Sunday, March 4, 2012

ကနေဒါတိုရန်တိုရောက်ကိုဇာဂနာ၏ဟောပြောချက်



ကနေဒါတိုရန်တိုရောက်ကိုဇာဂနာ၏ဟောပြောပွဲကနေနိုင်ငံရေးအကျဉ်းသား
များအားကူညီဖို့ ယူအက်စ်၅၀၀၀နီးပါးလောက်ရရှိပါတယ်၊၊
အလုပ်သမား၊လယ်သမားအရေးကူညီနေတဲ့ရှေ့ နေကိုပိုးဖြူကိုကူညီတဲ့အနေနဲ့
ရဲရင့်ငယ်ကကိုဇာဂနာကတဆင့်ယူအက်စ်၂၀၀သီးသန့် ပေးအပ်ခဲ့ပါသေးတယ်။

Uploaded by toemoelwin on Mar 3, 2012
Innis Town Hall, University of Toronto, Toronto, Canada, March 3, 2012.

Zarganar in Toronto Part I




Zarganar in Toronto Part II








ဒေါ်အောင်ဆန်းစုကြည် မန္တလေး စည်ရုံးရေး ခရီးစဉ် ၃-မတ်-၂၀၁၂မိန့် ခွန်း

DVB TV News

ဒေါ်အောင်ဆန်းစုကြည်၏ စစ်ကိုင်းခရီးစဉ် [မတ် ၄]67photos

ဒေါ်အောင်ဆန်းစုကြည် စကိုင်းမြို့ ခရီးစဉ် မြင်ကွင်း

DVB TV News

ဗိုလ်ချုပ်သမီးမို့ လူချစ်တာလို့ ထင်နေကျတယ်။ဗိုလ်ချုပ်လို ခေါင်းဆောင်မို့ လူချစ်ကျတာပါ။



အဂ္ဂမဟာ ဒီမိုဖက်တီး
28 minutes ago


မိုးရေတွေ ရွှဲနေပေမယ့် မှန်အလုံပိတ် ကားထဲမှာပဲ ထိုင်ြ့ပီး လက်မပြနိုင်လောက်အောင်
ပြည်သူကို လေးစာမြတ်နိုးချစ်ခင်တဲ့ အမေ ........

လေယာဉ်ပေါ်မှာ အန်ထားတာကြောင့် ကိုယ်ရံတော်များ စိတ်ပူနေတယ်။
မိုးရွာလာတော့ "အန်တီ ခဏလောက်ထိုင်ပါ။ သုံးနာရီလောက် ရှိပြီ ရပ်နေတာ" ဆိုတော့ ..... နားမထောင်ဖူးဗျာ။

"သားတို့ရယ် အမေ့ထက် အသက်ကြီးတဲ့သူတွေ ၊ သံဃာတွေက မနက်ထဲကနေ အစာမစား ၊ ဆွမ်းအလွတ်ခံပြီး စောင့်နေကျတာ၊ အမေ မထိုင်နိုင်ပါဘူး" လို့ ဆိုပါသတဲ့ဗျာ

အောင်ပင်လယ် လဲ ရောက်တော့ အသံကို မထွက်တော့ဘူး။ ကိုယ်တွေလည်း ပူလို့ ဗျာ .....

ကျွန်တော် ပြောချင်တာက အမေဟာ မှန်အနက်တပ်ပြီး အလုံပိတ်ကားထဲကနေ လက်ပြတဲ့ ခေါင်းဆောင်မျိုး မဟုတ်ဘူး ဆိုတာပါပဲ ... ဗိုလ်ချုပ်သာရှိရင် သူ့သမီးကို အရမ်း ချီးကျူးအမွန်းတင်မှာ သေချာ ပါတယ်ဗျာ
.
.
ရှယ်ပေးကျပါ ခင်ဗျာ။ အချို့က အမေစု ဟာ ဗိုလ်ချုပ်သမီးမို့ လူချစ်တာလို့ ထင်နေကျတယ်။ မဟုတ်ဘူး ခင်ည။ ဗိုလ်ချုပ်လို ခေါင်းဆောင်မို့ လူချစ်ကျတာပါ။



Popular Myanmar News Journal
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေမှာ အနည်းငယ် အအေးမိသွားပြီး၊
မူးဝေခဲ့သော်လည်း ယခု သက်သာသွားပြီ ဖြစ်ကြောင်းသိရ..
နေကောင်းသွားပြီဖြစ်ကြောင်း စစ်ကိုင်းလူထုဟောပြောပွဲမှာ ပြည်သူကိုအသိပေးတဲ့ ဒေါ်အောင်ဆန်းစုကြည် တီဗွီ စည်းရုံးရေးအစီအစဉ်ကို ကြည်ရှုဖို့ ပြောကြား

၈၈မျိုးဆက်ကျောင်းသားများ၏ သတင်းထုတ်ပြန်မှု၌ ကိုမင်းကိုနိုင် ပြောကြားခဲ့သော စကား



by Eleven Media Group on Sunday, March 4, 2012 at 8:15am ·
ကျွန်တော်တို့အားလုံး အကျဉ်းထောင်အသီးသီးက ပြန်ထွက်လာပြီးတဲ့နောက်မှာ ရက်ပိုင်းအတွင်းမှာပဲ သတင်းစာရှင်းပွဲ လုပ်ခဲ့ပါတယ်။ အခုထပ်ပြီးတော့ သတင်းထုတ်ပြန်မှု ထုတ်ရတာကတော့ ဒီရက်ပိုင်းထဲမှာ ကျွန်တော်တို့ လှုပ်ရှားခဲ့သမျှ အထူးသဖြင့် နယ်ခရီးစဉ် တွေပေါ့။ အဲခရီးစဉ်တွေနဲ့ ပတ်သက်ပြီးတော့ အတွေ့အကြုံရယ်၊ ကျွန်တော်တို့ ရည်ရွယ်ချက်တွေရယ်၊ ရလဒ်ရယ်ဆိုပြီးတော့ သုံးမျိုး ကျွန်တော်တို့ ထုတ်ပြန်ပေးဖို့ ဖြစ်ပါတယ်။


အရင်ဆုံး ရည်ရွယ်ချက်ကို ပြောပါမယ်။ ပွင့်လင်းသော လူ့အဖွဲ့အစည်းဆိုပြီးတော့ ခေါင်းစဉ်နဲ့ ကျွန်တော်တို့ရဲ့ ခြေလှမ်းကို စတင်ဖို့ ကြိုးပမ်းပါတယ်။ ပွင့်လင်းသော လူ့အဖွဲ့အစည်းဆိုတာ အမှောင်ခေတ်ကလို ပိန်းပိတ်နေတဲ့ အပိတ်ခံ လူ့အဖွဲ့အစည်း မဟုတ်ဘဲနဲ့ နယ်ပယ်အသီးသီးမှာ လွတ်လပ် ပွင့်လင်းပြီး ပြည်သူလူထုရဲ့ အခန်းကဏ္ဍဟာ ယခင်ထက် ပိုပြီးတော့ မြင့်မား လာတယ်။ အရေးပါ လာတယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ကျွန်တော်တို့က အခြေခံပါတယ်။ အဲဒီတော့ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းလို့ ပြောကြတဲ့အခါမှာ နံပါတ်တစ်က ပြည်သူလူထုရဲ့ နစ်နာဆုံးရှုံးချက်တွေကို ထုတ်ဖော်ပြောဆိုခြင်း၊ ပြည်သူလူထုရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေကို အားလုံး ဖော်ထုတ်ပြော ဆိုခြင်းတွေက စပါတယ်။ အဲဒီအတွက် အဲဒီရည်ရွယ်ချက်ကို စပြီးတော့ အကောင်အထည်ဖော်တဲ့ အနေနဲ့ ဟင်္သာတမြို့ ခရီးစဉ်မှာ ကျွန်တော်တို့ ၈၈ မျိုးဆက် ကျောင်းသားများနဲ့ ဟင်္သာတမြို့ခံလူထုနဲ့ ပွင့်လင်းသော လူ့အဖွဲ့အစည်းဆိုပြီးတော့ စပြီးတော့ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီမှာ ရလဒ်ကို ပြောပါဆိုရင် မြို့ခံလူထုရယ်၊ အဲဒီမှာ ရှိနေတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေရယ်၊ မျိုးဆက်အသစ်ဖြစ်တဲ့ လက်ရှိ ကျောင်းသားတွေရယ် အင်အားကောင်းစွာနဲ့ လာရောက်ပြီးတော့ ပူးပေါင်း တာကို တွေ့ရပါတယ်။ မြို့ခံလူထုထဲမှာ လက်ရှိ နိုင်ငံရေးပါတီတွေထဲမှာ တာဝန် ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ပါပါတယ်။ အဲလိုပဲ အရပ်ဘက် အဖွဲ့အစည်းဖြစ်တဲ့ ပရဟိတလုပ်ငန်းတွေမှာ လုပ်ဆောင်နေတဲ့ သူတွေလည်း ပါပါတယ်။ အားလုံးဟာ လူမှု ကွန်ယက်ကြီး တစ်ခုအနေနဲ့ ပူးပေါင်းမိကြတာပါ။  အဲတာက ဘယ်ခေါင်းစဉ်အောက်မှာလဲဆိုတော့ ပွင့်လင်းသော လူ့အဖွဲ့အစည်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လာရောက်ပြီးတော့ စုစည်းကြတာပါ။ ဟင်္သာတရဲ့ နောက်ဆုံးရလဒ်ကို ပြောပါဆိုရင် ပရိသတ် သောင်းဂဏန်း လောက်ပေါ့၊ အထဲမှာရော၊ အပြင်မှာရော၊ နောက်ထပ်ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲတွေမှာရော ပေါင်းလိုက်ရင်ပေါ့၊ အဲလောက်နဲ့ ရခဲ့ပြီးတော့ အောင်အောင်မြင်မြင် ပြီးခဲ့ပါတယ်။


အဲဒီရဲ့ အကျိုးဆက်တွေအဖြစ် အဲဒီဒေသတစ်ဝိုက်မှာရှိတဲ့ ပြည်သူတွေ လှုပ်ရှားတက်ကြွသူတွေ အနာဂတ်လူ့အဖွဲ့အစည်းကို ပိုကောင်းအောင် ပြုပြင်ပြောင်းလဲချင်သူတွေဟာ ကျွန်တော်တို့နဲ့ ထပ်ပြီးတော့ ဆက်သွယ်ပြီးတော့  ရှေ့ဆက်ကြမယ့်ခရီးအတွက် လက်တွဲပြီးတော့ ကျွန်တော်တို့ တိုင်ပင်ပြီးပါပြီ။ အဲဒီကနေဆက်ပြီးတော့ အကျိုးဆက်ကို ပြောပါဆိုရင် နောက်ထပ် ထပ်ပြီးတော့ ကျွန်တော်တို့ ကချင်ပြည်နယ် ခရီးစဉ်၊ မန္တလေးတိုင်းခရီးစဉ် စသည်ဖြင့် ကျွန်တော်တို့ သွားနိုင်ခဲ့ပါတယ်။ ထပ်ပြီးတော့ ကျွန်တော်တို့ တက်လာတဲ့ ကဏ္ဍတစ်ခု၊ နောက်ထပ် ပေါင်းစည်းလာတဲ့ ကဏ္ဍကတော့ ငြိမ်းချမ်းရေး ကဏ္ဍပါ။


 ပြည်တွင်းစစ်ဒဏ်ခံနေရတဲ့ မြောက်ပိုင်း ကချင်ပြည်နယ်မှာ တောင်ယာတွေ မီးရှို့ခံရပြီးတော့ မိတစ်ကွဲ ဖတစ်ကွဲပြေးနေရတဲ့ ကလေးတွေဆီ ဒုက္ခသည် စခန်းတွေအရောက် ကျွန်တော်တို့ သွားခဲ့ပါတယ်။ သူတို့ဘ၀တွေကို ကျွန်တော်တို့ကိုယ်တိုင် နှလုံးသားချင်း နီးစပ်အောင် ခံစားပြီးတော့ သူတို့ခံစားချက်တွေ၊ သူတို့မျှော်လင့်ချက်တွေကို ကျွန်တော်တို့ သယ်ဆောင်နိုင်ခဲ့ပါတယ်။ ရန်ကုန်မြို့ ကနေပြီးတော့ ပရိဟိတစိတ်ဓာတ်ရှိသူ၊ အသင်းအဖွဲ့များ တစ်ဦးချင်းအလိုက် ဖြစ်စေ၊ လက်ရှိအများအကျိုး ဆောင်ရွက်နေတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေဆီက ကူငွေများကိုလည်း ကျွန်တော်တို့ သယ်ဆောင်သွားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ကြားကနေပြီးတော့ သယ်ဆောင်သွားနိုင်ခဲ့တဲ့ ငွေက သိန်း ၁၀၀ ကျော်ပါတယ်။ စာရင်းအရဆိုရင်တော့ သိန်း ၁၁၀ ရှိပါတယ်။ ကျန်တဲ့ လက်ဆောင်ပစ္စည်းတွေကတော့ သပ်သပ်ပါခင်ဗျ။


အဓိကကတော့ ကျွန်တော်တို့ ငွေကူခြင်းက အဓိက မဟုတ်ဘဲနဲ့ ကျွန်တော်တို့ကိုယ်တိုင် ကျွန်တော်တို့ ပြည်ထောင်စုဖွား သွေးချင်း တွေရဲ့ လက်တွေ့ဘ၀တွေ ဒုက္ခသုက္ခတွေကို အတူမျှဝေ ခံစားဖို့ သွားခဲ့ကြတာပါ။ ပြီးတော့မှ သူတို့ရဲ့ အသံတွေ၊ သူတို့ရဲ့ ဖြစ်ချင်မှုတွေ ကို ကျွန်တော်တို့ နားထောင်နိုင်ခဲ့ပါတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်မှာ ဘာထပ်ပြီးတော့ ပေါင်းမိသွားပြီ လဲဆိုတော့ ငြိမ်းချမ်းရေး ဖြစ်သွားပါတယ်။ ဒါကြောင့်မို့ နောက်နောင်ကို ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေမှာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းသော လူ့အဖွဲ့အစည်း ဖြစ်ပါတယ်။ အဲဒီအတွက် နောက်နောင်ကို ကျွန်တော်တို့ရဲ့ ခရီးစဉ်တွေမှာ ငြိမ်းချမ်းသော ပွင့်လင်းလူ့အဖွဲ့အစည်း ဖြစ်အောင် ကျွန်တော်တို့ ခြေလှမ်းတွေကို ဆက်ကြဦးမှာ ဖြစ်ပါတယ်။


ကျွန်တော်တို့ အခြေခံဖြစ်တဲ့ ပြီးခဲ့တဲ့ ခရီးစဉ်တွေမှာ အားလုံးပေါင်းလိုက်ရင် ငြိမ်းချမ်းရေး၊ ပွင့်လင်းသော လူ့အဖွဲ့အစည်း ဖြစ်ရေး၊ ဒီနှစ်ခုကို ပေါင်းစည်းလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီတော့ အဓိက ကတော့ မန္တလေး ခရီးစဉ်မှာ ကျွန်တော်တို့ ရရှိခဲ့တာက သာမန် မန္တလေးမြို့ခံတွေရဲ့ ကြိုဆိုခြင်းမျှ မဟုတ်ပါဘူး။ ခေတ်အဆက်ဆက်မှာ နိုင်ငံရေး၊ ဒီမိုကရေစီရေးကို လှုပ်ရှားနေခဲ့ကြတဲ့ မျိုးဆက် ဟောင်း၊ မျိုးဆက်သစ်တွေအားလုံး ပြန်လည်နိုးကြားလာပြီးတော့ ကျွန်တော်တို့နဲ့ လက်တွဲလာတာကို တန်ဖိုးရှိရှိ ကျွန်တော်တို့ ရလိုက်ပါတယ်။ မန္တလေးဆိုတာက စံအဖြစ် ကျွန်တော်တို့ ပြောတာပါ။ တခြားမြို့တွေမှာလည်း အလားတူပါပဲ။ ကာလအတန်ကြာ တိမ်မြုပ်သလို ဖုံးကွယ်သလို ဖြစ်နေရတဲ့ မျိုးဆက်ဟောင်းတွေရဲ့ နိုးကြွးတက်ကြွမှုနဲ့အတူ အားမာန်အသစ်တွေ ကျွန်တော်တို့ ပြန်ရတယ်။ ဥပမာတစ်ခု ပေးရမယ်ဆိုရင် ကျွန်တော်တို့ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းမှာ ပညာရေးဆိုင်ရာ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ကျန်းမာရေးတွေ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။  နောက်တစ်ခါ သွေးလှူရှင်တို့လိုပေါ့။ အလှူဒါန ပြုနေသူတွေ ရှိတယ်။ နောက်တစ်ခါ စာကြည့်အသင်းတွေ ရှိတယ်။ အဲတာတွေအားလုံးကို ပေါင်းစည်းလိုက်တဲ့ အခါမှာ လူ့အဖွဲ့အစည်း တစ်ခုဖြစ်သွားတယ်။ ဒါဟာ အရပ်ဘက် လူ့အဖွဲ့အစည်း ဖြစ်ပါတယ်။ နိုင်ငံရေးပါတီထောင်ပြီး လှုပ်ရှားနေကြတဲ့ လွှတ်တော်တွင်း နိုင်ငံရေးရယ်၊ ပြင်ပဖြစ်တဲ့ လွှတ်တော်ပြင်ပ တနည်းပြောမယ်ဆိုရင် လူထုနိုင်ငံရေးဖြစ်ပါတယ်။ အဲဒီအသင်းအဖွဲ့ ပရဟိတတွေ အားလုံးထဲမှာ အရေးတကြီး လိုအပ်နေတာက တရားမျှတရေးပါ။


တရားမျှတရေးကို ဗဟိုပြုပြီးတော့မှ အခွင့်အရေးအကြောင်းကို ပြောလို့ရမယ်။ ပညာရေး၊ ကျန်းမာရေး စသဖြင့် လှုပ်ရှားဆောင်ရွက် တဲ့အခါမှာ  တရားမျတမှု မရှိရင်၊ တရားမျတရေးနဲ့ မခုခံနိုင်ရင် ဖိနှိပ်ခံရမယ်၊ ဖျက်ဆီးခံရမယ်၊ ခြိမ်းခြောက်ခံရမယ်။ တရားမျှတရေး အတွက် ကျွန်တော်တို့ မေတ္တာရပ်ခံတဲ့ အခါမှာ ကျွန်တော်တို့ ရောက်တဲ့ မြို့တွေ ရွာတွေအသီးသီးမှာ ဥပဒေပညာနဲ့ ဘွဲ့ရထားတဲ့ ဥပဒေပညာရှင်တွေက အင်နဲ့ အားနဲ့ လာရောက် ပေါင်းတာကို တွေ့ရပါတယ်။ ဥပမာ မန္တလေးမြို့မှာ ဆိုရင်လည်း မန္တလေးမြို့ခံဖြစ်တဲ့ အထက်တန်းရှေ့နေတွေ၊ အခုဆိုရင် တရားရုံးချုပ် ရှေ့နေတွေ၊  မျိုးဆက်ဟောင်းတွေရော အားလုံးပေါင်းပြီးတော့ ကျွန်တော်တို့နဲ့ တစ်စုတစ်ဝေးထဲ လာတွေ့တယ်။ အင်နဲ့ အားနဲ့ပါ။ သူတို့ဆီက ကတိစကားတစ်ခုကို ရလိုက်တယ်။ နောက်နောင်ကို မန္တလေးတစ်ဝိုက် မန္တလေးဒေသမှာ တရားမဲ့စွာ အပြုအကျင့်လေးတွေရှိခဲ့ရင် အဲဒီဥပဒေပညာရှင်တွေက ကြံ့ကြံ့ခံပြီးတော့ ပြည်သူလူထုရှေ့က ရပ်တည် ပေးပါမယ်။ အထူးသဖြင့် အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဖြစ်ပေါ်အောင် ကြိုးစားနေတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေ အားလုံးနဲ့အတူ အဲဒီ ဥပဒေပညာရှင်တွေက အတူရပ်ပေးမယ်။ ရပ်တည်တယ်ဆိုတဲ့ နေရာမှာ ခုနပြောတဲ့ ပွင့်လင်းသော လူ့အဖွဲ့အစည်း၊ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းလို့ ဆောင်ရွက်တဲ့နေရာမှာ လွှတ်တော်ပြင်ပ နိုင်ငံရေးဟာ ဥပဒေပြင် နိုင်ငံရေး မဟုတ်ကြောင်း သိသာထင်ရှားအောင် ဥပဒေပညာရှင်တွေ ကိုယ်တိုင်က လက်ခံပေးဖို့ပါပဲ။ ဒါဟာ ဥပဒေအတွင်းမှာပဲ လုပ်တယ်ဆိုတာ တစ်ချက်။ နောက်တစ်ခါ ငြိမ်းချမ်းစွာ ဆောင်ရွက်တယ်ဆိုတာက တစ်ချက်၊  နောက်ဆုံးတစ်ချက်ကတော့ တရားရုံးတွေမှာ ရင်ဆိုင်ရတဲ့အခါ ခုန ရှေ့နေ ရှေ့ရပ်တွေက မူလဖြစ်တဲ့ သက်မွေးဝမ်းကျောင်းတင် မဟုတ်တော့ဘဲ စေ တနာ့ဝန်ထမ်းသဘောနဲ့ ၀င်ပြီးတော့ ဥပဒေအတွင်း ရင်ဆိုင်မှုတွေကို တရားရုံးတွေမှာပါ သူတို့ဝင်ပြီးတော့ လက်ခံဆောင်ရွက်ပေးဖို့ ကတိစကား ကျွန်တော်တို့ ရခဲ့ပါတယ်။


အဲဒီတော့ မေးစရာ ရှိတယ်။ အဲဒီ တရားရုံး အဆုံးအဖြတ်တွေမှာ ခုနကလို စေတနာ့ဝန်ထမ်းစိတ်နဲ့ တရားမျှတရေးဘက်က ၀င်ရပ်ပေးလို့ အဲဒီ အမှုတွေမှာ နိုင်မှာလားဆိုတဲ့ မေးခွန်းရှိပါတယ်။ ကျွန်တော်တို့က နောက်ဆုံး ဆုံးဖြတ်ချက်ကို ပဓာန မထားနိုင်သေးပါဘူး။ အဓိကက ဥပဒေပညာရှင်တွေက ပြည်သူတွေဘက် ပူးပေါင်းပါဝင်ဆောင်ရွက်လာပြီ၊ ရဲရဲတင်းတင်း ၀င်ရပ်ပေးလာပြီ ဆိုတာကို ပထမတစ်ချက် ရပါပြီ။ ဒုတိယအချက်က အများအာရုံစိုက်ခြင်းခံရတဲ့ တရားရုံးတွေ ဖြစ်လာပါလိမ့်မယ်။ အခု ကျွန်တော်တစ်ဆက်တည်း မီဒီယာ စာနယ်ဇင်းလောကက သတင်းမီဒီယာသမားတွေကို မေတ္တာရပ်ခံချင်တာက ပိုပြီးတော့ ပွင့်လင်းလာတဲ့ အခြေအနေ၊ ဖန်တီး နိုင်စွမ်းတွေ ရှိလာတဲ့ အခြေအနေမှာ တရားမျှတရေးဘက်က ဘယ်သူ့မျက်နှာမှ မလိုက်ဘဲနဲ့ တရားမျှတရေးတစ်ခုတည်းကိုပဲ မျက်နှာကြည့်ပြီးတော့  ရေးသားဖော်ထုတ်ပေးကြပါ။ အားလုံး ကျွန်တော်တို့ အတူအလုပ်လုပ်ရမယ့် အချိန်ရောက်လာပါပြီ။ ကျွန်တော်တို့ မျက်နှာကအစ ထောက်စရာ မလိုပါဘူး။ ကျွန်တော်တို့ မှားယွင်းလည်း မှားယွင်းတဲ့အလျောက် မှန်တဲ့ဘက်ကသာ ရေးပေးကြပါ။ ရေးတယ်ဆိုတဲ့ နေရာမှာ ကျွန်တော်ပြောချင်တာက တရားရုံးတွေမှာ ထွက်ဆိုချက်တွေ၊ နှစ်ဖက်ရှေ့နေတွေရဲ့ လျှောက်လဲချက်တွေကအစ ဒါတွေကို့ highlight  လုပ်ပြီးတော့ တင်ပေးနိုင်တဲ့ အခြေအနေကို ကြိုးစားကြည့်စေချင်တယ်။ ဒါမှသာလျင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ တရားမျှတရေး၊ တရားဥပဒေစိုးမိုးရေးဟာ၊ ဘယ်လောက်ရှိတယ်ဆိုတာကို မီဒီယာတွေက ပေတံနဲ့ တိုင်းပြသလိုပါပဲ။


ဒါမှသာလျှင် အုပ်ချုပ်ရေး အဆင့်ဆင့်မှာ မတရားလုပ်ချင်တဲ့သူတွေ အနည်းဆုံးတွန့်သွားအောင် မတရားလုပ်ခံရသူတွေ ပိုပြီး သတ္တရှိလာအောင် ကျွန်တော်တို့ ရည်ရွယ်ပါတယ်။ အဆုံးအဖြတ် အမိန့်စီရင်ချက်ချခြင်းဟာ  ဒီကနေ့ ကျွန်တော်တို့ လတ်တလော အားလုံးဖြစ်နိုင်မယ်လို့ ကျွန်တော် မဆိုလိုပါဘူး။ တရားရုံးတွေမှာ ရင်ဆိုင်နေရတဲ့ အမှုသွား၊ အမှုလာတွေကို  သတင်းမီဒီယာတွေ ကနေပြီးတော့ ပိုမိုပြီးတော့ အရင်ထက် အားစိုက်ပေးကြဖို့ပါ။ ဒါမှ နောက်နောင်ကို သတင်းမီဒီယာသမားများဟာလည်း တရားမျှတတဲ့ လူ့ဘောင်ထဲမှာ အများနည်းတူ အခွင့်အရေး မှန်ကန်စွာ ရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့ အပြန်အလှန် လက်တွဲ ကြဖို့၊ အပြန်အလှန် ထိန်းကျောင်းကြဖို့ အချိန်ရောက်နေပြီလို့လည်း ကျွန်တော် ယုံကြည်ပါတယ်။


ကျွန်တော် နားလည်ပါတယ်။ လက်ရှိ အခြေအနေမှာ နောက်ဆုံး အခြေအနေအရ ကျွန်တော်တို့ ပြောဆိုထားတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး၊ အားလုံးပါဝင်နိုင်သော နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်ဖြစ်ရေး၊ အစရှိသဖြင့် မျိုးဆက်သစ် မျိုးဆက်ဟောင်းများ အားလုံး ပေါင်းစည်းရေး၊ ပွင့်လင်းသော လူ့အဖွဲ့အစည်းဖြစ်ရေး၊ တရားဥပဒေစိုးမိုးရေး ဒီအချက်တွေ အားလုံးဟာ ကျွန်တော်တို့ ထွက်လာ ကတည်းက ကြိုးစားဆောင်ရွက်ခဲ့တယ်။ အခြား အခြားသော  နိုင်ငံရေး အင်အားစုတွေလည်း များစွာဆောင်ရွက်ခဲ့တာ ရှိပါတယ်။ အဲဒီ အသီးအပွင့်တွေနဲ့ နောက်ဆုံးအခြေအနေတွေကိုလည်း အားလုံးနားလည်ပြီးသား ဖြစ်ပါတယ်။ လက်ရှိနိုင်ငံတော်သမ္မတအနေနဲ့ သူ့ရဲ့မိန့်ခွန်းမှာလည်း  အားလုံးမြည်းစမ်းပြီးတော့ တွေးခေါ်မြော်မြင်နိုင်လိမ့်မယ် ထင်ပါတယ်။ အဲဒီအတွက်လည်း မေးခွန်းတွေရှိနေမယ်လို့ ကျွန်တော်တို့ ယုံကြည်ပြီးသားပါ။






ကိုမင်းကိုနိုင် ပြောကြားခဲ့သည့် နိုင်ငံတော်သမ္မတ မိန့်ခွန်းအပေါ် ၈၈မျိုးဆက်ကျောင်းသားများ၏ အမြင်


by Eleven Media Group on Sunday, March 4, 2012 at 8:23am ·
- သမ္မတမိန့်ခွန်းအကြောင်းကို ပြောမယ်ဆိုရင် တော်တော်ကျယ်ပြန့်လိမ့်မယ်။ အဲဒီတော့ အပိုင်းလိုက် ဖြေပါ့မယ်။ကျွန်တော် တစ်ယောက်တည်းတင် မကပဲနဲ့ ၈၈မျိုးဆက်တစ်ခုလုံးရဲ့ သဘောထားအမြင်တွေကို ခြုံငုံပြီးတော့  ဖြေပေးမှာ ဖြစ်ပါတယ်။ ကျွန်တော် တို့ စနစ်တကျ ပြင်ဆင်ပြီးသားပါ။ အဓိက ကျွန်တော် ပြောချင်တာက နိုင်ငံတော်သမ္မတရဲ့ မိန့်ခွန်းကို တိုက်ရိုက်ထုတ်လွှင့် မယ်ဆိုကတည်းက ကျွန်တော်တို့ စိတ်ဝင်စားစွာနဲ့ စောင့်ပြီးတော့ နားထောင်ခဲ့ပါတယ်။ ခြုံပြောလိုက်မယ် ဆိုရင်တော့ များစွာ အပြုသဘောဆောင်တယ်လို့ ရိုးရိုးသားသားပဲ ရှုမြင်ပါတယ်။ အဲဒီထဲမှာ ကျွန်တော်ဆွေးနွေးလိုတာက အားလုံးပါဝင်နိုင်သော နိုင်ငံရေးဖြစ်စဉ်ဆိုတဲ့ စကားလုံးကို ကျွန်တော်အဓိကထားပြီး ဆွေးနွေးပါမယ်။ သမ္မတကြီး ပြောသွားတာရှိပါတယ်။ ကျွန်တော် သေချာလည်း မှတ်ထားပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ နားလည်မှုတွေ မြင့်မားလာပြီဆိုတဲ့ ဟာမျိုးပါ။ အဲတာတွေဟာ ဘယ်အချက်တွေကို အခြေခံလဲဆိုတာ ကျွန်တော်တို့ တွေးပါတယ်။

ပြည်တွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတယ်။ သို့သော် နိုင်ငံရေး အကျဉ်းသားတွေ ကျန်ရှိနေတာ ကျန်ရှိနေတယ်။ တစ်ခါ ကျွန်တော်တို့ စည်းရုံးလှုပ်ရှားခွင့်၊ လွတ်လပ်ခွင့်တွေ ပေးတယ်။ သို့သော် တစ်ချို့နေရာတွေမှာ အောက်ခြေတွေမှာ အဟောင်းအတိုင်း မပြင်နိုင်သေးတာတွေ ရှိနေတယ်။ ဒါက ကျွန်တော်တို့ဘက်က အပြုသဘောနဲ့ ပြန်ပြီးတော့ အသိပေးတဲ့ သဘောပါ။ နောက်တစ်ခါ သမ္မတကြီးက ပြောတယ်။ အပြန်အလှန် နားလည်ယုံကြည်မှု၊ တန်းတူညီတူရှိမှုနဲ့ ဖွံ့ဖြိုးရေးဆီကို သွားရအောင်လို့ ပြောထားတယ်။ ဒီစကားတွေဟာ အင်မတန် ကျက်သရေမင်္ဂလာရှိတဲ့ စကားပါ။ ကျွန်တော်တို့ကိုယ်တိုင် သမ္မတတစ်ယောက်အနေနဲ့ ပြောမယ် ဆိုရင်တောင် ရေးမယ်ဆိုရင်တောင် ဒီထက်သာတဲ့ မိန့်ခွန်းမျိုးရေးဖို့ အင်မတန်ခက်ပါတယ်။ သို့သော် တစ်ခု ရှိပါတယ်။ ကျွန်တော်တို့ ပြည်သူတွေရဲ့ အသံကိုလည်း နားထောင်ကြည့်ပါတယ်။ အပြောနဲ့ မပြီးဘူးဆိုတဲ့ သတိပေးစကားမျိုး ကျွန်တော်တို့ ရပါတယ်။ ကောင်းပါတယ်။ ကျွန်တော်တို့ကလည်း လက်တွေ့ကျတာကိုပဲ တန်ဖိုးထားပါတယ်။ လက်တွေ့နဲ့ တိုင်းတာရမယ့် ပေတံတွေရှိပါတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ သမ္မတ အဆက်ဆက်ပေါင်းများစွာ ပြောဆိုတွေးလာတဲ့ မိန့်ခွန်းတွေမှာ ဒီတစ်ခါ ဒီသမ္မတပြောတဲ့ မိန့်ခွန်းကတော့ ပြည်သူလူထုအပေါ်မှာ ကျိုးကျိုးနွံနွံ အရှိဆုံး နောက်ပြီးတော့ အနာဂတ်ကို မျှော်တတ်တဲ့ အနာဂတ်ကို ကြည့်တတ်တဲ့ ဥာဏ်အမြော်အမြင်ရှိမှုတွေ ပါဝင်နေတယ်ဆိုတာတော့  မလွဲမသွေ လက်ခံရမှာပါ။

တစ်ခါ သမ္မတကြီး ပြောသွားတာ ရှိပါတယ်။  ဒါဟာ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းချက်နဲ့မှ မဟုတ်ဘူး၊ ဖိအားပေးချက်နဲ့မှ မဟုတ်ဘူးဆိုတဲ့ စကားကိုလည်း ကျွန်တော် သေသေချာချာ နားထောင်ထားပါတယ်။ ကောင်းပါတယ်။ ကျွန်တော်တို့ အမျိုးသားချင်း၊ ကျွန်တော်တို့ အမြော်အမြင်နဲ့ လက်တွဲကြတာ အကောင်းဆုံးပါ။ ဘယ်သူ တစ်ဦးတစ်ယောက်ရဲ့ ဖိအား ခြိမ်းခြောက်မှုမှ မပါဘဲနဲ့ ကိုယ့်စိတ်နဲ့ကိုယ် လက်ကမ်းကြတယ်၊ လက်တွဲကြတယ်ဆိုတာ ကျွန်တော်တို့ ပိုပြီးတော့တောင် ကြိုက်ပါတယ်။ အဲလိုပဲ အင်အားကြီး နိုင်ငံတစ်ခုက ဖြစ်စေ၊ အိမ်နီးချင်း အင်အားစုက ဖြစ်စေ ဖိအားပေးမှုကြောင့် စိုးရိမ်ကြောင့်ကြမှုတွေ ရှိရမယ်ဆိုရင်လည်း ကျွန်တော်တို့ က ကျွန်တော်တို့တိုင်းပြည်မှာ တာဝန်ယူနေရတဲ့ အဖွဲ့အစည်းတွေ အထူးသဖြင့် သမ္မတလို အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်း တွေကို ကျွန်တော်တို့က အားပေးချင်တာပါ။ ဘယ် အင်အားကြီး နိုင်ငံဖြစ်ဖြစ်၊ ဘယ် အိမ်နီးချင်းနိုင်ငံဖြစ်ဖြစ် ကျွန်တော်တို့ ပြည်သူ ပြည်သား တွေ ညီညွတ်ဖို့ပဲ လိုပါတယ်။ စိုးရိမ်ကြောင့်ကြမှုတွေ ရှိစရာမလိုဘူးဆိုတဲ့ သတင်းစကားကို ကျွန်တော် တစ်ခါတည်း ပေးချင်တယ်။ နောက်ကျန်ပါတယ်။ သမ္မတကြီး ပြောတဲ့အထဲမှာ နောင် အစိုးရ အဆက်ဆက်အထိ ကောင်းမွေ ဆိုးမွေ တွေကို ခံစားကြရမယ်ဆိုတာ။ ဒါ အမြော်အမြင်ရှိတဲ့ စကားပါ။ အခုနောက်ပိုင်းမှာ ဒီလိုစကားတွေ ပြောလာတဲ့အတွက် ကျွန်တော်တို့ အားရပါတယ်။  နောက် တည်ငြိမ်မှုနဲ့ ညီညွတ်ခြင်းက အရေးကြီးတယ်လို့ ပြောထားပါတယ်။  အဲဒီတော့ တည်ငြိမ်ရေးဆိုတဲ့ နေရာမှာ ကျွန်တော် နားလည်ထားတာက အရင်အစိုးရ အဆက်ဆက်က ပြောတဲ့ တည်ငြိမ်ရေးဆိုတာနဲ့ ကျွန်တော်တို့ နားလည်ထားတဲ့ တည်ငြိမ်ရေးဆိုတာကတော့ ကွာခဲ့ပါတယ်။

ပြည်သူတွေရဲ့ သဘောထားတွေ၊ ပြည်သူတွေရဲ့ ဆန္ဒကို ဘယ်နည်းနဲ့မှ ဖော်ထုတ်ခွင့်မရဘဲနဲ့ ဖိနှိပ်မှုကြောင့် ပိပြားနေရတဲ့ ဘ၀ကို အရင်အစိုးရအဆက်ဆက်က အဲတာ တည်ငြိမ်ရေးလို့ သုံးခဲ့တာပါ။ ကျွန်တော်တို့ သုံးချင်တဲ့ တည်ငြိမ်ရေးဆိုတာက နိုင်ငံသားတွေဟာ နိုင်ငံသားတွေရဲ့ မူလ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့် ဆိုတာကို သုံးစွဲခွင့်က တစ်ပြိုင်နက်တည်းမှာ ရှိနေသလို သူတစ်ပါးရဲ့ အခွင့်အရေးကို မထိခိုက်စေဘဲနဲ့ ငြိမ်းချမ်းစွာဆောင်ရွက်တဲ့ လုပ်ငန်းတွေပဲ ဖြစ်ရမယ်ဆိုတာလည်း တစ်ပိုင်းက ရှိနေပါတယ်။

တာဝန်ယူမှုနဲ့  အခွင့်အရေးယူမှု၊ အခွင့်အရေး ရပိုင်ခွင့်ကို တွဲထားပါတယ်။ အဲဒီတော့ လွတ်လပ်စွာဖော်ထုတ်ကြတဲ့ အခမ်းအနား တွေရှိရင် လမ်းပိတ်ဆို့သွား တာမျိုး မဖြစ်အောင်၊ ကျွန်တော်တို့ဘက်က ရုန်းရင်းဆန်ခတ်မှု မဖြစ်အောင်၊  အပျက်အစီး အထိအခိုက် မရှိအောင်၊ ကျွန်တော်တို့ လုပ်သမျ ပွဲလန်းတွေဟာ ကျွန်တော်တို့ရဲ့ အခမ်းအနားတွေ လှုပ်ရှားမှုတိုင်းဟာ ပြီးသွားရင် စနစ်တကျနဲ့ ပြန်ပြီး သိမ်းဆည်းသွားတာမျိုးဖြစ်အောင်၊ နောက်တစ်ခုက အခြေအနေအရပ်ရပ်ကြောင့် မည်သူ့ကိုမှ ခြိမ်းခြောက်တဲ့ ပွဲမျိုးမဖြစ်အောင် ကျွန်တော်တို့ဘက်က တာဝန်ယူနိုင်ပါတယ်။ အဲဒီတော့ တည်ငြိမ်ရေးဆိုတဲ့ နေရာမှာ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကိုလည်း မထိခိုက်စေဘဲ ပိုင်ပိုင်နိုင်နိုင် သုံးစွဲခွင့်ရတဲ့ တည်ငြိမ်ရေးမျိုးကို ကြိုဆိုတယ်လို့ ကျွန်တော် နားလည်ပါတယ်။ နောက်တစ်ခုက ပြည်သူ လူထုရဲ့ အခန်းကဏ္ဍ အရေးကြီးတယ်ဆိုတာကို ၀န်ခံတာကို အသိအမှတ်ပြုရမှာပါ။ အဲဒီလို အခန်းကဏ္ဍတွေ အသိအမှတ်ပြုဖို့ ကျွန်တော်တို့ ကြိမ်ဖန်များစွာလည်း တိုက်တွန်းခဲ့ပါတယ်။

စိန်ခေါ်မှုတွေ သံသယတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ၀န်ခံထားပါတယ်။ ကျွန်တော်တို့က အဲဒီလို ရိုးရိုသားသား ၀န်ခံတာမျိုးဆိုရင် ကျွန်တော်တို့ ပူးပေါင်းပြီးတော့ အားပေးချင်ပါတယ်။ စိန်ခေါ်မှုတွေ သံသယတွေရှိနေရင် ကျွန်တော်တို့ပါ ၀ိုင်းပြီးတော့ ဖြေရှင်း ပေးကြမယ်။ ပြည်သူလူထုကို မိဘပြည်သူခေါ်ပြီးတော့ လက်ကမ်းတာမျိုးက မိဘပြည်သူတွေ ရင်ထဲမှာလည်း တော်တော် ကျေကျေနပ်နပ် ခံစားရတယ်ဆိုတာ ကျွန်တော် လေ့လာစုံးစမ်းပြီးပါပြီ။  နောက်တစ်ခုက မျိုးဆက်အသစ် မျိုးဆက်အဟောင်းတွေ ပေါင်းပြီးတော့  နောက်ကြောင်း မလှည့်ကြည့်စတမ်း နောက်တစ်ခါ အားလုံးအတွက် သူက အင်္ဂလိပ်လိုပါ စကားလုံးသုံးထားတာပါ Common Ground  ဆိုတာကို၊ အားလုံး သဘောတူညီတဲ့ အချက်အလက်တွေရှာပြီးတော့ လက်တွဲကြမယ်ဆိုတာ  အဲတာတွေအားလုံး ဟာ ကမ်းလာတဲ့လက်ကို ကျွန်တော်တို့ တနွေးတထွေး  ပြန်ပြီးတော့ ကြိုဆိုမှာပါ။ ဒါက အားလုံး ပူးပေါင်းပါဝင်မှုဆိုတဲ့ အပိုင်းကို ပြောတာပါ။