Tuesday, February 28, 2012

အားလုံးပါဝင်တဲ့အစည်းအဝေးတခု အမြန်လိုအပ်

Uploaded by BurmaVJMedia on Feb 28, 2012

လက်တလောနိုင်ငံရေးပြဿနာများကို ဖြေရှင်းရန်အတွက် အားလုံးပါဝင်တဲ့အစည်းအဝေးတခု အမြန်လိုအပ်နေကြောင်း ကချင်ပြည်နယ်၊မြစ်ကြီးနားခရီးစဉ်မှ ပြန်လည်ရောက်ရှိလာတဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ မှ ကိုမြအေးက ရန်ကုန်လေဆိပ်မှာ ဖေဖော်ဝါရီလ၂၈ရက်နေ့ ညနေ၆နာရီခွဲမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောလိုက်ပါတယ်။ရန်ကုန်၊မန္တလေးစသည့် မြို့ ကြီးများတွင်သာ ယခုကဲ့သို့ သတင်းစာလွတ်လပ်ခွင့် အချို့ ကို ခံစားနေရသော်လည်း တိုင်းရင်းသားများမှာ ငှင်းတို့ ဒေသတွင် စစ်မက်အမြဲဖြစ်ပွားနေခဲ့သည့်အတွက် တစုံတရာအပြောင်းအလဲဖြစ်နေသည်ဟု မမြင်ကြောင်း ကိုမြအေးက ပြောပါတယ်။ကိုမြအေးနဲ့ အတူ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုကလည်း ခရီးစဉ်အတွင်း ကြုံတွေ့ ခဲ့ရသည်များကို မီဒီယာများကို ပြောကြားခဲ့ပါတယ်။ မြစ်ကြီးနားခရီးစဉ်အတွင်း ဘာသာရေး၊လှုမှုရေး၊နိုင်ငံရေး အလွှာအသီးသီးမှ ပုဂ္ဂုလ်များနှင့် တွေ့ ဆုံခဲ့ပြီး လက်ရှိ နိုင်ငံရေး အကြပ်အတည်းများကို ဖြေရှင်းရန်အတွက် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ မှ ထုတ်ပြန်တဲ့ အချက်လေးချက်ပါ ကြေငြာချက်ကိုလည်း ဝေငှခဲ့ပါတယ်။ကိုမြအေး၊ကိုပြုံးချိုတိုနဲ့ အတူ ကိုထွန်းမြင့်အောင်၊ကိုမြတ်သူနဲ့ အခြားကျောင်းသားခေါင်းဆောင်များဟာ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပြီး ကိုမင်းကိုနိုင်နဲ့ အခြားကျောင်းသားခေါင်းဆောင်များက တော့ အထက်မြန်မာပြည် မန္တလေးခရီးစဉ်အတွက် ကျန်ရှိခဲ့ပါတယ်။

အမေစုကိုကြိုမည့်မန်းနယ်က ရှစ်ပေ ရွှေဒေါင်း

Mandalay Voice
မန္တလေးမှ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုမည့် ယာဉ်အား မွမ်းမံနေပုံဖြစ်ပါသည်။
ခွပ်ဒေါင်းတန်းဘိုး ကျပ်၇ သိန်းကျသင့်ကြောင်း၊တံတားဦးမြို့နယ်(အင်းဝ)ဟံသာဝတီကျေးရွာမှ ဦးကတိုး(ကထိက -ငြိမ်း)ယွန်းသိပ္ပံမှ ပုံမှန် ၃ လကြာမည့်အချိန်အစား ၁၆ ရက်ဖြင့် အပြီးပြုလုပ်ပေးခြင်းဖြစ်ကြောင်းသိရပါသည်။ လက်ရှိမှာ အချောမပြီးသေးကြောင်း ကြိုဆိုရေးကိစ္စပြီးမှ ထပ်မံအချောပြုလုပ်မည်ဖြစ်ကြောင်းသိရပါသည်။






၅၀၀၀ တန်ဖုန်း​ကတ် ရရှိ​ရေး​ ​ဆောင်ရွက်သူ အ​ယောက် ၂၀ ထိန်း​သိမ်း​ခံရ


Published on February 28, 2012 by ​အေး​နိုင်   

တောင်ဒဂုံမြို့ ​နယ် အမှတ် ၇၀ ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​ရုံး​မှာ လူထုအကြား​ ငါး​ထောင်တန်ဖုန်း​ကတ် ရရှိ​ရေး​ စာရွက်ဖြန့်​ဝေသူ အ​ယောက် ၂၀ ကို ထိန်း​သိမ်း​ထား​တယ်လို့​ အဲဒီရုံး​ထဲ​ရောက်​နေတဲ့​ ကိုထင်​ကျော်က ​ပြောပါတယ်။
“ကျ​နော်တို့​ ​တောင်ဒဂုံရပ်ကွက် အုပ်ချုပ်​ရေး​မှူး​ရုံး​ရောက်​နေတယ်။ ကျ​နော်တို့​အား​လုံး​ တား​ခံထား​ရတယ်။ အခု ကျ​နော်တို့​ ရုံး​ထဲမှာပိတ်ခံထား​ရတယ်။ ကျ​နော်တို့​ ခွင့်​ပြုချက်မရှိဘဲ လုပ်တယ်​ပေါ့​ဗျာ။ အဲဒီအတွက် လက်မှတ်ထိုး​ ခိုင်း​ထား​တယ် ပထမပိုင်း​မှာ။”
ကိုထင်​ ကျော်အပါအဝင် ကုန်​ဈေး​နှုန်း​ကျဆင်း​ရေး​ အင်အား​စုဝင်​တွေဟာ ဒီမနက်ပိုင်း​က လှိုင်သာယာမီး​ခွက်​ဈေး​၊​ ​တောင်ဥက္ကလာပမြို့​နယ် နန္ဒဝန်​ဈေး​နဲ့​ ​မြောက်ဥက္ကလာမြို့​နယ်​တွေမှာ ၅၀၀၀ ကျပ်ဖုန်း​ကတ်ဟာ ပြည်သူ​တွေ ကုန်​ဈေး​နှုန်း​ ကျဆင်း​ရေး​ကို အ​ထောက်အကူပြုတဲ့​အတွက် သုံး​ခွင့်​ပြု​ရေး​ စတာ​တွေကို ​ဟော​ပြောတာ၊​ လက်ကမ်း​စာ​စောင် ဖြန့်​ဝေတာ​တွေ လုပ်ခဲ့​ပါတယ်။
တောင်ဒဂုံမှာ အဖမ်း​ခံရတဲ့​ ​ဒေါ်ခင်​အေး​က “လက်မှတ်ထိုး​ခိုင်း​တာက​တော့​ ရဲက ထိုး​ခိုင်း​တာပါ၊​ ​တောင်ဒဂုံစခန်း​မှူး​ ဦး​ဌေး​ဝင်း​က ထိုး​ခိုင်း​တာပါ။ ကျမလည်း​ စာဖတ်ကြည့်​တော့​ ဝန်ခံကတိပြုပါသည်။ ဒီစာ​တွေ​ဝေတဲ့​ကိစ္စနဲ့​ပတ်သက်လို့​ သူတို့​ခွင့်​ပြုချက်မရှိဘူး​ပေါ့​။ ကုမဏီအသင်း​အဖွဲ့​ စတာ​တွေ ခွင့်​ပြုချက်ရှိမှသာလျင် ​ဝေနိုင်တယ်လို့​ ​ရေး​ထား​ပါတယ်။ ဒါ့​ကြောင့်​ အမ်ဒီစီအက်ဖ်ဆိုတဲ့​ ကုန်​ဈေး​နှုန်း​ကျဆင်း​ရေး​အင်အား​စုဆိုတဲ့​ အဖွဲ့​လက်မှတ်ပါတယ်။ ဒါ​ကြောင့်​ အမ်ဒီစီအက်ဖ် ​ခေါင်း​ဆောင် ကိုထင်​ကျော်ကို​ခေါ်မယ်ဆိုပြီး​ ​ခေါ်ရာက ကိုထင်​ကျော်ကိုပါ တား​မြစ်ခံရတာဖြစ်ပါတယ်။ အထက်လူကြီး​ကို ​စောင့်​နေလို့​ ဆိုပြီး​ ​စောင့်​ဆိုင်း​နေကြဆဲဖြစ်ပါတယ်” လို့​ ​ပြောပါတယ်။
ဒီလိုတား​ မြစ်မှုအ​ပေါ် ကိုထင်​ကျော်က “ဒီအ​ခြေခံဥပ​ဒေကို သူတို့​ကိုယ်တိုင်ချိုး​ဖောက်​နေတယ်ဆိုတာ ကမ္ဘာသိ​အောင် လုပ်ရမယ်။ သူတို့​ပြဋ္ဌာန်း​ထား​တဲ့​ အ​ခြေခံဥပ​ဒေကို သူတို့​မ​လေး​စား​ဘူး​၊​ မလိုက်နာဘူး​။ အခု ကျ​နော်တို့​ လုပ်ရမယ့်​ကိစ္စ​တွေကို တား​ဆီး​ခံ​နေရတယ်။ သူတို့​ရေး​ဆွဲထား​တဲ့​ အခန်း​ (၂) ပုဒ်မ (၃၅၄) နိုင်ငံသား​ပိုင်ခွင့်​ကို ကျ​နော်တို့​ ချိုး​ဖောက်ခံ​နေရတယ်။ ကျ​နော်တို့​ ငြိမ်း​ချမ်း​တဲ့​နည်း​နဲ့​လုပ်​နေတာ” လို့​ ​ပြောပါတယ်။
“မြို့နယ်မှူးနဲ့ ရဲစခန်းမှူးနဲ့ ရောက်လာပြီးတော့ သူတို့ရဲ့ ခွင့်ပြုချက် ပါမစ်မပါတဲ့အတွက် ဝေငှခွင့်မပြုနိုင်ဘူးလို့ ပြောတယ်။ အခြေခံဥပဒေကို ကျနော်တို့က ရှင်းပြတဲ့အခါကျတော့ သူက မြို့နယ်အုပ်ချုပ်ရေးမှူးဆီ သတင်းပို့ပေးဖို့ ပြောတယ်။ ကျနော်တို့က ဒါကို အသိပေးလို့ရတယ်။ ခွင့်ပြုချက်တောင်းစရာ မလိုဘူး။ ဒါဟာ နိုင်ငံသား ရပိုင်ခွင့် ဖြစ်တယ်လို့ ပြောခဲ့တယ်။ ဒါနဲ့ မြို့နယ် မရက ရုံးသွားတဲ့အခါကျတော့ လက်ထောက်တွေနဲ့ပဲ တွေ့တဲ့အခါကျတော့ စာတွေပေးတော့ သူတို့က လက်မခံဘူး။ ဟိုလိုလို ဒီလိုလိုနဲ့ ပြီးသွားတာပေါ့ဗျာ။”
သူတို့ရဲ့လှုပ်ရှားမှုကို လာမယ့်ရက်ပိုင်းတွေမှာလည်း ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။
ဒီနှစ်ဆန်းပိုင်းမှာ ကုမ္ပဏီတခုက တယ်လီဖုန်းဆင်းကတ်တခုကို ကျပ်ငွေ ၅,၀၀၀ နဲ့ ရောင်းပေးမယ်ဆိုတဲ့ သတင်းထုတ်ပြန်ချက်ကြောင့် အစိုးရထုတ်ရောင်းနေတဲ့ ဈေးထက် အဆ ၁၀၀ လောက်သက်သာစေမယ်၊ လူတိုင်း ကိုင်နိုင်မယ်ဆိုပြီး လူထုအကြား ဒီသတင်း ရေပန်းစားခဲ့ပါတယ်။ ဒါပေမယ့် မြန်မာ့ဆက်သွယ်ရေးကတော့ ဒီလိုဖြန့်ချိဖို့ဆိုတာ တည်ဆဲဥပဒေတွေအရဆိုရင် မဖြစ်နိုင်ဘူးလို့ ပြောထားပါတယ်။
http://burmese.dvb.no/archives/21820


တရုတ်ပြည်စီးပွားရေးအကြောင်း ဘယ်လောက်သိသလဲ????




by Yan Aung on Tuesday, February 28, 2012 at 3:29am ·
(Newsweek ကနေ ကျော်သူဟန် ဘာသာပြန်ပြီး Ecovision Journal မှာ ထည့်သွင်းထားတဲ့ ဆောင်းပါးကို ပြန်လည်ကူးယူဖော်ပြပါတယ်။)

ကမ္ဘာ့စီးပွားရေးကျဆင်းမှု ကာလအတွင်း ထူခြားသည့်အချက်တစ်ခုမှာ ထွန်းသစ်စနိုင်ငံများဖြစ်သော အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှားတို့သည် အကျပ်အတည်းဒဏ်ကို ခန့်မှန်းထားသည်ထက် ပို၍ ခံနိုင်ရည် ရှိကြောင်း တွေ့ရသည်။
အထူးသဖြင့် တရုတ်နိုင်ငံဆိုလျှင် စီးပွားရေးအကျပ်အတည်းကြောင့် အကျိုးဖြစ်ထွန်းမှုများပင် ရရှိခဲ့သည်ဟုဆိုနိုင်သည်။ တရုတ်နိုင်ငံ သည် ၂၀၀၈ ခုနှစ်တွင် အလုပ်လက်မဲ့ဦးရေများ တိုးပွားခဲ့ပြီး တိုင်းပြည်၏ ပို့ကုန်လုပ်ငန်းများလည်း ထိခိုက်ခဲ့ပါသည်။ သို့သော် ယခုနှစ်တွင် တရုတ်၏ စုစုပေါင်းစီးပွားရေးထွက်ကုန် ဂျီဒီပီသည် ၈.၅ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်သည်ဟု ခန့်မှန်းထားသည်။

ဖွံ့ဖြိုးပြီးနိုင်ငံတော်တော်များများမှာ ၂၀၀၉ ခုနှစ်တွင် ဂျီဒီပီရာခိုင်နှုန်း အနုတ်လက္ခဏာပြနေချိန်တွင်ဖြစ်၍ တရုတ်၏ ၈.၅ ရာခိုင်နှုန်း မြင့်တက်မှုသည် အထူးအောင်မြင်မှုတစ်ခုဖြစ်သည်ဟုဆိုနိုင်သည်။ တရုတ်နိုင်ငံ၏ စီးပွားရေးအကျပ်အတည်း အပေါ် ကိုင်တွယ်ဖြေရှင်းမှုသည် ဖွံ့ဖြိုးပြီးနိုင်ငံများထက် သာလွန်ကောင်းမွန်ခဲ့သည်။

ပါတီစည်းလုံးညီညွတ်မှု

တရုတ်နိုင်ငံ၏ တစ်ခုတည်းသော အာဏာရပါတီသည် အများထင်မြင်ယူဆနေသကဲ့သို့ စည်းလုံးညီညွတ်နေသည် မဟုတ်ပါ။ ကျေးလက်ဒေသဖွံ့ဖြိုးမှုကို အလေးထားလိုသော သမ္မတ ဟူကျင်းတောင်နှင့် ၀န်ကြီးချုပ် ၀မ်ကျားပေါင်တို့က တစ်ဖက်၊ မြို့ပြဖွံ့ဖြိုးမှုကို အဓိကထားလိုသော ပါတီခေါင်းဆောင်ပိုင်းတချို့က တစ်ဖက် နှစ်အုပ်စုကွဲနေကြသည်။ ဟူနှင့်ဝမ်တို့က ဖွံ့ဖြိုးမှုနောက်ကျနေသော တရုတ်ပြည်အနောက်ဘက် ပြည်နယ်များကို တန်းတူ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်လိုသည်။ အခြားပါတီခေါင်းဆောင်များကတော့ ဖွံဖြိုးပြီး ကမ်းရိုးတန်းဒေသ ပိုင်းရှိ ရှန်ဟဲ၊ ရှန်ကျင့်စသော မြိုကပြများကို ကမ္ဘာ့စံပြ မြို့တော်ကြီးများဖြစ်အောင် တည်ဆောက်လိုကြသည်။ သမ္မတဟူနှင့် ၀န်ကြီးချုပ် ၀မ်တို့က စီးပွားရေနှေးကွေးလျှင် နှေးကွေးပစေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကာဘွန်ထုတ်လုပ်မှုများသည့် စက်ရုံများကို စည်းမျဉ်းစည်းကမ်းများ ချမှတ်ရေးစသည့် နီယိုလစ် (Neo-Liberal) ဆန်သောပေါ်လစီများ ချမှတ်လိုသည်။

ပါတီအီလိုက် ခေါင်းဆောင်ပိုင်းကတော့ ဈေးကွက်စီးပွားရေးကိုပိုပြီး ကြိုးဖြေလွှတ်စေချင်ကြသည်။ စည်းမျဉ်းစည်းကမ်းများ လျှော့ချ၊ ပုဂ္ဂလိက ကဏ္ဍကို မြှင့်တင်ပြီး၊ လေဆက်ဖဲယား အယူအဆကို အပြည့်အ၀အသုံးချသူများဖြစ်ကြသည်။ ထို့ကြောင့် တရုတ်ကွန်မြူနစ်ပါတီ၏ အကွဲအပြဲသည် သမ္မတနှင့်ဝန်ကြီးချုပ် ဦးဆောင်သော လက်ဝဲဆန်သည့် အုပ်စုနှင့် ပါတီအီလိုက်များ ဦးဆောင်သော လက်ယာဆန် သော အုပ်စုတို့ဖြစ်ကြသည်။

အခုလောလောဆယ်အချိန်မှာ မည်သည့်အုပ်စုက အသာစီးရနိုင်မလဲဆိုတာ မှန်းရ ခက်နေပါသေးသည်။ ပြည်သူအများစု ကတော့ ဟူနှင့်ဝမ်အုပ်စုကို ပို၍သဘောကျကြသည်။ သို့သော် တရုတ်ပြည်တွင် သြဇာအာဏာရှိသည်မှာ တရုတ်ပြည်သူ တို့မဟုတ်ဘဲ ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်များဖြစ်ကြသည်။

ပါတီတွင်း ကွဲပြားနေမှုသည် ယခုမှဖြစ်သည်မဟုတ်ဘဲ ယခင်သမ္မတ ကျန်ဇီမင်းလက်ထက်ကတည်းကပင် ရှိခဲ့သည်။ သို့သော်နိုင်ငံတကာ အသိုက်အ၀န်းက သတိပြုမိခြင်းမရှိဘဲ ယခုအချိန်တွင်မှ လူပြောသူပြောများလာ ခြင်းဖြစ်သည်။ ဟူကျင်းတောင်နောက် မည်သည့်ဘက်က နိုင်ငံသမ္မတ ဖြစ်လာနိုင်မလဲဆိုသော ပုစ္ဆာကို နိုင်ငံတကာ သတင်းမီဒီယာ များက အထူးဦးစားပေး ဖော်ပြလာကြသည်။ နိုင်ငံ၏ရည်ရှည်ကာလတွင် ရေရှည်ကာလတွင် ချမှတ်ရမည့် ပေါ်လစီ ဗျူဟာများအပေါ်တွင် ပါတီအုပ်စု နှစ်ခုကွဲပြားနေကြသော်လည်း၊ တရုတ်နိုင်ငံကို နိုင်ငံတကာစင်မြင့်တွင် ထိပ်တန်းနိုင်ငံ တစ်ခုဖြစ်လာရေးမှာ ပါတီအုပ်စုနှစ်ခုစလုံး၏ ဘုံရည်မှန်းချက်ပင်ဖြစ်သည်။ ထို့ကြောင့်ပင် ၂၀၀၈ ခု စီးပွားရေး အကျပ်အတည်း ဖြစ်ပွားလာသောအခါ လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်လွှတ်တော်နှစ်ရပ်၌ စီးပွားရေး နှိုးဆွ အစီအစဉ် အတွက် ငြင်းခုံလို့ကောင်းဆဲကာလတွင် တရုတ်နိုင်ငံက ဒေါ်လာ ၆၀၀ ဘီလီယံတန်သူ၏ စီးပွားရေး စီမံကိန်းကို စတင် အကောင်အထည်ဖော်နေပြီဖြစ်သည်။ အနောက်နိုင်ငံများက အကျပ်အတည်းမဖြစ်မီကပင် ကြွေးမြီ ဒေါ်လာ ဘီလီယံပေါင်းများစွာ ရှိနှင့်နေပြီး ဖြစ်သောကြောင့်၊ အကျပ်အတည်းကာလတွင် ငွေထပ်မံ သုံးစွဲဖို့ လက်တွန့် နေကြသည်။ တရုတ်အစိုးရကမူ နိုင်ငံခြားအရန်ငွေ နှစ်ထရီလီယံ မျှရှိနေသောကြောင့် စီးပွားရေးနှိုးဆွအစီအစဉ်ကို အလျင်အမြန် လုပ်ဆောင်နိုင်ခဲ့ကြခြင်းဖြစ်သည်။

ထိုကာလအတွင်း တရုတ်နိုင်ငံ အနာဂတ်အတွက် အရေးပါသော အခြေခံ အဆောက်အဦးနှင့် နည်းပညာသုတေသန လုပ်ငန်းများ၌ ပုံအောပြီး ရင်းနှီးမြှုပ်နှံခဲ့သည်။ ထို့ကြောင့်ပင်ဟောင်ကောင်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “ဒီတစ်ခေါက် စီးပွားရေး အကျပ်အတည်းမှာ အမြတ်ထွက်သွားတဲ့ နိုင်ငံကတော့ တရုတ်နိုင်ငံပဲ”ဟု မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

ရေရှည်တွင် ဖြစ်ပေါ်လာနိုင်သော ပြဿနာများ

စီးပွားရေးပညာရှင် အများစုက တရုတ်အစိုးရ၏ ပြဿနာ ဖြေရှင်းပုံသည် လျင်မြန်ပြီး စွမ်းအား အပြည်အ၀ရှိ ကြောင်း သဘောတူညီကြသည်။ သို့သော် ရေတိုကာလတွင် ပြဿနာပြေလည်သွားသော်လည်း အနာဂတ် အတွက် ပြဿနာ တချို့ရှိသည်ဟု ထောက်ပြကြသည်။ ပြဿနာတစ်ခုမှာ စီးပွားရေးတွင် အစိုးရ၏ အခန်းကဏ္ဍ အလွန်ကြီးမားနေခြင်း ဖြစ်သည်။ တရုတ်ဂျီဒီပီမှာ ဂျပန်ကိုကျော်ဖြတ်ပြီး ဒုတိယ အကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာတော့မည်။ သို့သော် ဂျီဒီပီ၏ ၈၈ ရာခိုင်နှုန်းမှာ အစိုးရပိုင်လုပ်ငန်းများမှ လာခြင်းဖြစ်သည်။ ထိုရာခိုင်နှုန်းမှာ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမှ နှိုင်းယှဉ်၍ မရအောင် မြင့်မားသော ပမာဏ ဖြစ်သည်။ ထို့ကြောင့် ပုဂ္ဂလိက ကဏ္ဍသည်တိုင်းပြည်၏ ဂျီဒီပီနှင့် နှိုင်းစာလျှင် အတော် သေးငယ်သော အစိတ်အပိုင်း ကလေးဖြစ်နေသည်။ ထို့ကြောင့် ဈေးကွက်စီးပွားရေးကို တိုးချဲ့လိုသော ပါတီခေါင်းဆောင် တချို့က တရုတ်နိုင်ငံ၏ အကြီးဆုံးလုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုလုပ်ဖို့ တိုက်တွန်းနေခြင်းဖြစ်သည်။ ထိုလုပ်ငန်းများ ထဲတွင် ဘဏ်လုပ်ငန်းများ၊ ဆက်သွယ်ရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတို့ပါဝင်သည်။ အစိုးရအရာရှိုများ ကိုယ်တိုင်က စီးပွားရေး နှိုးဆွသည့် ငွေကြေး အများစုသည် အစိုးရပိုင်လုပ်ငန်းကြီးများကိုသာ ပို၍ ကြီးမားလာစေသည်ဟု ၀န်ခံ ပြောကြားကြသည်။ ထိုလုပ်ငန်းများကလည်း အထူးအဖြင့် အဆောက်အအုံများ၊ လမ်း၊ တံတားများ ဆောက်လုပ် ခြင်း၌ အဓိကထားမြှုပ်နှံနေသောကြောင့် ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့ကြီးများတွင် အိမ်ခြံမြေဈေးများ မတရား မြင့်တက်ကုန်ပြီး၊ အက်ဆစ် ပူပေါင်းများ ဖြစ်ပွားလာနိုင်သည်ဟု အစိုးရအရာရှိုများက စိုးရိမ်နေကြသည်။

စန်းပွင့်နေသော လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း

တရုတ်အစိုးရသည် မီးရထားလုပ်ငန်းတွင် ဒေါ်လာ ၃၀၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည်ဟု သိရသည်။ နောက်ထပ် မီးရထားလမ်းအရှည် ကီလိုမီတာ ၂၀,၀၀၀ ခန့် ထပ်မံတိုးချဲ့မည်ဟု သိရသည်။ ထိုအထဲမှ ကီလိုမီတာ ၁၃,၀၀၀ ခန့်သည် အမြန်မီးရထားလမ်းများဖြစ်ကြသည်။ ထို အမြန်ရထားများက တစ်နာရီလျှင် ၃၅၀ ကီလိုမီတာထိ မောင်းနှင်နိုင်စွမ်းရှိသည်။ ထိုအမြန်ရထားလမ်းစနစ်ကြောင့် တရုတ်နိုင်ငံ၏ ပြည်နယ်တစ်ခုနှင့်တစ်ခု ဆက်သွယ် သွားလာရမှု လျင်မြန်သွားစေ ခဲ့သည်။ ထိုအမြန်ရထားလမ်းစနစ် ပြီးစီးသွားပါက ပေကျင်းနှင့် ရှန်ဟိုင်း ခရီးသည် လေးနာရီမျှသာ ကြာတော့မည် ဖြစ်သည်။ ထိုသို့ဆက်သွယ်မှု လျင်မြန်လာသောကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေသော အနောက်ပိုင်းပြည်နယ်များလည်း လိုက်ပါ တိုးတက်လာလိမ့်မည်ဟု မျှော်လင့်ရသည်။ ပါမောက္ခတစ်ဦးဖြစ်သူ စီဝေးက အမြန်ရထားစနစ်သည် စီးပွားရေး ကိုသာမက နိုင်ငံရေးနှင့် ယဉ်ကျေးမှုနယ်ပယ်တွေကိုပါ ကြီးမားတဲ့သက်ရောက်မှုတွေ ရှိနိုင်သည် ဟုခန့် မှန်းသည်။ တရူတ်အရာရှိများက တရုတ်နိုင်ငံသည် ယခင်ကသွားလာရေးခက်ခဲသောကြောင့် ပါတီစုံစနစ်ကျင့်သုံး ဖို့ မလွယ်ကူဟု ငြင်းဆိုခဲ့ကြဖူးသည်။ ယခုအချိန်တွင်တော့ တရုတ်နိုင်ငံတစ်ဖက်စွန်းမှ တစ်ဖက်စွန်းသို့ နေ့ချင်းပြီး သွားလာနိုင်ပြီဖြစ်ရာ ပါတီစုံစနစ်ကျင့်သုံးဖို့ ဖြစ်နိုင်ခြေ ရှိနေပြီဖြစ်သည်ဟု ပေကျင်းမှ ပါမောက္ခတစ်ဦးက ထောက်ပြသည်။ တရုတ်နိုင်ငံသည် မီးရထားလမ်းသာမဟုတ်၊ ကားလမ်းအရှည် ၄၄,၀၀၀ မိုင်ခန့် ထပ်မံဖောက်လုပ်မည်ဟု သိရသည်။ လာမည့် ဆယ်စုနှစ် အတွင်း နိုင်ငံတစ်ဝန်းတွင် လေဆိပ်သစ် ၁၀၀ ခန့် ဆောက်လုပ်မည်ဟုသိရသည်။

လူမသိသေးသော တရုတ်နိုင်ငံ၏ ကိန်းဂဏန်းတစ်ခု

တရုတ်နိုင်ငံတွင် ယခုကဲ့သို့ အခြေခံအဆောက်အဦးများတွင် ပုံအော၍ ရင်းနှီးမြှုပ်နှံနေခြင်းသည် သမ္မတ ဟူကျင်းတောင် နှင့် ၀န်ကြီးချုပ် ၀မ်ကျားပေါင်တို့၏ စိတ်ကူးဖြစ်သည်။ သူတို့က ညီတူညီမျှ ဖွံ့ဖြိုးမှုကို လိုလား သောကြောင့် ဖြစ်သည်။ သို့သော် ထိုသို့အစိုးရ အသုံးစရိတ် မြင့်မားမှုကြောင့် ဘတ်ဂျက်တွင် လိုငွေ ပြလာသည်။ တရုတ်နိုင်ငံသည် ကုန်သွယ်ရေး တွင် ဘီလီယံပေါင်းများစွာ ပိုငွေပြနေသောကြောင့် မီဒီယာ သမားများက ဘတ်ဂျက်လိုငွေပြမှုကို သတိမထားမိကြချေ။ ယခုအချိန်တွင် ဘတ်ဂျက်လိုငွေပြမှုသည် ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်းခန့်ရှိနေပြီဟု သိရသည်။ ထိုရာခိုင်နှုန်းသည် အနောက် နိုင်ငံများနှင့် နှိုင်းစာလျှင် နည်းပါးသေး သော်လည်း၊ တရုတ်နိုင်ငံရေးသမားများက စိုးရိမ်နေကြသည်။ ထို့ကြောင့်ပင် ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) ၌ ၀န်ကြီးချုပ်ဝမ်ကျားပေါင်က ...

“တရုတ်ရဲ့ စီးပွားရေးအခြေအနေကို အလွန်အကျွံ မချီးကျူး ကြပါနဲ့ဦး။ ကျွန်တော်တို့ စီးပွားရေးတိုးတက်မှုက တည်ငြိမ်မှု၊ မျှတမှု၊ စည်းလုံးမှု မရှိသေးပါဘူး။ ရှေ့လျှောက် ကြိုးစားဖို့လိုနေပါသေးသည်” ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေဆဲ

တရုတ်ခေါင်းဆောင်ပိုင်းက စီးပွားရေးနှိုးဆွအစီအစဉ်ထဲတွင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍအတွက် ငွေထောက်ပံ့ ပေးထားခြင်း မရှိပါ။ ထို့ကြောင့် ကျေးလက်နေပြည်သူများမှာ ဟိုက်ဝေး လမ်းမကျယ်ကြီးတွေ၊ ရှည်လျားတဲ့ မြစ်ကူး တံတားတွေ၊ အမြန်မီးရထားလမ်းတွေကို သုံးစွဲခွင့်ရရှိနေကြပေမဲ့ ကျန်းမာရေးစောက်ရှောက်မှု ကောင်းကောင်း မရရှိ ကြသေးပါ။ စာသင်ကျောင်းများမှာလည်း လုံလောက်တဲ့အဆောက်အအုံများမရရှိသေး ပါ။ ရေမြောင်းစနစ် ကောင်းမွန်စွာ မရှိသေးသည့်အတွက် နှစ်စဉ်ရေကြီးမှုများ ဖြစ်ပွားနေပါသည်။ တရုတ်နိုင်ငံ၏ ကျေးရွာအတော်များများရှိ ရွာလမ်းမများ တွင် ပလက်ဖောင်းများ ကောင်းကောင်း မရှိသေးသည့်အတွက် လမ်းဘေးပလက်ဖောင်း ဆောက်လုပ်ရေးများ ဆောင်ရွက် ပေးရန် ကျေးရွာကောင်စီ လူကြီးများက တောင်းဆိုလျက်ရှိ ပါသည်။

တရုတ်ပြည်သူတို့၏ တစ်ဦးချင်း ပျမ်းမျှဝင်ငွေမှာ (China’s per capita GDP) ဒေါ်လာ ၃၀၀၀ ကျော်ခန့်ရှိသေးပြီး ကျေးလက် ပြည်သူများမှာ ပျမ်းမျှပမာဏထက် ပို၍ဆင်းရဲသေးသည်။ ထို့ကြောင့် ကျေးလက် ဒေသတွင် ဖောက်လုပ် ထားသောအဝေးပြေးကားလမ်းမကြီးများပေါ်တွင် ယာဉ်သွားလာမှု များများစားစား မတွေ့ရပါ။ ချောင်ကောင်းစီးပွားရေး ကျောင်းမှ စီးပွားရေးပါမောက္ခ မင်းဟောင်က “ကျေးလက်နေပြည်သူတို့မှာ အစိုးရဖောက်လုပ်ထားသော လမ်းမကြီးများကို ပြည့်ပြည့်၀၀ အသုံးချနိုင်ခြင်းမရှိသေးဘူး” ဟု ဝေဖန်ပြောဆိုပါ သည်။ ထို့ကြောင့် တရုတ်အစိုးရ ရင်းနှီးမြှုပ်နှံမှုများသည် စီးပွားရေးကို အကျိုးပြန်ပြုဖို့ အချိန်အတော်ကြာ စောင့်ဆိုင်းရဦးမည့်သဘောရှိပါသည်။

အရင်းရှင်စနစ်ထွန်းကားပြီဆိုတာ ဟုတ်ရဲ့လား

ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်က “ကြောင်ဖြူသလား၊ မဲသလား အရေးမကြီးပါ၊ ကြွက်ခုတ်တတ်ဖို့သာ လိုရင်းပဲ” ဟူသည့် ကြွေးကြော်သံဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးကို အစဉ်အလာ ဆိုရှယ်လစ်စနစ်မှ ပြောင်းလဲပစ်ခဲ့သည်။ ထို့ကြောင့် ၁၉၉၀ ခုနှစ်တွင် ပုဂ္ဂလိက လုပ်ငန်းပေါင်း သန်း ၂၀ ခန့်ရှိပြီး၊ ၂၀၀၈ ခုနှစ်တွင် သန်း လေးဆယ်ခန့်ထိရှိခဲ့သည်။ သို့သော်ပုဂ္ဂလိက လုပ်ငန်းရှင်များပါ အစိုးရပိုင်လုပ်ငန်းကြီးများနှင့် ယှဉ်ပြိုင်ဖို့ အခက်အခဲတွေရှိလာသည်။ အစိုးရပိုင်လုပ်ငန်းများမှာ အစိုးရ ဘဏ်ကြီးများမှတစ်ဆင့် ချေးငွေအမြောက်အမြားကို အတိုးနှုန်းသုံးရာခိုင်နှုန်းဖြင့်သာ အလွယ်တကူရရှိလာကြသည်။ ပုဂ္ဂလိက လုပ်ငန်းရှင်များက ငွေချေးလျှင် အတိုးနှုန်း မြင့်မြင့်မားမား ပေးရပြီး၊ အလွယ်တကူငွေချေး၍မရနိုင်ဘဲ အပေါင် ပစ္စည်းတစ်ခုခုထားနိုင်မှ ရရှိလေ့ရှိသည်။

နှစ်သုံးဆယ်ကျော်ကြာခဲ့ပြီဖြစ်သော စီးပွားရေးတံခါးဖွင့်မှုသည် ပုဂ္ဂလိက ကဏ္ဍကို အထိုက်အလျောက် ဖွံ့ဖြိုးစေခဲ့သည်။ သို့သော် အစိုးရပိုင်လုပ်ငန်းကြီးများ (State-owned Enterprise) ကတော့ ၅၀ ရာခိုင်နှုန်းခန့် နှစ်စဉ်တိုးတက်ခဲ့သည်။ ပုဂ္ဂလိက လုပ်ငန်းရှင်များကတော့ အရင်းအနှီးရှာဖွေရခက်ခဲမှုကြောင့် ဆုံးရှုံးနစ်နာမှုများ စွာရှိခဲ့သည်။

နိုင်ငံ၏ သော့ချက်ကျသော လုပ်ငန်းများဖြစ်သည့် ဘဏ္ဍာရေး၊ အင်တာနက်၊ ဆက်သွယ်ရေးလုပ်ငန်း၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ စသည်တို့တွင် ပုဂ္ဂလိကပိုင်းကို ၀င်ရောက်လုပ်ကိုင်ခွင့် ပိတ်ပင်ထားဆဲဖြစ်သည်။ အိမ်ခြံမြေဈေးကွက်၏ သုံးပုံ နှစ်ပုံခန့်ကို အစိုးရပိုင်ကုမ္ပဏီများက ချုပ်ကိုင်ထားပြီး၊ စတော့ဈေးကွက်များတွင် လည်း ထိုကုမ္ပဏီ၏ စတော့များက ၇၀ ရာခိုင်နှုန်းခန့်ထိပါဝင်သည်။ စီးပွားရေးကျဆင်းမှု ဂယက်နောက်ပိုင်းတွင် အခြေအနေသည် ပို၍ဆိုးရွားသွားသည်ဟု ပညာရှင်များက သုံးသပ်ကြသည်။ ပုဂ္ဂလိက ကုမ္ပဏီများက ငွေပြတ် နေချိန်တွင် ထိုကုမ္ပဏီများက လုပ်ငန်းပိုတိုးချဲ့ လာသောကြောင့် ဖြစ်သည်။

တရုတ်နိုင်ငံ ပို့ကုန်လုပ်ငန်း၏ လျှို့ဝှက်ချက်

ကမ္ဘာ့စီးပွားရေး နှေးကွေးမှုကြောင့် တရုတ်နိုင်ငံ၏ ပို့ကုန်လုပ်ငန်း ၂၀ ရာခိုင်နှုန်း ကျဆင်းသွားသည်။ သို့သော် တရုတ်၏ ဂျီဒီပီကတော့ ရှစ်ရာခိုင်နှုန်းခန့် မြင့်တက်လာမည်ဖြစ်သည်။ ထိုအချက်က တရုတ်စီးပွားရေးသည် ပို့ကုန်လုပ်ငန်းကို အဓိကအားကိုးရခြင်း မရှိကြောင်းသိနိုင်သည်။ တရုတ်နိုင်ငံ၏ ပို့ကုန်ကဏ္ဍသည် စီးပွားရေးတစ်ခုလုံး၏ ၄၀ ရာခိုင်နှုန်း ခန့်ရှိသည်ဟု ယခင်က ယူဆခဲ့ကြဖူးသည်။ ထိုအချက်က လွဲမှားနေတာ ဖြစ်နိုင်တယ်ဟု စီးပွားရေးပညာရှင်တစ်ဦးက ပြောသည်။ ကမ္ဘာပေါ်တွင် ကွန်ပျူတာကီးဘုတ်မှအစ ဂျက်လေယာဉ် အင်ဂျင်များအထိ Made in China ဟူသော စာတန်းကို တွေ့မြင်နေရသည်။ တရုတ်နိုင်ငံမှ ကမ္ဘာ့ဈေးကွက်တစ်ခုလုံးကို ထောက်ပံ့ထားသည်ဟုပင် ထင်ချင်စရာ ရှိသည်။ သို့သော် တကယ့်အဖြစ်အပျက်မှာ ၂၁ ရာစုတွင်တွင် ကျယ်လာသော Offshoring လုပ်ငန်းကို တရုတ်ပြည်က အများဆုံးရရှိနေသောကြောင့် ဖြစ်သည်။ တကယ်တော့ တရုတ်တွင် လုပ်သည်ဟူသော ပစ္စည်းအများစုမှာ တရုတ်ပြည်တွင် အချောတပ်ဆင်ခြင်းသာ ဖြစ်သည်။ အမှန်တကယ် ထုတ်လုပ်ခြင်းမဟုတ်ပါ။ ဥပမာ ၂၉၉ ဒေါ်လာတန် i pod တစ်လုံးကို လက်ကားဈေး ဒေါ်လာ ၁၅၀ ခန့်ဖြင့် ရောင်းချသည်။ သို့သော် တရုတ်အလုပ်သမားများ ရရှိသည်က ၇.၅ ဒေါ်လာမျှသာရှိသည်။ ကျန်သည့်ငွေ ၁၄၀ ဒေါ်လာကျော်ကို မူရင်းကုမ္ပဏီ Apple က ရရှိခြင်းဖြစ်သည်။ ထို့ကြောင့်Made in China စာတန်းပါ i pod တစ်လုံးကြောင့် တရုတ်စီးပွားးရေးကို ခုနစ်ဒေါ်လာကျော်သာ တက်စေခြင်းဖြစ်သည်။

ပြည်တွင်းစားသုံးမှုအခြေအနေ

တရုတ်နိုင်ငံတွင် လူလတ်တန်းစား ဦးရေများစွာ တိုးတက်လာသော်လည်း၊ ပြည်တွင်းစားသုံးမှုပမာဏ နည်းပါးသေးသည်။ တရုတ်ပြည်တွင်းစားသုံးမှု (Domestic Comsumption) က ဂျီဒီပီ၏ ၃၇ ရာခိုင်နှုန်းသာရှိပြီး၊ အခြားစီးပွားရေးအင်အားကြီး နိုင်ငံများနှင့် စာလျှင် အနည်းဆုံးရာခိုင်နှုန်းဖြစ်ပါသည်။ ထိုသို့ဖြစ်ရသည်မှာလည်း တရုတ်လူထုက ၀င်ငွေမြင့်တက် လာသည့် တိုင်အောင် စားသုံးဖို့ထက် စုဆောင်းမှုကို ပို၍ပြုလုပ်ကြသောကြောင့် ဖြစ်သည်။

ထို့ကြောင့် တရုတ်အစိုးရက ပြည်တွင်းစားသုံးမှု တိုးတက်လာစေရန် ကြိုးစားဆောင်ရွက်နေခြင်းဖြစ်သည်။ လူလတ်တန်းစား များကိုငွေထုတ်ချေးရန် အစိုးရက ညွှန်ကြားခဲ့သည်။ ထို့ကြောင့် ပေကျင်းနှင့် ရှန်ဟိုင်းရှိ တိုက်ခန်းများ အ၀ယ်လိုက်လာခဲ့သည်။ အကယ်၍ အစိုးရကသာ ပြည်တွင်းစားသုံးမှုတက်အောင် လုပ်နိုင်ပါက ပို့ကုန်လုပ်ငန်းမပါဘဲ၊ ဂျီဒီပီ ရာခိုင်နှုန်းမှ ကိုးရာခိုင်နှုန်းအထိ မြင့်တက်အောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ပညာရှင်များက ခန့်မှန်းကြသည်။

ရေနံအပေါ် မီခိုနေရသော တရုတ်နိုင်ငံ

တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းများ ၁၉၉၀ ခုနှစ်များတွင် အလျင်အမြန် တိုးတက်ခဲ့မှုကြောင့် ထိုအချိန်မှစ၍ တရုတ်တွင် ရေနံဝယ်လိုအား တဖြည်းဖြည်းချင်းမြင့်တက်ခဲ့သည်။ တရုတ်ခေါင်းဆောင်ပိုင်းကလည်း မိမိနိုင်ငံ ၏ ရေနံအပေါ် မှီခို နေရမှုကို နားလည်သဘောပေါက်သည်။ ထို့ကြောင့် ရေနံလုံလောက်စွာ ရရှိနိုင်ရေးအတွက် ကြိုတင်အစီအမံများစွာ ပြုလုပ်ထားသည်။ တရုတ်အစိုးရပိုင် ရေနံကုမ္ပဏီကြီးများသည် ကမ္ဘတစ်ဝန်းရှိ ရေနံနှင့် သဘာဝဓါတ်ငွေ့ ထွက်ရှိသည့် နိုင်ငံများနှင့် နှစ်ရှည်ကန်ထရိုက်စာချုပ်များ ချုပ်ဆိုထားသည်။ နောက်ထပ်ရေနံ ပိုက်လိုင်းသစ်များ တည်ဆောက်ပြီး၊ အနာဂတ်စွမ်းအင်ဖူလုံရေးကို တိုင်းပြည်၏အဓိက တာဝန်အဖြစ် ခေါင်းဆောင်များက ရှုမြင်ကြသည်။

တရုတ်နိုင်ငံတွင် ပြည်တွင်းအခြေအနေ တည်ငြိမ်အေးချမ်းရေးအတွက် စီးပွားရေးဆက်တိုက် ဖွံ့ဖြိုးနေဖို့ လိုအပ်သည်။ စီးပွားရေးဖွံ့ဖြိုးဖို့အတွက် လုံလောက်သော ရေနံကို ပုံမှန်ရရှိနေဖို့က အရေးကြီး ကြောင်း တရုတ်ခေါင်းဆောင်များက သိမြင်ကြသည်။ သို့သော်ရေရှည်တွင် ပို၍ စိတ်ချရစေရန်အတွက် ရေနံအပေါ် မှီခိုမှုကိုလည်း အစားထိုးနည်းပညာများ သုံးစွဲခြင်းဖြင့် လျှော့ချရန် ကြိုးစားလာသည်။ နေရောင်ခြည်၊ လေစွမ်းအင်နှင့် ဘတ်ထရီနည်းပညာ သုတေသနလုပ်ငန်း များတွင် ငွေအမြောက်အမြားရင်းနှီးမြှုပ်နှံထားသည်။ ထိုနည်းပညာသုံးခုတွင် ရင်းနှီးထားသည့် ငွေမှာ ဒေါ်လာ ၂၁၈ ဘီလီယံ ရှိသည်။ ထိုပမာဏမှာ ကမ္ဘာပေါ်တွင် အများဆုံးရင်းနှီးမြှုပ်နှံမှုပင် ဖြစ်သည်။

တရုတ်ပြည်၏ လျင်မြန်စွာ ပြောင်းလဲနိုင်မှု

ယခင်အချိန်တုန်းကဆိုလျှင် တရုတ်နိုင်ငံသည် ကာဘွန်ထုတ်လုပ်မှု လျှော့ချပေးရန် တောင်းဆိုချက်များကို အစဉ်အမြဲ ငြင်းပယ်လေ့ရှိသည်။ ယခုတော့ပေကျင်းအစိုးရက ကမ္ဘာကြီးပူနွေးမှုသည် မိမိတို့နိုင်ငံကိုလည်း အများကြီးထိခိုက် နိုင်ကြောင်း သိမြင်လာပြီး၊ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ တကယ်တော့ တရုတ်ပြည်၏ ပြောင်းလဲနိုင်မှုကို အထူးအံ့သြစရာမလိုလှပါ။ အတိတ်ကာလတွင်လည်း အခြေအနေက ဖိအားပေးလာလျှင် တရုတ်နိုင်ငံက အလိုက်သင့် ပြောင်းလဲနိုင်ခဲ့သည်သာ။ ယဉ်ကျေးမှု တော်လှန်ရေးကြောင့် ထိခိုက်ပျက်စီးမှုများကို ခံစားရသဖြင့်တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်က စီးပွားရေးတံခါးဖွင့် လှစ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ နောက်တက်လာမည့် တရုတ်ခေါင်းဆောင်သစ် သည်လည်း ပြောင်းလဲနေသည့် ကမ္ဘာ့အခြေအနေကို သုံးသပ်၍ ပေါ်လစီအပြောင်းအလဲများ ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ရပါသည်။

အင်အားပြိုင်ဆိုင်မှုပြင်းထန်ဆဲကာလ

၂၀၁၂ ခုနှစ်တွင် အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပမှာဖြစ်သလိုတရုတ်နိုင်ငံတွင်လည်း ၂၀၁၂ ခုနှစ်၌ နောက်တက် လာမည့် သမ္မတအသစ်ကို ပါတီပေါ်လစ်ဗျူရိုများက ရွေးချယ်ကြမည်ဖြစ်သည်။ ထိုထိပ်ပိုင်း ခေါင်းဆောင်များ သတင်း ရပ်ကွက်မှ တစ်စွန်းတစ်စထွက်လာသော သတင်းများအရ လောလောဆယ် သမ္မတ ဖြစ်နိုင်ချေ အရှိဆုံးပုဂ္ဂိုလ်မှာ ဒုတိယ သမ္မတ စီကျင်းပင် (xi Jinping) ဖြစ်သည်။ သူသည်၂၀၀၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ကျိကျီးယန်ပြည်နယ်၏ ပါတီဥက္ကဋ္ဌ အဖြစ်အမှုထမ်းခဲ့ပြီး၊အချိန်ခဏတာအတွင်း တိုင်းပြည်၏ ဒုတိယ အမြင့်ဆုံးရာထူးကို ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော် ပါတီ ခေါင်းဆောင်ပိုင်းများအတွင်း အင်အားပြိုင်ဆိုင်မှု ပြင်းထန်းနေသောကြောင့် သူတရုတ်သမ္မတ တကယ်ဖြစ်မဖြစ်ကို အသေအချာမပြောနိုင်သေးပါ။ စီကျင်းပင်ကလက်ရှိတွင် ဒုတိယ သမ္မတဖြစ်နေသော်လည်း၊ တရုတ်တပ်မတော်တွင် မည်သည့် ရာထူးမှမရရှိသေးပါ။ ထို့ကြောင့် ပါတီအီလိုက်များက စက်တင်ဘာတွင် ကျင်းပခဲ့သော ပါတီအထွေထွေ ညီလာခံတွင် စီကျင်းပင်ကို ဒုတိယ ကာကွယ်ရေးဦးစီးချုပ်ရာထူးသို့ တိုးမြှင့်ပေးရန်ကြိုးစားဆောင်ရွက်ခဲ့သည်။ သို့သော်လည်းတစ်ဖက် အုပ်စု၏ ကန့်ကွက်မှုကြောင့်အောင်မြင်ခြင်းမရှိခဲ့ပါ။ တရုတ်နိုင်ငံတွင်အစဉ်အလာအရ ၀န်ကြီးချုပ် ချူအင်လိုင်း လက်ထက်မှစ၍ ၀န်ကြီးချုပ်များသည် သမ္မတတက်ဖြစ်လေ့မရှိုခဲ့ပါ။ သို့သော် လက်ရှိဝန်ကြီးချုပ်ဝမ်ကျားပေါင် သည် ပြည်သူလူထုကြိုက်နှစ်သက်မှု အများဆုံးရရှိနေပြီး၊ တရုတ်သမိုင်းတလျှောက် လူကြိုက်အများဆုံး ၀န်ကြီးချုပ် ဖြစ်နေသည်။ ထို့ကြောင့် နောက်ဖြစ်လာမည့် သမ္မတအသစ်သည် ၀မ်ကျားပေါင်းလည်းဖြစ်နိုင်သည်ဟု ထင်ကြေးပေးနေ ကြသူများရှိကြသည်။ ထို့ကြောင့် ၂၀၁၂ ရောက်လျှင်တော့ ကမ္ဘာ့နိုင်ငံရေး မြေမျက်နှာသွင်ပြင် ဘယ်လိုပြောင်းလဲသွားမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ကျော်သူဟန်
Ref: Newsweek

ကြွေး



by Wai Maw on Tuesday, February 28, 2012 at 8:21am ·
“ကြွေးယူပြုံးပြုံး၊ တောင်းတော့မုန်း၊ မဆုံးသော်လည်း ရန်များ၏”
“အကြွေးဆိုတာ ဆပ်တတ်မှ ကျေတယ်”
ကျနော်ရည်ညွှန်းလိုသော “ကြွေး” ကား ငွေရေးကြေးရေး ကိစ္စသက်သက်မဟုတ်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရန်ကြွေး ရန်စ မဟုတ်။ သမိုင်းကြွေး ဖြစ်သည်။ ကျူးလွန်ခဲ့သည့်အတိုင်းအတာ အနေအထားကလည်း မတော်တဆ တဦးစနှစ်ဦးစ နစ်နာစေခဲ့တာ မဟုတ်။ အစီအစဉ်တကျလုပ်ဆောင်ခဲ့ပြီး လူတွေ အစုလိုက်အပြုံလိုက် ဘဝတွေ အဖတ်ဆယ်မရအောင် ကြေမွပျက်စီး ခဲ့ရတာဖြစ်သည်။
“ကြောက်တတ်လျှင် ဝန်ကင်း” ဟူသောစကားကို “ကံ ကံ၏အကျိုး” ကမ္မဥပဒေသ လက်ကိုင်ထားသော ဗုဒ္ဓဘာသာဝင်တဦးအနေဖြင့် မိမိဥာဏ်မီသလောက် ဆင်ခြင်သုံးသပ်ကြည့်သောအခါ လောဘ၊ ဒေါသ၊ မောဟ... ကိလေသာအမှောင်ဖုံးလွှမ်း၍ မိမိအတ္တအတွက် မကြောက်မရွံ့ လက်ရဲဇက်ရဲဖြင့် အမှားများ၊ ဖောက်ပြန်မှုများ ကျူးလွန်ခဲ့မိသောကြောင့်သာ အကြွေးဝန်ပိနေကြရခြင်းဖြစ်သည်။
မြန်မာပြည်၏ ထွန်းသစ်စ အပြောင်းအလဲ အရုဏ်ဦး လင်းရောင်ခြည်အောက်မှာ အတိတ်က ကြွေးဟောင်းရှိ ဖူးသူတွေအခက်တွေ့နေပြီ။ ပြစ်မှုဖော်ထုတ် စွပ်စွဲခံရသူတို့ ပြေးစရာမြေရှိ အနေကျပ်နေ၏။ စွပ်စွဲမခံရသေး သူတွေကလည်း ကျူးလွန်ခဲ့ဖူးသောအမှားတွေကို သူ့အတာချ ကိုယ့်အတာချ ဘော်လီဘောပုတ်နေကြ၏။ အကြွေးဆပ်ရန် ဝန်လေးနေကြလေသည်။ အဘယ်ကြောင့် ဤမျှ ဂဏှာမငြိမ် တုန်လှုပ်ခြောက်ခြား ဗျာများ နေရသနည်း။
လူမိုက်တို့၏ သဘောကား မိမိတို့အထက်စီးရခိုက် သူတပါးအပေါ် နိုင်ထက်စီးနင်း နှိပ်စက်ကလူ ပြုမူရာ၌သာ သတ္တိသွေးကြွ မိုက်ဂုဏ်ပြလေ့ရှိပြီး မိမိကပြန်ပေးဆပ်ရန် အလှည့်သို့ရောက်လျှင် သနားစဖွယ် ယုန်သူငယ်လို မျက်ရည်ခံထိုးလိုက်၊ ဝိညာဉ်ချုပ်ခါနီး ဝံပုလွေတကောင်လို အသံနက်ကြီးဖြင့် ကြုံးဝါးအော်မြည်လိုက်နှင့် ပြုခဲ့ သမျှသော အကျည်းတန်အရိပ်မဲတို့က သူတို့ကိုပြန်၍ ခြောက်လှန့်တာ ခံနေရရှာသည်။
သို့ရာတွင် မိမိတို့ကျူးလွန်ခဲ့သော ပြစ်မှုတို့ နောင်တတရားဖြင့် ရိုးသားစွာဝန်ခံ ဖြောင့်ချက်ပေးတာမတွေ့ရ။ “ငယ်ရွယ်သူမို့ မသိ၍ မိုက်မှားခဲ့ရပါသည်” “ဘယ်သူ၏ အသုံးချခံဘဝမှာ သားကောင်ဖြစ်ခဲ့ရပါသည်” စသဖြင့် မိုးကြိုးပစ် ထန်းလက်ကာ ကယောင်ကတမ်း ပြောမိပြောရာ စကားတို့ဖြင့် အကာအကွယ်ပြုနေကြပြန်သည်။ ညောင်မြစ်တူး ပုတ်သင်ဥပေါ်မှာကို စိုးရိမ်ထိတ်လန့်သူတွေလည်း ရှိနေ၏။ မိမိတို့အပေါ် တင်ရှိနေသော ကြွေးကို အတိုးပါပေးဆပ်ရန် ဝေးစွ။ အရင်းအတိုင်း အကြေအလည်ပေးဆပ်ရန်ပင် နှမြောတွန့်တိုနေသည့်ပုံ။ သူ့အကြွေးပြန်လည်ပေးဆပ်ရမှာကို ဈေးဆစ်နေကြသေးသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို ရက်ရက်စက်စက်လုပ်ကြံသတ်ဖြတ်ခဲ့သဖြင့် ဂဠုံဦးစောနှင့်အပေါင်းများအပေါ် နိုင်ငံတော်လုပ်ကြံမှုဖြင့် စွဲချက်တင်စစ်ဆေးရာ၌ “ဦးစောကိုချောင်းမြောင်းပစ် ခတ်ခံရစဉ်က ဗိုလ်ချုပ်၏ညွှန်ကြားချက်ကြောင့်ဟုယုံကြည်ခဲ့သော သံသယကြောင့် တုံ့ပြန်လက်စားချေရပါ သည်” ဟူသောအကြောင်းပြချက်မျိုးနှင့် ဦးစောတို့ကျူးလွန်ခဲ့သောပြစ်မှုကို တစုံတရာ အကာအကွယ်မပြုနိုင်ခဲ့။ အမှန်တကယ်မှာလည်း ပုဂ္ဂိုလ်ရေး အာဃာတထက် အာဏာမိုက်မှောင် သူယောင်ဖန်ဆင်းပြသည်ကို စုံမက် ဝပ်စင်းပြီး အသိဥာဏ်အလင်း ပျောက်ခဲ့ရခြင်းသာ ဖြစ်ပေသည်။
သေချာစဉ်းစားကြည့်လျှင် ယနေ့ အမှန်တရားဖော်ထုတ်ရေး တောင်းဆိုလှုပ်ရှားမှုများက တရားမျှတလွန်းလှ၏။ အားလုံးကို ဝါးလုံးရှည်ဖြင့် သိမ်းကြုံးရမ်းခြင်းမဟုတ်။ လွတ်လပ်သော တရားစီရင်ရေးအောက်မှာ ခိုင်လုံသော သက်သေအထောက်အထားများကို ကြားနာစစ်ဆေးပြီးမှ အမှန်တကယ် ရာဇဝတ်ပြစ်မှုကျူးလွန်ခဲ့သူကိုသာ စီစစ်ဖော်ထုတ်၍ ထိုက်တန်သော ပြစ်ဒဏ်ချမှတ်စီရင်ရေးသာ ဖြစ်ပေသည်။ သမိုင်းကို အဖြစ်မှန်အတိုင်း မှတ်တမ်းတင်နိုင်ဖို့ အရေးကြီးပါသည်။
ထိုသူတို့ တူဖြစ်ခဲ့စဉ်အချိန်က ဤကဲ့သို့ မဟုတ်ပေ။ အာဏာရှင် ပါးကွက်သားတို့၏ အညှာတာမဲ့ ကမ်းကုန် အောင် ရက်စက်မှုဒဏ်ကို ပြည်သူတွေ ပြည်သူ့ဘက်တော်သားတွေ တရားမဲ့စွာ ခံစားခဲ့ကြရသည်။ ပြည်သူ့ မျက်ရည်တွေက သူတို့အတွက် အပန်းဖြေဇိမ်ခံပစ္စည်းတွေဖြစ်ခဲ့သည်။ ထို့အတူ မွန်မြတ်သန့်စင်သော တော်လှန်ရေးအလုပ်ကို ခုတုံးလုပ်၍ ကိုယ်ကျိုးရှာ အမြတ်ထုတ်ခဲ့သော သူယုတ်မာတစု၏ ကောက်ကျစ်စဉ်းလဲ မှုကြောင့် လွတ်မြောက်မှု အတွက် စွန့်လွှတ်စွန့်စားရဲသူ တော်လှန်ရေး သားကောင်းသမီးပျိုများစွာ အရွယ် မတိုင်မီ ရေတိမ်နစ်ခဲ့ရပြီး မတရားမှုကို တွန်းလှန်ဖယ်ရှားသော မွန်မြတ်သန့်စင်သည့် တော်လှန်ရေး၏ ဂုဏ်သိက္ခာလည်း အရောင်ညှိုးနွမ်း ညစ်ထေးခဲ့ရသည်။
ဖြစ်ပေါ်လာသော နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွင် ယခင်ကနှင့်မတူကွဲပြား ထူးခြားစွာဖြစ်ထွန်းလာနေသော အချင်းအရာတရပ်ကို သတိထားမိပါသည်။ “ဘက်” ဆိုသော အသုံးနှုန်းအပေါ် သဘောထားရှုမြင်ပုံဖြစ်သည်။ ယခင်က “ဘက်” ဟု ဆိုလိုက်လျှင် “သူ့ဘက် ကိုယ့်ဘက်” ရှင်းခနဲသိသည်။ ဖိနှိပ်အုပ်စိုးသူ အစိုးရဘက်နှင့် ဖိနှိပ်မှုကို တွန်းလှန်ပုန်ကန်သော အတိုက်အခံ၊တော်လှန်ရေးသမားတို့ဘက် ဟူ၍။ သူ့ဘက် ကိုယ့်ဘက် အကြား ရန်ငါစည်းတွေ ခြားခဲ့ကြ သည်။ ယခုတိုင်လည်း တချို့သူတွေက ယခင်အတိုင်း စည်းခြားနေကြတုန်း။
လက်တွေ့ဖြစ်စဉ်သဘောအရတော့ “ဘက်” ဆိုသည်မှာ အပြောင်းအလဲကို လိုလားသူများ၊ အခင်းအကျင်း သစ်ကို ပုံဖော်ဖန်တီးလိုသူများနှင့် အပြောင်းအလဲ မလုပ်လိုသူများ၊ ပိုနေမြဲကျားနေမြဲ အနေအထားအတိုင်း ဆက်လက် ထိန်းသိမ်းလိုသူတွေကြားမှာ ပိုင်းခြားဖြစ်တည်နေသည်။ အဖွဲ့အစည်းတိုင်း (အစိုးရထဲမှာရော အတိုက်အခံတွေ အတွင်းမှာပါ) ထိုဘက်နှစ်ခု အားပြိုင်လျှက်တည်ရှိနေသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်အမျိုးသားအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက် ရေးအတွက် မတူညီသောကိစ္စတွေကို ခဏဘေးဖယ်ထားပြီး တူညီသောကိစ္စရပ်တွေမှာ အာဏာရအစိုးရ ခေါင်းဆောင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းသဘောတူထားပြီးဖြစ်သည်။ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များကလည်း တိုင်းပြည်အပြောင်းအလဲအတွက် ဆန္ဒတူညီသူဖြစ်လျှင် မည်သည့်အဖွဲ့အစည်းမှ လူပုဂ္ဂိုလ်နှင့်မဆို လက်တွဲဆောင်ရွက်သွားရန် အဆင်သင့်ရှိသည်ဟု တရားဝင်ထုတ်ဖော် ပြောဆိုပြီးဖြစ်သည်။
မြန်မာပြည်သူလူထု၏ သဘောဆန္ဒကတော့ အလွန်ရှင်းလင်းလှပါသည်။ မတော်မတရား ဖောက်လွဲဖောက်ပြန် လုပ်လျှင် အစိုးရယန္တရားအတွင်းမှာရှိသူသာမဟုတ်ဘဲ အတိုက်အခံတော်လှန်ရေးအဖွဲ့အစည်းအတွင်းမှ လူများ ကိုလည်း ချမ်းသာခွင့်ပေးမည်မဟုတ်ပေ။ လူတဦးချင်းအလိုက် အဖြူအမဲခွဲသော ပွဲဖြစ်သည်။ ယခုဖြစ်ပေါ် နေသော မြောက်ပိုင်း ABSDF လူသတ်မှုကိစ္စဖော်ထုတ် အရေးယူရေးမှာ ကြည့်လျှင်သိနိုင်ပါသည်။ အမှန်တရား ပေါ်ပေါက်ရေး ကြိုးပမ်းအားထုတ်ဖော်ထုတ်ရာ၌ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း မျက်နှာလိုက်စရာ မလို။
မကြာသေးမီ ရက်သတ္တပတ်အတွင်း VOA မြန်မာ့အရေး သတင်းသုံးသပ်ချက်ကဏ္ဍမှာ ဦးကျော်ဇံသာနှင့် မြန်မာ့အရေး သုံးသပ်ရေးသားနေသူ Larry Jagan တို့ ဆွေးနွေးသုံးသပ်ချက်အရ မြန်မာအစိုးရအဖွဲ့အတွင်း သဘောထား တင်းမာသူတွေနဲ့ အပြောင်းအလဲလိုလားသူ တွေရဲ့  အားပြိုင်ပွဲ အလားအလာကို လေ့လာ ကြည့်နိုင် ပါသည်။ Larry Jagan က နေပြည်တော်ရှိ မြန်မာအစိုးရအဖွဲ့အတွင်း၌ “ဝန်ကြီးအဖွဲ့ရဲ့  နှစ်ဆယ် ရာခိုင်နှုန်းဟာ Liberal ဖြစ်ပြီး သမ္မတဦးသိန်းစိန် နဲ့ သူ့ရဲ့  ပြုပြင်ရေးအစီအစဉ်ကို လိုလားထောက်ခံကြပါတယ်။ နောက် နှစ်ဆယ် ရာခိုင်နှုန်းကတော့ hardliner တွေ ဖြစ်ကြပြီး ပြုပြင်ရေး အရှိန်အဟုန်နဲ့ ပမာဏကို မကျေနပ် ကြပါဘူး။ စစ်အစိုးရ အုပ်စိုးတဲ့ ပုံစံဟောင်းကိုပဲ ကြိုက်နေကြပါတယ်။ ကျန်တဲ့လူတွေ ကတော့ ခြံစည်းရိုးပေါ်
ခွထိုင်နေကြပြီး ဘယ်ဖက်က အသာရမလဲဆိုတာကို စောင့်ကြည့်နေကြ ပါတယ်။” ဟုဆိုကာ ဝန်ကြီးတဦး၏ စကားကိုကိုးကား သုံးသပ်ပြောဆိုသွားပါသည်။ ၂၀ ရာခိုင်နှုန်း သော hardliner များမှာ စစ်အုပ်ချုပ်ရေးကာလ တလျှောက်လုံး သူတို့ရရှိထားသော အခွင့်အာဏာကို ခုတုံးလုပ်၍ တိုင်းပြည်ဘဏ္ဍာနှင့် ပြည်သူလူထုပိုင် ဓနဥစ္စာများကို မတရာခိုးဝှက်လုယူထားသူများဖြစ်သဖြင့် ပြုပြင်ပြောင်း လဲရေး လုပ်ရမှာကို ဝန်လေးတုံ့နှေး နေသူများ ဖြစ်ကြောင်း ထင်ရှားပါသည်။
ထို့အပြင် မြန်မာ့တပ်မတော်၏ အခန်းကဏ္ဍနှင့်ပတ်သက်၍လည်း “သူတို့ဟာ ဝန်ထမ်းပီသတဲ့ စစ်တပ်ပဲ ထင်ပါတယ်။ လက်ရှိ ဦးစီးချုပ် မင်းအောင်လှိုင်နဲ့ တခြား အရာရှိကြီးတွေ သူတို့ကို ကျနော်က ၈၈ မျိုးဆက် ဗိုလ်ချုပ်တွေလိုပဲ ခေါ်ချင်တယ်။ ၈၈ မျိုးဆက် နိုင်ငံရေးအင်အားစုတွေလည်း ရှိပါတယ်။ အခုတော့ သူတို့ လွတ်လာ ကြပါပြီ။ သံဃာတွေထဲမှာတော့ ၂၀၀၇ မျိုးဆက်ဆိုတာ ရှိပါတယ်။ ဒီ ၈၈ မျိုးဆက်ဗိုလ်ချုပ်တွေဟာ ဒီမိုကရေစီ ဗိုလ်ချုပ်တွေတော့ အတိအကျ မဟုတ်ပါဘူး။ ဒါပေမဲ့ အင်ဒိုနီးရှား၊ ထိုင်း တို့ ယုတ်စွအဆုံး ဘင်္ဂလားဒေ့ရှ်မှာတောင် တွေ့ရပါတယ်။ စစ်အုပ်ချုပ်ရေးလွန်ကာလမှာ စစ်တပ်ရဲ့  အခန်းကဏ္ဍတခု ရှိနေပါတယ်။ သူတို့ဟာ ဒီအခန်းကဏ္ဍကို သဘောပေါက်ကြတယ်လို့ ထင်ပါတယ်။ ဒါဟာ ဝန်ထမ်းပီသတဲ့ စစ်တပ်ရဲ့  အခန်းကဏ္ဍပါ။”  ဟူ၍ သုံးသပ်ခဲ့ပါသည်။ စစ်တပ်၏ အခန်းကဏ္ဍကို မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ဖို့ လိုပါသည်။
ဤသို့သော အခြေအနေများအောက်တွင် မြန်မာပြည်၏ အပြောင်းအလဲကိုဖော်ဆောင်ရန် ကြိုးပမ်းအားထုတ် နေကြခြင်းလည်း ဖြစ်ပါသည်။ ပြည်သူလူထုအကျိုးကိုရှေ့ရှုသော Liberal အင်အားစုများ ခိုင်မာအားကောင်း လာသည်နှင့်အမျှ အပြောင်းအလဲ အရှိန်အဟုန်မြန်ဆန်လာပေမည်။ အပြောင်းအလဲရေစီးကြောင်း  နှင့်အတူ ပြည်သူလူထု၏ ထိခိုက်နစ်နာဆုံးရှုံးခဲ့ရမှုတွေအတွက် အရေးယူဖြေရှင်းဆောင်ရွက်ပေးရေး တောင်းဆိုမှုတွေ ပါလာမည်။ ထိုအခါ ပြည်သူလူထုထံမှ အကြွေးတင်ဝန်ပိနေသူတို့ အနေပျက်အစားပျက် ဖြစ်ရတော့မည်ကို သိသဖြင့် အပြောင်းအလဲမဖြစ်ရန် တတ်နိုင်သမျှ ဟန့်တားနှောက်ယှက်နေခြင်း ဖြစ်ပေသည်။
မည်သို့ဆိုစေ ကြွေးတင်ခံထားရသူများအနေဖြင့် ကြွေးကျေအောင်ဆပ်ရန် တာဝန်ရှိပါသည်။ “အကြွေးဆိုတာ ဆပ်တတ်မှ ကျေတယ်” ဟူသည့်အတိုင်း တနည်းနည်းဖြင့် ကျေလည်အောင်ပေးဆပ်ကြရမည်။ ဤနေရာ၌ အဖြစ်အပျက်တခုချင်းစီတိုင်းတွင် နစ်နာခံစားနေရသော ကာယကံရှင်ပြည်သူများ ကျေနပ်လက်ခံမှုရှိအောင် မည်သို့မည်ပုံ အကြွေးဆပ်မည်နည်း ဆိုသည့်အချက်က နောင်လာမည့် မျိုးဆက်တို့အတွက် သမိုင်းစာမျက်နှာ အဖြစ် ထင်ကျန်ရစ်ပေတော့မည်။

ဝေမော်
၂၈ ဖေဖော်ဝါရီ ၂၀၁၂

လိပ်ပြာကန်ဆရာတော် ဦးဃောသိတကို မ.ဟ.န က ကျောင်းမှ နှင်ထုတ်



by Burma VJ Media Network on Tuesday, February 28, 2012 at 12:58am ·
By ဇာဏီ၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ ၂၀၁၂ ခုနှစ်။

လိပ်ပြာကန်ဆရာတော် ဦးဃောသိတကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင်  လိပ်ပြာကန်တိုက်၊ အလယ်ကျောင်းကြီးအတွင်းက ဖယ်ပေးရန်  နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်ပါတယ် ။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ (တတိယ အဖွဲ့ခွဲ)ရဲ့ အကြောင်းပြချက်ကတော့ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ ငါးထပ်ကြီး မြောက်ရပ်ကွက်၊ လိပ်ပြာကန်တိုက်၊ အလယ်ကျောင်းကြီး၌ ယခင်က နေခဲ့ပြီး နိုင်ငံတော်အား ဆန့်ကျင်မှု၊ တရားမဝင် နိုင်ငံခြားငွေ လက်ဝယ်ထားရှိမှုတို့အရ  ထောင်ဒဏ် (၇) နှစ် ပြစ်ဒဏ် ချမှတ်ခံရသဖြင့် နိုင်ငံရေး မပြုလုပ်ရန် တားမြစ်ထားသည့် ကျောင်းစည်းကမ်းအရ ကျောင်းမှ ထုတ်ပယ်ထားပြီး ဖြစ်သည်ဟု အကြောင်းပြချက်ဖြင့် ဦးဃောသိတ( ၁၂/ကခက(သ)၀၀၀၁၂၆) အား လိပ်ပြာကန်တိုက်၊ အလယ်ကျောင်းကြီးအတွင်း တရားမဝင် အဓမ္မ ဝင်ရောက်နေထိုင်လျက်ရှိသဖြင့် ဤညွှန်ကြားစာ ရသည့်နေ့မှ ၃ ရက်နေ့အတွင်း  ထွက်ခွာသွားရန် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ခြင်း ဖြစ်ပါတယ် ။

"စာထဲမှာ ပါတာက ဦးဇင်းက ထောင်က ထွက်လာတယ်။ ထောင်က ထွက်လာပြီးတော့ ဒီမှာ နေထိုင်ခွင့် မရှိဘူး၊ အဲတာကြောင့်မို့လို့ ကျောင်းတိုက်က ဖယ်ရှားခြင်းဖြစ်တဲ့အတွက်ကြောင့် ထွက်သွားပေး ဆိုပြီးတော့ သူတို့က ပြောတယ်လေ။ အဖြစ်မှန်ကတော့ ကျောင်းထိုင်ဆရာတော်က ကျောင်းပိုင်မြေကို တခြားကျောင်းကို ရောင်းချတယ်။ ဦးဇင်းက သာသနာ့မြေတွေကို အဲလိုလုပ်တာ မကြိုက်တဲ့အတွက်ကြောင့် လက်ရှိ ကျောင်းထိုင်ဆရာတော်ကို ဒါတွေ မလုပ်ဖို့ပြောတယ်။ ပြောတာကို လက်မခံတဲ့အတွက်ကြောင့် ဦးဇင်းက တိုက်ဌာနပိုင်ဆရာတော်ကို တိုင်လိုက်တယ်။ အဲလို ဦးဇင်းက တားမြစ်တဲ့အတွက်ကြောင့် ဦးဇင်း ရှိနေရင် သူ ရောင်းချလို့ မရဘူး။ အဲတာကြောင့် ဦးဇင်းကို မောင်းထုတ်တာပေါ့။ ဦးဇင်းက ဆက်ပြီးတော့ မ.ဟ.န တွေကို သိအောင်လုပ်ရမှာ ၊ သူတို့က မသိဘူးလေ၊ အောက်ခြေကို ဆင်းမကြည့်ပဲနဲ့ သူတို့က သဘောထား ဒီလိုလုပ်လိုက်တာ" လို့  ဦးဃောသိတက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။

လိပ်ပြာကန်တိုက်၊ အလယ်ကျောင်းကြီးမှ ကျောင်းပိုင်မြေကို မောရွှေပြည်(ရှမ်း)ကျောင်းအား တိုးချဲ့ဆောက်လုပ်ရန် မြေနေရာ ရောင်းချသည့်ကိစ္စအပေါ် ဦးဃောသိတက လိပ်ပြာကန်ကျောင်းတိုက်အုပ်ဆရာတော်ကြီးထံသို့ (၁၃-၁-၂၀၁၂)ရက်နေ့နှင့် (၂၄-၁-၂၀၁၂) ရက်နေ့တွင် တိုင်ကြားခဲ့ပါတယ်။ ထိုကြောင့် တိုက်အုပ်ဆရာတော်မှ မောရွှေပြည်(ရှမ်း)ကျောင်းအား ကျောင်းဆောင်သစ် ဆောက်လုပ်နေတဲ့အပေါ် ခေတ္တရပ်ဆိုင်းထားရန် တားမြစ်ခဲ့ပါတယ်။ လိပ်ပြာကန်တိုက်၊ အလယ်ကျောင်းကြီး ဆရာတော်  ဦးဇောတိကက သူ့ကို တိုင်ရမလားဆိုပြီး  သူရောင်းလိုက်တဲ့ မောရွှေပြည်(ရှမ်း)ကျောင်း၏ ဆရာတော်တွေ နဲ့ ပေါင်းပြီးတော့  ဦးဇင်းကို နှင်ထုတ်ပေးရန် မ.ဟ.န ကို  သွားတိုင်တာဖြစ်တယ်။ အခု မ.ဟ.န ကနေပြီးတော့ စာရပြီး ၃ ရက် နေရင် အပြင်ကို ထွက်ဖို့ အမိန့်စာ ထွက်လာပေမယ့် နောက်ထပ် ၂ ရက်တိုးပြီး နေခွင့်ပေးတဲ့အတွက် ဆရာတောဦးဃောသိတဟာ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ ကျောင်းတိုက်မှာ ဆက်လက် နေထိုင်ခွင့် ရထားပါတယ်။

"အခုလို ကျောင်းပိုင်မြေကို ရောင်းဖို့ စီစဉ်နေတာ တော်တော်ကြာနေပြီ။ အခုမှ အောင်မြင်တာ။ အရင်တုန်းက အဲနားမှာ ဘုန်းကြီးလေး တပါးနေတာ။ အဲဒီနေရာကို ရောင်းချင်တော့ ဘုန်းကြီးလေး နေတဲ့ကျောင်းကို ဖျက်ဆီးပစ်လိုက်ပြီးတော့ ကိုယ်တော်လေးကိုလဲ ကျောင်းမှ နှင်ထုတ်လိုက်တယ်။"  လို့  ဦးဃောသိတက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။

"ဦးဇင်းရဲ့ ခံစားချက်ကတော့ ဦးဇင်းက ဒီကျောင်းက ဘုန်းကြီးတပါးပဲလေ။ ကျောင်းက တပည့်သံဃာတွေကလဲ ဦးဇင်းကို မထွက်စေချင်ဘူးလေ။ မထွက်စေချင်တော့ ဦးဇင်းကလဲ ဒါကို ချက်စုံလက်စုံ မ.ဟ.န ဆရာတော်ကြီးတွေ သိအောင်ပြောရမယ်။  လာပြီးတော့ ဦးဇင်းကို ဆွဲထုတ်သွားမယ်ဆိုရင်လဲ ဦးဇင်းက ငြိမ်ခံဖို့ အသင့်ရှိပါတယ်။ ဦးဇင်းကတော့ ကျောင်းက မထွက်နိုင်ပါဘူး။ မထွက်နိုင်တဲ့အတွက်ကြောင့် မ.ဟ.န ဆရာတော်ကြီးတွေကိုလဲ သိအောင်လုပ်မယ်။ အဖွဲ့အစည်းတွေကိုလဲ သိအောင်လုပ်မယ်။ အမှန်တရားကို ပေါ်အောင်လုပ်မယ်လို့ ဦးဇင်းအနေနဲ့ ပြောချင်ပါတယ်"လို့ ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။







မ.ဟ.န မှ ဆရာတော် ဦးဃောသိတက ကျောင်းမှ ထွက်ခွာရန် ညွှန်ကြားစာ




ဆရာတော် ဦးဃောသိတမှ ကျောင်းပိုင်မြေကို တိုးချဲ့ဆောက်လုပ်နေသည့်အပေါ် တိုက်အုပ်ဆရာတော်ထံသို့ တိုင်ကြားစာ





တိုက်အုပ်ဆရာတော်မှ မောရွှေပြည်(ရှမ်း)ကျောင်းအား ကျောင်းဆောင်သစ် ဆောက်လုပ်နေတဲ့အပေါ် ခေတ္တရပ်ဆိုင်းထားရန် တားမြစ်သည့်စာ

မအူပင် တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းဖို့ ဆွေးနွေး.

Burma VJ Media Network




>






ဒုတိယသမ္မတ၏ပြောစကားကို သံတွဲမြို့ခံများဝေဖန်


by Yangon Press International on Tuesday, February 28, 2012 at 2:39am ·
ဖေဖေါ်ဝါရီ ၂၈၊ ၂၀၁၂ (YPI)

ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၏ သံတွဲခရီးစဉ်တွင် မီးဘေးသင့် ဒွါရာဝတီဈေးသူဈေးသား များနှင့် နှစ်မိနစ်ကြာတွေ့ဆုံရာ၌ ဈေးသစ်ပြန်လည်ဆောက်လုပ်ပေးရန် နိုင်ငံတော်တွင်ငွေကြေးမရှိကြောင်းနှင့် ကိုယ်ထူကိုယ်ထပြန်လည်လုပ်ဆောင်ရန်ပြောကြားချက်ကို ဒေသခံများက ဝေဖန်လျှက်ရှိသည်။

ယမန်နေ့ နေ့လည် ၂း၄၅ တွင် သံတွဲမြို့သို့ရောက်ရှိ လာသောဒုတိယသမ္မတသည် ညနေ ၅း၂၀ တွင် သံတွဲမြို့နယ်ခန်းမ၌ ဒွါရာဝတီဈေးသူဈေးသားများနှင့်တွေ့ဆုံစဉ် ဒေသခံများ၏ တင်ပြချက်အပေါ် ယခုကဲ့သို့ပြန်လည်တုန့်ပြန်ခဲ့သည်ဟု ၎င်းတွေ့ဆုံပွဲသို့တက်ရောက်ခဲ့သူများကပြောသည်။

သံတွဲ ဒွါရ၀တီဈေး မီးလောင်နေစဉ်

တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သူတစ်ဦးက “နှစ်မိနစ်လောက်ပဲကြာမယ်၊ရောက်လာတာနဲ့ စင်ပေါ်တောင်မတက်ဘူး။ လူတွေရှေ့ မှာပဲရပ်ပြီး ကျွန်တော်တို့မှာ အချိန်သိပ်မရှိဘူးလို့ပြောတယ်။ပြီးတော့ ဒီလိုမီးလောင်တိုင်းလိုက်လုပ်ပေးဖို့ နိုင်ငံတော်မှာ ငွေမရှိဘူး။ဒါကြောင့် ကိုယ်ထူကိုယ်ထလုပ်ကြဖို့၊ စည်းစည်းလုံးလုံးရှိကြဖို့ပြောပြီး ပြန်ထွက်သွား တယ်” ဟုပြောသည်။


သက်ဆိုင်ရာက ကြိုတင်စီစဉ်ထားသောကြောင့် ဈေးသူဈေးသားတစ်ရာခန့်တက်ရောက်ခဲ့ပြီး ဈေးကော်မတီမှ တာဝန်ခံသုံးဦးက ဒုတိယသမ္မတထံလက်ရှိ အခြေအနေများကို တင်ပြရန်လည်း စီစဉ်ထားခဲ့ သည်။ သို့သော် ဒုတိယသမ္မတရောက်ရှိလာသောအခါ မိနစ်အနည်းငယ်မျှသာ စကားပြောပြီး ချက်ချင်း ပြန်လည်ထွက်ခွါသွားခဲ့သည်။

“ဒီစကား(ဒုတိယသမ္မတပြောစကား)က အခုခဏလေးမှာပဲ တစ်မြို့လုံးလိုလို ပြန့်သွားပြီ။ ဈေးသူဈေးသားတွေကတော့ မကျေမနပ်နဲ့ဝေဖန်နေကြတယ်” ဟု သံတွဲမြို့ခံတစ်ဦးကပြောသည်။

ယခုလ ၁၁ ရက်က သံတွဲမြို့၊ ဒွါရာဝတီဈေးမီးလောင်မှုကြောင့် ဆိုင်ခန်း ၉၀၀ ကျော်ရှိသည့်အနက် ၇၄၀ ကျော်ပျက်စီးခဲ့ပြီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၆၅၀၀ ကျော်ရှိသည်ဟု သက်ဆိုင်ရာဋ္ဌာနများက တွက်ချက်ထုတ်ပြန်ထားသည်။


ဒီပဲရင်းကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က ခေါင်းထဲမှာ မရှိဟု အစိုးရခေါင်းဆောင်ကိုပြော




by Yangon Press International on Tuesday, February 28, 2012 at 5:49am ·
ဖေဖေါ်ဝါရီ ၂၈၊ ၂၀၁၂ (YPI)

၂၀၀၃ ခုနှစ်မေလက စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ဒီပဲရင်း အဖြစ်အပျက်အတွက်ကို မိမိခေါင်းထဲ၌ မထားပါကြောင်း လက်ရှိအစိုးရအဖွဲ့အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ်က ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း ဦးတင်ဦးက ပြောကြားလိုက်သည်။

ယင်းအဖြစ်အပျက်ဖြစ်ပျက်ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရခေါင်းဆောင်နှင့် ပထမဆုံး တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီး ၊ ပြောရသည့် အကြောင်းရင်းမှာ တိုင်းပြည်ငြိမ်းချမ်းစေချင်သည့် တခုထည်းအတွက်ဖြစ်သည်ဟုလည်း ဦးတင်ဦးကပြောဆိုသွားသည်။

ဦးတင်ဦးက ဖွင့်လှစ်ပေးနေစဉ်

သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ဒီပဲရင်းအဖြစ်အပျက်မျိုး  နောက်နောင် မြန်မာနိုင်ငံတွင် မည်သည့်အခါမျှ ထပ်မံမဖြစ်ပွားရန်တော့ လိုအပ်သည်ဟုလည်း တွေ့ဆုံစဉ်ပြောဆိုခဲ့ကြောင်း ဦးတင်ဦးက ပြောသည်။

ယနေ့နံနက်ပိုင်း ဗိုလ်တထောင်မြို့နယ် အန်အယ်လ်ဒီရုံးခန်းဖွင့်ပွဲတွင် သဘာပတိအဖွဲ့နာယက ဦးတင်ဦး က ဖွင့်ပွဲအမှာစကားပြောကြားစဉ် ဒီပဲရင်း အဖြစ်အပျက်အကြောင်းကို ထုတ်ဖေါ်ပြောကြားလိုက်ခြင်းဖြစ်သည်။

ဒီပဲရင်း အဖြစ်အပျက်ဖြစ်ပျက်ဖြစ်သည့်နေ့က  ဒေါ်အောင်ဆန်းစုကြည်အား ဦးတင်ဦးက လုံခြုံရေး အခြေအနေကို အကဲခတ်ကာ မသွားဖို့ တိုက်တွန်းသော်လည်း ဒေါ်အောင်ဆန်းစုကြည်က သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်ဟုလည်း ဦးတင်ဦးက ယနေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောသွားသည်။

ဒေါ်အောင်ဆန်းစုကြည်က စာရေးသားရာမှ ရရှိသည့်ဝင်ငွေဖြင့်  ဒီပဲရင်း အဖြစ်အပျက်ကြောင့် ဒုက္ခရောက်ခဲ့ရသူများအား ယနေ့တိုင် ထောက်ပံ့ပေးလျက်ရှိသည်ဟုလည်းဦးတင်ဦးက ပြောဆိုသည်။

ဒီပဲရင်း အဖြစ်အပျက်မှာ ၂၀၀၃ ခုနှစ်မေလ ၃၀ ရက်နေ့ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်သို့ စည်းရုံးရေး ခရီးစဉ် သွားရောက်လျှက်ရှိသည့်  ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ အဖွဲ့ဝင်များကို ကျည်ရွာအနီးတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်များဟု ယူဆရသည့် အကြမ်းဖက်သူ အုပ်စုက ရိုက်နှက်သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။

ယင်းအဖြစ်အပျက်နှင့် ပတ်သက်၍ န၀တ အစိုးရ က လူ ၄ဦးသေဆုံးပြီး ၅၀ ခန့်ဒဏ်ရာရခဲ့သည်ဟု ဆိုသော်လည်း အတိုက်အခံဘက်မှ ပြောဆိုချက်အရ လူ ၇၀ ကျော် သေဆုံးခဲ့သည်ဟု ဆိုသည်။   ။


အမျိုးသမီးတွေရှေ့ထွက်(သံစဉ်-စာသား=သံသာဝင်း)



Uploaded by thanthawin on Feb 28, 2012
အမျိုးသမီးတွေရှေ့ထွက်
တေးဆို Chaw Su Khin, Kabyar Bwe Mhoo, Mee Mee Khel, Thanthar Win, Shin Phone, Khin Bone, Nge Nge, Sandi Myint Lwin and Ni Ni Khin Zaw

အရိပ်ရသစ်ပင်များ ခုတ်လှဲရောင်းစားခံနေရ






ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ် ခရီးစဉ်



အဆိုကျော် ဇေယျာသော်လည်း ဆို ပြည်သူတွေက က ပျော်ခဲ့ရတဲ့ တနေ့

ကိုနေမျိုးဇင်
သီချင်းဆိုပြပါဗျို့တဲ့ ပြည်သူကတောင်းဆိုတော့  ကိုဇေယျာသော် ဆိုတယ်


တစ်ဌာနကို ဆန္ဒမဲပြား အရွက် ၁၆၀၀၀ print ထုတ်ပေးရ

(ပေးစာ) ကိုရဲရင့်ငယ်ရေ. . . မနေ့က ဖျာပုံမှာ မြို့နယ် ထွေအုပ်က မြို့ပေါ်က ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ဌာန ဆိုင်ရာတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း အပါအ၀င်က သက်ဆိုင်ရာ လူ ၁၂ ယောက်ကို ခေါ်ပြီး တော့ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ဖျာပုံနယ်ကဆန္ဒမဲပြား တစ်သိန်းကိုးသောင်းကျော်ကို print ထုတ်ခိုင်းတယ်. . . အခုလို ထုတ်ခိုင်းတာမှာလဲ ဆန္ဒအလျှောက်မဟုတ်ပဲ force သုံးပီး ထုတ်ခိုင်းတာ.. . ဘာမှ ကို ပြန်ပြောလို့ မရဘူး. . . ဆန္ဒမဲပြား တစ်သိန်း ကိုးသောင်းကျော်ကို စားလိုက်တော့ တစ်ဌာနကို အရွက် ၁၆၀၀၀ လောက် print ထုတ်ပေးရမှာ. . . အဲဒီလို ထုတ်ပေးဖို့အတွက် ဘတ်ဂျက် ရှိ/မရှိ ဆိုတာကိုလဲ အထက်လူကြီးနဲ့ ပြန်တိုင်ပင်ခွင့်တောင် မပေးဘူးဗျာ. . . တော်တော်ဆိုးတယ်. .