တိုးမြှင့် ပေးရန်နှင့် ရက်မှန်ကြေးအား တစ်လလျှင် ၆၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်သို့တိုးမြှင့်ပေးရန်ဆန္ဒပြတောင်းဆိုကြခြင်းဖြစ်သည်။ စက်ရုံပိုင်ရှင်ဘက်မှမူ နေ့စဉ်ကြေး တစ်နာရီလျှင် ၁၀၀ နှင့် လစဉ်ကြေးတစ်လလျှင် ၇၀၀၀ အထိသာ တိုးမြှင့်ပေးခဲ့သည်။

တိုင်ရီဖိနပ်စက်ရုံတွင် ဆန္ဒပြအလုပ်သမားပေါင်း  ၁၈၆၂  ဦးရှိပြီး ၀ါဏိဇ္ဖရုံးသို့ တိုင်ကြားရန်ကို ၁၃၁၁ ဦးက သဘောတူလက်ခံခဲ့သည်။ ကျန်ရှိအလုပ်သမားများအနက် ၂၂၇ ဦးမှာ စက်ရုံမှ တိုးမြှင့်ပေးသည့် လစာကို လက်ခံကာ လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်ခဲ့သည်။

ယခုအချိန်တွင် ယင်းအလုပ်သမားများအနေဖြင့် ၀ါဏိဇ္ဖတရားရုံးအပြင် လွှတ်တော်များရှိ ဥပဒေဆိုင်ရာကော်မတီများသို့ပါ တိုင်ကြားထားသည်။

ယခုကိစ္စသည် နှစ်အတန်ကြာအတွင်း အလုပ်သမားများ၎င်းတို့အခွင့်အရေးကို လူသိရှင်ကြား ဆန္ဒပြတောင်းဆိုသည့် အဖြစ်အပျက်တရပ်လည်း ဖြစ်သည်။

ယခင်နှစ်များက အလုပ်သမား ဆန္ဒပြမှုဖြစ်ပွားလျင်  ရဲလုံခြုံရေး တင်းကြပ်စွာချထားခြင်း ပြင်ပမှ အလုပ်သမားများ အရေးဆောင်ရွက်သူများ ၀င်ရောက်ကူညီခြင်းမပြုနိုင်အောင် ယူနီဖောင်းဝတ်နှင့် အရပ်ဝတ် လုံခြုံရေး အဖွဲ့ဝင်အများအပြား ချပြီး တားမြစ်ခြင်းတို့ကိုသာ တွေ့မြင်ရလေ့ ရှိသည်။

ယခုလက်ရှိ မြန်မာနိုင်ငံသုံးစွဲနေသည့် အလုပ်ရှင် အလုပ်သမား ပဋိပက္ခဥပဒေမှာ ကိုလိုနီခေတ်ကတည်း ကပြဋ္ဌာန်းထားသည့် ဥပဒေဖြစ်ပြီး အခြားသော နိုင်ငံများမှာကဲ့သို့ ဥပဒေဖြင့် အနိမ့်ဆုံး လုပ်ခသတ်မှတ်ချက် ပြဋ္ဌာန်းထားခြင်းမျိုးလည်း မရှိသေးပေ။
ဝါဏိဇ္ဖတရားရုံးဆိုသည်မှာ အလုပ်ရှင်နှင့်အလုပ်သမားများကြားဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကို ကိုင်တွယ်သည့်တရားရုံးဖြစ်သည်။        ။


လွှတ်တော်နှစ်ရပ် ရုတ်တရက် ဆိုင်းငံ့

တနင်္လာ, 27 ဖေဖော်ဝါရီ 2012

By မသိင်္ဂီထိုက်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တရုတ်နိုင်ငံ ခရီးစဉ်က တနင်္ဂနွေနေ့မှာ ပြန်လည် ရောက်ရှိလာပြီးတဲ့နောက် ဒီကနေ့ တနင်္လာနေ့မှာ ကျင်းပဖို့ရှိနေတဲ့ တတိယအကြိမ် လွှတ်တော် ပုံမှန် အစည်းအဝေးကို ရုတ်တရက် ဆိုင်းငံ့လိုက်ပါတယ်။ ဥပဒေရေးရာ ပူးပေါင်းကော်မတီတွေနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ လွှတ်တော် ကိစ္စရပ်တွေ ညှိနှိုင်းနေကြတယ် လို့လည်း လွှတ်တော် အမတ် အသိုင်းအ၀ိုင်းက ပြောဆိုကြပါတယ်။ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နှစ်ရပ်လုံး ပူးပေါင်း ပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော်ကို တနင်္လာနေ့မှာ ကျင်းပဖို့ ရှိနေပေမဲ့ တနင်္ဂနွေနေ့ မှာ ဆိုင်းငံ့ကြောင်း လွှတ်တော်အမတ်တွေကို ရုတ်တရက် အကြောင်းကြားလာတာ ဖြစ်ပါတယ်။ လွှတ်တော် ရုတ်တရက် ဆိုင်းငံ့လိုက်ချိန်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တရုတ်နိုင်ငံ ခရီးစဉ်က ပြန်ရောက်လာချိန်လည်း ဖြစ်ပါတယ်။ လွှတ်တော်ကို ရုတ်တရက် ဆိုင်းငံ့လိုက်ပေမဲ့ လွှတ်တော် ဥပဒေရေးရာ ကော်မတီတွေနဲ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ ညှိနှိုင်းနေကြတယ်လို့လည်း အမျိုးသား လွှတ်တော်အမတ် ဒေါက်တာ အေးမောင်က ပြောပါတယ်။

“ဒီနေ့က နားလိုက်တယ်ဗျ။ ကျနော်ထင်တယ် အဲဒီ တရုတ်ပြည်က ပြန်လာတဲ့ သူရ ဦးရွှေမန်းနဲ့ သူတို့ ညှိနှိုင်းနေကြတယ်လို့ ကျနော် ထင်ပါတယ်။ ဒီနေ့ သူတို့ ပူးပေါင်း ကော်မတီတွေ ညှိနေတယ်လို့ ကြားပါတယ်။ ဥပဒေရေးရာ ပူးပေါင်း ကော်မတီကို သူတို့ ခေါ်ထားတယ်။ နောက်… ၁၂ နာရီလောက်မှာပဲ အမျိုးသား လွှတ်တော်မှာ ခေါ်ထားပါတယ်။”

လွှတ်တော် ပုံမှန် အစည်းအဝေးကို ရုတ်တရက် ဆိုင်းငံ့လိုက်တာကို တရားဝင် အကြောင်းကြားပေမဲ့ ဘာကြောင့် ဆိုင်းငံ့တယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ လွှတ်တော် အမတ်တွေကို ရှင်းလင်းပြခြင်း မရှိပါဘူး။ ဒါပေမဲ့လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တရုတ်နိုင်ငံ ခရီးစဉ်အတွင်းမှာ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေနဲ့ ၂၀၁၂ ခုနှစ် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေရေး ဥပဒေတွေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက် ပြီးတဲ့နောက် သမ္မတ လက်မှတ်နဲ့ ဥပဒေအဖြစ် အတည်ပြုလိုက်တဲ့ ကိစ္စတော့ ရှိတယ်လို့လည်း လွှတ်တော် အမတ်တွေက ပြောပါတယ်။ တနင်္လာနေ့မှာ ပြည်ထောင်စု လွှတ်တော် ကျင်းပဖို့လည်း ပြီးခဲ့တဲ့ သောကြာနေ့က ဆွေးနွေးမယ့် အကြောင်းအရာတွေ ပေးထားပြီး ဖြစ်တဲ့အကြောင်း ပြည်သူ့လွှတ်တော် အမတ် ဦးဖေသန်းက အခုလို ပြောပါတယ်။

“ပြည်သူ့ ရုံးခန်းငွေစာရင်း ကိုဓ ဥပဒေတွေကို ပြဌာန်းခြင်းများကို ပြင်ဆင်ရန်နှင့် ပြန်လည် ပုံနှိပ်နိုင်ရန် ပြည်ထောင်စု အစိုးရသို့ ဖိတ်ကြားသည့် အဆိုတစ်ခု ပါတယ်။ နှစ်စဉ် အမျိုးသား စီမံကိန်း ဥပဒေကို တတ်နိုင်သမျှ စောစီးစွာ တင်ပြရန်နှင့် နောက်လာမည့် ဘဏ္ဍာရေးနှစ်အတွက် ဥပဒေကြမ်းကို ၊ “လုပ်ငန်း ဌာန ကိုဓ ဥပဒေနဲ့ ပြည်သူ့ လုပ်ငန်း ငွေစာရင်း ကိုဓ ဥပဒေကို ပြဌာန်းချက်များကို ပြင်ဆင်ရန်နှင့် စာအုပ်များကို ပြန်လည် ပုံနှိပ်နိုင်ရန် ပြည်ထောင်စု အစိုးရကို တင်သွင်းတဲ့ အဆိုတစ်ခု ပါတယ်။ နှစ်စဉ် အမျိုးသား စီမံကိန်း ဥပဒေကို တတ်နိုင်သမျှ စောစီးစွာ တင်ပြရန်နှင့် နောင်လာမယ့် ဘဏ္ဍာရေးနှစ် အတွက် ဥပဒေကြမ်းကို တင်ပြရန် လည်းကောင်း၊ အထောက်အထား ရှင်းလင်းချက် အပြည့်အစုံကို ပြည်ထောင်စု လွှတ်တော်ကို တင်ပြရန်နှင့် နောက်တစ်ခုကတော့ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းပေါ့လေ၊ အဲဒီ ဥပဒေကြမ်းကို ဆွေးနွေးမယ့် ပုဂ္ဂိုလ်တွေနဲ့ လွှတ်တော်မှာ အတည်ပြုမှာပါ ခင်ဗျာ။”

အင်္ဂါနေ့မှာ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွေ ပြန်ပြီး ကျင်းပမလား ဆိုတာလည်း တိတိကျကျ မသိရသေးဘူးလို့လည်း လွှတ်တော် အမတ် တစ်ဦးဖြစ်တဲ့ ဦးသိန်းညွှန့်က ပြောပါတယ်။

“ကျနော်တို့ မူလ ပေးထားတဲ့ ယာထားချက်အရ ဒီနေ့ တနင်္လာနေ့မှာ ပြည်ထောင်စုလွှတ်တော် ကျင်းပဖို့ရှိတယ်။ ဒါပေမဲ့ မနေ့ညက ကျနော်တို့ ဒီကိုပြန်ရောက်တဲ့ ညပိုင်းမှာ အစည်းအဝေး မရှိတော့ဘူးဆိုတာ သိရတယ်။ မနက်ကတော့ ဒီမှာ အရင်ရောက်နေတဲ့သူတွေ ပြောလို့သိတယ်။ အဲဒါပါပဲ။ အခုချိန်ထိတော့ ကျနော်တို့ဆီကို အစီအစဉ် ယာထားချက်တွေ ပေးပို့လာခြင်း မရှိသေးဘူး။ အခုချိန်ထိတော့ ရောက်မလာသေးပါဘူး။”

အခု ကျင်းပနေတဲ့ ပြည်ထောင်စု လွှတ်တော်မှာ လာမယ့် ၂၀၁၂-၂၀၁၃ နိုင်ငံတော် ဘတ်ဂျက်ကို ဆွေးနွေး အတည်ပြုဖို့ ရှိသလို လွှတ်တော် အမတ်များ ဥပဒေကိုလည်း ဆွေးနွေးကြဖို့ ရှိနေတာပါ။ လွှတ်တော် အမတ်တွေရဲ့ ရပိုင်ခွင့်တွေ အဖြစ် အခမဲ့ ခရီးသွားလာခွင့်၊ အခမဲ့ ဆေးကုသခွင့် စတာတွေနဲ့ သက်ဆိုင်ရာ ဒေသတွေမှာ ရုံးခန်းဖွင့်ပိုင်ခွင့်၊ ဒေသ အာဏာပိုင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ခွင့်တွေလည်း ဆွေးနွေးကြဖို့ ရှိနေတာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တရုတ်ပြည် ခရီးစဉ် မတိုင်ခင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်မှာ ပြည်သူလူထုရဲ့ လုပ်ခ လစာ တိုးမြှင့်ပေးဖို့၊ နိုင်ငံတော်မှာ အကြွေးထူနေတဲ့အတွက် မလိုအပ်တဲ့ စီမံကိန်းတွေကို ဖျက်သိမ်းဖို့ လာမယ့် နိုင်ငံတော် ဘတ်ဂျက်မှာ ထည့်သွင်း ရေးဆွဲကြဖို့ သူက ပြောဆိုခဲ့ပါသေးတယ်။ အခုလို လွှတ်တော် အစည်းအဝေးတွေ ခေါ်ယူပြီးမှ ရုတ်တရက် ဆိုင်းငံ့လိုက်တာ ကတော့ လွှတ်တော် သက်တမ်း အတွင်းမှာ ပထမဆုံး အကြိမ်လည်း ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/Burma-parliament-02-27-12-140551763.html

The Voice Weekly
ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ရုတ်တရက် ရပ်နား

အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်၌ ကျင်းပပြုလုပ်နေသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန် အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ရုတ်တရက် ရပ်နားခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ပြီးဆုံးချိန်တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဆက်လက် ကျင်းပမည်စု ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာခဲ့သော်လည်း ဖေဖော်ဝါရီ ၂၆ ရက်နေ့ညတွင် လွှတ်တော် အစည်းအဝေး ရပ်နားကြောင်း တယ်လီဖုန်းဖြင့် အသိပေး အကြောင်းကြားခဲ့သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။

" ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက (တရုတ်နိုင်ငံကနေ) ဒီနေ့မှ ပြန်ရောက်လာမှာပါ။ သူရောက်ပြီးတော့မှပဲ လစာတိုးရေးနဲ့ ဆိုင်တဲ့အဆိုကို မူအဖြစ် ပြည်ထောင်စုလွှတ်တော်က သဘောတူရင် ဘတ်ဂျက်ဥပဒေကြမ်းကို ပြန်ဆွဲတင်ရတော့မှာပါ။ လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်က ဘတ်ဂျတ်ကို တိုးပေးလို့မရဘူး လျှော့ချလို့ပဲ ရပါတယ် " ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင် တစ်ဦးက ပြောကြားသည်။

လွှတ်တော် အစည်းအဝေး ရုတ်တရက် ရပ်နားခဲ့ရခြင်းကို ကိုယ်စားလှယ်များကို သာမက အဆိုပါ လွှတ်တော် အစည်းအဝေးများသို့ တက်ရောက် သတင်းရယူနေသည့် သတင်းမီဒီယာသမား များကိုပါ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညတွင် အသိပေးခဲ့သည်။

ရတနာပုံ Web Portal ဌာနကြီးမှူး၏ အာဏာသုံး ခြိမ်းခြောက်မှု သမ္မတထံ တိုင်မည်

ကျော်ခ | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၇ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၃၇ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် အခြေစိုက် သတင်းနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများ
ပြုလုပ်ပေးနေသော ရတနာပုံ Web Portal ၏ ဌာနကြီးမှူး ဗိုလ်မှူးကြီးဟောင်း ဦးမျိုးညွှန့်အောင် ကို အောက်ခြေ ဝန်ထမ်းများအား အတင်းအားဓမ္မ အလုပ်ပြောင်းရွှေ့မှု၊ အာဏာသုံး ခြိမ်းခြောက်မှုတို့ဖြင့် သမ္မတ ဦးသိန်းစိန်ထံ တိုင်တန်းရန် ဝန်ထမ်း ၈၀ ကျော်က ပြင်ဆင်နေကြသည်။

ရတနာပုံ Web Portal နှင့် လုပ်ငန်းခွဲ ဆိုလာစက်ရုံတို့တွင် ဌာနကြီးမှူး တာဝန် ယူထားသူ ဦးမျိုးညွှန့်အောင် က Web Portal တွင် လုပ်ကိုင်နေသော ဝန်ထမ်းအချို့၏ ဆန္ဒကို မေးမြန်းခြင်းမရှိဘဲ ဆိုလာစက်ရုံသို့ အတင်းအားဓမ္မ
ပြောင်းရွှေ့ လုပ်ခိုင်းစေခြင်း နှင့် ဝန်ထမ်းများအား အာဏာသုံး၍ ကြိမ်းမောင်းဆဲဆိုခြင်းများ ပြုလုပ်ခဲ့သည်ဟု ကာယကံရှင် ဝန်ထမ်းများက ပြောသည်။

ထိုအကြောင်းအရာနှင့် ပတ်သက်၍ ရတနာပုံ Web Portal ဝန်ထမ်းများက စုပေါင်းဆန္ဒထုတ်ဖေါ် လက်မှတ်ထိုးထားပြီး တနင်္လာနေ့က ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တယ်လီပို့ရုံးများသို့ တင်ပို့ထားပြီးဖြစ်သလို သမ္မတ ဦးသိန်းစိန် ထံသို့လည်း ပို့သွားရန် ပြင်ဆင်နေကြကြောင်း ကာယကံရှင်များက ပြောသည်။ ရတနာပုံ Web Portal တွင် ဝန်ထမ်း စုစုပေါင်း ၈၇ ဦး ရှိကြောင်း သိရသည်။

“ကျနော်တို့က သမ္မတကြီးဆီကို တင်ဖို့အတွက် ဝန်ထမ်း ၈ဝ ကျော်ကို လက်မှတ်ထိုး စားရင်းကောက်ပြီးသွားပြီ။ အဓိက ကတော့ ကျနော်တို့ကို အာဏာရှင်လိုမျိုး မခိုင်းဖို့ပဲ။ ဝန်ထမ်းတွေကို ဘယ်ကိုပြောင်းရမယ်၊ ဘာလုပ်ရမယ် ဆိုတာ တရားဝင် အကြောင်းကြားခြင်း မရှိဘဲနဲ့ သူ့ဆီမှာ အလုပ်လုပ်နေတဲ့ လူတွေကို လုပ်ဆိုလုပ်၊ မလုပ်လို့ မရဘူးဆိုတဲ့
ပုံစံနဲ့ လုပ်သွားတာ” ဟု ရတနာပုံ Web Portal ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ဖေဖေါ်ဝါရီ ၂၄ ရက်နေ့က ဦးမျိုးညွှန့်အောင် က ရတနာပုံ Web Portal သို့ ရောက်ရှိလာပြီး ၎င်း၏ အာဏာဖြင့် ဌာန
နှစ်ခုလုံးကို မည်ကဲ့သို့ အုပ်ချုပ်နိုင်ကြောင်း ဝန်ထမ်းအားလုံး ကြိမ်းမောင်းမှုများ ပြုလုပ်ကာ ဝန်ထမ်း ၈ဝ ကျော်အနက်မှ ၁၇ ဦး ကို ဆိုလာ စက်ရုံသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် ညွှန်ကြားခဲ့ကြောင်း ကာယကံရှင်များက ပြောသည်။

“ဒီမှာကတော့ စ စာချုပ်ကတည်းက Web Portal မှာ နည်းပညာနဲ့ ပတ်သက်တဲ့ အလုပ်တွေလုပ်ဖို့ ချုပ်ထားကြတာ။ ဆိုလာ စက်ရုံမှာ အလုပ်ကြမ်းလုပ်ဖို့ မပါဘူး။ အခုဟာက ကျနော်တို့ကို ခန့်ထားတဲ့အလုပ်နဲ့ ဟိုအလုပ်ကြမ်းနဲ့က အရမ်းကွာတော့ ဘယ်သူမှ မသွားချင်ကြဘူး” ဟု ကာယကံရှင် ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

ထိုအကြောင်းအရာများနှင့် ပတ်သက်၍ ဦးမျိုးညွှန့်အောင် အား မဇ္ဈိမက တိုက်ရိုတ် ဆက်သွယ်မေးမြန်နိုင်ရန် ကြိုးစားခဲ့
သော်လည်း ဆက်သွယ် မရခဲ့ပေ။ သို့သော် ဝန်ထမ်းများ အလုပ်ရွှေ့ပြောင်းခြင်း မပြုလုပ်ရန် ကိစ္စအား ရတနာပုံ တယ်လီပို့ ဌာနဆိုင်ရာ အကြီးအကဲများအကြား ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း ဦးမျိုးညွှန့်အောင် နှင့် နီးစပ်သည့် တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

စနေနေ့က ဆိုလာစက်ရုံသို့ ပြောင်းရွှေ့အလုပ်လုပ်ရန် ရွေးထားသူများကို ဦးမျိုးညွှန့်အောင်က သူ၏ ရုံးခန်းသို့ ထပ်မံ
ခေါ်ယူကာ တနင်္လာနေ့တွင် ဆိုလာစက်ရုံ၌ အလုပ်ဆင်းကြရမည် ဖြစ်ကြောင်း ပြောဆိုပြီး အလုပ်မဆင်းနိုင်သူများ အနေဖြင့် အလုပ်ထွက် လက်မှတ်ထိုးဖို့ ဖိအားပေး ခြိမ်းခြောက်သည်ဟု သွားရောက်တွေ့ဆုံခဲ့သည့် ဝန်ထမ်းများ အပြောအရ သိရသည်။

သွားရောက် တွေ့ဆုံခဲ့သည့် ဝန်ထမ်းများက Web Portal တွင် လုပ်ကိုင်ရသည့် လုပ်ငန်းနှင့် ဆိုလာစက်ရုံတွင် လုပ်ကိုင် ရမည့် လုပ်ငန်းမှာ ကွဲလွဲနေကြာင်း ဝန်ထမ်းများက ထောက်ပြပြောဆိုရာတွင် ဦးမျိုးညွှန့်အောင် က “လူပါးမဝနဲ့
ငါ့လက်ညိုး ကွေးလိုက်ရင် ဘာဖြစ်မလဲ သိလား။ နင်တို့မျက်နှာနဲ့ ငါ့လက်ဖဝါး ဘယ်ဟာကကြီးလဲ။ ဘယ်သူ စမ်းချင်လဲ။ ငါခိုင်းတာလုပ်။ ဘာမှ ပြန်မမေးနဲ့” ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း တွေ့ဆုံခဲ့သည့် ဝန်ထမ်းတဦးက မဇ္စိျမကို ပြော သည်။

ရတနာပုံ Web Portal တွင် ပြည်တွင်း သတင်းများကို အဓိက ရေးသားဖေါ်ပြလျက်ရှိပြီး နိုင်ငံတကာရေးရာ သတင်းများ အပြင် အားကစားကဏ္ဍ၊ ဖျော်ဖြေရေး၊ နည်းပညာ၊ စီးပွားရေးနှင့် နေထိုင်မှုဘဝ ကဏ္ဍများကို ဖေါ်ပြပေးလျက် ရှိသည်။

ယင်း Web Portal ကို ၂၀၁၀ နှစ်ကုန်ပိုင်းက ဖွင့်လှစ်ခဲ့ပြီး စစ်တပ်အရာရှိဟောင်းများက ဦးစီး လုပ်ကိုင်နေလျက်ရှိ
ကြောင်း သိရသည်။
http://www.mizzimaburmese.com/news/inside-burma/9048--web-portal-----.html

တိုင်းဝန်ကြီးချုပ်ဆီ စာရေးတိုင်တန်းခဲ့သူ အလုပ်သမားများ ခြိမ်းခြောက်ခံရ

2012-02-26

တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဆီ စာရေးတိုင်တန်းခဲ့တဲ့ ဇောတိကဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းရေးစီမံကိန်းက အလုပ်သမားတွေကို ရေဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး၊ လ၀ကဦးစီးမှူး၊ သမဝါယမဦးစီးမှူးတို့က မနေ့က လာရောက် စစ်ဆေးပြီး စာတင်တဲ့အလုပ်သမားတဦးချင်းစီကို လက်မှတ်ထိုးခိုင်းလို့ မကျေမနပ် ဖြစ်နေကြပါတယ်။

လာရောက်စစ်ဆေးခဲ့သူတွေဟာ အလုပ်သမားတွေကိုကိုယ်စားပြုတဲ့ ခေါင်းဆောင် ၆ ဦးနဲ့ တခြား အလုပ်သမား ၂၀ လောက်ကိုလဲ တဦးချင်းစီကို ခေါ်ယူစစ်ဆေးကြောင်း၊ ဝန်ကြီးချုပ်ဆီကို စာတင်တဲ့ထဲ ပါ မပါ ဆိုတာကို လက်မှတ်လဲ ထိုးခိုင်းခဲ့ကြောင်း။ အဲဒီလိုမေးမြန်းရာမှာလဲ လူအများရှေ့မေးတာမျိုးမဟုတ်ဘဲ တယောက်ချင်း သီးသန့်မေးမြန်းကြောင်း အလုပ်သမားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုလွင်ညီညီရွှေက ပြောပါတယ်။

"သူမေးတဲ့အချိန်မှာ ကျနော်တို့ ကန်ဘောက် ရယကရုံးက တာဝန်ရှိတဲ့သူတွေအကုန်လုံး အပြင်ထွက်ပေးဖို့ သူက ပြောတယ်။ ကျနော်တို့ ကိစ္စဖြေရှင်းပေးချင်တယ်ဆိုရင် PTT ရုံးမှာဖြေရှင်းပေးတာက ပိုပြီးသင့်လျှော် တယ်လို့ ထင်တာပေါ့ ... အခုဟာက အမှုစစ်သလိုမျိုးပေါ့နော် ... ရယက ရုံးခေါ်ပြီးတော့ တယောက်ချင်းစစ်တာ သိပ်ပြီး သဘာဝမကျဘူးပေါ့"

. ရေဖြူမြို့နယ် ကန်ဘောက်ဒေသက ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို ထိုင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ဗဏီတခုဖြစ်တဲ့ PTT ကုမ္ဗဏီက တာဝန်ယူလုပ်ကိုင်နေတာပါ။ စီမံကိန်းအလုပ်သမား တွေကိုတော့ Asia Guiding Star Co.ltd က ရှာဖွေပေးခဲ့တာပါ။

အလုပ်သမားတွေဟာ တနေ့ကို လုပ်အားခ ကျပ် ၄၀၀၀ သာရပြီး ကန်ဘောက်ဒေသက အခုစီမံကိန်းနှင့် လုပ်ငန်းတူ တခြားကုမ္ပဏီ နှစ်ခုဖြစ်တဲ့ TOTAL နှင့် PETRONAS ကုမ္ပဏီအလုပ်သမားတွေကတော့ နေ့စား လုပ်ခ အနိမ့်ဆုံး ၁၀၄၀၀ ကျပ်ရတာကြောင့် အလုပ်သမားတွေ လုပ်အားခတန်းတူရရှိရေး၊ ခွင့်ရက်၊ လုပ်ငန်းခွင်လုံခြုံရေးဝတ်စုံ၊ လုပ်ငန်းတွင်းသောက်သုံးရေရရှိရေး စတာတွေအတွက် တနင်္သာရီတိုင်း ဝန်ကြီးချုပ်အနေနဲ့ ကြားဝင်ဆောင်ရွက်ပေးဖို့ အလုပ်သမား ၄၁ ဦးက ပြီးခဲ့တဲ့အပတ်က စာရေးတောင်းဆိုထားတာပါ။

လွန်ခဲ့တဲ့ ၂ ပတ်ကျော်ကလဲ အလုပ်သမားခံစားခွင့် များအတွက် ပိုက်လိုင်းစီမံကိန်းအလုပ်သမားတွေ ဆန္ဒပြခဲ့ကြပါသေးတယ်။
http://www.rfa.org/burmese/news/workers-threatened-02262012154758.html

NLD မဲဆွယ်ပွဲ အနုပညာရှင်များ လိုက်ပါကူညီမည်


2012-02-27
ပြင်ဦးလွင်၊ စစ်ကိုင်း၊ ပုလဲ၊ ပခုက္ကူမြို့နယ်တွေကို အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သွားရောက် မဲဆွယ်တဲ့အခါ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်တွေ အဆိုတော်တွေနဲ့ ဟာသပညာရှင်တွေ ရုပ်ရှင်ဒါရိုက်တာတွေ ကိုယ်တိုင် လိုက်ပါကူညီဖို့ ရှိကြောင်း သိရပါတယ်။


AFP< ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကော့မှူးမြို့နယ် ဝါသိင်္ခကျေးရွာသို့ ပါတီစည်းရုံးရေး ခရီးစဉ် သွားရောက်သည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ကြိုဆိုနှုတ်ဆက်စဉ်။ အနုပညာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ညနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အခုလို ဆုံးဖြတ်ခဲ့ကြတာလို့ ရုပ်ရှင်ဒါရိုက်တာ ဝိုင်းက အာအက်ဖ်အေကို ပြောပါတယ်။ “ကျွန်တော်တို့ အကြမ်းဖျင်းလျာထားချက်အရတော့ ကျွန်တော်ရယ်၊ ကိုလူမင်းရယ်၊ ဝေဠုကျော်ရယ်၊ ထွန်းအိန္ဒြာဗိုရယ်၊ ရုပ်ရှင်ထဲက။ နောက် ကျွန်တော်တို့ လူရွှင်တော် တစ်ယောက် နှစ်ယောက်နဲ့ သရုပ်ဆောင်ထဲက ရဲတိုက်ပါတယ်။ ဂီတဘက်မှာတော့ ကိုဆောင်းဦးပါမယ်။ သျှီ ပါမယ်။ ချစ်သုဝေပါမယ်။ နောက်ထပ်လည်း အနဂ္ဂပါမယ်။ သံသာဝင်း ပါမယ်။ နောက်ထပ် နှစ်ယောက် သုံးယောက်တော့ ခေါ်ဖို့ ရှိပါသေးတယ်ဗျ။ ကျွန်တော်တို့ အကြမ်းဖျင်း သတ်မှတ်တာကတော့ ရှစ်ရက်နေ့နောက်ပိုင်း ဆယ့်တစ်ရက်နေ့လောက် သတ်မှတ်ထားပါတယ်” အနုပညာရှင်တွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မဲဆွယ်ခရီးစဉ်မှာ မဲပေးပုံပေးနည်း မမှားယွင်းရအောင် ပြည်သူတွေကို ပညာပေးရေး သရုပ်ဆောင်ပြသဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခြားသော အဆိုတော်တွေကလည်း အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဗွီစီဒီအခွေ ရိုက်ကူးတဲ့အခါ ကူညီသရုပ်ဆောင်ပေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။ အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံး ဟောပြောချက်တွေကို အစိုးရပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေကနေ လာမယ့် မတ်လ ၂၂ ရက်နဲ့ ၂၄ ရက်တွေမှာ ထုတ်လွှင့်မယ်လို့ ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းမြို့များသို့ ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်မည် 2012-02-26 NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသတို့ကို မတ်လ ၃ ရက်နေ့မှာ ပါတီစည်းရုံးရေးခရီးစဉ် စတင်မယ်လို့ NLD ပါတီက ထုတ်ဖေါ်ပြောဆိုပါတယ်။ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး စောစောပိုင်းက မန္တလေးမြို့မှာ လူထုဟောပြောပွဲပြုလုပ်မယ့် ကွင်းနေရာ မသေချာသေးတာကြောင့် အစီအစဉ်အတိအကျ မရေးဆွဲသေးတာဖြစ်တယ်လို့ NLD ပါတီက ပြောပါတယ်။ အခုအခါ အာဏာပိုင်တွေက မန္တလေးမှာ ဟောပြောပွဲလုပ်မဲ့ကွင်းအတွက် ခွင့်ပြုလိုက်တာကြောင့် မန္တလေးမြို့ကို မတ်လ ၃ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မှာဖြစ်တယ်လို့ NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ မတ်လ ၃ ရက်နေ့စတင်ပြီး မတ်လ ၅ ရက်နေ့ နေပြည်တော်မှာ ပါတီစည်းရုံးရေးပြုလုပ်ပြီးနောက် ရန်ကုန်ကို ပြန်လည်ထွက်ခွာမယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။ http://www.rfa.org/burmese/news/nld-campign-actors-02272012100457.html တနင်္လာ, 27 ဖေဖော်ဝါရီ 2012 ဒေါ်စု ကိုယ်စားလှယ်လောင်း လျှောက်ထားမှု ကန့်ကွက်ချက် NLD ချေပ By မနန္ဒာချမ်း ဧပြီလ ၁ ရက်နေ့ ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်ကနေ ၀င်ရောက်ရွေးချယ်ခံဖို့ နာမည်စာရင်း တင်သွင်းခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီဘူး ဆိုပြီး ကန့်ကွက်ထားတဲ့ကိစ္စကို NLD က ဒီကနေ့မှာ ချေပလွှာ တင်သွင်းခဲ့ပါတယ်။ ကန့်ကွက်ထားတဲ့ အချက်တွေဟာ မမှန်ကန်တဲ့အတွက် တစ်ချက်ချင်းအလိုက် ပြန်လည်ချေပခဲ့တာ ဖြစ်တယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကို ပြောပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲဝင် နိုင်ငံရေး ပါတီတစ်ခုဖြစ်တဲ့ NDF အမျိုးသားဒီမိုကရေစီအင်အားစု ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်ထားတဲ့ကိစ္စ သူ့ပါတီအနေနဲ့ လက်မခံကြောင်းကို သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ ဒီအခြေအနေတွေကို ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက အစီရင်ခံထားပါတယ်။ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီက ကိုယ်စားလှယ်လောင်း ဦးတင်ရီ ကနေ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီဘူးဆိုပြီး ကန့်ကွက်ထားတဲ့ကိစ္စကို NLD ပါတီကနေ ဒီကနေ့ ရန်ကုန်တိုင်း ကော်မရှင်ရုံးမှာ ချေပလွှာတင်သွင်းခဲ့တာပါ။ NLD ဘက်က ပြန်လည် ချေပခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ဗွီအိုအေကို အခုလို ပြောပြပါတယ်။ “အဓိကအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားမှာ ပိုက်ဆံတွေ ရှိတယ်ပေါ့။ အဲ့ဒီပိုက်ဆံတွေကို အစိုးရကို မကြေညာဘူး။ အဲ့ဒီစွပ်စွဲချက်တစ်ခု။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ဘက်က ဖြေရှင်းချက်အရ လုံးဝ မှားတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ငွေကြေး နိုင်ငံခြားမှာ တပြားတချပ်မှ မရှိဘူး။ ရရှိတဲ့ ဆုကြေးတွေကိုလည်း လူမှုရေး ဖောင်ဒေးရှင်းတွေကို တခါတည်း လွှဲပေးလိုက်တော့ သူ့မှာ ဘာမှ မရှိဘူး။ ဒုတိယတစ်ချက်က ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလိပ်နိုင်ငံရဲ့ နေထိုင်ခွင့် ဂရင်းကဒ်ရတယ်လို့ စွပ်စွဲတယ်။ အင်္ဂလန်နိုင်ငံမှာ ဂရင်းကဒ်စနစ်လည်း မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း အဲ့ဒီအခြေအနေမှာ မရှိဘူး။ အဲ့ဒါပဲ ချေပခဲ့တာပါ။” ဒီကန့်ကွက်ချက် ချေပချက်တွေနဲ့ ပတ်သက်ပြီးတော့ တိုင်း ကော်မရှင်က မနက်ဖြန် ဖေဖော်ဝါရီလ ၂၈ နေ့မှာ ဆုံးဖြတ်ချက် ချမှတ်နိုင်တယ်လို့ ဦးဉာဏ်ဝင်းကို ပြောတဲ့အကြောင်း ဗွီအိုအေကို ပြောပြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်း ဦးတင်ရီ ကနေ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကန့်ကွက်လွှာ ခရိုင်ကော်မရှင်ရုံးမှာ တင်သွင်းခဲ့တာပါ။ ဒါပေမဲ့ ဒီကန့်ကွက်လွှာကို ခရိုင်ကော်မရှင်ရုံးက ပယ်ချခဲ့တဲ့အတွက် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ရန်ကုန်တိုင်း ကော်မရှင်ကို ထပ်မံ တင်သွင်းခဲ့တာ ဖြစ်တဲ့အတွက် ဒီကန့်ကွက်ချက်အပေါ် NLD ဘက်ကနေ ဒီကနေ့မှာ ရန်ကုန်တိုင်း ကော်မရှင်ကို ပြန်ပြီး ချေပလွှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က NLD ပါတီကနေ ခွဲထွက်ပြီး သီးခြားနိုင်ငံရေးပါတီ တစ်ခုအဖြစ် ထူထောင်ခဲ့တဲ့ NDF အမျိုးသားဒီမိုကရေစီ အင်အားစုကလည်း ကိုယ်စားလှယ်လောင်း ဦးတင်ရီရဲ့ ကန့်ကွက်ချက်ဟာ အများပြည်သူရဲ့ သဘောထားကို ဆန့်ကျင်ရာ ရောက်တဲ့အတွက် လက်မခံနိုင်ကြောင်း သဘောထား ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး ပါတီခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးခင်မောင်ဆွေက အခုလို ပြောပါတယ်။ “ကျနော်တို့ပါတီအနေနဲ့ ဒီကြေညာချက်ကို ထုတ်ပြန်ရတဲ့ အကြောင်းရင်းကတော့ ဒီမိုကရေစီနိုင်ငံရေးကို သွားတဲ့နေရာမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ရယ်လို့ အများက လက်ခံထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီရေစီးထဲမှာ၊ နိုင်ငံရေးရေစီးထဲမှာ မပါနိုင်အောင် အဟန့်အတား ဖြစ်စေတဲ့ဟာမျိုးဟာ မြန်မာပြည်သူလူထု အကျိုးစီးပွားနဲ့ ဆန့်ကျင်ရာရောက်မယ်။ မြန်မာပြည်သူတွေ လိုလားချက်နဲ့လည်း ကွဲလွဲနေတာဖြစ်မှာ ဆိုလို့ရှိရင်တော့ ပြည်သူ့အကျိုးအတွက် ကျနော်တို့က ဒါဟာ မလိုလားအပ်တဲ့ကိစ္စ ဖြစ်တယ်။ ဒီလို အဟန့်အတားဖြစ်တာကို မြန်မာ့နိုင်ငံရေး တိုးတက်မှုဖြစ်စဉ်ကိုလည်း ဟန့်တားရာ ရောက်တယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ယုံကြည်ပါတယ်။ ဒါကြောင့် ဒါကို ကျနော်တို့က လက်မခံဘူးလို့ ပြောရတာပါ။ ဒုတိယအချက်ကတော့ NDF ဟာ ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီမှာ ပါတဲ့အခါကျတော့ ၁၀ ပါတီထဲမှာပါတဲ့ ပါတီထဲက လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ယောက်က ထ ကန့်ကွက်တဲ့ကိစ္စဟာ အများပြည်သူတွေရဲ့ သဘောမှာ ၁၀ ပါတီစလုံးကပဲ သဘောတူသလိုလို၊ အားလုံကပဲ လက်ခံတဲ့ သဘောတူသလိုလို ဖြစ်မှာကို မလိုလားပါဘူး။ ဒါကြောင့်မို့လို့ ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်းလိုက်ရခြင်း ဖြစ်ပါတယ်။” NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲရဲ့ လစ်လပ်နေရာ ၄၈ နေရာစလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာပါ။ မြန်မာနိုင်ငံမှာ ဒီကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ရာ အချိန် ၁ လသာ လိုတော့တာနဲ့အမျှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာလည်း မြန်မာနိုင်ငံတ၀ှမ်း မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေကို ဆက်တိုက် ထွက်ခွာနေတာပါ။ လာမယ့် စနေနေ့ မတ်လ ၃ ရက်နေ့မှာ မြန်မာနိုင်ငံ အလယ်ပိုင်းဖြစ်တဲ့ မန္တလေး၊ စစ်ကိုင်းနဲ့ နေပြည်တော်အပါအ၀င် ပဲခူးတိုင်းကိုလည်း တဆက်တည်း သွားရောက်မှာဖြစ်ပြီး အဲ့ဒီကနေမှတဆင့် ရန်ကုန်ကို ပြန်မှာဖြစ်တယ်လို့ ဦးဉာဏ်ဝင်း က ဗွီအိုအေကို ပြောပြခဲ့ပါတယ်။ ပြီးခဲ့တဲ့တပတ် ကလည်း မြန်မာနိုင်ငံ အထက်ပိုင်း ကချင်ပြည်နယ်ကို စည်းရုံးရေးခရီး ထွက်ခဲ့သလို အဲ့ဒီဒေသမှာရှိတဲ့ ကချင် စစ်ပြေးဒုက္ခသည်တွေကိုလည်း တွေ့ဆုံပြီးတော့ အားပေးခဲ့ပါတယ်။ မနေ့ကတော့ ရန်ကုန်တိုင်း သုံးခွမြို့နယ်ကို နေ့ချင်းပြန် စည်းရုံးရေးခရီး သွားရောက်ခဲ့ပါသေးတယ်။ http://www.voanews.com/burmese/news/NLD-DASSK-02-27-12-140564643.html

မြန်မာဗိုလ်ချုပ်များ လာဘ်စားပုံ ဝီကီလိခ်တွင်ပါရှိ


ကိုဝိုင်း | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အာဏာသိမ်း နဝတ စစ်အစိုးရ လက်ထက် ထိပ်တန်း ဗိုလ်ချုပ်တချို့ လာဘ်စားခဲ့ပုံများကို ရန်ကုန်မြို့ အမေရိကန် သံရုံးမှ ဝါရှင်တန် နိုင်ငံခြားရေး ဝန်ကြီးထံ ပေးပို့သည့် လျို့ဝှက်ကြေးနန်း တစောင် ဝီကီလိခ်
စာ မျက်နှာမှ ပေါက်ကြားလာသည်။

ငါးဖမ်းသင်္ဘော အစင်း ၁ဝဝ ကျော်ဖြင့် မြန်မာ့ရေပိုင်နက်တွင် လုပ်ကိုင်ခွင့်ရနေသည့် ထိုင်းလုပ်ငန်းရှင်ကြီး တဦးက
မြန်မာနိုင်ငံကို အပတ်စဉ်သွားတိုင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဟောင်း ဗိုလ်ချုပ် ချစ်ဆွေအား လာဘ်ထိုးရပုံ
ကို ရန်ကုန်အမေရိကန် သံရုံးသို့ ပြောပြခဲ့သည်။

ထို့အပြင် လာဘ်စားသူများထဲတွင် နဝတ အတွင်းရေးမှူး ၂ ဗိုလ်ချုပ်တင်ဦး၊ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်၏ ဇနီးတို့လည်းပါခဲ့သော်လည်း နောင်တွင် အာဏာရှင်ဖြစ်လာသော ဗိုလ်ချုပ်ကြီးသန်းရွှေမှာ အနေအထိုင် ရိုးအေးကြောင်း ၂ဝ၁၁ ခု သြဂုတ်လ ၃ဝ ရက်စွဲဖြင့် ပေါက်ကြားလာသည့် ကြေးနန်းစာက ဖော်ပြ
နေသည်။

"မြန်မာပြည်ကို အပတ်စဉ်သွားတိုင်း ငွေသားနဲ့ချည်း အမေရိကန် ဒေါ်လာ ၅၀,၀၀၀ လောက် ကုန်တယ်။ အဲဒီထဲ က ၁၅ ရာခိုင်နှုန်းလောက် (ဒေါ်လာ ၇,၅၀၀) က ဗိုလ်ချုပ်ကြီးတွေကို ချန်ထားရတာ (ကျန်တဲ့ငွေတွေကတော့ ငါးဖမ်းခွင့် ရဖို့အတွက် မြန်မာအစိုးရဆီ ရောက်ကုန်တယ်)" ဟု သံရုံးက သိရှိရသည်ကို ၁၉၉၂ ခု မေလ ၄ ရက်စွဲဖြင့် ဝါရှင်တန် အမေရိကန် နိုင်ငံခြားရေးရုံးသို့ ပေးပို့သည့် ကြေးနန်း၌ ပါရှိသည်။

၁၉၈၈ ခုနှစ် နဝတ ကောင်စီတွင် ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေးအထူး အဖွဲ့ (၂) ကစထမှူး ရာထူးဖြင့် အဖွဲ့ဝင်အဖြစ် ပါခဲ့ပြီးနောက်ပိုင်း မွေး/ရေနှင့် သစ်တောဝန်ကြီး ဗိုလ်ချုပ် ချစ်ဆွေဖြစ်သည်ဟု ထိုင်းလုပ်ငန်းရှင်က ဆိုသည်။ ဗိုလ်ချုပ်ချစ်ဆွေသည် ၁၉၉၀ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရပြီး ၁၉၉၇ တွင် အနားယူခဲ့ရသည်။

"ထိုင်းတွေကပဲ သင်ပေးလို့" (မွေး/ရေ) ဝန်ကြီးသည် အတိုင်းအတာတခုအထိ ငြင်းသာအောင် လာဘ်ဘယ်လို ယူရသည် ဆိုသည်ကို ကောင်းစွာတတ်မြောက်ခဲ့သည်ဟု ဆိုသည်။ "ချစ်ဆွေဟာ ထိုင်းစီးပွားရေး သမားတွေနဲ့ တယောက်ချင်းတွေ့ဖို့ ငြင်းလေ့ရှိပြီး သူ့သားနဲ့ သာ အလုပ်လုပ်စေတယ်" ဟုဆိုသည်။

ဗိုလ်ချုပ်ချစ်ဆွေ၏ သားက ထိုင်းလုပ်ငန်းရှင်တွေပြန်ရင် လိုက်ပို့လေ့ရှိပြီး အကောက်ခွန်ဌာနက သူပါလို့ စစ်ဆေးမှု မလုပ်ဘူးဟု ဆိုသည်။

"မကြာခင်ကပဲ ချစ်ဆွေရဲ့သားဟာ လေဆိပ်ကို ထိုင်းလုပ်ငန်းရှင် ၆၀ လောက်နဲ့အတူ မိနစ် ၂၀ လောက်ပဲ ကြိုတင် အသိပေးပြီး အကောက်ခွန်ဂိတ်တွေကို ဖြတ်သွားခဲ့သေးတယ်" ဟု သံရုံးက သီးးသန့် မှတ်ချက်ပြုထားသည်။

တခြားသော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ဝင်များနှင့်လည်း ဆက်ဆံရသည့် အကြောင်း ထိုင်းစီးပွားရေးသမားက ပြောဆိုခြင်းကို မှတ်တမ်းတင်ထားရာတွင် စစ်ဦးစီး ဗိုလ်ချုပ်တင်ဦး၏ လာဘ်စားမှုလည်း ပါသည်။

ဗိုလ်ချုပ်တင်ဦးကား "အထပ်ထပ်ညှိရတယ်"ဟု နာမည်ကြီးပုံကို ဆိုသည်။ ဗိုလ်ချုပ်တင်ဦး၏ သားက လာဘ်ရထား
သော မာစီဒီးဘင့်ဇ်ကား တစီအား မြို့ထဲတွင် လှည့်ပတ်မောင်းရာက စစ်ထောက်လှမ်းရေးက ဗိုလ်ချုပ်တင်ဦးကို မျက်လုံး ဒေါက်ထောက်ကြည့်လာပြီး ဗိုလ်ချုပ်တင်ဦးနေအိမ်ကို စစ်ဆေးတာ လုပ်သည်ဟု ဆိုသည်။

"စစ်ထောက်လှမ်းရေးချုပ် ခင်ညွန့်က အဲဒီကားကို အစိုးရထံအပ်နှံဖို့ တင်ဦးကို ဖိအားပေးခဲ့တယ်" ဟု သံရုံးက မှတ်ချက်ပြု ဖော်ပြထားသေးသည်။

၁၉၉၇ ခု၌ ပါဆယ်ဗုံး လုပ်ကြံမှုမှ လွတ်မြောက်ခဲ့သော ဒုဗိုလ်ချုပ်ကြီး တင်ဦးသည် ၂၀၀၁ ခု ဖေဖော်ဝါရီလက ကရင်ပြည်နယ် ဘားအံမြို့အနီး ရဟတ်ယာဉ် ပျက်ကျသဖြင့် သေဆုံးသွားခဲ့သည်။

"ထိုင်းစီးပွားရေးသမားကြီးများထဲတွင် တန်ဖိုးကြီး ကျောက်မျက်များကို မက်မောသည့် ခင်ညွန့်၏ ဇနီး၊ နဝတ ဥက္ကဋ္ဌအသစ် သန်းရွှေ၏ သားတို့နှင့် ညှိနှိုင်းဆောင်ရွက်ဖူးကြသူများ ရှိသည်"ဟု ရန်ကုန်မြို့ အမေရိကန် သံရုံးက သိရှိရချက်ကို ကြေးနန်းစာအတွင်း ရေးသားထားသည်။

၂ဝဝ၃ ခုတွင် နအဖ ဝန်ကြီးချုပ် ဖြစ်လာသည့် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်မှာ ၂ဝဝ၎
အောက်တိုဘာတွင် လာဘ်စားမှု၊ အမိန့်မနာခံမှု စွဲချက်များဖြင့် ရာထူးမှ ဖယ်ရှားကာ ဆိုင်းငံ့ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ်ဖြင့် နေအိမ်အကျယ်ချုပ် ချခံရသည်။

၁၉၉၂ ခု ဧပြီ ၂၃ တွင် ဒုတိယ ဗိုလ်ချုပ်ကြီး သန်းရွှေ နဝတ ဒုဥက္ကဋ္ဌ မှ ဥက္ကဋ္ဌ ရာထူးတက်သွားခြင်းကိုလည်း "ဒီတာဝန်ကို သူဘာသာသူ တခြား မတရားတဲ့နည်းနဲ့ ယူလိုက်တာလား" သို့မဟုတ် "အခြားဗိုလ်ချုပ်တွေကို လာဘ်စားခွင့်ပြုထားပြီး သူက ဒီရာထူးကို ရယူတာလား" ဟု ထိုင်းငှား လုပ်ငန်းရှင်က သံသယ ရှိခဲ့သည်။

ထိုစဉ်က "ဗိုလ်ချုပ်ကြီးသန်းရွှေမှာ မြန်မာ အဆင့်အတန်းအရပင် ရိုးရိုးစင်းစင်း နေတတ်သူဖြစ်ပြီး လေအေးပေးစက်
လို အနောက်တိုင်း ဇိမ်ခံ အသုံးအဆောင်တွေ အသုံးနည်းတယ်" ဟု ရန်ကုန်မြို့ အမေရိကန် သံအရာရှိက တဆင့် သိရှိရချက်ကို ကြေးနန်းအတွင်း ပြန်လည် ရေးသားထားသည်။

စစ်ခေါင်းဆောင်အဖြစ် ၁၉ နှစ် ကျော်အာဏာကိုဆုပ်ကိုင်ပြီးနောက် အသက် ၇၈ နှစ်အရွယ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ရာထူးမှနှုတ်ထွက်ကာ လက်ရှိ နေပြည်တော် ဇမ္ဗူသီရီမြို့နယ်တွင် နေထိုင်လျက် ရှိသည်။ သို့သော်
လည်း စစ်ဘက် အရေးအရာများကိုမူ ဆက်လက် စွက်ဖက်ကြိုးကိုင်လျက် ရှိသည်ဟု လေ့လာသူအများက ယုံကြည်ကြသည်။

၂ဝဝ၆ ခုနှစ်အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သမီးတဦးဖြစ်သော မသန္တာရွှေ၏ လက်ထပ်မင်္ဂလာဆောင် အခမ်းအနားတွင် အမေရိကန် ဒေါ်လာ သန်း ၅ဝ ခန့် အကုန်အကျခံ အသုံးပြုခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့
သည်။
http://www.mizzimaburmese.com/special/burma-related-leaked-us-cables/8315-2011-09-13-14-11-57.html