Wednesday, February 29, 2012

ကနေဒါမြို့ တော်အော့တာဝါရောက်ကိုဇာဂနာ

Maung Thura facebook

paying the due respect to Amay Mar

Infront of parliament(Canada)

With Parliamentary Secretary to the Minister of Foreign Affairs Deepak Obhrai

with Liberal Party Leader Bob Rae

With senator Mobina Jaffa,Jim karygianis(MP Liberal Critic for Multicultrualism,& Parliamentary Friends of Burma) and paul copeland

With My friend,Kyaw zaw wai and Kyaw C thu at Canada Airport

With Canada's Green Party Leader Elizabeth May

With Canada's Foreign Minister John Baird

အိန္ဒိယ လုပ်သားများ တိုက်ခိုက်မူကြောင့် မြန်မာ ကုမ္ပဏီ ၀န်ထမ်းများ ဒဏ်ရာရ


News Date:2/27/2012
ကျောက်ဖြူ ရွှေဂတ်စီမံကိန်း လုပ်ငန်းခွင် တစ်ခုတွင် အိန္ဒိယ လုပ်သားများ၏ ၀ိုင်းဝန်း တိုက်ခိုက်မူကြောင့် မြန်မာ ကုမ္ပဏီ တစ်ခုမှ ၀န်ထမ်းများ ထိခိုက် ဒဏ်ရာ ရရှိသွားခဲ့သည်။



kyuk-pru-construction-progress ကျောက်ဖြူမှ ရွှေသဘာဝ စီမံကိန်း တစ်ခု ( ဓါတ်ပုံ- နိရဉ္စရာ)
အိန္ဒိယမှ အလုပ်သမား ၁၀၀ ခန့်သည် ကျောက်ဖြူမြို့နယ် ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး အခြေခံစခန်း အမှတ် ( ၁ - ပြတဲရွာကျေးရွာ)တွင် ရေဖြန့်ဖြူးရေး ၀န်ဆောင်မူ အလုပ်ကို လုပ်ကိုင်နေသော ပါရမီ ဆောက်လုပ်ရေး ကုမ္ပဏီရုံးခန်းအား ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ ည ၁၀ နာရီ ခန့်တွင် ကျောက်ခဲများ တုတ်များဖြင့် ၀ိုင်းဝန်း တိုက်ခိုက်ခဲ့ကြသည်။

" သူတို့တိုက်ခိုက်တာက ရေမရဘူးဆိုပြီး ပါရမီ ကုမ္ပဏီရုံးခန်းကို ၀ိုင်းဝန်း တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။ မှန်ပြတင်းတွေကို ရိုက်ချိုးတယ်။ တံခါးတွေကို ကန်ကျောက်တယ်။ မြန်မာဝန်ထမ်းတွေကို ၀ိုင်းထိုးပါတယ်။ မြန်မာ ကုမ္ပဏီ ၀န်ထမ်း ၅ ဦး ဒဏ်ရာ ရရှိခဲပါတယ်" ဟု ကန်ထရိုက် လုပ်နေသူ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

ထိုခိုက် ဒဏ်ရာ ရရှိသွားသူများမှာ ကိုဇော်ဇော်သိန်း(ရုံအုပ်)၊ ကိုသူအောင်(အင်ဂျင်နီယာ) နှင့် ဝန်ထမ်း တချို့ ဖြစ်ပြီး အိန္ဒိယ အလုပ်သမား တချို့လည်း ဒဏ်ရာ ရရှိသွားခဲ့သည်။ အိန္ဒိယ အလုပ်သမား ၄ ဦးနှင့် မြန်မာ အလုပ်သမား တစ်ဦးတို့အား ဆေးရုံ တင်ပို့ခဲ့ရသည်ဟု ဆိုသည်။

" အခင်း ဖြစ်တုန်းက ရုံးခန်းထဲမှာ ရုံအုပ် ကိုဇော်ဇော်သိန်း ရှိနေတော့ သူက အပြင်ထွက်ပြီး ရှင်းပြဖို့ ကြိုးစား ရာကနေ အိန္ဒိယ အလုပ်သမားတွေရဲ့ လက်သီးနဲ့ မျက်နှာကို အထိုးခံလိုက်ရတဲ့ အတွက် သူ ဒဏ်ရာ ရသွားပါတယ်။ တခြားအဆောင်မှ အလုပ်သမာတွေလည်း ထွက်လာကြတဲ့ အတွက် အပြန်အလှန် ရိုက်နက်ပွဲ ဖြစ်ခဲ့ကြပါတယ်။ နောက် လုံခြုံရေး တာဝန်ယူထားတဲ့ ကိုပါလေးနဲ့ ရဲအဖွဲ့ ၅ ဦးက ဝင်ရောက် ဟန့်တား ခဲ့ရပါတယ်။ ကျောက်ဖြူမြို့မှမြို့မစခန်းမှူးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူး တို့လည်း အခင်းဖြစ်ပွားပီး မကြာခင် အချိန်အတွင်း ရောက်လာ ခဲ့ကြပါတယ်။ ဒါမှ ရန်ပွဲက ရပ်သွားပါတယ်" ဟု သူက ဆက်ပြောသည်။

ပါရမီ ဆောက်လုပ်ရေး ကုမ္ပဏီ သည် အလုပ်စခန်း အနီးရှိ မင်းတက်တောင် ရေထွက်စမ်းမှ ရေကို ရေသန့် စက်ဖြင့် သန့်စင်ပြီး ပြတဲ ကျေးရွား အခြေခံစခန်း ရေ ရရှိရေးကို တာဝန်ယူထားသည်။ အလုပ်သမား ၄၀၀ အတွက်တစ်နေ့ သောက်ရေ သုံးရေ အဖြစ် ရေဂါလံ ၁၀၀၀၀ ပို့ပေးရန် တာဝန် ယူထားရကြောင်း သိရသည်။ နွေရောက်လာပြီဖြစ်၍ ရေစမ်းက ရေထွက် နည်းလာရာမှ တစ်နေ့ကို ဂါလံ (၈၀၀၀) လောက်သာ ဖြန့်ဖြူး ပေးနိုင်သဖြင့် ရေကို ဖေါဖေါသီသီ သုံးလိုသော အိန္ဒိယ အလုပ်သမားများ ရေအလုံအလောက် မရရှိရာမှ ရေပေးဝေနေသော ပါရမီ ကုမ္ပဏီကို ပြဿနာရှာပြီး ယခုလို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း တခြား တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရဲအဖွဲ့မှ ယခု ဖြစ်ရပ်နှင့် ပတ်သက်ပြီး အမူဖွင့်ထားသော်လည်း ဖမ်းဆီး အရေးယူခြင်း မရှိကြောင်း သိရသည်။ အခင်း ဖြစ်ပွားမူကို ပြင်ပ မီဒီယာများသို့ သတင်း မပေါက်ကြားရန် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကုမ္ပဏီ ၀န်ထမ်းများကို တင်းတင်းကျပ်ကျပ် တားမြစ်ထားကြောင်း ကုမ္ပဏီ ၀န်ထမ်း တစ်ဦးက ပြောသည်။

http://www.narinjara.com/detailsbur.asp?id=3829

EU ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေး ကြားဖြတ် ရွေးကောက်ပွဲပေါ် မူတည်

ဗုဒ္ဓဟူး, 29 ဖေဖော်ဝါရီ 2012
By မနန္ဒာချမ်း


EU ဥရောပသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေကို ရုပ်သိမ်းဖို့ကိစ္စကို ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲပြီးတဲ့အထိ စောင့်သင့်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁၁ ဦးပါ အာဆီယံ နိုင်ငံများနဲ့ ဆက်ဆံရေး ဥရောပပါလီမန်ရဲ့ ကိုယ်စားလှယ်အဖွဲ့တို့ နေအိမ်မှာ တွေ့ဆုံခဲ့ကြပြီးနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုခဲ့တာပါ။ ဒါ့အပြင် ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ် စည်းရုံးမှုကာလတွေမှာလည်း ဒီမိုကရေစီမူဝါဒတွေနဲ့ မကိုက်ညီတာတွေ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒီညနေ ၄ နာရီလောက်ကပဲ အာဆီယံနိုင်ငံများနဲ့ ဆက်ဆံရေး ဥရောပ ပါလီမန်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဂျာမန် ခရစ်ယာန် ဒီမိုကရက်တစ်ပါတီရဲ့ ဥရောပပါလီမန်အမတ် ဒေါက်တာ ၀ါနာ လယ်န်ဂင် (Waener Langen) ဦးဆောင်တဲ့ ၁၁ ဦးပါ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ကြတာပါ။ ၁ နာရီကြာ တွေ့ဆုံခဲ့ကြပြီးနောက် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က အီးယူရဲ့ အရေးယူဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေးကိစ္စနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲပြီးတဲ့အထိ စောင့်သင့်တဲ့အကြောင်း အခုလို ပြောဆိုခဲ့တာပါ။


“ကျမပြောခဲ့တာကတော့ ရွေးကောက်ပွဲတွေ ပြီးတဲ့အထိ စောင့်တာဟာ ကျိုးကြောင်း ဆီလျော်တယ် ဆိုတာပါ။ ကျမတို့ မမေ့သင့်တာက ၁၉၉၀ ပြည့်နှစ်မှာ ကျမတို့ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပြီး ကမ္ဘာက ဒါဟာ လွတ်လပ်ပြီး မျှတတယ်လို့လည်း လက်ခံခဲ့ကြပါတယ်။ ဒါပေမဲ့လည်း တစ်လပြီးတစ်လကြာလာပြီး နောက်ဆုံးမှာတော့ ရွေးကောက်ပွဲ ရလဒ်တွေက မြန်မာနိုင်ငံအတွက် ဘာမှ အပြောင်းအလဲ ဖြစ်မလာဘူး ဆိုတာပါပဲ။ ဒါကြောင့်လည်း ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဖယ်ရှားသင့်မသင့် ရွေးကောက်ပွဲ ပြီးတဲ့အချိန်အထိ စောင့်ပါလို့ ပြောတဲ့လူတွေအတွက် ဒါဟာ လုံးဝ ကျိုးကြောင်း ဆီလျော်ပါတယ်။”

အာဆီယံနိုင်ငံများနဲ့ ဆက်ဆံရေး ဥရောပပါလီမန်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ ၀ါနာ လယ်န်ဂင် လည်း ဒီဒဏ်ခတ်အရေးယူမှုတွေ ရုပ်သိမ်းမယ့်ကိစ္စနဲ့ ပတ်သက်ပြီး အီးယူရဲ့ သဘောထားကို ဂျာမန်ဘာသာစကားနဲ့ အခုလို ရှင်းပြခဲ့ပါတယ်။

“အီးယူအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ရုပ်သိမ်းဖို့ဆိုတာ အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး တစ်ယောက်မကျန် လွတ်မြောက်လာပြီးမှ၊ ပြီးတော့ ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အများက မျှော်လင့်သလို လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိဆိုတဲ့အပေါ်မှာနဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိမရှိ ဆိုတာတွေအပေါ် မူတည်ပါတယ်။ လက်ရှိအခြေအနေမှာက တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူတဲ့ အဆင့်မှာပဲ ရှိနေသေးတာပါ။ ဒါဟာ ပထမအဆင့်ပါပဲ။ ငြိမ်းချမ်းရေး ရရှိတဲ့အထိ မဟုတ်သေးတဲ့အတွက် စောင့်ကြည့်ရဦးမှာပါ။”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမတိုင်ခင် ပါတီမဲဆွယ်စည်းရုံးရေး ခရီးစဉ် တချို့မှာ ကန့်သတ်ချက်တွေ ရှိနေသေးပြီး ဒီမိုကရေစီဆန်တဲ့ အခြေခံတွေနဲ့ ရွေးကောက်ပွဲပုံစံအတိုင်း အားလုံးဖြစ်နေပြီ ဆိုတာမျိုး မပြောချင်သေးတဲ့အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဒေါက်တာ ၀ါနာ လယ်န်ဂင် က ဥရောပပါလီမန်က ချီးမြှင့်ထားတဲ့ စခရော့ (Sakharov) ဆု ရရှိထားသူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဥရောပပါလီမန်မှာ လာရောက် မိန့်ခွန်း ပြောကြားဖို့အတွက် ဥရောပ ပါလီမန်ဥက္ကဋ္ဌ ဒေါက်တာ မာတင် ရှုဇ် (Dr. Martin Schulz) ရဲ့ ဖိတ်ကြားလွှာကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့ပါတယ်။ အာဆီယံနိုင်ငံများနဲ့ ဆက်ဆံရေး ဥရောပပါလီမန်အဖွဲ့ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ညနေပိုင်းမှာပဲ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့နဲ့လည်း သီးခြားဆီ ဆက်လက် တွေ့ဆုံခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၂ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်တဲ့ ၅ ရက်ကြာ ခရီးစဉ်အတွင်း အာဆီယံနိုင်ငံများနဲ့ ဆက်ဆံရေး ဥရောပပါလီမန်အဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အပါအ၀င် အစိုးရ တာဝန်ရှိသူတွေနဲ့လည်း မနေ့က သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ကြတာပါ။ ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး သူရဦးရွှေမန်းက သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့ပါတယ်။

“လူမှုစီးပွားရေးဘ၀ တိုးတက် မြင့်မားအောင် ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ မျှတသော၊ မှန်ကန်သော၊ စီးပွားရေးစနစ်မှာ ချမှတ်ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါကလည်း ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ ဈေးကွက်စီးပွားရေး စနစ်ကို မှန်ကန်စွာ ဖော်ဆောင်ဖို့ လိုပါတယ်။”

ဥရောပပါလီမန်အဖွဲ့ဟာ မတ်လ ၁ ရက်နေ့ ကြာသပတေးနေ့မှာ နိုင်ငံရေးပါတီတချို့နဲ့ တွေ့ဆုံဖို့ရှိသလို ညနေစောင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့လည်း ရှိပါတယ်။
http://www.voanews.com/burmese/news/EU-Burma-Sanctions-02-29-12-140866923.html

မြန်မာ့လုပ်သားကောင်းများ ကို ရန်တိုက်မပေးသင့်ပါ

ပြည်တွင်းမှာ အလုပ်လုပ်ပြီး ဒေါ်လာရတဲ့သူတွေက MFTB မှာ စာရင်းဖွင့်ပြီး ငွေကို လျှော့ပြလို့မရ။ အခွန်ကို ၁၀% လခထဲ ငွေဝင်လာတာနဲ့ ဘဏ်က ဖြတ်ပြီးသား။ အခုမှသာ အခွန် ၂% ဆောင်ရတာ။ ပြည်တွင်းမှာ လုပ်တယ်ဆိုမှတော့ ရတဲ့ပိုက်ဆံလည်း ပြည်တွင်းမှာပဲ ပြန်သုံးတာပေါ့။ ပြည်တွင်းမှာ ပြန်သုံးတယ်ဆိုတာ ကိုယ့်တိုင်းပြည်စီးပွားရေး ထဲကို အသုံးတွေထည့်ပေးပြီး ဝယ်လိုအားကို မြှင့်ပေးလိုက်တာပဲလေ။ ပြည်တွင်းမှာအလုပ်လုပ်တယ်ဆိုတာကလည်း ကိုယ့်တိုင်းပြည်စီးပွားရေး တိုးတက်ဖို့ Myanmar Economy ကို အားဖြည့်ပေးနေတဲ့ လုပ်အားစုတွေပဲလေ။ နိုင်ငံခြားကုမ္ပဏီမှာလုပ်ကြတယ်ဆိုပေမယ့် မြန်မာ့စီးပွားရေးကို လုပ်ကိုင်မြှင့်တင်ပေးနေတာပါ။ မြန်မာပြည်အတွက် အလုပ်လုပ်ပေးပြီး မြန်မာပြည်အတွက် ပြန်သုံးပေးနေတာပါ။ အခွန်ကိုလည်း အတိအကျပေးနေရတာပါပဲ။ ဒီလို ပြည်တွင်းမှာ အလုပ်လုပ်ပြီး နိုင်ငံခြားငွေ လစာရနေတဲ့ ဒေါ်လာနဲ့လစာရနေတဲ့ ဝန်ထမ်းတွေကိုတော့ အခုဆက်ပြီး အခွန် ၂% ကောက်နေသေးတယ်ဗျာ။
အဲ.... ကားသွင်းခွင့်တော့ မပေးဘူး။

နိုင်ငံခြားမှာ သူများတိုင်းပြည်စီးပွားရေးအတွက် သွားလုပ်ပေးပြီး သူများတိုင်းပြည်ထဲမှာ ပိုက်ဆံသုံးနေ သူများစီးပွားရေးထဲ ဝယ်လိုအားအဖြစ်ပြန်နေနေကြတဲ့သူတွေကိုတော့ အခွန်လုံးဝ ကင်းလွတ်ခွင့်ပြုလိုက်ပါတယ်။ နောက်ပြီး ကားသွင်းခွင်လည်း ပေးလိုက်တယ်ဗျာ။

ပြောချင်တာက ပေးချင်တဲ့သူပေးပါ။ ပေးမယ်ဆိုရင် အရည်အချင်းတူတဲ့သူတွေကို အားလုံးပါဝင်အောင်ပေးစေချင်ပါတယ်။
ဒီလိုမဟုတ်ပဲ ချန်ထားခံရတဲ့ အုပ်စုရှိနေခဲ့ရင် ကျန်နေခဲ့သူများ ဘယ်လို ဖြစ်မယ် ဆိုတာ ကိုယ်ချင်းစာပေးစေချင်တယ်။
စဉ်းစားပြီး ညီတူ ခံစားခွင့်ရအောင် လုပ်ပေးစေချင်တယ်။

ပြည်တွင်းကလူနဲ့ အပြင်မှာသွားလုပ်သူတွေကို ရန်တိုက်သလိုမလုပ်ပေးစေချင်ပါဘူး။
နောက်ဆုံး ပြည်တွင်းမှာ လုပ်နေတဲ့သူတွေကို ပြည်ပထွက်လုပ်ချင်အောင် တွန်းထုတ်နေသလိုမျိုးလည်း မဖြစ်စေနဲ့ပေါ့။

အမှောင်ထဲမှာ အမေနဲ့  သမီးနှစ်ယောက်ထဲ ရယ်



မှောင်နေတဲ့ အခန်းထဲမှာ အမေနဲ့  သမီး နှစ်ယောက်ထဲ
တကယ်တော့ ဘာမှ အဖတ်မတင်ဘူး ပင်ပမ်းတာသာ အဖတ်တင်မယ် ဆိုတာကို
သိတာပေါ့ အမေရယ် ။ သွားသာ သွားရမှာ ၊ ဘာမှ မမျှော်လင့် ဘူး ဆိုတာကိုလဲဘဲ
သိပြီးသားပေါ့ ။ သမီးတို့ က ကျောင်းသူတွေ ဆိုတော့ ဘာကြီးဘဲဖြစ်ဖြစ် တခုခု
ဆိုရင် သမီးတို့ က ရှေ့ကပေါ့ ။ ခုဟာက သမီးတို့  မကြိုဆိုရအောင်လဲဘဲ
ဘယ်သူကမှ မတိုက်တွန်းကြဘူးလေ ။ တိုက်တွန်းလဲ ရမှာ မဟုတ်ပါဘူး အမေရယ် ။
ခုဟာက ဒုတိယ သမတ လာမှာ ဆိုတော့ ကျောင်းက မသွားရင် မရဘူးလေ ။ အမေက
ဒါတွေကို သိပြီးသားပါနော် ။ ဘာဖြစ်လို့ ဆိုတော့ အမေက ကျောင်းအုပ်ကြီးဘ၀က
အငြိမ်းစား ယူထားသူဘဲဟာကို ။ တကယ်ပါ အမေရယ် ။ အမေဘယ်လောက် စိတ်နာပြီး
မျက်ရည် ကျနေရတာ အံကြိတ်နေရတာတွေကို သမီးထက် ဒိပြင် ဘယ်သူက သိမှာမို့ လဲ
နော် ။ ခုတော့ သမီးလဲဘဲ စိတ်နာတတ်နေပြီပေါ့ အမေရယ် ။
တနေ့ ကဘဲ မြို့ ကသူငယ်ချင်းတွေ စက်ဘီးကိုယ်စီနဲ့  -၂၄-နာရီ မီးရရှိရေး
ဆိုပြီးတော့ အော်ပြီး သွားကြတယ် ။ မကြာပါဘူး။ သူတို့ ကို ပုလိပ်တွေက
ဖမ်းလား ဆီးလား စစ်ဆေးကြတယ်တဲ့ ။ နောက်ပိုင်းတော့ သူတို့ က
အဆင်ပြေသွားကြတယ်လို့  သိရတာပါဘဲ ။ သမီး သိချင်တာက ကိုယ့်အိမ်မှာ
မီးမလင်းရင် အမေတို့  အဖေတို့ ကို ပြောရမှာဘဲလေ ။ သမီးတို့ 
စာကျက်ချိန်မှာ မီးမရရင် ဘာလုပ်ရမှာလဲ နော် ။ အခုလဲဘဲ လူကြီးတွေကို
သိအောင် ကျောင်းသားတွေက ပြောကြတာ လှုပ်ရှားကြတာဘဲလေ ။ ဒါက အပြစ် ရှိသလား
အမေရယ် ။ ဒါက နိုင်ငံရေး လုပ်တယ်လို့  ပြောကြတာလား အမေရယ် ။ သမီးသိတာက
နိုင်ငံရေးလုပ်တယ် ဆိုတာ အာဏာရရေးလုပ်တာလို့  သိတယ်လေ ။ ကဲ သမီးတို့ 
သူငယ်ချင်းတွေက ကျောင်းတောင်မှ အခုမှ -၁၀- တန်းကျောင်းသား လေးပါ
အမေရယ်နော် ။ ဘယ်လိုလုပ်ပြီး ဒါက နိုင်ငံရေးလုပ်တာလို့  ပြောလို့ 
ရမှာနော် ။
ခက်တာက သမီးတို့  လူငယ်တွေ မဟုတ်ပါဘူး အမေ ။ လူကြီးတွေပါ ။
လူကြီးတွေ ဆိုရာမှာလဲ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့  အစိုးရကို
ပြောတာပါနော် ။ အုပ်ချုပ်ခံနေရတဲ့  သမီးတို့ ရဲ့  အမေတို့ လို လူကြီးတွေ
မဟုတ်ပါဘူးနော် ။ ဘာဖြစ်လို့  သမီးက ခက်တယ်လို့  ပြောရသလဲ ဆိုရင် ခုမှ
ရိပ်မိသွားပြီ အမေ ။ တကယ့်တကယ်ကို သမီး နားလည်သွားပြီလေ ။ ကြည့်ပါအုံး
အမေရယ် ။ သမီးတို့  ထက် သူတို့  လူကြီးတွေက သိတတ်ကြတာလေ ။ သမီးတို့ 
ကျောက်ဖြူမြို့  ဒေသဟာတဲ့  ၀မ်းစာဖူလုံမှု မရှိတဲ့  ဒေသဖြစ်တဲ့ အတွက်
ရော်ဘာကို စိုက်ပျိုးရမယ်တဲ့  ။ ဒုတိယ သမတ ဦးတင်အောင်မြင့်ဦးက
ပြောသွားတာကို အမေကြားလိုက်တယ်နော် ။ ဒါကိုတော့ လက်သင့်ခံနိုင်တာပေါ့
အမေရယ် ။ ဘာဖြစ်လို့ ဆိုတော့ သမီးတို့  နယ်ဖက်မှာ ရော်ဘာစိုက်ပျိုးရေးက
အဓိက ဖြစ်နေတာကိုး ။ စိုက်ပျိုးရာမှာလဲဘဲ စာရင်ဇယားနဲ့  တိတိကျကျ
မှန်မှန်ကန်ကန် ကြိုးစားစိုက်ပျိုးရမယ်တဲ့  ။ ဒီလိုပြောတော့ သမီးတို့ 
လက်ခုပ်လေးတွေ တီးလိုက်တာ လက်ဖ၀ါပြင်လေးတွေတောင် နီရဲ ပူလောင်သွားတဲ့ 
အထိပါဘဲ ။ လက်ခုပ်လေးတွေ တီးလိုက်ကြရတာ ။
ဒါပေမဲ့  အမေရယ် ။ သမီးတို့ လိုချင်တာ ရော်ဘာ မဟုတ်ဘူး ။
မီးထွန်းနေဖို့ ပါဘဲ ။ ဒုတိယ သမတ ဦးတင်အောင်မြင့်က သူလာတဲ့  ခရီးစဉ်မှာ
ကျောက်ဖြူမြို့ နယ်ကို လာရောက်ပြီး မြို့ နယ် ဖွံ့ ဖြိုးရေးနဲ
့တိုးတက်ရေးအတွက် လာတယ်ဆိုတာ သိနေကြတာပါဘဲ ။ ဒီတော့
ရွှေဂါတ်စီမံကိန်းအတွက် ဘာများပြုလုပ်ပေးထားသလဲ ဆိုတာ ပြောမှာဘဲ ဆိုပြီး
သမီးတို့  နားထောင်နေကြရတာပေါ့ ။ အမေရယ် ။ အိပ်ရာထဲမှာ လှဲနေတဲ့ 
ဆရာမကြီး-အငြိမ်းစား ဖြစ်နေတဲ့  အမေ့ ကို ခေါ်သွားချင်လိုက်တာ ။
အဲဒီကျောက်ဖြူမြို့  ရမ္မာဝတီခန်းမမှာ အမေသာ မေးခွင့်ရလို့  မေးလိုက်ရရင်
သိပ်ကောင်းမှာ ဆိုပြီးတော့ သမီး စိတ်ကူးမိပါရဲ့  ။ ဒါပေမဲ့  သူတို့ က
သိပ်ပြီးတော့ သူတို့  ရဲ့  ဆန့်ကျင်ဖက် မေးခွန်းတွေကို မေးခိုင်းမှာ
မဟုတ်ဘူး အမေရဲ့  ။ ဘာဖြစ်လို့ ဆိုတော့ သူတို့ က စစ်အစိုးရရဲ့  အရေခွံ
ပြောင်းထားတဲ့  အစိုးရလေ အမေရဲ့  ။ အမေကသာ အဲဒီလို ပြောရင် အမေ့ ကို အသက်
-၆၀ -ဘဲကျော်ကျော် - ရ၀- ဘဲ ရောက်ရောက် ဖမ်းသွားကြမှာ အမေရဲ့  ။
ဒုတိယ သမတ ဦးတင်အောင်မြင့်ဦးက ဘာပြောသွားသလဲ သိလား အမေ ။ စောစောက
သမီးပြောပြီးနော် ။ သမီးတို့ လိုချင်တာ ရော်ဘာ မဟုတ်ဘူးလို့  ။
မီးထွန်းလင်းရေးလို့ နော် ။ ခုတော့ ရော်ဘာကို ပိုလို့  ရရှိအောင်
ပြောသွားတာ ကြည့်တော့ အမေရယ် ။ နောက်တခုကတော့ သမီးတို့  ကို
သက်သက်စော်ကားတာ ပေါ့ ။ ဒီလိုစော်ကားတာကို ခံလိုက်ရတော့ ဒီအကြောင်းကို
သမီး ပြောရတာပေါ့ အမေရယ် ။ ဘာတဲ့ လဲ ။ နောက်လာမဲ့  ၂၀၁၃- နှစ်
၂၀၁၄-နှစ်ရဲ့  ဘဏ္ဍာရေးဘတ်ဂျက်နှစ်အတွက် ပန်းတောင်းမြို့ နယ်မှာ
လျှပ်စစ်စက်ရုံ တည်ဆောက်မှာ မို့ လို့  အမေရိကန် ဒေါ်လာ-၁၀-သန်းကို
ရွှေဂါတ်စီမံကိန်း လုပ်နေတဲ့  -CNPA - ကုမ္ပဏီကို ပေးရမှာမို့  လျှပ်စစ်
စွမ်းအင်ဝန်ကြီး ဦးအောင်သန်းဦးကို ပေးလိုက်တယ် ဆိုတယ် အမေရဲ့  ။ ဒီတော့
သမီးတို့  အသက်ကြီးတဲ့  လူတွေက သမီးတို့  ရဲ့  ၀န်ကြီးချုပ်ဖြစ်တဲ့ 
ဦးလှမောင်တင်ကို မေးငေါ့ပီး ကြည့်ဖြစ်ကြတာပေါ့ နော ။
သမီးတို့ က ဒါကိုတော့ ဘ၀င်မကျကြဘူးလေ ။ တကယ်သာဆိုရင်
ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်ဟာ ဒီကိစ္စမှာ အဓိက နေရာက
ပါဝင်နေရမှာပေါ့ ။ ခုဟာက သူက ဘာမှ မဆိုင်သလို ဖြစ်နေတာရယ် ။ ပြီးတော့
ရခိုင်ပြည်နယ် လျပ်စစ်စွမ်းအင်ဝန်ကြီး ဦးသာလူချေ ဆိုတာလဲ ပါတယ် အမေရဲ့ 
။ သူလဲဘဲ ဘာမှ မပါတ်သက်သလို ထိုင်ပြီး နေတာတွေ့ နေရတယ် လေ။ သူက
တကယ်ဆိုရင် ပါတ်သက်တာထက် သူ့ အလုပ်ဘဲ ပေါ့ အမေရယ် ။ သူက လျပ်စစ်စွမ်းအင်
ဝန်ကြီး ရာထူး ယူထားသူမလား ။ ခုတော့ ပန်းတောင်းမြို့ နယ် ကြီးအုံးကြီးဝ
ရေအားလျပ်စစ်စက်ရုံတည်ဆောက်ဖို့ အတွက် သူတို့ တွေ ဘာမှ အရာမရောက်ကြဘူးလေ
အမေရယ် ။ ဒီလျှပ်စစ်စက်ရုံတည်ဆောက်ပြီးလို့ ရှိရင် ရခိုင်ပြည်
မြောက်ပိုင်းဖြစ်တဲ့ အမ်း ။ ကျောက်တော် ၊ ပုဏ္ဍားကျွန်း ။ မင်းပြား ၊
စစ်တွေ ။ စတဲ့  မြို့ နယ်တွေမှာ လျှပ်စစ်မီးရမှာတဲ့  အမေရယ် ။ ဒါကြောင့်
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်တွေ ၀န်ကြီးတွေမှာ ဒီဟာတွေအတွက်
လုပ်ပိုင်ခွင့်ကော ဘဏ္ဍာရေးငွေကိုပါ ကိုင်တွယ် အသုံးချခွင့် ရှိရမှာပေါ့
အမေရယ် ။ ဒါပေမဲ့  အမေရယ် ။ အဲဒီ ပန်တောင်းရေအားလျပ်စစ်စက်ရုံ
တည်ဆောက်ရေးက ဆောက်ဖြစ်မှ ကျောင်းဒကာဖြစ်မှာပါနော် ။ ဘာဖြစ်လို့ ဆိုတော့
ဒီစီမံကိန်းက လာမဲ့  ၂၀၁၃-ခုနှစ်မှာ မှ စတင်မှာမို့ လေ။
အဲဒီအချိန်ခါကစလို့  လျပ်စစ်မီးရသွားပြီ ဆိုပါစို့  ။ မီတာခက
ဈေးနုံးက ဘယ်လို ဖြစ်မှာမို့ လဲ ။ ပြည်မနဲ့  တန်းတူအခွင့်အရေး ရကြမှာလား
မသိဘူး အမေရယ် ။ ဒါပေမဲ့  သမီးတို့ ကတော့ မထင်မိပေါင် ။ မီးရလာရင်လဲ
ဒီလိုဘဲ မီတာခဈေးနုံးကြီးပြီး လူထုတွေမှာ လူတိုင်းလိုလို မီတာကို
မသုံးရဲဘဲ ရှိနေမှာ မြင်ယောင်သေးပါတယ်နော် ။ အခုဘဲကြည့်ပါအုံးလား အမေရယ်
။ မီတာခက ဈေးချင်း ဘယ်လောက် ကွာခြားနေလဲ ဆိုတာကို ။ ဒါကိုများ
သတင်းစာတွေမှာ တိုင်းရင်းသားချစ်ကြည်ရေးတဲ့  ။ ပြောကို မပြောချင်ပါဘူး
အမေရယ် ။ သမီးက နိုင်ငံရေးစကား မပြောတတ်ပါဘူး ။ ဒါကြောင့် သမီး
စိတ်ထဲရှိသမျှ ဖွင့်ပြောနေမိတာပါ ။ ပြီေးတာ့ အမှတ်( ၁ ) ကျောင်းအတွက်
ရွှေဂါတ်စီမံကိန်း လုပ်နေတဲ့  ဒေ၀ူး ကုမဏီက အမမေရိကန်
ဒေါ်လာ-နှစ်သိန်းကျော် ( ၂၈၁၀၀၀ ) ပေးတယ် အမေရဲ့  ။ အမှတ် ( ၂ )
ကျောင်းအတွက် တသိန်းကျော် - ဒေါ်လာ-၁၄၃၀၀၀ - FG WILLSON -1000-KVA
အမျိုးအစား မီးစက် အတွက် ပေးတယ်လေ CNPC တရုပ်ကုမဏီက ဒေါ်လာ-၆၈၄၂၄၀ ။
ကျောင်းနေရာ မြေကွက်ကတော့ ပေ-၅၀ လောက်ဘဲ ရှိမှာပေါ့ ။ တိတကျကျ ပြောရရင်
ဒီလောက်ဘဲပေါ့ အမေရယ် ။
ဒါတွေကိုလိုချင်လို့  သမီးတို့ နားထောင်ဖို့  သွားကြတာမှ မဟုတ်တာ
။ ရွှေဂါတ်စီမံကိန်း လုပ်နေတဲ့  ဒေ၀ူးကုမဏီ အနေနဲ့  သမီးတို့  အတွက်
ဘယ်လောက်များ လုပ်ပေးနေတာလဲ ဆိုတာကို နားထောင်ချင်လို့  သွားကြတာပေါ့ ။
ဘာတခွန်းမှ ပြောမသွားပါလား အမေရယ် ။ တကယ်ဆိုရင်
ဒီရွှေဂါတ်စီမံကိန်းကနေပြီး ရခိုင်ပြည်သူလုထုတွေဟာ ဘယ်လို အကျိုး ကျေးဇူး
ခံစားပိုင်ခွင့်ရှိမယ် ဆိုတာကို နည်းနည်းများများ ပြောသွားစမ်းပါလားနော်
။ ခုဟာက ဘာဆို ဘာတခွန်းမှ ပြောမသွားတာ အံ့ရောအမေရယ် ။ ဒုတိယ သမတ
ဦးတင်အောင်မြင့်ဦးက ဘာမှ ပြောမသွားဘဲနင့် အဲဒီ ရွှေဂါတ်စီမံကိန်းတွေ
လုပ်နေတဲ့  နေရာတွေကိုတော့ ရဟတ်ယဉ်နဲ့ ကို သွားခဲ့ တာဘဲ အမေရယ် ။ သမီးတို
့ အထူးမျော်လင့်နေတာက သူတခုခု ပြောသွားမှာဆိုတာကိုလေ ။ သမီးတို့ ရဲ
့အိမ်တွင်းရေးမှာ ဖြစ်ပျက်နေတဲ့  ပြသနာတွေကို အမေတို့  အဖေတို့ က ဘဲ
ဖြေရှင်းကြရတယ်မလားနော် ။ ခုလဲဘဲ သူတို့ က နိုင်ငံတာဝန်ယူထားပြီးတော့
ဒီနိုင်ငံက-ကာယကံရှင်တွေဖြစ်တဲ့ လူထုကို ဘာဆိုဘာမှ ရှင်းမပြသွားတာ
စိတ်နာဖို့  အကောင်းဆုံးပေါ့ အမေရယ် ။
တရုပ်နိုင်ငံကို -၉၀ ရာခိုင်နုံးရာင်းထားပြီး ကျန်
-၁၀-ရာခိုင်နုံးကို အစိုးရက ရထားတယ်ဆိုတာကို သမီးတို့  သိနေတာပေါ့ အမေရယ်
။ ဒီ-၁၀-ရာခိုင်နုံးးက သမီးတို့ ရခိုင်ပြည်အတွက် သူတို့ တွေ
ဘယ်လောက်များ အကျိုးရှိရှိ အသုံးပြုပေးမှာလဲ ဆိုတာကို သမီးတို့ 
လူငယ်တွေက သိချင်လိုက်ကြတာ ။ ခုတော့ ဒုတိယ သမတ ဦးတင်အောင်မြင့်ဦးက ဘာမှ
ပြောမသွားတော့ သမီးတို့  စိတ်ပျက်ရတာပေါ့ အမေရယ် ။ ဖေဖေါ်ဝါရီလ-၂ရ-ရက်နေ
့မှာ ကျောက်ဖြူမြိ့  ရမ္မာဝတီ ခန်းမမှာ ရွှေဂါတ်စီမံကိန်းနဲ့  ပါတ်သက်လို
့ ရခိုင်ပြည်ကိုလာတဲ့  ဒုတယသမတ ဦးတင်အောင်မြင့်ဦးက ဘာမှ
ရခိုင်လူမျိုးတွေအတွက် အကျိုးရှိရှိ သုံးစွဲ မယ် ဆိုတာကို ဘာမှ
ပြောမသွားတာ ကမ္ဘာက သိသွားကြပြီ အမေရဲ့  ။ ဒီတော့ သမီးတို့  တွေက တရားဝင်
တောင်းဆိုရတော့မှာပေါ့ ။ သမီးတို့  ကာယကံရှင်တွေဖြစ်တဲ့  အတွက် သမီးတို
့ဆီက ထွက်တဲ့  သဘာဝဓါတ်ငွေ့ နဲ့  မီးရချင်တယ် ဆိုတာကို သမီးတို့ 
တောင်းဆိုရမှာလေ ။ သမီးတို့ ရဲ့ ရွှေဂါတ်စီမံကိန်းက ရထားတဲ့ 
ရှယ်ယာငွေတွေထဲက ရခိုင်လူမျိုးတွေအတွက် ဘယ်လောက် ရှယ်ယာပေးရမယ် ဆိုကို
တောင်းဆိုရတော့မှာလေ ။ အခုတော့ အမေရယ် ။ သမီး စာကျက်ချင်လိုက်တာနော် ။
မီးလင်းနေတဲ့  အခန်းမှာ ထိုင်ပြီး စာဖတ်ချင်လိုက်တာ အမေရယ် ။ အမေတို
့ခေတ်က လရောင်အောက်မှာ ထိုင်ပြီး စာကျက်တဲ့ ခေတ်မှ မဟုတ်တာ အမေရယ် ။
အခုတော့ ၂၁ ရာစုခေတ်ထဲ မှောင်နေတဲ့  အခန်းထဲမှာ သမီးနဲ့ အမေက
နှစ်ယောက်ထဲရယ် နော် ။။။။။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )

ရွှေလီရှိ မြန်မာအမျိုးသမီးအလုပ်သမားများ အကူအညီလိုအပ်နေ


by 7Day News Journal on Wednesday, February 29, 2012 at 4:45am ·

ရန်ကုန်၊ ဖေဖော်ဝါရီ-၂၃
တရုတ်နိုင်ငံ၊ ရွှေလီမြို့သို့ ပြောင်း ရွှေ့လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ သိသိသာသာ တိုးပွားလာရာ လုပ်ငန်းခွင်များအတွင်း   ခေါင်းပုံဖြတ်ခံ နေရသော၊ အခွင့်အရေးဖောက် ဖျက်ခံနေရသော နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများအတွက်   တရားဥပဒေကြောင်းအရဖြေရှင်းပေးနိုင်သည့်  နည်းလမ်းများ  အရေးတကြီးလိုအပ်လျက်ရှိကြောင်း အမျိုးသမီးများအရေး ဆောင်ရွက်ပေးလျက်ရှိသည့် အဖွဲ့အစည်းတစ်ခု၏  တာဝန်ရှိသူတစ်ဦးကပြောသည်။

“လွန်ခဲ့တဲ့ ၅ နှစ်ကထက် လူဦးရေ ၁၀ ဆလောက် များလာတယ်။   ဒါပေမဲ့  တရုတ်ဘက်မှာဖြစ်နေတဲ့  အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေက ထွက်မလာဘူး။ အသံတွေတိတ်နေကြတယ်။ သူတို့ကိုယ်စားပြောပေးမယ့်   သူတွေလည်း မရှိကြတော့ လူတွေက သူတို့အဆင်ပြေနေကြတယ်လို့ထင် နေကြတယ်”ဟု ထိုင်းနှင့် တရုတ် နိုင်ငံအတွင်းမှ ပြောင်းရွှေ့လုပ်သားများအရေး ဆောင်ရွက်ပေးလျက်ရှိသည့်   မသွယ်ဇင်တိုးကပြောသည်။

၂၀၁၀ပြည့်နှစ်အတွင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က ကောက်ယူခဲ့သော စစ်တမ်းအရ  တရုတ် နိုင်ငံ ရွှေလီတွင် မြန်မာပြောင်းရွှေ့အလုပ်သမားပေါင်း တစ်သိန်း
ကျော်ရှိပြီး အများစုမှာ အမျိုးသမီးများဖြစ်ကြောင်းသိရသည်။ အမျိုးသမီး ရွှေ့ပြောင်းလုပ်သားများသည် လုပ်ငန်းခွင် ခေါင်းပုံဖြတ်ခံရမှုများ၊ ကျန်းမာရေးနှင့် လုံခြုံမှုဘေးအန္တရာယ်များ၊ လုပ်ငန်းကဏ္ဍအလိုက် အလုပ်ရှင်များ၏ နှိပ်စက်မှုများ၊ လိင်မှုဆိုင်ရာ အကြမ်းဖက်မှုများကို ကြုံတွေ့လျက်ရှိကြောင်း အထက်ပါ အဖွဲ့မှ မတင်တင်ညိုက ပြောသည်။

“အမျိုးသမီးတွေဟာ ကျား၊မ ခွဲခြားဆက်ဆံခံရတာတွေ၊ လုပ်ငန်းတော်တော်များများမှာ အမျိုးသားတွေထက် လုပ်အားခလျှော့ရတာတွေ၊ ကိုယ်ဝန်ဆောင်ရတာနဲ့ မီးဖွားခွင့်ခံစားမှုတွေ မရဘဲအလုပ်ထွက်ရတာ၊ အလုပ်ရှင်တွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေနဲ့ကြုံနေရတယ်”ဟု မတင်တင်ညိုကပြောသည်။
ရွှေလီတွင် ပြောင်းရွှေ့လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားအများစုမှာ မြန်မာနိုင်ငံအလယ် ပိုင်းနှင့် အရှေ့ဘက်ခြမ်းများမှ လာရောက်လုပ်ကိုင်နေကြသူများ ဖြစ်ပြီး  ရွှေ့ပြောင်းအလုပ်သမား များသည် ယခင်က ကျောက်စိမ်း လုပ်ငန်း၊ ခရီးသွားလုပ်ငန်းများနှင့် လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင်သာ လုပ်ကိုင်ကြသော်လည်း ယခုအချိန်တွင် အိမ်တွင်းအကူလုပ်ငန်း၊ စားသောက်ဆိုင်
နှင့် ဟိုတယ်ဝန်ထမ်းများ၊ ဈေးရောင်းဈေးဝယ်အလုပ်သမားများ၊ ဆောက်လုပ်ရေးနှင့် စက်ပစ္စည်းထုတ်လုပ်ရေး စက်ရုံများတွင် လုပ်ကိုင်နေကြကြောင်း အဆိုပါစစ်တမ်းတွင် ဖော်ပြပါရှိသည်။

တရုတ်အစိုးရအနေဖြင့် ၄င်းတို့နိုင်ငံရှိ နိုင်ငံခြားသား ပြောင်းရွှေ့လုပ်သားများ၊ အထူးသဖြင့် အမျိုးသမီးများ၏ အခွင့်အရေးကို အကာအကွယ်ပေးမည့် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ချမှတ်အကောင်အထည်ဖော်ပေးရန်    BWU   က တိုက်တွန်းထားပြီး၊ ထိုင်းနှင့်မြန်မာနှစ်နိုင်ငံကြားတွင်မြ၀တီနှင့်တာချီလိတ်နယ်စပ်ကုန်သွယ်ရေး စခန်းနှစ်ခုရှိပြီးဖြစ်သည်။

၎င်းတို့ကောက်ယူခဲ့သော စစ်တမ်းများကိုလည်း တရုတ်အစိုးရနှင့် မြန်မာအစိုးရတာဝန်ရှိသူများ ထံရောက်စေရန် သံရုံးများမှတစ်ဆင့် ပေးပို့သွားမည်ဖြစ်ကြောင်း သိရ သည်။ခရီးသွားလုပ်ငန်းများနှင့် လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင်သာ လုပ်ကိုင်ကြသော်လည်း ယခုအချိန်တွင် အိမ်တွင်းအကူလုပ်ငန်း၊ စားသောက်ဆိုင်
နှင့် ဟိုတယ်ဝန်ထမ်းများ၊ ဈေးရောင်းဈေးဝယ်အလုပ်သမားများ၊ ဆောက်လုပ်ရေးနှင့် စက်ပစ္စည်းထုတ်လုပ်ရေး စက်ရုံများတွင် လုပ်ကိုင်နေကြကြောင်းအဆိုပါစစ်တမ်းတွင် ဖော်ပြပါရှိသည်။

တရုတ်အစိုးရအနေဖြင့် ၄င်းတို့နိုင်ငံရှိ နိုင်ငံခြားသား ပြောင်းရွှေ့လုပ်သားများ၊ အထူးသဖြင့် အမျိုးသမီးများ၏ အခွင့်အရေးကို အကာအကွယ်ပေးမည့် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ချမှတ်အကောင်အ ထည်ဖော်ပေးရန်က တိုက်တွန်းထားပြီး၊ ထိုင်းနှင့်မြန်မာနှစ်နိုင်ငံကြားတွင်မြ၀တီနှင့်တာချီလိတ်နယ်စပ်ကုန်သွယ်ရေး စခန်းနှစ်ခုရှိပြီးဖြစ်သည်။ ၎င်းတို့ကောက်ယူခဲ့သော စစ်တမ်းများကိုလည်း တရုတ်အစိုးရနှင့် မြန်မာအစိုးရတာဝန်ရှိသူများ ထံရောက်စေရန် သံရုံးများမှတစ်ဆင့် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

လေယာဉ်ဆီကို မတ်လ၁ရက်မှစ၍ နှုန်းအရှင်ဖြင့်ရောင်းချမည်ဖြစ်သောကြောင့် ခရီးသည်များ ဆီဖိုးထပ်မံပေးရတော့မည်


by 7Day News Journal on Wednesday, February 29, 2012 at 6:51am ·

ရန်ကုန်၊ဖေဖော်ဝါရီ၂၉
စွမ်းအင်ဝန်ကြီးဌာနက ဌာနဆိုင်ရာနှင့်ပုဂ္ဂလိကလေကြောင်းလိုင်းများသို့ ရောင်းချပေးနေသော JET-A1 လေယာဉ်ဆီဈေးနှုန်းကို မတ်လ၁ရက်မှစတင်၍ နှုန်းယှဉ်ဖြင့် ပြင်ဆင်သတ်မှတ်ရောင်းချပေးတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယခင်တစ်ဂါလံ၂၅၀၀ကျပ်ဖြင့်ရောင်းချခဲ့သော လေယာဉ်ဆီကိုမတ်လ၁ရက်မှစတင်၍ နှုန်းယှဉ်ဖြင့် ရောင်းချတော့
မည်ဖြစ်သောကြောင့် ပြည်တွင်းခရီးသည်တင်လေကြောင်းလိုင်းများကလည်း ဆီဖိုးအတွက် ထပ်မံကုန်ကျငွေကို ခရီးသည်များထံမှ ဆီဖိုးအဖြစ် ထပ်မံကောက်ခံကြမည်ဖြစ်သည်။ ယခုလောလောဆယ်တွင် နှုန်းရှင်ဖြင့်ရောင်းချသောဈေးမှာ ၃၈၀၀ကျပ်ဝန်းကျင်ဖြစ်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ထို့ကြောင့် ပြည်တွင်းလေကြောင်းလိုင်းများက ခရီးသည်များထံမှ ဆီဖိုးအဖြစ် မတ်လ၁ရက်မှစတင်၍ တစ်ဦးလျှင် ခရီးတိုလျှင် ကျပ်၇၀၀၀နှုန်း၊ ခရီးလတ်အတွက် တစ်ဦးလျှင် ၁၂၀၀၀ကျပ်နှင့် ခရီးရှည်အတွက် ၁၈၀၀၀ကျပ်ကို ထပ်မံကောက်ခံရန် စီစဉ်နေကြောင်း လေကြောင်းလိုင်းအချို့ထံမှ သတင်းရရှိသည်။ နိုင်ငံခြားသားများကိုမူ ခရီးစဉ်အတိုအရှည်ပေါ်မူတည်၍ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀ဒေါ်လာမှ ၂၅ဒေါ်လာအတွင်းကောက်ခံမည်ဟု သတင်းရရှိသည်။
ထိုသို့လေယာဉ်ဆီရောင်းဈေးနှုန်းကို ဈေးနှုန်းရှင်ဖြင့် ပြင်ဆင်ရောင်းချမည့်အကြောင်းကို စွမ်းအင်ဝန်ကြီးဌာနက ပြည်တွင်းပုဂ္ဂလိကလေကြောင်းလိုင်းများသို့ ဖေဖော်ဝါရီ၂၈ရက်ရက်စွဲဖြင့် စာပေးပို့ထားပြီဖြစ်သည်။

အချက်သုံးချက်ကို အဓိကပြင်မယ့် ဒေါ်ဖြူဖြူသင်း

Burma VJ Media Network

လာမယ့် ဧပြီလ ၁ ရက်နေ့ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်အရွေးခံမယ့် ဒေါ်ဖြူဖြူသင်းဟာ သူဝင်ရောက်ယှဉ်ပြိုင်မယ့် မြို့နယ်က ရေတွင်းကုန်းရပ်ကွက်ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က သွားရောက်ပြီး မဲဆွယ်စည်းရုံးရေးပြုလုပ်ခဲ့ရာမှာ ရာနဲ့ချီတဲ့ဒေသခံတွေက ကြိုဆိုနှုတ်ဆက်ခဲ့ကြသလို ဒေါ်ဖြူဖြူသင်းကလည်း မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံထဲက ပြည်သူတွေအတွက် အကာအကွယ်ပေးနိုင်မယ့် အချက်တွေကို ပြန်လည်ပြင်ဆင်ဖို့ ပြောဆိုသွားခဲ့ပါတယ်။

ဟိုတယ်ဝန်ထမ်းအား ပါးရိုက်မှု မြို့နယ်ရုံးမှ ခရိုင်ရုံးသို့ ပြောင်းလဲ စစ်ဆေးခွင့်ပြု


by Yangon Press International on Wednesday, February 29, 2012 at 6:19am ·

ဖေဖေါ်ဝါရီ ၂၉၊ ၂၀၁၂ (YPI)

ပြီးခဲ့သည့်လ ၂၈ ရက်နေ့က ဂျပန်နိုင်ငံသားတဦးက Orchid Hotel အမျိုးသမီး ၀န်းထမ်းတဦးကိုပါးရိုက်ခဲ့သည့် အမှုအား လက်ရှိ အမှုစစ်ဆေးမည့် ပုဇွန်တောင်မြို့နယ် တရားရုံးမှ ခရိုင်တရားရုံးသို့ ပြောင်းရွှ့စစ်ဆေးသွားရန် ခွင့်ပြုလိုက်ကြောင်း ဟိုတယ် မန်နေဂျင်း ဒါရိုက်တာ ဦးဌေးအောင်က ပြောသည်။

မြို့နယ် တရားရုံးမှ ခရိုင်တရားရုံးသို့ ပြောင်းရွှေ့ အမှုရင်ဆိုင်ရခြင်းမှာ ကာယကံရှင်ဟိုတယ် ၀န်ထမ်းအမျိုးသမီး၏ ဆန္ဒကြောင့် ပြောင်းရွှေ့စစ်ဆေးရခြင်းဖြစ်ကြောင်း ကာယကံရှင် ဒေါ်အေးအေးကြည်က ပြောသည်။

“ပုဇွန်တောင် တရားရုံးက ဒီအမှုကို တရားမျှတစွာစစ်ဆေးပေးမယ်လို့ မခံစားရဘူး၊ဒါကြောင့် ခရိုင် တရားရုံးကိုပြောင်းလဲ စစ်ဆေးပေးဖို့ တောင်းဆိုတာ ဒီနေ့ ပြောင်းလဲစစ်ဆေးခွင့်ရလိုက်တယ်” ဟုသူမက ပြောသည်။

ပြီးခဲ့သည့် လ ၂၈ ရက်နေ့က Orchid Hotel တွင် တည်းခိုနေသော ဂျပန်နိုင်ငံသား Mr.Okahashi Takashi ကညဘက်တွင် ဟိုတယ်သို့ သက်သေအထောက်အထား မပြည့်စုံသည့် အမျိုးသမီးတဦးအားခေါ်လာရာ ဟိုတယ်ဝန်ထမ်းအမျိုးသမီး ဒေါ်အေးအေးကြည်က တားဆီပြောဆိုရာ ဂျပန်နိုင်ငံသား ကသူမကို ပါးရိုက်ခဲ့သည်။

ထိုသို့ ပါးရိုက်ခံခဲ့ ရသည်ကို ပုဇွန်တောင်မြို့နယ် ရဲစခန်းသို့ သွားရောက်တိုင်ကြားရာ ပါးရိုက်ခဲ့သည့် သက်သေအထောက်အထား ဆေးစာရွက်ရှိမှ အမှုဖွင့် အရေးယူနိုင်မည်ဟု ပြောဆိုခဲ့ရာမှ ၎င်းအမှုမှာ နာမည်ကြီးသွားခဲ့ပြီး ပြည်ထဲရေး ၀န်ကြီးဌာနမှလာရောက် စစ်ဆေးအမှုဖွင့်ပေးခဲ့သည်။

ဝန်ထမ်းအမျိုးသမီးက ဂျပန်နိုင်ငံသားအား ကိုယ်ထိလက်ရောက်စော်ကားမှုဖြင့် အမှုဖွင့် ထားသကဲ့သို့ ဂျပန်နိုင်ငံသားကလည်း သူမကို ၎င်းအား အင်အားသုံးတားဆီမှု နှင့် ၎င်း၏ပိုက်နက်အတွင်းဝင်ရောက်ခွင့်မပြု ခြင်း စသည် တို့ဖြင့် တရားပြန်ဆွဲထားသည်။

ပြီးခဲ့သည့် ၂၂ ရက်နေ့တွင် စတင်အမှုရင်ဆိုင်ကြပြီး ယနေ့ ၂၉ ရက်ရုံးချိန်းတွင် ၀န်ထမ်းအမျိုးသမီး တောင်းဆိုထားသည့်အတိုင်း ခရိုင်တရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးခွင့် ပြုကြောင်း ပုဇွန်တောင် မြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်သည်။

“ကျွှန်မကအမှန်မှာ အမှုက အေးအေးဆေးဆေး ပြီးသွားမယ်ဆိုရင်ပြီးသွားမှာပဲလေ ၊အခုတော့ တရားရုံးသွားတော့ ဂျပန်ကတရားပြန်ဆွဲထားတယ်တဲ့ ၊အဲနေ့မှာပဲ ကျွှန်မတို့ က အာမခံတယောက်သိန်းနှစ်ရာလိုတယ်တဲ့ အကယ်လို့ ညနေလေးနာရီမှ မပေးရင် အဖမ်းခံရမယ် ၊အချုပ်ခံရမယ်တဲ့၊ကျွှန်မက ဟိုတယ်ကနောက်ခံရှိနေလို့ပေါ့ အကယ်လို့ ကျွန်မနေရာမှာဆင်းရဲသား ဖြစ်နေရင် ကိုယ့်အမှုကမှန်နေရင်တောင် အာမခံ မပေးနိုင်လို့ အချုပ်ထဲကနေအမှုရင်ဆိုင်ရမဲ့ သဘောရှိတယ်” ဟု ဒေါ်အေးအေးကြည်က မီဒီယာများအား ပြောကြားသည်။

ဒါ့အပြင် သူကမတို့ ကိုဂျပန်နိုင်ငံသားက တရားစွဲဆိုထားသည့်အကြောင်းအရာကိုလည်း ရဲစခန်းမှအသိပေးခြင်း မရှိဘဲ တရားရုံးသွားခါနီး တရက်အလိုကျမှသာ သိခွင့်ရခဲ့ပြီး ဘုမသိဘမသိနှင့် တရားရုံးသွားခဲ့ရကြောင်း ထို့ ကြောင့်အမှုကို အမှန်အတိုင်း အမှုမှန်ပေါ်ပေါက် လာသည်အထိ တရားရင်ဆိုင်သွားမည်ဟုဆိုသည်။

လက်ရှိ အဆိုပါ အမှုကို ဟိုတယ်ဝန်ထမ်း အမျိုးသမီးဘက်က လိုက်ပါကူညီဆောင်ရွက်ပေးနေသူ မြန်မာနိုင်ငံဧည့် လမ်းညွှန်အသင်းက ကိုနေလင်းထိုက်ကလည်း အဆိုပါအမှု အမှုမှန်ပေါ်ပေါက်တဲ့အထိ အဆင့်ဆင့် တရားရင်ဆိုင်သွားရန်အတွက် ကူညီဆောင်ရွက်ပေးသွားမည်ဟုဆိုသည်။

“ဂျပန်အမှုနဲ့ပတ်သတ်ရင် ကျောက်ပန်းတောင်းကအမှုဆို ဆိုက်ကယ်သမားက သေဒဏ်ကျတယ်လေ မြန်မာနိုင်ငံအနေနဲ့ လောလောဆယ်မှာနိုင်ငံခြားဧည့်သည်တွေရင်းနှီးမြှပ်နှံသူတွေကိုဆွဲဆောင်နေတော့ နိုင်ငံခြားသားတွေကို အတိုင်းအတာတခုအထိဦးစားပေးသတ်မှတ်ပြီး ကာကွယ်ပေးနေတယ်လို့ ယူဆချင်ရင် ယူဆလို့ရတယ် ဒါပေမဲ့ဒီလိုအဖြစ်အပျက်တွေက ကျွှန်တော်တို့ရဲ့ အမျိုးသားအကျိုးစီးပွား အတွက်ပါ၊အမှုမှန်ပေါ်တဲ့အထိ ရင်ဆိုင်သွားမှာပါ” ဟုဆိုသည်။

အဆိုပါအမှုကို လာမည့် ၁၄ ရက်နေ့တွင် ခရိုင်တရားရုံးတွင် စစ်ဆေးသွားရန် ရှိသည်။ ။


ယနေ့ နံနက် ပိုင်းက အောကစ် ဟိုတယ်က မီဒီယာများအား ရှင်းပြခဲ့သည်။
အောကစ် ဟိုတယ် ၀န်ထမ်း ဒေါ်အေးအေးကြည်


ပုဇွန်တောင်မြို့နယ် တရားရုံးသို့ ရုံးချိန်းလာရောက်သည့် ဂျပန်နိုင်ငံသား Okahashi Takashi အား တရားရုံးရှေ့တွင် မြင်တွေ့ရစဉ်။

ကျောင်းတိုက်မှ ထွက်ခွာပေးမည်မဟုတ်ဟု ဦးဃောသိတ ဆို


by Yangon Press International on Wednesday, February 29, 2012 at 6:55am ·
ဖေဖေါ်ဝါရီ ၂၉၊ ၂၀၁၂ (YPI)


သုံးရက်အတွင်းကျောင်းမှ ဆင်းပေးရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ အမိန့်ထုတ်ပြန်ခြင်း ခံခဲ့ရသော်လည်း မိမိအနေဖြင့် လက်ရှိနေထိုင်သည့် လိပ်ပြာကန်ကျောင်းမှ ထွက်ခွာပေးမည် မဟုတ်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးလည်းဖြစ်သူ ဦးဇင်းဦးဃောသိတက ပြောကြားသည်။

ယင်းအနေဖြင့် ယနေ့တွင် တိုင်းသာသနာရေးဦးစီးဋ္ဌာနသို့ သွားရောက်မေးမြန်းရာ ယင်းဋ္ဌာနမှတာဝန်ရှိသူတစ်ဦးက အထက်ပါအတိုင်း အမိန့်ထုတ်ပြန်ထားသော်လည်း တန်ခူးလအထိ နေခွင့်ရှိသည်ဟု လျှောက်ထားခဲ့ကြောင်း ဦးဃောသိတကပြောသည်။

‘ နဂိုကတည်းက ဦးဇင်းက ကျောင်းကထွက်ပေးဖို့ မစဉ်းစားထားဘူး။ ခုလိုပြောတော့ပိုကောင်းသွားတာပေါ့။’’ ဟု ၎င်းကပြောသည်။

လိပ်ပြာကန်ကျောင်းတိုက်ပိုင်မြေများအား ပဓာနနာယကဆရာတော်ဦးဇောတိက မှ ခွဲစိတ်ရောင်းချမှုကို ကျောင်းတိုက် နာယကဆရာတော်များထံ ဦးဆောင်တိုင်ကြားသဖြင့် ဦးဇောတိကမှ ၎င်းအား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ထံ ပြန်လည်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ဦးဃောသိတက ပြောသည်။

ကျောင်းထိုင်ဆရာတော် ဦးဇောတိက ကမူ ထိုသို့တိုင်ကြားရခြင်းမှာ နိုင်ငံရေးနှင့် ဆက်နွယ်ခဲ့ဖူးသည့် ဦးဃောသိတ အား ကျောင်းတွင် မရှိစေလို၍ တိုင်ကြားခြင်းဖြစ်ကြောင်းပြောကြားသည်။

သို့သော် ယင်းကျောင်း၏ တိုက်အုပ်ဆရာတော် ဦးပညာစက္က က “ ဦးဃောသိတ လွတ်စက ကျောင်းထိုင်က လက်ခံတယ်။ သူတောင် သိက္ခာထပ်ပေးမယ်ပြောသေးတယ်။ ကျောင်းကိုဖဲ့ရောင်းတာ တိုင်ပြီးနောက်မှ သူက တိုင်တာ ’’ ဟုပြောသည်။

ထိုသို့တိုင်ကြားမှုကြောင့် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့မှ ဦးဃောသိတအား သုံးရက်အတွင်း ကျောင်းမှ ဆင်းပေးရန် ယခုလ ၂၇ ရက်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့သည်။ ယင်းသို့ ဦးဃောသိတအား တိုင်ကြားခြင်းနှင့် အမိန့်ထုတ်ပြန်ခြင်းကို လိပ်ပြာကန်ကျောင်းတိုက်မှ နာယကဆရာတော်များပင်မသိကြောင်း ဦးပညာစက္ကက ဆက်လက်ပြောသည်။

ကျောင်းထိုင်ဆရာတော် ဦးဇောတိကမှ လိပ်ပြာကန်ကျောင်းတိုက်ပိုင်မြေကို အခြားဘုန်းကြီးကျောင်းသို့ရောင်းချခြင်းအား ယင်းကျောင်း (လိပ်ပြာကန်အလယ်ကျောင်း) ရှိ ကျောင်းနေသံဃာ (၄၅) ပါးအနက် (၃၉) ပါးမှ လက်မှတ်ထိုးကာ ကန့်ကွက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဦးဇောတိက ကမူ ထိုသို့လက်မှတ်ထိုးသူများအား ဦးဃောသိတမှ လိမ်လည်လက်မှတ် ရေးထိုးစေခဲ့ခြင်းဖြစ်ကြောင်းပြောသည်။
ထိုကိစ္စနှင့်ပတ်သတ်ပြီး လက်မှတ်ရေးထိုးကန့်ကွက်သူများတွင်ပါဝင်သည့် ကိုရင်ကြီး အရှင် ၀ါယာမန္ဒိ က ‘ ကိုရင်တို့ကိုသေချာပြောပြီးမှ ထိုးခိုင်းတာပါ။ လိမ်ပြီးထိုးခိုင်းတာမဟုတ်ပါဘူး။ ကိုယ့်ဆန္ဒနဲ့ကိုထိုးတာပါ’’ ဟု ပြောသည်။

ဦးဃောသိတသည် ၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် သံဃာတစ်ပါးဖြစ်ပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်သည့် ကာလတွင်လည်း မုန်တိုင်းဒဏ်ခံရသည့် နယ်မြေများတွင် ပရဟိတလုပ်ငန်းများလုပ်ကိုင်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ထိုင်ဝမ်နိုင်ငံသို့ သွားရောက်လည်ပတ်နေစဉ် သူငယ်ချင်းဖြစ်သူ သံဃာများအား နိုင်ငံရေးပြုလုပ်သဖြင့် အစိုးရက ဖမ်းဆီးခဲ့ရာမှ ၎င်းကိုပါ ထိုင်ဝမ်မှပြန်လည်ရောက်ရှိချိန်တွင် နိုင်ငံခြားငွေ တရားမ၀င်ကိုင်ဆောင်မှုပြု၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းသည် ထောင်တွင် သုံးနှစ်ကြာနေထိုင်ခဲ့ရပြီး ယခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင်မှ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

ရွှေည၀ါဆရာတော် ဦးပညာသီဟကိုလည်း မန္တလေးမြို့ NLD ရုံးတွင် သြ၀ါဒပေးခဲ့ခြင်းကြောင့် ၎င်းသီတင်းသုံးရာ ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိစာသင်တိုက်မှ ထွက်ခွာရန် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့မှ  အမိန့်ထုတ်ပြန်ခဲ့ရာ ယခုလ ၁၉ ရက်နေ့က ထွက်ခွာပေးခဲ့ရသည်။     ။












ကျောင်းထိုင်ဆရာတော် ဦးဇောတိက



















အနှင်ခံရသူ ဦးဃောသိတ

ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်သောစာ ဖြန့်ဝေနေမှု NLD ကန့်ကွက်အသိပေး


Burma VJ Media Network

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းနှင့် ၂၉ ရက်နေ့ မနက် ၁၀း၀၀ အချိန်ထိ ငါးမင်းဆွေမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို သိက္ခာကျ အကြည်ညိုပျက်အောင် ရေးသားထားသည့် စာရွက်များကို သုံးခွမြို့နယ်မှ ဒေသခံ ပြည်သူလူထုတွေကို လိုက်လံ ဝေငှနေပါတယ်။ ငါးမင်းဆွေက လိုက်လံ ဝေငှနေတာကို သုံးခွမြို့နယ် ဒေသခံတွေက လက်မခံပဲ ဆဲဆိုကြိမ်းမောင်းမှု ရှိသော်လည်း သူက အလေးမထားပဲ ဆက်လက် ဝေငှနေပါတယ်။ ငါးမင်းဆွေကို သုံးခွမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ သွားရောက် တားဆီးတဲ့အခါမှာ ငါးမင်းဆွေက သူဟာ မီဒီယာသမားတဦး ဖြစ်တဲ့အတွက် အခုလို လိုက်လံဝေငှနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို လိုက်လံဝေငှနေတာကို ကန့်ကွက်သည့် စာကို သုံးခွမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တဆင့် ရွေးကောက်ပွဲ ကော်မရှင်ထံ ဒီကနေ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ တရားဝင် တင်သွင်းသွားမှာ ဖြစ်ပါတယ်။



by Yangon Press International on Wednesday, February 29, 2012 at 9:12am ·
ဖေဖေါ်ဝါရီ ၂၉၊ ၂၀၁၂ (YPI)

ဒေါ်အောင်ဆန်းစုကြည်အား တိုက်ခိုက်သောစာများ ဖြန့်ဝေနေမှုကို ရွေးကောက်ပွဲ ကော်မရှင်နှင့် သက်ဆိုင်ရာရဲစခန်းထံ အကြောင်းကြားစာ ပေးပို့ထားသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောသည်။

အစိုးရသတင်းစာများတွင် အတိုက်အခံများကို ငါးမင်းဆွေ ကလောင်အမည်ဖြင့် ဝေဖန်ရေးဆောင်းပါးများ ရေးသားခဲ့သူ ဦးမင်းဆွေက ယင်းစာကို ရန်ကုန်တိုင်း၊သုံးခွမြို့နယ်က လူထုထံဖြန့်ဝေနေခြင်း ဖြစ်သည့် အတွက် အရေးယူပေးပါရန် သက်ဆိုင်ရာကို အကြောင်းကြားထားကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း ကပြောသည်။


ဒေါ်အောင်ဆန်းစုကြည်၏ သုံးခွမြို့ စည်းရုံးရေး ခရီးစဉ် လူထုဟောပြောပွဲသို့ လာရောက်ကြသည့် ပရိသတ်

“သူဝေတဲ့စာဟာ စာပေဆိုင်ရာခွင့်ပြုချက်တွေ ဘာမှမပါဘူး။ ပုံနှိပ်ဥပဒေနဲ့ ငြိနေတယ်။ အန်ကယ်တို့က ဘာလုပ်ပါလို့မပြောဘူး။ လိုအပ်တဲ့ဟာ ဆောင်ရွက်ပေးပါလို့ သက်ဆိုင်ရာရဲစခန်းနဲ့ အုပ်ချုပ်ရေးမှုးကို တင်ပြလိုက်ပါတယ်။”ဟု ၄င်းက ပြောသည်။

ယင်းစာတွင် နိုင်ငံတကာကစီးပွားရေးပိတ်ဆို့မှုပြုလုပ်ခဲ့ပြီး လူထုဆင်းရဲရခြင်းသည် ဒေါ်အောင်ဆန်းစုကြည် ကြောင့်ဖြစ်ကြောင်း စွပ်စွဲရေးသားထားပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယင်းကိစ္စအတွက် မှားသည်ဟု ၀န်ခံရန် အဓိကရေးသားထားသည်ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ဖေဖော်ဝါရီလအတွင်း၌ပင် နေပြည်တော်တွင် NLD ပါတီဆိုင်းဘုတ်နှစ်ခုအား ဖျက်ဆီးခံခဲ့ရခြင်းကိုလည်း ကော်မရှင်နှင့် နေပြည်တော်ရဲစခန်းထံ ပါတီက အကြောင်းကြားထားသည်။ ယင်းကိစ္စအား မည်သူက ဆောင်ရွက်ခဲ့ခြင်းကိုမူ ယခုအချိန်အထိ မသိရှိရသေးကြောင်း ဦးဥာဏ်ဝင်းက ဆိုသည်။

NLD ပါတီစည်းရုံးရေးဆင်းနေသည့် နှစ်လအတွင်းတွင်  နှောင့်ယှက်မှုလေးကြိမ် ထက်မနည်း တွေ့ကြုံ့ ခဲ့ရပြီး အဖွဲ့အစည်းများက နှောင့်ယှက်မှုထက် ပုဂိုလ်တစ်ဦးတစ်ယောက်ချင်း၏ နှောင့်ယှက်မှုများသာ ကြုံနေရ ကြောင်း ၄င်းက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ကိုယ်စားလှယ်လောင်းအရည်အချင်းနှင့် ကိုက်ညီမှုမရှိကြောင်း ၄င်းနှင့်အတူ ကော့မှုးမြို့နယ်တွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ညီညွှတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်း ဦးတင်ရီကလည်း ကန့်ကွက်စာ တင်ခဲ့သည်။ သို့ သော် တိုင်းရွေးကောက်ပွဲကော်မရှင်က၂၈ရက်နေ့တွင် ယင်းကန့်ကွက်စာကို ပယ်ချခဲ့သည်။

ထို့ပြင် NLD ပါတီ၏ စည်းရုံးဟောပြောရေးခရီးစဉ်များတွင် ဘောလုံးကွင်းနေရာများအား ဟောပြောပွဲအတွက် အသုံးပြုရန် လျောက်ထားရာတွင်လည်း အခက်အခဲများနှင့်ကြုံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ကော့မှုးမြို့နယ်မဲဆန္ဒနယ်က ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး၊ NLD ပါတီအနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ လစ်လပ်နေရာ ၄၈ နေရာလုံးကို ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။      ။


တောင်ကြီးသား ရုပ်ရှင်သရုပ်ဆောင်ရဲတိုက် NLD ရှမ်းပြည်နယ်အောင်နိုင်ရေးခရီးစဉ်တွင်ပါဝင်ကူညီ

Yangon Press International

 
ရွေ့လျားစကားပြောစင်မြင့် ဆောက်လုပ်ရန် စိတ်ကူးကောင်းခဲ့သူ ဦးမျိုးသိန်းက“အန်တီကတစ်
ချ
ိန်လုံးရွှေ့နေရတာဆိုတော့ ဒီကွင်းမရခဲ့ဘူးဆိုရင် နောက်ထပ် Plan 2 ရှိသေးတယ်။ ရွှေ့လို့ရတယ်။ (မနက်ဖန်အတွက်) စိတ်တော့လှုပ်ရှားတာပေါ့ဗျာ ဘာလို့လဲဆိုတော့ ကိုယ့်နားကိုဒီလိုလူထုခေါင်းဆောင်တစ်ယောက် လာဖို့ဆိုတာခဲယဉ်းတယ်လေ”
ဆယ်ဘီးကားပိုင်ရှင် ဦးမျိုးသိန်း (အောင်ပန်းဇာတိ)



 
၂၉ ဖေဖေါ်ဝါရီ ၂၀၁၂ (YPI) ဟဲဟိုး - ရုပ်ရှင်နယ်ပယ်သားတစ်ဦး၏ ပထမဆုံးပါဝင်မှုအနေဖြင့် တောင်ကြီးသား နာမည်ကျော်ရုပ်ရှင်သရုပ်ဆော
င် ရဲတိုက်က ရှမ်းပြည်နယ်ခရီးစဉ်အတွင်းပါဝင်အားဖြည့်မည်ဖြစ်ကြောင်းသိရသည်။
ဇာတိမြို့သို့မရောက်ခဲ့သည်မှာ ငါးနှစ်ကျော်ကြာခဲ့ပြီဖြစ်သောရဲတိုက်သည် ရန်ကုန်အဲယားဝေးလေယာဉ်ဖြင့် ယနေ့ညနေ ၄း၃၀ ခန့်က ဟဲဟိုးမြို့သို့ရောက်ရှိခဲ့သည်။
မရောက်တာကြာပြီဖြစ်သည့်ဇာတိမြေကိုပြန်ရောက်ရသည့်အတွက် “တက်ကြွပျော်ရွှင်ချမ်းမြေ့မိပါတယ်” ဟုဆိုကာ NLD ပါတီဝင်တစ်ဦးအနေနှင့်ရှမ်းပြည်နယ်အောင်နိုင်ရေးခရီးစဉ်တွင်ပါဝင်ခွင့်ရသည့်အတွက် “အရမ်းကိုကျေနပ်မိပါတယ်” ဟု သရုပ်ဆောင် ရဲတိုက်က YPI ကိုပြောခဲ့သည်။


 ဟဲဟိုးမြို့ကျောက်တိုင်ကွင်းတွင် ဆယ်ဘီးကားပေါ်တွင်ပြင်ဆင်ထားသော ရွေ့လျားစကားပြောစင်မြင့်
ကိ
ုတွေ့ရစဉ်။ ဓါတ်ပုံ-မွန်မွန်မြတ်



နက်ဖြန် နံနက် ၉ နာရီတွင် ဒေါ်အောင်ဆန်းစုကြည် ကလောမြို့သို့ အဲမန္တလေးလေယာဉ် ဖြင့် ထွက်ခွာမည်ဖြစ်သည်။ မနက်ဖြန် မတ်လ ၁ ရက်နေ့တွင် ရှမ်းပြည်နယ် စည်းရုံးရေး ခရီးစဉ် အတွင်း အောင်ပန်း ဟိုင်ဒရိုကွင်း တွင် နံနက် ၁၀ နာရီ ၁၂ နာရီထိ လူထုအား ဟောပြောမည်ဖြစ်သည်။ ထို့နောက် မွန်းတည့် ၁၂ နာရီ မှ ၂ နာရီတွင် ကလောမြို့ ဒီချုပ်ရုံး တွင် ဟောပြောမည် ဖြစ်ပြီး အောင်ပန်း၊ ကလောခရီးစဉ်များအတွင်း သရုပ်ဆောင်ရဲတိုက်က လိုက်ပါ ကူညီ မည်ဟုလည်း သိရှိရသည်။ မွန်းလွဲပိုင်း၌ အောင်ပန်း၊ ကလော၊ ဟဲဟိုးသို့ သွားရောက်ကာ ၂ နာရီမှ ၄ နာရီအကြား ကျောက်တိုင်ကွင်း ၌ ဟောပြောမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ညနေပိုင်း မြန်မာ့လေကြောင်း လေယာဉ်ဖြင့် မန္တလေးသို့ သွားရောက်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁ရက်နေ့နှင့် ၂ ရက်နေ့ ညကို မန္တလေးမြို့တွင် ညအိပ်တည်းခိုကာ ၃ ရက်နေ့တွင် မန္တလေးမြို့၌ လူထုဟောပြောပွဲပြုလုပ်မည်။ ၄ ရက်နေ့၌ စစ်ကိုင်းမြို့သို့ စည်းရုံးရေး သွားရောက်မည် ဖြစ်ကာ လူထုဟောပြောပွဲ ပြုလုပ်ရန် ဘောလုံးကွင်း နေရာမရသဖြင့် ဧရာဝတီမြစ်ကမ်းနဘေး သဲသောင်ပြင်တွင် ပြုလုပ်မည် ဖြစ်သည်။